ကျန်းအန်းရန်၏ သေရေးရှင်ရေးအခြေအနေ
Vol. 33 Ch. 622
ကျန်းချန်ရွှမ်က မတတ်နိုင်ဘဲ ဝမ်းနည်းသွားခဲ့ရသည်။
လူသားမျိုးနွယ်က “ငြိမ်းချမ်းရေး” ကိုရဖို့ရန် မည်သည့်အချိန်က နတ်ဆိုးမျိုးနွယ်ကို လိုအပ်သွားရပါသနည်း?
သို့ရာတွင် လက်ရှိအခြေအနေကို ကြည့်ရလျှင် ၎င်းသည် သူတို့၏တစ်ခုတည်းသော လွတ်မြောက်ရာလမ်းဖြစ်နေသည်။
ဓားဖုံးနန်းတော်မှ ထွက်ခွာလာပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျီယန်နန်းတော်၊ ရုန်ဟန်နန်းတော်နှင့် ပင်လယ်နက်စင်မြင့်သို့ သွားရောက်လည်ပတ်ခဲ့သည်။
များစွာသောကောင်းကင်သခင်များ၏ စကားများက တူညီသောအဖြေကိုသာ ရလေသည်။
၎င်းသည် ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့အား သူတို့၏ကိုယ်ပိုင်အင်အားက အရေးကြီးကြောင်းသည် အရေးကြီးဆုံးဖြစ်နေသည်။
သေချာပါသည်။ သူတို့၏အခြေတည်ဝိညာဉ်အဆင့်ဖြင့် မလုံလောက်သေးပေ။
အကယ်၍ ရန်သူက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် နှစ်ဦး (သို့) အထက်ဆင့် အဆင့် ၃ မှ ကောင်းကင်သခင်ဖြစ်လျှင် ကြီးမားသည့် ပြသနာနှင့် ကြုံတွေ့ရလိမ့်မည်။
ထိုအချိန်တွင် ရန်သူအား တိုက်ခိုက်ရန်ပင် ခက်ခဲမည်မဟုတ်ဘဲ ထွက်ပြေးလွတ်မြောက်ရန်ပင် အလွန်ခက်ခဲပေလိမ့်မည်။
ထို့ကြောင့်၊ သူတို့၏ ပထမဆုံးဦးစားပေးမှာ သူတို့၏ကျင့်ကြံခြင်းကို အဆင့်မြင့်တင်ရန်နှင့် သန်မာလာရန်ပင် ဖြစ်သည်။
အပြင်တွင် အချိန်ဆွဲမနေတော့ဘဲ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မှော်ဝင် တိုင်တောင်သို့ပြန်ကာ ဂူပိတ်ကျင့်ကြံတော့သည်။
အထူးသဖြင့် ရှန်းရူယန်ဖြစ်သည်။
သူမသည် ဝိညာဉ်ဖွဲ့စည်းခြင်းသို့ရောက်ရန်နီးနေပြီဖြစ်သည်။
သူမသည် ထိုတစ်ဆို့နေသည့်အရာကို ဤဂူပိတ်ကျင့်ကြံခြင်းမှ ချိုးဖောက်ပစ်ရမည်။
ကျန်းချန်ရွှမ်သည် ထိုအဆင့်သို့ မရောက်သေးသော်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် အဝင်ဝသို့ မရောက်သေးသော်လည်း ဤဂူပိတ်ကျင့်ကြံခြင်းမှ ထိုအဆင့်သို့ရောက်ရန်မှာ သူ့အတွက် ခက်ခဲသောအရာမဟုတ်ပါ။
အချိန်က တဖြည်းဖြည်းနှင့် ကုန်နေသည်။
.....
