← Chapters

အခန်း (၃၄၅)

Vol. 23 Ch. 345

အခန်း (၃၄၅)

Vol. 23 Ch. 345

“ ကောင်လေး.. ငါမှန်းတာမမှားရင် မင်းဆီမှာ တစ်ခုခုဝှက်ထားတာပဲဖြစ်ရမယ်…”

လေဟာနယ်ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုက ကြင်နာစွာပြုံးလျက်ပြောလိုက်သည်။ သို့သော် သူ့လက်ထဲတွင်ကိုင်ဆောင်ထားသည့် ကြေးဝါမှန်မှ သွေးများ တစ်စက်ပြီးတစ်စက်စီးကျနေကာ မျက်နှာထက်မှာ အပြုံးနှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။

“ အိုး…”

သူ့အား သတိထားမိသွားသော်လည်း ရွှမ်ယီက မပူပန်ဟန်ဖြင့် ထူးမခြားနားစွာ တုံ့ပြန်လိုက်သည်။

ပြီးပြည့်စုံသည့် တာအိုလက်နက်အားပိုင်ဆိုင်ထားသော ထိုအဘိုးကြီး၌ ထူးခြားသောနည်းလမ်းများ ရှိပုံရသည်။

ကျိုးပဲ့နေသည့် နတ်ဘုရားကျောက်တုံးလေးများအား ဂရုတစိုက် လျှို့ဝှက်စွာ ကောက်ယူနေခဲ့သော်လည်း ၎င်း၏ အမြင်အောက်မှ မလွတ်မြောက်ခဲ့ပေ။

သို့သော် ရွှမ်ယီက တည်ငြိမ်စွာဖြင့်

“ နန်းတော်ထဲမ၀င်ခင် အထဲမှ ရသမျှပစ္စည်းက ကျုပ်တို့အပိုင်လို့ စီနီယာတို့ ကတိပေးခဲ့တယ်မဟုတ်လား…”

“ ဟမ့်.. ဒီရတနာတွေက မင်းလို နိမ့်ကျတဲ့လူမျိုးနဲ့ ထိုက်တန်လို့လား… ကြည့်ရုံနဲ့တင် အပြစ်ကြီးတစ်ခုဖြစ်နေပြီကွ…”

ဆံဖြူအဘိုးအိုက ပြန်ပြောလိုက်သည်။ သူ့အမြင်တွင် ရွှမ်ယီက အခြေတည်ဝိညာဉ်အဆင့်မှ ပုရွတ်ဆိတ်တစ်ကောင်ထက် မပိုချေ။

“ မင်းလို ပုရွတ်ဆိတ်တစ်ကောင်ကများ မတန်မရာကို အိမ်မက်မက်ရဲသေးတယ်… ဟမ့် မသေခင်မှာ နောင်တရစရာတွေ မလုပ်ချင်စမ်းနဲ့…”

နောက်ထပ် ကောင်းကင်ဘုရင်တစ်ယောက် ရောက်လာပြီး ရွှမ်ယီ၏ လွတ်လမ်းအား ပိတ်ဆို့လိုက်သည်။

ထိုလူက ဓားတစ်ချက်‌ ဝှေ့ယမ်းလိုက်ပြီး ပတ်၀န်းကျင်မှ တပည့်များအား သွေးမှုန်များအဖြစ် ပြောင်းလဲစေလိုက်သည်။

ထို့နောက် ဒုတိယမြောက်ဓားချက်က ရွှမ်ယီထံသို့ မိုးခြိမ်းသံများ‌ပေးလျက် ၀င်ရောက်သွား၏။

“ ဖရိုဖရဲဒေသ ရှေးဟောင်းစစ်မြေပြင်ပတ်၀န်းကျင်က ဂိုဏ်း(၁၀)ဂိုဏ်းက တော်တော်လေးထူးခြားတာပဲ…”

ရွှမ်ယီက လှောင်ပြောင်လိုက်သည်။

သူ့အား တိုက်ခိုက်လိုက်သူက လေနတ်ဘုရားဂိုဏ်းမှ ‌အစောပိုင်းကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူဖြစ်၏။

သူက ကောင်းကင်ဘုရင်အဆင့်သို့ မရောက်သေးသော်လည်း ထိုကဲ့သို့ အဆင့်မျိုးက သူ့အား မခြိမ်းခြောက်နိုင်ပေ။

