← Chapters

အကြင်နာမဲ့သောလှုပ်ရှားမှု

Vol. 33 Ch. 626

အကြင်နာမဲ့သောလှုပ်ရှားမှု

Vol. 33 Ch. 626

ထိုအချိန်တွင် ကျန်းချန်ရွှမ်နှင့် ကျန်းရန်ယီက ကြီးမားသည့်ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏အပေါ်တွင် ဖြစ်ပေါ်လာသည့် ဖြစ်စဉ်မှာ အကြွင်းအကျန်ကမ္ဘာဖြစ်ကြောင်း သတိပြုလိုက်မိသည်။

မှော်ဝင်တိုင်တောင်နှင့်နီးသောနေရာတွင် ကြီးမားသော ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို တွေ့ရှိပြီးနောက် ဒုတိယ”အံ့ဩစရာ” က စောင့်နေသည်မှာ သူတို့မျှော်မှန်းသည်ထပ် အဆပေါင်းများစွာ ကျော်လွန်နေပေသည်။

ရုတ်ရုတ်သဲသဲဖြစ်သွားခြင်းအခြေအနေအရ ထိုအကြွင်းအကျန်ကမ္ဘာ၏ အရွယ်အစားက သေချာပေါက် သေးလိမ့်မည်မဟုတ်ဘဲ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကိုပင် ကျော်လွန်နေနိုင်ပေသည်။

အကယ်၍ မှန်ကန်လျှင် ကျန်းမိသားစုက ဤအချိန်တွင် စိန်ခေါ်မှုတစ်ခုကို ရင်ဆိုင်ရနိုင်သည်။

ကျန်းရန်ယီက ကျန်းချန်ရွှမ်ကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။

ကြီးမားသည့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ရှာဖွေတွေ့ရှိစဉ်က သူခံစားနေရသော စိတ်လှုပ်ရှားမှုနှင့် ရင်ဖိုခြင်းများက မသက်မသာဖြစ်ကာ ကြောက်ရွံသောခံစားချက်များနှင့် အစားထိုးသွားသည်။

သူသည် ထိုကြီးမားသော ဝိညာဉ်ကျောက်တုံးမိုင်းတွင်းနှင့် အကြွင်းအကျန်ကမ္ဘာတို့ပေါင်းလျှင် ကျန်းမိသားစုအတွက် အခွင့်အလမ်းမဟုတ်ဘဲ ကပ်ဘေးကြီးတစ်ခုကိုပင် သယ်ဆောင်လာနိုင်ကြောင်း သေချာစွာသတိပြုမိသည်။ “ကျွန်တော်တို့ ဘာလိုလုပ်ရမလဲ အဖိုး?” သူကမေးလိုက်သည်။

ထိုအချိန်တွင် ကျန်းမိသားစုမှလူတိုင်းနှင့် ကျန်းနိုင်ငံတစ်ခုလုံး ပြီးနောက် ပတ်ပတ်လည်မှ နိုင်ငံများသည်လည်း ထိုပုံမှန်မဟုတ်သောအရာကို သတိပြုမိသွားနိုင်သည်။

ကျန်းချန်ရွှမ်က သိပ်မကြာခင်တွင် သူတို့၏နေရာ၌ မရေမတွက်နိုင်သောလူများက ရောက်လာကာ လူစုလူဝေးဖြစ်တော့မည်ကို သိသည်။

“သွားပြီး လူတိုင်းပြင်ဆင်ထားခိုင်းလိုက်။ ငါတို့မိသားစုရဲ့ အဓိကအစီအရင်တွေကို စွမ်းအားအပြည့်နဲ့ အကုန်ဖွင့်လိုက်။”

ကျန်းချန်ရွှမ်က ညွှန်ကြားလိုက်သည်။

!!

