← Chapters

အန်းရန်၏အခြေတည်ဝိညာဉ်ဖွဲ့စည်းခြင်း၊ ဟွမ်လင်းအာ၏သတင်း

Vol. 33 Ch. 624

အန်းရန်၏အခြေတည်ဝိညာဉ်ဖွဲ့စည်းခြင်း၊ ဟွမ်လင်းအာ၏သတင်း

Vol. 33 Ch. 624

နောက်ဆုံးတွင် သူမက ခက်ခဲသောလမ်းကို လျှောက်နေခဲ့ပြီဖြစ်သည်။

ကျန်းချန်ရွှမ်က စိတ်ချသွားခဲ့သည်။

သူသည် ရှန်းရူယန်၏ဂူတွင် အတားအစည်းများကို အထပ်ထပ်ချကာ ဝိညာဉ်ချီဂယက်ထခြင်းမှ သူ၏ကျင့်ကြံခြင်းကို နှောက်ယှက်နိုင်မည့်ရန်ကို ကာကွယ်ထားခဲ့သည်။

ထိုပြင်ဆင်မှုကိုပြုလုပ်ပြီးနောက် သူသည် ကျန်းအန်းရန်ဂူပိတ်ကျင့်ကြံနေသည့်တောင်သို့ ရောက်ရှိသွားသည်။

ဂျုန်း..

တစ်ချိန်တည်းမှာပင် ကောင်းကင်ပေါ်တွင် မိုးကြိုးများက လိမ့်တက်လာခဲ့သည်။ ချက်ခြင်းပင် ကြီးမားသော အနက်ရောင်တိမ်တိုက်များက စတင်၍ စုစည်းလာသည်။

၎င်းသည် မှော်ဝင်တိုင်တောင်တွင် ရှိသောသူများအားလုံးကို ကြည့်လာစေခဲ့သည်။

ကျန်းရန်ယီနှင့် အခြားသူများက ဘာဖြစ်နေကြောင်းကိုချက်ခြင်း နားလည်သွားခဲ့သည်။

!!

စိတ်လှုပ်ရှားစွာနှင့် သူတို့သည် ကျန်းအန်းရန်ဂူပိတ်ကျင့်ကြံနေသည့် တောင်ထိပ်သို့ စုရုံးရောက်ရှိလာကြသည်။ သူတို့ကြားတွင် ကျန်းအန်းရန်နှင့် အလွန်ရင်းနှီးသော ဟွမ်လင်းအာလည်း ပါလာလေသည်။

“အစ်ကိုကျန်း၊ အန်းရန်က တကယ်ပဲ…?”

ဟွမ်းလင်းအာက မနေနိုင်ဘဲ ကျန်းချန်ရွှမ်ကို မေးလိုက်သည်။

သူမ၏မေးမြန်းခြင်းကိုကြားလျှင် ကျန်းရန်ယီနှင့်အခြားသူများကလည်း ကျန်းချန်ရွှမ်ကို အာရုံစိုက်နေကြသည်။

“ဟုတ်တယ်၊ အန်းရန်က သူ့ရဲ့ အခြေတည်ဝိညာဉ်ကို စတင်ပြီး ဖွဲ့စည်းနေပြီ။” ကျန်းချန်ရွှမ်က အတည်ပြုပေးလိုက်သည်။

ကျန်းချန်ရွှမ်ထံမှ အတည်ပြုချက်ရပြီးနောက် ဟွမ်းလင်းအာအပါအဝင်လူတိုင်းက မျှော်လင့်နေသည့် အမူအရာများကို ပြလာကြသည်။

ထိုအချိန်တွင်၊ မှော်ဝင်တိုင်တောင်၏ဝိညာဉ်ချီများသည် စတင်၍ ကျန်းအန်းရန်၏ဂူအပေါ်တွင် လာစုနေကြကာ အမြန်ပင် တောင်ပေါ်၌ ဝိညာဉ်ချီဝဲဂယက်ကို ဖွဲ့စည်းနေလေသည်။

တစ်ချိန်တည်းမှာပင်။

ရှိနေသည့်လူတိုင်းက ကျန်းအန်းရန်၏ဂူမှထုတ်လွတ်နေသော ဝိညာဉ်ဖိအားက ရွှေအမြုတေအဆင့်နှင့် များစွာကွဲပြားနေကြောင်းကို ခံစားနေကြရသည်။

