← Chapters

နှစ်ယောက်တစ်ယောက်၊ ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်

Vol. 33 Ch. 629

နှစ်ယောက်တစ်ယောက်၊ ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်

Vol. 33 Ch. 629

ခွပ်

သတ္တုအချင်းချင်းရိုက်မိသွားသောအသံက လေထဲတွင်ပဲ့တင်ထပ်သွားသည်။

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၏ ပူးပေါင်းတိုက်ခိုက်မှုအောက်တွင် ၊ကျန်းချန်ရွှမ်၏ ဓာတ်ငါးပါးအလင်းစက်ဝန်းက နောက်ဆုံးတွင်မခံနိုင်တော့ပဲ အလင်းအမှုန်များဖြစ်ကာ ပပျောက်သွားသည်။

သို့သော်ထိုအချိန်တွင် လေဟာနယ်ထဲတွင် ကလန်ဟူသောအသံမြည်သွားကာ သဟဇာတဖြစ်သည့် အသံအဖြစ် ပေါင်းသွားသည်။

ကျန်းချန်ရွှမ်၏ ပတ်လည်၌ အစိမ်းရောင်တောက်ပနေသည့် ဓားရှည် ၆လက်ကပျံသန်းနေသည့် အစိမ်းရောင်ဝတ်ရုံနှင့် ဧကရာဇ်ပုံရိပ်နှင့်အတူပေါ်လာခဲ့သည်။

ခနအကြာတွင်၊ အစိမ်းရောင်ဓားအလင်း ၆ လက်က အဆုံးမရှိသော ဓားအလင်းကိုထုတ်လွတ်လာကာ သေခြင်းနှင့်ရှင်ခြင်း ကံတူအကျိုးပေးသည့် အရောင်အဝါကိုသည်းခံပြီး အဝါရောင်သစ်ရွက်နှင့် နှင့်ဝူယိုတို့ဆီသို့ဦးတည်ကာ ပစ်လွတ်လိုက်လေတော့သည်။

“အတင့်ရဲလှချည်လား။”

ကျန်းချန်ရွှမ်ကတိုက်ခိုက်လာသည်ကို အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့ကမြင်လျှင် မရှင်းပြနိုင်သော ခံစားချက်များက သူတို့ထဲ၌ ဖြစ်ပေါ်လာသည်ကိုခံစားလိုက်ရသည်။

ဘယ်လောက်ကြာခဲ့ပြီလဲ?

နှစ်ထောင်ပေါင်းချီပြီးမှ ပထမဦးဆုံးအကြိမ်အဖြစ် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးက အခြေတည်ဝိညာဉ်ကျင့်ကြံသူနှစ်ဦးကို ဓားထုတ်ရဲခြင်းပင်ဖြစ်သည်။

!!

ဘွန်း..

ကြောက်ရွံ့ဖွယ်ကောင်းသောအရောင်အဝါက သူတို့၏ခန္ဓာကိုယ်တွင်ထွက်ပေါ်လာကာ သူတို့၏နောက်တွင် မြင့်မြတ်ကြီးကျယ်သော ဧရာမပုံရိပ်နှစ်ခုကပေါ်လာသည်။

တစ်ဦးသည် ဂရုမစိုက်သည့်အမူအရာနှင့် အဝါရောင်ဘူးသီးကိုကိုင်ထားကာ အခြားတစ်ဦးက ဓားရှည်တစ်ခုကို ကိုင်ထားပြီး သေခြင်းအရောင်အဝါကို ထုတ်လွတ်နေသည်။

တုံ့ဆိုင်းခြင်းမရှိဘဲ၊ သူတို့သည် ထိုရတနာများကိုပြင်းထန်စွာ လွှဲပစ်လိုက်ကြသည်။

ဘွန်း..

