← Chapters

အဝေးမှ ကျိန်ဆဲခြင်း၊ ကောင်းကင်၏အလိုလိုသိစိတ်

Vol. 33 Ch. 623

အဝေးမှ ကျိန်ဆဲခြင်း၊ ကောင်းကင်၏အလိုလိုသိစိတ်

Vol. 33 Ch. 623

ကျန်းချန်ရွှမ်က ရင်းနှီးသော၊ မရင်းနှီးသောပုံရိပ်များစွာကို မျက်စိထဲတွင် မြင်နေရသည်။ ၎င်းသည် အချိန်ကြာသည်ဟုထင်ရသော်လည်း အမှန်မှာ ခနလေးပင်ဖြစ်သည်။

သူသည် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ် တတိယအပိုင်း၏ အကြောင်းအရာများကို အလုံးစုံနားလည်နိုင်ရန် နီးကပ်နေပြီဖြစ်သည်။

ချက်ခြင်းပင် သူ၏မျက်လုံးထဲ၌ သူသည် ခေါင်းစွပ်နှင့် လူ၏ပုံရိပ်အားမြင်နိုင်သလို ဖြစ်နေသည်။

ထိုသူသည် သူ၏တပည့် ကျန်းအန်းရန်အားပစ်မှတ်ထားကာ လက်ထဲရှိ အနက်ရောင်အလင်းကို ပစ်လွှတ်လိုက်သည်။ နောက်ပိုင်းတွင် ကျန်းအန်းရန်၏အကာအရံများက တစ်လွှာပြီးတစ်လွှာပျက်စီးသွားသည်။ နောက်ဆုံး၌ သူမ၏လည်ပင်း၌ ဆွဲထားသော ကျောက်စိမ်းဆွဲသီးက ကျန်းအန်းရန်၏ကိုယ်ခန္ဓာကို ဖုံးလွှမ်းသွားသည်။

၎င်းသည် ကျန်းချန်ရွှမ်က ကောင်းကင်တွက်ချက်ခြင်းနည်းစနစ်၏တတိယအပိုင်းကိုနားလည်ခြင်း၏ စွမ်းရည်ဖြစ်သည်။ သူသည် ယခင်က ဖြစ်ပျက်ခဲ့သည်များကိုပင် မြင်နိုင်သည်။ ထို့အပြင် သူသည် မြင်ရသောသူအား အဝေးမှလှမ်း၍ ကျိန်စာတိုက်နိုင်သည်။

!!!!

ဟုတ်ပါသည်။ ထိုအချိန်တွင် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်က ကျိန်ဆိုခြင်းစွမ်းအားကိုပါ တိုးမြင့်ပေးခဲ့သည်။

ပစ်မှတ်သည် ကျိန်စာတိုက်သူ၏အဆင့်ထပ် နိမ့်နေသည်ဖြစ်စေ၊ သူ၏ကိုယ်ပေါ်၌ ကာကွယ်ခြင်းရတနာမရှိလျှင် ကျိန်စာက အောင်မြင်နိုင်သည်။

သို့ရာတွင် ယခင်ပုံရိပ်များကိုပြန်ကြည့်နိုင်ခြင်းနှင့် ထိုသူအား ကျိန်စာတိုက်နိုင်ခြင်းတို့က တစ်နေ့တစ်ခါပင်သုံး၍ ရသည်။

တစ်ခါသုံးပြီးတိုင်း နောက်တစ်ခေါက်ထပ်သုံးနိုင်ရန် လဝက်စောင့်ရမည်ဖြစ်သည်။ အခြားစကားလုံးနှင့်ပြောရလျှင်၊ ထိုလုပ်ဆောင်ချက်သည် လဝက်ကြာမှ ပြန်လည်တည်ငြိမ်လာမည် ဖြစ်သည်။

ကျန်းချန်ရွှမ်က သူ၏တပည့်အားသတ်မိတော့မလိုဖြစ်သွားသောသူအား သည်းခံနိုင်မည်မဟုတ်ပါ။ ယနေ့တွင်၊ သူသည် ထိုသူအား တန်ကြေးကို ပေးရန် ရည်မှန်းထားသည်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်၏မျက်လုံးထဲ၌ အလင်းနှင့် အရိပ်များတလှည့်ဆီပေါ်နေခဲ့သည်။ သူသည် အထူးလက် ချိတ်စည်းတစ်ခုကို ဖွဲ့စည်းလိုက်သည်။