လူတိုင်း၏နှလုံးသားများက သူမ၏ဂူကိုကြည့်ကာ တုန်လှုပ်နေကြသည်။

ထိုနေရာတွင် ကျက်သရေရှိသည့် အရိပ်က ပေါ်ထွက်လာကာ သူမ၏ဆံပင်ရှည်က ဝဲပျံနေပြီး သူမ၏ဝတ်စုံက လေထဲတွင် ယိမ်းထိုးနေသည်။

သူမသည် သူမ၏ပတ်ပတ်လည်မှ လောကနှင့်ပေါင်းစည်းသွားသကဲ့သို့ရပ်နေကာ သဟဇာတဖြစ်ပြီး စုစည်းပေါင်းစပ်ခြင်း၏ အလွန်လေးနက်သည့်အာရုံများက ဖြာထွက်နေသည်။

၎င်းသည် ထိုနေရာတွင်ရှိနေသောသူများက ကျန်းအန်းရန်က သူမ၏အခြေတည်ဝိညာဉ်ကို ဖွဲ့စည်းပြီးပြီဖြစ်ကြောင်း သတိပြုမိစေသည်။

သူမသည် ကျန်းချန်ရွှမ်၏ဖက်သို့ကြည့်လိုက်သည်။

သူသည်သူမအား အားတက်စေရန်ပြုံးပြလိုက်ကာ အခြေတည်ဝိညာဉ်အတိဒုက္ခကို ဖြတ်ကျော်ရမည့် ကျန်းအန်းရန်အား တည်ငြိမ်သွားစေသောအာရုံကို ယူဆောင်ပေးခဲ့လေသည်။

သူမသည် သူမ၏ဆရာကို ခေါင်းပြန်ညိတ်ပြလိုက်ပြီးနောက် တုံ့ဆိုင်းခြင်းမရှိဘဲ အလင်းတန်းအဖြစ်သို့ ပြောင်းလဲလိုက်ကာ မှော်ဝင်တိုင်တောင်သို့ ပျံသန်းသွားခဲ့သည်။

သူမသည် သူမ၏အခြေတည်ဝိညာဉ်အတိဒုက္ခကို ခံရတော့မည်ဖြစ်သည်။

ဂျုန်း…..

ကျန်းအန်းရန်ကလူမနေသော တောင်ထိပ်သို့ရောက်သည်နှင့် အတိဒုက္ခတိမ်တိုက်များသည်လည်း အရေးကြီးဆုံးအမှတ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ကျယ်လောင်သော မိုးချိန်းသံနှင့် တစ်လက်လက်တောက်နေသည့် မိုးကြိုးများက ကျန်းအန်းရန်ဆီသို့ တိုက်ရိုက်လာနေကြသည်။

ကလန်….

တစ်ချိန်တည်းမှာပင်၊ တောက်ပသည့်ဓားအလင်းက ကျန်းအန်းရန်၏လက်ထဲရှိ ရတနာမှ ထွက်ပေါ်လာခဲ့သည်။

ထိုစွမ်းအားနှစ်ခုက လေထဲတွင် တိုက်သွားကာ အလွန်ကျယ်လောင်သောမိုးချိန်းသံကို ထုတ်လွတ်လာခဲ့သည်။

ကျန်းရန်ယီ၊ ဟွမ်လင်းအား၊ လျုလင်းလုံးနှင့် အခြားသူများက အမြန်လာကာ စိတ်လှုပ်ရှားမှုများနှင့် ကြည့်နေကြကာ ကျန်းချန်ရွှမ်မှာမူ ၄င်းတို့နှင့်မတူညီစွာ တည်ငြိမ်နေသည်။

သူသည် သူ့တပည့်၏ရွှေအမြုတေကစုဆောင်းမှုက လေးနက်ကြောင်းကို သတိပြုမိသည်။

ယခု မူလချီနှင့် ပေါင်းစပ်လိုက်လျှင် သူမ၏ကောင်းကင်ဘုံအခြေတည်ဝိညာဉ်အောင်မြင်မှုက ပို၍ အားကောင်းသောအတိဒုက္ခကို ခံစားရမည်ဖြစ်ကာ သူမအတွက် တကယ်ပင်စိုးရိမ်ဖွယ်ချိန်းခြောက်မှု ဖြစ်စေလိမ့်မည်။

တကယ်ပင်။

ကျန်းအန်းရန်က အလျှင်အမြန်ပင် ပထမအတိဒုက္ခမိုးကြိုးကို သူမ၏ဓားအလင်းနှင့် ရှင်းလင်းလိုက်သည်။