ချက်ချင်းပင် အပြာရောင်အလင်းစက်ဝိုင်းက လေထဲတွင် နျူကလီးပေါက်ကွဲသကဲ့သို့ ပုံစံဖြစ်ကာ ဦးတည်ချက်အမျိုးမျိုးသို့ ပျံ့နှံ့သွားသည်။

အချို့က အနည်းငယ်အက်ကွဲသွားသောအသံကို ကြားလိုက်ရသည်။

ချက်ချင်းပင် ရှိနေသောလူတိုင်းသည် သူတို့၏တိုက်ခိုက်မှုအလယ်တည့်တည့်တွင် လေဟာနယ်က မှန်ကဲ့သို့ကွဲကြေသွားကာ ပြိုကျနေသောကျင်းတစ်ခုကဲ့သို့ဖြစ်နေကြောင်း ကို ထိတ်လန့်စွာ တွေ့ခဲ့ရသည်။

ဖရိုဖရဲဖြစ်ကာ အစီအစဉ်မကျသောအရောင်အဝါက ထိုနေရာမှ ကျနေသည်။

ကောင်းကင်နှင့်မြေကြီးက မကြာမီတွင် ပြန်ပြင်မည်ဆိုသော်လည်း ကြည့်ရှုနေသူများအား အချိန်အကြာကြီးရပ်သွားစေသည်အထိ ထိတ်လန့်သွားစေသည်။

သူတို့သည် ဘယ်အရာကို မြင်လိုက်ရပါသနည်း?

အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးက ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်နှစ်ဦး၏ တိုက်ခိုက်မှုကို ခုခံနေခဲ့သည်။

၎င်းသည် သူတို့၏လောကကြီးအပေါ်နားလည်မှုကိုပင် ဆန့်ကျင်နေသည်။

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့သည်ပင် မယုံကြည်နိုင်သည့်အမူအရာများဖြစ်နေကြပေသည်။

ထိုလူငယ်လေး၏စွမ်းအားက မည်ကဲ့သို့ အလွန်ရှိန်လောက်စရာဖြစ်နေရပါသနည်း?

မသိစိတ်မှ ထိုနှစ်ဦးသည်အကြည့်ဖလှယ်လိုက်ကြကာ အချင်းချင်း၏မျက်လုံးထဲတွင် မရပ်တန့်နိုင်သည့် သတ်ဖြတ်ခြင်းရည်ရွယ်ချက်များကို တွေ့မြင်နေကြသည်။

ထိုကဲ့သို့သော ကျင့်ကြံသူအား အသက်ရှင်ခွင့်ပေး၍ မဖြစ်ပါ။

အကယ်၍ သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ဖြတ်ကျော်နိုင်ခဲလျှင် သူတို့ဘာဖြစ်သွားမည်နည်း?

သူသည် အလွယ်တစ်ကူ ရှုံးနိမ့်စေနိုင်ကာ မိနစ်ပိုင်းအတွင်း၌ သတ်ပစ်လိုက်နိုင်ပေသည်။

ထို့ကြောင့်၊

သူတို့၏မစ်ရှင်နှင့် သူတို့ကိုယ်တိုင်အတွက် ကျန်းချန်ရွှမ်က ယနေ့တွင် သေရမည်။

ထိုသို့တွေးကာ အဝါရောင်ဆောင်းဦးနှင့် ဝူယိုက နောက်မဆုတ်တော့ပါ။

သူတို့၏ပုံရိပ်က ဝါးသွားသည်။

ခနအကြာတွင်၊

ကျန်းချန်ရွှမ်၏ရှေ့တည့်တည်တွင် ရုတ်ခြည်းထလာသောငွေရောင်အလင်းနှင့် နဂါးပုံစံဓားအရိပ်က ပေါ်လာခဲ့သည်။

ခီ..ခီ…ခီ..ခီ….

ရုတ်ခြည်းထွက်ပေါ်လာသည့် ငွေရောင်အလင်း၏မျက်နှာပြင်တွင် မရေတွက်နိုင်သည့် ငွေရောင်ချည်မျှင်များက ထွက်လာကာ ထက်သည့်အပ်များအဖြစ်သို့ ပြောင်းလဲသွားပြီး ကျန်းချန်ရွှမ်အား နာကျင်စေခဲ့သည်။

တစ်ချိန်တည်းမှာပင်။

နဂါးပုံစံဓားက လောကနှင့်အတူပေါ်ထွက်လာပုံရလေသည်။

အစ၌ သူသည် တည်ရှိမှုကို မပြဘဲ ကျန်းချန်ရွှမ်နောက်တွင်ပေါ်ထွက်လာမှသာ ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်းရည်ရွယ်ချက်များဖြင့် ပေါက်ထွက်လာခဲ့သည်။

ချက်ချင်းပင်၊ ကျန်းချန်ရွှမ်က သူ၏နတ်ဘုရားအာရုံက သတိပေးရန်အော်နေခဲ့သည်ကို ခံစားလိုက်ရသည်။

သူ၏ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုလုံးက အပ်များဖြင့် ထိုးနေသလိုခံစားနေရကာ ချက်ချင်းပင် သေခြင်းအန္တရာယ်ကို ရင်ဆိုင်နေရသလိုဖြစ်နေသည်။

“အား….”

