← Chapters

တားချင်ပေမဲ့ နောက်ကျသွားပြီ

Vol. 113 Ch. 1570

တားချင်ပေမဲ့ နောက်ကျသွားပြီ

Vol. 113 Ch. 1570

နှစ်ရက်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ သည်တစ် ကြိမ်တွင် ရှီမာယူယူသည် စွန်းယွိဝေ့၏ ခြံဝန်းသို့မသွားဘဲ ရွှမ်ချုံးဟော်ဆီသို့ သွားလိုက်သည်။

ရှေ့ရက်များက ရွှမ်ချုံးဟော် မျိုးနွယ်ကို အလည်အပတ်ပြစဉ်က သူ့ခြံဝန်း သို့ သူမကို တစ်ခါခေါ်လာဖူးသည်။ သူမ ရွှမ်ချုံးဟော်၏ အိမ်သို့ရောက်သည်နှင့် ထိုနေရာတွင် လူအများအပြားပင် ရောက်နှင့်လေပြီ။

သမားတော်များအပြင် အရင်ကမမြင်ဖူးသည့်လူများပါ ရှိနေသည်။ သူတို့ သည် မျိုးနွယ်၏ အကြီးအကဲကဲ့သို့ ရာထူးကြီးသည့်လူများဖြစ်လိမ့်မည်ဟု သူမ ခန့်မှန်းမိသည်။

စွန်းယွိဝေ့၏ ဘေးခုံမှာ လွတ်နေသည်။

ရှီမာယူယူ ခုံအလွတ်နားကို ရစ်သီရစ်သီလုပ်နေသည်ကို စွန်းယွိဝေ့မြင် သောအခါ အားနာစွာဖြင့် ပြောလေသည် “ငါတို့မျိုးနွယ်ခေါင်းဆောင်က ကိစ္စ တစ်ခုကြောင့်အပြင်ထွက်သွားတာ ပြန်မလာသေးဘူး”

ရှီမာယူယူ အံ့ဩသွားသည်။ သူမ ရွှမ်ချုံးဟော်ကို ကုသနေတုန်းကို အဖေ ဖြစ်သူ ခေါင်းဆောင်က တကယ်ပဲမရှိဘူးလား။ သူမသည် စွန်းယွိဝေ့၏ မျက်နှာ မှအပြုံးကိုမြင်သောအခါ မိခင်ဖြစ်သူသည် ဤရွေးချယ်မှုကိုပြုလိုက်သလို ခံစား ရသည်။

သူမ အတွေးများပေါ်ပေါက်သွားသည် နှင့်တူသည်။ သို့သော် စွန်းယွိဝေ့ ၏ အပြုံးသည် တွန့်ဆုတ်သွားခြင်းမရှိပေ “သူ့အဖေက ဒါမျိုးတွေကို သိပ် သဘောမကျဘူးလေ၊ သူမရှိတော့ ငါ့စကားကအမိန့်ပဲပေါ့”

ရှီမာယူယူနှုတ်ခမ်းတွန့်မိသည်။ အမေတွေက အကာအကွယ်အပေးတတ် ဆုံးလူတွေမလား။ ဒီအမေကတော့ နည်းနည်းမှ တွန့်ဆုတ်တာမျိုးမရှိဘူးပဲ။ သူ့သားကို မသန်မစွမ်းဖြစ်အောင် လုပ်လိုက်မှာကို မကြောက်ဘူးလား။

သို့သော် ထိုကိစ္စများသည် သူတို့အပိုင်းဖြစ်သည်။ သူမသည် ထိုအရာများ တွင် ဝင်မရှုပ်ပေ။ သူမသည် အံ့ဖွယ်ဆေးရရန်သာ လုပ်ရမည်။

“အဒေါ် စလို့ရပြီလား”

