အရှေ့ပိုင်းနှင့် အလယ်ပိုင်းလွင်ပြင်၏ အုတ်မြစ်ချခြင်း
Vol. 33 Ch. 627
ကြိုတင်မျှော်လင့်ထားသော်လည်း ရှန်းရူယန်၏ ဝိညာဉ်ဖွဲ့စည်းခြင်းသို့ အဆင့်ဖြတ်ကျော်ခြင်းက ကျန်းချန်ရွှမ်အား သတိလက်လွတ်ဖြစ်စေသည်။
မသိစိတ်မှ သူသည် သတိထားမှုကို အမြင့်ဆုံးအဆင့်ထိမြင့်လိုက်ကာ သူ၏အသံသည် ကျန်းမိသားစုတစ်ခုလုံးနှင့် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။
“တာအိုရောင်းရင်းတို့၊ ကျွန်တော်ရဲ့တာအိုအဖော် ရှန်းရူယန်က လက်ရှိမှာ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ဖြတ်ကျော်ဖို့ ကြိုးစားနေပါတယ်။
ဒီအချိန်အတောအတွင်း၊ ကျွန်တော်တို့ကျန်းမိသားစုက မဖိတ်ခေါ်ထားတဲ့ ကျင့်ကြံသူတွေကို ငြင်းပယ်သွားမှာပါ၊ ကျွန်တော်တို့ကိုနားလည်ပေးဖို့ မျှော်လင့်ပါတယ်။
အကယ်၍ ကျွန်တော်တို့ ကျန်းမိသားစုပိုင်နက်မှာ ပေါ်ထွက်လာတဲ့ အကြွင်းအကျန်ကမ္ဘာကို စိတ်ဝင်စားရင်၊ လူတိုင်းကျွန်တော်တို့ ကျန်းမိသားစုကချမှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာသရွေ့၊ ကျွန်တော်ရဲ့တာအိုအဖော်က အောင်မြင်စွာဖြတ်ကျော်နိုင်သွားခဲ့တာနဲ့ ကျွန်တော်တို့ ထိုင်ပြီး အကြွင်းအကျန်နယ်ပယ်ကို စွန့်စားမှုတွေပြုလုပ်ဖို့အတွက် ဆွေးနွေးနိုင်ပါတယ်။”
ကျန်းချန်ရွှမ်က ဝိညာဉ်ဖွဲ့စည်းခြင်းကိုထိုးဖောက်ခြင်းသည် မြေကိုတုန်လှုပ်စေသည့်ကိစ္စဖြစ်ကာ မည်သူ့ထံမှ ဖုံးကွယ်၍ မရနိုင်ပါ။
ထိုကိစ္စကိုဖုံးကွယ်ထားမည့်အစား၊ ပွင့်လင်းစွာပြောပြလိုက်သည်က ပိုကောင်းသည်။
နောက်ထပ်၊ သူသည် အကြွင်းအကျန်အကြောင်းကိုလည်း ဖော်ပြခဲ့သေးသည်။
ကျန်းချန်ရွှမ်၏ နှလုံးသားထဲ၌ သူ၏ဇနီးလုံခြုံရေးထပ် မည်သည့်အရာကမှ အရေးမကြီးပါ။
လူတိုင်းက သူ၏ပိုင်နက်ထဲတွင် ထွက်ပေါ်လာသော အကြွင်းအကျန်ကမ္ဘာကို စိတ်ဝင်စားနေလျှင် ရပါသည်။
သူ၏ဇနီးကအဆင့်ဖြတ်ကျော်သွားသည်နှင့် ကျန်းမိသားစု၏စည်းကမ်းများကိုလိုက်နာလျှင် လူတိုင်း စူးစမ်းဖို့ရန် အခွင့်အရေးရမည်ဖြစ်သည်။
သို့သော် ဆန့်ကျင်ဖက်အနေဖြင့် တစ်စုံတစ်ယောက်က လှုပ်ရှားလျှင် သို့ ဤအချိန်တွင် ပြသနာဖြစ်စေခဲ့လျှင်၊ မည်သူပင်ဖြစ်ပါစေ သူသည် ကျန်းမိသားစု၏ရန်သူအဖြစ်သတ်မှတ်ခံရကာ ညာတာမှုမရှိဘဲ သုတ်သင်ခြင်းခံရမည်ဖြစ်သည်။
လူတိုင်းကျန်းချန်ရွှမ်စကား၏ နောက်ကွယ်မှ ဖုံးကွယ်ထားသော အဓိပ္ပာယ်နှင့် ဆုံးဖြတ်ချက်ကို ရှင်းလင်းစွာမြင်နိုင်ပါသည်။
သူတို့သည် ကျန်းချန်ရွှမ်ပြောခြင်းအား နားမထောင်ဘဲ အကြွင်းအကျန်အား အတင်းဝင်ရောက်လျှင် သူတို့သည် ပထမအကြိမ်တွင်ပင် များပြားသောတိုက်ခိုက်မှုများကို ရန်စမိလိမ့်မည်ဖြစ်သည်။
ကျန်းနိုင်ငံ၏နယ်နိမိတ်စည်းတွင်ဖြစ်သည်။
ကျန်းအန်းရန်၊ ထျန်ပိုင်ရှန်းနှင့် ကုယွဲ့ဖန်းတို့သုံးဦးသည် ဆန့်ကျင်ဖက်တွင်ရှိသည့်များစွာသော အခြေတည်ဝိညာဉ်ကျင့်ကြံသူများကို ကြည့်နေသည်။
ကျန်းအန်းရန်က ပြောလိုက်သည်။ “ရှင်တို့ရှေ့ဆက်သွားချင်တယ်ဆိုတာသေချာလား?”
