ကတိဖျက်ခြင်း
Vol. 113 Ch. 1573
ရှီမာယူယူသည် သူ့ကို ဆက်တိုက်ကြည့်နေသည်။ သူ ခဏတာမျှသာ ထိတ်လန့်သွားသည်ကို မြင်လိုက်ရကာ များစွာမအံ့ဩတော့ပေ။
“ရှင် မစိုးရိမ်ဘူးလား”
“ငါလည်း အဲဒါကိုခန့်မှန်းမိပါတယ်” ရွှမ်ချုံးဟော် ပြောလိုက်သည် “ဒီနှစ် တွေမှာ အဲဒီချိပ်စည်း ပြေလျော့လာတာကို ခံစားမိပါတယ်၊ ထာဝရရှင်သန်သူ နယ်မြေမှာတုန်းက မတော်တဆရခဲ့တဲ့ ဉာဏ်အလင်းနဲ့ ဖိနှိပ်နိုင်ခဲ့တာကြောင့် သာရယ် မဟုတ်ရင် အခုလောက်ဆို….”
“ဒါဆိုရင် အဲဒါကဘာကို ချိပ်စည်းပိတ်ထားတာလဲဆိုတာ သိလား”
“ကောင်းတဲ့ဟာတော့မဟုတ်ဘူး” ရွှမ်ချုံးဟော် ပြောလိုက်သည် “မဟုတ် ရင် အဲဒါကိုဘာလို့ချိပ်စည်းပိတ်ထားမှာလဲ”
“အဲလိုတော့မဟုတ်ဘူး” သူ စိုးရိမ်ပုံမရှိသသည်ကို ရှီမာယူယူ မြင်သော အခါ သူမလည်း စိုးရိမ်စရာမလိုတော့သလို ခံစားရသည် “အဲဒါက ရှင်မွေး ကတည်းက ပိတ်ထားတဲ့ချိပ်စည်းပဲ ဆိုလိုတာက အဲတုန်းက အဲဒီဟာက ရှင့် ခန္ဓာကိုယ်ကို အရမ်းလွှမ်းမိုးနေလို့ ထိန်းမရတာနဲ့ ချိပ်ပိတ်ပစ်တာပဲ၊ အခု ရှင့် ခန္ဓာကိုယ်အခြေအနေနဲ့ အားက အဲဒီစွမ်းအားကို ခံနိုင်ရည်ရှိနေပြီ”
“အဲလိုဖြစ်ဖို့ မျှော်လင့်ပါတယ်” ရွှမ်ချုံးဟော် ပြုံးပြီး ထပ်မပြောတော့ပေ။
သူ ထိုအကြောင်းဆက်မပြောချင်သည်ကို ရှီမာယူယူ သိသည်။ ထို့အပြင် ထိုအရာသည် သူ၏ လျှို့ဝှက်ချက်ဖြစ်သည်။
“ကျွန်မ အရင်ဆုံးပြန်လိုက်ပါဦးမယ် နောက်နှစ်ရက်နေရင် ပြန်လာခဲ့ပါ မယ်”
“ကောင်းပါပြီ”
သူမထွက်သွားသည်နှင့် ရွှမ်ချုံးဟော်သည် ပြုံးရယ်ခြင်းမရှိတော့ပေ။
သူ တောင့်မခံနိုင်တဲ့ စွမ်းအားလား။ အမှန်ဖြစ်ဖို့ပဲ ဆုတောင်းပါတယ်…
သူသည် ကျင့်ကြံ၍မရသလို အိပ်ရာမှထမရသဖြင့် ဆက်အိပ်နေလိုက် သည်။ နောက်နှစ်ရက် သုံးရက်အတွင်းတွင် သူသည် လောကကြီးကို မြင်နိုင် မည်ဖြစ်ကာ အရောင်များကို မြင်နိုင်တော့မည်။ နောက်ဆုံးတော့ အပြာရောင် ကောင်းကင်က မည်သည့်အရာဖြစ်သည်…. အဖြူရောင်တိမ်တိုက်များသည် မည်သည့်အရာဖြစ်သည်ကို သိရတော့မည်။