မျက်စိတမှိတ်အတွင်းမှာပင်၊ အချိန်လေးနှစ်က ကုန်ဆုံးသွားသည်။
ထိုအချိန်တွင် ကောင်းကင်လွင်ပြင်၌ ကျန်းအန်းရန်က ဓားတစ်လက်ကို ကိုင်ကာ အဆင့် ၉ ရွှေအမြုတေအဆင့်ကျင့်ကြံသူ ၅ဦးနှင့် တိုက်ခိုက်နေလေသည်။
ထိုမူလချီနှင့်ဆိုလျှင် သူမသည် အခြေတည်ဝိညာဉ်အား ဖွဲ့စည်းရန် ကြိုးစားနိုင်လိမ့်မည်။
ကြည့်ရသည်မှာ ကောင်းကင်အခြေတည်ဝိညာဉ်အား ဖွဲ့စည်းရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ပါ။
သို့ရာတွင် ဤအချိန်၌ ထူးဆန်းသည်မှာ ကောင်းကင်နှင့် မြေကြီး ဆက်သွယ်မှုက မူလချီတစ်မျှင်တည်းကိုသာ ထုတ်ပေးလာသည်။
ထို့အပြင်၊ မူလချီ ကိုထုတ်လွတ်ပေးခြင်းက အချိန်နှင့် အမျှနည်းပါးလာသည်ဟု ကောလဟသများလည်း ရှိနေသည်။
သူမသည် ထိုကိစ္စ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် အကြောင်းအရင်းတစ်ခုခုရှိလိမ့်မည်လားဟု သိချင်နေသည်။
ပြန်သွားသည့်အချိန်၌ သူမသည် သူမ၏ဆရာကို သတင်းပို့ကာ အမြင်တစ်ခုခုရှိမည်လားဟု ကြည့်ရန်စီစဉ်ထားခဲ့သည်။
သူမ၏စိတ်ထဲမှ ထိုအတွေးများနှင့်၊ ကျန်းအန်းရန်သည် ကောင်းကင်လွင်ပြင်တွင် ကြာကြာမနေတော့ဘဲ အမြန် ကျန်းနိုင်ငံသို့ပြန်ရန် ထွက်ခွာလာခဲ့သည်။
ဝှစ်…ဝှစ်
အလင်းများလက်သွားခဲ့သည်။
ကျန်းအန်းရန်က ကောင်းကင်တွင် မြန်ဆန်စွာပျံနေရင်း ရုတ်တရက်ဆန်ကာ ပြင်းထန်သော အနေအထားတစ်ခုက နှလုံးသားထဲ၌ ပေါ်လာခဲ့ပြီး သူမ၏ ရှင်းလင်းပြီးတောက်ပသည့် နတ်ဘုရားအာရုံတွင် အရိပ်တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
မကောင်းတော့ဘူး။
ကျန်းအန်းရန်၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။
သူမသည် ထိုအနေအထားက သူမခုခံနိုင်သည်ထပ် ကျော်လွန်နေကြောင်းကို သိသွားခဲ့သည်။ အကယ်၍ သတိမထားလျှင် သူမသည် ယနေ့တွင်ပင် သေဆုံးရလိမ့်မည်။
ဝှစ်….
တုံ့ဆိုင်းမှုမရှိဘဲ ကျန်းအန်းရန်က အဆင့် ၅အဆောင်ကို ဖြဲလိုက်သည်။
နောက်ပိုင်းတွင် သူမ၏ပုံရိပ်သည် လင်းလက်သွားသည်။ ပြီးနောက် သူမသည် ထပ်၍ များစွာသော အဆင့် ၅ အဆောင်များကို ဖြဲလိုက်သည်။
ထိုအဆောင်များသည် ဓမ္မစွမ်းအားမသုံးဘဲနှင့် သုံးနိုင်လေသည်။
ကျင့်ကြံသူက သူတို့၏သက်ရောက်မှုကို ထုတ်လွတ်ရန် ဖြဲလိုက်ရန်သာ လိုအပ်သည်။
ချက်ချင်းပင်၊ များစွာသော ရောင်ခြည်များက ကျန်းအန်းရန်၏ပတ်ပတ်လည်၌ ပေါ်လာခဲ့သည်။ အဆင့် ၅ ကာကွယ်ရေးဂါထာများက အဝတ်ကဲ့သို့ တစ်လွှာပြီးတစ်လွှာ သူမအားဖုံးလွမ်းသွားသည်။
သို့ရာတွင် ကျန်းအန်းရန်၏နှလုံးသားထဲမှ အရိပ်က မပပျောက်သွားသေးပါ။ ၎င်းသည် သူမ၏အရိုးထဲ ရောက်နေသော လောက်ကဲ့သို့ သူမအား နည်းနည်းခြင်း ဝါးမြိုနေသည်။
မဟုတ်သေးဘူး။ အကယ်၍ ဆက်ဖြစ်နေရင် ငါဒီအခြေအနေကနေ လွတ်မြောက်နိုင်တော့မှာ မဟုတ်ဘူး။
ကျန်းအန်းရန်၏မျက်လုံးထဲ၌ ဆုံးဖြတ်ထားသည့်အရိပ်အယောင်များပေါ်နေခဲ့သည်။
သူမ၏ လက်ညိုးနှင့် လက်ခလယ်ကို အတူတူထားလိုက်ကာ သူမ၏မျက်ခုံးကြားသို့ ထောက်လိုက်သည်။
ကျီ….