“ ဂျူနီယာ.. ‌ရိုင်းလှချည်လား…”

ထိုကောင်းကင်ဘုရင် ဒေါသထွက်သွားပြီး စိတ်ဝိညာဉ်ဒြပ်စင်စွမ်းအားများအား ဓားအတွင်း ထည့်သွင်းလိုက်လျှင် ဓားချက်က ပိုမိုပြင်းထန်သွား၏။

ဘုန်း…

သို့သော် အနီရောင်မီးတောက်များ ဖြာထွက်နေသည့် ဓားတစ်ချောင်းထွက်ပေါ်လာပြီး သူ့တိုက်ခိုက်မှုအား တားဆီးလိုက်သည်။

ထို့နောက် အနီရောင်မီးတောက်ဓား နယ်မြေတစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။

၎င်းက နယ်မြေစွမ်းအားနှစ်ကို ပေါင်းစပ်ထားခြင်းဖြစ်ပြီး ရွှမ်ယီအား ဗဟိုပြုကာ လှည့်ပတ်နေခဲ့သည်။

ရွှမ်ယီက လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင်အားကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး

“ ကျုပ်ဆီက ဓားတစ်ချက် လက်ဆောင်ပြန်ပေးမယ်…”

ဖန်ဂျီဓားက လှုပ်ရှားသွားပြီး သလင်းနန်းတော်တစ်ခုလုံးအား အနီရောင် လင်းထိန်သွားလေသည်။

“ ဟမ့်.. ကျုပ်ရှေ့မှာ မောက်မာဖို့ ခင်ဗျားကို ဘယ်သူက သတ္တိပေးလိုက်တာလဲ… နန်းကျိုးတစ်ခုလုံးမှာ ကျုပ်မသတ်ရဲတဲ့လူ ဘယ်သူမှမရှိဘူး…”

ဓားတောက်ပလာသည်နှင့်အညီ ရွှမ်ယီ၏ အရှိန်အဝါများလည်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။

သူက ကောင်းကင်ဘုံအား ဆန့်ကျင်ရန်အတွက် မီးပင်လယ်ထဲ၌ ရပ်နေသည့် စစ်နတ်ဘုရားတစ်ပါးအလားပင်။

“ ဒီစွမ်းအား… မင်းက ရှေးဟောင်းဖရိုဖရဲဂိုဏ်းသားမဟုတ်ဘူး… ဘယ်သူလဲ…”

လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင် အံ့အားသင့်သွားပြီး ရွှမ်ယီအား ကြည့်နေသည့် မျက်၀န်းများထဲ၌ ထိတ်လန့်ဟန်များ ဖြတ်ပြေးသွား၏။

“ နယ်မြေ(၂)ခု… ဒါဆို မင်းက လူသားဘုရင်အဆင့်ဇယား နံပါတ်(၁)… ဗဟိုသူတော်စင် အကယ်ဒမီက ရွှမ်ယီပေါ့…”

ကျန်ကောင်းကင်ဘုရင်များလည်း အံ့အားသင့်သွားပြီး ရွှမ်ယီအား မယုံကြည်နိုင်စွာ လှမ်းကြည့်လိုက်ကြ၏။

စောနလေးကပင် ရွှမ်ယီက လေနတ်ဘုရားဂိုဏ်း မဟာအကြီးအကဲထံမှ ဓားချက်ကိုတားဆီးခဲ့သည်။ ထိုစွမ်းအားက အားလုံးကို ထိတ်လန့်သွားစေခဲ့သည်။

ရွှမ်ယီထံမှ ထွက်ပေါ်နေသည့် အရှိန်အဝါက အလွန်အားကောင်းသော်လည်း အစစ်အမှန်ကျင့်ကြံမှုက ကောင်းကင်ဘုရင်တစ်၀က်အဆင့်သာရှိသေး၏။

ထိုသို့ဆိုလျှင် ကောင်းကင်ဘုရင်တစ်ယောက်အား အမှန်တကယ် အနိုင်ယူနိုင်မည်လော။

“ မင်းက ရွှမ်ယီဆိုတိုင်း.. ဒီလောက် မောက်မာလို့ရပြီထင်‌မနေနဲ့….”

