← Chapters

ကြီးမားသောတိုက်ပွဲစတင်ခြင်း

Vol. 33 Ch. 628

ကြီးမားသောတိုက်ပွဲစတင်ခြင်း

Vol. 33 Ch. 628

ကျန်းနိုင်ငံ။

မှော်ဝင်တိုင်တောင်တွင်။

နှစ်နှစ်ကုန်လွန်သွားသည်နှင့် မိုင်ပေါင်းတစ်ထောင်အတွင်း၌ မမြင်နိုင်သည့်ဖိအားက ပိုမို၍ စွမ်းအားကြီးလာခဲ့သည်။

ကောင်းကင်နှင့် မြေကြီး၏ကြားတွင်၊ မိုးကြိုး၊ လေပြင်း၊ မိုးကြီးလေကြီး၊ လျှပ်စီး၊ အနက်ရောင်တိမ်များ..စသည့်အမျိုးမျိုးသော သာမန်မဟုတ်သည့်ဖြစ်စဉ်များက မရပ်မနားဖြစ်နေသည်။

လူတိုင်း ကျန်းနိုင်ငံအုပ်ချုပ်သူ၏ ဇနီးက ဝိညာဉ်ဖွဲ့စည်းခြင်းနယ်ပယ်နှင့် တစ်ဆင့်သာလိုတော့ကြောင်း သတိပြုမိသွားကြသည်။

ထိုအဆင့်သို့နီးကပ်လာသည်နှင့် အမျိုးမျိုးသောမတော်တဆများနှင့် အန္တရာယ်များကဖြစ်နိုင်ချေ ပိုများလာလေဖြစ်သည်။

ကျန်းချန်ရွှမ်နှင့်အတူ အရိပ်ထဲတွင် ပုန်းကွယ်နေသော ကောင်းကင်သခင်များကလည်း သတိကပ်ထားကြသည်။

သူတို့သည် ရှန်းရူယန်၏ အတိဒုက္ခက လာတော့မည်ဖြစ်ကြောင်း သိနေကြသည်။

ထိုအချိန်တွင်။

ဟမ်?

ထိုအတွေးကသူတို့၏စိတ်ထဲဖြတ်သွားသည်နှင့်၊ သူတို့သည် လေထဲမှ အလွန်အင်အားကြီးသော ပုံရိပ်သုံးခုက ကျန်းနိုင်ငံနှင့် မိုင်ပေါင်း သုံးထောင်ခန့်တွင် ရုတ်တရက်ပေါ်လာခဲ့သည်ကို တွေ့ခဲ့ကြရသည်။

အဝါရောင်ဝတ်ရုံနှင့် လူကလွှမ်းမိုးနိုင်စွမ်းရှိကာ မြင့်မြတ်သည့်အသွင်အပြင်ရှိသည်။

အခြားတစ်ယောက်က အနက်ရောင်အရောင်မဲ့တာအိုဝတ်ရုံကိုဝတ်ထားကာ ပိန်သောမျက်နှာရှိကာ လျှို့ဝှက်သည့် အရောင်အဝါရှိသည်။

နောက်ဆုံးတစ်ယောက်မှာ ချပ်ဝတ်ဝတ်ဆင်ထားကာ နောက်ကျောတွင် ကြီးမားသည်လှံကိုသယ်ဆောင်ထားပြီး အလွန်ပြင်းထန်သည့် သတ်ဖြတ်ခြင်းအရောင်အဝါကို ထုတ်လွတ်နေသည်။

ထိုသုံးဦးသည် မဟာလင်းအင်ပါယာနန်းတော်မှ စတုထ္ထမင်းသား ရှောင်ရှန်းကျီ၊ ကောင်းကင်ဂိတ်ဝဂိုဏ်းမှ အကြီးအကဲဝူရှင်းနှင့် မဟာလင်းအင်ပါယာနန်းတော်မှ စစ်နတ်ဘုရား လော်ထျန်းပါ့ တို့ဖြစ်သည်။

