← Chapters

နေသုံးစင်းဂိုဏ်းမှ ကောင်းကင်သခင်ရှောက်ယန်

Vol. 33 Ch. 630

နေသုံးစင်းဂိုဏ်းမှ ကောင်းကင်သခင်ရှောက်ယန်

Vol. 33 Ch. 630

“ဒါကဘာလဲ?”

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့သည် ချိန်းခြောက်နိုင်သည့် အရောင်အဝါက မီးတောက်များမှတဆင့် ထွက်လာနေသည်ကို အာရုံခံမိသည်နှင့် အမူအရာက အနည်းငယ်ပြောင်းလဲသွားခဲ့သည်။

တုံ့ဆိုင်းခြင်းမရှိဘဲ၊ သူတို့နှစ်ဦးစလုံးသည် သူတို့၏ခုခံမှုကို ပြင်ဆင်တော့သည်။

အဝါရောင်ဆောင်းဦး၏ရှေ့တွင် မြေဓာတ်ဖြင့်လုပ်ထားသော ဘီလူးတစ်ကောင် ပေါ်လာသည်။

တစ်ချိန်တည်း၌ပင်၊

ဝူယိုက သတ္တုအရောင်လက်နေသော အဝိုင်းပုံဒိုင်းတစ်ခုကိုထုတ်လိုက်သည်။

ထိုဒိုင်းပေါ်တွင် ထူးဆန်းသည့် ဖားလောင်းပုံစံထွင်းထားသောစာများက ငွေဖြူရောင်အလင်းများဖြင့် လင်းနေသည်။

ထိုနေရာတွင် ပေါက်ကွဲသံများဆက်တိုက်မြည်နေသည်။

ပြင်းထန်စွာတောက်လောင်နေသည့် မီးတောက်၏အောက်တွင် အဝါရောင်ဆောင်းဦး ဆင့်ခေါ်ထားသည့် မြေဓာတ်ဘီလူးက အနောက်သို့လှည့်ထားပြီး မီးခိုးများကိုထုတ်လွတ်နေကာ ထိုခနတွင် ဖုန်များဖြင့် တစ်စစပြိုကျပျက်စိးနေသည်။

မီးလှိုင်းတိုက်ခိုက်မှုအောက်တွင်၊ တောက်ပနေသည့် ထွင်းစာများက ပျောက်ကွယ်သွားကာ ထိုဒိုင်းကာ၏ အလင်းက လျှင်မြန်စွာမှေးမှိန်လာသည်။

တူညီစွာပင်၊ ထိုစက်ဝိုင်းပုံစံဒိုင်းသည် ကြာကြာမခံနိုင်တော့ဘဲ မြည်တမ်းကာ ဝူယို၏လက်ထဲသို့ ပြန်သွားခဲ့သည်။

ထိုအချိန်တွင်ပင် သာမန်ထပ်ပိုသည့် ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းက ကျန်းချန်ရွှမ်၏ရှေ့ လေဟာနယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့သည် ရွှေရောင်ဓားတစ်လက်က လေဟာနယ်ထဲမှ ဖြတ်ထွက်လာကာ သူတို့ဆီသို့ဦးတည်ကာဆင်းလာကြောင်း ထိတ်လန့်စွာတွေ့လိုက်ရသည်။

“ဒါ…ဒါက?

အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာပဲ။”

နှစ်ဦးလုံး နောက်သို့ဆုတ်သွားကြသည်။

သူတို့သည် ကျန်းချန်ရွှမ်က အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူဖြစ်ကာ ထိုကဲ့သို့ အဆင့်မြင့် ရတနာဖြစ်သည့် သန့်စင်သောယန်စစ်မှန်ရတနာကိုပိုင်ဆိုင်လိမ့်မည်ကို မမျှော်လင့်ထားခဲ့ပါ။

သိထားရမည်မှာ၊ သူတို့သည်ပင် အဆင့် ၆ သန့်စင်သောယန်စစ်မှန်ရတနာကို မပိုင်ဆိုင်ထားပေ။

သူတို့၏ပိုင်ဆိုင်မှုသည်ပင် အတုအယောင် အဆင့် (၆)နီးပါးရှိသော ယန်စစ်မှန်ရတနာပင်ဖြစ်သည်။

ကျန်းချန်ရွှမ်က မည်ကဲ့သို့ ပိုင်ဆိုင်ထားရပါသနည်း?

