ကောင်းချီးနှင့် ကျိန်စာ၊ ကြီးမားသော ဝိညာဉ်ကျောက်တုံးမိုင်းတွင်း
Vol. 33 Ch. 625
အမှုန်မဲ့အောက်နယ်ပယ်သည် အမျိုးမျိုးသောနယ်ပယ်များမှ တစ်ခုဖြစ်သည်။
အောက်နယ်ပယ်ဖြစ်သည်မှလွဲ၍ နယ်ပယ်တစ်ခွင်လုံးက ကျယ်ပြောသည်။
အောက်နယ်ပယ်သည် အရွယ်အစား၊ သယံဇာတနှင့် အခြားအကြောင်းအရင်းများအရ များစွာသောနယ်ပယ်အဖြစ် ခွဲခြားထားသည်။
ကျန်းချန်ရွှမ်သည် သူတို့၏အမှုန်မဲ့အောက်နယ်ပယ်မှလွဲ၍ အခြားကျယ်ပြန့်သောသေမျိုးနယ်ပယ်နှင့် ထူးကဲမှုလေးခုအောက်နယ်ပယ်ကဲ့သို့ အခြားနေရာများလည်း ရှိသေးကြောင်း သိသည်။
သို့ရာတွင် ဟွမ်လင်းအာ၏ အဖေထံမှ သတင်းအရ မသိရသောအကြောင်းအရင်းများကြောင့် အမှုန်မဲ့အောက်နယ်ပယ်မှ လောကများအားလုံးသည် သူတို့၏ အထက်သို့တက်ရောက်နိုင်သည့် လမ်းများ ပျောက်ဆုံးကုန်ကြသည်။
ထိုသတင်းက အမှုန်မဲ့အောက်နယ်ပယ်မှ ကျင့်ကြံသူများအတွက် ကပ်ဘေးပင်ဖြစ်သည်။
“လင်းအာ၊ မင်း ဒါကို အခြားသူတွေကို ပြောပြမိသေးလား?”
!!
ကျန်ချန်ရွှမ်သည် ရုတ်တရက်ထိုမေးခွန်းကိုစဉ်းစားမိသည်။
ဟွမ်းလင်းအာက သူမ၏ခေါင်းကိုခါကာပြောသည်။
“မပြောရသေးပါဘူး။ အစ်ကိုကျန်းကိုပဲ ပြောပြတာပါ။”
“ကောင်းတယ်။” ကျန်းချန်ရွှမ်က ခေါင်းညိတ်သည်။
“ဒါဆို ဒီသတင်းကို မင်းနဲ့ ငါ ပြီးတော့ အစ်မရှန်းတို့ကြားထဲမှာပဲထားပါ။ ငါတို့ ခုလောလောဆယ် အခြားလူတွေကိုဒီအကြောင်း ပြောပြလို့မဖြစ်သေးဘူး။” ခနလောက်ရပ်လိုက်ပြီးနောက်ကျန်းချန်ရွှမ်က ဆက်ပြောသည်။
“ပြီးတော့ မင်းပြောတဲ့ပုံစံအရ မင်းအဖေက မူလကြယ်တာရာကျင့်ကြံရေးလောကထဲကို တစ်နည်းနည်းနဲ့ဝင်သွားပြီး အဲ့ဒီမှာ အခွင့်အရေးသွားရှာနေပုံရတယ်။ မဟုတ်ရင် သူကလောကခြားနေရာကနေ မင်းဆီကို သတင်းပို့နိုင်ဖို့ဆိုတာ မလွယ်ဘူး။
ပြီးတော့ အကယ်၍ မင်းတို့ကြားထဲသွေးချင်းဆက်နွယ်မှုမရှိနေရင် အဲ့လိုဆက်သွယ်နိုင်ဖို့က မဖြစ်နိုင်ဘူး။ ဒါကြောင့်၊ အခုထိ မင်းအဖေက လုံခြုံနေပုံပေါ်တယ်။
အနာဂတ်မှာ အကယ်၍ သူသတင်းစကားထပ်ပို့လာရင် ငါနဲ့ မင်းအစ်မရှန်းတို့ကို အခြေအနေအရ ပြောပြနိုင်ပါတယ်။ အကယ်၍ အဆင်မပြေရင်လည်း မင်းမလုပ်လို့ရပါတယ်။ နားလည်လား?”
