← Chapters

ရှေးဟောင်းစမ်းသပ်နယ်မြေ

Vol. 33 Ch. 633

ရှေးဟောင်းစမ်းသပ်နယ်မြေ

Vol. 33 Ch. 633

“မင်းဘယ်လိုလုပ်နိုင်ရတာလဲ။”

ဒေါသများက ရှောင်ရှန်းကျီနှင့် အခြားသူများ၏မျက်နှာတွင် ဖြတ်ပြေးသွားသည်။

ချက်ချင်းပင်၊ လင်းလက်နေသောပုံရိပ်က တောက်လောင်နေသောနေကဲ့သို့ တောက်ပနေကာ သုံးဦး၏နောက်တွင် ပေါ်ထွက်လာခဲ့သည်။

သူတို့သည် ရှောက်ယန်နှင့် အခြားသူများအားသတ်ဖြတ်ပြီးနောက် ရှန်းရူယန်က သူတို့အား တိုက်ရိုက်တိုက်ခိုက်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ချက်ချင်းပင်၊ မျက်စိကျိန်းစေသော ဓမ္မပုံရိပ်က တောက်လောင်နေသောနေကဲ့သို့ တောက်ပနေကာ သုံးဦးမှ တစ်ဦးဆီ၏နောက်တွင် ပေါ်ထွက်လာခဲ့သည်။

“ငါပြောမယ်၊ မင်းတို့သုံးယောက်က ငါတို့ရှိသေးတာကို မေ့နေတာလား?”

ရှောင်ရှန်းကျီနှင့် အခြားသူများက လာနေသည့် မိုးကြိုးလှံရှည်ကိုရင်ဆိုင်ရန် ပြင်ဆင်နေစဉ်တွင်ပင် ကြီးမားသောစွမ်းအားကြီးသည့်ပုံရိပ်လေးခုက ရုတ်တရက် သူတို့၏နောက်မှ ဦးတည်ကာ လာနေခဲ့သည်။

ရှောင်ရှန်းကျီနှင့် သူ့အဖော်များ၏ အမူအရာများက ချက်ချင်းပြောင်းလဲသွားခဲ့သည်။

“သေစမ်း…”

ရှောင်ရှန်းကျီနှင့် ဝူယိုတို့က ချက်ချင်းပင် ကောင်းကင်သခင်ကျီယန်မီးတောက်နှင့်အဖွဲ့ကို ရင်ဆိုင်ရန် နောက်လှည့်လိုက်ကာ လောထျန်းပါ့မှာမူ သူ၏လှံရှည်နှင့် ထိုးဖောက်နေသည်။

ကျီဟူသောအသံမြည်သွားသည်။

လေဟာနယ်ထဲတွင် အက်ကွဲရာများပေါ်သွားခဲ့သည်။

လှံ၏အလင်းက အလင်းအားလုံးကို ဝါးမြိုသွားသည့် အနက်ရောင်အပေါက်ကြီးနှင့်တူကာ မိုးကြိုးလှံရှည်နှင့် ထိပ်တိုက်တိုက်သွားတော့သည်။

စီ…..

ဝုန်း….

ကောင်းကင်ဘုံကိုးခုနယ်ပယ်အပေါ်ဖက်တွင်၊

နက်မှောင်သည့်မှင်ကဲ့သို့သောလှံအလင်းနှင့် မျက်စိကျိန်းစေသည့် မိုးကြိုးလှံရှည်တို့က သိသိသာသာပင် အလင်းနှင့် အမှောင် မတူညီချက်များနှင့် ဖွဲ့စည်းသွားခဲ့သည်။

နေရာလပ်က ထိုပြင်းထန်သည့်စွမ်းအားကို ကိုယ်တိုင်တောင့်ခံထားရပုံပေါ်ကာ အက်ကွဲသံများဆက်တိုက် ပေါ်လာခဲ့လေသည်။