သူတို့အား တွေ့လျှင်၊ ပုန်းကွယ်နေသည့် ကောင်းကင်သခင်လေးဦးက ချက်ချင်းမျက်မှောင် ကုပ်လိုက်ကြသည်။

ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များအနေဖြင့် ကျီယန်မီးတောက်နှင့်အခြားသူများက ထိုသုံးဦးအား သိကြသည်။

ထိုသုံးဦး၏စွမ်းအင်သည် သူတို့လေးဦးအောက်မလျော့ဘဲ သူတို့သည် အချို့ရှုထောင့်များမှကြည့်လျှင် သူတို့ထပ်ပင် အနည်းငယ်သာနေကြောင်းပြောလျှင် ချဲ့ကားရာမရောက်ပါ။

တစ်ဦးချင်းပြောရလျှင်၊ စတုတ္ထမင်းသား ရှောင်ရှန်းကျီပင်ဖြစ်သည်။

သူ၏အထက်နဂါးကျမ်းစာက အလွန်လေးနက်သည့် အဆင့်သို့ ကျင့်ကြံပြီးခဲ့ပြီးဖြစ်သည်ဟုဆိုကြသည်။

အကယ်၍ ကောင်းကင်သခင်ကျီယန်မီးတောက်သည် သူ၏ထိပ်ဆုံးအဆင့်တွင်ရှိနေသေးလျှင် သူသည် ရှောင်ရှန်းကျီနှင့် ရင်ဆိုင်နိုင်မည်ဖြစ်သည်။

သို့သော် ယခုအနေအထားနှင့် အင်အားများပေါင်းစည်းမှသာ လေးဦးစလုံးက ထိုပြိုင်ဖက်သုံးဦးကို ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။

သို့ရာတွင်၊ အကယ်၍ ကိစ္စများကထိုကဲ့သို့ဖြစ်လာသောကြောင့် မမျှော်လင့်ထားသော အခြေအနေ ထွက်ပေါ်လာခဲ့လျှင် သို့ အခြားဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ကရောက်လာခဲ့လျှင် သူတို့သည် အခြားအကူအညီရနိုင်လိမ့်မည်မဟုတ်ပါ။

“မျှော်လင့်ထားသလိုပဲ ဒါကဒဏ္ဍာရီလာ ရှေးဟောင်း စမ်းသပ်မြေပဲ။”

အဝေးတွင်၊

ရှောင်ရှန်းကျီနှင့် သူ၏အုပ်စုသည် အကြွင်းအကျန်ကမ္ဘာ၏ အလင်းနှင့် အရိပ်များက လေထဲတွင် ပေါ်လွင်နေသည်ကို ကြည့်ကာ တော်တော်ပင် တည်ငြိမ်သောအသံနှင့် ပြောနေကြသည်။

“အကယ်၍ ငါတို့ ဒီရှေးဟောင်းစမ်းသပ်မြေကို ရနိုင်ရင် ငါတို့ဂျူနီယာတွေကတော့ အနာဂတ်မှာ အချိန်အများကြီးချွေတာနိုင်မှာပဲ။”

ဒါအပြင်၊ ငါတို့ အဆင့်ဖြတ်ကျော်ဖို့တောင် သုံးနိုင်တယ်။ အလယ်ပိုင်းလွင်ပြင်ကို ဝိညာဉ်ဖွဲ့စည်းခြင်း ကောင်းကင်သခင်တွေအများကြီး ထွက်ပေါ်လာစေနိုင်တယ်။”

“ဒါဆို

ငါတို့ဒီရှေးဟောင်းစမ်းသပ်မြေကို ဘာပဲဖြစ်ဖြစ်ရအောင်ယူရမယ်။

ကျင့်ကြံသူတွေဘယ်လိုတားပါစေ ငါတို့ရအောင်ယူရမယ်။”