“ပြီးတော့ အကြီးအကဲထန်၊ အန်းရန်နဲ့ ကျောက်စိမ်းရေဓားစင်မြင့်က ငါတို့မိတ်ဆွေတွေကိုပါ ခေါ်ပြီး ဒီနေရာတစ်ဝိုက်က လမ်းတွေအကုန်ကို စည်းချထားပါ။

ငါ့အမိန်မရှိဘဲ ဘယ်သူ့ကိုမှပေးမဝင်ပါနဲ့။ အကယ်၍ ဒီအမိန့်ကို ငြင်းဆန်ရဲရင်… ညှာတာမှုမရှိဘဲအသတ်ခံရမယ်။”

ကျန်းချန်ရွှမ်က သူသည် ထိုအချိန်၌ ပြင်းထန်စွာကိုင်တွယ်ရန်လိုအပ်သည်ကို သတိပြုမိသည်။

အကယ်၍ သူတို့သည် ကျန်းနိုင်ငံ သို့ ထိုအကြွင်းအကျန်ကမ္ဘာကို အမှန်တကယ်ပင် ချဉ်းကပ်ခွင့်ပြုလိုက်လျှင်၊

ထိုအတိုင်းဆိုလျှင် ထိုနေရာကပင် ဖရိုဖရဲဖြစ်လာမည်မဟုတ်ဘဲ ဖွဲ့စည်းပုံစနစ်ကပင် ပျက်သွားတော့မည်ဖြစ်သည်။

ထို့ပြင် ရှန်းရူယန်၏ ဂူပိတ်ကျင့်ကြံခြင်းကို သွား၍ ထိခိုက်လိမ့်မည်။

ဟင်း….

ထိုအချိန်တွင် ရှန်းရူယန်၏ လူသားအတိဒုက္ခက တကယ်ပင် စတင်နေပြီဖြစ်သည်။

ထို့ကြောင့်။

ကျန်းချန်ရွှမ်က ထိုအရေးကြီးသည့်အချိန်တွင် သူ၏ထိန်းချုပ်မှုမှကျော်လွန်နိုင်သည့် မည်သည့်အခြေအနေကိုမဆို ခွင့်ပြုထား၍မရပါ။

တစ်ကြိမ်ဖြစ်လာသည်နှင့် သူသည် အားလုံးကိုလျစ်လျူရှုကာ အညွှန့်ချိုးပစ်ရမည်ဖြစ်သည်။

ကျန်းရန်ယီက အခြေအနေ၏လေးနက်မှုကို နားလည်သည်။

ထို့ကြောင့် ကျန်းချန်ရွှမ်၏ ညွှန်ကြားချက်ကို ရသည်နှင့် သူသည် မပေါ့ဆရဲပေ။ သူသည် အမြန်ပင် ရွှမ်းမင်တောင်ထိပ်မှ ပျောက်ကွယ်သွားသည်။

ကျန်းရန်ယီပျောက်ကွယ်သွားသည့်ဖက်ကို ကြည့်ကာ ကျန်းချန်ရွှမ်၏အကြည့်က ရုတ်တရက် ပုံမမှန်စွာလေးနက်သွားသည်။

ဤတစ်ကြိမ်တွင် မည်သို့သောမကောင်းဆိုးဝါးမျိုး ထွက်လာမည်ကို ကြည့်ရမည်ဖြစ်သည်။

သူကစဉ်းစားဆင်ခြင်လိုက်ပြီး သူက နေဝင်လျို့ဝှက်နယ်ပယ်တွင် ရလာခဲ့သော သာမန်ထပ် လွန်ကဲသည့် သတ္တဝါနှစ်ကောင်ဖြစ်သော ဝိညာဉ်ဝါးမြိုပိုးတောင်မာဘုရင်နှင့် မြေနဂါးတို့ကို ဆင့်ခေါ်လိုက်သည်။

သူသည် ပိုးတောင်မာနှင့် နဂါးကို ပြောလိုက်သည်။

“အခုကစပြီး၊ ဒီရွှမ်းမင်တောင်ထိပ်ကို ငါကလွဲလို့ တခြားသူပေးဝင်ဖို့ခွင့်မပြုဘူး။ မင်းတို့ ငါ့မိန်းမကို မနှောက်ယှက်မိဖို့ သေချာအောင်လုပ်ရမယ်။ နားလည်လား?”

ဟိန်းသံ…

ကျွိ..ကျွိ..ကျွိ….