ကျန်းချန်ရွှမ်က ရုတ်တရက် အလွန်ကျယ်လောင်စွာ အော်လိုက်သည်။

ခနအကြာတွင် သူ၏ပုံရိပ်က အမြင့်သို့ပျံတက်သွားသည်။

၁၀ ပေ၊ ပေ ၃၀၊ ပေ ၅၀၊ ပေ ၈၀…..

ပေ ၈၀ သို့ရောက်လျှင် သူ၏ချီနှင့် သွေးများက သူ၏ပတ်လည်တွင် လိမ့်တက်နေကာ မီးလျံကဲ့သို့ တက်လောင်နေပြီး လွမ်းမိုးနိုင်သော အရောင်အဝါက ထွက်ပေါ်နေသည်။

သူ၏နောက်တွင် နဂါးနှင့် ဆင်တို့၏အရောင်အဝါပုံရိပ်ယောင်များက ပေါ်လာကာ ကောင်းကင်သို့ ဦးတည်ကာ ခေါင်းမော့ကြည့်လိုက်ပြီး ကျယ်လောင်သော နဂါးဟိန်းသံနှင့် ဆင်တို့၏အော်သံများကို ထုတ်လွတ်နေသည်။

ကြောက်မက်ဖွယ်စွမ်းအင်က တစ်ဆင့်ထပ်တစ်ဆင့် မြင့်လာလျှင် သူ၏လက်မောင်းထဲ ရောက်လာလေသည်။

ဘွန်း…

ဒုံးကျည်ပေါက်ကွဲခြင်းနှင့်တူသော လက်သီးတစ်ခုသည် ထွက်ပေါ်လာခဲ့သည်။

ဘန်း…ဘန်း…ဘန်း….

ချက်ချင်းပင် မရေတွက်နိုင်သည့် လေထဲရှိ ငွေရောင်ချည်မျှင်များက ကျန်းချန်ရွှမ်၏ရှိန်လောက်သော လက်သီးချက်မှ ဘာမှမရှိတော့အောင် ချေမွခံလိုက်ရသည်။

လေထဲရှိ နဂါးပုံစံဓားအရိပ်က ပြင်းထန်စွာတွန့်လိမ်သွားသည်။

သူသည် ထိုတိုက်ခိုက်မှုကို တားဆီးမည့်အချိန်တွင် ကျန်ရှိနေသော သူ့အားဦးတည်နေသည့် ငွေရောင်ချည်မျှင်က ရုတ်တရက် တွန့်လိမ့်သွားသည်။

တိုက်ခိုက်မှုမှလွဲ၍ ၎င်းတို့သည်ပုံရိပ်ယောင်အဖြစ်သို့ ပြောင်းလဲသွားပြီး မပျက်စီးဘဲကျန်ခဲ့သည်။

ကျန်းချန်ရွှမ်က မတုံ့ပြန်နိုင်သေးမီတွင် သူသည် ရုတ်တရက် သူ၏ရင်ဘတ်တွင် စူးသွားသည့် နာကျင်မှုကို ခံစားလိုက်ရသည်။

အောက်သို့ကြည့်လိုက်ရာ သူသည် တစ်ဒါဇင်ခန့် (သို့) ထိုထပ်ပိုသည့် ငွေရောင်အပ်ချည်များက သူ၏ရင်ဘတ်ကိုထိုးနေသည်ကို တွေ့လိုက်ရသည်။

ပေါ့….

တစ်ချိန်တည်းမှာပင်။

တစ်ချိန်တည်းမှာပင်၊ ရက်စက်သည့် ဓားအလင်းများက နတ်ဘုရားအာရုံနှင့် ခြေရာမခံနိုင်သော ထောင့်မှ ရွှေ့လျားနေပြီး ကျန်းချန်ရွှမ်၏နောက်မှ ဖြတ်လိုက်တော့သည်။