ကျီ…

ချက်ခြင်းပင်၊ ဆန်းကြယ်ကာ ကြီးကျယ်သော စွမ်းအားက ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှထွက်လာသည်။

သူ၏ဘေးနားတွင်ရှိနေသော ကျန်းအန်းရန်က သူမ၏ဆရာထံမှ အရောင်အဝါကို ရုတ်တရက်ခံစားလိုက်သည်။

ချက်ချင်း တုန်လှုပ်သွားခဲ့ပြီး သူမသည် ထိုအချိန်တွင် ခံစားခဲ့ရသည်မှာ သူမ၏ ဆရာကအလွန် နားလည်ရခက်ကာ အစစ်အမှန်မဟုတ်သလိုဖြစ်လာပုံပေါ်သည်။

ထိုနားလည်ရခက်သော ခံစားချက်အတွင်းက တစ်ခုခုက ကြောက်မက်ဖွယ်ကောင်းနေသည်။

မမြင်နိုင်သော လက်က လေဟာနယ်ထဲတွင် အင်အားကြီးသော ဖြစ်တည်မှုကိုဖျက်စီးရန် ရောက်ရှိနေသကဲ့သို့ပင်။

ကျန်းအန်းရန်အတွက်မူ သူမ၏ထင်မြင်ချက်ဖြစ်သည်။

.....

တစ်နေရာရာ၏ဆန်းကြယ်သောဂူအတွင်း၌ ခေါင်းစွပ်ဝတ်ရုံနှင့် လူက တရားထိုင်နေသည်။

ရုတ်တရက် သူသည် မရှင်းပြနိုင်သည့် တုန်လှုပ်ခြောက်ခြားသည့်ခံစားချက်ကို ခံစားလိုက်ရကာ မျက်လုံးချက်ခြင်းပွင့်လာသည်။

ဘာတွေဖြစ်နေတာလဲ? ဘာလို့ မသက်မသာခံစားနေရတာလဲ?

ကြောက်စရာကောင်းတဲ့ကပ်ဘေးတစ်ခုခုက မကြာခင် ငါ့ဆီကျရောက်လာတော့မလို ဖြစ်နေတယ်။

ခေါင်းစွပ်နဲ့လူက မျက်မှောင်ကုပ်လိုက်ကာ သူ၏နှလုံးသားထဲမှ ခံစားချက်ကို နားလည်အောင်

လုပ်နေခဲ့သည်။

ကျန်းချန်ရွှမ်၏တပည့်က ကျန်းမိသားစုသို့ပြန်ရောက်ပြီးနောက် ကျန်းချန်ရွှမ်နှင့် သူ၏ဇနီးကို ဒေါသထွက်စေကာ ယခုသူ၏နောက်သို့လိုက်လာသည်လား? သို့သော် ၎င်းသည်မမှန်ပါ။

အကယ်၍ သူတို့၏တပည့်က သေဆုံးတော့မလိုဖြစ်သွားသော်လည်း သူကတာဝန်ရှိသောသူ ဖြစ်ကြောင်းကို မသိနိုင်ပါ။

သူသည် မည်သည့်နေရာတွင်ရှိမည်ကို ပို၍ပင် မသိနိုင်ပါ။ ခေါင်းစွပ်နှင့်လူက ထိုကိစ္စအား အတော်ပင် ယုံကြည်ချက်ရှိနေခဲ့သည်။ ပြီးနောက် ပြသနာကရောက်လာခဲ့သည်။

အကယ်၍ ထိုကိစ္စများအားလုံးက မဖြစ်နိုင်လျှင် ယခုလက်ရှိမသက်မသာဖြစ်မှု၏ အကြောင်းအရင်းက ဘာဖြစ်ပါသနည်း?

မည်သည်က မှားယွင်းသွားပါသနည်း?