“ဟုတ်ကဲ့။”
ဟွမ်လင်းအာကခေါင်းညိတ်သည်။
သို့သော် မကြာမီ သူမက ခေါင်းခါလိုက်ပြန်သည်။
“အစ်ကိုကျန်း၊ ဘယ်လိုပဲဖြစ်ဖြစ် အနာဂတ်မှာ ကျွန်မအဖေ သတင်းစကားပို့လာခဲ့ရင်၊ အစ်ကိုနဲ့ အစ်မရှန်းကို အမြန်ဆုံးပြောပြမှာပါ။”
ကျန်းချန်ရွှမ်က ဟွမ်လင်းအာ၏ သူနှင့်ရှန်းရူယန်အပေါ်ထားသော ယုံကြည်မှုက ရှားပါးကာ အဖိုးတန်သည်ကိုသိသောကြောင့် နှလုံးသားထဲနွေးထွေးသွားသည်။
သူမသယ်ဆောင်ထားသောလျှို့ဝှက်ချက်က အကယ်၍ မဖုံးကွယ်ထားလျှင် တပ်မက်စိတ်ရှိသော မရေတွက်နိုင်သောသူများအား ဆွဲဆောင်နိုင်သည်ဟုပြောလျှင် ချဲကားရာမရောက်ပါ။
သူမသည် သူမအဖေထံမှ သတင်းစကားရပြီးစဉ်ကပင် သူမအားလျှို့ဝှက်ထားရန် ပြောထားခြင်း ဖြစ်လိမ့်မည် ဟု ကျန်းချန်ရွှမ်ကယုံကြည်သည်။
သူမသည် တစ်ယောက်ယောက်အား အလွန်ယုံကြည်၍ ရင်းနှီးပါစေ၊ ထိုအရာအား လွယ်ကူစွာ ထုတ်ပြောမည်မဟုတ်ပါ။
သို့ရာတွင်၊ ထိုအချိန်၌ ဟွမ်းလင်းအာက အချိန်မဆွဲခဲ့ပါ။
သူမသည် ချက်ခြင်း သူ့အား သတင်းပေးရန်ရွေးချယ္ခ်ခဲ့သည်သာမက အနာဂတ်တွင် ဆင်တူသော သတင်းစကားရှိခဲ့လျှင်ပင် သူမသည် ချက်ခြင်း သူ့အား သတင်းပေးဦးမည်ဟုဆိုသည်။
ကျန်းချန်ရွှမ်က အခြားဘာမှ မပြောတော့ပါ။ သူသည် အနာဂတ်တွင် တစ်ခုခုလိုအပ်လျှင် ရွှမ်းမင်တောင်ထိပ်၌ သူနှင့် ရှန်းရူယန်အား လာရှာနိုင်ကြောင်းပင်ပြောခဲ့သည်။
ဟွမ်လင်းအာ ထွက်သွားပြီးနောက်၊ ကျန်းချန်ရွှမ်က ရှန်းရူယန်၏ ဂူဖက်သို့လှည့်ကာ သူ၏အမူအရာက ဝမ်းနည်းနေပုံပေါက်နေသည်။
တစ်ချိန်တည်း၌ များစွာဖြစ်ပျက်သွားကာ အမျိုးမျိုးသောကိစ္စများကလည်း အတူတူဖြစ်လာနေပုံ ရသည်။
ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုဖြတ်ကျော်ရာတွင် ရင်ဆိုင်ရမည့် လူသားအတိဒုက္ခက မည်သည့်နေရာတွင်ဖြစ်လာမည့်အကြောင်းကို သိချင်နေသည်။
