← Chapters

ဆု၊ ဓာတ်ငါးပါးစစ်မှန်နည်းစနစ်

Vol. 33 Ch. 635

ဆု၊ ဓာတ်ငါးပါးစစ်မှန်နည်းစနစ်

Vol. 33 Ch. 635

ဝုန်း…..ဝုန်း….ဝုန်း…..

ကြောက်မက်ဖွယ်ကောင်းသောပေါက်ကွဲမှုက ဆက်တိုက်ပဲ့တင်ထပ်နေသည်။

ပုံတူကျန်းချန်ရွှမ်က သူ၏ရှိန်စရာကောင်းသည့် ခန္ဓာကိုယ်ခုခံခြင်းမှလွဲ၍ ထိုတိုက်ခိုက်မှုတစ်ခု၏အောက်တွင် ခံစားခဲ့ရလေသည်။

သူသည် ရွှေရောင်သွေးများကို အန်ခဲ့သည်။

သူပတ်ပတ်လည်တွင် အရောင်အဝါများက မတည်မငြိမ်ဖြစ်လာသည်။

ဝှစ်…

ထိုအချိန်တွင် ဓားအလင်းက အလွန်ကောက်ကျစ်သည့်ထောင့်မှ ပေါ်လာကာ ရုတ်တရက် သူ၏နောက်တွင် ပေါ်လာခဲ့ပြီး ပုံတူကျန်းချန်ရွှမ်၏ နောက်ဆုတ်သည့်ပုံရိပ်ကို ချိန်ရွယ်ထားပေသည်။

၎င်းသည် ပုံတူက တမင်ပင် လာနေသော ဓားအလင်းနှင့် တိုက်တော့မည့်အတိုင်းပင်။

ဖူး…

ပုံတူကျန်းချန်ရွှမ်၏ ရင်ဘတ်တွင် ရွှေရောင်ဓားဦးလေးတစ်ခုပေါ်ထွက်လာခဲ့သည်။

ချက်ချင်းပင် သူ၏ခန္ဓာကိုယ်က သဲနန်းတော်ကဲ့သို့ အစိတ်စိတ်ကွဲကြေသွားကာ အလင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့သည်။

ကျီ….

၎င်းသည် ကျန်းချန်ရွှမ်က သူ၏မျက်လုံးတွင် ငွေဖြူရောင်လက်နေပြီး နေရာလပ်မှ တဖြည်းဖြည်း အကောင်အထည်ဖော်နေသည်။

တဖြည်းဖြည်းနှင့် သူ၏မျက်လုံးထဲမှ ငွေဖြူရောင်အလင်းက မှေးမှိန်သွားသည်။

သို့ရာတွင် သူသည် ရုတ်တရက် ခေါင်းထဲတွင် မူးဝေမှုကိုခံစားလိုက်ရပြီး အခြေတည်ဝိညာည်က အားနည်းစွာခံစားခဲ့ရကာ သန်မာသည့်လှိုင်းများက သူ၏ဝိညာဉ်ပေါ်မှ ဆေးကြောသွားလေသည်။

၎င်းသည် ရောက်ရှိနေသောပြင်းထန်သည့်အခြေအနေမှ ကိုယ်တိုင်လွတ်မြောက်စေခြင်း၏ နောက်ဆက်တွဲအခြေအနေဖြစ်ပုံပေါ်သည်။

ထိုကဲ့သို့ များစွာသော စိတ်ပိုင်းဆိုင်ရာနွမ်းနယ်မှုများက တကယ်ပင် ကောင်းကင်ဘုံတွက်ချက်ချင်း နည်းစနစ်နတ်ဘုရားစွမ်းအား၏ရလဒ်ပင်ဖြစ်ပေသည်။

ထိုအခြေအနေသည် ကျန်းချန်ရွှမ်၏ အဆုံးအစွန်တည်ငြိမ်ခြင်းအဆင့်သို့ ဝင်သွားသည့် အထူးအခြေအနေတစ်ခုဟု ဆုံးဖြတ်ချက်ချနိုင်သည်။