ခေါင်းစွပ်နှင့်လူက စဉ်းစားလေလေ အဖြေကိုရှာမတွေ့လေလေဖြစ်နေသည်။ သူသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်မှ ဓမ္မစွမ်းအင်က ထူးဆန်းစွာနှောက်ယှက်ခံနေရသည်ကို ခံစားလိုက်ရသည်။

ထိုနှောက်ယှက်ခြင်းသည်တိုးမြင့်လာကာ သူ၏ဓမ္မစွမ်းအင်က လုံးဝ ထိန်းချုပ်၍မရတော့ဘဲပြင်းထန်စွာနှောက်ယှက်ခံနေရသည်။ သူ၏မျက်စိသူငယ်အိမ်က ကျဉ်းသွားသည်။ နောက်ဆုံး၌ သူသည် ပြသနာ၏အကြောင်းရင်းကို နားလည်သွားခဲ့သည်။

ကျိန်စာပဲ၊ ဒါက ကျိန်စာပဲ။

ခေါင်းစွပ်နှင့်လူ၏မျက်နှာက အရောင်အဆင်းကင်းမဲ့သွားသည်။ သူသည် တစ်စုံတစ်ဦး၏ ကျိန်စာနှင့်တိုက်ခိုက်မှုကို အထူးသဖြင့် ကြိုတင်နိမိတ်များတစ်ခုမှ မရှိဘဲ ခံရမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကျိန်စာပြုလုပ်သူက ထိုအတတ်ပညာတွင် အဆင့်မြင့်ကျွမ်းကျင်သူဖြစ်ကာ သူ့ကိုပင် သတိလက်လွတ်ဖြစ်သွားစေသည်။

ဘွန်း….

ထိုအချိန်တွင် ခေါင်းစွပ်နှင့်လူက သူ၏ခန္ဓာကိုယ်အတွင်းမှ နျူကလိယဗုံး အသေးစားပေါက်ကွဲသွားသကဲ့သို့ ဖြစ်သွားသည်။ သူ၏ ရှုပ်ယှက်ခတ်နေသော ဓမ္မစွမ်းအင်များက ပို၍ လောင်ကျွမ်းသွားသည်။

ချက်ချင်းပင်၊ သူသည် သူ၏ခန္ဓာကိုယ်ထဲမှ ပျိုမြစ်နုနယ်ခြင်းများက ဆုတ်ဖြဲခံနေရသလိုခံစားနေရပြီး အသား၊ အရိုးနှင့် ကိုယ်တွင်းအင်္ဂါများက သွေးများအဖြစ်သို့ ဖျက်ဆီးခံလိုက်ရကာ ရွှံကဲ့သို့ဖြစ်နေသည်။

“အား…….”

နောက်ဆုံး၌၊

ခေါင်းစွပ်နှင့်လူက သူ၏အတွင်းအင်္ဂါများမှ အစိတ်အပိုင်းများနှင့်အတူ ပါးစပ်အပြည့်သွေးများ အန်တော့သည်။ သူ၏အရောင်အဝါက အပြင်းအထန်ကျဆင်းသွားပြီး သူ၏မျက်နှာမှ တင်းမာသောအကြည့်က ပေါ်လာသည်။ အကယ်၍ ငါဒီကျိန်စာကြောင့်သေရရင်၊ ငါမင်းကို တန်ကြေးကြီးကြီးပေးရအောင် ငါလုပ်မယ်။

ဘွန်း…..

ထိုအချိန်တွင် ခေါင်းစွပ်နှင့်လူသည် သူ၏အခြေတည်ဝိညာဉ်အနှစ်သာရကို လောင်ကျွမ်းလိုက်လေသည်။ သူ၏ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခုပျံတက်သွားခဲ့သည်။

သို့ရာတွင် အဖြူရောင်အလင်းတန်းက အမြင့်ဆုံးသို့မရောက်ခင်တွင် ရုတ်တရက် တုန်လှုပ်သွားခဲ့သည်။ ချက်ချင်းပင် ခန၌ အလင်းက တဖြည်းဖြည်းပပျောက်သွားသည်။

ခေါင်းစွပ်နှင့်လူက သူ၏ခန္ဓာကိုယ်အား မယုံနိုင်စွာကြည့်လိုက်သည်။

“ဒါကဘယ်လိုလုပ်ဖြစ်ရတာလဲ? ဒဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”

သူသည် စကားပြောရင်း သူ၏ခန္ဓာကိုယ်က လေတိုက်ခံရသောသဲမှုန်ကဲ့သို့ အစိတ်စိတ်အမွာမွာ ဖြစ်သွားကာ ဘာမှမရှိတော့သည်အထိ ပျောက်ကွယ်သွားတော့သည်။

........