ချက်ချင်းပင်၊ သူမ၏ခန္ဓာကိုယ်မှ မိုးကြိုးသွားများလင်းလက်သွားကာ ကျန်းအန်းရန်ကနေရာမှ ပျောက်သွားသည်။
“ဘာ?”
ထို့အချိန်မှသာ နေရာလပ်ထဲမှ အသံတစ်ခုအား ကြားလိုက်ရသည်။
သို့သော် ခနအကြာတွင် ပျောက်ကွယ်သွားသော ကျန်းအန်းရန်က အခြားနေရာလပ်တစ်ခုမှ ပြန်ပေါ်လာကာ ဖရိုဖရဲဖြစ်နေသည်။
အက်ကွဲသွားသည့်အသံများဆက်တိုက်ပေါ်လာပြီးနောက် သူမ၏ခန္ဓာကိုယ်မှ အကာအရံများက စာရွက်ကဲ့သို့ စုတ်ပြဲသွားတော့သည်။
ကျန်းအန်းရန်၏ ခန္ဓာကိုယ်က ပြင်းထန်စွာတုန်လှုပ်နေသည်။ သူမသည် မတတ်နိုင်တော့ဘဲ ချက်ခြင်း ပါးစပ်အပြည့်သွေးများအန်လေတော့သည်။ သူမ၏အရောင်အဝါက အမြန် အားနည်းလာနေသည်။
ထိုအချိန်တွင်ပင် သူမသည် ရှင်းလင်းစွာပင် သူမ၏ရှေ့တွင် ဘယ်အချိန်က ပေါ်လာမှန်းမသိသည့် ခေါင်းစွပ်နှင့် ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုသူ၏မျက်နှာသည် ခေါင်းစွပ်၏အောက်တွင် ဖုံးကွယ်ထားကာ မျက်စိနှင့် နတ်ဘုရားအာရုံကိုပင် ထိုးဖောက်မမြင်နိုင်ပါ။
“နင်ဘယ်သူလဲ။ ငါ့ကို အကြောင်းအရင်းမရှိဘဲ ဘာလို့တိုက်ခိုက်ရတာလဲ?”
ကျန်းအန်းရန်က ခေါင်းစွပ်နှင့် လူအား မေးလိုက်ကာ သူမ၏ခန္ဓာကိုယ်မှ အားနည်းချက်ကို ဖိနှိပ်လိုက်သည်။
“နင် ငါဘယ်သူလဲဆိုတာသိလား? ငါ့ရဲ့ဆရာ ကျန်းချန်ရွှမ် လိုက်လာမှာကို မကြောက်ဘူးလား?”