၎င်းသည် သူ၏ဘယ်ဖက်ပုခုံးမှ ညာဖက်နံရိုးထိဝင်သွားကာ အလွန်ရက်စက်ကာ ကောက်ကျစ်သည်။

ရှင်းလင်းနေသည်မှာ ထိုဓားတိုက်ခိုက်မှုက ကျန်းချန်ရွှမ်၏အရိုးများကို နှစ်ပိုင်းပြတ်သွားမည် နီးပါးပင် ဖြစ်ကာ အရိုးပေါ်တွင် ရွှေရောင်အလင်းနှင့် တလက်လက်ဖြစ်နေသော အက်ကွဲရာများကို ချန်ခဲ့လေသည်။

အရေးအကြီးဆုံးသောအချက်မှာ ထိုအက်ကွဲကြောင်းများက ဝိညာဉ်ချီပျက်စီးခြင်းကို တာရှည်ဖြစ်စေကာ ကျန်းချန်ရွှမ်၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုနှင့်ပင် မခံနိုင်လောက်အောင်ပြင်းထန်ကာ အထူးရတနာမရှိဘဲ ကုသရန်မဖြစ်နိုင်ပါ။

ထိုတိုက်ပွဲသည် ကျန်းချန်ရွှမ်အခြေတည်ဝိညာဉ်သို့ရောက်ပြီး ဒဏ်ရာအများဆုံးရသော တိုက်ပွဲဟုပြောနိုင်သည်။

သူ၏အရောင်အဝါသည် အားအင်ကုန်ခမ်းနေကာ သူ၏ပတ်လည်မှ ဝိညာဉ်ဖိအားများသည်ပင် စတင်၍ မတည်ငြိမ်တော့ဘဲ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်မှ ကျဆင်းနိုင်သည့်လက္ခဏာများ ပြနေသည်။

“ဟမ်..”

သူ၏မျက်နှာခြင်းဆိုင်မှ အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့က သူတို့၏မျက်နှာများတွင် အံ့ဩသော အမူအရာများဖြစ်နေကြသည်။

သူတို့သည် နှစ်ဦးလုံး၏တိုက်ခိုက်မှုကို ခံပြီးသော်လည်း ထိုအခြေတည်ဝိညာဉ်ကျင့်ကြံသူက အသက်ရှင်နေသေးမည်ဟု မမျှော်လင့်ခဲ့မိပါ။

အရေးကြီးသည့်အချက်မှာ သူတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသုံးသည့် ထူးခြားသည့်စွမ်းရည်များကိုသာသုံးထားခြင်းဖြစ်ကာ အထူးသဖြင့် နေရာလပ်စည်းမျဉ်းများကို ကိုင်တွယ်ထားခြင်းဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်မလုပ်နိုင်သောအရာဖြစ်သည်။

သူ၏ရှိန်လောက်သောအင်အား၊ ပြင်းထန်သောတိုက်ခိုက်မှုနှင့် မယှဉ်နိုင်သောခုခံမှုများမှလွှဲ၍ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသည် နေရာလပ်စည်းမျဉ်းများကို ဖမ်းဆုပ်နိုင်ကြပြီး သူ၏တိုက်ခိုက်မှုနှင့် ခုခံမှုများအားလုံးသည် သက်ရောက်မှုမရှိနိုင်ပေ။

ထိုနေရာလပ်စည်းမျဉ်း၏အောက်တွင် တိုက်ခိုက်၍မရ တားဆီး၍မရခြင်းသည် ရှုံးနိမ့်ရခြင်း၏အဓိကအကြောင်းအရင်းဖြစ်သည်။

၎င်းသည် ကျန်းချန်ရွှမ်က သူ၏အားအကုန်သုံးထားပြီးဖြစ်သည့်သက်သေဖြစ်သည်။ သို့သော် သူခြေရာမခံနိုင်သော၊ မခုခံနိုင်သောတိုက်ခိုက်မှုအချို့ကလည်းရှိနေပါသေးသည်။

အထူးသဖြင့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် နှစ်ဦးအား ရင်ဆိုင်ရသည့်အချိန်တွင်ဖြစ်သည်။

အကယ်၍ တစ်ဦးတည်းသာဆိုလျှင် ကျန်းချန်ရွမ်သည် သူ၏အဆုံးမဲ့စွမ်းအား၊ အရှိန်နှင့် တုံ့ပြန်နိုင်စွမ်းတို့ဖြင့် ပြန်လည်တိုက်ခိုက်နိုင်မည်မှာ ဖြစ်နိုင်သေးကာ ရှုံးနိမ့်စေနိုင်ပေသေးသည်။