“ကုသမှုစတဲ့အချိန်ကို ကျုပ်တို့ရှိနေရမယ်” မှုတ်ဆိတ်ဖြူနှင့်အကြီးအကဲ ပြောလေသည်။

ရှီမာယူယူ ခေါင်းခါလိုက်သည် “လုပ်ငန်းစဉ်တစ်ခုလုံးကို ကျွန်မ အာရုံ စိုက်ထားဖို့လိုပါတယ် နည်းနည်းမှ အတိမ်းအစောင်းမခံပါဘူး ဒီဂျူနီယာလေး က သဘောမတူနိုင်ပါဘူး”

“မဖြစ်နိုင်ဘူးဆိုရင်တောင် ဖြစ်အောင်လုပ်ရမယ် ချိပ်က အရေးကြီးဆုံး ကိစ္စပဲ တစ်ခုခုမှားသွားရင် မင်းတာဝန်ယူမှာလား”

မုတ်ဆိတ်ဖြူနှင့် အကြီးအကဲ၏ သဘောထားသည် ဖိအားပေးသည့်ပုံ ပေါက်နေကာ သူ့စကားများသည် မယဉ်ကျေးလှပေ။

“မဖြစ်နိုင်ပါဘူး” ရှီမာယူယူသည်လည်း နောက်တစ်လှမ်းမှမဆုတ်ပေ။

“ကလေး နည်းနည်းလောက် ညှိနှိုင်းလို့မရဘူးလား” စွန်းယွိဝေ့သည် လည်း ဝင်ပြောချင်နေသည် “ငါတို့စကားမပြောဖို့ ကတိပေးပါတယ် မင်းကို မနှောင့်ယှက်ပါဘူး”

“အဒေါ်… လုပ်ငန်းစဉ်တွေက အထိမခံသလို အတိမ်းအစောင်းမခံပါဘူး၊ ချိပ်ကို စိတ်ပူတယ်ဆိုရင် မအောင်မြင်ဘူးဆိုရင်တောင် ချိပ်လွတ်ထွက်မသွားဖို့ ကတိပေးပါတယ်” ရှီမာယူယူ ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး” ရွှမ်ချုံးမျိုးနွယ်၏ အကြီးအကဲသည် ခေါင်းမာနေသည်။

“သဘောမတူဘူးဆိုရင် ဒီဂျူနီယာလည်း မလုပ်နိုင်ပါဘူး” ရှီမာယူယူ သည်လည်း နောက်မဆုတ်ပေ။

“ငါတို့ကို ခြိမ်းခြောက်နေတာလား” သူ၏ အေးစက်သောအသံသည် ဒေါသတစ်စွန်းတစ်စ ပါနေသည်။

သို့သော် ရှီမာယူယူသည် ခေါင်းခါယမ်းလိုက်သည် “ဒါကအရမ်းစွန့်စားရ သလို အာရုံစိုက်တာကိုလည်း အမြင့်ဆုံးအဆင့်မှာထားရပါတယ်၊ ထိန်းချုပ်ဖို့ အတွက် စိတ်ကိုတောင် သုံးရပါတယ် ကျွန်မကိုသက်ရောက်မှုဖြစ်သွားရင် ပြင်းထန်တဲ့ ရိုက်ခတ်မှုဖြစ်သွားမှာပါ ကျွန်မစိတ်ဒဏ်ရာဖြစ်သွားရင် ဦးနှောက် အစိတ်စိတ်အမွှာမွှာဖြစ်သွားပြီး ကျွန်မလည်းစိတ်လွတ်သွားပါလိမ့်မယ်၊ အဒေါ် နဲ့အကြီးအကဲတို့ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ် ဒီဂျူနီယာက စွန့်စားမှု ကို ပခုံးထမ်းမထားနိုင်ပါဘူး”

ပြင်းထန်သော ရိုက်ခတ်မှုအကြောင်း ကြားလိုက်ရချိန်တွင် စွန်းယွိဝေ့ တွေဝေသွားလေသည်။

“အမေ ယူယူပြောသလိုပဲ လုပ်ရအောင်ပါ” ရွှမ်ချုံးဟော် ပြောလိုက်သည် “ကျွန်တော် သူမကိုယုံတယ် ဒီအခွင့်အရေးကိုလည်း လက်မလွတ်ချင်ဘူး”