ကျန်းအန်းရန်၏ စကားကိုကြားလျှင် အခြေတည်ဝိညာဉ်ကျင့်ကြံသူများ၏အမူအရာက အမူအရာများ ပြောင်းလဲသွားသည်။
သူတို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ရုတ်တရက် ကျယ်လောင်စွာကြေငြာလိုက်သည်။ “ငါတို့တာအိုရောင်းရင်းကျန်းရဲ့ဂတိကို ယုံကြည်တယ်။ ဒါကြောင့် ငါတို့အရင်ဆုံးထွက်ခွာသွားမယ်။”
ထိုသို့ပြောပြီးနောက် များစွာသောအခြေတည်ဝိညာဉ်ကျင့်ကြံသူများက တကယ်ပင် တုံ့ဆိုင်းမနေတော့ဘဲ ကျန်းအန်းရန်နှင့်အခြားသူများ၏ရှေ့မှ ထွက်ခွာသွားတော့သည်။
တစ်ချိန်တည်းမှာပင်။
မြောက်ပိုင်းတွင်ရှိသည့် အခြေတည်ဝိညာဉ်အင်အားစုများက ကျန်းနိုင်ငံတွင်ဖြစ်ပေါ်လာသည့် အခြေအနေများကို သတိပြုမိသွားကြသည်။
သူတို့သည် ရှန်းရူယန်သည် ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်ကို စတင်၍ဖြတ်ကျော်နေသည်ကို အံ့ဩနေကြပြီး ကျန်းမိသားစု၏ပိုင်နက်တွင်ပေါ်လာသည့် အကြွင်းအကျန်ကိုလည်း အလွန်သိချင်နေကြသည်။
တိတ်ဆိတ်ကာ ကျက်သရေရှိသည့်အခန်းထဲတွင်ဖြစ်သည်။
ရွှေရှန်းလန်သည် စံသခင်တောက်ပသစ်ရွက်ပြောပြသည့် ကျန်းနိုင်ငံ၏အဖြစ်အပျက်များကို နားထောင်နေကာ သူမ၏လှပသောမျက်လုံးများ၌ အံ့ဩခြင်းနှင့် မှင်သက်ခြင်းများ ပေါ်နေလေသည်။
သူမသည် လွန်ခဲ့သောနှစ်အနည်းငယ်က သူမတို့တွေ့ခဲ့ဖူးသည့် လူနှစ်ဦးက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကိုပင် ဖြတ်ကျော်နေပြီဖြစ်ကြောင်း ဘယ်တော့မှ မမျှော်လင့်ထားမိခဲ့ပါ။
အရေးကြီးသောအချက်မှာ အကြွင်းအကျန်ကမ္ဘာကလည် သူတို့၏ပိုင်နက်ထဲတွင် ပေါ်လာခဲ့သေးသည်။
နှိုင်းယှဉ်ရလျှင် အလွန်ကြီးမားသည့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကပင် အများစုမှ လျစ်လျူရှုခံရလေသည်။
“ဂျူနီယာညီမရွှေ၊ ငါတို့သွားသင့်တယ်ထင်လား?”
