မိတ်ဆွေဟောင်း၏ကျဆုံးခန်း၊ စံသခင်ရွှမ်းယန်နှင့် ပြန်လည်ဆုံတွေ့ခြင်း
Vol. 33 Ch. 621
ထိုအချိန်တွင် ကျန်းအန်းရန်က သူမ၏အရောင်အဝါကိုပတ်ဝန်းကျင်သို့ ထုတ်လိုက်ကာ ကျယ်ပြောကာ မြင့်မားသည့်အရှိန်အဟုန်ကို ထုတ်လွတ်လိုက်သည်။
သူမသည် နယ်ပယ်အသစ်တစ်ခုသို့ဝင်ရောက်ရန် နောက်ဆုံးအဆင့်သာ လိုတော့ကြောင်း သက်သေတစ်ခုဖြစ်သည်။
သူမလုပ်ရမည့်တစ်ခုတည်းသောဆုံးဖြတ်ချက်မှာ ကျန်းမိသားစု၌ရှိပြီးသား သယံဇာတများကိုသုံးကာ မြေဓာတ်အခြေတည်ဝိညာဉ်ကိုဖွဲ့စည်းရန် (သို့) ကောင်းကင်အခြေတည်ဝိညာဉ်ဖွဲ့စည်းရန်အတွက် ရှားပါးသောအခွင့်အလမ်းများကို ရှာဖွေရန်ထွက်ခွာဖို့ရန်ဖြစ်သည်။
ကျန်းအန်းရန်က သူမ၏စိတ်ကို ဆုံးဖြတ်ချက်ချပြီးပြီဖြစ်သည်။
သူမသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား လေးစားသမှုဖြင့် ပြောလိုက်သည်။
“ဆရာ၊ ကျွန်မ တစ်လအတွင်း ကောင်းကင်လွင်ပြင်ကိုခရီးသွားပြီး မူလချီအတွက်သွားတိုက်ခိုက်ဖို့ စီစဉ်နေပါတယ်။”
အချိန်အရ နှစ်ပေါင်း ၆၀ ကြာတိုင်း ကောင်းကင်လွင်ပြင်တွင် ပေါ်မည့် ကောင်းကင်နှင့် မြေကြီး ဆက်သွယ်ခြင်းက မကြာခင်တွင် ဖြစ်လာတော့မည်ဖြစ်သည်။
ထိုအချိန်တွင် မျှော်လင့်ခြင်းရောင်ခြည်အတွက် တိုက်ခိုက်ရန် ကောင်းကင်ဘုံအခြေတည်ဝိညာဉ် ရရှိလိုသူများက သွားကြမည်ဖြစ်သည်။
သေချာပါသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူတို့တပည့်၏တောင်းဆိုချက်ကို မငြင်းပယ်ကြပေ။ ရှန်းရူယန်က အဆောင်များကို ယူထုတ်လာကာ ကျန်းအန်းရန်အား ပေးလိုက်သည်။
“အန်းရန်၊ ဒီအဆောင်တွေက မင်းဆရာနဲ့ ငါနဲ့ ကိုယ်တိုင်သန့်စင်ထားတဲ့အဆောင်တွေပဲ၊ ဒါတွေကိုယူသွားပြီး မင်းရဲ့အသက်ကယ်ဖို့ အောင်မြင်မှုကဒ်အနေနဲ့သုံးပါ။
ဒီအရာတွေကို သုံးဖို့အခြားသူတွေထပ်မင်းကပိုသိတယ်ဆိုတာယုံတယ်။”
“ကောင်းပါပြီ။ အဆောင်အတွက်ကျေးဇူးတင်ပါတယ်။ ဆရာရှန်း။ စိတ်မပူပါနဲ့။ ဒီအရာတွေကို ဘယ်လိုသုံးရမလဲဆိုတာသိပါတယ်။ ပြီးတော့ ဒီအဆောင်တွေအပေါ်မှာပဲ မှီခိုနေမှာမဟုတ်ပါဘူး။”
“ကောင်းတယ်။”
ထိုစကားကိုကြားလျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်နစ်ဦးလုံး စိတ်ချသွားကြသည်။
ပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က အခြားသူများအား ကျင့်ကြံခြင်းအတွက်လိုအပ်သည်များကိုထောက်ပြခံကြသည်။
လူတိုင်းက များစွာရရှိသွားကြောင်း ခံစားလိုက်ရသည်။ အနာဂတ်တွင်မည်သို့ကျင့်ကြံရမည့်အကြောင်းနှလုံးသားထဲတွင် ရှင်းလင်းစွာသိသွားကြသည်။
