← Chapters

အရှက်မရှိတဲ့ နှစ်ဖက်လုံးအကျိုးရှိတဲ့အခြေအနေ

Vol. 113 Ch. 1574

အရှက်မရှိတဲ့ နှစ်ဖက်လုံးအကျိုးရှိတဲ့အခြေအနေ

Vol. 113 Ch. 1574

အဲတော့ သူတို့က အစကတည်းက သူမကို အံ့ဖွယ်ဆေးပေးဖို့ ရည်ရွယ် ချက်မရှိဘူးပေါ့။

စွန်းယွိဝေ့သည် သူတို့အဖြေကြောင့် ဒေါသထွက်ကာ ခေါင်းလှည့်ပြီး ခင်ပွန်းဖြစ်သူကိုကြည့်ပြီး ပြောလိုက်သည် “သခင် ဘယ်လိုထင်လဲ”

ရွှမ်ချုံးဖူရှီသည် သူမအားကြည့်ပြီး တိုးညင်းစွာပြောလေသည် “အံ့ဖွယ် ဆေးက မျိုးနွယ်အပိုင်ပဲလေ၊ အကုန်လုံးက သဘောတူနေကြမှတော့ ငါတို့ တစ်ကိုယ်ကောင်းဆန်တဲ့ တပ်မက်မှုကြောင့် မျိုးနွယ်ရဲ့အကျိုးကို ထိခိုက်တာ မျိုးအဖြစ်မခံနိုင်ဘူး”

စွန်းယွိဝေ့သည် သူ ထိုကဲ့သို့ ပြောလာမည်ဟု ထင်မထားသဖြင့် ခင်ပွန်း ဖြစ်သူအား မယုံကြည်စွာဖြင့် ကြည့်လိုက်သည်။

“ကျွန်မတို့မျိုးနွယ်က ဘယ်တုန်းကတည်းက ပြောပြီးသားစကားကို ပြန် ရုတ်သိမ်းတာလဲ”

“ခေါင်းဆောင် သခင်မ သူမကို အံ့ဖွယ်ဆေးမပေးနိုင်တာမဟုတ်ပါဘူး သူမက မျိုးနွယ်ရဲ့တစ်စိတ်တစ်ပိုင်းဆိုရင်တော့ ဒီလောက်မရှုပ်တော့ပါဘူး” ရွှမ်ချုံးကျိ ပြောလေသည်။

“မျိုးနွယ်ရဲ့ တစ်စိတ်တစ်ပိုင်းဟုတ်လား” အားလုံး မှင်တက်သွားကြ သည်။

“ဟုတ်ပါတယ်” ရွှမ်ချုံးကျိ ဆက်ပြောလေသည် “အကုန်လုံးက ယူယူရဲ့ အရည်အချင်းကို မြင်ပြီးကြပါပြီ သူမသာ မျိုးနွယ်ကို ဝင်လိုက်မယ်ဆိုရင် မျိုးနွယ်အတွက် အကျိုးအမြတ်ရှိမှာပါ အဲလိုဆိုရင် အံ့ဖွယ်ဆေးက တခြားသူ လက်ထဲမရောက်တော့ဘူး၊ ပြီးတော့ သခင်လေးက သူမကို သဘောကျနေတာ ကိုလည်း အကုန်လုံးမြင်နေကြတာပဲ”

“ဒါက…” စွန်းယွိဝေ့သည် တုံ့ဆိုင်းနေသည်။

သူမ တုန်လိုင်လီကို သွားတွေးမိသည်။ အစက သူမ၏ နောက်ခံနှင့် သရုပ်မှန်သည် ဟော်အာနှင့် လိုက်ဖက်ညီနေသည်။

