ရှန်းရူယန်ပေါ်ထွက်လာခြင်း၊ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် သုံးဦးကိုအလဲထိုးခြင်း
Vol. 33 Ch. 632
“ဒါကဘာလဲ?”
လူတိုင်း၏ ထိုစတင်ဖြစ်ပေါ်လာသည့် ဖြစ်စဉ်၏ ဆွဲဆောင်ခြင်းကို အာရုံစိုက်နေကြသည်။
ကျန်းချန်ရွှမ်၏ မျက်နှာက အပြုံးတစ်ချို့ပေါ်လာလေသည်။
သူသည် ရှောက်ယန်၊ အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့အားကြည့်ကာ တဖြည်းဖြည်းစကားလုံးတစ်ချို့ကို ပြောလိုက်သည်။
“မင်းတို့ ပြီးပြီပဲ။”
ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သုံးဦး၏အမူအရာများက ချက်ချင်းမဲမှောင်သွားသည်။
ပြီးနောက် သူတို့၏မျက်လုံးထဲတွင် ပြင်းထန်သည့်အလင်းက ထွက်ပေါ်လာခဲ့သည်။
ချက်ချင်းပင်၊ သူတို့၏ပစ်မှတ်က ကျန်းချန်ရွှမ်ဆီသို့ ပြောင်းလဲသွားခဲ့သည်။
ဘွန်း…
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သုံးဦး၏ တိုက်ခိုက်မှုက မည်မျှရှိန်လောက်စရာ ဖြစ်ပါသနည်း?
ခနအကြာတွင် ပတ်ဝန်းကျင်၏နေရာလပ်က လုံးဝ စည်းချခံလိုက်ရသည်။
ကျန်းချန်ရွှမ်က ရုတ်တရက် ထောင်ချောက်ထဲမိနေသည့် အင်းဆက်ကဲ့သို့ဖြစ်သွားသည်။
လှုပ်ရှားနိုင်ခြင်းမရှိတော့ပေ။
သို့သော်လည်း ထိုအချိန်တွင် အဆုံးမဲ့လျှပ်စီးများလည့်ပတ်နေသော လက်တစ်ခုက ကျန်းချန်ရွှမ်၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။
ခွပ်….
လက်များ၏သိမ်မွေ့သောလှုပ်ရှားမှုနှင့် အတူ လျှပ်စီးကြောင်းတစ်ခုက သန့်စင်သော ယန်စစ်မှန်ရတနာဖြစ်သည့် ကန့်သတ်မဲ့နေဘီးအား ရိုက်လိုက်သည်။
ကျယ်လောင်သောဘန်းဟူသောမြည်သံနှင့်အတူ ကန့်သတ်မဲ့နေဘီးသည် ချက်ချင်း ကြောက်စရာကောင်းသည့် ပေါက်ကွဲမှုနှင့် တွေ့ကြုံလိုက်ရသကဲ့သို့ မှေးမှိန်သွားကာ နောက်သို့ပြန်လည်သွားခဲ့လေသည်။
တစ်ချိန်တည်း၌၊ ကျောက်စိမ်းပုံစံလက်၏ လက်ညိုးနှစ်ချောင်းက ထပ်မံ၍တောက်လိုက်သည်။
ရွှစ်……
လျှပ်စီးကြောင်းနှစ်ခုက သူတို့၏ကိုယ်ပိုင်အသိစိတ်ကိုပိုင်ဆိုင်ထားသကဲ့သို့ ချက်ချင်း အဝါရောင်ဆောင်းဦးနှင့် ဝူယိုတို့၏ကိုယ်ခွဲများအား ထုရိုက်လိုက်သည်။
ထိုကိုယ်ခွဲများသည် ယာယီအေးခဲသွားကာ လေထဲတွင် သတိမရှိစွာရပ်နေကြသည်။
အချိန်မရောက်သေးသည်အထိဖြစ်သည်။
ဝှစ်ဟူသောအသံနှင့် အတူ အဆုံးမရှိသည့် လျှပ်စီးကြောင်းများက သူတို့၏ကိုယ်ခွဲများမှ ထွက်ပေါ်လာကြသည်။
ဂျုန်းဟူသောမြည်သံထွက်ပေါ်လာသည်။ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်သုံးဦး၏ ကိုယ်ခွဲများက ချက်ချင်းအလင်းစက်များအဖြစ် ကောင်းကင်ပေါ်တွင် ပြည့်သွားပြီးနောက် ပပျောက်သွားလေတော့သည်။