ဝိညာဉ်ဝါးမြိုပိုးတောင်မာဘုရင်နှင့် မြေနဂါးက ချက်ခြင်းတုံ့ပြန်လိုက်သည်။

ရှဲ..ရှဲ

ဝိညာဉ်ပိုးတောင်မာဘုရင်၏အမိန့်အောက်တွင် မရေမတွက်နိုင်သော ပိုးတောင်မာများက သဲမုန်တိုင်းကဲ့သို့ စုပြုံနေကြပြီး ရွှမ်းမင်တောင်ထိပ်တစ်ခုလုံးကိုဖုံးလွှမ်းလိုက်သည်။

ရှေးဟောင်းမြေနဂါးသည် ရှန်းရူယန်၏ဂူပေါက်ဝတွင် နေရာယူလိုက်ပြီး မျက်လုံးပြူးကာ အမြီးများကို မြင့်ထားပြီး ချိန်းခြောက်မှုအားလုံးအတွက် အသင့်ဖြစ်နေသည်။

ထိုအရာကိုမြင်လျှင်၊ ကျန်းချန်ရွှမ်က အတည်ပြုလျှက် ခေါင်းညိတ်လိုက်သည်။

ပြီးနောက် သူသည် တောင်ထိပ်မှ တုံ့ဆိုင်းမှုမရှိဘဲ ပျောက်ကွယ်သွားခဲ့သည်၊ ထိုထပ်ပို၍ သူလုပ်စရာရှိနေပါသေးသည်။

ပထမဦးစွာ သူသည် များစွာသောအဖွဲ့များကို ဆက်သွယ်ရမည်။ အထူးသဖြင့် ဓားဖုံးနန်းတော်မှ ကောင်းကင်သခင်ရွှမ်ယန်ဖြစ်သည်။

လက်ရှိအခြေအနေတွင် ကောင်းကင်သခင်ရွှမ်းယန်သည်သာလျှင် အယုံကြည်ရဆုံးလူဖြစ်သည်။

ဒုတိယအနေဖြင့် အရေးကြီးဆုံးမှာ သူသည် အကြွင်းအကျန်ကမ္ဘာနှင့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ တည်နေရာကို ကိုယ်တိုင်သွားရောက်ကြည့်ရမည်။

သူသည် ဤအခြေအနေကမည်သို့ဖြစ်ကြောင်းနှင့် မည်သို့သောအကြွင်းအကျန်ဖြစ်ကြောင်းကို သွားကြည့်ရန်လိုအပ်သည်။

ဘွန်း….

အလင်းက နဂါးတစ်ကောင်ကောင်းကင်ပေါ်တွင်ဖြတ်သွားသကဲ့သို့ဖြစ်သွားသည်။

မျက်စိတမှိတ်အတွင်းတွင်၊ ကျန်းချန်ရွှမ်က ကြီးမားသော ဝိညာဉ်ကျောက်တုံးမိုင်းတွင်း၏ အပေါ်တွင် ပြန်၍ ပေါ်လာသည်။

သူနှင့် မဝေးသောနေရာတွင် ကြီးမားသောဝင်ပေါက်က တဖြည်းဖြည်းပွင့်နေသည်ကို ရှင်းလင်းစွာမြင်နိုင်သည်။

အတွင်းမှ ကျယ်ပြောကာ ဝေးကွာသည့်အရောင်အဝါက သူ၏မျက်နှာကို လာရိုက်သည်။

ကျန်းချန်ရွှမ်၏အမူအရာက တည်ငြိမ်နေသည်။

သူသည် ဝင်ပေါက်ကို ဂရုတစိုက်လေ့လာနေကာ ဝင်ရောက်ဖို့ရန် မလောနေပါ။

လူတိုင်းက အသစ်သောရှာဖွေတွေ့ရှိရသည့် အကြွင်းအကျန်က မမျှော်မှန်းနိုင်သော ကံတရားကို ကိုင်ထားခြင်းမဟုတ်ဘဲ ကြီးမားသည့် အန္တရာယ်ကို သယ်ဆောင်လာမည်ဖြစ်ကြောင်းသိကြသည်။

အလောတကြီးလုပ်ဆောင်ခြင်းသည် မမျှော်လင့်ထားသော ကြီးမားလှသောနောက်ဆက်တွဲ ပြသနာကို ဖြစ်စေနိုင်သည်။

ယခုမူ၊ သူ၏ဦးစားပေးမှာ အကြွင်းအကျန်ကမ္ဘာတွင် စွန့်စားမှုပြုလုပ်ရန်မဟုတ်ဘဲ သူတို့ကိုယ်တိုင်အတွက်ယူဆောင်ရန် ကြိုးစားကြမည်ဖြစ်သည့် မည်သူ့ကိုမဆို တားဆီးထားရန် ဖြစ်သည်။

ဟင်း..