လေနတ်ဘုရားဂိုဏ်းမှ အကြီးအကဲ အံကြိတ်လိုက်၏။ ကျန်ကောင်းကင်ဘုရင်များ၏ မျက်နှာများလည်း မှုန်မှိုင်းနေသည်။

“ မင်း သူနဲ့ ငြင်းခုန်နေမနေနဲ့… လုပ်စရာရှိတာ မြန်မြန်လုပ်…”

ကောင်းကင်ဘုရင်တစ်ယောက်က အေးစက်စွာ ၀င်ပြောလိုက်၏။

“ သူက တစ်ယောက်တည်းရှိတာ… ဘယ်လိုပဲ မောက်မာနေပါစေ မကြာခင် သေရမှာပဲ…”

ကျန်ကောင်းကင်ဘုရင်များလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြ၏။

ရွှမ်ယီ၏ နောက်ကွယ်တွင် အလွန်အစွမ်းထက်သည့် ကောင်းကင်ဘုရင်တစ်ယောက်ရှိနေသော်လည်း သူတို့ဂိုဏ်းကြီး(၁၀)ခုက အားနည်းသည်မဟုတ်ပေ။

ဂိုဏ်းတစ်ခုတည်းဆိုပါက ဗဟိုသူတော်စင်အကယ်ဒမီကို ကြောက်နေရမည်ဖြစ်သော်လည်း ဂိုဏ်း(၁၀)ခုပေါင်းထားသည်ဖြစ်ရာ နောက်ဆုတ်ရန် အကြောင်းမရှိချေ။

ပို၍ ပြသနာများသည့်အရာက ယခုအခြေအနေဖြစ်၏။

ရွှမ်ယီက သတင်းမပျံ့နှံ့စေရဟု ကတိပေးခဲ့လျှင်တောင် မယုံကြည်နိုင်သောကြောင့် လွှတ်မပေးလိုက်နိုင်ချေ။

ရွှမ်ယီအား သတ်ရန်သာ ရွေးချယ်စရာရှိ၏။

“ လာစမ်း…”

လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင်က ဟိန်းဟောက်လိုက်ပြီး စွမ်းအားကို အမြင့်ဆုံး ထုတ်ဖော်လိုက်၏။

သူ့နောက်ကျောဘက်တွင် မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး ပတ်၀န်းကျင်တစ်ခုလုံး တုန်ခါသွားစေခဲ့သည်။

စွမ်အားကုန်သုံးပြီး ရွှမ်ယီအား ရှင်းပစ်ရန် ရည်ရွယ်ထား၏။

သူ့နောက်ကျောဘက်တွင် ကမ္ဘာငယ်လေးတစ်ခုပုံရိပ် ထွက်ပေါ်လာသည်။ ၎င်းတွင် တောတောင်ရေမြေများရှိသော်လည်း နေ ၊ လ ၊ ကြယ်များမရှိသေးသည့်အတွက် မပြည့်စုံသော ကမ္ဘာငယ်ဟု ယူဆနိုင်သည်။

တောင်တန်းများအထက်တွင် စိတ်ဝိညာဉ်ဒြပ်စင် (၉)ခုက အဆုံးမဲ့အလင်းများဖြင့် တောက်ပနေပြီး မိုးခြိမ်းသံများ တစ်ဝုန်းဝုန်းမြည်ဟည်းနေ၏။

ထို့နောက် နတ်အလင်း(၉)ခု ထွက်ပေါ်လာပြီး ရွှမ်ယီထံသို့ ဦးတည်သွားလေသည်။

ရွှမ်ယီက ထိုအခွင့်အရေးအား စောင့်နေခြင်းပင်။

အထူးသဖြင့် ကောင်းကင်ဘုရင်တစ်၀က်အဆင့်သို့ ရောက်ပြီးနောက် သူ့ခန္ဓာကိုယ်က အလွန်သန်မာသွားခဲ့သည်။ ထို့အပြင် ခန္ဓာကိုယ်အား တည်ငြိမ်စေရန် နတ်ဘုရားအရင်းအမြစ်များစွာ အသုံးပြုခဲ့ခြင်းကြောင်း များစွာပိုမိုသန်မာသွား၏။

အစောပိုင်းကောင်းကင်ဘုရင်အဆင့်အား ဘေးဖယ်ထားဦး အလယ်အလတ်ကောင်းကင်ဘုရင်အဆင့် ထံမှ တိုက်ခိုက်မှုကိုပင် ကြောက်ရွံ့မှုမရှိ ခုခံနိုင်သည်။

