← Chapters

မိတ်ဆွေဟောင်းလား

Vol. 113 Ch. 1571

မိတ်ဆွေဟောင်းလား

Vol. 113 Ch. 1571

ပတ်ပတ်လည်မှ အပူချိန်များကျလောက်အောင် ရွှမ်ချုံးဖူရှီသည် အေးစက်သောအကြည့်ဖြင့် စွန်းယွိဝေ့အား ကြည့်လိုက်သည်။

“သခင် ကျွန်မကိုကြည့်ဖို့မလိုပါဘူး၊ ကျွန်မကိုကြည့်လည်း အသုံးမဝင် ဘူး” ရွှမ်ချုံးဖူရှီသည် ကြောက်မက်ဖွယ်ကောင်းနေသော်လည်း စွန်းယွိဝေ့သည် သူ့ကို ကြောက်ရွံ့ခြင်းမရှိဘဲ အားပါးတရပင် ပြုံးပြနေသည်။

ရွှမ်ချုံးမူရှီ၏ ဒေါသသည် အကူအညီမဲ့သွားတော့သည်။

သူ၏ပုံစံကို သူမမြင်သည်နှင့် စွန်းယွိဝေ့၏ အပြုံးသည် ပိုတောက်ပသွား ကာ ရှေ့တိုးပြီး သူ့လက်မောင်းကို ဖက်တွယ်ပြီး ပြောလိုက်သည် “ဟုတ်ပါပြီ သခင်ကြီး ကိစ္စတွေက ဒီအဆင့်တောင်ရောက်နေပြီ ရှင်လက်ခံလိုက်ပါတော့ ကျွန်မတော့ ဟော်အာရဲ့ဆုံးဖြတ်ချက်ကို ယုံတယ်”

ရွှမ်ချုံးဆူရှီ သက်ပြင်းချပြီး ပြောလိုက်သည် “သူတို့ အချိန်ဘယ်လောက် လိုတာလဲ”

“ယူယူပြောတာတော့ တစ်ရက်လောက်ပဲလိုတယ်ပြောတယ်”

“ဒါဆိုရင် မင်းဒီမှာနေခဲ့ ကျန်တဲ့သူတွေ ငါနဲ့လိုက်ခဲ့ကြ”

ရွှမ်ချုံးဖူရှီသည် ခြံဝန်းထဲမှလူများကို ဦးဆောင်ခေါ်သွားသည်နှင့် စွန်းယွိဝေ့သည် မပြုံးနိုင်တော့ပေ။ သူမ မျက်လုံးများသည် စိုးရိမ်မှုများဖြင့် ပြည့်နှက်နေတော့သည်။

သူမသည် အစောပိုင်းက ယုံကြည်ချက်ရှိသည်ဟုပြောပြီး ပုံမှန်မျှသာ ပြုမူနေသော်လည်း သားဖြစ်သူ၏ ဘေးကင်းရေးကို အလွန်စိုးရိမ်နေဆဲဖြစ် သည်။ သူမက ဘယ်လိုလုပ် စိတ်အေးနိုင်မှာလဲ။

အိမ်ထဲမှ လူနှစ်ယောက်သည် အပြင်မှအဖြစ်အပျက်များကို မသိကြပေ။ ထိုအခိုက်တွင် ရွှမ်ချုံးဟော်သည် ရေချိုးကန်ထဲထိုင်နေပြီး ဆေးရည်များသည် ရင်ဘတ်အထိ တက်နေသည်။ အထက်ပိုင်းတွင် အပ်များစွာရှိနေသည်။

“အစ်ကိုကြီးဟော် ခဏနေရင် ခေါင်းကိုအပ်စိုက်ပြီး အဲဒီဟာကို အရွယ် အစားသေးလိုက်မယ်၊ နည်းနည်းတော့နာလိမ့်မယ် ဒါပေမဲ့တောင့်ခံထားရမယ် နော်” ရှီမာယူယူသည် အပ်ရှည်များကိုထုတ်ပြီး ရွှမ်ချုံးဟော်အနောက်တွင် ထိုင်လိုက်သည်။ သူပြန်ဖြေသည်ကို ကြားသည်နင့် ခေါင်းထိပ်ပိုင်းမှစပြီး အပ် စိုက်တော့သည်။