သေခြင်းကို မကြောက်သည့် ရဲတင်းသောသူများလည်း အမှန်တကယ်ရှိပါသည်။

ကျန်းချန်ရွှမ်၏ အကြည့်က ရုတ်တရက် စူးရှသွားသည်။

သူသည် ရုတ်တရက် ညာဖက် ဆယ်မိုင်အကွာသို့ လှည့်ကြည့်လိုက်သည်။

ထိုနေရာတွင် အချို့သော ရွှေအမြုတေကျင့်ကြံသူသည် အကြွင်းအကျန်ကမ္ဘာ၏ဝင်ပေါက်သို့ အလောတကြီး လာနေကြသည်။

ရွှစ်…

ထိုအချိန်တွင် မြန်ဆန်ကာလွှမ်းမိုးနိုင်သည့်ဓားအလင်းက လင်းလက်သွားပြီး ချက်ခြင်းပင် ထိုရွှေအမြုတေကျင့်ကြံသူများ၏ ခန္ဓာကိုယ်များက ပေါက်ကွဲသွားခဲ့ကာ ကျန်းချန်ရွှမ်ထံမှ သုတ်သင်ခြင်းခံလိုက်ရသည်။

ထိုအချိန်တွင် အရိပ်ထဲမှ ကြည့်နေသော သူများက မနေနိုင်ဘဲ ထိတ်လန့်စွာ ပင့်သက်ရှိုက်လိုက်ကြသည်။

ရွှေအမြုတေကျင့်ကြံသူများကဲ့သို့ အကြွင်းအကျန်ကမ္ဘာထဲသို့ အလောတကြီးဝင်ရောက်ရန် ဂရုမစိုက်ဘဲစီစဉ်ထားကြသော သူများက ကျန်းချန်ရွှမ်၏ ပြတ်သားသောလုပ်ဆောင်ချက်ကြောင့် နောက်သို့ပြန်ဆုတ်သွားကြသည်။

သူတို့သည် ချက်ခြင်းပင် ကြောက်ရွံစွာနှင့် ချွေးစေးများပြန်လာကြသည်။

ထိုအချိန်၌ပင် ကျန်းချန်ရွမ်၏ အေးစက်သည့်အသံက ပဲ့တင်လာသည်။

“အားလုံးပဲ၊ ဒီနေရာမိုင်သုံးထောင်ပတ်လည်က ကျန်းမိသားစုပိုင်နက်ပါ။ အခုဒီပိုင်နက်ကနေချက်ခြင်းထွက်ခွာသွားဖို့ ကျွန်တော်အခွင့်အရေးပေးပါ့မယ်။ အသက်ဆယ်ကြိမ်ရှုချိန်အတွင်း ကျန်းမိသားစုနဲ့မသက်ဆိုင်တဲ့လူတွေက ကျန်ရှိနေခဲ့ရင် ညာတာမှုမရှိဘဲ သတ်ဖြတ်ခြင်းခံရပါမယ်။”

သူ၏စကားများသည် အရိပ်ထဲတွင်ပုန်းခိုနေသော ကျင့်ကြံသူများ၏နှလုံးသားထဲတွင် ကြက်သီးများထသွားစေသည်။

လွန်ခဲ့သောအချိန်အနည်းငယ်က ကျန်းချန်ရွှမ်၏အကြင်နာမဲ့ကာ ပြတ်သားသောလုပ်ရပ်ကြောင့် အများစုက ဆုတ်ခွာရန်ရွေးချယ်သွားကြသည်။

သူတို့သည် ကျန်းချန်ရွှမ်က ထိုနိုင်ငံ၏အုပ်ချုပ်သူဖြစ်ကာ သူတို့ရန်စနိုင်သောသူမဟုတ်ကြောင်း သိကြပါသည်။ သူ၏ဒေါသကိုရန်စမိပါက သူတို့အတွက်သာမက သူတို့၏နောက်ခံကအင်အားများကိုပင် ကပ်ဘေးကို သယ်ဆောင်သွားခြင်းဖြစ်နိုင်သည်။

