သက်တမ်းထောင်ချီ၊ ဓာတ်ငါးပါးဘီး
Vol. 33 Ch. 631
“အိုး၊ မဟုတ်ဘူး”
လူတိုင်း၏အမူအရာက ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်မှ အက်ကွဲကြောင်းများ ကြီးလာသည်ကို ကြည့်ကာ တောင့်တင်းနေကြသည်။
နောက်ဆုံး၌ အက်ကွဲသံဖြင့် အစီအရင်က လုံးဝအလင်းမှုန်များအဖြစ်သို့ ပြိုကွဲပျက်စီးသွားကာ ပပျောက်သွားသည်။
ကောင်းကင်ဂိတ်ရှစ်ခုပိတ်ပင်ခြင်းအစီအရင်က ကျိုးပျက်သွားလေပြီ။
ချက်ချင်းပင်၊ အဝါရောင်ဆောင်းဦးက ဝူယိုက အချင်းချင်းကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ထိုနှစ်ဦးသည် အလိုလိုနားလည်သွားကြသည်။ သူတို့သည် ကျန်းချန်ရွှမ်ကို ပစ်မှတ်မထားတော့ဘဲ ဂူပိတ်ကျင့်ကြံနေသည့် ရှန်းရူယန်ကိုသာ အာရုံစိုက်လိုက်ကြသည်။
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်၏မျက်လုံးများကမဲမှောင်သွားသည်။
သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူသုံးဦးကို ရင်ဆိုင်ရခြင်းက သူ့အား အောင်မြင်နိုင်ရန် အခွင့်အရေး မရှိနိုင်ကြောင်းကို သူသိပါသည်။
သူသည် လွန်ကဲသောစွမ်းရည်မသုံးဘဲနှင့် ရှန်းရူယန်ကိုပင် ကာကွယ်နိုင်စွမ်းရှိဦးမည်လားဟု သံသယဝင်လာခဲ့သည်။
ထိုလှုပ်ရှားမှုကို သုံးဖို့ရန် ရွေးချယ်ခြင်းမှတပါးအခြားမရှိတော့ပါ။
ကျန်းချန်ရွှမ်၏အကြည့်က ပြတ်သားလာသည်။
ခနအကြာတွင် ဓာတ်ငါးပါး၏စွမ်းအားက သူ့ပတ်လည်တွင် ထပ်မံ၍ လိမ့်တက်လာသည်။
အပြာ၊ အနီ၊ အဝါ၊ အဖြူနှင့် အစိမ်းရောင်များက မြင့်တက်လာကာ တစ်ချိန်တည်းမှာပင် သူ၏ မူလစစ်မှန်ရတနာ လေးခုက သူ၏ခေါင်းပေါ်တွင်ပေါ်လာခဲ့သည်။
ရွှေဗလာနယ်ဓား၊ မြေနက်လှံ၊ ထာဝရလောင်မြိုက်နေမီးဖို၊ ယင်ယန်ရေနတ်ဘုရားကျောက်စိမ်းတို့ဖြစ်သည်။
ထိုရတနာများသည် ဆက်သွယ်နေပုံပေါ်ကာ သေချာသည့်ပုံစံတစ်ခုကိုဖော်နေသော်လည်း တစ်ခုခုက ကျန်ရှိနေသေးသည်။
ကျန်းချန်ရွှမ်က သူ၏လက်ကို ဓားအဖြစ်သုံးလိုက်သည်။
ကလန် ဟူသောအသံမြည်သွားသည်။
အဇူရာအင်ပါယာ၏ လေထဲမှ ကောင်းကင်သုတ်သင်ခြင်းဓားရှည်က ဆင့်ခေါ်ခံလိုက်ရသည်။
ချက်ချင်းပင် လေထဲတွင် ကြွယ်ဝသောသစ်သားအရောင်အဝါက ပြည့်သွားခဲ့သည်။
မတူညီသည့်ဓာတ်ငါးပါးက တိုက်မိပြီး ပေါင်းစပ်သွားကာ ပြန်တွန်းလှန်၍ ဖိနှိပ်ပြီး တစ်ဖန် ပြန်လည်ပေါင်းစပ်ကာ တိုက်နေကြသည်။
တဖြည်းဖြည်းနှင့် ကြီးမားသည့် ချပ်ပြားဝိုင်းက ကျန်းချန်ရွှမ်၏ခေါင်းပေါ်တွင် ငါးရောင်ခြယ်အလင်းက ဖွဲ့စည်းနေသည်ကို ဖော်ပြနေသည်။