ထိုကဲ့သို့သောအခြေအနေမျိုးတွင် သူ၏တိုက်ပွဲနှင့် ပြောင်းလဲများများအပေါ်တုံ့ပြန်နိုင်သည့် ထိန်းချုပ်မှုက သိသာစွာ တိုးတက်လာခဲ့ပြီး အထူးသဖြင့် ရန်သူ၏နောက်ပိုင်းလှုပ်ရှားမှုကို ခန့်မှန်းရာတွင် ကြောက်မက်ဖွယ် ကောင်းအောင်ပင် တိကျလာလေသည်။

ကျန်းချန်ရွှမ်သည် ကောင်းကင်ဘုံတွက်ချက်ချင်းနည်းစနစ်၏ပြောင်းလဲခြင်းအား “ရှန်းပြန့်” ဟုခေါ်ကာ အဓိပ္ပာယ်မှာ လိုက်ဖက်ကာတုံ့ပြန်နိုင်သည့် နတ်ဘုရားနှင့်တူသည့်စွမ်းအားဖြစ်သည်။

သို့ရာတွင်ထိုအချိန်တွင် စိတ်စွမ်းအားနှင့် မူလဝိညာဉ်ကုန်ဆုံးမှုသည် ပြင်းထန်သည်။

သူသည် ထိုတိုက်ပွဲက အခြားအသက်အချက်နှစ်ဆယ်ရှုချိန်ခန့်ဆက်သွားရမည်ဖြစ်ကြောင်း သိကာ သူသည် ဝိညာဉ်နှင့် မူလဝိညာဉ်ပျက်စီးမှုများကို ခံစားရနိုင်သည်။

အကယ်၍ အသက်ရှုချိန်ငါးဆယ်ခံခဲ့လျှင် “ရှန်းပြန့်က ပြီးဆုံးသွားပါက သူ၏စိတ်ဝိညာဉ်က ပြိုလဲသွားရန် အချိန်ခနသာလိုလိမ့်မည်။

ထို့ကြောင့်။

ရှန်းပြန့်အား အသုံးပြုနေချိန်တွင် ကျန်းချန်ရွှမ်က သူသည် အချိန်ကန့်သတ်ချက်အတွင်းတွင်သာ ထိန်းသိမ်းထားရန် လိုအပ်သည်။

ကံကောင်းစွာပင်၊ ရှန်းပြန့် အခြေအနေအတွင်းတွင် သူ၏တွက်ချက်ချင်းနှင့် ခန့်မှန်းခြင်းစွမ်းရည်များက မယုံနိုင်စရာကောင်းလောက်သည့် ကြောက်စရာကောင်းသောအဆင့်တွင်ရှိသည်။

သူသည် သူ၏ကန့်သတ်ချက်အား သေချာစွာသိပြီး အမှတ်တမဲ့နှင့် ကျော်မည်မဟုတ်ပါ။

ကောင်းကင်ဘုံတွက်ချက်ချင်းနည်းစနစ်မှ “ရှန်းပြန့်” အား ဆုပ်ကိုင်နိုင်ခြင်းသည် သူ့အတွက် အံ့ဩတုန်လှုပ်စရာထိုးဖောက်မှု ဖြစ်သည်ဟုပြောလျှင်ချဲ့ကားရာမရောက်ပေ။

ကျီ….