ထိုအချိန်တွင်၊ အဝါရောင်ဆောင်းဦးနှင့် ဝူယိုက မညီမျှမှုကိုခံစားလိုက်ရသည်။

သို့ရာတွင်၊ မည်သို့ မခံမရပ်နိုင်ဖြစ်ခြင်းမျိုးကို ခံစားရပါစေ၊ သူတို့သည် အဆင့် (၆) ယန်စစ်မှန်ရတနာ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရာ၌ ဂရုမစိုက်ဘဲ မနေနိုင်ပါ။

အဝါရောင်ဆောင်းဦးက သူ၏ငွေရောင်တုတ်တံနှင့် အဝါရောင်ဘီလူးကို ဆင့်ခေါ်လိုက်ကာ မရေတွက်နိုင်သည့် ငွေရောင်ချည်များနှင့် ဘီလူးထံမှ အလင်းတန်းများကိုထုတ်လွတ်လိုက်ကာ အဆင့် (၆) သန့်စင်သောယန်စစ်မှန်ရတနာကို တိုက်ခိုက်လိုက်သည်။

ဝူယိုကလည် သူ၏လက်ထဲမှ ဓားထဲသို့ သူ၏ဓမ္မစွမ်းအင်အားလုံးကိုထည့်လိုက်သည်။

သူ၏တာအိုဓားကိုနားလည်မှုနှင့် ပူးပေါင်း၍ ထိုဓားသည် ပြင်းထန်စွာတုန်လှုပ်နေပြီး၊ ဓားချီအဖြစ်သို့ ပြောင်းလဲသွားကာ အဆင့် (၆) သန့်စင်သောယန်စစ်မှန်ရတနာကို ရင်ဆိုင်လိုက်သည်။

ထိုအချိန်တွင်၊ ကျန်းချန်ရွှမ်၏နောက်တွင် ယပ်တောင်ပုံစံ အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အစိမ်းရောင် အလင်းမီးတောက်က ရုတ်တရက် ထွက်ပေါ်လာသည်။

ထိုနေရာတွင် ဝှစ်ဟူ၍မြည်သွားသည်။

၎င်းသည် အဝါဆောင်းဦးနှင့် ဝူယိုတို့၏ တိုက်ခိုက်မှုများအားလုံးကိုဖြတ်သွားခဲ့သည်။

တိုက်ခိုက်မှုသုံးခု၏ အရှိန်အဟုန်နှင့် စွမ်းအားများက ချက်ချင်း သုံးဆယ်ရာခိုင်နှုန်းသို့ကျဆင်းသွားကာ သူတို့၏တောက်ပမှုက သိသာစွာ မှေးမှိန်သွားသည်။

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့က သူတို့ကိုယ်တိုင်ပင် ဓမ္မစွမ်းအင်မှ ဝိညာဉ်အထိ ပြီးနောက် ခန္ဓာကိုယ်မှပါ သူတို့သုံးနေ့နှင့် သုံးညဆက်တိုက်မနားရသေးသော (သို့) မအိပ်ရသေးသကဲ့သို့ မောပန်းနွမ်းနယ်ခြင်းကို ခံစားလိုက်ရသည်။

အကယ်၍ သူတို့ကိုယ်တိုင်မတွေ့ကြုံထားရလျှင် ထိုသုံးခုသည် ဤလောကတွင် ထူးခြားသော နတ်ဘုရားစွမ်းအင်ဖြစ်ကြောင်း ပြောရန်ခက်ပေလိမ့်မည်။

၄င်းတို့ကဲ့သို့ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များသည်ပင် ထိုသိသာသည့်သက်ရောက်မှုကို ခံစားခဲ့ရသည်။