ငယ်ထိပ်မှစပြီး အပ်စိုက်လိမ့်မည်ဟု ရွှမ်ချုံးဟော် ထင်မထားပေ။ ထိုနေရာသည် ဦးနှောက်နှင့် ဆက်စပ်နေသည်။ ဒဏ်ဖြစ်သွားသည်နှင့် သူ့အသိ စိတ်လည်း ထိုအရာနှင့်အတူ ကွဲသွားနိုင်သည်။

သို့သော် သူ ခေတ္တမျှသာ တွေဝေရုံဖြစ်ပြီး မလှုပ်မိစေရန် အားတင်းထား သည်။

ရှီမာယူယူသည် အနည်းငယ်ရင်ထဲထိသွားမိသည်။ သူသည် သူမကို အပြည့်အဝယုံကြည်ကာ အသက်တစ်ခုလုံးကို သူမလက်ထဲသို့ အပ်ထားသည်။

သူမ ခေါင်းပိုင်းအား အပ်စိုက်ပြီးသည်နှင့် မေးလိုက်သည် “ကျွန်မကို အဲ လောက်တောင် ယုံတာလား ကျွန်မရှင့်ကို လုပ်ကြံလိုက်လို့ အန္တရာယ်ဖြစ်သွား ရင်ဘယ်လိုလုပ်မလဲ”

ရွှမ်ချုံးဟော် ပြုံးပြီး ပြောလိုက်သည် “မင်းမလုပ်ဘူးဆိုတာ ငါသိပါတယ်”

သူ ဘာကြောင့် ထိုကဲ့သို့ယုံကြည်နေသလဲဆိုသည်ကို ရှီမာယူယူ မသိပေ။ သူမသာ သူ့ကို လုပ်ကြံလိုက်လျှင်တောင် သူ ဘာမှလုပ်နိုင်မည်မဟုတ်တေပ။

“ဆက်လုပ်မယ်နော်”

နောက်ပိုင်းတွင် သူတို့နှစ်ယောက်သည် စကားထပ်မပြောကြတော့ပေ။ ရှီမာယူယူသည် ခေါင်းပိုင်းအား အပ်ဆယ်ချောင်း ထိုးစိုက်သည်။ ထို အရေအတွက်သည် ကျန်းကျူးရှန့်နှင့် ယှဉ်လျှင်နည်းပါးသည်။ သို့သော် သူမ စိတ်အာရုံကို အထူးတလည် စိုက်ထုတ်ရသဖြင့် ပို၍ပင်ပန်းသည်။ သူမသည် ချိပ်ကိုပါ အာရုံစိုက်ထားရမည်။

ချိပ်ပိတ်ထားသည့်အရာသည် အန္တရာယ်ကို ခံစားမိသည့်ပုံပင်… ရွှမ်ချုံးဟော်၏ ဦးနှောက်ထဲတွင် အဆက်မပြတ်လှုပ်ခတ်လာသည်။

တစ်ချက်တစ်ချက်တွင် ရွှမ်ချံးဟော်သည် ဖြူဖျော့သွားပြီးနောက် နီရဲလာ သည်ကို ရှီမာယူယူမြင်လိုက်ရသဖြင့် သူ ခံစားနေရသည်ကို သိလိုက်ရသည်။

“အစ်ကိုကြီးဟော် ရှင့်ဦးနှောက်ထဲကို ခဏတော့ ကျွန်မအသိစိတ်ထည့် လိုက်မယ် ကျွန်မကိုမခုခံပါနဲ့”

ရွှမ်ချုံးဟော် ခေါင်းညိတ်သည်ကို သူမ မြင်သည်နှင့် အမြန်ပင် သူ့ ဦးနှောက်ထဲသို့ ဝင်လိုက်သည်။