ဒုတိယ၊ တတိယ၊ စတုထ္ထ ၊ပဉ္စမ ၊ ဆဠမနှင့် သတ္တမ အကြိမ်မြောက် အတိဒုက္ခမိုးကြိုးများကိုလည်း ထို့အတူပင်ရှင်းလင်းခဲ့သည်။ တစ်ခုမှ သူမအတွက်စိုးရိမ်စရာချိန်းခြောက်မှု မဖြစ်ခဲ့ပါ။

အဠမအကြိမ်အတိဒုက္ခကသာ ကျန်းအန်းရန်အတွက် ပြသနာအချို့ယူဆောင်လာခဲ့သည်။

သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်ပေးထားသော ရတနာကြောင့် သူမသည် ထိုအသန်မာဆုံး အတိဒုက္ခကိုပင် ဖြတ်ကျော်နိုင်ရန် အခွင့်အရေးများပါသည်။

ကျန်းအန်းရန်က နောက်ဆုံးအတိဒုက္ခဖြစ်သည့် နဝမမြောက်အတိဒုက္ခမိုးကြိုးကိုဖြတ်ကျော်ပြီးချိန်၌ ကောင်းကင်ဘုံရှိ အတိဒုက္ခတိမ်တိုက်များသည် နောက်ဆုံး၌ လွှင့်ပြယ်သွားခဲ့ကာ ကျယ်ပြောကာ သန့်စင်ထားသော ဝိညာဉ်ချီနှင့်အစားထိုးသွားခဲ့သည်။

ထိုစွမ်းအားများသည် အမြန်ပင် သူမကုန်ဆုံးသွားသောဓမ္မစွမ်းအင်များကို ပြန်ဖြည့်ပေးခဲ့ပြီး ဒဏ်ရာများကို ကုသပေးခဲ့ကာ သူမ၏လက်ရှိအဆင့်တွင် ခိုင်မာသွားစေရန် ကူညီပေးခဲ့သည်။

နောက်ဆုံးတွင်။

အချိန်တစ်ချို့ကုန်သွားပြီးနောက် ကျန်းအန်းရန်၏အခြေအနေက တည်ငြိမ်သွားသည်။

သူမသည်သူမ၏ရတနာများကိုသိမ်းလိုက်ကာ ကျန်းချန်ရွှမ်ရှေ့တွင် ဒူးထောက်၍ သူမ၏ ကျေးဇူးတင်စိတ်ကို ပြလိုက်သည်။

“ကျွန်မကို ကာကွယ်ပေး မြေတောင်မြောက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဆရာ။ ဆရာ့ရဲ့လမ်းပြမှုနဲ့မြေတောင်မြောက်ပေးမှုတို့ကြောင့် ကျွန်မ ဒီနေ့မှာ အခြေတည်ဝိညာဉ်အဆင့်ကို ရောက်နိုင်ခဲ့တာပါ။”

ကျန်းအန်းရန်၏စကားများက ရိုးသားမှုရှိကြောင်း သိသာနေပါသည်။ ကျန်းချန်ရွှမ်၏မျက်နှာတွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။ သူသည် ကျန်းအန်းရန်အား ထရန်ကူညီလိုက်ပြီး သူမ၏ပခုံးကို ပုတ်လိုက်သည်။

“ဆရာတို့ကြားမှာ အဲ့လိုယဉ်ကျေးမှုတွေမလိုပါဘူး။ မင်းရဲ့ ဆရာရှန်းက လက်ရှိ သူမချိုးဖောက်နိုင်ဖို့အတွက်အရေးကြီးအချိန်ဖြစ်တာကြောင့် မင်းရဲ့အခြေတည်ဝိညာဉ်ဖွဲ့စည်းနိုင်ခဲ့တာအတွက် ကိုယ်တိုင်ဂုဏ်မပြုနိုင်ဘူး။ ဒါပေမဲ့ သူမက စီစဉ်ထားခဲ့တယ်။ ဒီမြေဓာတ်နတ်ဘုရားသဲကျောက်ခဲက မင်းအခြေတည်ဝိညာဉ်ဖွဲ့စည်းနိုင်သွားတဲ့တွက် မင်းဆရာရဲ့လက်ဆောင်ပဲ။”