ထို့နောက်တွင်၊ အလွန်မယုံနိုင်စရာကောင်းလောက်အောင် ကျက်သရေရှိသော ခရမ်းရောင်ဝတ်စုံနှင့်ပုံရိပ်တစ်ခုက မှော်ဝင်တိုင်တောင်ဖက်မှ သူတို့ဆီသို့ တဖြည်းဖြည်းချဉ်းကပ်လာလေသည်။
သူလှမ်းလာသည့်ခြေလှမ်းတစ်ခုဆီတိုင်း ပတ်ပတ်လည်မှ နေရာတိုင်းက ချိုင့်သွားပုံပေါ်သည်။
လျှပ်တစ်ပြက်အချိန်အတွင်း သူမသည် ကျန်းချန်ရွှမ်၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။
အကယ်၍ ရှန်းရူယန်ပေါ်ထွက်လာခြင်းမဟုတ်လျှင် မည်သူဖြစ်နိုင်ဦးမည်နည်း?
ထိုအချိန်တွင် သူမသည် ကျန်းချန်ရွှမ်၏ နားထင်မှ ဆံပင်ဖြူကိုကြည့်လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသည့်မိုးကြိုးသွားနှစ်ခုကချက်ချင်း သူမ၏ လှပသည့်မျက်လုံးများ၌ လင်းလက်သွားခဲ့သည်။
ကောင်းကင်ကပင် သူမ၏ ဒေါသကို အာရုံခံမိပုံပေါ်သည်။
လေပြင်းများတိုက်ခတ်လာကာ အနက်ရောင်တိမ်တိုက်များ စုစည်းလာခဲ့သည်။
သို့ရာတွင်၊ ခရမ်းရောင်၊ အနီရောင်၊ အပြာရောင် နှင့် ငွေရောင် လျှပ်စီးကြောင်းများက ဆက်တိုက် တိမ်တိုက်ထဲတွင် ရှေ့နောက်သို့ ခေါက်တုံ့ခေါက်ပြန်သွားနေသည်။
မုန်တိုင်းတစ်ခုကျရောက်တော့မည်ဟု ကြိုတင်ဟောကိန်းထုတ်နေသကဲ့သို့ပင်။
“ယောက်ျား၊ ကျန်တာကို ကျွန်မဆီအပ်ထားလိုက်ပါ။”
စကားများများမပြောတော့ပေ။
သူတို့နှစ်ဦးသည် အချင်းချင်း၏ခံစားချက်နှင့် ပေးဆပ်မှုများကို နားလည်ခဲ့ကြပြီးဖြစ်သည်။
ဝှစ်…
ကျန်းချန်ရွှမ်ပေါ်မှ ချုပ်နှောင်ထားသည့် နေရာလပ်အဆီးအတားက လွယ်ကူစွာ ပျောက်ပြယ်သွားသည်။
ခနအကြာတွင်၊ ခမ်းနားကြီးကျယ်သည့် လျှပ်စီးသွားများက ကောင်းကင်ဘုံကိုးထပ်မှ နတ်ဘုရားမိုးကြိုးများနှင့်တူနေသည်။
ရုတ်တရက် ထိုလျှပ်စီးသွားသည် အဝါရောင်ဆောင်းဦး၏ခေါင်းပေါ်တွင် ပေါက်ကွဲသွားလေသည်။
ဂျုန်း…
အဝါရောင်ဆောင်းဦးက ထိတ်လန့်မှုနှင့် ကြည့်လိုက်သည်။
သူသည် အနီ၊ အပြာ၊ ငွေရောင်နှင့် ခရမ်းရောင်တို့ရောထားသည့် လျှပ်စီးသွားတစ်ခုက သူ့ပေါ်သို့ကျလာကြောင်းကို တွေ့ရှိခဲ့ရသည်။
ထိုကြောက်လန့်ဖွယ်ကောင်းသည့် စွမ်းအားက သူအား တစ်ချိန်တည်း၌ အတိဒုက္ခမိုးကြိုးသုံးစင်းကိုရင်ဆိုင်နေရသကဲ့သို့ ခံစားရစေသည်။ ထိုအချိန်တွင် သူ၏ဆံပင်မွေးများထောင်သွားတော့သည်။
သူ၏နတ်ဘုရားအာရုံသည် ထိတ်ထိတ်ပြာပြာနှင့် သူ့အား သတိပေးနေသည်။
သူ့အား ပြောနေသည်၊
ပြေးတော့၊ အမြန်ပြေးတော့။
မင်းဒီမိုးကြိုးကိုခံနိုင်မှာမဟုတ်ဘူး။
မင်းသေလိမ့်မယ်။
ဝှစ်..
