← Chapters

စမ်းသပ်ခြင်း ၃

Vol. 113 Ch. 1569

စမ်းသပ်ခြင်း ၃

Vol. 113 Ch. 1569

ကျန်သောနေ့ရက်များတွင် ကျန်းကျူးရှန့်အား အပ်စိုက်သည့်အပြင် သူမ သည် စွန်းယွိဝေ့ခြံဝန်းသို့ တစ်ခါတစ်ခါသွားရသသည်။

တစ်လကြာပြီးနောက်တွင် အစေခံအမျိုးသမီး၏ အခြေအနေသည် တစ် ဝက်တိုးတက်လာပြီဖြစ်သည်။ ထို့ကြောင့်ပင် ရွှမ်ချုံးမျိုးနွယ်မှလူများသည် ရှီမာယူယူ၏ ဆေးပညာကို ယုံကြည်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့ သည် ကိုယ်ပိုင်အစီအစဉ်များကို စတင်ကြသည်။

ထိုနေ့တွင် ရှီမာယူယူသည် စွန်းယွိဝေ့၏ ခြံဝန်းမှအပြန် လမ်းတစ်ဝက် တွင် ရပ်လိုက်ရသည်။

“မိန်းကလေးယူယူ”

ရှီမာယူယူသည် ရှေ့မှလူများကိုကြည့်လိုက်ရာ ရွှမ်ချုံးမျိုးနွယ်၏ သမား တော်တစ်ယောက်ဖြစ်သော ရွှမ်ချုံးရုန်ကို မှတ်မိလိုက်သည်။ သို့သော် သူမ သည် သူ့ကိုသဘောမကျလှသဖြင့် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“မိန်းကလေးယူယူ ပြန်တော့မလို့လား ဘာလို့ကျွန်တော်က ပြန်မပို့ပေး ရမှာလဲ” ရွှမ်ချုံးရုန် ပြောလိုက်သည်။

“မလိုပါဘူး ကျွန်မဒီလမ်းကို အသွားအပြန်လုပ်နေတာ အကြိမ်ပေါင်း မနည်းတော့ဘူး၊ ရင်းနှီးနေပါပြီ… တခြားမရှိတော့ရင် ကျွန်မအရင်သွားနှင့်ပါ ဦးမယ်” ရှီမာယူယူသည် သူ့ကို တိုက်ရိုက်ပင် ငြင်းဆန်လိုက်သည်။

ရွှမ်ချုံးရုန်သည် ဒေါသထွက်သွားသော်လည်း သိသာအောင် မပြပေ။ ရှီမာယူယူ စကားအပိုမပြောချင်သည်ကို သူ မြင်သောအခါ သူ၏ရည်ရွယ်ချက် ကို တိုက်ရိုက်ပင်ပြောလိုက်တော့သည်။

“သခင်မလေးယူယူ ဒီနေ့ကျွန်တော်လာတာက မိန်းကလေးနဲ့ဆွေးနွေး ချင်တာလေးရှိလို့ပါ”

ရှီမာယူယူသည် သူ့မျက်လုံးများမှ လောဘစိတ်ကိုမြင်နေရပြီး နှာခေါင်း ရှုတ်မိသည်။ သူမ ဘာမှထပ်မပြောပေ။

အစပိုင်းက ရွှမ်ချုံးရေုန်သည် သူမကို အရေးမစိုက်ခဲ့ပေ။ သို့သော် သူမ၏ အပ်စိုက်ကုထုံး အကြောင်းကိုမေးရန် စိတ်ပြောင်းခဲ့သည်။