စွန်းယွိဝေ့သည် ရွှမ်ချုံးဟော်ကို ကြည့်ပြီး အသာအယာသက်ပြင်းချကာ သမီးဖြစ်သူကို လက်ထပ်ရန်ပို့လိုက်ရသည့် မိခင်တစ်ယောက်လိုပင် ခံစားရ လေသည်။

ထိုလူများသည် ဘေးမှသေချာပေါက်ကြည့်ရလိမ့်မည်ဟု အစပိုင်းက သဘောတူထားကြသည်။ မျက်စိတစ်မှိတ်အတွင်းတွင် မျိုးနွယ်ဝင်များကို ရောင်းထုတ်လိမ့်မည်ဟု မည်သူထင်မိမည်နည်း။

“မင်းက အဲလိုတောင်ပြောမှတော့ စိတ်တိုင်းကျသာ လုပ်လိုက်တော့” စွန်းယွိဝေ့ လက်လျာ့လိုက်သည်။

“သခင်မကြီး”

အကြီးအကဲများ တားချင်သော်လည်း စွန်းယွိဝေ့သည် လက်ဝှေ့ယမ်းကာ သူတို့ကို ကြားဝင်တားလိုက်သည်။

ရွှမ်ချုံးဟော်သည် ဘီးတပ်ကုလားထိုင်ကို ရှီမာယူယူရှေသို့တွန်းသွားပြီး သူမကို သဲ့သဲ့ပြုံးလိုက်သည် “သွားကြမယ်”

“ကောင်းပါပြီ” ရှီမာယူယူသည် သူ့ရှေ့သို့လာပြီး ဘီးတပ်ကုလားထိုင်ကို ပြင်ဆင်ထားသည့် ဘေးအခန်းထဲသို့တွန်းသွားလိုက်သည်။

သူ သူမကို ထောက်ခံပေးပုံကို သူမ တန်ဖိုးထားသည်။ သူသာ သဘော မတူလျှင် ဒီနေ့သူမတွင် တခြားရွေးချယ်စရာမရှိပေ။

သူတို့နှစ်ယောက်လုံး အခန်းထဲသို့လာကာ တံခါးကို အသံမြည်အောင် ပိတ်ပြီး အားလုံးကို အပြင်ဘက်တွင် ချန်ထားခဲ့လိုက်ကြသည်။ ထို့နောက် ရှီမာယူယူ အတားအဆီးချလိုက်သည်။

“နောက်တစ်လွှာထပ်ထည့်လိုက်မယ်” ရွှမ်ချုံးဟော်သည်လည်း နောက် တစ်လွှာထပ်ပေါင်း ထည့်လိုက်သည်။ အင်း… သူက သူမထက်အဆင့်မြင့်တော့ အပြင်ကလူတွေ အံ့ဖွယ်အာရုံသုံးပြီး အခြေအနေကို စစ်ဆေးချင်ရင်တောင် မဖြစ်နိုင်တော့ဘူးလေ။

ထိုအကြီးအကဲများသည် အပြင်တွင် ပိတ်မိနေကြပြီး ခြံဝန်းတွင် အားလုံး စုဝေးနေကြသည်။

“သခင်လေးက အတားအဆီးချလိုက်ပြီ ကြည့်ရတာ အခြေအနေကို စစ်ဆေးခွင့်တောင် မပေးဘူးပဲ”

“ဟူး…”

သူတို့သခင်လေးသည် မျိုးနွယ်အတွင်းတွင် အတားအဆီးများကို အကျွမ်း ကျင်ဆုံးသုံးတတ်သူဖြစ်သည်။ သူ၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်အရာကိုမှ စစ်ဆေးနိုင်မည်မဟုတ်ပေ။

“သခင်မ မျိုးနွယ်ခေါင်းဆောင်ပြန်လာရင်…”

“ဘာဖြစ်လဲ” စွန်းယွိဝေ့သည် ပေါ့ပါးစွာပြောလိုက်သည် “သူပြန်လာတဲ့ အချိန်ကျရင် ဒီအခြေအနေက ဖြေရှင်းပြီးသားဖြစ်သွားပြီး သူဘာမှပြောနိုင်မှာ မဟုတ်ဘူး”

“ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင် သူ….”