သူတို့၏နှလုံးသားများက သတိပြုမိသဖြင့် လေးပင်သွားကြလေသည်။

သူတို့သည် လှုပ်ရှားမှုထပ်မလုပ်ရသေးမီတွင်ပင် ကျန်းချန်ရွှမ်ထုတ်လွတ်လိုက်သည့် အဆင့် (၆) သန့်စင်သောယန်စစ်မှန်ရတနာက သူတို့၏တိုက်ခိုက်မှုများကို ဖြတ်သွားခဲ့လေသည်။

အဝါရောင်ဆောင်းဦး၏ တုတ်တံနှင့် သူ၏ဘီလူးမှ အလင်းက ဝူယို၏ရတနာဓားနှင့် အတူ ထိုအချိန်တွင် အားလုံးမှေးမှိန်နေလေသည်။

မြည်တမ်းသံများက သူတို့၏သက်ဆိုင်ရာရတနာများမှ ထွက်ပေါ်နေကြသည်။

ဝှစ်…ဝှစ်…

ထိုအချိန်တွင် မြေနက်လှံက ပြင်းထန်သောစွမ်းအားကိုထွက်လာကာ သူတို့၏ကာကွယ်ရေး ဝိညာဉ်အလင်းများကို ထိုးခွဲရန်တည့်တည့်လာခဲ့သည်။

ချက်ချင်းပင်၊ မီးပွားများက နေရာတိုင်းကို ပျံ့သွားလေသည်။

ပွတ်တိုက်မှုများကြောင့်ဖြစ်ပေါ်လာသည့် ခက်ထန်သည့်အသံနှင့်အတူ အဝါရောင်ဆောင်းဦး နှင့် ဝူယို၏ခန္ဓာကိုယ်က မရပ်မနားတုန်လာခဲ့သည်။

နောက်ဆုံးတွင်ကျယ်လောင်သောအသံဖြင့် သူတို့ပတ်လည်မှ ဝိညာဉ်အလင်းက ပျက်စီးသွားသည်။

ကျန်းချန်ရွှမ်၏တိုက်ခိုက်မှုကြောင့် လွှင့်ထွက်သွားကာ နှစ်ဦးစလုံးသည် တစ်ချိန်တည်း၌ ပျံထွက်သွားသည်။

ထိုမြင်ကွင်းသည် ချက်ချင်း ရှိနေသောသူများအား ထိတ်လန့်စေခဲ့သည်။

ကျန်းချန်ရွှမ်သည် အခြေတည်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူ နှစ်ယောက်ကို ပျံထွက်သွားစေသည်။

မည်ကဲ့သို့ မယုံနိုင်စရာကောင်းသောစွမ်းအားနှင့် နည်းလမ်းများအား သူပိုင်ဆိုင်ထားသဖြင့် ထိုကဲ့သို့လုပ်နိုင်စွမ်းရှိရပါနည်း?

အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့က ထိတ်လန့်သွားကာ ကြောက်ရွံ့သွားပြီး မယုံနိုင်ပေ။

သူတို့သည် ကျန်းချန်ရွှမ်၏လက်ရှိအခြေအနေအရ များစွာသော ပြင်ပစွမ်းအားများလိုအပ်ကြောင်း ကို သိကြသော်လည်း၊ အထူးသဖြင့် ကောင်းကင်ဘုံဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်က လုံးဝပြင်ပကမ္ဘာနှင့် သီးသန့်ဖြစ်စေကာ သူတို့၏ ဝိညာဉ်ဖွဲ့စည်းခြင်းစွမ်းအင်များကို ကန့်သတ်ထားခြင်းက ကျန်းချန်ရွှမ်က သူတို့အား ပျံသန်းသွားအောင်လုပ်နိုင်ကာ မငြင်းဆန်နိုင်ဘဲ သူတို့ထပ်သာလွန်သွားရခြင်း အကြောင်းအရင်း ဖြစ်သည်။

ပြီးနောက် ၎င်းသည် သူတို့လက်ခံရန်ခက်ခဲသည့်အရာတစ်ခုဖြစ်သည်။

“ရှောက်ယန်၊ မင်းအဲ့နေရာကနေ ဘယ်လောက်ကြာကြာကြည့်နေမလို့လဲ?”

