ကျန်းချန်ရွှမ်ကိုယ်ပွား
Vol. 33 Ch. 634
ကျန်းချန်ရွှမ်က ဝင်လာသည်နှင့် တကယ်ပင် ထိုသို့ရင်ဆိုင်ရမည်ဟု မထင်ထားခဲ့ပါ။
သူသည် သူသည် ဒုတိယစနစ်ကို ဖြတ်ကျော်လာခဲ့ပြီဟုပင် ထင်နေသည်။
သို့ရာတွင်၊ သူ၏ရှေ့ရှိရေတွက်နေခြင်းက သူ့အားအသိပြန်ဝင်စေခဲ့သည်။
တုံ့ဆိုင်းမှုများစွာမရှိဘဲ၊ ကျန်းချန်ရွှမ်က ချက်ခြင်းပင်စိန်ခေါ်မှုကိုလက်ခံရန်ရွေးချယ်လိုက်သည်။သူ၏ခန္ဓာကိုယ်မှ ထူးဆန်းသောအင်အားကို ရုတ်တရက် ခံစားလိုက်ရပြီး ဧရာမနေရာရွေ့ပြောင်းရေးအစီအရင်ကိုသုံးစဉ်က ခံစားခဲ့ရသော မူးဝေမှုနှင့် ဆင်တူပေသည်။
သူသည် အပေါ်သို့ကြည့်လိုက်ချိန်တွင်၊ ထူထပ်သော တောထဲသို့ ရောက်ရှိနေကြောင်းတွေ့ရှိလိုက်ရသည်။
သူသည် အပြည့်အဝမတုံ့ပြန်ရသေးမီ၊ သိပ်မဝေးသည့်နေရာမှ တရှဲရှဲမြည်သံကို ကြားလိုက်ရသည်။
ပြီးနောက်တွင် အစောပိုင်းချီသန့်စင်ခြင်းသားရဲ အမဲလိုက်ကျားသစ် ဆယ်ကောင်က သူ၏ရှေ့တွင်ပေါ်လာသည်။
ကျန်းချန်ရွှမ်က ထိုကျင့်ကြံခြင်းအဆင့်တွင် အတော်ပြသနာဖြစ်စေသောသားရဲများဖြစ်ကာ မျိုးစပ်မကောင်းဆိုးဝါး အမျိုးအစားများဖြစ်ကြောင်းကို အကြည့်တစ်ချက်ဖြင့် မှတ်မိလိုက်သည်။
“ပထမအဆင့်ကို စိန်ခေါ်တာက၊ အမဲလိုက်ကျားသစ်ဆယ်ကောင်ကို သတ်ရမှာလား?”
“ဟမ်?”
ဒါက တစ်ဆင့်ပြီးတစ်ဆင့် စိန်ခေါ်ရတာလား?
ကျန်းချန်ရွှမ်က ပဟေဠိဖြစ်နေသည်။
တစ်ချိန်တည်းမှာပင်၊ သူသည် ထူးဆန်းနေသည်။ အခြေတည်ဝိညာဉ်အထွတ်အထိပ်အဆင့်ကျင့်ကြံသူတစ်ဦးအနေနှင့် ဝိညာဉ်ဖွဲ့စည်ခြင်း ကောင်းကင်သခင်များ ကိုပင် ပြိုင်တိုက်နိုင်ခဲ့ရာ ယခုမူ အစောပိုင်းချီသန့်စင်ခြင်းအဆင့် သားရဲဆယ်ကောင်ကိုသတ်ရမည်ဖြစ်သည်။
သူက ဘာပြောရမည်ကိုပင်မသိတော့ပါ။
[ဒင်]
ထိုအချိန်တွင် ထိုအတွေးကဝင်လာသည်နှင့် ရင်းနှီးနေသည့် စနစ်၏အသံက သူ၏စိတ်ထဲတွင် အသံမြည်လာခဲ့သည်။
[စနစ်မှ တာဝန်အသစ်ထုတ်ပြန်လာပါတယ်။ Host ကျေးဇူးပြု၍ စမ်းသပ်မှုအခု ၁၀၀ ကို ကျော်ဖြတ်ပါ။]
ဟမ်?