ထိုအရာကိုမြင်လျှင် ယခင်က အစမှအဆုံးထိ တည်ငြိမ်ကာ ယုံကြည်ချက်ရှိနေသော ကောင်းကင်သခင်ရှောင်ယန်က မျက်လုံးများကို ကျဉ်းလိုက်သည်။
သူသည် အခြားအရာတစ်ခုကိုမှ ဂရုမစိုက်ဘဲ ချက်ချင်း အဝါရောင်ဆောင်းဦးနှင့် ဝူယိုကို အော်လိုက်သည်။
“အဝါရောင်ဆောင်းဦး၊ ဝူယို၊ အမြန်လုပ်….ငါတို့သူ့ကို အဲ့ဒီနတ်ဘုရားစွမ်းအင် ထုတ်သုံးခွင့်ပေးလို့မဖြစ်ဘူး။”
ထိုသို့အော်ကာ ကောင်းကင်သခင်ရှောင်ယန်က ပထမဆုံးလှုပ်ရှားမှုကို ပြုလုပ်လိုက်သည်။
ရွှေရောင်နေက ကောင်းကင်တွင် ပေါ်ထွက်လာကာ သူကိုယ်တိုင်က“နေ”ဖြစ်နေသကဲ့သို့ ပေါ်ထွက်လာသည်။
ဂျုန်း…
မယှဉ်နိုင်လောက်အောင်ကြောက်မက်ဖွယ်ကောင်းသည့် ရွှေရောင်နေသည် မှော်ဝင်တိုင်တောင်သို့ ဦးတည်ကာ ကျဆင်းလာသည်။
၎င်းသည် ကောင်းကင်သခင် ရှောက်ယန်၏ ထင်ရှားသည့်နတ်ဘုရားစွမ်းအင်ဖြစ်သည့် နေဝင်ခြင်းဖြစ်သည်။
ထိုနေဝင်ခြင်းဖြင့် ရိုက်ခံရသောသူတိုင်းနေဝင်ချိန်ကဲ့သို့မှေးမှိန်ပျောက်ကွယ်သွားမည်ဖြစ်ကာ အမှောင်ထဲသို့ ကျရောက်သွားရမည်။
အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့ကလည်း ကျန်းချန်ရွှမ်၏ ပုံမမှန်ခြင်းကို အာရုံခံမိကာ နှောင့်နှေးနေရန် မဝံ့ရဲတော့ပေ။
အဝါရောင်ဆောင်းဦး၏ အဝါရောင်ဘူးသီးနှင့် ဝူယို၏ဓားတို့က ကောင်းကင်သခင်ရှောက်ယန်၏နေဝင်ခြင်းကဲ့သို့ မှော်ဝင်တိုင်တောင်ရှိ ရှန်းရူယန်၏ဂူသို့ဦးတည်နေကြသည်။
ထိုအချိန်တွင် မှော်ဝင်တိုင်တောင်သည် မုန်တိုင်းအလယ်မှ သင်္ဘောတစ်စင်းကဲ့သို့ဖြစ်ကာ ဆူနာမီဖုံးလွှမ်းခံရမည့် အန္တရာယ်ကြားထဲရောက်နေခဲ့သည်။
ကျန်းမိသားစုမှကျင့်ကြံသူအားလုံးက တောင်၏ထိပ်မှ အကာအကွယ်က အားနည်းကာ မှေးမှိန်လာသည်ကို ကြည့်ကာ စိတ်ဓာတ်ကျနေကြသည်။
သူတို့၏နှလုံးသားများက သူတို့၏လည်ချောင်းတွင် ရှိနေကြသည်။
သို့ရာတွင်၊ ထိုအချိန်၌ ကျန်းချန်ရွှမ်ထုတ်လာသည့် မူလစစ်မှန်ရတနာများနှင့် ကောင်းကင်သုတ်သင်ခြင်း ဓားရှည်တို့သည် လေထဲတွင် ငါးရောင်ခြယ်အလင်းထုတ်လွတ်သည့် စက်ဝိုင်းဘီးကဲ့သို့ ပြောင်းလဲသွားသည်။
ထိုအရာသည် လည်သည်နှင့် မရေမတွက်နိုင်သည့် သဘာဝဖြစ်စဉ်များက နောက်ကလိုက်လာတော့သည်။ အပင်များလွှမ်းမိုးခြင်း၊ မီးတောင်များ၊ အဝါရောင်သဲများ၊ လက်နက်များနှင့် ကျယ်ပြောသည့် ပင်လယ်လှိုင်းများ စသဖြင့် ဖြစ်သည်။
အခြေခံအကျဆုံးဓာတ်ငါးပါးက အံ့အားသင့်ဖွယ်ကောင်းအောင်ပင် ပေါက်ထွက်လာခဲ့သည်။