ရုတ်တရက်၊ အဝါရောင်ဆောင်းဦးက လေဟာနယ်ထဲ သေချာသည့်တစ်နေရာကို ကြည့်ကာ ပြောလိုက်သည်။

အဝါရောင်ဆောင်ဦး၏စကားများကိကြားလျှင် လူတိုင်းနောက်ဆုတ်သွားသည်။

ကျန်းချန်ရွှမ်၏အကြည့်ကပင် ထိုဦးတည်ချက်သို့ ကြည့်လိုက်လေသည်။

ထိုနေရာတွင် အနီရောင်တာအိုဝတ်ရုံနှင့် သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ဦးက တဖြည်းဖြည်းနှင့် ရုပ်ပုံပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှ တောက်လောင်နေသည့် အပူချိန်က လည့်ပတ်နေကာ မီတာတစ်ရာပတ်လည်မှ စိုစွတ်နေခြင်းများကို အငွေ့ပျံသွားစေသည်။

၎င်းသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် နောက်တစ်ဦးဖြစ်သည်။

သူ၏နာမည်က ကောင်းကင်သခင်ရှောက်ယန်ဖြစ်ကာ အရှေ့ပိုင်းနေသုံးစင်းဂိုဏ်းမှလာခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်၏နှလုံးသားက ထိုအရာကိုမြင်လျှင် လေးပင်သွားခဲ့သည်။

သူသည် ထိုကောင်းကင်သခင်က အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့ထပ်ပို၍ သန်မားကြောင်း ပြောနိုင်ပါသည်။

ထိုအချိန်တွင်၊ ရှောက်ယန်၏အကြည့်က အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၌ ရောက်နေသည်။ သူသည် ရုတ်တရက်ပြုံးကာ ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က ငါ့ကို တကယ်စိတ်ပျက်စေတာပဲ။

ဂုဏ်ကျက်သရေရှိတဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသုအနေနဲ့ အခြေတည်ဝိညာဉ်ဂျူနီယာဆီကနေ ဖရိုဖရဲဖြစ်အောင်လုပ်ခံရတာ ကောင်းကင်သခင်တစ်ယောက်အနေနဲ့ တကယ်ရှက်စရာပဲ။”

အဝါရောင်ဆောင်းဦးနှင့် ဝူယို၏မျက်နှာက ချက်ချင်းမဲမှောင်သွားသည်။

သို့ရာတွင် ကောင်းကင်သခင်ရှောက်ယန်က သူတို့အမူအရာများကို ဂရုစိုက်နေပုံမပေါ်ပါ။ ထိုအစားသူ၏အာရုံကို ကျန်းချန်ရွှမ်ဆီသို့ပြန်လည့်လိုက်သည်။

“မင်းရဲ့နည်းလမ်းတွေက တကယ်ပဲ ငါ့ဘဝမှာ ပထမဆုံးတွေ့ဖူးတာပဲ။

အဝါရောင်ဆောင်းဦးနဲ့ ဝူယိုက အသုံးမဝင်ပေမဲ့၊ မင်းက ပရိယာယ်သေချာစီစဉ်ပြီး သူတို့နှစ်ယောက်ကို ဒီလောက်ထိ ဖိအားပေးနိုင်ခဲ့တာ တကယ် မှတ်သားစရာပဲ။

ကံမကောင်းစွာနဲ့ ဒါကအဆုံးသတ်ပဲ။ ငါက အဝါရောင်ဆောင်းဦးနဲ့ ဝူယိုတို့လိုမဟုတ်ဘူး။ ငါက အဲ့လိုတူညီတဲ့နည်းလမ်းနဲ့ရင်ဆိုင်ဖို့ မင်းကိုအခွင့်အရေးပေးမှာမဟုတ်ဘူး။”

သူသည် စကားပြောရင်းနှင့်ပင် ပင်လယ်တစ်ခုလုံးကိုလောင်မြိုက်ပစ်လိုက်နိုင်သော အင်အားကြီးသော မီးတောက်ကြီးက ကောင်းကင်သခင်ရှောက်ယန်ပတ်ပတ်လည်၌ လိမ့်တက်လာသည်။