ဗိုလ်ချုပ်လော်ထျန်းပါးက အေးစက်သည့်အသံနှင့် ပြောလိုက်ကာ သူ၏မျက်လုံးတွင် ရက်စက်သောအ မူအရာများ ထွက်ပေါ်နေသည်။

သူ၏ပတ်ပတ်လည်တွင် သေစေနိုင်သည့် ရည်ရွယ်ချက်အရောင်အဝါက ရစ်ပတ်နေကာ ရှန်းရူယန်၏ ဂူပိတ်ကျင့်ကြံနေသည့် နေရာကို ဦးတည်၍ ပစ်လွတ်လိုက်သည်။

ဘွန်း….

ထိုအချိန်တွင်၊ များပြားသော ရေများက ထွက်ပေါ်လာခဲ့သည်။ လှိုင်းလုံးများကြားတွင် လော်ထျန်းပါ့၏ လွမ်းမိုးနိုင်သည့် အရောင်အဝါက တားဆီးခံလိုက်ရသည်။

ကောင်းကင်ထဲတွင် ကြီးမားသည့် မိုးချုန်းသံက ရုတ်တရက်ထွက်ပေါ်လာသည်။

မရေမတွက်နိုင်သည့် ဝိညာဉ်ချီက လေထဲတွင် လိမ့်တက်လာပြီး အမြန်ပင် ရေဝဲကိုဖွဲ့စည်းနေကာ နောက်ဆုံးတွင်ပေါက်ကွဲသွားသည်။

မိုင်တစ်ထောင်အကျော်အတွင်း အဆင့် ၁၂ တိုင်ဖွန်းက မြင့်တက်လာပုံရလေသည်။

ထိုအချိန်တွင်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင်ကျီယန်မီးတောက်၊ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း နှင့် ကောင်းကင်သခင်ရွှမ်းယန်သည် ရှောင်ရှန်းကျီနှင့်အခြားနှစ်ဦး၏ ဆန့်ကျင်ဘက်တွင် ပေါ်လာသည်။

ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်က ပြောလိုက်သည်။ “မိတ်ဆွေတို့ အဝေးကလာတဲ့ဧည့်သည်တွေ အနေနဲ့ ဒီလိုချဉ်းကပ်လာတာက နည်းနည်းမသင့်တော်ဘူးလို့မထင်ဘူးလား?”

သူ၏စကားများကိုကြားလျှင်၊ လော်ထျန်းပါ့သည် ပြန်၍မတုံ့ပြန်သော်လည်း သူ၏ထက်သည့် ဓားသွားကဲ့သို့အကြည့်များကို ပြင်လိုက်သည်။

တာအိုဝါဒီ ဝူရှင်းက ခက်ခဲနက်နဲသည့်အပြုံးက သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။

အခြားတစ်ဖက်တွင် စတုထ္ထမင်းသား ရှောင်ရှန်းကျီက ဖြည်းဖြည်းပြောလိုက်သည်။

“အကယ်၍ ကျုပ်မမှားရင် ခင်ဗျားတို့က မြောက်ပိုင်းက ကောင်းကင်သခင်လေးဦးဖြစ်ရမယ်။ ဟုတ်လား?

မမျှော်လင့်ထားပဲ ခင်ဗျားတို့လို ကောင်းကင်သခင်ကလည်း အခြေတည်ဝိညာဉ်ဂျူနီယာကို ထိပ်တိုက်တိုက်ခိုက်တာပဲ။

ပွင့်ပွင်းလင်းလင်းပြောရရင်၊ ကျုပ်တို့က ဒီရှေးဟောင်းစမ်းသပ်မြေနဲ့ ကြီးမားတဲ့ဝိညာဉ်ကျောက်တုံး မိုင်းတွင်းအတွက်လာခဲ့တာပါ။

အကယ်၍ ဒီနေရာရဲ့သခင်က သူ့အတွက် ကောင်းတာကိုသိပြီး ချက်ချင်းဖယ်ပေးပြီး ကျုပ်တို့ကို အားလုံးပေးမယ်ဆိုရင် ကျုပ်တို့က ကိစ္စတွေကိုခက်ခဲအောင်မလုပ်ပါဘူး။”

