← Chapters

အခန်း (၃၃၂)

Vol. 23 Ch. 332

အခန်း (၃၃၂)

Vol. 23 Ch. 332

တာ့ကျင်းတောင် တိုက်ပွဲတွင် ရွှမ်ယီက မည်သူမှ မကျော်ဖြတ်နိုင်သော စွမ်းအားမျိုး ထုတ်ဖော်ပြသခဲ့သည်။

ဓားတစ်ချက်တည်းဖြင့် နန်ကျိုးမှ လူတိုင်း အသိအမှတ်ပြုထားသည့် ပါရမီရှင် (၈)ဦးအား ရှုံးနိမ့်သွားစေခဲ့၏။

၎င်းက အလွန်အံ့အားသင့်ဖွယ် စံချိန်တစ်ခုပင်။

ယခင်တုန်းက လူသားဘုရင့်ဆင့်ဇယား၌ ပါ၀င်ဖူးခဲ့သည့် ဝါရင့်ကျင့်ကြံသူကြီးများပင် ငယ်စဉ်က ထိုကဲ့သို့ မစွမ်းဆောင်နိုင်ခဲ့ကြချေ။

ရွှမ်ယီမှ တပါး တခြားလုပ်နိုင်သူ မရှိလောက်တော့ပေ။

အမှန်တွင် ဘုရင်အဆင့်ဇယား၌ ရွှမ်ယီ စတင်ပါ၀င်မလာခင် နန်ကျိုး၌ မည်သူမှ မသိခဲ့ကြချေ။

ထို့ပြင် ကျော်ကြားလာစဉ်ကလည်း ပင်းယုအရိပ်က ရွှမ်ယီအထက်၌ အုပ်မိုးနေခဲ့သည်။

ရွှမ်ယီက တဖြည်းဖြည်း ပို၍ အစွမ်းထက်လာခဲ့သည်။

သို့သော် လူသားဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သာဖြစ်သေး၏။

ကောင်းကင်ဘုရင်အဆင့် နှင့် လူသားဘုရင်အဆင့်ကြားမှာ ခြားနားချက်မှာ အသေးအဖွဲမဟုတ်ချေ။

သို့သော် တာ့ကျင်းတောင်တန်း တိုက်ပွဲပြီးနောက် လူတိုင်းကို မှင်သက်သွားစေခဲ့သည်။

“ ဒီကောင်လေး… သူ့ အလားအလာက အရမ်းကြောက်ဖို့ကောင်းတယ်… လူသားဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်အနေနဲ့ ဒီလိုစွမ်းအားမျိုး ဘယ်လိုလုပ်ပြီး ပိုင်ဆိုင်နိုင်တာလဲ… သာမန်ကောင်းကင်ဘုရင့်အဆင့် ကျင့်ကြံသူတွေကိုတောင် အနိုင်ယူနေနိုင်မှာ စိုးရတယ်…”

ရက်အနည်းငယ်ကြာပြီးနောက် နန်ကျိုးရှိ ဒေသကြီးများတွင် ထိုကဲ့သို့ မှတ်ချက်များ ထွက်ပေါ်လာခဲ့သည်။

“ ဒီကောင်လေးက အရမ်းရက်စက်တဲ့ စိတ်သဘောထားရှိတယ်… အင်အားစုကြီးတွေကိုတောင် မထင်ရင်မထင်သလိုဖျက်စီးခဲ့တာ… သူကြီးပြင်းလာရင် နန်ကျိုးအတွက် နတ်ဆိုးကြယ်ဖြစ်လာနိုင်တယ်….”