သို့ရာတွင် အဝါရောင်ဆောင်းဦးက လှုပ်ရှားမှုပြုလုပ်တော့မည့်အချိန်တွင် သူသည် လုံးဝလှုပ်ရှား၍မရကြောင်း ထိတ်လန့်စွာတွေ့ရှိခဲ့ရသည်။
၎င်းသည် ကျန်းချန်ရွှမ်အစောကဖြစ်နေသကဲ့သို့ပင်၊ လုံးဝ ပတ်ဝန်းကျင်နေရာမှ စည်းချခံထားရသည်။
“ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?”
အဝါရောင်ဆောင်းဦးက သူ၏နှလုံးသားထဲတုန်လှုပ်သွားသည်။
သူသည် ဝိညာဉ်ဖွဲစည်းခြင်းကောင်းကင်သခင်ဖြစ်ကာ နေရာလပ်စည်းမျဉ်းမျာကို ဖမ်းဆုပ်နိုင်သည့်သူဖြစ်သည်။
ယခုမူ၊ သူသည် သူကိုယ်တိုင် နေရာလပ်ထဲ၌ စည်းချခံနေရသည်။
မည်သို့သောဟာသဖြစ်ပါသနည်း?
ဂျုန်း…
သူသည် ရှည်ရှည်ဝေးဝေး မစဉ်းစားနိုင်သေးမှီ ထို ငါးရောင်ခြယ်မိုးကြိုးက သူ၏အကာအကွယ်ဒိုင်းကို တိုက်ရိုက်တိုက်ခိုက်လိုက်သည်။
ခွပ်….
ချက်ချင်းပင်၊ အဝါရောင်ဆောင်းဦး၏ အကာအကွယ်ဒိုင်းက စာရွက်ကဲ့သို့ စုတ်ပြဲကာ လွယ်ကူစွာ ပျက်စီးသွားသည်။
ပြီးနောက်၊ အသက်ကိုနုတ်ယူသွားနိုင်စွမ်းရှိသည့် ထိုကြောက်စရာကောင်းသော လျှပ်စီးသွားကာ သူ မတုံ့ပြန်နိုင်မီ၌ပင် အဝါရောင်ဆောင်းဦးပေါ်သို့ ကျရောက်လာလေတော့သည်။
“အား….”