မဟုတ်ရင်တော့၊ ကျုပ်တို့က မြောက်ပိုင်းနယ်နိမိတ်ကို သွေးချောင်းစီးအောင်လုပ်ရတော့မှာပဲ။”

“ဘယ်လောက်မာနကြီးလိုက်လဲ။”

ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းက မနေနိုင်ဘဲ ဒေါသဖြင့် ရယ်မောလိုက်သည်။ အလယ်ပိုင်းဒေသမှ ကျင့်ကြံသူများ၏ ရဲတင်းမှုက သူတို့မြောက်ပိုင်းနယ်နိမိတ်တွင် လာ၍ကြွားလုံးထုတ်ကာ သူတို့၏ တားမြစ်ချက်ကို ချိုးဖောက်၍ လက်ခံနိုင်ဖွယ်မရှိသောတောင်းဆိုချက်ကို လုပ်နေကြသေးသည်။

သူတို့သည် ရှေးဟောင်းအကြွင်းအကျန်ကိုလိုချင်သည်သာမက ကြီးမားသော ဝိညာဉ်ကျောက်တုံး မိုင်းတွင်းကိုပါလိုချင်ပြီး ကျန်းမိသားစုကိုပင် ကျန်းနိုင်ငံမှ မောင်းထုတ်ချင်သေးသည်။

၎င်းသည် အလွန်ရယ်စရာကောင်းပါသည်။

သူတို့သည် ထိုတောင်းဆိုချက်ကို ဘယ်တော့မှ သဘောတူလိမ့်မည်မဟုတ်ဘဲ ကျန်းချန်ရွှမ်နှင့် သူ၏အဖော်များကလည်းအတူတူပင်ဖြစ်သည်။

မည်သည့်အချိန်က သူတို့၏မြောက်ပိုင်းနယ်နိမိတ်က ရတနာအား အလယ်ပိုင်းလွင်ပြင်မှလူများအား အလျော့ပေးရမည်နည်း?

“ဟမ်း…

ခင်ဗျားတို့က မြောက်ပိုင်းနယ်နိမိတ်ရဲ့ ကောင်းကင်သခင်တွေဆိုတိုင်း ကျုပ်တို့နဲ့ ညှိနှိုင်းလို့ရမယ်လို့ ထင်မနေနဲ့။”

လော်ထျန်းပါ့သည် ရုတ်တရက် အေးစက်စွာထေ့ငေါ့လိုက်သည်။

ခနအကြာတွင် ကြီးမားသောလှံကြီးက သူ၏နောက်မှထွက်လာပြီး စတင်၍ တုန်နေသည်။

ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းအရောင်အဝါက လိမ့်တက်လာကာ ကောင်းကင်သခင်ရုန်ဟန်ကျီရှန်းကို လွှမ်းမိုးသွားသည်။

“ဘယ်လောက်အတင့်ရဲလိုက်လဲ?” ကောင်းကင်သခင်ရုန်ဟန်ကျီရှန်း၏အမူအရာကပြောင်းလဲသွားသည်။ ခနအကြာတွင် ကြီးမားသည့် တောင်ကြီးက ရုတ်တရက် သူ၏ရှေ့တွင် ပေါ်လာသည်။

ဘွန်း…ဘွန်း….ဘွန်း….