အစိတ်စိတ်အမွာမွာကွဲကြေသွားသည့် အသံများက သံပြိုင်ဖြစ်နေကြသည်။

မိုးကြိုးလှံရှည်က အမှောင်ထဲမှ သဲကြီးမဲကြီးနှင့် ထိုးထွက်သွားသည်။

လွှမ်းမိုးနိုင်ကာ မယှဉ်နိုင်သော အနေအထားနှင့် ၎င်းသည် မှင်နှင့်တူသော လှံအလင်းကို ရှင်းလင်းလိုက်ကာ နောက်ဆုံးတွင် လော်ထျန်းပါ့ဆီသို့ ဦးတည်သွားနေခဲ့တော့သည်။

“သေနာ…”

လော်ထျန်းပါ့က အစ၌ ထိတ်လန့်သွားခဲ့ကာ ဒေါသထွက်လာခဲ့သည်။

မ‌ရေမတွက်နိုင်သော အလင်းအရိပ်များက သူ၏နောက်မှ လိမ့်တက်လာကာ တဖြည်းဖြည်းနှင့် ကြီးမားသည့် အကာအရံဒိုင်းအဖြစ်သို့ ဖွဲ့စည်းသွားခဲ့ပြီး ထို့အတူ လှံရှည်နှစ်ခုအား ရှေ့သို့ပစ်လွတ်လိုက်ပေသည်။

ဂျုန်းဟူသောအသံမြည်သွားသည်။

မိုးကြိုးလှံရှည်က ကြီးမားသည့်လှံနှစ်ခုအား ဦးတည်၍သွားတော့သည်။

ချက်ချင်းပင်၊ လင်းလက်နေသော မိုးကြိုးများနှင့် မိုးကြိုးသံများမြည်သွားခဲ့သည်။

လော်ထျန်းပါ့၏နောက်မှ ဓမ္မပုံရိပ်က ယိမ်းယိုင်နေခဲ့သည်။

သို့သော်နောက်ဆုံးတွင် ကြီးမားသည့်လှံနှစ်ခုသည် မိုးကြိုးလှံရှည်၏ အင်အားအပြည့်နှင့် တိုက်ခိုက်မှုကို တောင့်ခံထားနိုင်ခဲ့ပေသည်။

သို့ရာတွင်၊ သူသည် အသက်ပင်ရှုမဝခဲ့ပါ။

ရုတ်တရက် ကောင်းကင်ပေါ်တွင် ဝှီးဟူသောအသံများဆက်တိုက်မြည်နေခဲ့သည်။

အပေါ်သို့ကြည့်လိုက်သောအခါ ပထမအကြိမ်ထပ်ပို၍ ရက်စက်ကြမ်းတမ်းသော မိုးကြိုးလှံရှည် ခုနှစ်ခု၊ ရှစ်ခုခန့်က လော်ထျန်းပါ့နှင့် အခြားသူများထံသို့ လာနေလေတော့သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ..”

လော်ထျန်းပါ့၊ ရှောင်ရှန်းကျီနှင့် ဝူရှင်းတို့၏ မျက်နှာများက ပြောင်းလဲသွားကြသည်။

သူတို့သည် ပထမတိုက်ခိုက်မှု၏ စွမ်းအားကို ရှင်းလင်းစွာမြင်ထားပြီးဖြစ်သည်။

အထူးသဖြင့် လော်ထျန်းပါ့ပင်။

သူသည် တိုက်ခိုက်မှုတစ်ခုကို တားနိုင်ခဲ့လျှင် နှစ်ခု သို့မဟုတ် သုံးခုလောက်ကိုတားရန်မှာ ပြသနာမရှိသင့်ဟု သူယုံကြည်သည်။

သို့ရာတွင်၊ အကယ်၍ ခုနစ်ခု၊ ရှစ်ခုဆိုပါက သူ့အားမပြောနှင့် သူတို့ထဲမှ အသန်မာဆုံးလူ ရှောင်ရှန်းကျီသည်ပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ပါ။

ထို့အပြင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများက သူတို့အား သဲကြီးမဲကြီး ကြည့်နေကြသေးသည်။

သူတို့က ထိုအရာအား မည်ကဲ့သို့ ခုခံနိုင်လိမ့်မည်နည်း?

