← Chapters

အခန်း (၃၃၄)

Vol. 23 Ch. 334

အခန်း (၃၃၄)

Vol. 23 Ch. 334

ရက်အနည်းငယ်ကြာပြီးနောက်

နန်ကျိုး၌ အကျယ်ဆုံးသောဒေသဖြစ်သော..

ဖရိုဖရဲဒေသ…

ဖရိုဖရဲဒေသက ကျန်ဒေသကြီးများနှင့် ကွာခြား၏။

၎င်း၏ အဓိကပုံရိပ်မှာ မတည်မငြိမ်ဖြစ်သော လေဟာနယ်ပင်ဖြစ်သည်။

တည်ငြိမ်ကာ အန္တရာယ်ကင်းဟန်ရသော နေရာများမကြာခဏ တွေ့ရတတ်သော်လည်း စက္ကန့်အနည်းငယ်အတွင်း လေဟာနယ်ပုံပျက်သွားကာ လေဟာနယ်စီးကြောင်းများ ပေါ်လာပေလိမ့်မည်။

ထိုလေဟာနယ်စီးကြောင်းများက လေဟာနယ်အက်ကွဲကြောင်းများနှင့် မတူညီစွာ သိပ်ပြီးအန္တရာယ်တော့မရှိပေ။

လေဟာနယ်အက်ကွဲကြောင်းများဆိုပါက ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများပင် ဂရုတစိုက် ရှောင်ရှားရမည်ဖြစ်ပြီး လူသားဘုရင်အဆင့်ကျင့်ကြံသူများဆိုပါက ‌တစ်ခါတည်းကြွေမွသွားနိုင်သည်။

သို့သော် လေဟာနယ်စီးကြောင်းများက တခြားနေရာများနှင့် ချိတ်ဆက်ပေးထားသည့် တံခါးပေါက်များနှင့်ဆင်တူသည်။

ဖရိုဖရဲဒေသ၌ ကျင့်ကြံသူများအနေဖြင့် ထိုကဲ့သို့ အခြေအနေမျိုးကို အမြဲတစေကြုံတွေရလေ့ရှိပြီး အနည်းငယ် သတိလွတ်သွားသည်နှင့် ၎င်းအတွင်း ကျရောက်သွားပေလိမ့်မည်။

ထိုအခါ မိုင်ပေါင်း သိန်း၊ သောင်းနှင့်ချီသော အကွာအဝေးသို့ ပို့ခံရမည်ဖြစ်၏။

သို့ဖြစ်လျှင် အားပါတရကျိန်ဆဲပြီး တည်နေရာရွှေ့ပြောင်းကာ ခရီးသွားခြင်းကို အသုံးပြုရပေတော့မည်။

ဖရိုဖရဲနယ်မြေမှ ထူးခြားသောဖြစ်စဉ်များက ရှေးခေတ်မှ အထွတ်အထိပ်ကျင့်ကြံသူများ တိုက်ခိုက်ခဲ့ရာမှ ဖြစ်ပေါ်လာသည်ဟု ကောလဟာလများအရဆိုကြသည်။

တာအိုအရှင်သခင်နှင့် အထက်နယ်မြေမှ ကျင့်ကြံသူများတိုက်ခိုက်ခဲ့ရာမှ ကြွင်းကျန်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြ၏။

ထိုလေဟာနယ်စီးကြောင်းများက စစ်ပွဲကြီးအတွင်း ထိုအထွတ်အထိပ်ကျင့်ကြံသူများ တည်ဆောက်ခဲ့သည့် လေဟာနယ်ခရီးသွားတံခါးများဖြစ်သည်။

အလွန့်အလွန်ကြာညောင်းသော အချိန်များ ကုန်လွန်သွားပြီးနောက် ၎င်းတို့က ပျက်စီးအားနည်းသွားကာ‌ ယခုကဲ့သို့ လေဟာနယ်စီးကြောင်းများ ကျန်ခဲ့ခြင်းဖြစ်ရမည်။