“သခင်မ… သခင်မက တုန်လိုင်လီကို စဉ်းစားနေတာသိပါတယ် ဒါပေမဲ့ အခုဖြစ်ခဲ့တာတွေအရ သူမက သခင်မလောင်းနေရာနဲ့ လိုက်မယ်မထင်ပါဘူး” ရွှမ်ချံးကျိပြောသည်မှာ သူတို့ရှေးဟောင်းသတ္တုတွင်းသွားခဲ့စဉ်က အဖြစ် အပျက်ကို ဖြစ်သည်။ သူဆက်ပြောလေသည် “သတ္တိ၊ ဉာဏ်ရည်နဲ့ အရည်အချင်းကိုကြည့်လိုက်ရင် တုန်လိုင်လီက ယူယူနဲ့မယှဉ်နိုင်ပါဘူး၊ သူမ ရှုံး မှာက နောက်ခံတစ်ခုပါပဲ၊ ဒါပေမဲ့ အဲဒါက သူမအရည်အချင်းနဲ့ ချေလို့ရပါတယ်”

“သူမ အရည်အချင်းက တကယ်ပဲ သန်မာပါတယ် သူမရဲ့ အံ့ဖွယ်ဟင်္သ ပဒါးငှက်တင်ကို ငှက်တွေအများကြီးဆင့်ခေါ်နိုင်ပြီး အင်အားအကုန်လုံးနဲ့ ရင်ဆိုင်နိုင်တယ်၊ သူမသာ မျိုးနွယ်ဝင်တစ်ယောက်ဖြစ်လာဖို့က အကြံကောင်း တစ်ခုပဲ”

“ကျုပ်လည်းသဘောတူတယ်”

“သူမသာ မျိုးနွယ်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ရင် သူမကို အံ့ဖွယ်ဆေးပေးဖို့ မကန့်ကွက်တော့ဘူး”

“အဲလိုဆိုရတယ်”

“သူမသာ သခင်မလောင်းဖြစ်လာမယ်ဆိုရင် သတင်းကောင်းပဲ”

ရှီမာယူယူ မျိုးနွယ်၏ တစ်စိတ်တစ်ပိုင်းဖြစ်လာမည့် ကိစ္စကို အားလုံး သည် ပျော်ရွှင်စွာဖြင့် ပြောကြလေသည်။

စွန်းယွိဝေ့သည် အနည်းငယ် တွန့်ဆုတ်မိသည်။ ဒါတကယ် အကြံကောင်းပဲ။ ပြီးတော့ ဟော်အာကလည်း သူမကို အဲလောက်သဘောကျ နေတာ… သူမကိုလက်ထပ်လိုက်ရင် ကောင်းကောင်းဆက်ဆံပေးမှာပဲ။

ရှီမာယူယူ၏ လက်ရှိအခြေအနေသည် လမ်းလျှောက်ရင်းနှင့် မျက်နှာကြီး နစ်ဝင်နေကာ ပေါက်ကွဲမလိုဖြစ်နေသည်။ ကိုယ်ရံတော်များသည် ထူးဆန်း သည်ဟု ခံစားရသဖြင့် လှည့်ကြည့်သော်လည်း ထူးဆန်းမှုတစ်စုံတစ်ရာမတွေ့ သဖြင့် ဆက်လျှောက်နေလိုက်သည်။

တစ်ခုခုမှားနေတာကို သူတို့ အာရုံခံမိတဲ့ပုံပဲ။

သူမ အမူအရာကိုမြင်သည်နှင့် ပြဿနာဖြစ်တော့မည်ဟု ကျန်းကျူးရှန့် တို့ သုံးယောက်သိထားကြသည်။

“ယူယူ”

ရှီမာယူယူ ခေါင်းမော့လိုက်ရာ လမ်းတစ်ဖက်မှ လာနေသော ရွှမ်ချုံးဟော် ကိုမြင်လိုက်ရသည်။

အဖြစ်အပျက်များအတွက် ရွှမ်ချုံးဟော်ကို အပြစ်မတင်သင့်ကြောင်း သူမ သိသော်လည်း ကြားခဲ့သည့်သတင်းကို စဉ်းစားမိလျှင် ဒေါသထွက်မိသည်။

“အစ်ကိုကြီးဟော် နောက်ဆုံးဆေးသုံးလုံးကို သောက်ပြီးသွားပြီလား”