မီးတောက်ကြီးက လေထဲတွင် မီးနဂါးအဖြစ်သို့ပြောင်းလဲသွားကာ ဟိန်းသံဖြင့် မှော်ဝင်တိုင်တောင် ဆီသို့ ဦးတည်ကာ သွားနေသည်။ အတိအကျပြောရလျှင် ရှန်းရူယန်၏ဂူပိတ်ကျင့်ကြံသည့်နေရာသို့ ဖြစ်သည်။

သူသည် ကျန်းချန်ရွှမ်အား တိုက်ရိုက်တိုက်ခိုက်ရန်ရည်ရွယ်ချက်မရှိဘဲ သူက ရှန်းရူယန်အား ပစ်မှတ်ထားလိုက်သည်။

ပြီးနောက် သူ၏လှုပ်ရှားမှုသည် အလွန်ထက်မြက်ပါသည်။

ကျန်းချန်ရွှမ်က ရွေးချယ်စရာမရှိဘဲ ထိုတိုက်ခိုက်မှုကို တားဆီးရန် ကောင်းကင်ဂိတ်ရှစ်ခု ပိတ်ပင်ခြင်းအစီအရင်မှ ထွက်လာရတော့သည်။

ခီ…ခီ…ခီ…ခီ….

သေးငယ်သည့် အက်ကွဲရာများက ချီဓားကျရောက်သည့်နေရာအောက်တွင် ထွက်ပေါ်လာသည်။

ကျန်းချန်ရွှမ်သည် သူ၏ဓမ္မစွမ်းအားကို နတ်ဆိုးသုတ်သင်ဝိညာဉ်ဓားထဲသို့ထည့်ကာ ၎င်း၏စွမ်းအင်ကို အဆင့်အသစ်သို့မြင့်တင်လိုက်သည်။

လူတိုင်းက ထိုမြင်ကွင်းကိုကြည့်နေကြကာ မတတ်နိုင်အောင် အံ့ဩသင့်နေကြသည်။ သူတို့၏အတွေးများက ချက်ချင်း ယာယီ အခြေအနေသို့ ကျရောက်သွားသည်။

ကလန်..

ပေါ့…

နောက်ဆုံး၌ ဓားအလင်းနှင့် မီးတောက်နဂါးက ပျောက်ကွယ်သွားသည်။

ထိုနတ်ဆိုးသုတ်သင်ဝိညာဉ်ဓားက ကျန်းချန်ရွှမ်၏လက်ထဲ ပြန်ရောက်လာခဲ့သည်။

အခြားတစ်ဖက်၌ ကောင်းကင်သခင်ရှောက်ယန်က တည်ငြိမ်သောအပြုံးကမျက်နှာပေါ်တွင် ရှိနေသေးသည်။

သူက ကျန်းချန်ရွှမ်အား ကြည့်ကာပြောလိုက်သည်။

“မင်းမှာ ရတနာပစ္စည်းအရေအတွက်တော်တော်များများရှိတာပဲ။

ဒါပေမဲ့ ငါ့တိုက်ခိုက်မှုကို မင်းဘယ်နှစ်ခါ တားနိုင်မှာလဲ?

ငါက သုံးကြိမ်၊ လေးကြိမ်၊ ဆယ်ကြိမ်၊ ပြီးတော့ ရှစ်ကြိမ်တောင်တိုက်ခိုက်နိုင်သေးတယ်။

အထူးသဖြင့်၊ တစ်ယောက်ယောက်ကိုကာကွယ်စရာရှိရင် ပိုပြီးတော့လုပ်ရလိမ့်မယ်။”

ဘွန်း…

ပြီးနောက် အဆုံးမရှိသည့် အနီရောင်အလင်းများက ရုတ်တရက် ကောင်းကင်သခင်ရှောက်ယန်၏ ခေါင်းပေါ်တွင် လင်းလက်လာသည်။

၎င်းနှင့်အတူ အဆုံးမရှိအလင်းများနှင့်ရစ်ပတ်ထားသည့် ကြယ်ပျံက ကြွေကျလာသည့်ကြယ်ကဲ့သို့ မှော်ဝင်တိုင်တောင်သို့ဦးတည်၍ တစ်ရှိန်ထိုးသွားနေသည်။