သို့သော် အရေအတွက်က နှစ်ယောက်ဖြစ်နေသောကြောင့်၊

အကယ်၍ သူ၌ထိုနှစ်ဦးထပ်ပိုသော အင်အားနှင့်အရှိန် ရှိနိုင်သော်လည်း အသုံးမဝင်ပါ။

သူတို့၏ပူးပေါင်းတိုက်ခိုက်မှုအောက်တွင်၊ ချိန်းခြောက်မှုတစ်ခုပြုလုပ်နိုင်ဖို့ရန် အလွန်ခက်ခဲနေသည်။

၎င်းသည်သူ၌ နေရာလပ်စည်းမျဉ်းများကို ကန့်သတ်နိုင်သည့်စွမ်းအားမရှိသရွေ့ဖြစ်သည်။

သူ၏အောင်မြင်ခြင်းကဒ်အားလုံးကို ပေါင်းလိုက်ခြင်းဖြင့် သူသည် စစ်မှန်သောချိန်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကာ ထိုနှစ်ဦးကို ပြင်းထန်စွာဒဏ်ရာရစေနိုင်လိမ့်မည်။

ထိုအတွေးဖြင့် ကျန်းချန်ရွှမ်၏မျက်လုံးထဲတွင် ဆုံးဖြတ်ချက်တစ်ခုက ဖြတ်ပြေးသွားသည်။

ကျန်းချန်ရွှမ်၏ရှေ့တွင်ရုတ်တရက် ယင်ယန်နတ်ဘုရားကျောက်တုံးမှ အပြာရောင်ရေတစ်စက်က ပေါ်လာခဲ့ပြီးလည်ပင်းမှချိတ်ဆွဲကာ သူ့အားဝါးမြိုသွားသည်။

ချက်ချင်းပင်၊ ချီ၊ သွေးနှင့် ဓမ္မစွမ်းအင်များလျော့နည်းလာခြင်း၊ အပါအဝင် ကျန်းချန်ရွှမ်၏ ဒဏ်ရာများက ပြန်လည်၍ ကောင်းမွန်လာသည်။

ခွပ်….

သူ၏အရိုးများသည် ယခင်အတိုင်းပြန်ဖြစ်သွားကာ သူ၏အတွင်းအင်္ဂါများ၊ ဓမ္မစွမ်းအင်များနှင့် မူလအခြေခံများကချက်ချင်း ပြုပြင်ပြီးသားဖြစ်သွားခဲ့သည်။

သူသည် ပြောင်းလဲမှု၏အောက်တွင် လုံးဝပြန်လည်ရှင်သန်တက်ကြွလာပုံရလေသည်။

ထိုမြင်ကွင်းသည် အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၏မျက်စိသူငယ်အိမ်များကို ကျယ်သွားစေသည်။

ကျန်းချန်ရွှမ်ကမည်သည်ကို စားသုံးလိုက်ပါသနည်း?

၎င်းသည် တကယ်ပင် သူ့အား ဒဏ်ရာအားလုံးမှ ချက်ချင်းပြန်လည် သက်သာလာစေသည်။

အကယ်၍ သူတို့သည် ထိုရတနာမျိုးကိုပိုင်ဆိုင်နိုင်ခဲ့ပါက…

ထိုအချိန်တွင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်သည့် အဝါရောင်ဆောင်းဦးနှင့်ဝူယိုတို့သည် သူတို့အထဲမှ ထွက်ပေါ်လာသည့် လောဘစိတ်အား မထိန်းသိမ်းနိုင်တော့ပေ။

သူတို့၏ ကျန်းချန်ရွှမ်အား ကြည့်သည့်အကြည့်များက ရုတ်တရက် ပြင်းထန်လာသည်။

ကျန်းချန်ရွှမ်က သူတို့၏အတွေးများကို ဂရုမစိုက်သည်မှာ သေချာပါသည်။

သူသည် သူ၏လက်ကိုမြောက်ကာ ဆွဲလိုက်သည်။

ကျီဟူသောအသံမြည်သွားခဲ့သည်။

သူ၏လက်ထဲတွင် အစီအရင်ချပ်ပြားဝိုင်းက ရုတ်တရက်ပေါ်လာခဲ့သည်။

ထိုပြိုင်ဖက်နှစ်ဦး၏တုံ့ပြန်မှုကိုမစောင့်တော့ဘဲ ကျန်းချန်ရွှမ်က ချက်ချင်းထိုအစီအရင်ချပ်ပြားဝိုင်းကို ဖွင့်လိုက်သည်။