“အင်း” ရွှမ်ချုံးဟော်သည် ခေါင်းညိတ်ကာ ကိုယ်ရံတော်ကို ပြောလိုက် သည် “မင်းတို့ သွားလိုက်တော့ ငါ သူမကို ဒီကနေခေါ်သွားလိုက်မယ်”

“ဟုတ်ကဲ့ပါ သခင်လေး”

ကိုယ်ရံတော်များထွက်သွားသောအခါ ရွှမ်ချုံးဟော်သည် ရှီမာယူယူဆီသို့ လျှောက်သွဦးပြီး သူမလက်အားကိုင်ကာ တစ်စုံတစ်ခုကိုထည့်လိုက်သည်။

ရှီမာယူယူ၏ မျက်အိမ်များလှုပ်ခတ်သွားကာ သူ့အား တအံ့တဩကြည့် လေသည် “ဒါက…”

“မင်းမှာ အဖြေရှိမယ်လို့ထင်ပါတယ်” ရွှမ်ချုံးဟော်သည် အပြစ်မကင်း သော မျက်နှာထားဖြင့် ပြုံးလိုက်သည်။

ရှီမာယူယူသည် ပစ္စည်းကိုသိမ်းပြီး မေးလိုက်သည် “ရှင်သိထားတာလား”

“ငါ မှန်းမိပါတယ် ငါမှားသွားရင်တော့ ပြန်ပေးပေါ့ သွားရအောင် သူတို့ ဆွေးနွေးတာပြီးတော့မယ်” ရွှမ်ချုံးဟော်သည် ပြောပြီးနောက် လှည့်ကာ လမ်း လျှောက်ထွက်သွားလေသည်။ ရှီမာယူယူသည် ထိုနေရာတွင်သာ ရပ်နေခဲ့သည် ကို သူသိသည်နှင့် လှည့်ပြီး ပြောလေသည် “သွားကြမယ်”

ရှီမာယူယူသည် နောက်မှလိုက်သွားပြီး ပြုံးလိုက်သည် “ကျေးဇူးတင်ပါ တယ်”

“ငါ့ကိုကျေးဇူးတင်ဖို့မလိုပါဘူး ဒါက အစကတည်းက မင်းဟာပဲ… ငါမှန်း တာမှန်ရင် ဒါရဖို့ နည်းနည်းတော့ အားထုတ်ဖို့လိုလိမ့်မယ်၊ ပြောရမယ်ဆိုရင် ငါ လုပ်နိုင်တာ ဒီအထိပါပဲ”

“ဒါပေမဲ့ ရှင့်ကိုကျေးဇူးတင်တုန်းပါပဲ” ရှီမာယူယူ ပြုံးလိုက်သည် “ရှင့် မျိုးနွယ်တွေ ဘယ်လိုပဲပြုမူပါစေ ကျွန်မကရှင့်မိတ်ဆွေဖြစ်တုန်းပါပဲ”

ရွှမ်ချုံးဟော်သည် သူမ မျက်နှာမှအပြုံးကို မြင်သောအခါ ပြုံးလိုက်သည် “ဟုတ်ပါပြီ….”

သူတို့ ခန်းမသို့ရောက်သောအခါ ဆွေးနွေးမှုရလဒ်ထွက်နေပြီဖြစ်သည်။

“ဦးလေး အဒေါ်” ရှီမာယူယူ၊ ကျန်းကျူးရှန့်နှင့် တခြားသူများသည် အရိုအသေပေးပြီး နှုတ်ဆက်လိုက်သည်။ အခြေအနေမှာ ကောင်းသေးသဖြင့် သူတို့သည် ယဉ်ကျေးမှုကိုပြသရဦးမည်။

“အဖေ အမေ အံ့ဖွယ်ဆေးကို ပြင်ပြီးသွားပြီလား” ရွှမ်ချုံးဟော် ပြော လိုက်သည်။

“ဒါက… ဟော်အာ… အံ့ဖွယ်ဆေးက မျိုးနွယ်ဝင်တွေပဲယူလို့ရမယ့်ဆေး ဆိုတာကို မင်းလည်းသိတာပဲ မိန်းကလေးယူယူက မျိုးနွယ်ဝင်မဟုတ်ဘူးလေ” ရွှမ်ချုံးဖူရှီ ပြောလိုက်သည်.