နှစ်ရက်ကြာအိပ်ပြီးနောက် သူ မျက်လုံးဖွင့်လိုက်သည်နှင့် အပြာရောင် အိပ်ရာခင်းများကို မြင်လိုက်ရ၏။ သူ အရောင်များကို ရှင်းလင်းစွာ မြင်ရသဖြင့် ငေးငိုင်မှိုင်တွေမိသည်။
အစေခံမိန်းကလေး ဝင်လာရာ ရွှမ်ချုံးဟော်၏ မျက်လုံးများကို မြင်သွား လေသည်။ သူမ ရှေ့တိုးပြီး ပြောလိုက်သည် “သခင်လေး ဆေးသောက်ဖို့အချိန် ရောက်ပါပြီ”
“ဒါဘာအရောင်လဲ” ရွှမ်ချုံးဟော် မေးလိုက်သည်။
“ဘာ…” အစေခံမိန်းကလေးသည် ခေတ္တမျှ မတုံ့ပြန်နိုင်ပေ။
“ငါပြောတာ ဒါဘာအရောင်လဲလို့” ရွှမ်ချုံးဟော်သည် အိပ်ရာခင်းကို ညွှန် ပြပြီး သူမကိုခေါင်းမော့ကြည့်လိုက်သည်။
အစေခံမိန်းကလေးသည် ထိတ်လန့်သွားပြီး နောက်ဆုံးတွင် ပျော်ရွှင်စွာ ပြောလေသည် “သခင်လေး မြင်ရတာလား မိသားစုခေါင်းဆောင်ကို သွားပြော လိုက်ဦးမယ်”
ထိုသို့ပြောပြီးနာက် သူမ လှည့်ကာ ပြေးထွက်သွားလေ၏။
“ဘယ်လိုပဲဖြစ်ဖြစ် ဒါကဘာ အရောင်လဲဆိုတာ ပြောဦးလေ….” ရွှမ်ချုံးဟော် ရယ်မောလိုက်သည်။
သူ ခြေထောက်များကို မ,ကြည့်ရာ လှုပ်ရှားရနေသည်ကို သိလိုက်ရ သည်။ သူအားအနည်းငယ်ထည့်ကာ ထိုင်လိုက်သည်။
သူ သူ့လက်များကိုကြည့်လိုက် ခြေထောက်များကို ကြည့်လိုက်လုပ်နေမိ သည်။ အနည်းငယ်တွန်းလိုက်သည်နှင့် သူအိပ်ရာပေါ်မှ ဆင်းနိုင်လိုက်သည်။
သူသည် ရှေ့သို့ခြေနှစ်လှမ်း ကြိုးစားလှမ်းကြည့်ပြီးနောက် ရောက်သည့် နေရာတွင် ရပ်လိုက်သည်။
“ငါ မြင်ရပြီး လမ်းလျှောက်နိုင်ပြီ” သူရေရွတ်ပြီး မအောင့်နိုင်တော့ဘဲ ပြုံးလိုက်သည်။
သူ အခန်းထဲမှလျှောက်ထွက်ပြီး တံခါးရှေ့တွင် ရပ်လိုက်သည်။သူသည် ခြံဝန်းထဲမှ သစ်ပင်များနှင့် မြက်ပင်များကို ကြည့်ပြီး ခေါင်းမော့ကာ ကောင်းကင်နှင့် တိမ်တိုက်များကို ကြည့်လိုက်၏။
အပြာရောင်… အဲတော့ အိပ်ရာခင်းတွေက အပြာရောင်ဖြစ်နေတာပဲ။ ကောင်းကင်အရောင်နဲ့ အတူတူပဲ…
စွန်းယွိဝေ့နှင့် တခြားသူများရောက်လာသောအခါ ငေးငိုင်စွာ ရပ်နေသော ရွှမ်ချုံးဟော်ကို မြင်လိုက်ရ၏။ သူသည် မှိုင်တွေနေကာ ပခုံးများမှာလည်း ပေါ့ပါးနေသည်ကို သူတို့ သတိထားမိသည်။ သူ့ဘဝ တစ်လျှောက်လုံးတွင် ယခု လို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်နိုင်သည်။ သူမ ချက်ချင်း ပြုံးလိုက် သည်။
