← Chapters

အချိန်အကန့်အသက်နဲ့ ချိပ်စည်း

Vol. 113 Ch. 1572

အချိန်အကန့်အသက်နဲ့ ချိပ်စည်း

Vol. 113 Ch. 1572

ရှီမာယူယူ ပြန်လည့်ကာ ခေါင်းငုံ့ပြီး သူ့ကိုကြည့်၍ မေးလိုက်သည် “ဘာဖြစ်လို့လဲ”

ထိုအခါမှပင် ရွှမ်ချုံးဟော်သည် အနည်းငယ်လွန်သွားသည်ကို သိလိုက်ရ သည်။ သူသည် လက်ကိုဖြည်လျော့ကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည် “အဲဒါ… ငါ တကယ်ပဲ မြင်နိုင်တော့မှာလား”

အစက တစ်ခုခုလွဲမှားနေပြီဟု ရှီမာယူယူ ထင်ထားသည်။ သူ ထိုအရာကို စိတ်ပူနေလိမ့်မည်ဟု သူမ ထင်မထားပေ။

မျှော်လင့်ထားရာမှ စိတ်ပျက်သွားမည်ကို ကြောက်ခြင်းဖြစ်သည်။

“စိတ်ချပါ ပြန်မြင်ရမှာပါ” သူမသည် ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက် သည် “ကျွန်မကိုယုံပါ”

“အင်း” ရွှမ်ချုံးဟော်သည် သူမ ယုံကြည်ချက်ရှိနေသည်ကို ကြားရသော အခါ ဘာမှထပ်မပြောတော့ပေ။ သူ မျက်လုံးမှိတ်ပြီး အနားယူလိုက်တော့ သည်။

အစောပိုင်းက အားစိုက်ထုတ်သူမှာ ရှီမာယူယူဖြစ်သော်လည်း သူပါ နေထိုင်မကောင်းကာ ပင်ပန်းနေသည်။

ရှီမာယူယူသည် တံခါးဖွင့်ကာ ထွက်သွားလေသည်။ အပြင်ရောက်သော အခါ စွန်းယွိဝေ့နှင့် တစ်ခါမှမမြင်ဖူးသည့် အမျိုးသားတစ်ယောက်တို့ရပ်နေ သည်ကို တွေ့လိုက်ရသည်။

ထိုနှစ်ရက်အတွင်းတွင် စွန်းယွိဝေ့သည် တစ်ဖဝါးမှမခွာဘဲ အပြင်တွင် နေ ခဲ့သည်။ ရှီမာယူယူသည် တစ်ရက်သာလိုအပ်သည်ဟု ပြောသော်လည်း မနေ့ မနက်က ယနေ့အထိကြာသွားသည်ကို တွေးကြည့်လျှင် နှစ်ရက်နီးပါးရှိပြီဖြစ် သည်။ မထင်မှတ်ထားတာ တစ်ခုခုများဖြစ်လို့လား။

ရှီမာယူယူ တံခါးဖွင့်လိုက်မှပင် သူမ ပြုံးနိုင်ကာ စိတ်အေးသွားတော့ သည်။

“ကလေး ဟော်အာဘယ်လိုနေလဲ”

“အဒေါ် စိတ်ချပါ အကုန်ချောချောမွေ့မွေ့ပါပဲ” ရှီမာယူယူသည် ကျောက်စိမ်းပုလင်းထုတ်ကာ စွန်းယွိ့ဝေ့လက်ထဲထည့်လိုက်သည် “ချိပ်က သူ့ အာရုံကြောတွေကို ဖိမထားတော့ဘူး ဒါပေမဲ့ သူမျက်စိပြန်မြင်ပြီး လမ်းလျှောက်နိုင်ချင်တယ်ဆိုရင် အာရုံကြောတွေ ပြန်ကောင်းဖို့လိုတယ်၊ သူ တစ်နေ့ကို ဆေးတစ်လုံးစားရမယ် ပြန်မြင်လာနိုင်ရင်တောင် ဆေးညွှန်းအတိုင်း ပြီးအောင်သောက်ဖို့လိုတယ်”

အဆင်ချောသည်ဟု သူမ ပြောလိုက်မှပင် စွန်းယွိဝေ့သည် စိတ်အေးသွား ကာ ဆေးယူလိုက်သည် “သူ့ကိုနေ့တိုင်းတိုက်လိုက်ပါ့မယ်”