“အဖေ ဒါ အစကပြောထားသလို မဟုတ်ဘူးလေ” ရွှမ်ချုံးဟော်သည် သူ့ ကိုစိုက်ကြည့်လိုက်သည် “ကျွန်တော့်ကို ကုပေးရင် သူမကို အံ့ဖွယ်ဆေးပေး မယ်လို့ ပြောထားတယ်လေ ဒါကအပေးအယူပဲ”

“ဒါပေမဲ့ မင်းတစ်ယောက်တည်းအတွက်နဲ့ မျိုးနွယ်တစ်ခုလုံးရဲ့ အကျိုးကို ထိခိုက်အောင်လုပ်လို့မရဘူး” သူ့လိုနာခံတတ်သော သားဖြစ်သူသည် အားလုံး ရှေ့တွင် ဆန့်ကျင်လိမ့်မည်ဟု ထင်မထားသဖြင့် ရွှမ်ချုံးဖူရှီသည် ဒေါသထွက် လျက်ရှိသည်။

“စိတ်အေးအေးထားပါ မျိုးနွယ်ခေါင်းဆောင်” မျိုးနွယ်အကြီးအကဲသည် နှစ်သိမ့်ပြီး ရွှမ်ချုံးဟော်ကို ပြောလိုက်သည် “သခင်လေး ကျုပ်တို့ မျိုးနွယ်ရဲ့ စည်းမျဉ်းကို ဆန့်ကျင်လို့မဖြစ်ဘူးလေ ဟုတ်တယ်မလား”

“သခင်လေး ကျုပ်တို့က ကတိဖျက်ချင်တာမဟုတ်ဘူး ဒါပေမဲ့ မျိုးနွယ် ကောင်းကျိုးအတွက်လည်း စဉ်းြစားရဦးမယ်၊ နှစ်ဦးနှစ်ဖက် အကျိုးရှိနိုင်မယ့် ကိစ္စကိုလည်း ဖြေရှင်းရမယ်” ရွှမ်ချုံးကျိသည် ပြောရင်းနှင့် ရွှမ်ချုံးဟော် စိုက်ကြည့်လာသောအခါ တောင့်တင်းသွားသည် “သခင်လေး ယူယူက မျိုးနွယ် ဝင်ဖြစ်လာမယ်ဆိုရင် သူမကို အံ့ဖွယ်ဆေးပေးလိုက်ရင်တောင် စည်းမျဉ်း ဖောက်ရာမကျတော့ဘူး”

“ဘာပြောချင်တာလဲ” ရွှမ်ချုံးဟော်၏ အမြဲတစေ တည်ငြိမ်မှုများပျောက် သွားကာ မျက်လုံးများတွင် ဒေါသများဖြင့် ပြည့်နေသည်။

“သခင်လေး ဒီအကြံက မဆိုးဘူးနော်၊ ဒီလိုဆိုရင် ကတိမဖျက်ရုံတင် မကဘူး စည်းကမ်းကိုလိုက်နာသလို မျိုးနွယ်နှစ်ခုကိုလည်း ချည်နှောင်လိုက် တာပဲ”

“သဘောမတူနိုင်ဘူး” ရွှမ်ချုံးဟော်သည် စက္ကန့်အနည်းငယ် တွေဝေပြီး နောက် ချက်ချင်းပင် ငြင်းဆန်လိုက်သည်။

သူ သူမကို သဘောကျသည်မှာ မှန်သည်။ သို့သော် ဤနည်းလမ်းဖြင့် သူမကို ဖိအားမပေးလိုပေ။ သူ သူမကိုတစ်စုံတစ်ခုလုပ်လိုက်၍ အတူရှိသွား မည့်အဖြစ်ကို မလိုလားပေ။

“ဟော်အာ”