ထိုမှတ်ချက်ထွက်ပေါ်လာပြီးနောက် လူတော်တော်များများ ၎င်းအား ထောက်ခံခဲ့ကြသည်။

အချိန်အတန်ကြာပြီးနောက် ထိုမကောင်းသတင်းက ဟိုးလေးတကြော်ကြော်ဖြစ်လာခဲ့၏။

သို့သော် စဉ်းစားတတ်သူတိုင်း ၎င်းက ရွှမ်ယီအား မုန်းတီးနေသူများ လွှင့်သည့် မကောင်းသတင်းဖြစ်ကြောင်း နားလည်ကြသည်။

ရွှမ်ယီအား တစ်ဖက်လှည့်နှင့် တိုက်ခိုက်ရန်သုံးနေကြခြင်းဖြစ်၏။

“ သူတို့က မင်းကို လူတိုင်းရဲ့ ပစ်မှတ်ဖြစ်လာအောင် ဖန်တီးနေကြတာ…”

ဌာနမှူးက ရွှမ်ယီထံသို့ ရောက်လာပြီး သက်ပြင်းချကာ ပြောလိုက်သည်။

ထိုကဲ့သို့ ဝါဒဖြန့်မှုများ ထွက်ပေါ်လာရာသို့ စုံစမ်းရန် လူလွှတ်ခဲ့သော်လည်း ရလဒ်များက အားတက်စရာမရှိပေ။

တစ်ဖက်လူများက လျှို့ဝှက်စွာ ဆောင်ရွက်နေကြပြီး တိတ်တဆိတ်ဆွေးဆောင်နေခဲ့၏။

မီးတောက်ကလေးအား မီးဟုန်းဟုန်းတောက်လာစေရန် ဝိုင်း၀န်း မွှေးနေကြဟန်တူသည်။

ရွှမ်ယီက စိတ်အေးလက်အေးဖြင့် ပြုံးလိုက်ပြီး

“ ဌာနမှူး… စိတ်ပူမနေပါနဲ့… ဘယ်သူတွေလုပ်တယ်ဆိုတာ ကျုပ်သိပါတယ်….”

ဌာနမှူး ခေတ္တမျှအံ့အားသင့်သွားခဲ့၏။

ရက်အနည်းငယ်အကြာတွင်

နန်ကျိုး ဝူယုဒေသ၌ ပြင်းထန်သော ကောင်းကင်ဘုရင်အဆင့်တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

နေ့၀က်ခန့်အကြာတွင် တိုက်ပွဲပြီးဆုံးသွားပြီး ထိုနေရာမှ ရေခဲနတ်မိမယ် ပင်းယု ထွက်လာသည်ကို တစ်စုံတစ်ယောက် တွေ့လိုက်ရသည်။

ထိုတိုက်ပွဲ၌ ဝါရင့် ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက် သေဆုံးသွားခဲ့၏။

ရွှမ်ယီနှင့် တိုက်ခိုက်ခဲ့ဖူးသော ၀မ်ချောင်ရှောင်း၏ ဆရာ နဂါးနတ်ဘုရားတာအိုလမ်းစဉ်မှ လူအိုကြီးဖြစ်ပေသည်။

ထိုသတင်းက နန်ကျိုးတစ်ခွင်သို့ အပြင်းအထန် ပျံ့နှံ့သွားခဲ့သည်။

သို့သော် လူအများမသိသည်မှာ ၎င်းက အစသာဖြစ်သေး၏။

ရက်အနည်းငယ်ကြာပြီးနောက် ကြယ်ဒေသ၌ နောက်ထပ် ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်။

ရွှမ်ယီအား စိန်ခေါ်ခဲ့သည့် လူသစ်ပါရမီရှင် ဂိုဏ်းမှ ကောင်းကင်ဘုရင်အဆင့် ခေါင်း(၃) ယောက် အသတ်ခံလိုက်ရပြီး ဂိုဏ်းတံခါးလည်း ဖျက်ဆီးခံလိုက်ရ၏။