စူးရှသည့်အော်သံကြီးက ကောင်းကင်တွင် ရုတ်တရက်ပဲ့တင်ထပ်သွားသည်။
အဝါရောင်ဆောင်းဦး၏ခန္ဓာကိုယ်က အရည်ပျော်ကျနေသည့် ဖယောင်းတိုင်ကဲ့သို့ပျော်ကျသွားကာအမြန်ပင် အစိတ်စိတ်အမြွာမြွာဖြစ်သွားသည်။
သူ၏မူလဝိညာဉ်ကလွတ်မြောက်အောင် ကြိုးစားရုန်းကန်နေသည်။
သို့သော် ခန္ဓာကိုယ်တွင်းမှ ထွက်မသွားရသေးမီ အသက်ရှင်နေသကဲ့သို့ဖြစ်နေသော ငါးရောင်ခြယ် တောက်ပနေသည့် လျှပ်စီးကြောင်းများက ပတ်ပတ်လည်မှ သူ့အပေါ်သို့ တိုက်ရိုက်ပစ်လွတ်လာသည်။
“အား…”
ယခင်ထပ်ပိုမို၍ သနားဖွယ်ကောင်းသည့် အော်သံကြီးက ထွက်ပေါ်လာခဲ့သည်။
ပြီးနောက် အားလုံးထိတ်လန့်သွားစေရန် ဂုဏ်ကျက်သရေနှင့်ပြည့်စုံသည့် ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် အဝါရောင်ဆောင်းဦးက မိုးကြိုးသွားများအောက်တွင် ချေမှုန်းခံလိုက်ရတော့သည်။
သူ၏ခန္ဓာကိုယ်နှင့် မူလဝိညာဉ်က နှစ်ခုလုံး ပျောက်ဆုံးသွားသည်။
ရွံ့နွံထဲတွင် နစ်နေသောသူကဲ့သို့ သူရုန်းကန်လှုပ်ရှားနေပါစေ၊ အချည်းနှီးပင်ဖြစ်သည်။
သူသည် နစ်သွားသည်သာမက ဤလောကထဲမှ လုံးဝပျောက်ကွယ်သွားလေပြီ။
ဝှစ်….
ချက်ချင်းပင်၊ ထည်ဝါကာ ဂုဏ်ကျက်သရေရှိသည့် ပုံရိပ်က ကောင်းကင်ဘုံကိုးခုက ကျဆင်းလာသည်။
မယှဉ်နိုင်သည့် ပြင်းထန်သောဝိညာဉ်ချီ ဒီရေလှိုင်းကြီးက လောက၏ပတ်ပတ်လည်တွင် ပြည့်သွားခဲ့သည်။
“ကျဆုံးသွားပြီ…သူကျဆုံးသွားခဲ့ပြီ။”
လူတိုင်းကသူတို့၏ရှေ့မှမြင်ကွင်းကို အံ့အားသင့်စွာ ငေးကြည့်နေကြသည်။
အိမ်မက်ကဲ့သို့ဖြစ်နေသည်။
သူတို့သည် ကျဆုံးသွားသည့်သူမှာ ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်ဖြစ်ကြောင်းသိကြပြီး ထိုသူတို့မှာ အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတွင် ထိပ်ဆုံးတွင်ရှိသည့်လူများ ဖြစ်သည်။
နောက်ဆုံးတွင်၊ သူက ခုခံနိုင်ရန်အခွင့်အရေးပင်မရှိဘဲ ဤကဲ့သို့သေဆုံးသွားခဲ့ရသည်။
ထိုအချိန်တွင် ရှောက်ယန်နှင့် ဝူယိုတို့ကလည်း ကြောက်လန့်မှုများနှင့် ပြည့်နေကြသည်။
အတွင်းထဲ၌ မထိန်းချုပ်နိုင်သော ပြင်းထန်သည့်အကြောက်တရားက ထွက်ပေါ်လာခဲ့သည်။
သူတို့သည် အဝါရောင်ဆောင်းဦးနှင့် စွမ်းအားချင်းမတိမ်းမယိမ်းသာဖြစ်သည်။