သူသိသလောက် နတ်ဆိုးမျိုးနွယ်က ကောင်းကင်၏စောင့်ကြည့်မှုအောက်မှ သူမ၏ဖြတ်ကျော်မှုကို ကြားဝင်နှောက်ယှက်ရန် ဝံ့ရဲလိမ့်မည်မဟုတ်ပေ။
၎င်းသည် သူမ၏ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တိုးမြင့်ရာတွင် ကြီးမားသော အကျိုးကျေးဇူးကြီး ဖြစ်သည်။
နတ်ဆိုးကျင့်ကြံသူများနှင့်ပက်သက်၍ သူသည် ယခုထိ သူတို့ကိုယ်တိုင်ပင် မထွက်လာရဲသော ထိုကြွက်များက လှုပ်ရှားရဲလိမ့်မည်ဟုမယုံပါ။
အရှေ့ပိုင်းနှင့် အလယ်ပိုင်းမှ ကျင့်ကြံသူများကလည်း သူတို့သည် ထိုနေရာတွင် ရန်သူတစ်ချို့ ရှိခဲ့သော်လည်း သူနှင့် ရှန်းရူယန်တို့၏ သရုပ်မှန်ကို သတိမထားမိသေးပါ။
သူတို့၏ ထိုနေရာတွင် နှောက်ယှက်မည့်ဖြစ်နိုင်ချေက အရေးမကြီးပါ။
ထိုကိစ္စအားလုံးကို ဆုံးဖြတ်ရမည့်အရာအရ ကျန်းချန်ရွှမ်သည် ရှန်းရူယန်၏ လူသားအတိဒုက္ခသည် မည်သို့ပေါ်လာမည်ကို မသေချာသော်လည်း ၎င်းဖြစ်လာမည်မှာ သေချာသည်။
ထိုကိစ္စနှင့် ပက်သက်၍ ရှန်းရူယန်အား သူမ၏အဆင့်ဖြတ်ကျော်ခြင်းတွင် စောင့်ရှောက်ဖို့ လူရှာရန်အတွက်လည်း အချိန်ဇယားထဲတွင် ထည့်ထားရပေမည်။
သူသည် သူ၏လေ့လာမှုများနှင့် သံသယများကို အခြားသူများနှင့် ဝေမျှရန်စီစဉ်ခဲ့သည်။
ထိုကဲ့သို့ ကျန်းချန်ရွှမ်သည် မှော်ဝင်တိုင်တောင်တွင် ဆက်၍ မနေတော့ဘဲ ဓားဖုံးနန်းတော်၊ ရုန်ဟန်နန်းတော်နှင့် ပင်လယ်နက်နန်းတော်သို့ သွားခဲ့လေသည်။
အနည်းငယ်တုံ့ဆိုင်းနေပြီးနောက်မှ ကျီယန်နေနန်းတော်သို့ သွားရန်ဆုံးဖြတ်လိုက်သည်။
သို့သော် ကောင်းကင်သခင် ကျီယန်မီးတောက်နှင့်တွေ့မည့်အစား သူသည် ကောင်းကင်သခင် ကျီယန်မီးတောက်၏တပည့် စံသခင်ဖုန်းယွင်နှင့် သူ၏တွေ့ရှိမှုများကို တဆင့်ပါးလိုက်သည်။
ထိုကိစ္စများပြီးနောက်၊ သူသည် မှော်ဝင်တိုင်တောင်သို့ ရှန်းရူယန်အား သူမ၏ဖြတ်ကျော်မှုကို စောင့်ကြပ်ပေးရန်အတွက် ပြန်သွားခဲ့သည်။
......