အကယ်၍ သူသည် အာရုံမစိုက်လိုက်မိလျှင် ထိုအသံက သတင်းထပ်ပေးသည်ဟုသာ ထင်မိတော့မည်ဖြစ်သည်။
ဟိန်းသံများ…
ကျန်းချန်ရွှမ်အားစဉ်းစားချိန်သိပ်မပေးပဲ စက်သံကပြီးဆုံးသွားသည်နှင့် အမဲလိုက်သားရဲဆယ်ကောင်က အရသာရှိသောအရာကို ရှာတွေ့သွားသကဲ့သို့ အဝါရောင်လျှာရည်များကျနေလေသည်။
ကျန်းချန်ရွှမ်ထံသို့ ဦးတည်ကာ အတူတကွ ဟိန်း၍လာနေကြသည်။
ဟမ်?
ထိုအရာကိုမြင်လျှင် ကျန်းချန်ရွှမ်က အလောတကြီး မပြုမူဘဲ အမဲလိုက်ကျားသစ် ဆယ်ကောင်ကို သူ့အားလာရောက်တိုက်စေလိုက်ကာ သွေးမှုန်များအဖြစ် ပေါက်ကွဲသွားကြတော့သည်။
ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်၏မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်းသွားသည်။
အကြောင်းမှာ သူသည် ရှင်းလင်းစွာ အမဲလိုက်ကျားသစ်များ၏ခန္ဓာကိုယ်က သွေးမှုန်များအဖြစ် ပြောင်းလဲသွားသည်ကို မြင်ခဲ့သော်လည်း သူတို့သည် အလင်းမှုန်များအဖြစ်ပြောင်းလဲသွားကာ ပြန်လည်ထွက်ပေါ်လာသည်။
ထိုသတ္တဝါများက အမှန်တကယ်မတည်ရှိပေ။
ဒါဆို ငါက အခုဘယ်လိုဖြစ်မှာလဲ?
ငါကအခု အစစ်အမှန်လား သို့ အဲ့ဒီ အမဲလိုက်ကျားသစ်တွေလို ငါရဲ့အသိစိတ်ပဲလား?
အခြေတည်ဝိညာဉ်ကျင့်ကြံသူတစ်ဦးအနေဖြင့် ကျန်းချန်ရွှမ်က သံသယအချို့မရှိသင့်ပါ။
သို့သော် သေချာသည့်အသိစိတ်က သူသည် ထိုအချိန်တွင်အစစ်အမှန်မဟုတ်ကြောင်းပြောနေခဲ့သည်။
အကယ်၍ ပြသနာဖြစ်လျှင် အလွန် ကြောက်မက်ဖွယ်ကောင်းပါသည်။
မည်သို့သောစွမ်းအားမျိုးက သူကဲ့သို့ အခြေတည်ဝိညာဉ်ကျင့်ကြံသူ အထွတ်အထိပ်တစ်ဦးကိုပင် လှည့်စားနိုင်ရပါသနည်း?
ကျန်းချန်ရွှမ်က အစောပိုင်းချီသန့်စင်ခြင်းအဆင့် အမဲလိုက်ကျားသစ်များသည် သူ့အားတိုက်ကာ ပျောက်ကွယ်သွားပြီးသည့်နောက်တွင် အလယ်ဆင့် ချီသန့်စင်ခြင်းအဆင့်သားရဲများက ရုတ်တရက် တောအုပ်၏အနက်ထဲမှပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်က ပြောစရာစကားမဲ့သွားသည်။
၎င်းသည်တကယ်ပင် တစ်ဆင့်ပြီးတဆင့်စိန်ခေါ်ခြင်းဖြစ်သည်။
ဟိန်းသံများ….