စကားပြောရင်းနှင့် ကျန်းချန်ရွှမ်က လူကြီးလက်ဖဝါးအရွယ်ရှိသည့် အဝါရောင် သဲကျောက်ခဲကို ထုတ်လာခဲ့သည်။ ၎င်းသည် အဆင့် ၅ မူလမြေဓာတ်စစ်မှန်ရတနာများကို သန့်စင်ရာ၌ အလွန်ကောင်းသောပစ္စည်း ဖြစ်သည်။ ၎င်းသည် အလွန်တန်ဖိုးရှိပါသည်။

အကယ်၍ လေလံတင်ရောင်းလျှင် အခြေတည်ဝိညာဉ်နောက်ပိုင်းအဆင့် ကျင့်ကြံသူများက လိုချင်ကာ လေလံပြိုင်ဆွဲကြနိုင်သည်။

ကျန်းအန်းရန်က ကျန်းချန်ရွှမ်ထံမှ မြေဓာတ်နတ်ဘုရားသဲကျောက်ကို လက်ခံလိုက်ကာ သူမ၏ မျက်နှာက စိတ်လှုပ်ရှားမှုနှင့် ပြည့်နေလေသည်။

မြေဓာတ်ကောင်းကင်ဘုံဝိညာဉ်အမြစ်နှင့် ကျင့်ကြံသူဖြစ်သည့်အတွက် သူမ၏လက်ရှိအခြေအနေတွင် သန့်စင်ဖို့ရန်အတွက် မြေဓာတ်နတ်ဘုရားသဲကျောက်ထပ် ပိုကောင်းသော ပစ္စည်းမရှိတော့ကြောင်း ကောင်းမွန်စွာသိပါသည်။

“ပြီးတော့ ဒီကောင်းကင်ဘုံကျီယန်နေမီးတောက်အဆောင်ကို ယူထားလိုက်ပါ။ ဒါ ဆရာ ကျီယန်နန်းတော်က ရလာခဲ့တာ။”

ကျန်းချန်ရွှမ်က ပြောကာ မရေတွက်နိုင်သည့် မျက်နှာပြင်တွင် မီးပုံသဏ္ဍာန်များရေးဆွဲထားသည့် ခရမ်းရောင်အဆောင်ကို ပေးလာခဲ့သည်။

“ဒါက မင်းခရီးထွက်တဲ့အခါ အသက်ကယ်ကဒ်ဖြစ်နိုင်တယ်။ ဖွင့်လိုက်ပြီဆိုတာနဲ့ အဲ့စွမ်းအားက အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကုန်သုံးတာနဲ့ ယှဉ်နိုင်တယ်။ ဒါကို သုံးကြိမ်သုံးနိုင်တယ်။

မင်းရဲ့အခြေတည်ဝိညာဉ်အဆင့်တက်ခြင်းအတွက် ဆရာဆီက ဂုဏ်ပြုလက်ဆောင်လို့ မှတ်ယူလိုက်ပါ။”

“ကျေးဇူးတင်ပါတယ်။ ဆရာ။”

ကျန်းအန်းရန်က သူမ၏ကျေးဇူးတင်မှုကိုပြလိုက်ပြီး ထိုကဲ့သို့ စွမ်းအားကြီးသည့်အဆောင်ကို လက်ခံရခဲ့သည့်အတွက်လည်း အံ့ဩနေခဲ့သည်။

သူမသည် ထိုအရာ၏စွမ်းအားကို ယခင်က မျက်မြင်တွေ့ခဲ့ဖူးပါသည်။ ၎င်းသည် မြေကြီးကိုပင်တုန်လှုပ်စေနိုင်ပေသည်။ သူမသည် အခြေတည်ဝိညာဉ်အဆင့်ကို ချိုးဖောက်နိုင်သော်လည်း သူမ၏လက်ရှိဓမ္မစွမ်းအင်နှင့် ထိုအဆောင်ကို နှစ်ကြိမ်သာ သုံးနိုင်သည်။

သို့သော် တစ်ကြိမ်သုံးလိုက်သည်နှင့် မဟာကျင့်ကြံသူအဆင့်အောက်ရန်သူများကို ရှင်းလင်းနိုင်သည်။ မဟာကျင့်ကြံသူသည်ပင် ဂရုမစိုက်လျှင် ၎င်း၏ရှိန်လောက်သောစွမ်းအားကြောင့် ပျက်စီးသွားနိင်သည်။

အခြားသူများသည်လည်း ကျန်းအန်းရန်ကို ဂုဏ်ပြုကြပြီးနောက် သူမသည် ကျန်းချန်ရွှမ်အပါအဝင် အခြားသူများနှင့်အတူ မှော်ဝင်တိုင်တောင်သို့ ပြန်လာခဲ့ကြသည်။