၎င်းသည် ကျန်းချန်ရွှမ်က သူ၏သက်တမ်းထောင်ချီအကုန်ဆုံးခံရမည့်တန်ဖိုးကို ပေးအပ်ကာ သူ၏အနှစ်သာရကို အနှစ်နာခံပြီး ထုတ်လွတ်ထားသော ဓာတ်ငါးပါးဘီးဖြစ်ပေသည်။
အခြေအခံအကျဆုံးဖြစ်သော်လည်း စွမ်းအားကြီးသည့်ဓာတ်ငါးပါး၏ ဆက်တိုက်လည်ပတ်ကာ ဖျက်ဆီးနေသည့် အောက်တွင်၊ မည်သို့သော ရတနာ သို့ နတ်ဘုရားစွမ်းအားအမျိုးအစားမဆို ခုခံနိုင်ခြင်းမရှိပေ။
ကျယ်လောင်သော ဂျုန်းခနဲ ပေါက်ကွဲသံများက တစ်ခုပြီးတစ်ခုလိုက်လာသည်။
ကောင်းကင်သခင်ရှောက်ယန်၏ နတ်ဘုရားစွမ်းအား နေဝင်ခြင်းက ပထမဆုံးအနေနှင့် ဓာတ်ငါးပါးထံမှ တဖြည်းဖြည်းနှင့် ရှင်းလင်းခြင်းခံနေရပြီး မီးမှုန်မွှားများကဲ့သို့ ပပျောက်သွားနေသည်။
အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့က၏ ရတနာများကမူ အသက်ရှုချိန်ပင်မရလိုက်ပါ။
ရတနာနှစ်ခုလုံးက မြည်တမ်းသံများထွက်လာနေသည်။
ဒုန်…
အဝါရောင်ဘူးသီးနှင့် ဓား၏မြေပေါ်ကျသွားသည့် ကလန်ဟူသောအသံက လုံးဝ ပျောက်ကွယ်သွားသည်။
အား…
တစ်ချိန်တည်း၌ပင်၊
အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့က ပါးစပ်အပြည့်သွေးများထွက်လာသည်။
သူတို့သည် ကျန်းချန်ရွှမ်အား ထိတ်လန့်၍ မယုံကြည်နိုင်မှုများဖြင့် ကြည့်နေကြကာ အခြေတည်ဝိညာဉ် ဂျူနီယာက ထိုကဲ့သို့ပုန်းကွယ်ထားသောကဒ်များ ရှိနေသေးမည်ဟု မမျှော်လင့်ထားမိခဲ့ကြပါ။
သို့ရာတွင်၊ ထိုကဲ့သို့ သူ၏ကန့်သတ်ချက်ထပ်ပိုနေသည့် လွှမ်းမိုးနိုင်သောစွမ်းအားကို သုံးခြင်းသည် ကျန်းချန်ရွှမ်အတွက်လည်း တန်ကြေးပေးရမည်မှာ သေချာပါသည်။
ပထမဆုံးနှင့် ဦးစွာပေးရမည်မှာ သူ၏သက်တမ်းဖြစ်သည်။
အချိန်တိုအတွင်းမှာပင် သူ၏အသက်ထောင်ကျော်က ကုန်ဆုံးသွားခဲ့လေသည်။
သူ၏ပုံပန်းနှင့် ခန္ဓာကိုယ်က သိသာစွာ မပြောင်းလဲသွားသော်လည်း၊ သူ၏နားထင်မှဆံပင်များက ဖြူသွားခဲ့ကာ သူ၏အရောင်အဝါက သိသိသာသာကျဆင်းသွားသည်။
အရေးအကြီးဆုံးအချက်မှာ သူသည် သူ၏အသက်အဆီအနှစ်ကို ပိုထုတ်သုံးလိုက်ခြင်းဖြစ်သည်။
၎င်းသည် သူ၏မူလစစ်မှန်ရတနာလေးခုအား ပျက်စီးမှုဖြစ်စေပြီး အချိန်အတော်ကြာသည်ထိ သုံး၍ မရနိုင်အောင်ဖြစ်စေကာ သူ၏မူလအခြေခံကိုပါ ထိခိုက်စေသည်။
အထူးနည်းလမ်းမရှိဘဲနှင့် ထိုဒဏ်ရာများက ပြန်လည်ကုသနိုင်ရန်မဖြစ်နိုင်ပေ။
ကျန်းချန်ရွှမ်က ဒူးတစ်ဖက်ထောက်ထားသည့် အနေအထားမှ တဖြည်းဖြည်းမတ်တပ်ရပ်လိုက်ပြီး ရှောက်ယန်၊ အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့အားကြည့်လိုက်သည်။