ချက်ခြင်းပင်၊ များစွာသော ကျင့်ကြံသူများက ထွက်ခွာသွားရန် ရွေးချယ်လိုက်ကြကာ များစွာသော အလင်းတန်းများက အဝေးသို့ပျံထွက်သွားကြသည်။ သို့ရာတွင် လက်မလျော့သေးသော အချို့သောသူအနည်းငယ်လည်း ရှိနေသေးသည်။

ကျန်းချန်ရွှမ်သည် ထိုသူတို့သည် မည်သည်ကိုစဉ်းစားနေသည်ကို မသိပေ။

သူတို့သည် တကယ်ပင် သူက စတင်၍ မသတ်ဖြတ်ဘူးဟုထင်နေကြပါသလား?

သူသည် တစ်ဆယ်အထိ ရေတွက်ပြီးနောက်တွင်မူ၊

ကောင်းကင်သည် မရေတွက်နိုင်သောဓားအလင်းများဖြင့် ပြည့်သွားကာ တစ်လက်ဆီ၌လည်း သတ်ဖြတ်ခြင်းရည်ရွယ်ချက်နှင့် ပြည့်နေသည်။

ထိုနေရာတွင် မထွက်သွားရသေးသောသူတိုင်း နှင့် ထွက်သွားရန်မရွေးချယ်သောသူတိုင်းက ထိုဓားအလင်းနှင့်ဆက်တိုက်ထိုးခံရလေတော့သည်။

သွေးများကောင်းကင်ပေါ်တွင် ပြန့်ကျဲသွားသည်။ ပြီးနောက် သူတို့၏ကံကို လောင်းကြေးထပ် ထားကြသောသူတို့က မယုံကြည်နိုင်သောအကြည့်များနှင့် အဆုံးသတ်သွားရတော့သည်။

သူတို့သည် ကျန်းချန်ရွှမ်က တကယ်ပင် သူ၏ခြိမ်းခြောက်မှုကို လုပ်ဆောင်သည့်အကြောင်းကို နားမလည်နိုင်ပေ။

သိထားရမည်မှာ ထိုသူများထဲတွင် များစွာသော အခြေတည်ဝိညာဉ်ဂိုဏ်းသားများပါဝင်လေသည်။

ထိုကဲ့သို့ မညှာမတာပြုလုပ်လိုက်ခြင်းသည် ကျန်းချန်ရွှမ်က သူတို့အားလုံးကို ဆန့်ကျင်လိုက်ခြင်း ဖြစ်သည်။

သူ၏ရှိန်လောက်သော အင်အားနှင့်ပင် ထိုလှုပ်ရှားမှုက လွန်ကဲနေသေးသည်။

ထိုအချိန်တွင် သတိပေးချက်ကိုနားထောင်ကာ အချိန်မှီထွက်သွားသောသူများက စိတ်အေးမှုနှင့် သက်ပြင်းချလိုက်ကြသည်။

တကယ်ပင်။

ထိုအချိန်တွင် ကျန်းချန်ရွှမ်က ညာတာမှုမရှိခဲ့ပါ။

သူ၏အမိန့်ကို အာခံသောသူတိုင်းက နောက်တွင် ထာဝရကျန်ခဲ့ရမည်။

အခြားသူများ၏တုံ့ပြန်မှုများကို ဂရုမစိုက်ဘဲ ကျန်းချန်ရွှမ်သည် သူအားအာခံသည့်သူများကို ရင်ဆိုင်ပြီးနောက် သူ၏အာရုံကိုအကြွင်းအကျန်ဆီသို့ပြန်ထားလိုက်သည်။

သို့ရာတွင် အချိန်တစ်ချို့က ကုန်လွန်သွားသည်။

ကျန်းချန်ရွှမ်က သူ၏ရှေ့မှ အကြွင်းအကျန်ကမ္ဘာ၏ဝင်ပေါက်တွင် မည်သည့်ထူးခြားချက်ကိုမှ ရှာမတွေ့ခဲ့ပေ။

ကြည့်ရသည်မှာ ထိုအကြွင်းအကျန်ကို နားလည်လိုလျှင် သူသည် ကိုယ်တိုင်ဝင်ကြည့်မှသာ သိရတော့မည်ဖြစ်သည်။

သို့ရာတွင် အကယ်၍ ထိုအချိန်တွင် သူဝင်သွားလျှင် စိန်ခေါ်မှုက အလွန်ကြီးမားသည်။

အထဲ၌ပိတ်မိနေလျှင် မည်သို့လုပ်မည်နည်း။?