ထိုအခိုက်တွင် သူ၏ အသိစိတ်ပင်လယ်သည် လှိုင်းထန်နေသည့် ပင်လယ်တစ်ခုကဲ့သို့ပင်။ သူဆိုလျှင်တောင် ကြာကြာတောင့်ခံနိုင်မည်မဟုတ် ပေ။ အသိစိတ်ပင်လယ်၏ အလယ်တွင် နို့နှစ်ရောင်ပစ္စည်းသည် ပေါလောပေါ် နေသည်။ ရွှေရောင်အလင်းတန်း ခပ်ဖျောဖျော့ပင် တောက်နေသည်။ ရွှေအလင်းတန်းသည် ထိုပစ္စည်းနှင့် တစ်သားတည်းမဟုတ်နေသဖြင့် ထိုပစ္စည်း သည် ချိပ်စည်းဖြင့် ပိတ်ခံထားရသည်ကို သက်သေပြနေသည်။

သူမသည် လှုပ်ရှားပြီး ထိုပစ္စည်းကို တိုက်ခိုက်တော့သည်။ သူမစိတ်နှင့် ထိုချိပ်တို့ ထိမိသောအခါ ရင်းနှီးသောခံစားချက် ပြန်ရလေသည်။

ထိုပစ္စည်းကို သူမ သိသလိုပင်။ သူမ သိကိုသိရမည့်ပုံပင်။

ပြီးနောက် ထိုချိပ်သည် ရှီမာယူယူ၏ ရောင်ဝါကို ခံစားမိချိန်တွင် ပို၍ပင် လှုပ်လှုပ်ရှားရှားဖြစ်လာကာ ရွှမ်ချုံးဟော်၏ အသိစိတ်ပင်လယ်သည် ပိုရှုပ်ထွး လာသည်။

သို့သော် အရင်က နာကျင်သလိုဖြစ်နေသော်လည်း အခုချိန်တွင်… ပျော်ရွှင်သလိုဖြစ်နေသည်။

ပျော်ပြီးစိတ်လှုပ်ရှားနေတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

သို့သော် သူမ မည်မျှပင် အာရုံခံစေကာမူ ထိုအရာသည် စိတ်လှုပ်ရှားပျော် ရွှင်နေသည်မှာ အမှန်ဟုပင် ခံစားရသည်။

အဲဒါက သူမကို မှတ်မိနေတာလား။

သို့သော် သူမ စဉ်းစားကြည့်လိုက်ရာ မဖြစ်နိုင်ပေ။

အဲဒါက သူမခန္ဓာကိုယ်ထဲက ပစ္စည်းနဲ့ ရင်းနှီးနေတယ်လို့ ဆိုလိုတာပဲ။ သို့သော် ရင်းနှီးသည်ဖြစ်စေ မရင်းနှီးသည်ဖြစ်စေ ဒီနေ့ သူမ၏ ရည်ရွယ်ချက်ကို ပြောင်းပစ်မည်မဟုတ်ပေ။

သူမသည် လက်ချောင်းငါးချောင်းကို ကွေးလိုက်ရာ တစ်ချောင်းချင်းစီ သည် လင်းလက်သွားကာ အလင်းတန်းများ လှုပ်ရှားလာသည်။ သူမ လက်ချောင်းများလှုပ်လိုက်သည်နှင့် လှုပ်ခတ်သွားကာ ငွေရောင်ပိုက်ကွန်ဖြစ် သွားလေသည်။

“သွားတော့”

သူမသည် ပိုက်ကွန်ကို ထိုအရာဆီသို့ ပစ်လိုက်ရာ ပိုက်ကွန်သည် ထိုအရာကို အနည်းငယ် ကြောက်ရွံ့ပုံရပြီး တိုက်ရိုက်ပင် ပိတ်မိသွားသည်။

ထိုအရာသည် ရုန်းကန်ရန်ကြိုးစားသော်လည်း ရှီမာယူယူသည် ချုပ်ထား ရန်ကြိုးစားလိုက်သည်။ သူတို့ချုပ်မိသည်နှင့် ရှီမာယူယူ စတင်ပင်ပန်းလာသည် ကိုခံစားရသည်။