ပြန်ရောက်လျှင် ကျန်းအန်းရန်က သူမ၏ဂူထဲသို့ပြန်ဝင်သွားကာ သူမ၏ အဆင့်အသစ်ကို ပေါင်းစည်းဖို့ရန်လုပ်ပြီး ကျန်းရန်ယီနှင့် အခြားသူများသည်လည်း သူတို့၏ အလုပ်များကိုသာ ပြန်လုပ်နေကြသည်။

ဟွမ်းလင်းအာသည်သာ ကျန်းချန်ရွှမ်ကိုရှာကာ တစ်ခုခုပြောခဲ့လေသည်။ ၎င်းသည် နှစ်ရာချီကြာပျောက်ဆုံးနေသည့် သူမ၏အဖေအကြောင်းဖြစ်သည်။ ၎င်းသည် ချက်ခြင်းကျန်းချန်ရွှမ်၏ အာရုံကိုဖမ်းစားခဲ့သည်။

သူသည် ဟွမ်လင်းအာကို ရွှမ်းမင်တောင်ထိပ်သို့ခေါ်သွားကာ မေးလိုက်သည်။

“လင်းအာ၊ မင်းပြောတာ မင်းအဖေရဲ့သဲလွန်စတစ်ချို့ရတယ်ဟုတ်လား? အမှားမဟုတ်တာ သေချာလား?”

၎င်းသည် ဟွမ်လင်းအာ သို့ သူ၏တည်ရှိမှုကိုပင် မေ့သွားလောက်အောင် အချိန်အကြာကြီးပျောက်ဆုံးနေခဲ့သောသူမ၏အဖေ ဟွမ်ဝမ်ယုကို သံသယဝင်ခြင်းမဟုတ်ပါ။

ကျန်းချန်ရွှမ်၏အသိပညာအရ လက်ရှိလကြည့်ဂိုဏ်းသည် ရွှေအမြုတေဂိုဏ်းခေါင်းဆောင်ကို မှတ်မိကြသူသိပ်မရှိပါ။

ကျန်းချန်ရွှမ်၏မေးခွန်းကိုကြားလျှင်၊ ဟွမ်လင်းအာက အချိန်အနည်းငယ်တွန့်ဆုတ်သွားကာ ပြောလိုက်သည်။

“အစ်ကိုကျန်း၊ ကျွန်မ ဒီအကြောင်းကို သေတော့မသေချာပါဘူး။ မကြာခင်က ကျွန်မတရားထိုင်တိုင်း ကျွန်မရဲ့အသိစိတ်ပင်လယ်ရဲ့အနက်ပိုင်းမှာ ကျွန်မအဖေရဲ့ပုံရိပ်ကို မြင်နေရတယ်။ ပြီးတော့ သူက အနှစ်သာရကိုးပါးကျင့်ကြံခြင်းလောကမှာမဟုတ်တော့ဘဲ မူလကြယ်တာရာ ကျင့်ကြံရေးလောကမှာတဲ့။”

ဟွမ်လင်းအာဆက်ပြောသည်။

“မူလကြယ်တာရာကျင့်ကြံရေးလောက?”

ကျန်းချန်ရွှမ်၏မျက်စိသူငယ်အိမ်က အနည်းငယ်ကျယ်သွားခဲ့သည်။

အကယ်၍ သူ၏မှတ်ဉာဏ်က မှန်ခဲ့လျှင် သူသည် မူလကြယ်တာရာကျင့်ကြံခြင်းလောကကို ရှေးဟောင်းအကြွင်းအကျန်များမှ မှတ်တမ်းများတွင် ဖတ်ဖူးလေသည်။

၎င်းသည် အနှစ်သာရကိုးပါးကျင့်ကြံရေးလောကထပ် ပိုရှေးကျသော ကျင့်ကြံရေးလောက ဖြစ်ကာ မဟာကျင့်ကြံသူများ ထွက်ပေါ်ခဲ့သောနေရာဖြစ်သည်။

ထိုရှေးဟောင်းအကြွင်းအကျန်များတွင် ၎င်း၏လက်ရှိအခြေအနေမှတ်တမ်းမရှိသဖြင့် သူသည် အချိန်များစွာ ကုန်လွန်သွားပြီးနောက်မည်သို့ဖြစ်လာမည်ကို သိချင်နေသည်။

သူသည် ဟွမ်းလင်းအာကို တည်ငြိမ်စွာကြည့်ကာ မေးလိုက်သည်။

“လင်းအာ၊ မင်းအဖေက သူရဲ့လက်ရှိအခြေအနေနဲ့ပက်သက်ပြီး တစ်ခုခုပြောသေးလား?”