မှန်ပေသည်။ ၎င်းတို့အားလုံး ကောလဟာလများသာဖြစ်ပြီး အလေးအနက် မှတ်ယူ၍တော့မရချေ။

သို့သော် ဖရိုဖရဲဒေသ၌ တားမြစ် လျှို့ဝှက်နယ်မြေရှိနေသည်ကတော့ အမှန်ပင်။

မိုင်ပေါင်း(၁)သိန်းကျော် ကျယ်ပြန့်သည့် ဖရိုဖရဲဒေသ၏ အလယ်ဗဟိုတွင်တည်ရှိကာ သက်တမ်းကုန်ဆုံးတော့မည်သူများနှင့် အလွန့်အလွန်အရေးကြီးကိစ္စရှိသူများ မဟုတ်လျှင် မည်သူမှ မချဉ်းကပ်ဝံ့ချေ။ ၎င်းက နန်ကျိုး၌ အန္တရာယ်အများဆုံးလျှို့ဝှက်နယ်မြေဖြစ်သော ရှေးဟောင်းစစ်မြေပြင်ဖြစ်ပေသည်။

စိတ်ဝိညာဉ်လှေငယ်လေးပေါ်တွင် ကျင့်ကြံသူအိုကြီးက လှေအား ဂရုတစိုက်ထိန်းချုပ်နေပြီး အစီအရင်အားဖွင့်ကာ လှေကိုယ်ထည်တစ်ခုလုံးအား ဖုံးအုပ်စေလိုက်သည်။

၎င်းက ဖရိုဖရဲဒေသမှလူများ အထူးနည်းလမ်းဖြင့်စီမံထားသည့် အစီအရင်တစ်ခုဖြစ်ပြီး လေဟာနယ်စီး‌ကြောင်းများအတွင်း ဆွဲသွင်းခံရခြင်းကို ကာကွယ်‌ပေး၏။

မှန်ပေသည်။ ပေးရသော ဈေးကလည်း မသေးငယ်လှချေ။

သို့သော် လှေငယ်လေးဖြစ်သည့်အားလျော်စွာ သေးငယ်သော အစီအရင်ကိုသာလိုအပ်၏။ ချို့ယွင်းချက်အနေဖြင့် ပုံမှန် လေဟာနယ်စီးကြောင်းများကိုသာ ကာကွယ်ပေးနိုင်သည်။

အင်အားပြင်းထန်သော စီးကြောင်းကြီးများနှင့်တွေ့ပါက လှေတစ်ခုလုံး ဆွဲသွင်းခံရမည်မှာ သေချာ၏။

“ ကောင်လေး… မင်း ရှေးဟောင်းစစ်မြေပြင်ကို တကယ် သွားမလို့လား…”

လှေပျံမောင်းနေသည့် အဘိုးကြီးက တစ်ချက်ခိုးကြည့်ရင်းမေးလိုက်သည်။

ထိုလူးဆန်းသော ကျင့်ကြံသူလူငယ်က သက်တမ်းကုန်ဆုံးတော့မည်ဟန်မတူချေ။ သွေးချီအတက်အကျများ အလွန်ပြင်းထန်ပြီး ကျန်းမာသန်စွမ်းပုံပေါ်သည်။

သူက လှေပေါ်သို့ရောက်လာသည်နှင့် ရှေးဟောင်းစစ်မြေပြင်သို့ သွားမည်ဟု တိုက်ရိုက်ပြောခဲ့သည်။

သူ အလွန်သိချင်လာသောကြောင့် မေးမိလိုက်ခြင်းဖြစ်၏။

ထို ထူးဆန်းသောလူငယ်က တခြားသူမဟုတ်ပေ။ ရွှမ်ယီဖြစ်၏။

ရှေးဟောင်းစစ်မြေပြင်က အလွန်အန္တရယ်များသည်ဟု ဌာနမှူး တဖွဖွပြောခဲ့သော်လည်း စိတ်မပူရန် မှာပြီး ထွက်ခွာလာခဲ့သည်။

သူ့အနေဖြင့် ‌ကောင်းကင်ဘုရင်အဆင့်သို့ လျင်မြန်စွာ ဖြတ်ကျော်လိုပါက ထိုနေရာသို့သွားမှဖြစ်မည်။