“သွားကြစို့။”

ထိုအချိန်တွင် ထိုသုံးဦးက အချိန်ဆွဲမနေတော့ပေ။

သူတို့၏ရှေ့မှ လေဟာနယ်က ရုတ်တရက် ပွင့်လာကာ သူတို့ထွက်သွားတော့မည်ဖြစ်သည်။

ရှန်းရူယန်က အောက်မှနေကာ တစ်ခုခုကိုအာရုံခံမိပုံပေါ်သည်။

သူမ၏လှပသောမျက်လုံးများထဲတွင် လျှပ်စီးတစ်ချို့ တက်လာခဲ့သည်။

သူမက အေးစက်စွာပြောလိုက်သည်။

“မင်းတို့က ပြေးချင်နေတာလား? ဒါဆို ငါ့အတွက်တစ်ခုခုကို ချန်ထားပေးခဲ့ဦး။”

သူမကပြောပြီးသည်နှင့် မကြာမီ သူမ၏လက်များက အမြန်ပင် အဆီးအတားတစ်ခုကို ဖွဲ့စည်းလိုက်သည်။

အုန်း…..

အနီ၊ အစိမ်း၊ အဝါ၊ အဖြူနှင့် အပြာရောင်အလင်းများက ရုတ်တရက် သူမ၏နောက်တွင်ပေါ်လာခဲ့သည်။

ပြီးနောက်၊ အလင်းငါးခုက ရုတ်တရက် တစ်ခုတည်းအဖြစ်သို့ သိပ်သည်းသွားခဲ့ပြီး မိုးကြိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ နေရာလပ်မှတဆင့်ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားနေကြသော ရှောင်ရှန်းကျီနှင့် အခြားသူများအား ပစ်လွတ်လိုက်သည်။

မိုးကြိုးက မည်မျှမြန်ဆန်ပါသနည်း?

ထိုသုံးဦးက နေရာလပ်ထဲဝင်တော့မည့်အချိန်တွင် ကြီးမားသည့်ချိန်းခြောက်မှုက ချဉ်းကပ်လာသည်ကို ခံစားလိုက်ရသည်။

၎င်းသည် သူတို့၏အမူအရာများကိုပြောင်းလဲသွားစေပြန်သည်။

ရွေးချယ်စရာမရှိပါဘဲနှင့် သူတို့၏နောက်တွင် ဝိညာဉ်ဖွဲ့စည်းခြင်း ဓမ္မပုံရိပ်များက ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်း၌ပင် သူတို့၏အကာအကွယ် သန့်စင်သောယန်စစ်မှန်ရတနာကို ယူထုတ်လာခဲ့သည်။

ကျယ်လောင်စွာ ဒုန်း ဟူ၍မြည်သွားသည်။

ငါးရောင်ခြယ်မိုးကြိုးက ရုတ်တရက်ပေါက်ကွဲသွားခဲ့သည်။

ရှောင်ရှန်းကျီနှင့် အခြားသူများထုတ်လာသည့် သန့်စင်သောယန်စစ်မှန်ရတနာက အမြန်ပင် မှိန်သွားခဲ့သည်။

ဝိညာဉ်ဖွဲ့စည်းခြင်းဓမ္မပုံရိပ်များသည်ပင် ချက်ချင်းပြိုကွဲသွားခဲ့သည်။

နောက်ဆုံးတွင် ငါးရောင်ခြယ်မှိုပွင့်သဏ္ဍာန်တိမ်တိုက်က ပျံဝဲတက်သွားသည်။

အားလုံးက ပပျောက်သွားစဉ်တွင်၊ သန့်စင်သောယန်စစ်မှန်ရတနာက ကောင်းကင်ဘုံကိုးခုနယ်ပယ်မှ ထွက်ခွာသွားသည်။

သို့ရာတွင် ထိုသန့်စင်သောယန်စစ်မှန်ရတနာများက မှေးမှိန်နေခဲ့ပြီဖြစ်သည်။

ရှင်းလင်းနေသည်မှာ သူတို့သည် ဒီဂရီတစ်ခုအထိ ထိခိုက်သွားခဲ့ပါသည်။

ထိုမြင်ကွင်းက ရှိနေသောသူအားလုံးကို ထိတ်လန့်သွားစေသည်သာမကပေ။

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးကလည်း သူတို့၏အံ့ဩမှုများကို မထိန်းချုပ်ထားနိုင်ပါ။