ထို့နောက်တွင် ကျန်းချန်ရွှမ်သည် သူ့ပတ်ဝန်းကျင်က စတင်၍ မှေးမှိန်လာသည်ကို သတိပြုမိခဲ့သည်။

အလင်းတန်းကဖုံးလွမ်းသွားကာ သူ၏အမြင်ကိုပြန်ရသည့်အချိန်တွင် သူသည် မဟာနန်းတော်တစ်ခုတွင် ရောက်သွားကြောင်း တွေ့ခဲ့ရသည်။

လေထဲတွင် သီးသန့်စင်မြင့်တစ်ခု ပေါလောပေါ်နေသည့် ထိုနန်းတော်က သံသယဝင်စရာ ကောင်းပေသည်။

ထိုနေရာတစ်ဝိုက်ကို ကြည့်ရှုစစ်ဆေးပြီးနောက်အန္တရာယ်မရှိကြောင်းကိုအတည်ပြုပြီး ကျန်းချန်ရွှမ်က ထိုစင်မြင့်ပေါ်သို့ပျံတက်သွားခဲ့သည်။

ကျီ…

ထိုစင်မြင့်ပေါ်သို့ရောက်လျှင် ကျန်းချန်ရွှမ်က ရုတ်တရက် သတင်းများကသူ့ထံသို့စုပြုံ၍ ဝင်လာကြောင်းကို တွေ့ခဲ့ရသည်။

ထိုသတင်းများမှ၊ သူသည် ထိုစမ်းသပ်စင်နှင့်ပက်သက်သော အကြောင်းအရာအသေးစိတ်ကို သိခဲ့ရပြီး မည်သို့ထိန်းချုပ်ရမည်ကို သိခဲ့ရသည်။

ကြည့်ရသည်မှာ သူအစောကကြားခဲ့ရသည့်အသံက သူ့အားလှည့်စားခြင်းမဟုတ်ပေ။

သူအားစိန်ခေါ်မှုအောင်မြင်စွာ ပြီးဆုံးသွားသည့်အတွက် ထိုနေရာအား ထိန်းချုပ်ရန် အခွင့်အရေးအပြည့် ရသွားခဲ့သည်။

ထိုစမ်းသပ်မြေဖွင့်သည့်အချိန်တိုင်း အများဆုံးလူသုံးထောင်ဝင်ခွင့်ရှိကာ တစ်ကြိမ်ဖွင့်ပြီးနောက်တစ်ကြိမ်ဖွင့်ရန် နှစ်ပေါင်း ၅၀ ကြာရန်လိုအပ်ကြောင်း သိရှိခဲ့ရသည်။

သူက ကိုယ်တိုင်ထိန်းချုပ်ရန် လိုအပ်လိမ့်မည်မဟုတ်ပဲ သူ မငြင်းဆန်သရွေ့ ထိုအချိန်ဇယားအရ ဆက်လက်စီစဉ်သွားလိမ့်မည်ဖြစ်သည်။

သေချာပါသည်။

ထိုကဲ့သို့စမ်းသပ်မြေက ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူများက အနည်းငယ်စိတ်ဝင်စားလိမ့်မည် ဖြစ်ကာ ထိုအဆင့်အောက်ရှိလူများသာ စိတ်ပါဝင်စားမှုရှိလိမ့်မည်ဖြစ်သည်။

ကျန်းချန်ရွှမ်အတွက်ပင် ၎င်းသည် သိသာသောတန်ဖိုးကို ကိုင်ထားသည်။

သူသည် ထိုစမ်းသပ်မြေထဲရှိစိန်ခေါ်မှုကိုရင်ဆိုင်ရခြင်းက အစစ်အမှန်ကိုတွေ့ကြံရခြင်း မဟုတ်ကြောင်း နားလည်သည်၊ ဆိုလိုသည်မှာ ထိုနေရာတွင် သေခြင်းသည် အစစ်အမှန်မဟုတ်ပါ။

ထိုအစား ကျရှုံးခြင်းက ထိုနေရာမှရိုးရှင်းစွာ ထွက်သွားရရုံလောက်သာ ဖြစ်လိမ့်မည်။

မည်သူက သေခြင်းရှင်ခြင်းတိုက်ပွဲများအား အမှန်တကယ်သေခြင်းကို မရင်ဆိုင်ရသည့် ထိုသို့သောနေရာတွင် လေ့ကျင့်ရန် စိတ်ဝင်စားမှုမရှိလိမ့်မည်နည်း?