ရှောက်ယန်က အနည်းငယ်ပို၍ စွမ်းအားကောင်းသော်လည်း များစွာမသာလွန်ပါ။
သူ့အား ရှန်းရူယန်ကဲ့သို့ အင်အားမသုံးဘဲ သတ်ပစ်ဖို့ရန်မဆိုနှင့်၊ သူ့အားရှုံးနိမ့်အောင်လုပ်ရန်ပင် အချိန်အနည်းငယ်လိုအပ်မည်ဖြစ်သည်။
ထွက်သွားရမည်၊ သူတို့ချက်ချင်းထွက်သွားရပေမည်။
ထိုအကြံအစည်က သူတို့၏စိတ်ထဲတွင်ထွက်ပေါ်လာသည်နှင့် ရှောက်ယန်နှင့် ဝူယိုတို့က သူတို့ဆီသို့ဦးတည်လာနေသည့် အဖြူနှင့် အမဲရောင် မိုးကြိုးသွားများစွာကို မြင်လိုက်ရလေသည်။
“ယင်….ယင်ယန်နတ်ဘုရားမိုးကြိုး”
ရှောက်ယန်နှင့် ဝူယိုတို့၏မျက်နှာများက ကြီးမားစွာပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင်၊ သူတို့သည် အခြားအရာများကိုဂရုမစိုက်တော့ပေ။
သူတို့၏ပုံရိပ်သည် ချက်ချင်းပင် လေဟာနယ်ထဲတွင် ခေါက်တုံ့ခေါက်ပြန်သွားနေကာ ရှန်းရူယန်၏ တိုက်ခိုက်မှုအတွင်းမှ လွတ်မြောက်စရန်ကြိုးစားနေသည်။
သို့ရာတွင် ရှန်းရူယန်က သူ၏လှုပ်ရှားမှုကိုပြုလုပ်လိုက်သည်နှင့် သူသည် ထိုသူတို့အားမည်ကဲ့သို့ လွယ်ကူစွာ လွတ်မြောက်စေလိမ့်မည်နည်း?
ချက်ချင်းနီးပါးပင်၊ ရှောက်ယန်နှင့် ဝူယိုက သူတို့၏ပတ်လည်မှနေရာလပ်က အလွန်သိပ်သည်းလာသည်ကို ခံစားလိုက်ရသည်။
ချက်ချင်းပင် လေဟာနယ်ထဲတွင် အက်ကွဲကြောင်းများဖြစ်လာခဲ့သည်။
ရှောက်ယန်နှင့်ဝူယိုသည် မူလနေရာတွင်သာ ရှိနေသေးသည်။
ထိုအချိန်တွင်၊သူတို့နှစ်ဦးလုံး၏မျက်နှာက ဖြူဖျော့သွားသည်။
ဘွန်း…
အဖြူရောင်နှင့် အမဲရောင် ရှိသော ယင်ယန်နတ်ဘုရားမိုးကြိုးက ရုတ်တရက် သူတို့၏မျက်လုံးထဲတွင် ကြီးမားလာခဲ့သည်။
လျှပ်တစ်ပြက်အတွင်းတွင် ရှောက်ယန်က နောက်တစ်ကြိမ်သူ၏သန့်စင်သောယန်စစ်မှန်ရတနာ ကန့်သတ်မဲ့နေဘီးကိုထုတ်လာခဲ့သည်။
တောက်ပသည့်နေ၏ပုံရိပ်က မြင့်တက်လာခဲ့သည်။
ရွှေရောင်မီးတောက်များက နေ၏ပတ်လည်တွင် ရစ်ပတ်နေကြကာ ယင်ယန်နတ်ဘုရားမိုးကြိုးထံသို့ ဦးတည်ကာလာနေကြသည်။
တစ်ချိန်တည်းတွင်၊
ဝူယိုကလည်း သူ၏ဓားကိုထုတ်လာခဲ့သည်။
သူ၏ဓားက မှိန်ပြပြအလင်းကို ခြေရာခံနိုင်ကာ နေရာလပ်ထဲတွင် ယင်ယန်နတ်ဘုရားမိုးကြိုးကို ဦးတည်ကာ အင်အားအပြည့်ဖြင့် ထုတ်လွတ်လိုက်သည်။
သူတို့မလွတ်မြောက်နိုင်လျှင်ပင်၊ ရန်သူကိုဦးတည်၍ ရင်ဆိုင်ရပေမည်။
ရွှစ်….