နောက်ဆုံးတွင် ထိုစုံတွဲက ကျန်းမိသားစုနှင့် မြောက်ပိုင်းနယ်နိမိတ်ကျင့်ကြံရေးလောကအတွင်းရှိ တိုးတက်မှုများအား စုံစမ်းမေးမြန်းခဲ့သည်။
သူတို့ရောက်ချိန်က လေ့လာထားသကဲ့သို့ပင် ကျန်းမိသားစုသည် သို့ ကျန်းနိုင်ငံသည် အရေးကြီးသည့် သာမန်ထပ်လွန်ကဲသော အဖြစ်အပျက်တစ်ခုနှင့်မျှမတွေ့ခဲ့ပဲ ကောင်းသောဖက်မှ ကောင်းမွန်စွာတိုးတက်နေကြောင်းကို သိခဲ့ရသည်။
မြောက်ပိုင်းနယ်နိမိတ်ကျင့်ကြံရေးလောကအတွင်း၌မူ၊ သူတို့ပြန်မရောက်ခင်လေးတွင်ပင် အရှေ့ပိုင်း၊ တောင်ပိုင်းကန္တာရနှင့် အလယ်ပိုင်းမြေပြန့်ဒေသများ၏ အဓိကနေရာဖြတ်ကျော်ခြင်းအစီအရင်များ ပိတ်သွားခဲ့သည်ဟုဆိုသည်။
အသေးစိတ်အချက်အလက်မှာ ထိုအချိန်က မရှင်းလင်းခဲ့ပါ။
သို့ရာတွင် ဓားဖုံးနန်းတော်မှ တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်း၊ ရုန်ဟန်နန်းတော်မှ စုချင်းချန်၊ ပင်လယ်နက်စင်မြင့်မှ ဓားသခင်အဇူရာလန်နှင့် ကျီယန်နန်းတော်မှ စံသခင်ဖုန်းယွင် တို့သည် တစ်ယောက်ပြီးတစ်ယောက် ကျန်းမိသားစုသို့လာကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ဘယ်ရောက်နေကြောင်းနှင့် မည်သည့်အချိန်တွင် ပြန်လာမည့်အကြောင်းကို မေးခဲ့ကြသည်။
ထိုသတင်းသည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား ထိုကိစ္စက တောင်ပိုင်းကန္တာရတွင် ဖြစ်ခဲ့သော ကိစ္စနှင့် သက်ဆိုင်နေမည်လားဟု သံသယဝင်စေသည်။
မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရတို့နှစ်ခုလုံးသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်း၏ ရည်ရွယ်ချက်များကို သိနေကြပုံပေါ်သည်။
သို့ရာတွင် သူတို့သည် ထိုအဓိကဝိညာဉ်ဖွဲ့စည်းခြင်းဂိုဏ်းများကို ကိုယ်တိုင်သွားမှသာ အခြေအနေအသေးစိတ်အား နားလည်နိုင်မည်ဖြစ်သည်။
“စကားမစပ်၊ မိသားစုခေါင်းဆောင် ကျန်းရန်ယီက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အား တုံ့ဆိုင်းစွာဖြင့် ဝမ်းနည်းစရာသတင်းတစ်ချို့ကို တင်ပြလာသည်။
“အဖိုးတို့ပြန်မလာခင် လွန်ခဲ့တဲ့နှစ်နှစ်က အကြီးအကဲရူရွှမ်နဲ့ အကြီးအကဲပိုင်ဖေးတို့က တရားအားထုတ်ရင်း သေဆုံးသွားပါတယ်။”
ထိုရုတ်တရက်သတင်းက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏နှလုံးသားကို အရိပ်များဖုံးလွှမ်းသွားစေသည်။
သူတို့သည် ထိုကဲ့သို့သတင်းမျိုးအတွက် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားသော်လည်း ထိပ်တိုက်ကြားလိုက်ရသောအချိန်တွင် စိတ်ညိုးငယ်သွားရသည်။