“ဟော်အာ” သူမ တိုးညင်းစွာခေါ်လိုက်မိသည်။
“အမေ” သူ၏ မိခင်ဖြစ်သူသည် လှလွန်းသည်ဟု ရွှမ်ချုံးဟော် ခံစားမိ သည်။
“မင်း မြင်ရပြီးလမ်းလျှောက်နိုင်ပြီလား” ရွှမ်ချုံးဖူရှီ မေးလိုက်သည်။
“ရသွားပြီ အဖေ”
“ကောင်းလိုက်တာ ကောင်းတယ်” စွန်းယွိဖေသည် သားဖြစ်သူအား ပျော်ရွှင်စွဦ ကြည့်လိုက်သည်။ နှစ်တွေ ဒီလောက်ကြာခဲ့ပြီ… နောက်ဆုံးတော့ ကမ္ဘာကြီးက ဘယ်လိုပုံစံလဲဆိုတာ သူမြင်နိုင်တော့မယ်။
ရွှမ်ချုံးဟော်၏ မျက်နှာပေါ်မှအပြုံးသည် ပေါ့ပါးသည်။ သို့သော် သူ့ နှလုံး သားအတွင်းထဲမှ ပျော်ရွှင်မှုကို အမှန်တကယ် ခံစားရသည်။
“မိန်းကလေး ယူယူကို ခေါ်လိုက်… ဟော်အာကို ကြည့်ခိုင်းစမ်းပါဦး” စွန်းယွိဝေ့သည် အစေခံမိန်းကလေးကို ပြောလိုက်သည်။
သူ မြင်နိုင်သည်မှာ ကောင်းသောကိစ္စဖြစ်သော်ငြား စစ်ဆေးလိုက်သည် က ပိုကောင်းမည်။
ရှီမာယူယူ ရောက်သောအခါ ရွှမ်ချုံးဟော်သည် စိတ်ငြိမ်သွားပြီဖြစ်သည်။ သို့သော် သူ ပျော်ရွှင်နေသည်ကို သူမ ခံစားမိတုန်းပင်။
“မိန်းကလေးယူယူ ဟော်အာက ပြန်မြင်ရပြီး လမ်းလျှောက်နိုင်သွားပြီ၊ သူ အဆင်ပြေလားဆိုတာကို သေချာအောင်လုပ်ချင်လို့ မင်းကို ခေါ်လိုက်တာပါ” စွန်းယွိဝေ့ ပြောလိုက်သည်။
“ကောင်းပါပြီ” ရှီမာယူယူသည် ရွှမ်ချံးဟော်၏ ဘေးသို့လာပြီး လက်ဆန့် ထုတ်စေပြီး သွေးခုန်နှုန်းစမ်းသပ်လိုက်သည်။
သူမ အခန်းထဲသို့ ဝင်လာသည်နှင့် ရွှမ်ချုံးဟော်၏ မျက်လုံးများသည် သူမ ဆီမှာသာ ရပ်တန့်နေသည်။ သို့သော် သူ ချက်ချင်းပင် အဝေးသို့ကြည့်နေလိုက် သည်။ အခု သူမက သူ့ရှေ့ရောက်နေပြီး သူမ ပုံစံကို ရှင်းရှင်းလင်းလင်းမြင်နေရ ပြီ။
ရှီမာယူယူသည် သူ့သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် စွန်းယွိဝေ့ကို ပြော လိုက်သည် “အဒေါ် အစ်ကိုကြီးဟော်က လုံးဝကို ပြန်ကောင်းလုနီးပါးပါပဲ၊ သူ ကျန်တဲ့ ဆေးသုံးလုံးသောက်လိုက်ရုံပဲလိုတော့တာ”