“ဟီးဟီး… အကယ်၍ သူလာနိုင်ရင် ငါက ကြိုဆိုနေမှာပါ။” ခေါင်းစွပ်နှင့်လူက ပြန်ပြောလိုက်ကာ သူ၏အသံကလည်း အနည်းငယ်မှ တုံ့ဆိုင်းနေပုံမပေါ်ပါ။
လေထဲတွင် အနက်ရောင်အလင်းတစ်ခုကျလာသည်။
ထိုအနက်ရောင်အလင်း၏အလျှင်က အလွန်မြန်ဆန်သောကြောင့် ကျန်းအန်းရန် တုံ့ပြန်ချိန်ပင်မရပေ။
ဘန်းဟူသောအသံမြည်သွားသည်။
ကျန်းအန်းရန်၏ခန္ဓာကိုယ်သည် အနက်ရောင်အလင်းဖြင့် လုံးဝဖုံးအုပ်သွားသည်။
ထို့နောက် ကျန်းအန်းရန်၌ ပိုင်ဆိုင်သည့် အရောင်အဝါတစ်ခုမှ မရှိတော့ပေ။
သို့ရာတွင်၊ ထိုခေါင်းစွပ်နှင့် လူက အောင်မြင်မှုကြောင့် ဝမ်းသာနေပုံမရဘဲ ထိုအစား မျက်မှောင်ကုပ်နေလေသည်။
“ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ကို ရင်ဆိုင်နိုင်တဲ့သူတစ်ယောက်အတွက်တော့မဆိုးပါဘူး။ ကျန်းချန်ရွမ်က သူ့တပည့်မှာချထားတဲ့ ကဒ်က ငါ့မျှော်လင့်ချက်ကို ကျော်လွန်နေတာပဲ။”
ကျီ…
မိုင်ပေါင်းထောင်ချီအဝေးတွင် လေဟာနယ်၏ အချို့နေရာများ၌ နေရာလပ်က ရုတ်တရက် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင် ကျန်းအန်းရန်က ထိုနေရာမှ ဖရိုဖရဲနှင့် ပေါ်လာကာ တုန်ရီနေသည်။
ထိုအချိန်တွင်၊ အနက်ရောင်အလင်းက သူမကို ထိလိုက်သကဲ့သို့ သူမသယ်ဆောင်လာသည့် ကျောက်စိမ်းဆွဲသီးက စွမ်းအားအပြည့်နှင့်အသက်ဝင်လာသည်။
ချက်ခြင်းပင် ထိုနေရာမှ သူမအား ရုတ်ချည်းသယ်ယူသွားသည်။
ထိုနည်းလမ်းက နေရာလပ်ရွေ့ပြောင်းခြင်း ပါဝင်ကာ သာမန်အဆင့် ၅ အဆောင်မှ ရနိုင်သော အရာမဟုတ်ပါ။
၎င်းသည်ထင်ရှားသော ကောင်းမွန်သည့် နေရာရွေ့ပြောင်းခြင်းအဆောင်ဖြစ်သည်။
ကျန်းချန်ရွှမ်ကိုယ်တိုင်တွင်ပင် တတိယတစ်ခု မပိုင်ဆိုင်ထားပါ။
သူ၏တပည့်အနေနှင့် ကျန်းအန်းရန်သည် သူမအမြဲသယ်ဆောင်သွားနေသည့် ကျန်းချန်ရွှမ် ပေးထားသော ကျောက်စိမ်းဆွဲသီးက ထိုကဲ့သို့ စွမ်းအားကောင်းသော နေရာရွေ့ပြောင်းခြင်းစွမ်းအင်ကို ပိုင်ဆိုင်လိမ့်မည်ဟု မထင်ထားဘဲ သူမအား သေခြင်းအန္တရာယ်မှ ကယ်ခဲ့သည်။
ထိုနေရာတွင် အချိန်ကြာကြာမနေရဲတော့ဘဲ ကျန်းအန်းရန်က အမြန်ပင် ဦးတည်ချက်ရှာကာ ကျန်းနိုင်ငံသို့ အမြန်ပြန်သွားတော့သည်။
.....
တစ်လအကြာတွင်။
ကျန်းအန်းရန်က မှော်ဝင်တိုင်တောင်သို့ ပြန်လာသည့်အချိန်တွင် သူမ၏ကိုယ်ခန္ဓာ၌ ဒဏ်ရာများစွာရနေပြီး ၎င်းသည် ချက်ခေင်း လူများကြားတွင် ဂယက်ထသွားစေသည်။
သူမသည် ထိုမျှလောက်ဆိုးရွားသောအခြေအနေနှင့်ပြန်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ပါ။ ကျန်းအန်းရန်က မည်သည်ကို ရင်ဆိုင်ခဲ့ရကြောင်း သိနိုင်ပါသည်။
“ဘယ်သူလဲ? ဘယ်သူက မင်းကို ဒီလိုလုပ်လိုက်တာလဲ?”