အစပိုင်းတွင် ထိုလေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင် အစွမ်းကုန်ထုတ်မတိုက်ရသေးသည့်အတွက် ယခုအချိန်ထိ စောင့်နေခဲ့ခြင်းဖြစ်၏။

နတ်အလင်း(၉)ခု တိုက်ခိုက်မှုက ရွှမ်ယီနှင့် နီးကပ်နေချေပြီ။

ထိုအချိန်တွင်

ဖန်ဂျီဓားဖြင့် လွှဲခုတ်လိုက်ရာ ၎င်းထံမှ ထွက်ပေါ်လာသည့် စွမ်းအားက ကောင်းကင်နှင့် မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။ အလွန်ပြင်းထန်သည့် အနီရောင် မီးတောက်များလည်း ရောယှက်ပါ၀င်နေပြီး လေဟာနယ်ကိုပင် စုတ်ပြဲသွားစေ၏။

“ ဂျူနီယာ မင်း…”

လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင် ထိတ်လန့်တကြားရေရွတ်ပြီး နောက်ပြန်ဆုတ်လိုက်သည်။

သို့သော် သူတို့နှစ်ဦးက အလွန်နီးကပ်နေသည်ဖြစ်ရာ နောက်ဆုတ်ရန် နောက်ကျသွားချေပြီ။

ရွှမ်ယီကလည်း ၎င်းအား အခွင့်အရေးမပေးခဲ့ချေ။ ဖန်ဂျီဓားဖြင့် မပြည့်စုံသော ကမ္ဘာငယ်လေးအား ပိုင်းဖြတ်လိုက်၏။

“ ဝေါ့…”

လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင် မျက်နှာ ဖြူဖျော့သွားပြီး သွေးတစ်လုပ်အန်လိုက်ရသည်။

ထိုကမ္ဘာငယ်လေးက သူ့စိတ်ဝိညာဉ်နှင့် ဆက်နွယ်နေသည်ဖြစ်ရာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့၏။

အလယ်အလတ်ကောင်းကင်ဘုရင်တစ်ယောက်နှင့်ပင် ယှဉ်တိုက်နိုင်သည့် သူ့ကမ္ဘာငယ်လေးက ကောင်းကင်ဘုရင်တစ်၀က်အဆင့် ရွှမ်ယီရှေ့၌ ဟာသတစ်ခုမျှသာ။

“ အားလုံး မြန်မြန်…”

ကျန်ကောင်းကင်ဘုရင်များ အော်ဟစ်လိုက်ကြပြီး လေနတ်ဘုရားဂိုဏ်းမှ မဟာအကြီးအကဲအား ကယ်တင်ရန် ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။

သို့သော် နောက်ကျသွားချေပြီ။

ရွှမ်ယီထံမှ ဒုတိယဓားချက် ထွက်ပေါ်လာပြီး ၀င်ရောက်လာသည့် ကောင်းကင်ဘုရင်များအား နောက်သို့ လွင့်စင်သွားစေခဲ့သည်။

ဝုန်း..ဝုန်း..ဝုန်း…

ကောင်းကင်ဘုရင်များ ‌တစ်ယောက်ပြီးတစ်ယောက် နောက်ပြန်လွင့်သွားပြီး အလွန်ထိတ်လန့်သွားကြ၏။

လက်ရှိအခြေအနေက အိမ်မက်တစ်ခုအလားပင်။

ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည့်တိုင် ကောင်းကင်ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူလက်ချက်ဖြင့် နောက်ပြန်လွင့်စင်သွားခဲ့ရ၏။ ဤကိစ္စအား တခြားသူများသို့ ပြန်ပြောပြလျှင်တောင် မည်သူမှ ယုံမည်မဟုတ်ချေ။

“ ဂျူနီယာ.. မင်းက အရမ်းမောက်မာလွန်းတယ်…”

အစပိုင်းတွင် လေဟာနယ် ပိတ်ဆို့ခြင်းဂိုဏ်းမှ ဆံဖြူအဘိုးအိုလည်း ထိတ်လန့်သွားခဲ့သည့်တိုင် တစ်ခဏအတွင်း ပြန်လည် တည်ငြိမ်သွားခဲ့၏။

All Chapters