အရေးအကြီးဆုံးအချက်မှာ၊ ကျန်းမိသားစုက ထိုနေရာကိုထိန်းချုပ်ရမည်ဖြစ်သောကြောင့် သခင်အနေဖြင့် ကျန်းချန်ရွှမ်က သူ့တပည့်များအားလေ့ကျင့်ပေးရန်အသုံးပြုနိုင်ပေသည်။

အနှစ်သာရကိုးပါးကျင့်ကြံရေးလောကတခွင်တွင် ထိုနေရာအကြောင်း သတင်းပျံ့သွားပါက လောကတခွင့်မှ ကျင့်ကြံသူများက သေခြင်းရှင်ခြင်းတိုက်ပွဲများဖြင့် လေ့ကျင့်နိုင်သည့် ထိုနေရာအား စိတ်ဝင်စားကြပေလိမ့်မည်။

၎င်းသည် အခြေတည်ဝိညာဉ်စံသခင်များနှင့် မဟာအခြေတည်ဝိညာဉ် ကျင့်ကြံသူများအတွက်ပင် အမှန်တရားကိုကိုင်ဆောင်နိုင်လိမ့်မည်။

သူတို့၏ အခြားဆုံးဖြတ်ရန်မှာ ရိုးရှင်းစွာပင် အသစ်ရှာဖွေတွေ့ရှိသော အရာကို အကျိုးရှိစေရန် မည်သို့ စီစဉ်မည်နည်းဆိုသည့်အရာပင်ဖြစ်သည်။

ထိုကဲ့သို့သောအတွေးဖြင့် ကျန်းချန်ရွှမ်က အချိန်မဖြုန်းတော့ဘဲ သူ၏ဒုတိယစိန်ခေါ်မှုကို စတင်ရန် ကြိုးစားလိုက်တော့သည်။

ထိုစမ်းသပ်မြေ၏ပိုင်ရှင်အနေဖြင့် သူသည် ထိုနေရာ၏စည်းမျဉ်များဖြင့် ကန့်သတ်ထားခြင်းမခံရပါ။

အချက်ကျကျပြောရလျှင် သူဆန္ဒရှိသရွေ့များစွာသောစိန်ခေါ်မှုများကို ပြုလုပ်နိုင်ပြီး သူ၏ကြိုးစားအားထုတ်မှုကို ထောက်ပံ့ပေးရန် လုံလောက်သည့် စွမ်းအင်ရှိသည့် နယ်ပယ်ကို စီစဉ်ပေးမည် ဖြစ်သည်။

အဆုံး၌ ထိုကဲ့သို့နေရာမျိုးသည် များပြားသောစွမ်းအင်များ လိုအပ်ပြီး ဖွင့်ရန် နှစ်ငါးဆယ်ခြားရသည်မှာ စွမ်းအားကိုစုဆောင်းရန်သာဖြစ်သည်။

ကျန်းချန်ရွှမ်က စမ်းသပ်ချက်များ၌ပါဝင်ခြင်းမှာ စနစ်မှပေးသည့်တာဝန်ကိုပြီးဆုံးစေရန်အတွက်ဖြစ်သည်။

ထို့ကြောင့် ထိုစမ်းသပ်မှုများသည် အခြေခံအကျဆုံးစမ်းသပ်မှုများဖြစ်ကာ ချီသန့်စင်ခြင်းအဆင့်ပြိုင်ဖက်များကို ရင်ဆိုင်ခြင်းဖြစ်သည်။

[ဒင်]

အချိန်တချို့ကြာပြီးနောက် ကျန်းချန်ရွှမ်သည် သူ၏စမ်းသပ်ချက်တစ်ရာကို အောင်မြင်သွားသည်။