“ကောင်းတယ် ကောင်းတယ်” စွန်းယွိဝေ့သည် သူမလက်အား ပျော်ရွှင် စွာ ဆုပ်ကိုင်လေသည်။
သူမ မည်မျှပျော်နေသည်ကို ရှီမာယူယူမြင်လိုက်ရသောအခါ ရှက်ရွံ့မိ သည်။ သို့သော် ကိစ္စမှာ အလောတကြီးဖြစ်နေသောကြောင့် ပြောရန်ဆုံးဖြတ် လိုက်သည်။
“ဦးလေး အဒေါ် အစ်ကိုကြီးဟော်ကို ကုသတာအောင်မြင်တယ်ဆိုရင် ကျွန်မကို အံ့ဖွယ်ဆေးပေးမယ်လို့ ကြိုပြီးသဘောတူထားခဲ့တာပါ၊ အခုသူ ကောာင်းသွားပြီဆိုတော့ အဲဒီအံ့ဖွယ်ဆေးကို ရနိုင်မလားလို့ သိချင်လို့ပါ”
သူမ ပြောလိုက်သည်နှင့် တစ်အိမ်လုံး တိတ်ဆိတ်သွားလေသည်။
ရွှမ်ချုံးဖူရှီ၏ မျက်နှာမှာ မှောင်မိုက်သွားကာ စိတ်ထဲမှ ဒေါသပင်ထွက်နေ သည်။ စွန်းယွိဝေ့၏ မျက်နှာမှာလည်း တင်းသွားလေသည်။
“အဲဒါကတော့ အံ့ဖွယ်ဆေးက ငါတို့ လျှို့ဝှက်ရတနာအဆောင်မှာရှိတယ် အဲဒါကိုဖွင့်ဖို့ သော့သုံးချောင်းလိုသေးတယ် အခုတော့ အဲဒါကိုယူမလာဘူး အခုတော့ ပြန်လိုက်ပါဦး ငါတို့သော့ရတာနဲ့ လျှို့ဝှက်ရတနာအဆောင်ကိုသွား လိုက်မယ်လေ ဘယ်လိုလဲ”
ရှီမာယူယူသည် ရွှမ်ချုံးဟော်ကို ကြည့်လိုက်သည်။ သူ ခေါင်းညိတ်သည် ကို သူမမြင်သောအခါ မှန်ကန်ကြောင်း သိလိုက်သည်။ သူမ သဘောတူကာ ခြံဝန်းသို့ ပြန်လာလိုက်သည်။
သူမ ပြန်လာသောအခါ စူးရှောင်ရှောင်တို့ကို ဖြစ်ပျက်ခဲ့သမျှကို ပြောပြ လိုက်သည်။ ဟန့်မြောင်ရွှမ်သည် စားပွဲကို ရိုက်ပြီးပြောလေသည် “မင်း အောင်မြင်မယ်ဆိုတာကို သူတို့သေချာပေါက် သိရဲ့သားနဲ့ အံ့ဖွယ်ဆေးကို အစ ကတည်းက ကြိုပြီးယူမထားဘူး သူတို့က ကတိဖျက်မလို့လား”
“ရွှမ်ချုံးဟော်က ဘာပြောလဲ” ကျန်းကျူးရှန့် မေးလိုက်သည်။
“ချက်ချင်းဆိုတော့ သော့သုံးချောင်းလိုတယ်လို့ သူပြောတယ် ဒါပေမဲ့ တချို့အကြီးအကဲတွေက သီးသန့် ဆေးသန့်စင်နေကြတော့ နှစ်ရက်လောက် တော့စောင့်ရမယ်” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့ မပေးချင်တာလို့ ခံစားနေရတယ်” ဟန့်မြောင်ရွှမ်သည် မကျေမနပ်ဖြင့် ပြောလိုက်သည်။