သူတို့သည် ရှန်းရူယန်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်လျှင် အလွန်စွမ်းအားကြီးမည်ကို သိခဲ့ကြသည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။

သို့ရာတွင် သူတို့သည် ရှန်းရူယန်က ထိုမျှလောက်အထိ စွမ်းအားကြီးလိမ့်မည်ဟု မထင်ထားပါ။

ရှောင်ရှန်းကျီနှင့် အခြားနှစ်ဦးတို့အတွက် ဝိညာဉ်ဖွဲ့စည်းခြင်း စတုတ္ထအဆင့်များသည်ပင် သူမ၏အင်အားကုန် တိုက်ခိုက်မှုကို တောင့်မခံနိုင်ပါ။

သူတို့သည် လွတ်မြောက်ရန်ရွေးချယ်ခဲ့ကြသည်။

၎င်းသည်မယုံနိုင်စရာပင်။

“စီနီယာတို့ကျွန်မကိုလာရောက်ပြီး ကူညီပေးကြတဲ့အတွက် ကျေးဇူတင်ပါတယ်၊ ကျွန်မဒီကျေးဇူးကို တစ်သက်မမေ့ပါဘူး။”

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့်အခြားသူများက ကောင်းကင်ဘုံကိုးခုနယ်ပယ်မှဆင်းလာလျှင် ရှန်းရူယန်က ချက်ချင်းသူမ၏ကျေးဇူးတင်စိတ်ကိုဖော်ပြရန် သွားခဲ့သည်။

သူမ၌ကျေးဇူးတင်ဖို့ရန်အကြောင်းရှိပါသည်။

အကယ်၍ ထိုလေးဦးသာ သူမအား မကာကွယ်ပေးခဲ့လျှင်၊ သူမသည် ကောင်းမြတ်ခြင်း ရွှေရောင်ကြာပွင့်ကို သုံးကာ ဤလူသားအတိဒုက္ခကို ဖြတ်ကျော်ရပေတော့မည်။ ထိုသို့မဟုတ်လျှင် သူမသည် ကျရှုံးရခြင်းနှင့် အဆုံးသတ်ရလိမ့်မည်။

“တာအိုရောင်ရင်းရှန်း အရမ်းယဉ်ကျေးမနေပါနဲ့။

မြောက်ပိုင်းနယ်နိမိတ်ရဲ့တာအိုရောင်းရင်းတွေအနေနဲ့ ကျုပ်တို့က တစ်ယောက်နဲ့တစ်ယောက်ကူညီရမှာ သဘာဝကျပါတယ်။” ကောင်းကင်သခင်လေးဦးက အပြုံးဖြင့်ပြောလိုက်သည်။

သို့ရာတွင်၊ ရှန်းရူယန်က ခိုင်မာစွာ ခုခံလိုက်သည်။

သူမသည် ဘေးတွင်ရပ်နေသော ကျန်းချန်ရွှမ်နှင့် အကြည့်ချင်းဖလှယ်လိုက်သည်။

တစ်ဦး၏မျက်လုံးမှ ရည်ရွယ်ချက်အား တစ်ဦးက နားလည်ခဲ့သည်။

ရှန်းရူယန်ကဆက်ပြောလိုက်သည်။ “ဒီတစ်ကြိမ်တော့ ကျွန်မတို့ကျန်းမိသားစုက ကြီးမားတဲ့ဝိညာဉ်ကျောက်တုံး မိုင်းတွင်းနဲ့ ရှေးဟောင်းစမ်းသပ်မြေကို ရှာဖွေတွေ့ရှိဖို့အတွက် ကံကောင်းခဲ့တယ်။

ဝိညာဉ်ကျောက်တုံးမိုင်းတွင်းအတွက် ကျွန်မတို့မိသားစုငါးခု ညီတူညီမျှခွဲယူကြမယ်ဆိုရင် ဘယ်လိုလဲ? ပြီးတော့ ရှေးဟောင်းစမ်းသပ်မြေကိုတော့ အတူတူဝင်ပြီး စူးစမ်းကြည့်ကြတာပေါ့။”