စနစ်က သူ၏အောင်မြင်မှုအား ကြေငြာခဲ့သည်။

[ဂုဏ်ယူပါတယ်။ Host၊ သင်ဟာ စမ်းသပ်စိန်ခေါ်မှုအခု ၁၀၀ ကိုအောင်မြင်သွားပါပြီ။ ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်ရဲ့ ဝိညာဉ်ဖွဲ့စည်းခြင်းအပိုင်း၊ အတိဒုက္ခရှောင်လွှဲခြင်းပုလဲတစ်လုံးနဲ့ တွက်ချက်ချင်းပုတီးစေ့တစ်ခုကို ဆုအဖြစ် ရရှိပါတယ်။]

ကျန်းချန်ရွှမ်သည် မထင်မှတ်ထားခဲ့ပေ။ ဤတစ်ကြိမ်ဆုက အလွန်ရက်ရောပေသည်။

တွက်ချက်ချင်းပုတီးစေ့အား ပြောနေစရာမလိုအပ်ပါ။

အတိဒုက္ခရှောင်လွှဲခြင်းပုလဲသည် အမှန်တကယ်ပင် သူအလိုအပ်ဆုံးဖြစ်နေသည့်အရာဖြစ်သည်။

ထိုပုလဲနှင့်ဆိုလျှင် သူသည်ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ မည်သူမှသတိထားမိခြင်းမရှိဘဲ အဆင့်တက်သွားနိုင်ကာ လူသားအတိဒုက္ခကိုပါ ရှောင်ကြဉ်သွားနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင်၊ သူသည် အချို့သောသူများကို အံ့ဩသွားအောင်ပြုလုပ်နိုင်မည်။

ပြီးနောက်၊ အရေးအကြီးဆုံးအချက်မှာ သူကျင့်ကြံမည့် အဓိကကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည့် ဓာတ်ငါးပါးစစ်မှန်နည်းစနစ်ဖြစ်သည်။

သို့ရာတွင်၊ ကျန်းချန်ရွှမ်သည် စနစ်ကသူ့အားဆုပေးရာတွင် ဓာတ်ငါးပါးစစ်မှန်နည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအပိုင်း မဟုတ်ဘဲ ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်ကို ပေးခြင်းဖြစ်ကြောင်း သတိပြုမိသွားသည်။

နည်းစနစ်၏ အမည်က ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ရောက်မှ ပြောင်းလဲသွားခြင်းဖြစ်နိုင်ပါသလား?

ထိုကိစ္စအား အတည်ပြုရန် သူသည် ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်၏အကြောင်းအရာကို ကြည့်လိုက်ရန်သာလိုအပ်ပါသည်။

ထိုအကြောင်းကိုတွေးလျှင် ကျန်းချန်ရွှမ်သည် တုံ့ဆိုင်းမနေတော့ဘဲ စနစ်မှ ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်၏ ဝိညာဉ်ဖွဲ့စည်းခြင်းအပိုင်း အကြောင်းအရာအကုန်ကို ရယူလိုက်တော့သည်။

ခနအကြာတွင်။

ကျန်းချန်ရွှမ်၏မျက်နှာတွင် ဝမ်းမြောက်မှုက ပေါ်လာခဲ့သည်။

သူသံသယဝင်ခဲ့သလိုပင်၊ စနစ်မှရရှိသော ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်သည် ဓာတ်ငါးပါးစစ်မှန်နည်းစနစ်၏ အဆက်ဖြစ်ပေသည်။

အခြားတမျိုးပြောရလျှင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့်သို့ ရောက်ပြီးနောက် ထိုနည်းစနစ်က ဓာတ်ငါးပါးစစ်မှန်နည်းစနစ် ဟုမခေါ်တော့ဘဲ ဓာတ်ငါးပါးဝိညာဉ်နည်းစနစ်ဟု နာမည်ပြောင်းလဲသွားခဲ့ခြင်း ဖြစ်ပေသည်။

ထိုအပြင် ထိုကျင့်ကြံခြင်းနည်းစနစ်က သာမန်ဖြစ်ရာမှ အလွန်ဆန်းကြယ်သော အဆင့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