“ဒါဆိုရင် ကျွန်မသွားနားလိုက်ပါဦးမယ် နောက်နှစ်ရက်နေရင် သူ့ အခြေအနေကို လာစစ်ပေးပါမယ်” ရှီမာယူယူသည် သူတို့နှစ်ယောက်လုံးကို အရိုအသေပေးပြီးနောက် ဖြတ်ကျော်ကာ သူမခြံဝန်းထဲသို့ ဝင်လာခဲ့လိုက် သည်။

“ဝင်သွားပြီဂကြည့်လိုက်ဦး” ရွှမ်ချုံးဖူရှီသည် အခန်းအတွင်းသို့ ခြေလှမ်း ကျယ်ကြီးများဖြင့် ဝင်သွားရာ ရွှမ်ချုံးဟော် အိပ်ရာပေါ်တွင် လှဲနေသည်ကို မြင် လိုက်ရသည်။ သူ့မျက်နှာအမူအရာမှာ ရှုပ်ထွေးလွန်းသ်ည။

“အဖေ အမေ” ရွှမ်ချုံးဟော်၏ အသံသည် အားနည်းလှသည်။ သူ အရွယ် ရောက်ပြီးကတည်းက ရွှမ်ချုံးဖူရှိမှ အပြစ်တင်စကားများကို ပြန်မျိုချရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

“ငါ စမ်းသပ်ကြည့်မယ်” ရွှမ်ချုံးဖူရှီသည် ဘေးသို့လျှောက်သွားပြီး ပြော လိုက်သည်။

သူ့ကိုစမ်းသပ်ကြည့်မည်ဟု ပြောလိုက်သော်လည်း ချိပ်အခြေအနေကို သေချာအောင် စစ်ဆေးကြည့်ရုံမျှသာဖြစ်သည်။ ချိပ်သည် ခြေရာမပျက်ရှိနေပြီး ဖယ်ရှားလိုက်သည့် အရိပ်အယောင်မရှိသည်ကို မြင်သည်နှင့် သူနောက်ဆုတ် လိုက်သည်။

“ဘယ်လိုလဲ ချိပ်နဲ့ပတ်သတ်ပြီး ဘာပြဿနာမှမရှိဘူးလို့ ရှင့်ကိုပြောတဲ့ အတိုင်းပဲမလား” စွန်းယွိဝေ့သည် သူ့ကိုဆွဲပြီး အိပ်ရာဘေးတွင် ဝင်ထိုင်လိုက် သည်။ သူမသည် ရွှမ်ချုံးဟော်၏လက်ကို ကိုင်ပြီးမေးလေသည် “ဘယ်လိုနေ လဲ”

“အမေ ကျွန်တော် အဆင်ပြေပါတယ် နည်းနည်းပင်ပန်းရုံပါပဲ” ရွှမ်ချုံး ဟော် ပြန်ဖြေလိုက်သည်။

“ဒါဆိုရင် မင်းကောင်းကောင်း အနားယူသင့်တယ် အပြင်မှာ အစောင့် တွေချထားပေးမယ်”

“အင်း”

ရွှမ်ချုံးဟော်သည် ပြောပြီးနောက် အိပ်မောကျသွားလေသည်။

သူအိပ်ပျော်သွားသည်နှင့် နှစ်ယောက်လုံး ထွက်လာလိုက်ကြသည်။ သူတို့သည် အပြင်တွင်စောင့်နေသော အစေခံမိန်းကလေးများကို သခင်လေး၏ အခြေအနေကို အာရုံစိုက်ပြီးစောင့်ကြည့်ရန် မှာကြားပြီးနောက် ထွက်သွားကြ လေသည်။

ရှီမာယူယူသည် ခြံဝန်းသို့ ပြန်လာလိုက်သည်။ သူမ၏ အသားအရောင်မှာ မကောင်းလှသည်ကို ကျန်းကျူးရှန့်နှင့် တခြား သူများမြင်သည်နှင့် အခန်းထဲမှ ထွက်ကာ သူမကိုတွဲလိုက်ကြသည်။

“ညီမအဆင်ပြေပါတယ် စိတ်စွမ်းအင်သုံးတာများသွားလို့ပါ ဆေးစား လိုက်ရင် အများကြီးပိုကောင်းသွားမှာပါ” ရှီမာယူယူသည် ဟန့်မြောင်ရွှမ်၏ မှောင်မိုက်နေသော မျက်နှာထားကို မြင်သည်နှင့် အမြန်ပင် ရှင်းပြလိုက်သည်။