မျက်စိတမှိတ်အတွင်းတွင်၊ နောက်သုံးနှစ်က ကုန်ဆုံးသွားသည်။
ထိုနှစ်များအတွင်း ကျန်းချန်ရွှမ်သည် အသာလွန်ဆုံးဝိညာဉ်ကျောက်တုံးများကိုသုံးကာ ရှန်းရူယန်၏ ဂူအပြင်ဖက်ပတ်ပတ်လည်တွင် အဆင့် ၆ ဝိညာဉ်သွေးကြောကုန်ဆုံးမှုကိုအစားထိုးနိုင်ရန် စီစဉ်ထားရှိခဲ့သည်။
၎င်းသည် ရှန်းရူယန်က အမှန်တကယ် ဝိညာဉ်ဖွဲ့စည်းခြင်းကို အဆင့်ဖြတ်ကျော်မှုကိုစတင်ရာတွင် ဝိညာဉ်ချီလုံလောက်မှုရှိခြင်းကို သေချာစေသည်။
ထိုအချိန်တွင်။
အချိန်များက တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသည်။
တစ်နေ့၌။
ကျန်းချန်ရွှမ်က ရွှမ်းမင်တောင်ထိပ်တွင် နေ၍ သူ၏ဓမ္မစွမ်းအင်များကို ပြန်လည် သန့်စင်ကာ ၎င်းတို့အား တိုးတက်စေရန်နည်းလမ်းရှိဖို့ လုပ်နေခဲ့သည်။
ထိုအချိန်အတောအတွင်း မိသားစုခေါင်းဆောင်ဖြစ်သူ ကျန်းရန်ယီက ရုတ်တရက် ရွှမ်းမင်တောင်ထိပ်သို့ အလောတကြီးရောက်လာပြီး ကျန်းချန်ရွှမ်ကိုရှာခဲ့သည်။
“ဘိုးဘေး..”
“ဟမ်?”
ကျန်းရန်ယီက အလောတကြီးရောက်လာသောကြောင့် ကျန်းချန်ရွှမ်သည် ချက်ခြင်း သူ၏မျက်နှာတွင် အံ့ဩသွားပုံကိုပြခဲ့သည်။
“ရန်ယီ၊ တစ်ခုခုဖြစ်လို့လား?”
စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှု၊ ရင်ဖိုမှု နှင့် စိတ်မသက်မသာဖြစ်မှုတို့က ကျန်းရန်ယီ၏ အမူအရာတွင် ပေါ်နေသည်။ သူက အမြန်ပြောလိုက်သည်။
“ကျွန်တော်တို့ လူတွေက မှော်ဝင်တိုင်တောင်နဲ့ မိုင်သုံးရာလောက်အကွာမှာ ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိထားပါတယ်။”
“မင်းဘာပြောလိုက်တာ?”
ကျန်းရန်ယီ၏စကားများကိုကြားလျှင် ပုံမှန်အားဖြင့် တည်ငြိမ်သော ကျန်းချန်ရွှမ်သည်ပင် မတတ်နိုင်ဘဲ ထိတ်လန့်သွားပုံပေါက်သည်။
“မှန်ပါတယ်၊ ဘိုးဘေး။”
ကျန်းရန်ယီက အမြန်ပင်ခေါင်းညိတ်လိုက်သည်။
“ကျွန်တော်တို့လူတွေက ကြီးမားတဲ့ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို မှော်ဝင်တိုင်တောင်နဲ့မိုင်ပေါင်း ၃၀၀ အဝေးမှာ တွေ့ခဲ့ရပါတယ်။ အမှန်ပါပဲ။”
ကျန်းချန်ရွှမ်သည် သူနောက်နေသည့်ဟုထင်ကာ စိုးရိမ်နေပုံရသဖြင့် ကျန်းရန်ယီက သူ၏စကားကို ပြန်ပြောလိုက်သည်။
၎င်းသည် ကျန်းချန်ရွှမ်အား နှလုံးခုန်မြန်စေသည်။
ကြီးမားသောဝိညာဉ်ကျောက်တုံးမိုင်းတွင်းကမည်သည်ကိုဆိုလိုကြောင်း အခြားသူထပ် သူကပို၍သိပါသည်။
၎င်းသည် ကျန်းမိသားစုအား နှစ်ပေါင်း ရာချီ (သို့) ထောင်ချီအောင်ပင် ဝိညာဉ်ကျောက်တုံးထောက်ပံ့မှု ပြုလုပ်ရန်လုံလောက်သည်။
အရေးကြီးသောအချက်မှာ၊ ထိုကဲ့သို့သော ကြီးမားသည့် မိုင်းတွင်းက များစွာသောအဆင့်မြင့် ဝိညာဉ်ကျောက်တုံးများပါရှိမည်ဖြစ်ကာ အရည်အသွေးကောင်းသည့် အသာလွန်ဆုံး ဝိညာဉ်ကျောက်တုံးပင် ရှိနေနိုင်သည်။
၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ကိုပင် မနာလိုအောင်လုပ်နိုင်သည့် ချမ်းသာခြင်းမျိုး ဖြစ်သည်။
ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့်ကောင်းကင်သခင် ရုန်ဟန်ကျီရှန်းတို့က ထိုသတင်းကိုကြားလျှင် သူတို့သည်စိတ်ဝင်စားလိမ့်မည်လား?