“စိတ်ချပါ တစ်ခုခုဖြစ်ရင် ငါအကုန်တာဝန်ယူမယ်” စွန်းယွိဝေ့သည် ရွှမ်ချုံးဟော် ကုသနိုင်လိမ့်မည်ဟု စိတ်ပိုင်းဖြတ်ထားသည်။ သူမသည် သားဖြစ် သူကို အရင်းနှီးဆုံးဖြစ်သည်။ သူသည် ကမ္ဘာကြီးကို အံ့ဖွယ်အာရုံကိုသုံး၍ မဟုတ်ဘဲ ကိုယ်တိုင်မျက်လုံးနှင့် မြင်ချင်သည်ကို သူမ သိသည်။

သူမ ပြောသည့်စကားကို အကြီးအကဲများ ကြားလိုက်သောအခါ တစ်ယောက်နှင့်တစ်ယောက် မှိုင်တွေစွာဖြင့် ကြည့်ကြလေသည်။ မျိုးနွယ် ခေါင်းဆောင် ဒေါသထွက်ရင် သူတို့ပဲပြာကျမှာမဟုတ်ဘူးလား။

ရုတ်တရက် အနီးအနားမှ ဖိနှိပ်သည့် ရောင်ဝါထွက်ပေါ်လာရာ ခြံဝန်းထဲ မှလူများသည် ကြောက်လန့်တကြား အော်မိကြလေသည်။

စွန်းယွိဝေ့သည် ရောက်လာသောလူများကို မြင်သောအခါ မှင်တက်သွား လေသည်။ ဒီအချိန်ကြီးကို သူကဘယ်လိုလုပ် ပြန်လာတာလဲ။ သူမသည် နေရာ တွင်ရှိနေသောလူများကို လှည့်ပတ်ကြည့်လိုက်ရာ ရွှမ်ချုံးရုန်၏ အကြည့်များ သည် ဖမ်းရခက်နေသည်ကို မြင်သည်နှင့် သူမမျက်နှာမှာ မည်းနက်သွားလေ သည်။

သူမ၏ ဒေါသသည် မျက်စိတစ်မှိတ်အတွင်းမှာပင် အပြုံးအဖြစ်ပြောင်း သွားလေသည်။ သူမသည် ရောက်လာသောသူကို ပြောလိုက်သည် “သခင် လုပ်စရာရှိတယ်လို့ ပြောထားတာမဟုတ်ဘူးလား၊ ဒီအချိန်ကြီးကို ဘယ်လိုလုပ် ရောက်လာတာလဲ”

ရွှမ်ချုံးဖူရှီသည် သူမအား အေးစက်စွာကြည့်ပြီး နှာမှုတ်လေသည် “အဲကိစ္စက ဘယ်လောက်ပဲအရေးကြီးကြီး ရွှမ်ချုံးဟော်လောက် အရေးမကြီ ဘူး ဟောအာဘယ်မှာလဲ”

ရွှမ်ချုံးဟော်အခန်းအား ညွှန်ပြသော သူ၏ ဒေါသကို စွန်းယွိဝေ့သည် ခံစားမိသည်။ ရွှမ်ချုးဖူရှီ အထဲသို့ သွားတော့မည့်ဟန်ပြင်သည်ကိုမြင်သည်နှင့် သူမ အမြန်ပင် တားလိုက်သည် “သခင် မဖြစ်ပါဘူး”