ရွှမ်ချံးရုန်သည် သူမဘာမှမပြောသည်ကို မြင်သောအခါ စိတ်ထဲမှ ဒေါသ ထွက်လျက်ရှိသည်။ အကယ်၍ သာမာန်လူသာ သူမအတိုင်းပြုမူပါက သူ စကားဆက်ပြောနေမည်မဟုတ်ပေ။ ကံမကောင်းစွာပင် သူအရေသည် သာမာန်လူထက်ပင် ထူသေးသည်။ ထို့ကြောင့် သူ ဒေါသစိတ်ကို အောင့်အီး ကာ အတင်းလုပ်ယူပြုံးပြီး ပြောလိုက်သေးသည် “မိန်းကလေးယူယူ ဒီနေ့လာရ တာက မိန်းကလေးနဲ့ အပေးအယူလုပ်ချင်လို့ပါ”

ရှီမာယူယူသည် သူ့ကို ခံစားမှုကင်းစွာဖြင့် ဆက်ကြည့်နေလိုက်သည်။ သူမ ဘာမှမပြောသေးသည်မှာ သူ့အပေးအယူကို လုံးဝစိတ်မဝင်စားသည်ကို ပြသနေသည်။

“မိန်းကလေးယူယူ မိန်းကလေးရဲ့ အပ်စိုက်ကုထုံးနဲ့ ကျွန်တော့်ရဲ့ စိတ်ပညာကုထုံးတို့ကို အလဲအလှယ်လုပ်ချင်ပါတယ် ဘယ်လိုထင်လဲ”

ရှီမာယူယူသည် သူ့ကိုစိုက်ကြည့်လိုက်ပြီး ဆက်ဟန်ဆောင်မပြုံးနိုင် တော့ပေ။ သူမသည် တည်တံ့စွာပင် ပြောလိုက်သည် “သမားတော်ရုန် အဲဒီ အပ်စိုက်ကုထုံးက ဘယ်လောက်အားကောင်းလဲဆိုတာ လူတိုင်းသိကြတယ် နော် ရှင့်ရဲ့စိတ်ပညာကုထုံးက ကျွန်မသိတာကိုတောင် မပြောနဲ့ မသိဘူးဆိုရင် တောင် ရှင်နဲ့အပေးအယူမလုပ်နိုင်ပါဘူး”

“ဒါဆိုရင် အပေးအယူလုပ်ဖို့ ဘာဆိုရင်ရမလဲ”

“ဒါကိုကျွန်မ ဆရာကသင်ပေးထားတာ ဒါကမူရင်းအနေနဲ့ တစ်ခုပဲရှိ တယ်လို့ သူပြောထားတယ် ကျွန်မလူတကာကို မပြောနိုင်ဘူး သမားတော်ရုန် တောင်းပန်ပါတယ်၊ ကျွန်မ စီနီယာအစ်ကိုကြီးကို သွားကုသရဦးမှာမို့လို့ နှုတ်ဆက်ပါတယ်” ပြောပြီးနောက်တွင် သူမသည် ရွှမ်ချုံးရုန်ကို ဖြတ်လျှောက် ကာ သူမ နေထိုင်သည့်ခြံဝန်းဆီသို့ တိုက်ရိုက်ဦးတည်လိုက်သည်။

သူတို့နေထိုင်သည့်နေရာမှာ သိပ်မဝေးလှပေ။ ရှီမာယူယူ ဝင်လာသည်နှင့် စူးရှောင်ရှေင်နှင့် တခြားနှစ်ယောက်တို့၏ မျက်နှာမည်းများကိုမြင်လိုက်ရလေ သည်။

ရှီမာယူယူသည် သူတို့ပုံစံကြောင့် လန့်သွားပြီး မေးလိုက်သည် “ဘာတွေ ဖြ်စနေတာလဲ ရွှမ်ချုံးမျိုးနွယ်က အနိုင်ကျင့်လို့လား”