ရွှမ်ချုံးဟော်၏ အခြေအနေမှာ ကုသရန် မလွယ်ကူကြောင်းကို ဟန့်မြောင်ရွှမ်နှင့် တခြားသူများသိကြသဖြင့် သူမ ယခုလိုပုံစံဖြစ်လာသည်ကို မအံ့ဩတော့ပေ။

“အရင်ဆုံးနားပြီးမှ ပြန်လာတာမဟုတ်ဘူး”

ရှီမာယူယူ ခေါင်းခါလိုက်သည် “ညီမထွက်လာတော့ အမျိုးသားတစ် ယောက်ကို တွေ့တယ်၊ သူက ရွှမ်ချုံးဟော်ရဲ့ အဖေဖြစ်နိုင်တယ် သူ့ကြည့်ရတာ နည်းနည်းနေရခက်လို့ ပြန်လာလိုက်တာ”

“ဒါဆိုလည်း အိမ်ထဲမှာသွားနားလိုက်” သူတို့သည် အခြေအနေကို မမေး ကြပေ။ သူမ မျက်နှာအရောင်မှာ မကောင်းလှသော်လည်း စိုးရိမ်မှု ဝမ်းနည်းမှု များမရှိသဖြင့် အောင်မြင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

“အင်း” ရှီမာယူယူသည် အခန်းထဲသို့ရောက်ချိန်တွင် စတင်အိပ်တော့ သည်။ သူမ နိုးလာချိန်တွင် နောက်တစ်ရက်ရောက်နေပြီဖြစ်သည်။

သူမသည် ရွှမ်ချုံးဟော်ကို ကြည့်ရန် ချက်ချင်းမသွားပေ။ သူ့အခြေအနေ မှာ ငြိမ်နေပြီဖြစ်ကာ ဆေးသောက်ရန်သာလိုသဖြင့် ပြဿနာမရှိနိုင်သေးပေ။

ငါးရက်မြောက်နေ့မှပင် ရွှမ်ချုံးဟော်၏ ခြံဝန်းသို့သွားရန် ဆုံးဖြတ်လိုက် သည်။

ရွှမ်ချုံးဟော်သည်လည်း နောက်တစ်နေ့တွင် နိုးလာသည်။ သူ မေးကြည့် ရာ ရှီမာယူယူမလာသည်ကို သိသည်နှင့် ဆက်အိပ်နေလိုက်သည်။

တတိယမြောက်နေ့တွင်လည်း သူမ ရောက်မလာသဖြင့် အနည်းငယ် စိတ်ပျက်မှုကို ခံစားရလေသည်။

ငါးရက်မြောက်နေ့တွင် သူမ ရောင်ဝါကို ခံစားမိလိုက်သည်။

“ဘယ်လိုနေလဲ” ရှီမာယူယူသည် မေးရင်းနှင့် သူ၏ သွေးခုန်နှုန်းကို စမ်း ကြည့်လိုက်သည်။

“ဘာမှမဖြစ်ပါဘူး အိပ်ရာပေါ်မှာလှဲနေရတာ နည်းနည်း သက်တောင့် သက်သာမဖြစ်ရုံပဲ” ရွှမ်ချုံးဟော်သည် အပြုံးသဲ့သဲ့ဖြင့် ပြောလေသည်။

“ရှင့်ခြေထောက်က အကြောတွေက ပြန်ကောင်းနေပြီ ကွေးဆန့်ဖို့တော့ အဲလောက်  အဆင်မပြေသေးဘူး နောက်နှစ်ရက်လောက်နေရင် စမ်းပြီး ဆင်းကြည့်သင့်တယ်” ရှီမာယူယူ ပြောလိုက်သည်။

“ဆိုလိုတာက ငါ မကြာခင်ကို ပြန်မြင်ရတော့မယ်ပေါ့” ရွှမ်ချုံးဟော်၏ အသံသည် အနည်းငယ် စိတ်ခံစားချက်ပါနေသည်။

“အင်း ဟင်း ရှင့်အာရုံကြောတွေလည်း ပြန်ကောင်းနေပြီ၊ နောက်ထပ် နှစ်ရက် သုံးရက်လောက်ပဲလိုတော့မယ်လို့ ကျွန်မတော့ မှန်းထားတယ်၊ ဒါပေမဲ့ ဒီဆေးကိုတော့ ဆက်စားနေရမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်းပြီလေ”

“ဒါဆိုရင် နောက်နှစ်ရက်နေရင် ပြန်လာခဲ့မယ်”

“မင်းကို ဒုက္ခပေးမိသွားပြီ”