ထို့အပြင် အင်အားကြီးသော အရောင်အဝါက သူ့ထံမှ ပေါက်ထွက်လာခဲ့သည်။
ကောင်းကင်သခင်ရှောက်ယန်၊ အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူတို့သည် မသိစိတ်မှ နောက်သို့ဆုတ်သွားကြသည်။
သို့ရာတွင်၊ ခြေလှမ်းတိုင်းက သူတို့၏နှလုံးသားကိုလေးပင်သွားအောင်လုပ်နေကြသည်။
သူတို့၏ရှေ့၌ရှိသောသူသည် အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးပင်ဖြစ်ကြောင်း သိရမည်။
သို့ရာတွင်၊ ထိုအချိန်က သူသည် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သုံးဦးကို နောက်သို့ဆုတ်သွားစေရန် လုပ်နိုင်ခဲ့သည်။
၎င်းသည် မယုံကြည်နိုင်စရာကောင်းပေသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်က အခြေတည်ဝိညာဉ်ကျင့်ကြံသူအား မည်သည့်အချိန်က ကြောက်လန့်သွားရပါသနည်း?
ကောင်းကင်သခင်ရှောက်ယန်၏မျက်လုံးများက စူးရှမှုကို ပြန်ရသွားသည်။
ထိုအချိန်တွင် သူ၏မျက်နှာ၌ အပြုံးမရှိတော့ဘဲ သတ်ဖြတ်လိုသော အေးစက်သည့် ရည်ရွယ်ချက်သာ ရှိတော့သည်။
“ငါမင်းအဲ့လိုတိုက်ခိုက်မှုမျိုးကို ထပ်ပြီးထုတ်နိုင်ဦးမလားဆိုတာကို ကြည့်ချင်သေးတယ်။” သူက ကြေငြာလိုက်သည်။
“မင်းကြိုးစားကြည့်ပေါ့။” ကျန်းချန်ရွှမ်သည် သူ၏အရောင်အဝါက တစ်ကြိမ်ထပ်၍ တိုးမြင့်လာသည်။
ပြီးနောက်၊ ထိုထင်ယောင်ထင်မှားဖြစ်ပုံရသည့်စွမ်းအားသည် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားခဲ့သည်။
ချက်ချင်း၊ သူအသုံးပြုလိုက်သည့် အသက်အဆီအနှစ်နှင့် သူ၏အခြေခံပျက်စီးမှုများက ဘာမှမဖြစ်ခဲ့ဖူးသကဲ့သို့ အံ့ဩဖွယ်ကောင်းစွာ ပြန်လည်ကောင်းမွန်လာခဲ့သည်။
၎င်းသည် အကန့်အသတ်မဲ့ဘီး၏ မှော်ဆန်သော ရှုထောင့်ပင်ဖြစ်သည်။
၎င်းသည် မျက်စိတမှိတ်အတွင်းတွင် ဒဏ်ရာများစွာကို ပြန်လည်ကောင်းမွန်စေနိုင်သည်။
သို့ရာတွင် ကျန်းချန်ရွှမ်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ကျင့်ကြံရခြင်းမရှိသေးပေ။
သူသည် အသက်အဆီအနှစ်နှင့် သူ၏အခြေခံပျက်စီးမှုများကို ဝိညာဉ်စွမ်းအင်ပြန်ကောင်းရန်အတွက် အထူစွမ်းရည်နည်းစနစ်ကို အသုံးပြုခဲ့သော်လည်း သူလောင်ကျွမ်းခဲ့သော သက်တမ်းထောင်ကျော်မှာ ပြန်လည်၍မရရှိနိုင်တော့ပေ။
ထို့အပြင်၊ သူ၏လက်ရှိအခြေအနေအရ ထိုကန့်သတ်မဲ့ဘီး၏ အထူးစွမ်းရည်က အသုံးပြုရန် အခွင့်အရေး တစ်ခုသာ ရှိပေသည်။
အကယ်၍ သူသည် တူညီသည့်ဒဏ်ရာကိုနောက်တစ်ကြိမ်ထပ်ရခဲ့ပါက ပြန်ကောင်းနိုင်ရန် မဖြစ်နိုင်သည်မှာ သံသယဝင်စရာမရှိပါ။
“ဘယ်လို?”