လှံနှင့် တောင်တို့က ချက်ချင်းထောင်ချီရာချီအထိ တိုက်မိသွားကြသည်။ ထိုကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါက လောဟာနယ်ထဲတွင် အနက်ရောင် အက်ကွဲကြောင်းများကို ပွင့်သွားစေသည်။

မြေပေါ်တွင် ပွတ်တိုက်မှု၏အောက်တွင် ရုတ်တရက် နစ်မြုပ်သွားပြီး ပေပေါင်းတစ်ထောင်ထိ နစ်မြုပ်သွားကာ ကြောက်ရွံ့စရာကောင်းသော ကြီးမားသည့်ကျင်းကြီးဖြစ်သွားလေသည်။

နဂါးတစ်ကောင်က ထိုအထဲတွင် ဟိန်းနေသကဲ့သို့ဖြစ်ကာ ထိုမြင်ကွင်းကိုခံစားလိုက်ရသူတိုင်းအား မသိစိတ်မှကြောက်လန့်ခြင်းကိုတိုးလာစေသည်။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်၏ စွမ်းအားဖြစ်သည်။

သူတို့လှုပ်ရှားမှုပြုလုပ်လိုက်သည်နှင့် မိုင်ပေါင်းတစ်ထောင်အတွင်းနှင့် တစ်သောင်းအတွင်းရှိ သတ္တဝါများက ခံစားကြရပြီး ပတ်ဝန်းကျင်ရှိလေဟာနယ်ကပင် ပျက်စီးမှုဖြစ်နိုင်ချေရှိပါသည်။

၎င်းသည် နိုင်ငံတစ်ခုလုံး သို့ များစွာသောနိုင်ငံများကို အသက်မဲ့သည့် မြေများဖြစ်သွားနိုင်ချေရှိကာ ကျင့်ကြံနိုင်ရန် မဖြစ်နိုင်တော့ဘဲ သက်ရှိများနေထိုင်ရန်ပင် မသင့်တော်သည့် နေရာဖြစ်သွားနိုင်သည်။

ထို့ကြောင့်။

ရုန်ဟန်ကျီရှန်းနှင့် လော်ထျန်းပါ့တို့သည် သေချာစတင်၍ တိုက်ခိုက်မည့်အချိန်တွင် သူတို့သည် ကောင်းကင်ဘုံကိုးခုကန်းဖန်နယ်ပယ်သို့ မပြောဘဲသိသောနားလည်မှုဖြင့် ဝင်သွားကြသည်။

ရှင်းလင်းစွာပင်။

နှစ်ဦးလုံးသည် လုံးဝလိုအပ်သည့် အခြေအနေမဟုတ်သရွေ့ သူတို့သည် ထိုနိုင်ငံအား အသက်မဲ့သောမြေအဖြစ်သို့ ပြောင်းလဲပစ်ရန်မသင့်ပါ။

ထိုနည်းလမ်းဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များဖြစ်ခဲ့လျှင်ပင် နောက်ဆုံး၌ သည်းခံရမည့်ကံက သူတို့သည်းခံရန် ဆန္ဒမရှိသောအရာဖြစ်သည်။

ထိုအရာကိုမြင်လျှင်၊ ကျန်ရှိနေသော ကောင်းကင်သခင်ကျီယန်မီးတောက်၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် ကောင်းကင်သခင် ရွှမ်းယန်တို့က ရှောင်ရှန်းကျီ၊ တာအိုဝါဒီဝူရှင်းတို့နှင့် တိုက်ခိုက်ကြသည်။

ဘန်း…ဘန်း…ဘန်း…ဘန်း…..

လေထဲတွင်၊ ရွှေအမြုတေကျင့်ကြံသူများကိုပင် သတ်နိုင်သည့် အင်အားကြီးသောအသံများက ဆက်တိုက် ပဲ့တင်ထပ်နေပေသည်။

နောက်ဆုံးတွင် ပုံရိပ်ငါးခုက အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်ဘုံကိုးခုနယ်ပယ်ထဲသို့ ဝင်သွားကြသည်။

ကျန်းချန်ရွှမ်၏မျက်လုံးက လေးနက်နေသည်။

သူသည် ကောင်းကင်ဘုံကိုးခုနယ်ပယ်ဘက်သို့ ကြည့်ကာ အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