အမဲလိုက်ကျားသစ်များကဲ့သို့ပင်၊ ထိုအလယ်ဆင့် ချီသန့်စင်ခြင်း သားရဲများက သူအားတိုက်ခိုက်ပြီးနောက် ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင်။
ကျန်းချန်ရွှမ်က နားလည်လုနီးပါးဖြစ်နေပြီဖြစ်သည်။
ကြည့်ရသည်မှာ စိန်ခေါ်မှု ပြိုင်ပွဲတစ်ခုတွင် ပြိုင်ဖက်ဆယ်ယောက်ကိုရင်ဆိုင်ရခြင်းပါဝင်ကာ ခက်ခဲမှုက တဖြည်းဖြည်းမြင့်တက်လာကာ သူကျဆုံးသည်ထိ သို့ အောင်မြင်သွားသည်အထိဖြစ်သည်။
ပြီးနောက် ချက်ခြင်းပင်၊ ကျန်းချန်ရွှမ်က ကြိုတင်မျှော်လင့်ထားသလိုပင် နောက်ပိုင်းဆင့် ချီသန့်စင်ခြင်း သားရဲများသေဆုံးသွားလျှင် သူ၏ရှေ့၌ပေါ်လာသည်က အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဖွဲ့ပင် ဖြစ်လေသည်။
ထို့အပြင် ကျန်းချန်ရွှမ်၏ပတ်ဝန်းကျင်သည် တောမှ သဲကန္တာရထဲပြောင်းလဲသွားသည်။
ထိုအတိုင်းသာ။
ကျန်းချန်ရွှမ်က စိန်ခေါ်မှုများကို ဆက်လုပ်နေသည်။
အစောပိုင်း အခြေခံတည်ဆောက်ခြင်းအဆင့် သားရဲများမှစ၍ အစောပိုင်းရွှေအမြုတေကျင့်ကြံခြင်းအဆင့် ပြီးနောက် အစောပိုင်းအခြေတည်ဝိညာဉ်သားရဲနှင့် အထွတ်အထိပ်အဆင့်အခြေတည်ဝိညာဉ်သားရဲများအထိ အခက်အခဲမရှိရင်ဆိုင်ခဲ့သည်။
အထွတ်အထိပ်အခြေတည်ဝိညာဉ်သားရဲဆယ်ကောင်ကိုပင် ကျန်းချန်ရွှမ်ကသူ၏လက်ရှိစွမ်းအားနှင့် လွယ်ကူစွာရှင်းလင်းခဲ့လေသည်။
သို့သော် သူသည် တစ်ချိန်တည်းမှာပင် အထွတ်အထိပ်အဆင့်အခြေတည်ဝိညာဉ်သားရဲ ဆယ်ကောင်ကို သတ်ပြီးနောက် သူ့ရှေ့တွင်ပေါ်လာသည်မှာ လူတစ်ဦးဖြစ်နေသည်။
ပြီးနောက် ထိုသူက ကျန်းချန်ရွှမ်ကိုယ်တိုင်ပင်ဖြစ်သည်။
ထို့အချိန်တွင် ကျန်းချန်ရွှမ်၏ အမူအရာကနောက်ဆုံးတွင် အလေးအနက်ဖြစ်လာခဲ့လေသည်။
သူသည် ပြိုင်ဖက်ထံမှထုတ်လွတ်နေသည့် ချိန်းခြောက်မှုကို ခံစားခဲ့ရသည်။
သူသည် စက်အသံမှတစ်ဆင့် သတင်းစကားကိုရရှိခဲ့သည်။
ဤအချိန်သည် သူ့စမ်းသပ်မှု၏ နောက်ဆုံးအဆင့်ဖြစ်ကာ သူ့ရှေ့တွင်ရပ်နေသည့် သူ၏နောက်တစ်ကိုယ်အား ရှုံးနိမ့်စေရမည်ဖြစ်သည်။
ဝှစ်….
ချက်ခြင်းပင် ဆန့်ကျင်ဖက် ကျန်းချန်ရွှမ်က ဓားပျံတစ်လက်ကို ဆင့်ခေါ်လိုက်သည်။
ပြီးနောက် ဓားပျံက ကျန်းချန်ရွှမ်၏မူလဓမ္မစစ်မှန်ရတနာ ရွှေဗလာနယ်ဓားဖြစ်နေသည်။
ငါ့ရဲ့ရတနာကိုတောင် ပုံတူကူးနိုင်တာလား?
ထိုအတွေးဖြင့် သူ၏ နတ်ဘုရားစွမ်းအားနှင့် နည်းစနစ်များကိုပင် ပုံတူကူးနိုင်မည်ဖြစ်ကြောင်း သတိပြုမိသွားသည်။
သူ၏စိတ်ထဲ ထိုအတွေးဖြတ်သွားသည်နှင့် ဆန့်ကျင်ဘက်မှ ကျန်းချန်ရွှမ်သည် ရုတ်တရက် လေဟာနယ်ထဲမှ ဓားရှည်ကို ဆွဲထုတ်လာကာ သူ့ထံသို့ဦးတည် ခုတ်လိုက်သည်။
၎င်းသည် နတ်ဘုရားစွမ်းအားဖြစ်သည့် အဇူရာဧကရာဇ်ကောင်းကင်ဘုံ ရန်နှိမ်ဓားပင်ဖြစ်သည်။
ဘွန်း….