စုစုပေါင်းနတ်ဘုရားစွမ်းအား ငါးမျိုးပါဝင်ပေသည်။

ထို့အပြင် နတ်ဘုရားစွမ်းအား တစ်ခုခြင်းဆီ၏ စွမ်းအားကလဲရှိန်လောက်စရာပင်ဖြစ်သည်။

၎င်းသည် သတ္ထု သစ်သား၊ ရေ မီးနှင့် မြေဓာတ်များပါဝင်သည်။

၎င်းသည် ကျန်းချန်ရွှမ်အား ရုတ်တရက်သတိရသွားစေသည်။

အနှစ်သာရကိုးပါး ကျင့်ကြံရေးလောကတွင် ဓာတ်ငါးပါးစစ်မှန်နည်းစနစ်ကအခြေတည်ဝိညာဉ်အထိသာရှိသည်။

ထိုနေရာတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအတွက် နောက်ဆက်တွဲအပိုင်းက လုံးဝဖော်ပြထားခြင်းမရှိဘဲ ထိုအချက်ကလည်း လူတိုင်းကထိုနည်းစနစ်အား သာမန်မျှသာ သတ်မှတ်စေခြင်းဖြစ်သည်။

ကျန်းချန်ရွှမ်သည်သာကံကောင်းစွာ ဝိညာဉ်ဖွဲ့စည်းခြင်းအပိုင်းအပြည့်အစုံကို စနစ်မှတဆင့် ကံကောင်းစွာရရှိခဲ့ခြင်းဖြစ်သည်။

မဟုတ်လျှင် သူသည် ကောင်းကင်ဘုံတွက်ချက်ချင်းနည်းစနစ်မှတဆင့် ကောက်ချက်ချရမည်ဖြစ်သည်။

သူ၏အတွေးများနှင့် ဆုများအား နေရာချပြီးနောက် ကျန်းချန်ရွှမ်က စမ်းသပ်မြေတွင် အချိန်ဆွဲမနေတော့ဘဲ မကြာခင်တွင် ထွက်ခွာလိုက်သည်။

အပြင်သို့ရောက်လျှင် ရှန်းရူယန်ကသူ့အားစိုးရိမ်စိတ်ဖြင့် နှုတ်ဆက်လိုက်သည်။

“ယောက်ျား ဘယ်လိုဖြစ်သွားလဲ? အဆင်ပြေရဲ့လား?”

ကျန်းချန်ရွှမ်က ချက်ချင်းပင် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

“စိတ်မပူပါနဲ့၊ ကိုယ်အဆင်ပြေပါတယ်။”

ပြီးနောက် သူသည် ရှန်းရူယန်နှင့် ကောင်းကင်သခင် လေးဦးတို့အား ကြည့်လိုက်သည်။

“ရူယန် နဲ့ စီနီယာတို့ ခင်ဗျားတို့ခန့်မှန်းတာမှန်တယ်။ ဒီနေရာက တကယ်ပဲ ရှေးခေတ်က ကျန်ရှိခဲ့တဲ့ စမ်းသပ်မြေပဲ။”

သူသည် ပြောရင်းနှင့်ပင် ဘာကိုမှ မဖုံးကွယ်တော့ဘဲ ချက်ချင်း အတွင်းထဲမှ အခြေအနေအားလုံးကို လူတိုင်းအား ရှင်းပြလိုက်သည်။

စမ်းသပ်မြေ၏ထိန်းချုပ်သူဖြစ်လာသောအကြောင်းကိုလည်း ပြောပြလိုက်သည်။

ထိုနေရာအကြောင်းသိရှိရန်လိုအပ်နေသူများသည် အစကတည်းကပင်သတိပြုမိမည်ဖြစ်သောကြောင့် မနာလိုခံရမည်ကို စိုးရိမ်မနေတော့ပေ။

ထိုနေရာကို လိုချင်တပ်မက်သူများအတွက် ကျန်းချန်ရွှမ်သို့ အခြားသူသည်ပင် ထိန်းချုပ်သူဖြစ်ခြင်းက အရေးကြီးသောကိစ္စမဟုတ်ပါ။