“အခြေအနေကို စောင့်ကြည့်ကြတာပေါ့” ရှီမာယူယူသည် အဆိုးဆုံး အခြေအနေကို မစဉ်းစားလိုသော်လည်း စွန်းယွိဝေ့နှင့် ရွှမ်ချုံးဖူရှီတို့၏ သဘော ထားမှာ မကောင်းသည်မှာတော့ အမှန်ပင်။ “ထောက်လှမ်းဖို့ ပျားတွေကို လွှတ် ပြီးပါပြီ အဆိုးဆုံးရလဒ်ကို ယူမလာလို့ မျှော်လင့်ပါတယ်”
ထို့အပြင် အံ့ဖွယ်ဆေးသည် မည်သူကိုမဆို အကွဲအပြဲဖြစ်စေနိုင်သည်။ အထူးသဖြင့် ရွှမ်ချုံးဟော်သည် သက်သာနေပြီဖြစ်သည်။ သူတို့ ကတိဖျက် လိုက်လျှင်တောင် သူ့ခန္ဓာကိုယ်သည် ပြန်ကောင်းနေပြီဖြစ်သည်။
သုံးရက်ကြာပြီးနောက် ဆေးသန့်စင်နေသော အကြီးအကဲထွက်လာပြီ ဖြစ်ရာ သူမကို ခန်းမသို့လာရန် ရွှမ်ချုံးဟော်၏ ကိုယ်ရံတော်လာပြောလေ သည်။ သူလည်း ထိုနေရာသို့ အမြန်ပြေးသွားလေသည်။
“ငါတို့ မင်းနဲ့လိုက်မယ်” ကျန်းကျူးရှန့် ပြောလိုက်သည်။
အရင်ကဆိုလျှင် သူမ သွားသည့်အချိန်တိုင်း သူတို့ခြံဝန်းထဲတွင် နေခဲ့ကြ သည်။ သို့သော် သည်တစ်ကြိမ်တွင် မတူပေ။ သူတို့ ထိုနေရာသို့ရောက်ပါက မည်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့ရမည်ကို မသိနိုင်ပေ။ သူတို့သာ တိုက်ရိုက် ပေးပါက တော်သေးသည်။ သူတို့ ကတိဖျက်ပါက ယူယူ၏ အကျင့် နှင့်ဆိုလျှင် ဆွေးနွေးမည့်ကိစ္စမှာ ရှိလာမည်မဟုတ်ပေ။
ရှီမာယူယူလည်း ထိုအချက်ကို စဉ်းစားမိသောကြောင့် သူ၏အကြံပြုချက် ကို သဘောတူလိုက်သည်။ သူမသည် သူတို့ကိုခန်းမဆီသို့ ဦးဆောင်သွား လိုက်သည်။
ခန်းမထဲတွင် အလွန်ပင် ပွက်လောရိုက်နေသည်။ အားလုံးသည် ရှီမာယူယူကို အံ့ဖွယ်ဆေးမပေးလိုက်ချင်ပေ။
စွန်းယွိဝေ့သည် ဒေါသထွက်ကာ အားလုံးကိုအော်လိုက်သည် “သူမသာ ဟော်အာကို ကုနိုင်ရင် သူမကို အံ့ဖွယ်ဆေးပေးမယ်လို့ သဘောတူပြီးပြီ၊ အခုမှ ဘာလို့ စကားကိုပြန်ရုတ်သိမ်းချင်နေတာလဲ”
“သူမက သခင်လေးကို တကယ်ကုနိုင်မယ်လို့ ဘယ်သူသိမှာလဲ” လူတစ် ယောက်သည် အားလုံး၏ အတွေးကိုရေရွတ်လိုက်သည်။
“အဲဒါဘာအဓိပ္ပာယ်လဲ”
“အပေးအယူလုပ်ဖို့ အကြံပြုတုန်းက သူမက သခင်လေးကို တကယ်ကု နိုင်မယ်လို့ ထင်မထားဘူးလေ၊ သူမ မအောင်မြင်ရင် ဒီအပေးအယူကို ရှောင်လို့ ရပြီမဟုတ်ဘူးလား”
***