ကျန်းချန်ရွှမ်၏ ဒဏ်ရာများက အပြည့်အဝပြန်ကောင်းသွားသည်ကို တွေ့လျှင် အဝါရောင်ဆောင်းဦး၊ ဝူယိုနှင့် ရှောက်ယန်တို့က တုန်လှုပ်သွားကြသည်။
ကျန်းချန်ရွှမ်၌ များစွာသော သာမန်ထပ်ပိုသည့် နည်းလမ်းများ မည်မျှပိုင်ဆိုင်ကြောင်းကို နားလည်သဘောပေါက်နိုင်စွမ်း မရှိတော့ပါ။
သူတို့သည် ရှင်းလင်းစွာပင် သူ၏အသက်အဆီအနှစ်နှင့် အခြေခံတို့က ပြန်မကောင်းနိုင်တော့လောက်အောင် ပျက်စီးသွားကာ နောက်ဆုံးအချိန်သို့ ရောက်နေပြီဖြစ်ကြောင်း အာရုံခံလိုက်မိသည်။
မျက်စိတမှိတ်အတွင်းတွင်၊ သူသည် အပြည့်အဝပြန်ကောင်းသွားပြီး ယခင်ကဲ့သို့ တိုက်ခိုက်မှု ပြန်ပြုလုပ်နိုင်မည်လားကို မေးခွန်းထုတ်စရာဖြစ်နေသည်။
အကယ်၍ သူသည် နောက်တစ်ကြိမ်ထပ်၍ တိုက်ခိုက်နိုင်လျှင် သုံးဦးမှ တစ်ဦးက သေရတော့မည်ဖြစ်သည်။
ထိုကာလတွင် ရှောက်ယန်၊ အဝါရောင်နှင့် ဝူယိုတို့၏ မျက်လုံးများ တစ်ဖျတ်ဖျတ်ခတ်နေသည်။
နောက်ဆုံးတွင် တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်သူမှာ ရှောက်ယန်ဖြစ်သည်။
သူသည် အသံနိမ့်ဖြင့် ပြောလိုက်သည်။ “မင်းတို့နှစ်ယောက်လုံး၊ သူအဲ့ဒီနည်းလမ်းကို နောက်တစ်ကြိမ် ထပ်သုံးနိုင်မလားဆိုတဲ့ကိစ္စနဲ့ပက်သက်ပြီး ငါတို့ဆက်စောင့်နေလို့မဖြစ်ဘူး။
သူရဲ့အဖော်က ထွက်လာတာနဲ့ ငါတို့အားလုံး ကြောက်စရာကောင်းတဲ့ ဒုက္ခနဲ့ရင်ဆိုင်ရမယ်လို့ ငါကြိုမြင်နေတယ်။
ဒါကြောင့်၊ ငါတို့အခုလှုပ်ရှားမှရမယ်။”
ထိုသို့ပြောကာ ရှောက်ယန်၏လက်ထဲတွင် ရွှေရောင်ချပ်ပြားဝိုင်းက ပေါ်လာပြီး နေကဲ့သို့ တောက်ပနေသည်။
၎င်းသည် သူ၏ မူလသန့်စင်သောယန်စစ်မှန်ရတနာ ကန့်သတ်မဲ့နေဘီးဖြစ်ကာ တောင်များကို လောင်ကျွမ်းစေနိုင်ကာ ပင်လယ်များကို ဆူပွက်စေသည်။
သူသည် ထိုအရာကို ထုတ်လိုက်ချိန်တွင် ကျန်းချန်ရွှမ်၏စိတ်က ပြင်းထန်သည့်အန္တရာယ် သတိပေးချက်များဖြင့် ပြည့်နေသည်။
ရှင်းလင်းစွာပင်။
သန့်စင်သောယန်စစ်မှန်ရတနာပိုင်ဆိုင်သည့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သည် ထိုရတနာမရှိသောသူနှင့် ယှဉ်လျှင် အဆင့်ကွာခြားသည်။
အထူးသဖြင့် ကျန်းချန်ရွှမ်က ဓာတ်ငါးပါးဘီးကိုပင် အသုံးပြုနိုင်စွမ်းမရှိတော့ပါ။
ဘွန်း..