အပြင်မှ အပ်တစ်ချောင်းချင်းစီ စိုက်ထားသဖြင့် သူမအတွက် လွယ်သွား ၍ တော်သေးသည်။ ပိုက်ကွန်သည် အပြင်မှ ချိပ်ကိုတင်းကြပ်စွာအုပ်စည်းထား သည်။

သို့သော် တစ်ဖက်မှ လုံးဝအရှုံးမပေးပေ။

ရှီမာယူယူ တစ်ချက်တွေးလိုက်ပြီး မီးလုံးဖန်တီးလိုက်သည်။ သူမ၏ စာချုပ်ကြောင့်ပင် မီးတောက်တွင် ငှက်ပေါက်စ၏ ရောင်ဝါရှိနေသည်။

“မင်းအထဲမှာ ကျိုးကျိုးနွံနွံနေသင့်တယ် မဟုတ်ရင် မင်းကို ပြာဖြစ် အောင် မီးရှို့ပစ်လိုက်မယ်” ရှီမာယူယူ ခြိမ်းခြောက်လိုက်သည် “သူ့ကို မထိခိုက် စေချင်တာနဲ့ပဲ မင်းကို ချိပ်ပိတ်ပစ်ဖို့ နည်းလမ်းမရှိဘူးလို့မထင်နဲ့ ပိုဆိုးလာရင် မင်းနဲ့ သူ့ကိုတစ်ခါတည်း အကုန်ပိတ်ပစ်လိုက်မယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ငါငယ် သေးတာပဲ၊ ငါ့ဆေးပညာက တိုးတက်လာဦးမယ်၊ မင်းကိုသတ်လိုက်တာက သူ့ ကိုထိခိုက်စေပေမဲ့ သူ့ကိုကုဖို့ မျှော်လင့်ချက်မရှိတာမဟုတ်ဘူး ဘယ်သူသိမလဲ မင်းကို တစ်ခါတည်းအမြစ်ဖြတ်ပစ်နိုင်တာပဲ”

သူမ ထို့သို့ပြောပြီးနောက် သူမစကားများကို ကြောက်၍လား သို့မဟုတ် တခြားအကြောင်းအရင်းကြောင့်လား မသိပေ… ထိုအရာသည် စတင်ကြုံ့လာ သည်။ သူ ကြုံ့သွားသည်နှင့် ချိပ်လည်းကြုံ့သွားကာ ပိုက်ကွန်လည်း လိုက်ကြုံ့ လေသည်။

“ဟူး”

သူ့ဘာသာ ကြုံ့သွားသည်ကို သူမ မြင်သောအခါ ရှီမာယူယူသည် သက်ပြင်းရှည်ချလိုက်သည်။ နောက်ဆုံးတော့ ပြီးသွားပြီပဲ။

သို့သော်…

သူမ ထွက်မသွားခင်တွင် ချိပ်ပိတ်ထားသော ထိုအရာကို စပ်စုချင်စိတ် ဖြင့်ကြည့်လိုက်သည်။

သူမ ရွှမ်ချုံးဟော်၏ ခန္ဓာကိုယ်ကို အံ့ဖွယ်အာရုံဖြင့် စစ်ဆေးချိန်တွင် တောင့်မခံနိုင်တော့ဘဲ သူမခန္ဓာကိုယ်ပါ အားနည်းလာသည်။ သူမသည် ရေချိုး ကန်ဘေးတွင် အားပျော့စွာဖြင့် ကျသွားလေသည်။

သူမ ဆေးထုတ်စားလိုက်ပြီးနောက် ခေတ္တမျှအားယူကာ ရေချိုးကန်ကို ထောက်ပြီးရပ်လိုက်သည်။

“ကျွန်မ အပ်တွေထုတ်တော့မယ်” သူမ လည်ပင်းအကြောလျှော်လိုက် ကာ ပြန်အားတင်းပြီး အပ်တစ်ချောင်းစီနှုတ်လိုက်သည်။