အစပိုင်း၌ အံ့ဩသွားကြပြီး လူတိုင်း ဒေါသထွက်လာကြသည်။
လူတိုင်းက ကျန်းအန်းရန်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ တစ်ဦးတည်သောတပည့်ရင်းဖြစ်ကာ သူတို့ မည်မျှတန်ဖိုးထားကြောင်းကို သိကြပါသည်။
အကယ်၍ ကောင်းကင်အခြေတည်ဝိညာဉ်ကို ရှာဖွေရန်သာမဟုတ်ခဲ့လျှင် လွန်ခဲ့သောဆယ်စုနှစ်များ၌ သူမသည် အခြေတည်ဝိညာဉ်ကိုပင် ဖွဲ့စည်းရန် ယုံကြည်ချက်ရှိခဲ့သည်။
ထို လုပ်ကြံသူက ကျန်းအန်းရန်၏ဆရာက မည်သူမှန်း မသိခြင်းလား?
လူတိုင်းက စိတ်ဆိုးနေကြချိန်တွင် အဝေးမှ လူတစ်ဦး ချဉ်းကပ်လာသည်။
ထိုလူကိုမြင်လျှင် လူတိုင်း၏အမူအရာက မတတ်နိုင်ဘဲ ပြန်လည် တည်ငြိမ်သွားခဲ့သည်။ သူတို့သည် အမြန်ဦးညွှတ်ကာ ပြောလိုက်သည်။
“နှုတ်ဆက်ပါတယ် အကြီးအကဲ။”
“အင်း ထပါ။ ငါဒီကိစ္စကို သိပြီးပြီ။ ပြီးတော့ နောက်မှ ကိုင်တွယ်လိုက်မယ်။”
ထိုလူမှာ ကျန်းချန်ရွှမ်ဖြစ်သည်။
သူသည် ကျန်းအန်းရန်အားလှည့်ကြည့်လိုက်ကာ ပြောသည်။ “အန်းရန်၊ ဆရာနဲ့ ရွှမ်းမင်တောင်ထိပ်ကို လိုက်ခဲ့။ မင်းရဲ့ ဆရာရှန်းက သူ့ဂူပိတ်ကျင့်ကြံမှုမှာ အရေးကြီးတဲ့အချိန်ကို ရောက်နေတာ။ သူ့ကို သွားမနှောက်ယှက်ကြရအောင်။ ငါမင်းအတွက် တရားမျှတမှုရှာပေးမှာပါ။”
ကျန်းချန်ရွှမ်၏စကားထဲတွင် ခံစားချက်များများစားစားမပါပါ။
ထို့ကြောင့် လူတိုင်းက မသိစိတ်မှ အသက်ရှုရပ်နေကြသည်။
သူတို့သည် ကျန်းချန်ရွှမ်၏ထိုအခြေအနေက ကြောက်စရာအကောင်းဆုံးအခြေအနေဖြစ်ကြောင်းကို သိကြသည်။
အပြင်ဖက်၌ သူသည် တည်ငြိမ်စွာနေသော်လည်း သူ၏နှလုံးသားထဲကမူ ဒေါသမုန်တိုင်းက တိုက်ခတ်နေပြီဖြစ်သည်။
အနည်းငယ်သော စိတ်ဆွခြင်းပင်၊ သူ၏ပြင်းထန်သောဒေါသကို ဖိတ်ခေါ်သလိုဖြစ်နေတော့မည်။
.....
မကြာမီ။
ကျန်းချန်ရွှမ်က ကျန်းအန်းရန်အား ရွှမ်းမင်တောင်ထိပ်သို့ခေါ်သွားခဲ့သည်။
ပြန်လာပြီးနောက်၊ သူမ၏အတွေ့အကြုံများကို ချက်ခြင်းမေးမြန်းမည့်အစား၊ သူသည် သူမ၏ဒဏ်ရာများကို အရင်ကုစေသည်။
ကျန်းအန်းရန်၏ဒဏ်ရာများအရ သူမ၏ အခြေခံစွမ်းအားသည် မပျက်စီးသွားသော်လည်း ဒဏ်ရာများက မသေးငယ်ပေ။
အချိန်မှီမကုသလျှင် အနာဂတ်တွင် ပြသနာဖြစ်နိုင်ပေသည်။
....