အထူးသဖြင့် ရှန်းရူယန်ဖြစ်သည်။
ရှန်းမိသားစုတွင်ကြီးပျင်းလာရသော ကလေးတစ်ယောက်အနေနှင့် သူမသည် ရှန်းရူရွှမ်၊ ရှန်းပိုင်ဖေးတို့နှင့် နက်ရှိုင်းသောရင်းနှီးမှုရှိပေသည်။
ထိုအကြောင်းသည် သူမနှင့် ကျန်းချန်ရွှမ်အား တစ်ခုခုကို ရှင်းလင်းသွားစေသည်။ သူတို့သည် အချိန်ကြာလာသည်နှင့်အမျှ သူငယ်ချင်းများ မိသားစုဝင်များ သေဆုံးသည်ကို မြင်ရဦးမည်ကို မရှောင်လွှဲနိုင်ပါ။
တဖြည်းဖြည်းနှင့် သူတို့သည် ဤလောကထဲတွင် ကျန်နေခဲ့မည့် အနည်းငယ်သောလူများ ဖြစ်လာမည်ဖြစ်သည်။
လူတိုင်းထွက်သွားချိန်တွင် ရှန်းရူယန်က ကျန်းချန်ရွှမ်ဖက်လှည့်ကာ တောင်းဆိုလိုက်သည်။
“ယောက်ျား၊ ရက်နည်းနည်းလောက် ရှန်းမိသားစုကိုသွားလည်ကြတာပေါ့။”
“ကောင်းပြီ။”
ကျန်းချန်ရွှမ်က ချက်ခြင်းသဘောတူလိုက်သည်။
.......
သုံးရက်အကြာတွင်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ရှန်းမိသားစုထံသွားလည်ကာ သွားလေသူ ရှန်းရူရွှမ်နှင့် ရှန်းပိုင်ဖေးတို့အတွက် လေးစားမှုကို သွားရောက်ပြသခဲ့သည်။
သူတို့သည် ရှန်းမိသားစုမှထွက်လာချိန်တွင် သူတို့သည် ကောင်းကင်သခင် ရွှမ်းယန်ထံသို့လည်ပတ်ရန် ဓားဖုံးနန်းတော်သို့ သွားခဲ့သည်။
တိရှင်းကျဲ့နှင့်ယန်ဝူရွှမ်တို့က သူတို့ရောက်လာသည်ကို အရေးတယူနှင့် ကြိုဆိုကြသည်။
ထိုနှစ်ဦးသည် ကောင်းကင်သခင်ရွှမ်းယန်ကို ချက်ခြင်း သတင်းပို့ကြသည်။
မကြာမီ။
တိရှင်းကျဲ့နှင့်ယန်ဝူရွှမ်တို့၏ဦးဆောင်မှုဖြင့် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ကောင်းကင်သခင်ရွှမ်းယန်၏ဂူသို့ ဝင်ကာ တွေ့သည်။
“မင်္ဂလာပါ။ စီနီယာရွှမ်းယန်။”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် ချက်ခြင်း ဦးညွှတ်လိုက်ကြသည်။
အစိမ်းရောင်ဝတ်ရုံနှင့် ကောင်းကင်သခင်ရွှမ်းယန်က အပြုံးနှင့်တုံ့ပြန်ကာ “တာအိုရောင်းရင်းတို့ အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။”
ခနရပ်သွားကာ ကောင်းကင်သခင်ရွှမ်းယန်က ပြောသည်။
“ဒါဆိုခင်ဗျားတို့ရဲ့အရှေ့ပိုင်းကိုသွားတဲ့ခရီးက အကျိုးဖြစ်ထွန်းရဲ့လား?”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည်ကောင်းကင်သခင်ရွှမ်းယန်အား ခေါင်းညိတ်ပြလိုက်သည်။
“ခင်ဗျားရဲ့ ကောင်းချီးကြောင့်ပါ စီနီယာ။ ကျွန်တော်တို့ရဲ့ အရှေ့ပိုင်းက တကယ်ပဲ အကျိုးဖြစ်ထွန်းခဲ့ပါတယ်။ ဒါပေမဲ့..”
ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က တုံ့ဆိုင်းနေသည်။
သူတို့၏အရှေ့ပိုင်းနှင့် တောင်ပိုင်းကန္တာရသို့ ခရီးတစ်လျှောက် အတွေ့အကြုံများနှင့်တွေ့ရှိခဲ့မှုများကို ကောင်းကင်သခင်ရွှမ်းယန်အား မျှဝေရန်ဆုံးဖြတ်ခဲ့သည်။
သူတို့၏စကားများကိုကြားလျှင်၊ ကောင်းကင်သခင် ရွှမ်းယန်က အစ၌ အေးဆေးနေရာမှ လေးနက်သွားခဲ့သည်။
“ကျုပ်က ဝူရွှမ်းနဲ့ တိရှင်းကျဲ့တို့ကို ခင်ဗျားတို့ရဲ့ကျန်းမိသားစုကို လွှတ်ပြီး ခင်ဗျားတို့ပြန်လာမဲ့အချိန်ကို စုံစမ်းခိုင်းတာဟာ ဒီကိစ္စကို စိုးရိမ်ခဲ့လို့ပါ။” သူကပြောလာသည်။
“ဟမ်?”
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့သည် နှလုံးခုန်မြန်သွားသည်။
ကောင်းကင်သခင်ရွှမ်းယန်ကဆက်ပြောသည်။
“ကျုပ်ပြောပြမယ်။ အရှေ့ပိုင်းနဲ့ အလယ်ပိုင်းမြေပြန့်ဒေသတွေရဲ့ရည်ရွယ်ချက်က ပိုပြီးတော့ ထင်ရှားလာတယ်။ သူတို့က တောင်ပိုင်းကန္တာရနဲ့ချုပ်ထားတဲ့ စာချုပ်ကိုတောင်ဖျက်ပြီး အဲ့ဒီပိုင်နက်ရဲ့ သုံးပုံနှစ်ပုံကိုတောင် သိမ်းပိုက်ဖို့လုပ်နေတာ။”
“သူတို့က ဘာလုပ်ဖို့ရည်ရွယ်နေတာလဲ? သူတို့ကတကယ်ပဲ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတစ်ခုလုံးကို ပေါင်းစည်းဖို့ လုပ်နေတာဖြစ်နိုင်လား?”
ကျန်းချန်ရွှမ်က မနေနိုင်ဘဲမေးလိုက်သည်။
သူ၏စကားများကိုကြားလျှင် ဘေးတွင်ရပ်နေသော တိရှင်းကျဲ့နှင့် ယန်ဝူရွှမ်းတို့က အံ့ဩသောရုပ်များ ပေါ်လာသည်။
ရှင်းလင်းစွာပင်၊ သူတို့သည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့၏အပြုအမူများကို သတိမထားမိဘဲ သူတို့အားသက်ရောက်မှုရှိသည့် ထိုစကားများကို ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။
နှစ်ဦးသားသည် လေးနက်သည့်အမူအရာ ဖြစ်နေသည့် ကောင်းကင်သခင်ရွှမ်းယန်ကို ပြန်ကြည့်လိုက်ကြသည်။
သူက ဖြည်းဖြည်းခေါင်းညိတ်သည်။
“တကယ်ပဲ ကျုပ်နဲ့ အခြားတာအိုရောင်းရင်းတို့ရဲ့ သုံးသပ်မှုများအရ အရှေ့ပိုင်း သို့ အလယ်ပိုင်းတို့ဟာ တကယ်ပဲ အနှစ်သာရကျင့်ကြံခြင်းလောကကို ပေါင်းစည်းဖို့ ရည်ရွယ်ချက်ရှိနေပုံရတယ်။ နတ်ဆိုးကပ်ဘေးပြီးခါစ အဲ့အချိန်မှာ အဲ့ဒီကြောက်စရာကောင်းတာကို တွေးဖို့ အကောင်းဆုံးအခွင့်အရေး ပေးလိုက်ပုံရတယ်။”