ထိုအချိန်တွင် စံသခင် တောက်ပသစ်ရွက်က သူ၏စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်ခဲ့ပေ။
သို့ရာတွင်၊ ရွှေရှန်းလန်၏မျက်နှာတွင် ခါးသီးသောအပြုံးတစ်ခုက ပေါ်လာခဲ့သည်။
သူမသည် ခေါင်းခါလိုက်ကာ ပြောလိုက်သည်။
“ငါတို့ရှိနေတဲ့ ပင်လယ်နက်စင်မြင့်မှာ တစ်ခုခုဖြစ်နေတာကို သတိမထားမိဘူးလား?”
“ဟမ်?”
စံသခင်တောက်ပသစ်ရွက်က အံ့ဩသွားသည်။
ရွှေရှန်းလန်က ဆက်ပြောလိုက်သည်။
“သူတို့က တောင်အကာအရံအစီအရင်ကို ဝင်ပေါက်ပိတ်ဖို့အတွက် အသုံးပြုထားပြီးပြီ။
အထူးသဖြင့် ငါတို့ရှိနေတဲ့နေရာမှာပဲ၊ ငါတို့ရဲ့လုပ်နိုင်တဲ့အတိုင်းအတာက ကန့်သတ်ထားခံရပြီ။
ဒါကဘာကိုဆိုလိုနေတာလဲဆိုတာ နင်မသိဘူးလား?”
ရွှေရှန်းလန်၏သတိပေးမှုကြောင့် စံသခင်တောက်ပသစ်ရွက်က အခြေအနေကိုနားလည်သွားခဲ့သည်။
သူ၏အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
“ပင်လယ်နက်စင်မြင့်က ဘာကိုဆိုလိုချင်တာလဲ? သူတို့က ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်ကို ကန့်သတ်ထားချင်တာလား?”
ရွှေရှန်းလန်က အကူအညီမဲ့စွာနှင့် ပြောလိုက်သည်။
“အကယ်၍ အဲ့လိုထင်ချင်လဲ မမှားဘူး။
ဘယ်လိုဖြစ်ဖြစ်၊ နတ်သမီးရှန်းက သူ့ရဲ့ဂူပိတ်ကျင့်ကြံခြင်းက မထွက်လာသေးသရွေ့တော့ ငါတို့ ဒီကနေထွက်ဖို့ခက်လိမ့်မယ်။”
.......
တစ်ချိန်တည်း၌ပင်။
တစ်၊ နှစ်၊ သုံး၊ လေး…..
မှော်ဝင်တိုင်တောင်အနီးတွင် အင်အားကြီးသည့်စွမ်းအားလေးခုမှ သိမ်မွေ့သောအရောင်အဝါများ ထွက်လာသည်။
ကျန်းချန်ရွှမ်က သတိပြုမိသည်မှာ သေချာပါသည်။
အမှန်မှာမူ၊ အရောင်အဝါလေးခု၏ပိုင်ရှင်များကလည်း သူတို့၏တည်ရှိမှုကို ကျန်းချန်ရွှမ်ထံမှ မဖုံးကွယ်ထားပါ။
၎င်းတို့သည် အစောကသူဖိတ်ခေါ်ထားသည့် ကောင်းကင်သခင်ရွှမ်းယန်၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းတို့ဖြစ်သည်။
သူ့အား အံ့ဩသွားစေသည်မှာ မမျှော်လင့်ဘဲရောက်လာသည့် ကျီယန်နန်းတော်မှ ကောင်းကင်သခင်ကျီယန်မီးတောက်ဖြစ်သည်။
ယခင်က ကျန်းချန်ရွှမ်က သူသည် နတ်ဆိုးကပ်ဘေးအတွင်း ဆိုးရွားစွာဒဏ်ရာရထားသည်ကို စဉ်းစား၍ အကူအညီအတွက်မမေးခဲ့ပါ။
“တာအိုရောင်ရင်းကျန်း၊ ကျုပ် တာအိုရောင်းရင်းရှန်းရဲ့ တိုးတက်မှုက ဒီလောက်မြန်လိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး။
အချိန်တိုအတွင်းမှာပဲ သူက ကျုပ်တို့နယ်ပယ်ရဲ့အဝင်ဝကို ရောက်လာဖို့ စီစဉ်ပြီးနေပြီပဲ။