ဓားနှစ်လက်က လေထဲတွင် တိုက်မိသွားကာ ချက်ခြင်းပင် အလွန်အားကောင်းသည့် ဓားချီကို ထုတ်လွတ်လိုက်သည်။
ထို့အတူ၊ တစ်ဦးဆီကိုရစ်ပတ်နေသည့် ရှင်ခြင်းနှင့် သေခြင်းအရောင်အဝါက ထွက်ပေါ်နေပုံပေါ်သည်။
ကျန်းချန်ရွှမ်၏အမူအရာက သိသာထင်ရှားစွာ ပြောင်းလဲသွားခဲ့သည်။
လေထဲတွင် နက်ရှိုင်းသည့်အသံက တိုက်လေယာဉ် ထိုးဆင်းလာသကဲ့သို့ ဂျုန်းခနဲမြည်သွားသည်။
သူ၏နောက်တွင် ကျန်းချန်ရွှမ်ပုံတူက ဂဠုန်ငှက်၏ အရှိန်ကို ဖွင့်လိုက်ပြီး နဂါးနှင့် ဆင်တို့၏ စွမ်းအားကို ထိန်းချုပ်အသုံးချကာ ရက်စက်ကြမ်းတမ်းစွာ သူ့ဆီသို့ ရိုက်ချလိုက်သည်။
“မင်းသေချင်နေတာပဲ။”
ကျန်းချန်ရွှမ်၏ခန္ဓာကိုယ်မှ အက်ကွဲနေသောအသံများမြည်လာခဲ့သည်။
ခနအကြာတွင် သူ၏ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်သည် အပြည့်အဝပွင့်သွားသည်။
ပုံရိပ်နှစ်ခုက ကြီးမားသောတောင်များနှင့် တူကာ လေထဲတွင် မညာမတာတိုက်ခိုက်နေကြပြီး ကိုယ်တိုင်ရုန်းကန်နေကြရသည်။
သူတို့သည် ရက်စက်ကာပြင်းထန်သောတိုက်ပွဲကို တိုက်နေကြကာ အရက်စက်ဆုံးတိုက်ပွဲငယ်တစ်ခုကို ပုံဖော်နိုင်ပေသည်။
ဒုန်း…..
ရုတ်တရက်၊ ကျန်းချန်ရွှမ်၏ပုံရိပ်က လက်သီးတစ်ချက်ကိုခံလိုက်ရကာ အဝေးသို့လွင့်သွားသည်။
သို့ရာတွင် သူက အထိုးမခံရခင်တွင် ရက်စက်သည့် ဝိုက်ကန်ချက်ကို ပုံတူကျန်းချန်ရွှမ်အားပေးလိုက်ကာ သူ၏ခန္ဓာကိုယ်အားဘေးတိုက်လွင့်သွားစေသည်။
ဝုန်း….ဝုန်း….
ပြိုလဲသံနှစ်ခုကိုကြားလိုက်ရကာ ပတ်ဝန်းကျင်ရှိများစွာသောတောင်များက ကျယ်လောင်စွာ ပြိုကျသွားတော့သည်။
ဖုန်မှုန့်များနှင့် အကျိုးအပဲ့များကြားတွင် ရှိန်လောက်သည့်ပုံရိပ်နှစ်ခုကထပ်မံတိုက်ခိုက်နေကြသည်။
ထိုအချိန်တွင် သူတို့နှစ်ဦးသားက မူလစစ်မှန်ရတနာ မြေနက်လှံကို သုံးစွဲနေသည်။
ဂလောင်…ဂလောင်
မီးပွားများက နေရာတိုင်းကို ပျံသန်းသွားသည်။
လှံနှစ်စင်းက အသက်တစ်ချက်ရှုစဉ်အချိန်၌ပင် အဆထောင်ပေါင်းများစွာ တိုက်ခိုက်နေကြသည်။
တောင်များပြိုခြင်း၊ သစ်ပင်များအစိတ်စိတ်ကွဲကြေခြင်းနှင့် မြေများက အက်ကွဲကြောင်းများဖြစ်ပေါ်ကာ ကျယ်ပြောကာ အောက်ခြေကင်းမဲ့သည့်လျိုမြောင်များပါ ဖြစ်ပေါ်လာနေသည်။
ထိုပုံတူက အဆုံးမရှိသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားပုံပေါ်သည်။