ကျန်းချန်ရွှမ်သည် တစ်ခုခုကိုသတိပြုမိသွားကာ သူ၏အမူအရာက ရုတ်ချည်းပြောင်းလဲသွားခဲ့သည်။ ရှန်းရူယန်၏ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ဖြတ်ကျော်ရာတွင် မည်သို့လူသားအတိဒုက္ခကိုရင်ဆိုင်ရမည်ကို သူနားလည်သွားခဲ့သည်။
၎င်းသည် ထိုဝိညာဉ်ကျောက်တုံးမိုင်းတွင်းနှင့် ပက်သက်နေလိမ့်မည်။
ထိုအတိဒုက္ခက ကျန်းမိသားစုတစ်ခုလုံးကိုပင် သက်ရောက်လာနိုင်သည်။
ဆိုရိုးများရှိသကဲ့သို့ ကံတရားနှင့် ကံကြမ္မာဆိုးက ရောယှက်နေပေသည်။
ကြီးမားသော အကျိုးအမြတ်များကိုရင်ဆိုင်ရလျှင် ကြီးမားသော ကပ်ဘေးက တိတ်တဆိတ် ချဉ်းကပ်လာတတ်သည်။
အကယ်၍ ထိုအရာကိုကျော်လွှားနိုင်လျှင်၊ ၎င်းသည် ထိုအကျိုးအမြတ်များအတွက် အရည်အချင်း ရှိကြောင်းကို သက်သေပြနိုင်လိမ့်မည်။
သို့သော် ကျရှုံးသွားလျှင်၊ ကြီးမားသောအကျိုးနှင့် အမြတ်များက သင်၏ပျက်စီးခြင်း အကြောင်းရင်း ဖြစ်ပေတော့မည်။
“ဒီအကြောင်းကို ဘယ်သူသိသေးလဲ?"