ရှန်းရူယန်က ထိုရက်ရောသည့် ကျေးဇူးတင်မှုက စကားလုံးများထပ် ပို့၍ လက်ဆုပ်လက်ကိုင်ပြနေသည့် အပြုအမူက ပို၍ ကောင်းပါသည်။

သူကမ်းလှမ်းမှုမှာ ထိုလေးဦးအပေါ် သဘောထားပင်ဖြစ်သည်။

ရှင်းလင်းစွာပင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးကလည်း ထိုအကြောင်းကို သိပါသည်။

သူတို့သည် အချင်းချင်းအကြည့်ဖလှယ်လိုက်ကြကာ ပြီးနောက် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ကြပြီး ကောင်းကင်သခင်ကျီယန်မီးတောက်က အပြုံးဖြင့် ပြောလိုက်သည်။

“တာအိုရောင်းရင်းရှန်း၊ အဲ့ဒီဝိညာဉ်ကျောက်တုံးမိုင်းတွင်းက ကျန်းမိသားစုပိုင်နက်ထဲမှာ ရှိနေတာ၊ ဒါကြောင့် မင်းတို့ကျန်းမိသားစုကပဲ ပိုင်ဆိုင်သင့်ပါတယ်။

ကျုပ်တို့အဲ့တာကိုကြားဝင်မနှောက်ယှက်ပါဘူး။ ဒါပေမဲ့ ရှေးဟောင်းအကြွင်းအကျန်ကမ္ဘာအတွက်ကတော့….”

ထိုအချိန်တွင်၊ ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသုံးဦးသည် မတတ်နိုင်ဘဲ အကြွင်းအကျန်နေရာ ၏ဖက်သို့ ကြည့်နေကြသည်။

“အကယ်၍ ကျုပ်မမှားရင်၊ အဲ့ဒီအကြွင်းအကျန်ကမ္ဘာက အလယ်ပိုင်းဒေသကလူတွေပြောသလိုဆိုရင် တစ်ချိန်က အဓိကဂိုဏ်းတွေ သူတို့ရဲ့ တပည့်တွေကို ကျင့်ကြံစေဖို့အတွက်သုံးခဲ့ဖူးတဲ့ ရှေးဟောင်းစမ်းသပ်နယ်မြေ ဖြစ်လိမ့်မယ်။”

“ရှေးဟောင်းစမ်းသပ်နယ်မြေ?” ရှန်းရူယန်၏မျက်လုံးက မြင့်တက်သွားသည်။

ထိုအချိန်တွင်၊ မရေမတွက်နိုင်သည့် အမှတ်တရများက သူမ၏စိတ်ထဲတွင် ထွက်ပေါ်လာသည်။

နောက်ဆုံးတွင် သူကပြောလိုက်သည်။ “အဲ့ဒီမှာ ကန့်သတ်ချက်အမျိုးအစားတွေ ရှိသေးလား? ကျွန်မတို့လို ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူတွေ ဝင်လို့မရဘူးဆိုတာမျိုးလေ။”

ကောင်းကင်သခင်ကျီယန်မီးတောက်က ရှန်းရူယန်၏စကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။

“အကယ်၍ ကိစ္စတွေကမျှော်လင့်ထားတဲ့အတိုင်းဆိုရင် အဲ့တာက ပြသနာပဲ။ တာအိုရောင်းရင်းရှန်းက အဲ့လိုနေရာမျိုးနဲ့ ပက်သက်ပြီး နားလည်ထားတာတွေရှိပုံပေါ်တယ်။”

ကောင်းကင်သခင် ကျီယန်မီးတောက်၊ ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်၊ ကောင်းကင်သခင် ရုန်ဟန်ကျီရှန်း၊ ကောင်းကင်သခင် ရှန်းယန်နှင့် ရှန်းရူယန်တို့က တစ်ယောက်နှင့် တယောက်ကြည့်လိုက်ကြသည်။

ပြီးနောက် သူတို့သည် အကြွင်းအကျန်ကမ္ဘာဆီသို့ အမြန်သွားလိုက်ကြသည်။

ကျီ..