သူမ ပြီးသွားသည်နှင့် ရွှမ်ချုံးဟော် မျက်လုံးဖွင့်လိုက်ရာ အမှောင်ထုကို သာ မြင်ရဆဲဖြစ်သည်။

သူသည် ရှီမာယူယူ၏ ရောင်ဝါဖျော့သွားသည်ကို အာရုံခံမိပြီး စိတ်ပျက်မှု ကို ချုပ်တည်းကာ ရေချိုးကန်မှ ထောက်ပြီးထလိုက်သည်။ သူ မေးလိုက်၏ “အဆင်ပြေရဲ့လား”

ရှီမာယူယူ ခေါင်းခါယမ်းလိုက်သည်။ သူ မမြင်နိုင်သေးသည်ကို တွေးမိပြီး အားပျော့စွာပင် အဆင်ပြေသည်ဟု ပြောလိုက်သည်။

“မင်းရောင်ဝါ နည်းနည်းဖျော့သွားတာကို ခံစားမိတယ်” ရွှမ်ချုံးဟော် သည် စိတ်ပူနေဆဲဖြစ်သည်။

“ကျွန်မအဆင်ပြေပါတယ် စိတ်စွမ်းအင်သုံးတာ နည်းနည်းများသွားလို့ပါ” ရှီမာယူယူ ပြောလိုက်သည် “အခုတော့ ချိပ်ကိုတွန်းပို့ထားလိုက်ပြီ၊ ရှင့် အာရုံကြောတွေကို  အကြာကြီးဖိနှိပ်ထားတာဆိုတော့ ချက်ချင်းကြီးတော့ မြင် နိုင်မှာမဟုတ်ဘူး”

သူမ အသံမှာအားနည်းနေသည်ကို ရွှမ်ချုံးဟော် ကြားသည်။ သို့သော် အဆက်မပြတ်ပြောနိုင်သည်။ ထိုအရာသည် သူမ အဆင်ပြေနေသေးသည်ကို ပြသနေသည်။

“ဒါဆိုရင် ဘယ်လောက်ကြာမှ ပြန်မြင်ရမှာလဲ”

“အဲဒါတော့ ရှင့်ရဲ့ပြန်နလန်ထူနိုင်ပုံမှာမူတည်တယ်” ရှီမာယူယူ ပြော လိုက်သည် “ဒါပေမဲ့ အများဆုံး ၁၀ ရက်ထက်တော့မပိုပါဘူး၊ ရှင် ကောင်းကောင်း ပြန်သက်သာမယ်ဆိုင် သုံးရက်ကနေ ငါးရက်အထိပဲကြာမှာ”

“ကျေးဇူးအများကြီးတင်ပါတယ် ကျန်တဲ့ရက်တွေလည်း ဒီနေ့လိုပဲဖြစ်မှာ လား”

“ရှင် နောက်ရက်တွေအတွက် ဆေးစားထားရမယ်၊ ဒီလိုတော့ ထပ်မလုပ် ရတော့ပါဘူး” ရှီမာယူယူသည် သူ့ကို ရေထဲမှ ဆွဲတင်လိုက်သည်။ သူသည် ဘောင်းဘီဝတ်ထားသဖြင့် ရှက်စရာမလိုပေ။

သူမသည် သူ့ကိုအိပ်ရာပေါ်သို့တင်လိုက်သည်။ ယောက်ျားလေးတစ်ဦး ကို မင်းသမီးသဖွယ်ပွေ့သယ်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ် သည်။

“ရှင် ကောင်းကောင်းအနားယူသင့်တယ် ဒီဆေးကိုနေ့တိုင်းစားပါ မျက်စိ တစ်မှိတ်အတွင်း ပြန်ကောင်းနိုင်တယ် ကျွန်မအရင်ပြန်နှင့်ပါမယ်”

ရှီမာယူယူသည် ပြောပြီးနောက် လှည့်ထွက်သွားသည်။ သို့သော် သူ သူမ လက်ကို တင်းကြပ်စွာလှမ်းဆွဲလိုက်မည်ဟု ထင်မထားပေ။

***

All Chapters