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ယန်ဝူရွှမ်းနှင့် တိရှင်းကျဲ့တို့သည် ထိတ်လန့်ကုန်ကြသည်။
အချိန်က တကယ်ပင် အခွင့်အရေးဖြစ်သည်။
နတ်ဆိုးကပ်ဘေးပြီးဆုံးချိန်သည် လူသားကျင့်ကြံသူများအတွက် နာလန်ပြန်ထူရမည့် အချိန်အပိုင်းခြား ဖြစ်သည်။
နတ်ဆိုးများက သူတို့အား ဆန့်ကျင်၍ မတိုက်ခိုက်ရဲတော့ဘဲ နတ်ဆိုးများ၏ချိန်းခြောက်မှုမှ လွတ်မြောက်သွားသောအချိန် ဖြစ်ကြောင်းဖော်ပြနေသည်။
အကယ်၍ အရှေ့ပိုင်းနှင့် အလယ်ပိုင်းက ယခုပြုမူနေပုံများအရ၊ တကယ်ပင် သင့်တော်သောအချိန်တွင်ဖြစ်နေသည်။
ထိုအခွင့်အလမ်းကို လွတ်သွားခြင်းသည် သူတို့အတွက် အနာဂတ်တွင် ထိုကဲ့သို့ သင့်တော်သည့်အခြေအနေကိုရှာရန် ခက်ခဲလိမ့်မည်။
သို့ရာတွင်၊ လူသားမျိုးနွယ်က ကပ်ဘေးကြောင့် အားနည်းနေပြီးသားဖြစ်သည်။
ပြန်လည်နာလန်ထူရမည့်အစား နယ်မြေအချင်းချင်းစစ်ပွဲက အစပြုတော့မည့်ပုံပေါ်နေသည်။ ထိုဝိညာဉ်အင်အားစုများ၏အပြုအမူက လူသားမျိုးနွယ်တစ်ခုလုံး၏ကံကြမ္မာနှင့် ကံတရားအား အားနည်းစေသည် မဟုတ်ပါလား?
ထိုအချိန်တွင်၊ လောက၏ဆန္ဒက သေချာသောအကွာအဝေးထိ သက်ရောက်လိမ့်မည်ဖြစ်သည်။
လူသားမျိုးနွယ်၏အတွင်းပိုင်းပဋိပက္ခများက သေချာသည့် အဆင့်တစ်ခုသို့ရောက်လျှင်၊ သံသယကင်းစွာ အခြားသူများကိုအခွင့်အရေးစီစဉ်ပေးသကဲ့သို့ဖြစ်နေပေတော့မည်။
အရှေ့ပိုင်းနှင့်အလယ်ပိုင်မြေပြန်ဒေသများမှ ဝိညာဉ်ဖွဲ့စည်းခြင်းအင်အားစုများက ထိုပြင်းထန်သည့် အကျိုးသက်ရောက်မှုများကို တကယ်ပင် မသိခြင်းဖြစ်နိုင်ပါသလား?
သူတို့သည် ထိုအကျိုးဆက်များကို စဉ်းစားရန်လိုအပ်ပေသည်။ သို့ရာတွင် လူသားများ၏ သဘာဝပစ်ချက်များသည် ထိုနေရာတွင်ရှိသည်။ ထိုသို့လုပ်လျှင် အဆုံးမရှိသည့် ပြသနာများအားယူဆောင်လာမည်ကို ရှင်းလင်းစွာသိလျှင်ပင်ဖြစ်စေ၊ ရန်သူများစွန့်စားရန်အတွက် အခွင့်အရေးပေးလိမ့်မည်ကို သိလျှက်နှင့်ဖြစ်စေ၊
လူသားမျိုးနွယ်တစ်ခုလုံး၏အင်အားကို အားနည်းအောင်လုပ်ဆောင်ခြင်းဖြစ်သည်ကို သိလျှင်ပင်ဖြစ်စေ၊
သို့သော် အမှန်တကယ်အကျိုးအမြတ်ကို ရင်ဆိုင်ရလျှင် လူမည်မျှက မပြောင်းလဲဘဲ နေနိုင်လိမ့်မည်နည်း?
ယိမ်းယိုင်ခြင်းမရှိလိမ့်မည်နည်း?