သူမ မရှိတုန်းကို သူတို့က အခွင့်ကောင်းယူလိုက်တာလား။

“သူတို့က ငါတို့ကိုအနိုင်ကျင့်တာလား မင်းအနိုင်ကျင့်ခံနေရတာလေ” ဟန့်မြောင်ရွှမ် လျှောက်လာပြီးနောက် သူမနဖူးကို လက်ချောင်းဖြင့် တောက် လိုက်သည် “ကိုယ့်ကိုယ်ကိုလည်း ကြည့်ဦး မင်းရဲ့ဆေးပညာက အဲလောက် အားကောင်းတာ ဘယ်လိုလုပ် သူတို့ကိုမဖုံးကွယ်ထားနိုင်တာလဲ အခုတော့ ကောင်းရော လူတွေက မင်းကိုလုပ်ကြံချင်နေကြပြီ”

ရှီမာယူယူ သူမပြောလိုက်သည့် စကားကိုကြားသောအခါ စိတ်သက်သာ ရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူတို့ အနိုင်ကျင့်မခံရရင် ပြီးတာပဲ။

“စီနီယာအစ်မ သူတို့ ညီမရဲ့ဆေးပညာကို မမြင်ရင် ရွှမ်ချုံးဟော်ကို ကုသ ခွင့်ပေးမှာမဟုတ်ဘူး၊ ညီမက အံ့ဖွယ်ဆေးကိုရမှဖြစ်ဦးမယ်လေ” ရှီမာယူယူ ပြောလိုက်သည် “ညီမအဖေက အားယုတ်နေတာ အခုကိုနှစ်အများကြီးရှိနေပြီ ဝိညာဉ်စွမ်းအင်သုံးစရာမရှိရင် သူ့ခန္ဓာကိုယ်က အိုလာတော့မှာ ညီမ… ထပ် မစောင့်နိုင်တော့ဘူး”

ရှီမာလျူရွှမ်သည် မကျင့်ကြံနိုင်သဖြင့် သူ့သက်တမ်းသည် သာမာန်လူ၏ တစ်ဝက်မျှသာရှိတော့သည်။ အခုချိန်ထိပင် နှစ်ပေါင်းများစွာ ဖြုန်းတီးမိပြီးသား ဖြစ်ရာ တခြားနည်းလမ်းရှာရန် အချိန်မကျန်တော့ပေ။

ဝူလင်းယူပင် နည်းလမ်းတစ်ခုသာ သိသဖြင့် သူ့လမ်းကို လိုက်ရုံသာ ရှိတော့သည်။

ရှီမာယူယူ၏ မျက်နှာမကောင်းလှသည်ကို သူတို့မြင်သောအခါ ဟန့်မြောင်ရွှမ်နှင့် တခြားနှစ်ယောက်သည် ကျန်သည့်စကားများကို မျိုချလိုက် ရတော့သည်။ သူတို့သည် သက်ပြင်းရှည်ကိုသာ ချနိုင်တော့သည်။

နောက်ဆုံးမှပင် စူးရှောင်ရှောင် ပြောလိုက်သည် “ဂျူနီယာညီမလေး ရွှမ်ချုံးဟော်က လူကောင်းတစ်ယောက်ဆိုတာကိုပဲ ကြည့်နေလို့မရဘူး လျှို့ဝှက်မိသားစုတွေ အကုန်လုံးက အဲလိုတွေချည်းပဲ သူတို့က မောက်မာကြ တယ် မိတ်ဆွေဖွဲ့ဖို့မတန်ဘူး”

“ညီမသိပါတယ်” ရှီမာယူယူလည်း ထိုအရာကိုသိထားသည်။

ထိုအချိန်က သူမသည် တုနန်မျိုးနွယ်နှင့် တုန်လိုင်မျိုးနွယ်တို့နှင့် ဆက်ဆံ ခဲ့သည်။ လျှို့ဝှက်မိသားစုများသည် ဆက်ဆံရသည်မှာမကောင်းကြောင်းကို သိ ထားသည်။ ရွှမ်ချုံးဟော်ကဲ့သို့ လူများသည် အမှန်တကယ်ပင် ရှားပါးလှသည်။