ရှင်းလင်းစွာပင်။

သူသည် ပြိုင်ဖက်များက ရှေးဟောင်းအကြွင်းအကျန် သို့ ရှောင်ရှန်းကျီတို့အုပ်စုပြောသည့် ရှေးဟောင်းစမ်းသပ်နယ်မြေကို ရယူရန်လာခြင်းဖြစ်သောကြောင့် သူတို့ သုံးဦးသာလာခြင်း မဟုတ်နိုင်ကြောင်းသတိပြုမိသည်။ သူတို့၏စစ်ကူရှိရမည်။

တကယ်ပင်။

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများသည် ကောင်းကင်ဘုံကိုးခုနယ်ပယ်ထဲ ဝင်သွားပြီးနောက် မကြာမီတွင် တူညီသောစွမ်းအားအရောင်အဝါရှိသည့် ပုံရိပ်နှစ်ခုကကျန်းချန်ရွှမ်၏ နတ်ဘုရားအာရုံတွင် ပေါ်လာခဲ့သည်။

တစ်ဦးသည် အသက်လေးဆယ်ခန့်ရှိပုံရသည့် တောက်ပသည့်အဝါရောင်တာအိုဝတ်ရုံနှင့် သက်ကြားအိုမုတ်ဆိတ်နှင့်လူဖြစ်သည်။

အခြားသူတစ်ဦးက သူ၏နောက်တွင် ဝိညာဉ်ချီများဖြင့်ရစ်ပတ်နေသော ရတနာဓားကို သယ်ဆောင်ထားကာ မယှဉ်နိုင်သော အရောင်အဝါကို ထုတ်လွတ်နေသည်။

သူတို့သည် အရှေ့ပိုင်းမှ မေပယ်ရွက်ဝါဂိုဏ်းမှ အကြီးအကဲ တာအိုဝါဒီအဝါရောင်ဆောင်းဦးနှင့် ဓားအလင်းရောင်ဂိုဏ်းမှ ဓားသခင် ဝူယိုဖြစ်သည်။

နှစ်ဦးစလုံးသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များဖြစ်ကြသည်။

သူတို့ပေါ်လာသည်နှင့် ကျန်းနိုင်ငံ၏ကောင်းကင်ပေါ်တွင် သိပ်သည်းသောတိမ်ထုများဖြစ်ပေါ်လာကာ ဓားအလင်းများသည်လည်း ဖြတ်သွားနေသည်။

ကြည့်ရသည်မှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရာတစ်ခုက ကောင်းကင်ပေါ်မှ ကျလာတော့မည့်ပုံအတိုင်းပင်။ တာအိုဝါဒီအဝါရောင်ဆောင်းဦးနှင့် ဓားသခင် ဝူယိုတို့က သူတို့ရှေ့တွင်ပေါ်လာသည့် ကျန်းချန်ရွှမ်အား ကြည့်လိုက်ကြသည်။

ဝူယိုက အေးစက်စွာပြောလိုက်သည်။

“မင်းကိုယ်မင်းဘယ်သူလို့ထင်နေလဲ? ငါတို့လမ်းကိုဘယ်လိုလုပ်လာပိတ်ရဲရတာလဲ?

ထွက်သွားစမ်း။”

သူ၏စကားလုံးများကျလာသည်နှင့် ပေတစ်ထောင်ခန့်ရှည်သောဓားအရိပ်က ဝူယို၏နောက်မှ ထွက်ပေါ်လာကာ ကျန်းချန်ရွှမ်ဆီသို့အလွန်ကျယ်လောင်သည့်ဟိန်းသံနှင့် ဦးတည်သွားနေသည်။

ထိုရှိန်လောက်သည့် အင်အားက ကျန်းချန်ရွှမ်အား ဘာမှမရှိတော့သည်အထိ ရှင်းပစ်နိုင်သည့်ရည်ရွယ်ချက်ရှိပုံရသည်။

ဘွန်း…

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်ဆီမှ အရောင်များစွာထွက်နေသည့်အလင်းစက်ဝန်းက လင်းလက်လာသည်။

၎င်းသည် သူ၏မူလနတ်ဘုရားစွမ်းအားဖြစ်သည့် ဓာတ်ငါးပါးအလင်းစက်ဝန်းဖြစ်သည်။

ရွှစ်…ရွှစ်….