သူတို့မျှော်လင့်ထားသကဲ့သို့ပင်။

သူတို့၏ပုံရိပ်များက အကြွင်းအကျန်ကမ္ဘာ၏ဝင်ပေါက်သို့ ရောက်သွားကာ စွမ်းအားတစ်ခုက သိမ်မွေ့သည့် လှိုင်းဂယက်များ ဖွဲ့စည်းကာ သူတို့ ဝင်ရောက်ခြင်းအား တားဆီးလိုက်သည်။

“ကြည့်ရတာ ဒီနေရာက တကယ် ကျုပ်တို့ခန့်မှန်းထားတဲ့အတိုင်းပဲ။ ဝိညာဉ်ဖွဲ့စည်းခြင်းအောက်က ကျင့်ကြံသူတွေသာ ဝင်နိုင်တာဖြစ်ကောင်းဖြစ်နိုင်လိမ့်မယ်။”

ကောင်းကင်သခင် အဆုံးမဲ့ပင်လယ်က နှမြောသတဖြစ်စွာပြောလိုက်သည်။

ထိုကဲ့သို့သောနေရာအား အကယ်၍ သူစိတ်မဝင်စားဘူးဟုပြောလျှင် လိမ်နေခြင်းသာဖြစ်လိမ့်မည်။

ကံဆိုးစွာပင်၊ သူတို့၏ကျင့်ကြံခြင်းနယ်ဖြစ်သည့် ရှန်းရူယန်အပါအဝင် အခြားသူများက သိသာစွာပင် ထိုအခွင့်အရေးကို မရရှိနိုင်တော့ပါ။

သို့ရာတွင်၊ ကျန်းချန်ရွှမ်နှင့် အခြားသူများက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့မတက်ရသေးသဖြင့် ထိုရှေးဟောင်းစမ်းသပ်နယ်မြေမှ မောင်းထုတ်ခြင်းမခံရလောက်ပေ။

ကျန်းချန်ရွှမ်က အကြွင်းအကျန်ဝင်ပေါက်ကိုကြည့်ကာ ခနပတ်ကြည့်လိုက်ပြီးနောက်မှ စကားပြောလိုက်သည်။ “ဒါဆိုရင် ကျွန်တော်အရင်ဝင်ပြီး ကြည့်ခွင့်ပြုပါ။”

ရှန်းရူယန်၏ မျက်လုံးများက စိုးရိမ်စိတ်ကိုဖော်ပြနေသည်။

အဆုံး၌ မည်သူမှ အတွင်းထဲ၌ သေစေနိုင်သည့် အန္တရာယ်မရှိဟု မည်သူမှ အာမ,မခံနိုင်ပါ။

အကယ်၍ ကျန်းချန်ရွှမ်က ဝင်သွားကာ မတော်တဆမှုများနှင့် ကြုံတွေ့ရလျှင် မည်သို့ လုပ်မည်နည်း?

အန္တရာယ်ရှိနိုင်သည်မဟုတ်ပါလား?

သူ၏အဖော်၏စိုးရိမ်စိတ်ကို ရိပ်မိပုံဖြင့် ကျန်းချန်ရွှမ်သည် သေချာစွာဖြင့် ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့၊ မိန်းမ။ မင်း ကိုယ်လုပ်နိုင်တာဆိုတာကို သိတယ်မလား?

အကယ်၍ မမျှော်လင့်ထားတာတွေ မဖြစ်လာခဲ့ရင်၊ ကိုယ်မှာ ကိုင်တွယ်ဖို့နည်းလမ်း ရှိပါတယ်။

ပြီးတော့လဲ အကြွင်းအကျန်က ကျန်းမိသားစုနားမှာပေါ်လာတာဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘာလဲဆိုတာ သိအောင်လုပ်ရမှာပေါ့။”