အကယ်၍ထိုသို့ဖြစ်ခဲ့လျှင် ကျန်းမိသားစုနှင့် ကျန်းနိုင်ငံတစ်ခုလုံးတွင် သူမမြင်လိုသည်များက ဖြစ်လာနိုင်သည်။

ဘွန်း….

ရုတ်တရက် ကျန်းနိုင်ငံ၏အဓိကလမ်းများစွာ၌ ပြင်းထန်သောပေါက်ကွဲမှုများဖြစ်လာခဲ့သည်။

အခြေတည်ဝိညာဉ်အဆင့် စွမ်းအားများ၏တိုက်ခိုက်မှုက မိုင်ရာချီပတ်လည်အတွင်းရှိ ဝိညာဉ်ချီများကို ဂယက်ထစေကာ ဖရိုဖရဲအခြေအနေများဖန်တီးနေခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်က ၎င်းသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူများက ကျန်းနိုင်ငံ၏အပြင်ဖက်မှနေ၍ ကျန်းအန်းရန်၊ ထျန်ပိုင်ရှန်းနှင့် အခြားသူများက တားဆီးနေခြင်း၏ ရလဒ်ဖြစ်ကြောင်း သတိပြုမိသည်။

ကျန်းအန်းရန်နှင့် အခြားသူများသည် အနည်းငယ်သော ထိုးဖောက်ဝင်ရောက်ရန်ကြိုးစားနေသည့် အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ကိုင်တွယ်နိုင်သော်လည်း အရေအတွက်များလာလျှင် ခက်ခဲလာနိုင်ပေသည်။

သူ၏စိတ်ထဲ၌ ထိုအတွေးဝင်လာသည်နှင့် ကျန်းချန်ရွှမ်၏အမူအရာက အေးစက်သွားခဲ့သည်။

သူသည် အချို့သောအခြေတည်ဝိညာဉ်ကျင့်ကြံသူများအား ဥပမာပေးရန် ဆုံးဖြတ်လိုက်သည့် အချိန်တွင်၊ ကြီးမားကာ မြင့်မြတ်ထူးကဲသည့် အရောင်အဝါက ရုတ်တရက် မှော်ဝင်တိုင်တောင်ရှိ ရှန်းရူယန်၏ဂူအပေါ်မှ လိမ့်တက်လာခဲ့သည်။

ထိုအရောင်အဝါသည် မိုးကြိုး၊ နတ်ဘုရားစွမ်းအား၊ တောက်ပသည့်လ နှင့် တောက်ပသည့်နေ တို့ကဲ့သို့ဖြစ်ကာ ခံစားလိုက်ရသည့်လူတိုင်းကို ကြောက်ရွံရိုသေစိတ်ကို တဖြည်းဖြည်း စိမ့်ဝင်လာစေသည်။

ကျန်းချန်ရွှမ်၏မျက်လုံးက ကျဉ်းသွားသည်။

ရှန်းရူယန်က သူမ၏ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို တရားဝင်စတင်၍ ဖြတ်ကျော်နေပြီဖြစ်သည်။

ဝှစ်…ဝှစ်…ဝှစ်…..

ထိုအချိန်တွင် မိုင်တစ်ထောင်ခန့်ရှိ ဝိညာဉ်ချီများက ရှန်းရူယန်၏ဂူသို့ဦးတည်၍ လိမ့်တက်လာနေကြလေသည်။

ကောင်းကင်က ဖြစ်စဉ်များစွာဖြစ်ပေါ်နေသည်၊ သိပ်သည်းသောတိမ်တိုက်များ၊ တလက်လက် ဖြစ်နေသောမိုးကြိုးများနှင့် ဒလဟောရွာနေသောမိုးများ စသည်ဖြင့် ဖြစ်သည်။

၎င်းသည် ကျင့်ကြံသူများက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ဖြတ်ကျော်လျှင် ရင်ဆိုင်ရသည့်ဖြစ်စဉ်များ ဖြစ်သည်။

***

All Chapters