တစ်ချိန်တည်း၌ပင်။

ကျန်းချန်ရွှမ်က သူ၏ဂါထာရွှတ်ခြင်း ပြီးဆုံးသွားခဲ့သည်။

သူသည် သက်ပြင်းရှည်ချလိုက်ကာ သူ၏နဖူးပေါ်တွင် ချွေးများ ကျဆင်းလာသည်။

ရှင်းလင်းစွာပင်၊ ကျိန်စာတိုက်ခြင်းက သူ့အတွက် သေးငယ်သောဝန်တစ်ခုမဟုတ်ပါ။

အရေးအကြီးဆုံးအချက်မှာ ယခုပြုလုပ်လိုက်သော ကျိန်စာအရ ထိုခေါင်းစွပ်နှင့်လူ၏ အထောက်အထားကို အကြမ်းဖျင်း သိခဲ့ရသည်။ ထို့ကြောင့် သူသည် မတတ်နိုင်ဘဲ မျက်မှောင်ကုပ်လိုက်တော့သည်။

သူ၏ခံစားချက်ကလည်း အနည်းငယ်လေးလံလာသည်။ အကယ်၍ သူ၏ခန့်မှန်းချက်က မှန်နေလျှင် ဤလောက၏ ဖုံးကွယ်နေသည့်အန္တရာယ်သည် အပေါ်ယံမြင်နေရသည်ထပ် ပို၍ ဆိုးလိမ့်မည်။

၎င်းသည် ထောင်ချောက်ထဲရှိထောင်ချောက်ဖြစ်ကာ ကြိုတင်မမြင်နိုင်ပေ။

ထိုအချိန်တွင်၊ ကျန်းအန်းရန်က ကျန်းချန်ရွှမ်၏ဘေးတွင် စိုးရိမ်သောမျက်လုံးများနှင့် ကြည့်နေခဲ့သည်။

သူမ၏အသံကိုကြားလျှင် ကျန်းချန်ရွှမ်က နောက်ဆုံး၌ အတွေးမှ ရုန်းထွက်လာခံသည်။ သူသည် ကျန်းအန်းရန်ကို ကြည့်ကာပြုံးပြပြီး ခေါင်းခါလိုက်သည်။

“စိတ်မပူပါနဲ့၊ အန်းရန်၊ ဆရာအဆင်ပြေပါတယ်။ ဆရာအခုလုပ်လိုက်တာနဲ့ပက်သက်ပြီး နည်းနည်းပင်ပန်းသွားတာပါ။ နည်းနည်းနားလိုက်ရင်ရပါတယ်။”

ခနရပ်လိုက်ပြီးနောက် သူက ဆက်ပြောလိုက်သည်။

“စကားမစပ်၊ မင်းကိုတိုက်ခိုက်တဲ့သူကို ဆရာဖြေရှင်းလိုက်ပြီနော်။”

“ဖြေရှင်းပြီးပြီ။ တကယ်လား?”

ကျန်းအန်းရန်၏အမူအရာက အနည်းငယ်အံ့ဩနေပုံပေါက်နေသည်။

ကျန်းချန်ရွှမ်က အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ဆရာ ကျိန်စာနည်းစနစ်ကိုသုံးပြီး အဲ့လူကို ချေမှုန်းလိုက်ပြီ။”

“ကျိန်စာတိုက်ခြင်းနည်းစနစ်လား?”

ကျန်းအန်းရန်က တော်တော်အံ့ဩသွားခဲ့သည်။

သူမသည် သူမ၏ဆရာက ဂမ္ဘီရဉာဏ်တွင် ဆရာတစ်ဆူဖြစ်ကြောင်းသိသော်လည်း သူသည် ကျိန်စာတိုက်ခြင်းနည်းစနစ်ကိုပါ ပိုင်ဆိုင်ကြောင်းကို မသိခဲ့ပေ။