“အဖေ ဘာမှထပ်ပြောဖို့မလိုပါဘူး ကျွန်တော် သဘောမတူဘူး၊ သူမကို အံ့ဖွယ်ဆေးပေးလိုက်တာ ကောင်းပါလိမ့်မယ်” ရွှမ်ချုံးဟော်သည် ခိုင်မာနေ သည်။

“သူမက မျိုးနွယ်ဝင်မဖြစ်လာဘူးဆိုရင် အံ့ဖွယ်ဆေး မပေးနိုင်ဘူး” ရွှမ်ချုံးဖူရှီသည်လည်း သေချာနေသည်။

စွန်းယွိဝေ့သည် ဝင်လာကတည်းက စကားတစ်ခွန်းမှမပြောသည့် ရှီမာယူယူဘက်သို့ ကြည့်ပြီးပြောလေသည် “ဟော်အာ… အဲလောက်ကြီး ခေါင်းမာပြီး ငြင်းမနေနဲ့ ယူယူဘယ်လိုတွေးလဲဆိုတာကို မေးပါဦး သူမ သဘောတူရင်ရော… ယူယူ ငါတို့က ဟော်အာကိုလက်ထပ်ဖို့အတွက် အံ့ဖွယ် ဆေးကို မင်္ဂလာလက်ဖွဲ့အနေနဲ့သုံးမယ်ဆိုရင်ရော သဘောတူနိုင်လား”

ရွှမ်ချုံးဟော်သည် အသက်မျှင်းမျှင်းရှုရင်း မျက်လုံးတွင် ဖုံးကွယ်ထား သော မျှော်လင့်ချက်များဖြင့် ရှီမာယူယူအား ကြည့်လိုက်သည်။

ရှီမာယူယူသည် အသာအယာပြုံးပြီး အမေးဖြင့် ပြန်ဖြေလိုက်သည် “အဒေါ် ကျွန်မလက်ခံသင့်တယ်လို့ ထင်လား”

“မင်း ဟော်အာကိုလက်ထပ်လိုက်ရင် နောက်လာမယ့်သခင်မဖြစ်လာမှာ ပဲ၊ မင်းကပဲ ငါတို့မျိုးနွယ်ကို ပျိုးထောင်ပေးရမယ်၊ မင်းအရည်အချင်းနဲ့ဆိုရင် အချိန်တစ်ခုရောက်တာနဲ့ ဧကရာဇ်အဆင့်ကို ချိုးဖောက်ဖို့က ဖြစ်နိုင်တယ်၊ ပြီး တော့ အဲလိုနည်းနဲ့ အံ့ဖွယ်ဆေးကိုလည်း ရသွားမယ် မဟုတ်ဘူးလား”

ရှီမာယူယူသည် အလေးအနက်ထားစဉ်းစားဟန်ပြုလေသည် “အစ်ကို ကြီးဟော်က ထူးချွန်လွန်းပါတယ်၊ သူကလျှို့ဝှက်မိသားစုတွေမှာတောင် အမြင့် တစ်နေရာမှာရှိပါတယ်၊ လူကြီးမင်းတို့ပေးတဲ့ အပေးအယူက နည်းနည်းတော့ ဆွဲဆောင်မှုရှိပါတယ် ဒါပေမဲ့ အဒေါ် အဒေါ်တို့က ရှောင်နေတဲ့ပုံပဲ၊ ကျွန်မသာ အစ်ကိုကြီးဟော်ကို ကုပေးနိုင်ရင် အံ့ဖွယ်ဆေးပေးမယ်လို့ ကတိပေးခဲ့တာဆို တော့ ကတိကိုတော့တည်ရမယ်လေ”

“ဒါက…”

“ငါတို့မျိုးနွယ်ဝင် ဖြစ်မလာရင်တော့ မပေးနိုင်ဘူး”

ရှီမာယူယူသည် မျက်လုံးထဲမှ ထေ့ငေါ့သောအကြည့်များဖြင့် ရယ်မော လိုက်သည် “ကျွန်မ စဉ်းစားကြည့်လိုက်ပါမယ် သုံးရက်အတွင်း အဖြေပြန်ပေး ပါမယ်”

***

All Chapters