“ဒါကဘာဒုက္ခဖြစ်ရမှာလဲ” ရှီမာယူယူ ပြုံးလိုက်သည် “ရှင်က ကျွန်မ လူနာပဲ ကျွန်မတို့ တိမ်ပင်လယ်မြို့မှာတွေ့တုန်းကတည်းက ရှင့်ခြေထောက်နဲ့ မျက်လုံးတွေကို အမြဲတမ်းကုပေးချင်နေခဲ့တာ အခုနောက်ဆုံးတော့ အောင်မြင် လုနီးပါးပဲလေ ဒါကကျွန်မအတွက်လည်း လဲလှယ်မှုတစ်ခုလိုပါပဲ”

“အဲတုန်းကလည်းက မင်းက ငါ့ကိုကုချင်နေခဲ့တာလား”

“ဟုတ်တယ် ရှင့်ကိုစမ်းသပ်ပြီးတုန်းက ကျွန်မက အားနည်းနေသေးတာ ကို သိလိုက်လို့ ဆေးပညာကို အမြဲတမ်းတိုးတက်ချင်ခဲ့တာ”

“ဘာလို့လဲ” သူမက သူ့ကိုဘာလို့ ဒီလောက်ဂရုစိုက်နေတာလဲ။

ရှီမာယူယူ စဉ်းစားကြည့်ပြီး ပြောလိုက်သည် “ရှင့်လိုလူကောင်းတစ် ယောက်က လုံးဝပြီးပြည့်စုံနဲ့လူဖြစ်သင့်တယ်လို့ ခံစားရတယ်၊ အရေးအကြီးဆုံး က ရှင်ကကျွန်မရဲ့ ရန်သူမဟုတ်ဘူးလေ မိတ်ဆွေပဲ”

ထာဝရရှင်သန်သူနှင့်တူသော သူ့လိုလူသည် မျက်စိမမြင်ရသည့်အတွက် ထိုစဉ်က သူမ စိတ်မကောင်းဖြစ်မိသည်။

“ကျေးဇူးတင်ပါတယ်” ရွှမ်ချုံးဟော်၏ အပြုံးသည် ပို၍ပင် အသက်ဝင် လာသည်။

သည်တစ်ခေါက် သူမ၏ ရည်ရွယ်ချက်အား စဉ်းစားကာ တုံ့ဆိုင်းစွာဖြင့် ပြောလိက်သည် “အစ်ကိုကြီးဟော် ကျွန်မ ရှင့်ရဲ့အသိစိတ်ပင်လယ်ထဲကို နောက်တစ်ခေါက်ဝင်ပြီး ရှင့်ချိပ်အခြေအနေကို အတည်ပြုချင်တယ် ရလား”

ရွှမ်ချုံးဟော် ခေါင်းညိတ်လိုက်သည်။ ရှီမာယူယူ အသိစိတ်သွင်းလိုက် သည့်အချိန်တွင် သူ မခုခံခဲ့ပေ။

သည်တစ်ကြိမ် ရွှမ်ချုံးဟော်၏ အသိစိတ်ပင်လယ်ထဲသို့ ရှီမာယူယူဝင် လိုက်သောအခါ ချိပ်စည်းသည် ငြိမ်းချမ်းစွာပင် အထဲတွင်ရှိနေသည်။ ရှီမာယူယူဝင်လာသည်ကို မြင်သည်နှင့် ချိပ်သည် လှုပ်ခါလေသည်။

ရှီမာယူယူ ဘေးသို့သွားကာ ချိပ်စည်းကို သေချာကြည့်လိုက်သည်။ ချိပ်စည်းသည် အနည်းငယ်မှိုင်းသွားသည်ကို မြင်သောအခါ သက်ပြင်းအသာ အယာချလိုက်သည်။

သူမ ထွက်လာချိန်တွင် ရွှမ်ချုံးဟော် မျက်လုံးဖွင့်ပြီး မေးလာသည် “ဘာလို့ သက်ပြင်းချတာလဲ”

သူမ အသိစိတ်သည် သူ့ကိုယ်တွင်းရှိနေသဖြင့် သူ သေချာပေါက် ကြားခဲ့ သည်။

“ဒီချိပ်ကို ဘယ်သူလုပ်ပေးတာလဲ” ရှီမာယူယူ မေးလိုက်သည်။

“ငါ့အဖေနဲ့ မျိုးနွယ်ဝင်တွေလေ ဘာလို့လဲ”

***

All Chapters