ထိုကြောက်စရာကောင်းသည့် စွမ်းအားက ကမ္ဘာပျက်ဘေးနှင့်ဆင်တူကာ မြင်တွေ့ရသည့်လူတိုင်း၏ နှလုံးသားအားစိတ်ပျက်အားငယ်စေသည်။

၎င်းသည် လူသားများ ခုခံသည်းခံနိုင်ရန် လုပ်နိုင်စွမ်းထပ် ကျော်လွန်နေပါသည်။

အရက်စက်ဆုံးအချက်မှာ ထိုလှိုင်းများတိုက်ခိုက်မှုအပြီးတွင် ကောင်းကင်သခင်ရှောက်ယန်က အခြားလှုပ်ရှားမှုတစ်ခုကိုထပ်၍ လုပ်ခဲ့သည်။

သူသည် လက်များကိုအတူထားလိုက်ကာ ဆွဲလိုက်သည်။

ဆုတ်ပြဲသွားသည့်အသံထွက်လာသည်။

ပြင်းထန်သည့် အရှိန်ဖြင့်အရာအားလုံးကိုဖြတ်နိုင်သည့် လခြမ်းသဏ္ဍာန်ရှိသည့် အနီရောင်ဓားသွားက ကောင်းကင်းဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်ဆီသို့ ဦးတည်ကာ သွားနေသည်။

သူသည် အပြင်ဖက်မှထိုအစီအရင်ကို ဖျက်ရန်ကြိုးစားခြင်းဖြစ်သည်။

အကယ်၍ သူသည် ချိုးဖျက်နိုင်ကာ အဝါရောင်ဆောင်းဦးနှင့် ဝူယိုအားလွတ်ပေးလိုက်လျှင် ကျန်းချန်ရွှမ်၌ ကဒ်များ မည်မျှရှိနေပါစေ အသုံးဝင်တော့မည်မဟုတ်ပါ။ ကျန်းချန်ရွှမ်ကလည်း ဤသည်ကို သတိပြုမိသည်။

သို့သော် ကောင်းကင်သခင်ရှောက်ယန်၏လှုပ်ရှားမှုက သူ့အား ရင်ဆိုင်ရန်စွမ်းအားမဲ့စေသည်။

ရှန်းရူယန်၏လုံခြုံရေးနှင့်ယှဉ်လျှင် ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်က အရေးမကြီးပါ။

၎င်းသည် ဤတစ်ကြိမ်ပြီးလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူသုံးဦးနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် သူ၌ ရွေးချယ်စရာမရှိပေ။

ဘွန်း…

နတ်ဆိုးသုတ်သင်ဝိညာဉ်ဓားက အလွန်တောက်ပသည့်အလင်းကို ထုတ်လွတ်လာပြန်သည်။

ထိုနေရာတွင် ကျယ်လောင်သောအသံများဆက်တိုက်မြည်သွားသည်။

ကြယ်ပျံက နတ်ဆိုးသုတ်သင်ဝိညာဉ်ဓား၏အလင်းနှင့်တွေ့ကာ လေထဲတွင် မီးပွားများအဖြစ် ပေါက်ကွဲသွားသည်။

နှိုင်းယှဉ်ရလျှင် ကောင်းကင်ဂိတ်ရှစ်ခုအစီအရင်သည် ပို၍ အားနည်းသွားပုံရသည်။

လခြမ်းပုံသဏ္ဍာန်ဓားသွား၏အောက်တွင် အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၏အတွင်းမှတိုက်ခိုက်မှုနှင့် ပူးပေါင်းသောအခါ အစီအရင်တစ်ခုလုံး၏အလင်းက မြန်ဆန်စွာမှိန်သွားသည်။

ထိုအချိန်တွင် မှိန်ပြသောအက်ကွဲသံတစ်ချို့နှင့် အက်ကွဲကြောင်းများက ကောင်းကင်ဂိတ်ရှစ်ခု ပိတ်ပင်ခြင်းအစီအရင်၏မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာခဲ့သည်။

***

All Chapters