ကျန်းချန်ရွှမ်၏ စကားများကိုကြားလျှင် ရှန်းရူယန်က သူမသည် သူ့အားမတားနိုင်ပါ။

သူမသည် ခနတွေးလိုက်ကာ ပြောလိုက်သည်။ “ဒါဆို ရှင်ဂရုစိုက်ရမယ်နော်။ အကယ်၍ မလုပ်နိုင်တော့ရင် အရင်ထွက်လာလိုက်ပါ။ ကျွန်မတို့ဖြစ်လာတဲ့အခြေအနေတွေကို ဆွေးနွေးပြီးမှ ကိုင်တွယ်ဖြေရှင်းကြမယ်။”

“ကောင်းပြီ။”

ကျန်းချန်ရွှမ်ခေါင်းညိတ်လိုက်သည်။

ထိုစကားကိုပြောပြီးနောက်၊ သူသည် ကောင်းကင်သခင်လေးဦးကို နှုတ်ဆက်လိုက်ပြီးနောက် တုံ့ဆိုင်းနေခြင်း မရှိတော့ပါ။

သူ၏ပုံရိပ်က လင်းလက်သွားကာ သူသည် အကြွင်းအကျန်၏ဝင်ပေါက်ထဲသို့ အမြန်ဦးတည်၍ ဝင်သွားခဲ့သည်။

ထိုအချိန်တွင် အကြွင်းအကျန်က ကျန်းချန်ရွှမ်အား ဝိညာဉ်ဖွဲ့စည်းခြင်းကျင့်ကြံသူမဟုတ်ကြောင်း သတိထားမိပုံပေါ်ကာ တကယ်ပင် ဝင်ရောက်ခြင်းမှ မတားမြစ်ပေ။

အက်ကွဲရာများဖြစ်လာကာ ကျန်းချန်ရွှမ်၏ပုံရိပ်က လူတိုင်း၏မျက်စိရှေ့မှပျောက်သွားသည်။

ကျီ….

သူသည် အချို့သော အလွှာများကို ဖြတ်သန်းခဲ့ရပုံပေါ်လေသည်။

သို့ရာတွင် သူ၏အမြင်ကို ဆန်းကြယ်သောစွမ်းအားများက ပိတ်ထားပုံပေါ်လေသည်။

ပြီးနောက်၊ စက်သံတစ်ခုကသူ၏နားထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။

“စမ်းသပ်မှုပါဝင်သူတစ်ဦးဝင်ရောက်လာတာကို ခြေရာခံမိပါတယ်။ စမ်းသပ်မှုရဲ့ အဆင့်အတန်းနဲ့ ကိုက်ညီပါတယ်။ သင်ကဒီစမ်းသပ်မှုမှာ ပါဝင်လိုပါသလား?”

ထိုစကားကိုကြားပြီးသည်နှင့် ကျန်းချန်ရွှမ်၏စိတ်ထဲမှ အသံက ရုတ်တရက်ထပ်၍မြည်လာသည်။

သို့ရာတွင်၊ ဤတစ်ချိန်တွင် ထိုအသံက ကွဲပြားသောအဓိပ္ပာယ်ကို သယ်ဆောင်လာသည်။ ကြည့်ရသည်မှာ စိတ်အားထက်သန်သော၊ တုံ့ဆိုင်းသော နှင့် စိတ်ရှုပ်ထွေးနေပုံပေါ်ပေသည်။

သို့သော် နောက်ဆုံးတွင် ၎င်းအသံက စက်အသံသို့ပြန်ပြောင်းသွားသည်။

“သတိပြုပါ၊ သတိပြုပါ၊ သတိပြုပါ။

ဒီဧရိယာမှ ထိန်းချုပ်သူမရှိတာကို ခြေရာခံမိပါတယ်။ စမ်းသပ်မှုပါဝင်သူ၊ ထိန်းချုပ်သူအထူးအခွင့်အရေးရဖို့ စိန်ခေါ်ကြည့်ချင်ပါသလား?

ကျေးဇူးပြု၍ အသက်ရှုသံဆယ်ချက်အတွင်းမှာ ဖြေပါ။

တစ်ဆယ်၊ ကိုး၊ ရှစ်၊ ခုနစ်….”

ရုတ်တရက်၊ အလွန်အရေးကြီးနေသော ရေတွက်နေသည့်အသံက ကျန်းချန်ရွှမ်၏ နားထဲတွင် ပေါ်လာသည်။

***

All Chapters