ထို ပေတစ်ထောင်ရှည်သည့်ဓားအရိပ်က ဓားငါးပါးအလင်းစက်ဝန်းကိုထိုးလိုက်သည်။ သို့သော် ဖောက်ဝင်သွားရမည့်အစား မီးပွားများဖြင့်တစ်လက်လက်တောက်ပသွားလေသည်။

“ဘာ?”

ထိုမြင်ကွင်းက ဝူယိုနှင့် အဝါရောင်ဆောင်းဦးအား အံ့ဩသွားစေသည်။

သူတို့သည် မြောက်ပိုင်းနယ်နိမိတ်၌ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်၏အစွမ်းကုန်တိုက်ခိုက်မှုအား သူ၏အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံခြင်းနှင့်ပင် တားဆီးနိုင်သည့် တစ်စုံတစ်ဦးရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပါ။

ကျန်းချန်ရွှမ်၏နောက်ခံက ဘာဖြစ်မည်နည်း?

နှစ်ဦးသားသည် ထိတ်လန့်သွားသော်လည်း သူတို့သည် သေချာစုံစမ်းရန် ရည်ရွယ်ချက်မရှိကြပေ။

အဆုံးတွင် သူက အခြေတည်ဝိညာဉ်ကျင့်ကြံသူသာဖြစ်နေသေးသည်။

အကယ်၍ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အဝင်ဝသို့ လမ်းတစ်ဝက်ရောက်နေပြီဆိုလျှင်ပင် သူတို့၏မျက်လုံးထဲ၌ သူသည် ပုရွက်ဆိတ်ကဲ့သို့ အရေးကြီးခြင်းမရှိသေးပါ။

ကျီ…

ထိုအချိန်တွင်။

ကြီးမားသည့် အဝါရောင်ဘူးသီးကြီးက အဝါရောင်ဆောင်းဦး၏ရှေ့တွင် ပေါ်လာခဲ့သည်။

ဘူးသီး၏ပါးစပ်ကပွင့်လာကာ လေဆာကဲ့သို့အလင်းတန်းများထုတ်လွတ်နေတော့သည်။

ခီ…ခီ….ခီ….ခီ

ထိုအလင်းတန်းများက လေဟာနယ်ကိုဖြတ်သွားကာ လေထဲတွင် အက်ကွဲကြောင်းများကို ဖန်တီးလိုက်သည်။

ကျန်းချန်ရွှမ်၏ ဓာတ်ငါးပါးအလင်းစက်ဝန်းက တိုက်ခိုက်မိသောအခါ ပြင်းထန်စွာတုန်ရီသွားခဲ့ပြီး အနီ၊ အစိမ်း၊ အဝါ နှင့် အပြာရောင်အလင်းများက မတည်ငြိမ်ဘဲ တစ်လက်လက်ဖြစ်နေသည်။

ထိုအလင်းစက်ဝန်းက တိမ်ဝင်တော့မည့်ပုံရသည့်အချိန်တွင် ဝူယိုက တဖြည်းဖြည်းနှင့် သူ၏ရတနာဓားကို သူ၏နောက်မှ ဆွဲထုတ်လိုက်ပြီး သူ၏မျက်စိထဲတွင် ဓားအရိပ်က လင်းလက်သွားသည်။

ရွှမ်းခနဲမြည်အောင်ဝေ့ယမ်းလိုက်သည်။

လွှဲလိုက်သောဓား၏အလင်းက နဂါးကို ဆင်တူကာ ကျန်းချန်ရွှမ်၏ ငါးရောင်ခြယ်အလင်းစက်ဝန်း ပေါ်သို့ ကျရောက်သွားသည်။

***

All Chapters