ကြည့်ရသည်မှာ သူမသည် သူမ၏ဆရာထံမှ သင်ယူစရာများစွာကျန်ရှိနေသေးသည်။

ကျန်းအန်းရန်က သူ၏ဆရာစကားများကို သံသယဝင်နေစရာမလိုပါ။

အကယ်၍ သူသည် ဖြေရှင်းပြီးကြောင်းပြောလျှင် ဖြေရှင်းပြီး၍သာ ဖြစ်သည်။

“ကောင်းပြီ။ အန်းရန်၊ အကယ်၍ ဘာမှလုပ်စရာမရှိရင် မင်းသွားပြီး အားပြန်ဖြည့်တော့။ အကယ်၍ မမျှော်လင့်ထားတာတွေမဖြစ်လာခဲ့ရင် မင်းနောက်နှစ်နှစ်ဆို အခြေတည်ဝိညာဉ်ကို ဖွဲ့စည်းရတော့မယ်ဟုတ်လား?”

“ဟုတ်ပါတယ်၊ ဆရာ။”

ကျန်းအန်းရန်က ခေါင်းညိတ်သည်။

“ဒါဆို တပည့်အရင်ပြန်ပါတော့မယ်။”

“ကောင်းပြီ။ သွားပါ။”

မကြာမီ၊ ကျန်းအန်းရန်က ရွှမ်းမင်တောင်ထိပ်ကို ချန်ကာ ထွက်ခွာသွားသည်။

ကျန်းချန်ရွှမ်က အချိန်မဖြုန်းတော့ပါ။

သူသည် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်ကို သုံးကာ ဆက်လက်၍ ထိုခေါင်းစွပ်ဝတ်ရုံနှင့် လူ၏အထောက်အထားကို ဆက်လက်၍ သုံးသပ်နေတော့သည်။

လပေါင်းများစွာကြာသောအခါ ကျန်းချန်ရွှမ်က ခေါင်းစွပ်နှင့်လူ၏ သရုပ်မှန်ကိုပင်သာမက အနှစ်သာရကိုးပါးကျင့်ကြံရေးလောက၏အခြေအနေနှင့် လူသားမျိုးနွယ်၏အနာဂတ်ကိုပါ တွက်ချက်နိုင်ခဲ့သည်။

သူသည် တွက်ချက်မှု အခု ၅၀၀ကို ပြုလုပ်ခဲ့သည်။

သို့ရာတွင် ကျန်းချန်ရွှမ်အားအနည်းငယ် စိတ်ပျက်စေသည်မှာ ခေါင်းစွပ်နှင့်လူ၏သရုပ်မှန်မှ လွဲ၍ အခြားကိစ္စများအား အသေးစိတ်တွက်ချက်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

ကြည့်ရသည်မှာ သူ၏လက်ရှိကျင့်ကြံဆင့်နှင့် အနာဂတ်ကိုကြည့်ရာတွင် အတားအဆီးများက တော်တော်လေး ရှိနေသေးကာ သေချာမှုမရှိပေ။

ကံကောင်းစွာပင် သူ၏တွက်ချက်ခြင်းက အခုရေ ၅၀၀သို့ရောက်ရှိသွားသဖြင့် စနစ်၏အသံက မျှော်လင့်ထားသလို ရောက်ရှိလာခဲ့သည်။

[ဒင်]

[တွက်ချက်ခြင်းအခု ၅၀၀ လုပ်ပြီးသွားလို့ ဂုဏ်ယူပါတယ်၊ Host။ သင်သည် နတ်ဘုရားစွမ်းအား ကောင်းကင်ဘုံအလိုလိုသိစိတ်စွမ်းအားကို ရရှိပါတယ်။]

[ကောင်းကင်ဘုံအလိုလိုသိစိတ်သည် အခြေအနေများ မျှော်လင့်ချက်များနှင့် ကံကြမ္မာများကို အလိုလိုသိနိုင်သော အာရုံတစ်ခုဖြစ်ပါသည်။ ၎င်းသည် တားဆီး၍မရကာ အမှားအယွင်းမရှိပါ။]

ထိုနတ်ဘုရားစွမ်းအားသည် ပထမတစ်ကြိမ်ကြည့်ရုံနှင့်ပင် လက်တွေ့သုံးရန် ယေဘုယျဆန်ကာ လိုအပ်ချက်ရှိနိုင်သည်။ သို့ရာတွင်၊ ကျန်းချန်ရွှမ်က ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်ကိုကျင့်ကြံသူအတွက် ကောင်းကင်ဘုံအလိုလိုသိစိတ်သည် မယှဉ်နိုင်လောက်အောင် စွမ်းအားကြီးစွာအသုံးပြုနိုင်သည်။