အရေးအကြီးဆုံးအချက်မှာ သူတို့၏ကိုယ်ပိုင်အင်အားပင်ဖြစ်သည်။

အင်အားရှိနေသရွေ့ ထိုစမ်းသပ်မြေနှင့် ဧရာမဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို ထိန်းသိမ်းနိုင်ရန် ပြသနာရှိမည်မဟုတ်ပေ။

ပြီးနောက် အပြန်အလှန်အနေဖြင့်။

ကောင်းကင်သခင်ကျီယန်မီးတောက်၊ ကောင်းကင်သခင်အဆုံးမဲ့ပင်လယ်နှင့် အခြားသူများက အံ့ဩသွားကြသည်။

သူတို့သည် ကျန်းချန်ရွှမ်က စမ်းသပ်မြေသို့ဝင်သည်နှင့် ထိုသို့သောအခွင့်အရေးရမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

ရှင်းလင်းစွာပင် ကျန်းမိသားအစုအတွက် ကျန်းချန်ရွှမ်ရရှိခဲ့သောအရာက သာမန်ထပ်လွန်ကဲသောနေရာ ဖြစ်ကြောင်းကို အလွန်ကောင်းမွန်စွာသိကြပါသည်။

ပြီးနောက် ကျန်းချန်ရွှမ်က ကောင်းကင်သခင်များအား ပြောလိုက်သည်။

“စီနီယာတို့ အခုကစပြီး ဒီစမ်းသပ်မြေဖွင့်တာနဲ့ အထဲကိုဝင်ဖို့ ခင်ဗျားတို့ဂိုဏ်းအသီးသီးက လူနှစ်ရာစာနေရာကို အလကားဝင်ခွင့်ပေးပါမယ်၊ ဘယ်လိုထင်လဲ?”

စုစုပေါင်းအရေအတွက် လူသုံးထောင်နှင့် စာလျှင် လူနှစ်ရာသည် နည်းနိုင်သော်လည်း ထိုစမ်းသပ်မြေက ကျန်းချန်ရွှမ်၏အပိုင်းဖြစ်ကြောင်း သိရမည်က အရေးကြီးပေသည်။

သူ၌ လက်ခံသဘောတူရန် အခွင့်အာဏာအပြည့်ရှိပြီး ထိုလူနှစ်ရာစာနေရာကအလကားဖြစ်ကာ အကန့်အသတ်မရှိဆက်သွားနိုင်သည်။

၎င်းသည် ကောင်းကင်သခင်လေးဦး၏ ယခင်က ကြင်နာမှုအတွက် ကျေးဇူးတင်စိတ်ကို ဖော်ပြခြင်းပင်ဖြစ်သည်။

မဟုတ်လျှင် ထိုကဲ့သို့အခွင့်အလမ်းကို သူ၏မိသားစုလိုအပ်နိုင်မည့်နေရာများကိုတွေးကာ အလကားအနေဖြင့် ဘယ်တော့မှ ကမ်းလှမ်းလိမ့်မည်မဟုတ်ပါ။

အဘယ်ကြောင့် အခြားသူများအား ပေးဖို့ရန်လိုအပ်သနည်း?

ပြီးနောက် အလကားလည်းဖြစ်သေးသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်နှင့် အခြားသူများကလည်း ထိုအကြောင်းကို ရှင်းလင်းစွာသိပါသည်။

ကောင်းကင်သခင်ကျီယန်မီးတောက်က ပြုံးလိုက်သည်။ “ကျုပ်မှာ ကန့်ကွက်စရာမရှိပါဘူး။ ကျုပ်တို့ ကျီယန်နန်းတော်အတွက် လူနှစ်ရာစာအလကားနေရာရဖို့ အခွင့်အလမ်းပေးလို့ ကျေးဇူးတင်ရမှာပါ။”

All Chapters