သာမန်အတိုင်းကျင့်ကြံနေပါက နှစ်နှင့်ချီပြီ ကြာသွားမည်ဖြစ်၏။

စနစ်ကိုစောင့်ကြည့်ခဲ့သော်လည်း မည်သည့်အရံတာ၀န်မှ ထုတ်မပေးမလာခဲ့ချေ။

ထို့ကြောင့် ဆုံးဖြတ်ချက်ချပြီး ဖရိုဖရဲဒေသသို့ ထွက်ခွာလာခြင်းဖြစ်၏။

သို့သော် လက်ရှိ ရွှမ်ယီ မျက်နှာက ကိုယ်ပိုင်မျက်နှာ မဟုတ်ဘဲ ခြားနားနေခဲ့သည်။

သူ ထွက်ခွာမလာခင် ဌာနမှူးက မျက်နှာဖုံးတစ်ခု ပေးအပ်ခဲ့၏။ ၎င်းက အလွန်အဆင့်မြင့်သည့်အရာမဟုတ်ဘဲ အဆင့်(၄) မှော်ရတနာတစ်ခုဖြစ်ကာ ကိုင်တျန်မျက်နှာဖုံးဟု ခေါ်သည်။

ထိုမျက်နှာဖုံးက ယခင်ဌာနမှူး လျှို့ဝှက်နယ်မြေတစ်ခုထဲမှ ရခဲ့သည့် ထူးဆန်းသော ရတနာဖြစ်ကြောင်း ဌာနမှူးပြောကြားခဲ့၏။

၎င်းက ၀တ်ဆင်သူ၏ အသွင်အပြင်ကိုပြောင်းလဲပေးနိုင်ပြီး ကျင့်ကြံခြင်းအခြေခံကိုလည်း ဖုံးကွယ်ပေးနိုင်စွမ်းရှိသည်။

ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများပင် ဖောက်မြင်နိုင်စွမ်းမရှိချေ။

လက်ရှိအချိန်တွင် နန်ကျိုး၌ ရွှမ်ယီ၏ အမည်က အလွန်ကျော်ကြားနေပြီး သူ့အားမြင်သည်နှင့် စိန်ခေါ်လိုသူများ ကောင်းကင်နှင့်အပြည့်ဖြစ်သွားပေလိမ့်မည်။

ဖရိုဖရဲဒေသက ကျန်ဒေသများနှင့် ကွာခြားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ်နည်းပါးသော်လည်း သူ့ရောက်လာကြောင်း သတင်းပျံ့သွားသည်နှင့် ဤဒေသမှ ပါရမီရှင်များ စိန်ခေါ်ရန် ရောက်လာနိုင်သည်။

ရွှမ်ယီက အခွင့်အလမ်းများ ရှာဖွေရန် ဤနေရာသို့ ရောက်လာခြင်းဖြစ်ပြီး တိုက်ခိုက်ရန် အနည်းငယ်မျှ စိတ်မ၀င်စားချေ။

ထို့ကြောင့် ရုပ်ဖျက်ပြီး ကျင့်ကြံခြင်းအဆင့်အား လူများအမြင်တွင် အခြေတည်ဝိညာဉ်အဆင့်ဖြစ်အောင် ချိန်ညှိထားခဲ့သည်။

ဖရိုဖရဲဒေသ၌ ရှေးဟောင်းစစ်မြေပြင်နှင့် ပတ်သက်ပြီး ကဗျာတစ်ပုဒ်ရှိသည်။

‘ ရှေးဟောင်းစစ်မြေပြင် ၊

ဝိညာဉ်တိုင်း ကြောက်ရွံလျက် ၊

သက်ရှိများ မ၀င်ရောက်ရဲသလို ၊

၀င်ပြီးသူတိုင်းလည်း ပြန်ထွက်မလာကြပေ….’