လဝက်အကြာတွင်။
ကျန်းအန်းရန်၏အခြေအနေတည်ငြိမ်သွားချိန်၌ ကျန်းချန်ရွှမ်က နောက်ဆုံးတွင် ထိုအကြောင်းကို မေးတော့သည်။
ကျန်းအန်းရန်အနေဖြင့် သူမသည် ဖုံးကွယ်စရာအကြောင်းမရှိပါ။
သူမသည် ချက်ခြင်းကျန်းချန်ရွှမ်အား သူမ၏ကောင်းကင်လွင်ပြင်သို့သွားသောခရီးအကြောင်းနှင့် ရုတ်တရက်တိုက်ခိုက်ခံရသည့်အကြောင်းကို ပြောပြလိုက်သည်။
သူနှင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များမသိသေးသည့်ကိစ္စများ ရှိနေနိုင်သေးပုံရပေသည်။
မူလက သူသည် တွက်ချက်ခြင်းပုတီးစေ့ကိုသုံးကာ ဓာတ်ငါးပါးစစ်မှန်နည်းပညာ၏ နောက်ပိုင်းအကြောင်းအရာများကို သုံးသပ်ရန် စီစဉ်ထားခဲ့သည်။ သို့ရာတွင် ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်အားပြီးဆုံးစေခြင်းသည် အမြန်လိုသည့် တာဝန်ဖြစ်နေပုံရသည်။
ပထမဆုံးအနေဖြင့် သူသည် ထိုကိစ္စ၏ ဖုံးကွယ်ထားသည့်လျို့ဝှက်ချက်များကို လျော့ချနိုင်ရန်သုံးနိုင်လိမ့်မည်။
ဒုတိယအနေဖြင့် သူသည် ထိုနည်းလမ်းအားဖြင့် ဓာတ်ငါးပါး စစ်မှန်နည်းပညာ၏ နောက်ပိုင်း အကြောင်းအရာကိုလည်း လျော့ချနိုင်လိမ့်မည်ဖြစ်သည်။
တွက်ချက်ခြင်းပုတီးစေ့အား တိုက်ရိုက်သုံးလျှင် သက်ရောက်မှုမရှိသည်မှာဖြစ်နိုင်ချေရှိသော်လည်း ဓာတ်ငါးပါး စစ်မှန်နည်းစနစ်အားကောင်းကင်တွက်ချက်ခြင်းနည်းစနစ်သုံးကာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ပထမတစ်ပိုင်းကိုပြီးဖို့ရန်မှာ အလွန်မခက်ခဲသင့်ပါ။
ထိုအကြောင်းကိုစဉ်းစားရင်း ကျန်းချန်ရွှမ်က တုံ့ဆိုင်းမနေတော့ပါ။ သူသည် ချက်ခြင်းတွက်ချက်ခြင်းပုတီးစေ့ကိုထုတ်ကာ ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်အားဖြင့် နောက်ပိုင်းအကြောင်းအရာများကို သုံးသပ်ရန်လုပ်လိုက်တော့သည်။
[ဒင်]
သို့သော်လည်း ထိုအချိန်တွင် စနစ်၏အသံက ရုတ်တရက် သူ၏စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
[အောင်မြင်မှုစနစ်မှမစ်ရှင်အသစ်ထုတ်ပြန်လာပါပြီ။ Host ကျေးဇူးပြုပြီး တွက်ချက်မှု အခါ ၅၀၀ ပြုလုပ်ပါ။]
ဟမ်?
အရေအတွက်က ယခင်ကဲ့သို့ အဘယ်ကြောင့်မဟုတ်ရပါသနည်း?
သို့ရာတွင်၊ ၎င်းက ကောင်းချီးတစ်ခုက အယောင်ဆောင်၍ လာပုံရသည်။
ထိုတာဝန်ကိုပြီးဆုံးအောင်ပြုလုပ်လျှင်၊ စနစ်နောက်ဆက်တွဲဆုလဒ်က သေချာပေါက် ကောင်းမွန်လိမ့်မည်။
တဖြည်းဖြည်းနှင့် ကျန်းချန်ရွှမ်၏စိတ်ထဲ၌ ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်၏ အကြောင်းအရာများက စတင်၍ ပေါ်ထွက်လာသည်။
သူသည် ချက်ချင်းပင် ထိုအသစ်သောသတင်းသည် သူသိပြီးသားသတင်းများနှင့် နှိုင်းယှဉ်လိုက်သည်။
အချိန်တိုအတွင်းမှာပင် သူသည် ဉာဏ်အလင်းပွင့်ခြင်းများဆက်တိုက်ဖြစ်လာတော့သည်။
***