“ဘာလို့လဲ ငါ သဘောမတူဘူးလို့ ပြောထားပြီးသားမလား၊ မင်းက ငါ့ နောက်ကွယ်မှာလုပ်ချလိုက်တာ မင်းက ဟော်အာကိုသတ်ချင်နေတာလား” ရွှမ်ချုံးဖူရှီသည် ဒေါသတကြီးအော်လေသည်။

“သခင်” စွန်းယွိဝေ့သည် ရုတ်တရက် အသံကျယ်သွားကာ သူမရှေ့မှလူ ကို ရင်နာစွာဖြင့် ကြည့်နေမိသည် “သူက ကျွန်မသားပါ ကျွန်မနှလုံးသားက လည်းယှဉ်မရအောင် နာပါတယ်၊ သူ့ကိုဘယ်ထိခိုက်စေချင်ပါ့မလဲ… သူက အမြဲတမ်း လမ်းလျှောက်ပြီး အမြင်အာရုံပြန်ရချင်နေတာ…”

ရွှမ်ချုံးဖူရှီသည် သူမကို စကားဖြတ်ပြီး ငေါက်ငမ်းလိုက်သည် “ဒီလောက် နှစ်တွေအများကြီး ငါတို့တွေ သမားတော်တွေလည်း အများကြီးရှာပြီးပြီ မင်းက လက်မလျော့နိုင်သေးဘူးလား၊ သူ့ခန္ဓာကိုယ်ထဲက ချိပ်အကြောင်းကို တခြားသူ တွေသိရင် ဘာဖြစ်မလဲဆိုတာ မင်းသိရဲ့လား”

“သူမက ရွှမ်ချုံးဟော်ရဲ့ ခန္ဓာကိုယ်ထဲက ချိပ်ပစ္စည်းကို သိထားပါတယ် ဒါပေမဲ့ သူမက အဲဒီချိပ်ကို မလွှတ်လိုက်သရွေ့တော့ ဘာမှသိနိုင်မှာမဟုတ်ပါ ဘူး၊ အဲဒီချိပ်ကို ကျွန်မတို့ပဲလုပ်ထားတာ သူမ လွှတ်နိုင်မယ်လို့ ရှင်ထင်လား” စွန်းယွိဝေ့သည် သူ့ဒေါသကိုမကြောက်ဘဲ ပြန်ချေပလေသည်။

“မင်း အဲလောက် စွန့်စားလို့ရဘူး” ပြောပြီးနောက် ရွှမ်ချုံးဖူရှီသည် အထဲ သို့ အလောတကြီးသွားဟန်ပြင်သည်။

“နောက်ကျသွားပြီ”

ရွှမ်ချုံးဖူရှီ ရပ်သွားသည်။ သူလှည့်ပြီး စွန်းယွိဝေ့အား စိုကု်ကြည့်လိုက် သည်။

“ဘာအဓိပ္ပာယ်လဲ”

စွန်းယွိဝေ့သည် အသာအယာ ပြုံးလိုက်သည် “သခင် အာရုံမခံမိဘူးလား သူ အတားအဆီးချထားတယ်”

“အဲတော့ ငါ ဖျက်နိုင်ရင်ရော..”

“ယူယူ ပြောားတယ် သူမ စလို်ကတာနဲ့ အနှောင့်အယှက် နည်းနည်း လေးကတောင် သူတို့နှစ်ယောက်လုံးကို သက်ရောက်မှုဖြစ်လိမ့်မယ်၊ သူမက ဟော်အာ၏ ဦးနှောက်ပိုင်းမှာ အလုပ်လုပ်နေတာ အတားအဆီးကိုလည်း ဟော်အာပဲ ချထားတာ၊ ရှင်တိုက်ခိုက်လိုက်ရင် ဟော်အာ သေချာပေါက် ဒဏ်ရာရသွားမှာပဲ သူတို့ဝင်သွားတာ ဒီလောက်ကြာနေပြီ သူမ ကုသမှုကို စနေ လောက်ပြီ…”

***

All Chapters