ဘွန်း…

ချက်ချင်းပင်၊ ထိုသုံးဦး၏ပတ်ပတ်လည်တွင် မတူညီသောအရောင်များဖြင့် အလင်းတိုင်ရှစ်ခု ပေါ်လာကာ ထိုလောကအစိတ်အပိုင်းတစ်ခုကို လုံးဝစည်းချလိုက်ပုံရလေသည်။

၎င်းသည် ကျန်းချန်ရွှမ်က စနစ်မှရထားသည့် ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင် ချပ်ပြားဝိုင်းဖြစ်သည်။

ထိုအစီအရင်ချပ်ပြားဝိုင်းက ထိုဧရိယာကို စည်းချထားရာ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများ ဖြစ်သည့် အဝါရောင်ဆောင်းဦးနှင့်ဝူယိုတို့သည်ပင် ကောင်းကင်နှင့်မြေကြီး၏ဆွဲအားကိုအသုံးမချနိုင်တော့ဘဲ နေရာလပ်စွမ်းအားကိုလည်းမသုံးနိုင်တော့ပါ။

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့သည် ထိုမူမမှန်မှုကိုအာရုံခံမိပြီး သူတို့၏အမူအရာများက အနည်းငယ်ပြောင်းလဲသွားသည်။

“ကောင်လေး၊ မင်း…”

ဘွန်း….

သူတို့သည် စကားကိုပြီးဆုံးအောင် မပြောရသေးမှီ ကျန်းချန်ရွှမ်သည် ဆယ်ဆဆေးလုံးကို စားသုံးလိုက်ပေသည်။

သူ၏အရောင်အဝါက မီးတောင်ပေါက်ကွဲသကဲ့သို့ ပေါက်ကွဲထွက်လာသည်။

ပြင်းထန်ကာ ကြောက်မက်ဖွယ်ကောင်းသည်။

“ဒီတစ်ခါ ငါ့ကိုတားဖို့ မင်းတို့ဘာနည်းလမ်းသုံးမလဲဆိုတာ တွေ့ချင်သေးတယ်။”

ဘန်း….

သူသည် ချက်ချင်းပင် သူ၏ပုံရိပ်ကို မူလနေရာတွင် ကြာရှည်စွာချန်ထားခဲ့ကာ ပျောက်ကွယ်သွားသည်။

ပြီးနောက်၊ အကာအကွယ်ဝိညာဉ်အလင်းက အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့နှစ်ဦးတွင် တစ်လက်လက် ဖြစ်လာခဲ့သည်။ သူတို့၏ ပုံရိပ်များအား ရက်စက်ကြမ်းကြုတ်သော အဆင့်မြင့်တိုက်ခိုက်မှုများက သူတို့အားဆက်တိုက် နောက်ဆုတ်ရစေရန်လုပ်နေသည်။

ဘန်း….ဘန်း…ဘန်း…ဘန်း….

လေထဲတွင်၊ ပေါက်ကွဲမှုများဆက်တိုက်ဖြစ်ပေါ်နေသည်။

ရုတ်တရက်၊ အဖြူနှင့် ရွှေရောင်မီးတောက်များသည် တောက်ပကာ တိုက်နေကြသည်၊ ပြိုကွဲကာ ပြင်းထန်သည့် စွမ်းအားကြီးသောဖျက်ဆီးခြင်းအရောင်အဝါများကို ထုတ်လွတ်နေကြပြီး အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့အားဦးတည်၍ တည့်တည့်ပစ်လွတ်နေလေသည်။

“သေစမ်း။”

သူတို့သည် ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုမှ ပျက်စီးခြင်းကို အများအပြား မထိခိုက်သော်လည်း အရှက်ကွဲမှုကိုခံစားနေရလေသည်။

သူတို့သည် အဆုံး၌ ဂုဏ်ကျက်သရေရှိသည့် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူများဖြစ်ကြသည်။

သို့သော်လည်း နောက်ဆုံးတွင်?

သို့ရာတွင်၊ သူတို့သည် တုန်လှုပ်မှုနှင့် ဒေါသများမှ ပြန်မထွက်လာနိုင်သေးဘဲ တစ်ချိန်တည်းမှာပင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် အရောင်အဝါက သူတို့ဆီသို့အမြန် ချည်းကပ်လာနေသည်ကို အာရုံခံလိုက်ရသည်။

***

All Chapters