ထို့နောက် ကုံယုမှ အန်ယုတွင်

ပင်းယုက တောင်များအား တစ်လုံးပြိး တစ်လုံး ဖျက်ဆီးလိုက်ရာ နောက်ဆုံးတွင် အစီအရင်ထဲ၌ ဝှက်ထားသည့် စီကျောင်းဂိုဏ်း ထွက်ပေါ်လာပြီး ပင်းယုလက်ထဲ၌ ကောင်းကင်ဘုရင်များစွာ အသတ်ခံလိုက်ရသည်။

“ ခင်ဗျားတို့… ကျုပ်ကို စိန်ခေါ်ချင်ရင် ပွင့်ပွင့်လင်းလင်း စိန်ခေါ်နိုင်တယ်… ဒါပေမယ့် နောက်ကွယ်က လှည့်ကွက်တွေနဲ့တော့ လာမကစားနဲ့….”

ရွှမ်ယီ ကိုယ်တိုင်ထွက်ပေါ်မလာသော်လည်း ပင်းယု၏ လှုပ်ရှားမှုများက သူ မည်သို့ဆိုလိုကြောင်း ပြောပြခဲ့ပြီးသားပင်။

နန်ကျိုးတစ်ခုလုံး အတင်းအဖျင်းများ ကောလဟာလများ တိတ်ဆိတ်သွားတော့၏။

ဌာနမှူး ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းမိလိုက်သည်။

သူမျက်နှာ ကူကယ်ရာမဲ့ဟန်ဖြစ်နေသော်လည်း စိတ်ထဲ၌ အလွန်ကျေနပ်နေမိ၏။

ဗဟိုသူတော်စင် အကယ်ဒမီ၏ ထောက်တိုင်ကြီးဖြစ်သော ဌာနမှူးဟောင်း ကျဆုံးသွားခဲ့သော်လည်း ရွှမ်ယီနှင့် ပင်းယုတို့ရှိသည်ဖြစ်ရာ အကယ်ဒမီက အင်အား တောင့်တင်းနေဆဲပင်။

အေးချမ်းသော နေ့ရက်များသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်ရာ ရွှမ်ယီက အထွတ်အထိပ် လူသားဘုရင်အဆင့်သို့ ချိုးဖျက်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော် ကျင့်စဉ်မ၀င်ရသေးမီ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ဦး အကယ်ဒမီသို့ ရောက်လာခဲ့သည်။

ကျင်းယွဲ့က အနီရောင် ချပ်၀တ်အား ၀တ်ဆင်ထားပြီး လက်စွဲတော် စပ်ပုဆိန်ကြီးအား ကိုင်ဆွဲကာ ဗဟိုသူတော်စင် အကယ်ဒမီသို့ ခေါင်းမော့ ရင်ကော့ကာ ရောက်ချလာ၏။

လူတိုင်း ကျင်းယွဲ့က သူ့ကိုယ်သူ သက်သေပြရန်အတွက် ရွှမ်ယီအား စိန်ခေါ်ရန် ရောက်လာသည်ဟု ထင်နေခဲ့ကြသည်။

သို့သော် အမှန်က ထိုသို့မဟုတ်ချေ။

ကျင်းယွဲ့၏ ပုံစံက အလွန်ခက်ထန်ဟန်ရသော်လည်း စိတ်သဘောထား သိမ်မွေ့ကာ ယဉ်ကျေးသူတစ်ဦးဖြစ်၏။

ရောက်လာကတည်းက မည်သည့်ကိုမှ ပြသနာမရှာခဲ့ချေ။ သူ့အား ရွှမ်ယီ၏ တပည့် ကျန်းချန် လာရောက် ခေါ်ဆောင်သွားခဲ့သည်။

ဤသို့ဖြင့် ရွှမ်ယီ၏ ခြံ၀င်းလေးထဲ၌ နှစ်ယောက် တွေ့ဆုံခဲ့၏။

“ ငါ ကောင်းကင်ဘုရင်အဆင့်ကို ချိုးဖျက်တော့မယ်… အဲ့တာ မင်းကို လာနှုတ်ဆက်တာ….”