အဝါရောင်နှင့် ဝူယိုက ရှောက်ယန်၏ဆိုလိုရင်းကို ရှင်းလင်းစွာနားလည်ကြပါသည်။
ခနအကြာတွင် သူတို့၏နောက်တွင် ကြီးမားသည့် ကိုယ်ခွဲနှစ်ခုက ပေါ်ထွက်လာခဲ့သည်။
တစ်ခုမှာ လက်ရှစ်ဖက်ဘီလူးဖြစ်ပြီး လက်တစ်ဖက်ခြင်းဆီတိုင်း၌ ရတနာတစ်ခုဖြစ်သည့် ဓား၊ လှံ၊ ဓားရှည်၊ လှံရှည်၊ ပုဆိန်၊ ချိတ်ကောက်နှင့် ခက်ရင်းခွကို ကိုင်ဆောင်ထားကာ မယှဉ်နိုင်သော ရက်စက်ကြမ်းတမ်းသည့် အရောင်အဝါကို ထုတ်လွတ်နေသည်။
အခြားတစ်ခုမှာ ကောင်းကင်သို့ပျံဝဲတက်နေသည့် အဆုံးမရှိသော ဓားချီများနှင့်ရစ်ပတ်နေသော ဧရာမဓားကို ကိုင်ထားသည်။
၎င်းတို့သည် ဝိညာဉ်ဖွဲ့စည်းခြင်းကိုယ်ခွဲများဖြစ်ကြကာ ဗလာနယ်ပြန်နတ်ဘုရားအရှင်များ၏ စစ်မှန်သည့် ကိုယ်ခွဲများနှင့် မတူသော်လည်း မည်သို့ပင်ဖြစ်ပါစေ ကိုယ်ခွဲများဖြစ်ကာ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် များ၏ ထူးခြားပြီး အသန်မာဆုံးသော စွမ်းရည်ဖြစ်ပေသည်။
ထိုသုံးဦး၏ ပြတ်သားသော ဆုံးဖြတ်ချက်များကိုခံစားရလျှင်၊ ကျန်းချန်ရွှမ်သည် သူ့အား ထိုသုံးဦးက အခွင့်အရေးပေးတော့မည် မဟုတ်ကြောင်း သိသွားသည်။
သူသည် ထိုသုံးဦးပေါင်းတိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ကြောင်းကိုလည်း နားလည်ပါသည်။
အကယ်၍ အဆိုးဆုံးအခြေအနေဖြစ်ခဲ့လျှင်၊ သူသည် နောက်ဆုံးကဒ်ကို ထုတ်သုံးရလိမ့်မည်။
ကျန်းချန်ရွှမ်သည် ကောင်းမြတ်ခြင်းရွှေရောင်ကြာပန်းနှင့် ကောင်းမြတ်ခြင်းခရမ်းရောင်ချီတို့အား ကြိုးစား၍ အာရုံခံကြည့်ကာ မည်သည်ကို သုံးလျှင်ပို၍ သင့်တော်မည်ကို ချင့်ချိန်စဉ်းစားလိုက်တော့သည်။
သူသည် စဉ်းစားနေချိန်တွင် ပြင်းထန်သည့် ကျယ်ပြောသော ရောင်ဝါက မှော်ဝင်တိုင်တောင်ရှိ ရှန်းရူယန်၏ ဂူအပေါ်မှ ထွက်လာခဲ့လေသည်။
တပြိုင်နက်ပင် မိုးကြိုးနှင့် လျှပ်စီးက ကောင်းကင်ကို ဖျက်ဆီးပစ်လိုက်သည်။
လျှပ်စီးသွားများသည် ပျံသန်းနေသောနဂါးများကဲ့သို့ဖြစ်ကာ ဆက်လက်၍ ကောင်းကင်၏ အစိတ်အပိုင်း အားလုံးတွင် တိမ်တိုက်များထဲမှ ဆက်တိုက်ပြေးလွှားနေသည်။
ထိုမြင်ကွင်းက အလွန်ပင်ကြောက်စရာကောင်းလှပါသည်။
***