အထူးသဖြင့် တားဆီး၍မရကာ အမှားအယွင်းမရှိခြင်းဖြစ်သည်။

ဂမ္ဘီရဉာဏ်ကျင့်ကြံခြင်းတွင် ကျွမ်းကျင်သည့် ကျင့်ကြံသူမည်သူမဆို လိုချင်ကြသော စွမ်းအားဖြစ်သည်။ ဂမ္ဘီရဉာဏ်ကျင့်ကြံခြင်းတွင် အကြီးဆုံးစိန်ခေါ်မှုမှာ မသေချာခြင်းပင်ဖြစ်သည်။ ကျင့်ကြံသူ၏နတ်ဘုရားအာရုံသည်ပင် အမြဲမှားနိုင်စရာမရှိခြင်းမဟုတ်ဘဲ အမှားအယွင်းရှိနိုင်သည်။

သို့ရာတွင် စနစ်ကပေးသည့် ကောင်းကင်ဘုံအလိုလိုသိစိတ်က ထိုပြသနာများကို ရှောင်ဖယ်သွားစေသည်။

သူအနာဂတ်တွင် အာရုံရသည့် သို့ လေ့လာမိသည့် အချိန်တွင် သေချာပေါက် မှန်ကန်တိကျလိမ့်မည်ဖြစ်ကာ အမှားကင်း၍ အခြားသူများလှည့်စားမှုများမှ ကင်းမဲ့နိုင်လိမ့်မည်။

၎င်းသည် လွန်ကဲပေသည်။

ပြသနာတစ်ခုမှာ ထိုအလိုလိုသိစိတ်မျိုးက ကြိုတင်မှန်းဆ၍ မရနိုင်ပါ။ ဘယ်အချိန်တွင်ဖြစ်ပေါ်လာမည်မှန်းမသိဘဲ မည်သည့်အခြေအနေအောက်တွင် အစပျိုးလာမည်ကို မသိနိုင်ပေ။ အရာအားလုံးက ကံတရားအပေါ်တွင်မူတည်နေသည်။

ပြီးနောက်တွင်။

ကျန်းချန်ရွှမ်က အတွေးများကိုစုစည်းလိုက်သည်။

သူသည် ကောင်းကင်ဘုံတွက်ချက်ခြင်း နည်းစနစ်ကိုသုံးကာ ဓာတ်ငါးပါးစစ်မှန်နည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအကြောင်းအရာများကို တွက်ချက်ရန် စီစဉ်လိုက်သည်။

သူသည် အားလုံးကိုမတွက်ချက်နိုင်လျှင်ပင်၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏အစပိုင်းကို တွက်ချက်နိုင်လျှင်ပင်ကောင်းမွန်နေပြီဖြစ်သည်။

အနည်းဆုံး ၎င်းသည် သူ၏ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုချိုးဖောက်နိုင်ရန် ကူညီပေးနိုင်သည်။

.....

ထိုအတိုင်းပင်။

အချိန်ကတဖြည်းဖြည်းကုန်လွန်လာခဲ့သည်။

သုံးနှစ်ကြာပြီးနောက်တွင် တစ်နေ့၌ ကျန်းချန်ရွှမ်က ဓာတ်ငါးငါးစစ်မှန်နည်းစနစ်ကို တွက်ချက်ရာတွင် တိုးတက်မှုအချိန် ရှိလာသည့်အချိန်၌ သူသည် ရုတ်တရက် မှော်ဝင်တိုင်တောင်တွင် ဝိညာဉ်ချီများ၏ ဂယက်ထနေခြင်းကို အာရုံခံလိုက်မိသည်။

ဂရုတစိုက်အာရုံခံပြီးနောက် သူသည် ထိုပြောင်းလဲမှုက ကျန်းအန်းရန်၏ဂူမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း သတိပြုမိခံသည်။

၎င်းသည် ချက်ခြင်းပင် သူ့အား ယနေ့၌ ကျန်းအန်းရန် အခြေတည်ဝိညာဉ်ဖွဲ့စည်းနိုင်မည့်နေ့ပင် ဖြစ်ကြောင်း သိသွားစေသည်။

***

All Chapters