ရွှမ်ယီထံမှ စကားကိုစောင့်မနေတော့ပဲ ကျင်းယွဲ့က လာရင်းကို တိုက်ရိုက်ရှင်းပြလိုက်သည်။

ရွှမ်ယီ ခေတ္တမျှ မှင်သက်သွားခဲ့၏။ အစပိုင်းတွင် ထိုသူက စိန်ခေါ်ရန် ရောက်လာသည်ဟု ထင်မှတ်နေခဲ့သည်။

အမှန်တိုင်းဆိုလျှင် ကျင်းယွဲ့အား ရွှမ်ယီကိုယ်တိုင်လည်း လေးစားနေခဲ့၏။ ကျင်းယွဲ့က ပင်လယ်သားရဲစစ်ပွဲ၌ ခေါင်းဆောင်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့သူဖြစ်ပြီး လူသားမျိုးနွယ်၏ သူရဲကောင်းဟူသော ဘွဲ့နှင့် ထိုက်တန်သူတစ်ဦးဖြစ်သည်။

လက်ရှိတွင် ကျင်းယွဲ့အလွန်စိတ်ညစ်နေမိ၏။ သူက ကောင်းကင်ဘုရင်အဆင့်သို့ မတက်လိုသေးသော်လည်း သူ၏ ကျင့်ကြံမှုက အကန့်အသတ်ရောက်နေချေပြီ။

ကျောင်းချီကဲ့သို့ သူ့ခန္ဓာကိုယ်တွင်း၌ စိတ်ဝိညာဉ်ဒြပ်စင်များ ‌တောက်လောက်နေပြီဖြစ်၏။

သို့သော် ၎င်းက အနာဂါတ်တွင် သူမည်မျှ ရှေ့ဆက်သွားနိုင်ပါစေ လူသားဘုရင်အဆင့်၌ ရွှမ်ယီအား အမြဲတမ်းရှုံးနိမ့်သွားတော့မည်ဟု ဆိုလိုခြင်းပင်။

ထို့ကြောင့် ကျင်းယွဲ့က အံကြိတ်ပြီး မကျေမနပ်ဖြင့်ပြောလိုက်၏။

“ ဒါနဲ့.. မင်း ကောင်းကင်ဘုရင်အဆင့်ကို ချိုးဖျက်နိုင်ဖို့ ဘယ်လောက်ကြာဦးမလဲ… ဖြစ်နိုင်ရင်တော့ မြန်မြန်လေး ချိုးဖျက်တာ အကောင်းဆုံးပဲ… အဲ့လိုမဟုတ်ဘဲ လူသားဘုရင့်အဆင့်မှာ အရမ်းကြန့်ကြာနေရင် မင်း ကောင်းကင်ဘုရင်အဆင့်ရောက်တဲ့အခါ ငါက အင်ပါယာအဆင့်ကို ရောက်နေလောက်ပြီ….”

ရွှမ်ယီ၏ မျက်နှာ ရုတ်ချည်း မဲမှောင်သွားပြီး ထိုသကောင့်သားအား ချက်ချင်း နှင်ထုတ်ချင်သွား၏။

ရွှမ်ယီ၏ အမူအရာအား မြင်လျှင် ကျင်းယွဲ့ အနည်းငယ် ရင်ခုန်သွားပြီး ထူးဆန်းသော အပြုံးတစ်ခုဖြင့် အလျင်အမြန် တုံ့ပြန်လိုက်ပြီး

“ မင်း မွန်းစတားကောင်… မင်းရဲ့ ကျင့်စဉ်ကိုသုံးပြီး အပ်စိုက်မှတ် ဘယ်လောက် ဖွင့်ထားပြီးပြီလဲ….”

ရွှမ်ယီ၏ မျက်နှာ သုန်မှုန်သွားခဲ့ပြီး ထိုကောင်အား သင်္ခန်းစာပေးချင်လာသည်။

All Chapters