ဒါက ဂုဏ်ပြုဖို့ထိုက်တန်တယ်။”
ထိုအချိန်တွင် ကောင်းကင်သခင်ကျီယန်နန်းတော်၏ အသံက ရုတ်တရက်ကျန်းချန်ရွှမ်၏ နားထဲပဲ့တင်ထပ်သွားသည်။
“စိတ်မပူပါနဲ့ ငါတို့လေးယောက်ဒီမှာရှိနေတော့ မြောက်ပိုင်းနယ်နိမိတ်က ဘယ်သူမှ တာအိုရောင်းရင်းရှန်းရဲ့ ထိုးဖောက်မှုကို မနှောက်ယှက်နိုင်ပါဘူး။
ကျုပ်တို့စိတ်ပူရမှာက အရှေ့ပိုင်းနဲ့ အလယ်ပိုင်းလွင်ပြင်က ကျင့်ကြံသူတွေနဲ့ အရင်ကကျုပ်တို့ကို သတင်းပေးထားဖူးတဲ့ တစ်ကိုယ်တည်းသမားတွေကိုပဲ။”
“မှန်တယ်။”
ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်တို့၏အသံများက ကျန်းချန်ရွှမ်၏နားထဲ ပဲ့တင်ထပ်လာသည်။
“အကယ်၍ ငါတို့ရဲ့ခန့်မှန်းချက်က မှန်ရင်၊ အရှေ့ပိုင်းနဲ့အလယ်ပိုင်းလွင်ပြင်တွေက အခု ဒီနေရာကနေ မူမမှန်တာကို သတိထားမိနေလောက်ပြီ။
ဒါ့အပြင် သူတို့ရဲ့ နက်ရှိုင်းတဲ့အခြေခံနဲ့ ငါတို့မသိနိုင်တဲ့ နည်းလမ်းတွေသေချာပေါက် ရှိလိမ့်မှာပဲ။
အကယ်၍ နေရာရွေ့ပြောင်းရေးအစီအရင်က ပိတ်သွားခဲ့ရင်တောင် သူတို့က မြောက်ပိုင်းထဲကိုလာဖို့ ငါတို့လိုကျင့်ကြံသူတွေကို လွတ်ထားနိုင်တဲ့ လုပ်နိုင်စွမ်းရှိတယ်။
ဒါက ငါကြောက်တာ တာအိုရောင်းရင်းရှန်းဒီတစ်ခေါက်ရင်ဆိုင်ရမဲ့ အတိုဒုက္ခဖြစ်နေမှာကိုပဲ။”
ကောင်းကင်သခင်များ၏စကားကိုကြားလျှင် ကျန်းချန်ရွှမ်၏ စိတ်အခြေအနေက ချက်ချင်း တည်ငြိမ်သွားခဲ့သည်။
သူသည် အရှေ့ပိုင်းနှင့် အလယ်ပိုင်းတို့မှ သူတို့အသုံးပြုနိုင်သည့် ထိုကဲ့သို့ ပုန်းကွယ်ထားသော နည်းလမ်းများရှိမည်ဟု မမျှော်လင့်ထားမိခဲ့ပါ။
အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ၎င်းတို့က အင်အားကောင်းသောနေရာနှစ်ခု ဖြစ်နေသည်မှာ အံ့ဩစရာမရှိတော့ပေ။
တစ်ချိန်တည်းမှာပင်၊ သူသည် ယခင်က အဆုံးမဲ့ပင်လယ်၊ ရုန်ဟန်ကျီရှန်းနှင့် အခြားသူများအပေါ် သတိထားခဲ့သည်ကို ရှက်မိပေသည်။
ထိုကောင်းကင်သခင်လေးဦးက လိုလားစွာသူနှင့် ရှန်းရူယန်အား ကူညီရန်ဆန္ဒရှိစွာရောက်လာကြပြီး ဖုံးကွယ်ထားသည့်ရည်ရွယ်ချက်မရှိကြောင်း သိရှိနိုင်ရန် မခက်ခဲပါ။
သူသည် သူ၏ဇနီးက အဆင့်ဖြတ်ကျော်ခြင်းသည်မည်မျှကြာမည်ကိုမသိပေ။
ဝိညာဉ်ဖွဲ့စည်းခြင်းသို့အဆင့်တက်ခြင်းမှာ ရွှေအမြုတေ သို့ အခြေတည်ဝိညာဉ် အဆင့်တက်ခြင်းများနှင့် မတူပေ။
သူသည် ရူယန်အား အနည်းငယ်မြန်ဆန်ကာ အမှန်တကယ် ပြသနာများမရောက်လာမီ အဆင့်တက်ခြင်းပြီးဆုံးနိုင်ရန် မျှော်လင့်ခဲ့လေသည်။
......