၎င်းက ဖရိုဖရဲဒေသ၌ ကလေးသူငယ်များပါ သီဆိုလေ့ရှိသော ရှေးကတည်းက ကဗျာတစ်ပုဒ်ဖြစ်ပေသည်။

လှေပျံမောင်းသူ လူအိုကြီးက ရှေးဟောင်းစစ်မြေပြင်အား အလွန်ကြောင့်ရွံ့ဟန်တူသည်။

ဝေးကွာလှသော လှေပျံဂိတ်သို့ ရွှမ်ယီအား ပို့ခဲ့ကာ အခကြေးငွေယူပြီးနောက် ချက်ချင်း အမြန်ပြန်ပြေးတော့သည်။

ဤနေရာက ရှေးဟောင်းစစ်မြေပြင်နှင့် ‌မိုင်(၁)ထောင်အကွာတွင်ရှိပြီး သေမျိုးများအတွက် အလွန်ဝေးကွာသော အကွာအဝေးဖြစ်သည့်တိုင် ကျင့်ကြံသူများအတွက် ထမင်းစားရေသောက်မျှသာဖြစ်၏။

ရွှမ်ယီအား ပို့ခဲ့သော လှေပျံ ထွက်ခွာသွားပြီးနောက် ကောင်းကင်ထက်၌ လေလှိုင်းလုံးကြီးများ ဖြစ်ပေါ်လာခဲ့သည်။

လှေပျံကြီးတစ်စင်းက ထူထပ်နေသော တိမ်ပင်လယ်ကြီးအတွင်းမှ မြွေဆိုးကြီးတစ်ကောင်အလား ဆင်းသက်လာ၏။

ထိုစိတ်ဝိညာဉ်လှေပျံကြီးက မိုင်ပေါင်းဆယ်ဂဏန်းခန့် ရှည်လျားပြီး အရှိန်ပြင်းစွာ ဆင်းသက်လာသည်ဖြစ်ရာ လှေပျံဂိတ်ပင် တစ်စစီပျက်စီးသွားခဲ့ရသည်။

“ ဟားဟား…. ကြည့်ရတာ ငါတို့ပဲရှိတယ်ထင်တယ်…”

ဧရာမလှေပျံကြီးထက်မှ အလွန်မောက်မာဟန်ရသူတစ်ဦး ဆင်းသက်လာသည်။ သူက ရွှေရောင်ချပ်၀တ်အား ၀တ်ဆင်ထားပြီး နောက်ကျောဘက်၌ ဒြပ်စင်များက နတ်ဘုရားအလင်းကဲ့သို့တစ်လက်လက်တောက်ပနေ၏။

၎င်းက အလွန်မောက်မာနေခဲ့ပြီး လှေပျံဂိတ်ပျက်စီးသွားခြင်းအား ခေါင်းထဲသို့ပင်မထည့်ပဲ အုပ်စိုးရှင်တစ်ဦးအလား ပြုမူနေခဲ့သည်။

ရွှမ်ယီက ၎င်းတို့အား လျစ်လျူရှုထားလိုက်ပြီး ရှေးဟောင်းစစ်မြေပြင်သို့သာ ဦးတည်လိုက်၏။

“ မဟုတ်သေးဘူး… ငါတို့ရှေ့က အရင်ရောက်နေတဲ့လူရှိတယ်…”

လှေပျံကြီးထက်မှ အမျိုးသား (၂)ယောက်နှင့် အမျိုးသမီး(၁)ယောက်တို့ ထပ်မံဆင်းသက်လာပြီး ပထမလူနှင့် ပုံစံဆင်တူ‌၀တ်စုံများ ၀တ်ဆင်ထားကြသည်။

၎င်းတို့က ဘုရင်အဆင့် ကျင့်ကြံသူများဖြစ်ကြကာ အသွင်အပြင်များက ခက်ထန်နေခဲ့ပြီး အားလုံး အသက်(၃၀)အောက်သာ ရှိကြသေးသည်။

စကားပြောလိုက်သူက အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားပြီး အရပ်မြင့်ကာ နတ်သမီးတစ်ပါးနှင့် တူညီသော အမျိုးသမီးဖြစ်ပြီး သူမမျက်၀န်းများက ရွှမ်ယီအပေါ်မှ ဖြတ်သန်းသွားခဲ့သည်။

သူမ အကြည့်များက ပျက်စီးသွားသော လှေပျံဂိတ်သို့ရောက်သွားလျှင် မျက်မှောင်ကြုတ်သွားသော်လည်း မည်သည့်စကားမှတော့မဆိုလိုက်ချေ။

All Chapters