သို့ရာတွင် ရှောင်ယန်နှင့် ဝူယိုတို့ မထင်မှတ်ထားသည်မှာ ယင်ယန်နတ်ဘုရားမိုးကြိုး၏နောက်တွင် ဓားအလင်း၊ လည်ပတ်နေသော ငါးရောင်ခြယ်အလင်း နှင့် အဆုံးမဲ့မိုးကြိုးသွားများက ရက်စက်ကြမ်းကြုတ်စွာ ကျဆင်းလာသည်။
လေဟာနယ်ထဲတွင် ကတ္တရာစေးအနက်ရောင် အက်ကွဲကြောင်းများပေါ်ထွက်လာခဲ့သည်။
ချက်ချင်းပင် ရှောက်ယန်၏ သန့်စင်သောယန်စစ်မှန်ရတနာ၊ ကန့်သတ်မဲ့နေဘီးက ပျံထွက်သွားခဲ့သည်။
နေ၏ပုံရိပ်က အက်ကွဲကြောင်းများက ဓားအလင်း၏အောက်တွင် တစ်လက်မပြီး တစ်လက်မ ကွဲကြေသွားလေတော့သည်။
ကျယ်လောင်သည့်ဘန်းဟူသောမြည်သံ မြည်သွားသည်။
သူ၏ခန္ဓာကိုယ်က စတင်၍ နည်းနည်းချင်းဆီပျောက်ကွယ်နေခဲ့ပေသည်။
“ဘာ..?”
ရှောက်ယန်၏မျက်နှာက အံ့အားသင့်မှုနှင့် ပြည့်နေသည်။
သူသည် ဤနေရာတွင် သတ်ဖြတ်ခြင်းခံရသည့် ဒုတိယဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင် ဖြစ်လာလိမ့်မည်ဟုမထင်ထားခဲ့ပေ။
ဘွန်း….
တစ်ချိန်တည်း၌။
အဖြူရောင်နှင့် အနက်ရောင်လက်နေသည့် ယင်ယန်နတ်ဘုရားမိုးကြိုးက ချက်ချင်းပင်ဝူယိုပြောင်းလဲထားသော ဓားဆီးသို့ ဦးတည်လိုက်သည်။
သူထုတ်လွတ်ထားသည့် ဓားအလင်းက လုံးဝလွှမ်းမိုးခံလိုက်ရကာ ပျောက်ကွယ်သွားသည်။
ဖောက်….
ဝူယိုက ရုတ်တရက် ပါးစပ်အပြည့်သွေးများအန်ကာ အင်္ဂါများလောင်ကျွမ်းသွားတော့သည်။
သူ၏မျက်လုံးထဲမှ အလင်းက ချက်ချင်း ပျောက်ကွယ်သွားသည်။
သူ၏ဓားသည် မည်သည့်အချိန်ကပင်မသိလိုက်ဘဲ သတ္တုအပိုင်းအစအဖြစ်ပြောင်းလဲသွားပြီး မြေကြီးပေါ်တွင် ဂလောက်ဂလောက်ဟူ၍မြည်ကာ ပြန့်ကျဲသွားခဲ့သည်။
သူသည် ထိုနေရာတွင် သူ့အား သက်ရောက်မှုသိပ်မရှိသည့်ပုံ အတိုင်းပင် ရပ်နေခဲ့သည်။
သို့သော် အမှန်တကယ်မှာမူ၊ သူအတွင်းရှိဖြတ်လတ်ခြင်းအားလုံးက ပျောက်ကွယ်သွားပြီဖြစ်သည်။
သူ၏မူလဝိညာဉ်ကပင် ဤလောကမှ ပျောက်ကွယ်သွားလေပြီ။
ဂျုန်း….