ဟွမ်းလင်းအာက ခေါင်းညိတ်သည်။

“ဟုတ်ကဲ့ သူက ကျွန်မတို့ အမှုန်မဲ့အောက်နယ်ပယ်က အထက်ကိုတက်ဖို့လမ်းပျောက်သွားခဲ့ပြီ။ အကယ်၍ အနာဂတ်မှာ အထက်ကိုတက်ချင်ရင် နယ်ပယ်အသစ်တစ်ခုပြောင်းပြီး တက်သွားဖို့လမ်းကို ပြန်တည်ဆောက်ရမယ်လို့ပြောတယ်။

သူက ဆန်းကြယ်အပျိုစင် နှလုံးသားကျမ်းလို့ခေါ်တဲ့ ကျင့်ကြံရေးနည်းလမ်းတစ်ခုကိုလည်း ပေးလာသေးတယ်။”

ထိုသို့ပြောလျက် ဟွမ်လင်းအာက ကျောက်စိမ်းပြားတစ်ခုကိုကျန်းချန်ရွှမ်ကို ပေးလိုက်လေသည်။

“အစ်ကိုကျန်း၊ ဒီအရာက ဆန်းကြယ်အပျိုစင်နှလုံးသားကျမ်းရဲ့အကြောင်းအရာတစ်ခုလုံးပါပါတယ်။ ကျွန်မ အကုန်ကူးလာခဲ့တာပါ။ ဒီနည်းစနစ်က ချီသန့်စင်ခြင်းအဆင့်ကနေပြီး ဝိညာဉ်ဖွဲ့စည်းခြင်း အထွတ်အထိပ်အဆင့် ထိရောက်အောင်ကျင့်ကြံနိုင်တယ်။”

ကျန်းချန်ရွှမ်က ဟွမ်လင်းအာထံမှ ကျောက်စိမ်းပြားကိုယူပြီး စစ်ဆေးကြည့်လိုက်သည်။

အမှန်တကယ်ပင်ဖြစ်သည်။

၎င်း ဆန်းကြယ်အပျိုစင်နှလုံးသားကျမ်းဟုခေါ်သောအရာက ထိပ်တန်းကျင့်ကြံရေးနည်းစနစ်များထဲမှ တစ်ခုဖြစ်ကာ ဝိညာဉ်ဖွဲစည်းခြင်းအထွတ်အထိပ်ထိုရောက်သည်ထိကျင့်ကြံနိုင်သည်။

သူ၏လက်ရှိနားလည်နိုင်စွမ်းအရ ထိုနည်းပညာသည် ဟွမ်းလင်းအာကျင့်ကြံရန်အတွက် အလွန်သင့်တော်သည့်နည်းစနစ်ဖြစ်ကြောင်း သူပြောဖို့ရန်မခက်ခဲပါ။

ထိုအကြောင်းရင်းကြောင့်လည်း ကျန်းချန်ရွှမ်က ဟွမ်လင်းအာ၏စကားသည် အမှန်ပင်ဖြစ်ကြောင်း ၁၀၀ ရာခိုင်နှုန်း သေချာနေရခြင်း ဖြစ်သည်။

အဆုံး၌ မူလကြယ်တာရာကျင့်ကြံရေးလောက၊ အမှုန်မဲ့အောက်နယ်ပယ်၊ နှင့် ဆန်းကြယ်အပျိုစင်နှလုံးသားကျမ်းတို့သည် ဟွမ်းလင်းအာ၏လက်ရှိဗဟုသုတနှင့် ရာထူးနှင့်ဆိုလျှင် လက်ခံနိုင်မည် မဟုတ်သောအရာများဖြစ်သည်။ အထူးသဖြင့် အမှုန်မဲ့အောက်နယ်ပယ်ပင်ဖြစ်သည်။

၎င်းသည် ရှန်းရူယန်က သူ့အား ယခင်ကပြောခဲ့ဖူးသောသတင်းအပိုင်းအစတစ်ခုဖြစ်သည်။

သာမန်ကျင့်ကြံသူများသည် ကောင်းကင်သခင်ရွှမ်းယန်ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ တက်လှမ်းနိုင်သွားသော်လည်း ထိုသတင်းကို သတိပြုမိမည်မဟုတ်ပါ။

***

All Chapters