အချိန်များက မြန်ဆန်စွာကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်း အချိန်နှစ်နှစ်က ကုန်ဆုံးသွားလေသည်။
ထိုအချိန်တွင်၊
သစ်ပင်များဖြင့်ပိတ်ဆီးနေကာ အလင်းအားလုံးကိုပိတ်နေပြီး အနက်ရောင်ပတ်ဝန်းကျင်ကို ဖန်တီးထားသောသစ်တောထဲ၌ ရုတ်တရက် လင်းလက်နေသော အဖြူရောင်အလင်းက မြေပေါ်မှ တက်လာသည်။
ထိုအလင်းက ပပျောက်သွားလျှင်၊ ပုံရိပ်သုံးခုက ရုတ်တရက် လေထဲမှ ထွက်ပေါ်လာသည်။
ထိုသုံးဦး၏အရောင်အဝါက မယုံကြည်နိုင်စရာကောင်းလောက်အောင် ရှိန်လောက်စရာဖြစ်သည်။
ရွှေအမြုတေနတ်ဆိုးအရှင် သို့ အခြေတည်ဝိညာဉ်နတ်ဆိုးဧကရာဇ်များသည် ထိုလူသုံးဦးမှထွက်နေသော အရောင်အဝါကိုအာရုံခံမိသည်နှင့် သူတို့သည် မြေပေါ်တွင်တုန်ရီကာ ဝပ်တွားလျှက်ကြောက်ရွံ့နေကြသည်။
ကျီ….
တစ်ချိန်တည်း၌ပင်၊
ပုံရိပ်နှစ်ခုက ဆန့်ကျင်ဖက်မှ ရုတ်တရက်ထွက်ပေါ်လာလေသည်။
တစ်ဦးမှာခါးကုန်းနေသောလူအိုဖြစ်ပြီး ကျန်တစ်ဦးမှာမျက်နှာခက်ထန်သောသူဖြစ်သည်။
ခါးကုန်းသောသူက ပြောလိုက်သည်။
“မင်းတို့က ငါတို့ရဲ့ နတ်ဆိုးမျိုးနွယ်ပိုင်နက်ထဲကို ရုတ်တရက်ရောက်လာတာ နည်းနည်း လေးစားမှုမရှိဘူးလို့မထင်ဘူးလား?
ဒါမှမဟုတ် မင်းတို့က အရှေ့ပိုင်းနဲ့အလယ်ပိုင်းဒေသတွေက လာတာနဲ့ပဲ ငါတို့နတ်ဆိုးမျိုးနွယ်က မင်းတို့ကို ဘာမှမလုပ်ရဲဘူးလို့ထင်နေတာလား?”
လူအို၏စကားကိုကြားလျှင်၊ ထိုသုံးဦး၏မျက်လုံးက အနည်းငယ်ကျဉ်းသွားသည်။
သို့ရာတွင်၊ သူတို့၏ခေါင်းဆောင်ဖြစ်ပုံရသည့် အဝါရောင်ဝတ်ရုံနှင့်လူကစကားပြောလာသည်။
“လိပ်နက်အကြီးအကဲ အရင်တစ်ခေါက်တွေ့ပြီးကတည်းက နှစ်တွေကြာခဲ့ပြီပဲ။ ခင်ဗျားက အရင်ကလိုပဲနော်။ လူတေကိုခြောက်ရတာ ကြိုက်နေသေးတာပဲ။
ဒါပေါ့၊ ဒါက ခင်ဗျားတို့ရဲ့နတ်ဆိုးမျိုးနွယ်ပိုင်နက်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော်လောက်က ကျုပ်တို့နှစ်ဖက်လုံး သဘောတူညီချက်လုပ်ထားတယ်။ အလယ်ပိုင်းနဲ့ အရှေ့ပိုင်းက ကျင့်ကြံသူတွေက ဒီကိုလာချင်ရင် ခင်ဗျားတို့က သုံးကြိမ် ဂိတ်ဖွင့်ပေးလိမ့်မယ်။
အခုကျုပ်တို့ ဒီအခွင့်အရေးကိုတစ်ကြိမ်ပဲသုံးရသေးတာပါ။ ခင်ဗျားတို့ကသဘောတူညီချက်ကို ဖျက်ဖို့စီစဉ်နေတာလား?”