ထိုအချိန်တွင် မယှဉ်နိုင်သောပြင်းထန်သည့် ဝိညာဉ်ဒီရေလှိုင်းက ရုတ်တရက် ပတ်ပတ်လည်တွင် လိမ့်တက်လာသည်။
မြင့်မားသည့်ကောင်းကင်ပေါ်တွင် ကျဆုံးသွားသည့်နေနှင့် ဓားကျိုးတို့၏ ဖြစ်စဉ်က ပေါ်လာခဲ့သည်။
တိတ်ဆိတ်မှုက ပတ်ဝန်းကျင်ကို လွှမ်းမိုးသွားသည်။
ဝိညာဉ်ဖွဲ့စည်းခြင်းသခင်သုံးဦးက ထိုကဲ့သို့ အချိန်တိုအတွင်း၌ ကျဆုံးသွားခဲ့မည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
ကောင်းကင်ဘုံကိုးခုနယ်ပယ်တွင်ဖြစ်သည်။
ကောင်းကင်သခင် ခုနှစ်ဦးက တိုက်ပွဲဖြစ်နေကြရင်းနှင့် ရုတ်တရက် အောက်ဖက်မှပြောင်းလဲမှုကို အာရုံခံလိုက်မိကြပြီး အောက်သို့အံ့ဩစွာကြည့်လိုက်ကြသည်။
အထူးသဖြင့် ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့် လော်ထျန်းပါ့တို့ဖြစ်သည်။
သူသည် ရှောင်ယန်နှင့် အခြားသူများက ထိုကဲ့သို့အမြန် အသတ်ခံလိုက်ရခြင်းကို မယုံနိုင်အောင်ဖြစ်နေကြသည်။
အဆုံး၌ သူတို့သည်လည်း ဝိညာဉ်ဖွဲ့စည်းခြင်းကောင်းကင်သခင်များဖြစ်ကြသည်။
သို့သော်လည်း သူတို့သည် ခုခံနိုင်ခြင်းမရှိဘဲ ကြက်များကဲ့သို့ အသတ်ခံခဲ့ရသည်။
သူတို့သည် တုံ့ပြန်ကာ သွားရောက်ကယ်ဆယ်မည့်အချိန်က အလွန်နောက်ကျသွားခဲ့ပြီဖြစ်သည်။
“ဟားဟားဟား…”
ရှောင်ရှန်းကျီတို့အုပ်စုနှင့် ဆန့်ကျင်ဘက် ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် ကျန်လူများက အားရကျေနပ်နေကြသည်။
ရှန်းရူယန်သည် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ အောင်မြင်စွာတက်သွားနိုင်ခဲ့ပြီး ချက်ချင်းပင် ထိပ်ဆုံးအဆင့်မှ လူသုံးဦးကို သတ်ဖြတ်နိုင်ခဲ့သဖြင့် သူတို့သည် လှိုက်လှဲကာ စိတ်လှုပ်ရှားနေကြသည်။
ကောင်းကင်အခြေတည်ဝိညာဉ်ရှိသူတစ်ဦးအနေနှင့် မျှော်လင့်ထားသည့်အတိုင်းပင်။
ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ထိုးဖောက်နိုင်သည်နှင့် သူသည် ဝိညာဉ်ဖွဲ့စည်းခြင်း အလယ်အဆင့်နှင့် ညီမျှသည့် စွမ်းအားကိုပြခဲ့သည်။
ရှောက်ယန်နှင့် အခြားသူများကဲ့သို့ ပထမနှင့် ဒုတိယအဆင့်တွင်ရှိနေသော ကောင်းကင်သခင်များကို လွယ်ကူစွာသတ်ဖြတ်နိုင်ခဲ့ပေသည်။
ချက်ချင်းပင်၊ ရှောင်ရှန်းကျီ၊ ဝူရှင်းနှင့်လော်ထျန်းပါ့တို့၏ မျက်နှာက အလွန်ရှုံ့မဲ့နေကြသည်။
သူတို့၏အမူအရာက ဆက်လက်၍ ပြောင်းလဲနေခဲ့သည်။
သူတို့က ဆက်နေရမည်လား သို့ ထွက်ခွာရမည်လားကို မသေချာသဖြင့် တုံ့ဆိုင်းနေကြသည်။
ကျွိ….ကျွိ….
ကြောက်စရာကောင်းသောလှံရှည်က အဆုံးမရှိ မိုးကြိုးသွားများဖြင့် လင်းလက်သွားကာ ရုတ်တရက် သူတို့ဆီသို့ဦးတည်ကာ လာနေလေသည်။
***