ကျန်းချန်ရွှမ်က ကျန်းရန်ယီအား လေးနက်သည့်အသံဖြင့်မေးလိုက်သည်။
ကျန်းချန်ရွှမ်၏ လေးနက်မှုကိုမြင်ကာ ကျန်းရန်ယီက နောက်ဆုံး၌ သူ၏စိတ်လှုပ်ရှားမှု၊ စိုးရိမ်ပူပန်မှုများကို တည်ငြိမ်အောင်ပြုလုပ်လိုက်သည်။
သို့ရာတွင် သူကတည်ငြိမ်သွားသော်လည်း သူ၏မျက်နှာက ဖြူဖျော့နေသည်။
သူသည် ကျန်းချန်ရွှမ်ကို ကြည့်ကာ ပြောလိုက်သည်။
“ဘိုးဘေး အဲ့ဒီဝိညာဉ်မိုင်းတွင်းအကြောင်း လူနည်းနည်းတော့သိထားပြီ။
ကျွန်တော်က သက်ဆိုင်တဲ့ လူတွေကို ယာယီထိန်းချုပ်ဖို့ သီးသန့်နေရာတစ်ခုတည်ဆောက်ထားပြီး အဲ့နေရာမှာ အတားအဆီးတွေလုပ်ထားပေမဲ့၊ တွေ့ရှိတဲ့အချိန်မှာ ထွက်ထားတဲ့စွမ်းအားတွေက ယိုစိမ့်နေသေးတဲ့သဲလွန်စတွေရှိနေတယ်။
ကျန်းမိသားစုက ဒီလျို့ဝှက်ချက်ကို ကြာကြာမထိန်းသိမ်းထားနိုင်တော့မှာ ကျွန်တော်စိုးရိမ်မိတယ်။”
ကျန်းရန်ယီ၏ထိုအခြေအနေ၏လေးနက်မှုကို အမြန်သုံးသပ်လိုက်ခြင်းနှင့် သူ၏တုံ့ပြန်မှုနှင့် ကိုင်တွယ်ဖြေရှင်းမှုက သာမန်ဆန်သည်။
သို့သော် ကျန်းချန်ရွှမ်၏ စိုးရိမ်မှုက ထိုထပ်ပို၍ လွန်ကဲသည်။
သူသည် ထိုအခြေအနေက ဖြစ်ပေါ်လာသလောက် မရိုးရှင်းကြောင်းကို ခံစားချက်ရနေခဲ့သည်။
အခြားအရာကိုမဆိုနှင့် ကြီးမားသည့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပေါ်ထွက်လာသည့် နေရာသည်ပင် မေးခွန်းများစွာရှိနေပေသည်။
မှော်ဝင်တိုင်တောင်နှင့် ထိုမျှလောက်နီးကပ်နေ၍ သူတို့မသိဘဲ တည်ရှိနေနိုင်ဖို့ရန်မှာ မဖြစ်နိုင်ပါ။
ကျန်းမိသားစုသည် ထိုနှစ်များ၌ ထိုပတ်ဝန်းကျင်တွင် ရှာဖွေမှုများသည် ထိုအရေးကြီးသည့်တွေ့ရှိမှုကို လွတ်သွားရန်မဖြစ်နိုင်ပါ။
၎င်းသည် တကယ်ပင်မဖြစ်နိုင်ပါ။
ထို့ကြောင့်။
ထိုနေရာတွင် ဧရာမ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းက ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။
သူတို့မသိသေးသောအရာဖြစ်ကောင်းဖြစ်နိုင်သည်။
ဘွန်း…
ထို့နောက် မှော်ဝင်တိုင်တောင်နှင့် မိုင်သုံးရာအထိဝေးသောနေရာတွင် ကြီးကျယ်ခမ်းနား၍ တလက်လက်တောက်ပကာ အားကြီးသောအလင်းတန်းက ရုတ်တရက်ကောင်းကင်သို့ တက်သွားသည်။
၎င်းနှင့်အတူ ရှေးဟောင်းဖြစ်ကာ ကျယ်ပြောသောရောင်ဝါက တဖြည်းဖြည်း အလင်းတန်းဆီမှ ထွက်လာသည်။
အရေးအကြီးဆုံးမှာ ထိုတာဝါ၏အလင်းရောင်နောက်တွင် ကောင်းကင်ဘုံနန်းတော်တစ်ခုဖြစ်ပုံရသည့် အရာတစ်ခုက ပုံစံပေါ်နေလေသည်။
“ဒါကဘာလဲ?”
ကျန်းချန်ရွှမ်နှင့် ကျန်းရန်ယီ၏ မျက်စိသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ ထိုမမျှော်လင့်ထားသော အံ့အားသင့်ဖွယ်ကောင်းသည့် အရာကိုမြင်လိုက်ရလျှင် သူတို့၏အမူအရာက ကြီးမားစွာ ပြောင်းလဲသွားတော့သည်။
***