“စီနီယာတို့စိတ်ချပါ အဲလူတွေက ညီမရဲ့ပညာကို လိုချင်နေကြပေမဲ့ ရွှမ်ချုံးဟော်ကို မကုသပေးဘူးဆိုရင် ညီမကိုဆန့်ကျင်မှာမဟုတ်ဘူး” ရှီမာယူယူသည် သူတို့သုံးယောက်ကို ပြုံးပြလိုက်သည်။

“ဒါပေမဲ့ အဲလူတွေက အပြင်မှာတစ်နေကုန် ပတ်နေတာ သူ့ကိုကြည့်တာ နဲ့တင် ငါ့မျက်လုံးတွေနာနေပြီ” ဟန့်မြောင်ရွှမ်သည် စိတ်တိုနေတုန်းပင်။

“စီနီယာအစ်ကိုကြီးက ကုသမှုပထမအပိုင်းပြီးသွားလို့ တော်သေးတယ် အခုကစပြီး ပုံမှန်အပ်စိုက်ဖို့မလိုတော့ဘူး၊ စမ်းသပ်တာကလည်း ပြီးတော့မယ် ဆိုတော့ မကြာခင်ကို ရွှမ်ချုံးဟော်ကို ကုသလို့ရနိုင်တယ်၊ သူ့ကိုကုပြီးတာနဲ့ အံ့ဖွယ်ဆေးရရင် ထွက်သွားလို့ရပြီ” ရှီမာယူယူတွင် ဖန်မျိုးနွယ်၏ အထောက်အပံ့ရှိသောကြောင့် လျှို့ဝှက်မိသားစုအား ကြောက်ရွံ့နေရန်မလို ပေ။

“ငါကြောက်တာက ငါတို့ထွက်မသွားခင် သူတို့တစ်ခုခုလုပ်လိုက်မှာကိုပဲ” ကျန်းကျူးရှန့်သည် နောက်ပိုင်းကိစ္စများကို စိတ်ပူနေသည်။

သူမ လောကအသေးထဲတွင် ဖန်မျိုးနွယ်ရှိကြောင်းကို သူတို့သိ သော်လည်း ရှီမာယူယူသည် ဖန်မျိုးနွယ်၏ ဇစ်မြစ်ကို မပြောပြခဲ့ပေ။ ထိုလူများ သည် အလွန်အားကြောင်းကြသည်ကိုသာ သိကြပြီး လျှို့ဝှက်မိသားစုကို ဖိနှိပ် နိုင်မလားဆိုသည်ကိုတော့ မသိကြပေ။

“နောက်ကိစ္စကိုနောက်မှပြောကြတာပေါ့” ရှီမာယူယူသည် ရှင်းလင်းစွာ မပြောဘဲ မစဉ်းစားကြရန်ကိုသာ သူတို့ကိုပြောလိုက်သည်။

ထိုနေ့တွင် ရွှမ်ချုံးဟော်သည် ရှီမာယူယူကို လာရှာသည်။ ထိုသမားတော် မှ ဆေးပညာအလဲအလှယ်လုပ်ရန် ရှီမာယူယူကို လာရှာသည့်အတွက် တောင်း ပန်ကြောင်းပြောလေသည်။

ထိုကိစ္စမှာ သူနှင့်မဆိုင်သောကြောင့် တောင်းပန်ရန်မလိုဟုသာ ရှီမာယူယူ တိုက်ရိုက်ပြောလိုက်သည်။ ထို့နောက် သူမ ဆေးပညာကို အပြင် တွင် မပျံ့လိုကြောင်းကို ပြောလိုက်သည် ထို့နောက် သူမကို ရွှမ်ချုံးမျိုးနွယ်မှ ဒုက္ခမပေးနိုင်ဟု သူမ ယုံကြည်ကြောင်းပြောလိုက်သည်။ ထိုကဲ့သို့ ကိစ္စမျိုး နောက်ထပ်မဖြစ်ရန် ရွှမ်ချုံးဟော် ချက်ချင်းပင် ကတိပေးလိုက်သည်။