ထိုသူများသည် အနှစ်သာရကိုးပါးမသေမျိုးလောကတွင် နှစ်ထောင်ချီမှတစ်ကြိမ်သာ ရမည့် အခွင့်အရေးကိုပင် မြင်ခြင်းဖြစ်နိုင်သည်။ မမြင်နိုင်သော ပုန်းကွယ်နေသည့်အန္တရာယ်များစွာကို သတိပြုမိသော်လည်း သူတို့သည် ထိုကိစ္စအပေါ် လောင်းကစားပြုလုပ်ချင်နေသေးသည်။
တောင်ပိုင်းဒေသသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေသည်။
ကောင်းကင်သခင်ရွှမ်းယန်မှ အတည်ပြုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က နားလည်သွားခဲ့သည်။
တောင်ပိုင်းကန္တာရက ၎င်းတို့၏ပိုင်နက် သုံးပုံတစ်ပုံအား ထိန်းသိမ်းထားနိုင်ရခြင်းသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့က မသိမ်းပိုက်နိုင်ခြင်းကြောင့် မဟုတ်ပေ။
အကြောင်းရင်းမှာ သူတို့ထဲ၌ သယံဇာတမည်မျှရှိသည်ကို မရှာဖွေနိုင်သေးသောကြောင့် ဖြစ်နိုင်သည်၊ ထို့ကြောင့် တောင်ပိုင်းကန္တာရကို သိမ်းပိုက်ရန်မှာယာယီ ရပ်နားထားခြင်းဖြစ်လိမ့်မည်။
သူတို့သည် သယံဇာတများကိုဖြန့်ဖြူးရန် သဘောတူလိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်သခင်အသူရာချောက်၏ ဂိုဏ်းက ကြာကြာ တောင့်ခံထားနိုင်တော့မည် မဟုတ်ပါ။
မြောက်ပိုင်းနယ်နိမိတ်နှင့် အနောက်ပိုင်းသဲကန္တာရမျ လူများက သူတို့အား ကယ်ဆယ်လိုလျှင်ပင် ဖြစ်နိုင်တော့မည်မဟုတ်ပေ။
ကံကောင်းစွာပင် သူတို့က တောင်ပိုင်းကန္တာရတွင် ကြာကြာမနေခဲ့ပေ။
မဟုတ်လျှင် သူတို့ဝိုင်းခံရသည်နှင့် တောင်ပိုင်းကန္တာရမှ လွတ်မြောက်ရန် ခက်ခဲပေတော့မည်။
ထိုအကြောင်းကိုတွေးကာ ကျန်းချန်ရွှမ်က ကောင်းကင်သခင်ရွှမ်းယန်အား ချက်ခြင်းပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့ မြောက်ပိုင်းနယ်နိမိတ်က အနောက်ပိုင်းသဲကန္တာရရဲ့ ကန့်သတ်ချက်မဲ့ဂိုဏ်းနဲ့ မဟာမိတ်လုပ်တာက အရှေ့ပိုင်းနဲ့ အလယ်ပိုင်း ပူးပေါင်းတပ်ဖွဲ့ကို ဆန့်ကျင်ဖို့ ဗျူဟာဖွဲ့စည်းဖို့လား?”
“မှန်တယ်။”
ကျန်းချန်ရွှမ်၏မေးခွန်းကိုတုံ့ပြန်ဖို့ရန် ကောင်းကင်သခင်ရွှမ်းယန်က မငြင်းပယ်တော့ပါ။
သူသည် ဖြည်းဖြည်း ခေါင်းညိတ်လိုက်သည်။
“လက်ရှိအခြေအနေအရ၊ ကျုပ်တို့နဲ့ အနောက်ပိုင်းသဲကန္တာရတို့ မစာမိတ်ဖွဲ့တာက နှစ်ဖက်လုံးအတွက် လွတ်မြောက်ဖို့လမ်းပဲ။ အဆုံးမှာ ကျုပ်တို့နဲ့ အရှေ့ပိုင်းနဲ့အလယ်ပိုင်းတို့ရဲ့ အင်အားက ကွာခြားပြီး သူတို့က အားကောင်းနေတယ်။ မဟာမိတ်ဖွဲ့တာက အချိန်နည်းနည်းဆွဲထားနိုင်မယ်။
ပြီးတော့ ကျုပ်တို့လူသားမျိုးနွယ်ကို သားရဲတွေတိုက်ခိုက်လာတဲ့အထိစောင့်ရင် အရှေ့ပိုင်းနဲ့အလယ်ပိုင်းက ပြန်နောက်ဆုတ်သွားလိမ့်မယ်။ မဟုတ်ရင်တော့…”
ကောင်းကင်သခင်ရွှမ်းယန်က ခေါင်းခါလိုက်သည်။
သူက စကားကိုဆုံးအောင် မပြောသော်လည်း ကျန်းချန်ရွှမ်နှင့် အခြားသူများက ထိုအဓိပ္ပာယ်၏ နောက်မှ အရာအား နားလည်ကြပါသည်။
***