အချိန်ကြာမြင့်သည့်တိုက်ခိုက်မှုပြီးနောက်တွင် မောပန်းနေသည့်လက္ခဏာ မပြပေ။
၎င်းသည် ဓမ္မစွမ်းအင်၊ အသက်ရှုသံနှင့် စွမ်းအားများက အထွတ်အထိပ်တွင်သာကျန်ရှိနေကာ ကျန်းချန်ရွှမ်မှာမူ သူ၏ ခန္ဓာကိုယ်နှင့် ဓမ္မစွမ်းအင်များက စတင်၍လျော့နည်းလာခဲ့သည်။
သူသည် ဤတိုက်ပွဲက ရက်သတ္တပါတ်များ ဆက်လာခဲ့လျှင်ပင် ထိုပုံတူ၏ ဓမ္မစွမ်းအင်နှင့် ခန္ဓာကိုယ်အင်အားများက အနည်းဆုံးထိ မှေးမှိန်သွားခြင်းမရှိနိုင်ဟု သံသယဝင်ခဲ့သည်။
၎င်းသည် များစွာအကျိုးမရှိသောအရာ ဖြစ်သည်။
အကယ်၍ ထိုပြသနာဖြစ်ခဲ့လျှင် သူသည် ဓမ္မစွမ်းအင်နှင့် ခန္ဓာကိုယ်စွမ်းအင်များ အဆုံးမရှိကာ စွမ်းအားတူဖြစ်သည့် ထိုပုံတူအား ရှုံးနိမ့်စေနိုင်ရန်နည်းလမ်းရှိတော့မည် မဟုတ်ချေ။
ထိုပုံတူအားလွှမ်းမိုးနိုင်မည့် တစ်ခုတည်းသောဖြစ်နိုင်ချေမှာ ပုံတူမှ မသင်ကြားရသေးသောနည်းစနစ်ကို လေ့ကျင့်ရန်ဖြစ်ကာ ထိုကိစ္မမှာ အပြောထပ်အလုပ်ကခက်ပါသည်။
ထိုအလုပ်က မည်သို့လွယ်ကူလိမ့်မည်နည်း?
တဖြည်းဖြည်းနှင့်၊
ကျန်းချန်ရွှမ်၏အရောင်အဝါက အားနည်းလာသည်။
သူသည် တိုက်ခိုက်ခြင်းမှ ခုခံခြင်းသို့ပြောင်းလဲလာသည်။
သူ၏အင်အားသုံးသည့်နှုန်းကိုလျော့ကျစေကာ သူ၏အခြေအနေက သေရေးရှင်ရေးဖြစ်လာသည်။
ဂျုန်း…..
မီးတောက်များသည် ကောင်းကင်ပေါ်သို့ ပျံဝဲတက်သွားခဲ့သည်။
ကျန်းချန်ရွှမ်က ရုတ်တရက်ပေါက်ကွဲမှုကြောင့် ကီလိုမီတာရာပေါင်းချီအောင် လွှင့်သွားခဲ့သည်။
မဖြစ်ဘူး။ ငါဒီလိုဆက်သွားနေလို့မဖြစ်ဘူး။
အကယ်၍ ဒီလိုဆက်ဖြစ်နေရင် ငါသေချာပေါက်ရှုံးလိမ့်မယ်။
ရုတ်တရက် ကျန်းချန်ရွှမ်က အကြံတစ်ခုထွက်လာသည်။
ခနအကြာတွင် သူက ရုတ်တရက် မျက်စိကို ပိတ်လိုက်သည်။
ယခင်ကတိုက်ပွဲပုံရိပ်များက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။
တဖြည်းဖြည်းနှင့် ပုံရိပ်များက ပုံသဏ္ဍာန်ပေါ်လာခဲ့သည်။
ထိုကဲ့သို့သော အခြေအနေတွင် ကောင်းကင်ဘုံတွက်ချက်ခြင်းနည်းစနစ်အကြောင်းအရာများက သူ့စိတ်ထဲ၌ ပေါ်လာခဲ့သည်။
ဆန်းကြယ်သောအရောင်အဝါက ရုတ်တရက်ပေါ်လာခဲ့သည်။
“နေပါဦး၊ အခုတိုက်ပွဲမှာ ငါကပဲအရမ်းဖိတိုက်နေသလိုပဲ။” သူကတွေးသည်။