သုံးရက်ကြာပြီးနောက်တွင် အစေခံအမျိုးသမီးကို အပ်စိုက်ရမည့်နောက် ဆုံးအကြိမ်ဖြစ်ရာ ကျန်သည့်နှစ်များတွင် ဆေးစားမရပ်ရန် မှာကြားလိုက် သည်။ ထို့နောက် သူမတာဝန်သည် ပြီးဆုံးသည်ဟု သတ်မှတ်၍ရသွားသည်။

အစေခံအမျိုးသမီးကြီး၏ အခြေအနေမှာ တိုးတက်ကောင်းမွန်လာသည် ကို စွန်းယွိဝေ့မြင်သောအခါ ရှီမာယူယူ၏ ဆေးပညာအရည်အချင်းကို အမှန် တကယ်ယုံလာသည်။

“မိန်းကလေယူယူ ဒီကိစ္စကို ဖြေရှင်းပြီးသွားပြီဆိုတော့ ဟော်အာကို နောက်နှစ်ရက်နေရင် စပြီးကုလို့ရပြီ၊ ပြင်ဆင်စရာ တခြားဘာများရှိဦးမလဲ”

ရှီမာယူယူ ခေါင်းယမ်းပြီးပြောလိုက်သည် “သူ့အခြေအနေကို ကျွန်မ ဒီနှစ်တွေမှာ လေ့လာပြီးပါပြီ၊ လိုအပ်တာတွေကို ပြင်ဆင်ပြီးပါပြီ”

“သူ့ကိုကုသဖို့ကို ဘယ်လိုစီစဉ်ထားလဲ” စွန်းယွိဝေ့သည် စိုးရိမ်နေတုန်း ပင်။

“တကယ်တော့ သူ့ကိုကုသဖို့မှာ အခက်ဆုံးအပိုင်းက ခန္ဓာကိုယ်က ချိပ် ကိုဖယ်ပစ်ဖို့ပါ အဲဒါကိုသေးအောင်လုပ်ပြီး သူ့အာရုံကြောတွေကို ဖိနှိပ်တား တာကို ဖယ်နိုင်သရွေ့ လမ်းပြန်လျှောက်ပြီး ပြန်မြင်နိုင်မှာပါ” ရှီမာယူယူ ပြော လိုက်သည်။

“မင်းမှာ အောင်မြင်မှု ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဟော်အာပြောတာ ကြား ထားတယ်”

ရှီမာယူယူ ခေါင်းညိတ်လိုက်သည်။

“အချိန်ဘယ်လောက်လိုတာလဲ”

“၁၀ ရက်ပါ”

“၁၀ ရက်ပဲလိုတာလား” သူမက အစေခံအမျိုးသမီးကို ကုသဖို့ကျ နှစ်လ ဝန်းကျင်လိုပြီး ရွှမ်ချုံးဟော်ကို ကုသဖို့ ၁၀ ရက်ပဲလိုတာလား။

“တကယ်တော့ အဲဒါကိုဖြေရှင်းဖို့က တစ်ရက်ပဲလိုတာ ကျန်တဲ့ကိုးရက် က သူ့အာရုံကြောတွေကို ကုသရုံတင်ပါ”

“အဲဒါကသူ့ချိပ်ကို မသက်ရောက်နိုင်ဘူးမလား”

“အဒေါ်စိတ်ချပါ အဲဒီချိပ်ကို ပိုကြပ်အောင်ပဲလုပ်တာပါ ပြီးတော့ သေး ‌အောင်လုပ်လိုက်ရင် သက်ရောက်မှုလည်းလျော့သွားမှာ”

“အဲလိုဆိုမှတော့ နှစ်ရက်နေရင် စကုလို့ရပါပြီ”

ရှီမာယူယူသည် သဘောတူကြောင်းပြောပြီး လှည့်ထွက်ခဲ့လိုက်သည်။

***

All Chapters