ထိုဦးဆောင်သည့်သူက စကားပြောပြီးလျှင် ထိုသုံးယောက်၏ အရောင်အဝါက ဆက်သွယ်သွားခဲ့ပြီး လိပ်နက်အကြီးအကဲနှင့် မျက်နှာခက်ထန်သည့်သူတို့ကတိုက်ခိုက်လာလျှင်ရင်ဆိုင်ဖို့ရန် အသင့်လုပ်ထားလေသည်။
၎င်းသည် မျက်နှာခက်ထန်သောသူ၏မျက်လုံးများ၌ အကြမ်းဖက်ချင်စိတ်များကို ဖြစ်သွားစေသည်။
သို့ရာတွင် လိပ်နက်အကြီးအကဲက လက်ကိုမြောက်လိုက်ကာ သူ့ကိုတားလိုက်ပြီး ရုတ်တရက် ရယ်ကာ စကားပြောလေတော့သည်။
“စိတ်ရှည်စမ်းပါ။”
ထိုသို့ပြောပြီး လိပ်နက်အကြီးအကဲက သူ၏အာရုံကို လူသုံးဦးဆီသို့ပြန်ထားလိုက်ပြီး အထူးသဖြင့် ခေါင်းဆောင်ကိုကြည့်ကာအပြုံးနှင့် ပြောလိုက်သည်။
“အကယ်၍ ကျုပ်မမှားရင်၊ မင်းက အလယ်ပိုင်းလွင်ပြင်ဒေသ၊ မဟာလင်းအင်ပါယာနန်းတော်ရဲ့ စတုထ္ထမင်းသား ရှောင်ရှန်းကျီဖြစ်မယ်ထင်တယ်။ ဟုတ်လား?”
ပြောပြီးနောက် လိပ်နက်အကြီးအကဲက ရှောင်ရှန်းကျီအား ကြိုဆိုသည့်အမူအရာပါ လုပ်ပြလိုက်သေးသည်။
အခြားသူနှစ်ဦးက ရှောင်ရှန်းကျီအားကြည့်နေကြသည်။
ရှောင်ရှန်းကျီက အချိန်အနည်းငယ်ခန့်စောင်းကြည့်ကာ ရုတ်တရက်ပြုံးလိုက်လေသည်။
“အဲ့လိုဆိုရင် ကျုပ်တို့ကလိပ်နက်အကြီးအကဲကို ကျေးဇူးတင်ရမှာပေါ့။ နှုတ်ဆက်ပါတယ်။”
ထိုသို့ပြောကာ ရှောင်ရှန်းကျီက တုံ့ဆိုင်းမနေပါ။
သူသည် အခြားတစ်ဖက်ကလှည့်စားမှုကို စိုးရိမ်နေပုံမပေါ်ဘဲ သူ၏အဖော်နှစ်ယောက်ကို ဦးဆောင်ကာ အဝေးသို့ သွားလိုက်လေတော့သည်။
ရှောင်ရှန်းကျီနှင့် သူ၏အဖော်များက ပုံရိပ်ကပျောက်ကွယ်သွားသည်နှင့် မျက်နှာခက်ထန်သည့်သူက လိပ်နက်အကြီးအကဲဖက်သို့လှည့်ကာ ပြောသည်။
“ဘာလို့ သူတို့ကို အခုပဲ သင်ခန်းစာမပေးလိုက်တာလဲ?
ခင်ဗျားသိတာပဲ၊ ကျွန်တော်တို့ အင်အားနဲ့ဆို သူတို့ကို သင်ခန်းစာပေးလိုက်ဖို့က မခက်ပါဘူး။”
လိပ်နက်အကြီးအကဲက ခေါင်းကိုခါလိုက်သည်။
“မလိုပါဘူး။ ကျုပ်ထင်တာ ခင်ဗျားလည်း ရှောင်ရှန်းကျီနဲ့ သူ့အုပ်စုက ဒီကိုဘာလာလုပ်တာလဲ နားလည်မယ်လို့ ထင်တယ်။
သူတို့ကို သင်ခန်းစာပေးမဲ့အစား၊ ကျုပ်က လူသားမျိုးနွယ်ရဲ့ စွမ်းအားကုန်သုံးပြီး အချင်းချင်း တိုက်နေတာကို ကြည့်ဖို့ပိုစိတ်ဝင်စားတယ်။”
သူစကားပြောပြီးသည်နှင့် လိပ်နက်အကြီးအကဲ၏မျက်လုံးထဲတွင် ရွှေရောင်အလင်းဖြတ်သွားခဲ့သည်။
***