“ အခုနက တိုက်ပွဲမှာ ငါသူတိုက်ခိုက်မှုရဲ့ကွာဟချက်ကို အသုံးချပြီး ဂဠုန်ငှက်အရှိန်ကိုဖွင့် ပြီးတော့ သေစေနိုင်တဲ့အကွက်ကို သုံးလို့ရနိုင်ခဲ့တယ်။
ပြီးတော့ အဲ့ဒီတိုက်ပွဲရဲ့အရှေ့တစ်ပွဲမှာက ငါ့စွမ်းအားသာ ပိုမျှတခဲ့ရင် သူ့တိုက်ခိုက်မှုကို ခံခဲ့ရမှာမဟုတ်ဘူး။”
ရုတ်တရက်၊
ကျန်းချန်ရွှမ်က သူ၏မျက်လုံးကို ဖွင့်လိုက်သည်။ သူ၏မျက်စိသူငယ်အိမ်အတိမ်အနက်က ယခု ငွေဖြူရောင်အလင်းဖြင့် လက်နေသည်။
သူသည် အဆင့်မြင့်တွက်ချက်ခြင်းစက်ကဲ့သို့ အမြန်ပင် လက်ရှိတွင် တိုက်ခိုက်မှုဖြစ်နိုင်ချေ ၂၇၆ ခုအား သူ၏စိတ်ထဲတွင် တွက်ချက်ခြင်းကာ နောက်ဆုံး၌ ၄၉ ခုတွင် အဆုံးသတ်လိုက်သည်။
ဘန်း….
ကျန်းချန်ရွှမ်၏ရှေ့တွင် ဓာတ်ငါးပါးအလင်းစက်ဝန်းက လက်သွားခဲ့သည်။
ပြိုကျတော့မည့်အချိန်တွင် သူသည်ရုတ်တရက် မြေပေါ်သို့နီးကပ်စွာ ပျံသန်းသွားခဲ့သည်။
သူ၏လက်ထဲတွင် ယင်ယန်နတ်ဘုရားမီးတောက်အားပစ်လွတ်လိုက်ပြီး တစ် နှစ် သုံး လေး ငါး ခြောက်၊ နှစ်ဆယ်ရှစ်… စုစုပေါင်း နှစ်ဆယ့်ရှစ်ခုသော အဆင့်ငါးမန္တာန်များကို ချက်ခြင်းချလိုက်သည်။
ဝုန်း…ဝုန်း.. ဝုန်း….
အဝေးရှိကောင်းကင်တွင် မီးတောက်များဆက်တိုက်တောက်လောင်နေသည်။ ပုံတူကျန်းချန်ရွှမ်၏ပုံရိပ်က လုံးဝ နှစ်ဆယ်ကျော်သည့် မန္တာန်များနှင့်အတူ ယင်ယန်နတ်ဘုရားမီးတောက်များဖြင့် ဖုံးလွှမ်းခံလိုက်ရပေသည်။
ထိုအချိန်တွင်၊ ထိုမန္တာန်များဖြင့် ရွှေရောင်မီးတောက် များကတောက်လောင်နေပုံပေါ်သည်။
၎င်းသည် အမြန်ပင် ယင်ယန်နတ်ဘုရားမီးတောက်နှင့် ပေါင်းစပ်ကာ အလွန်မတည်ငြိမ်ကာ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားဖြင့် ပေါက်ကွဲသွားတော့သည်။
၎င်း မတည်ငြိမ်သည့်စွမ်းအင်သည် ပုံတူကျန်းချန်ရွှမ်၏အမူအရာကို အလွန်ပြောင်းလဲသွားစေသည်။
သို့ရာတွင် သူမတုံ့ပြန်နိုင်ခင်တွင်၊ ထိုရောယှက်နေသည့်မီးတောက်သုံးခုက တိုက်မိပြီး ကြောက်ရွံ့စရာ ကောင်းသော စွမ်းအားကြီးသော ယခင်ကမမြင်ဖူးသော ပေါက်ကွဲခြင်းမျိုးနှင့် ပေါက်ကွဲသွားခဲ့တော့သည်။
၎င်းတို့သည် ပုံတူကျန်းချန်ရွှမ်ရှေ့တွင် ကြီးမားသောစွမ်းအားဖြင့် ပေါက်ကွဲသွားခဲ့ကာ အံ့ဩစရာကောင်းကာ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲခြင်းကိုဖန်တီးခဲ့လေသည်။
***