← Chapters

အခန်း (၃၃၆)

Vol. 23 Ch. 336

အခန်း (၃၃၆)

Vol. 23 Ch. 336

သူ့ရောက်လာချိန်၌ ရှေးဟောင်းစစ်မြေပြင်က ဤကဲ့သို့ပြောင်းလဲသွား လိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ရုပ်ဖျက်လာမိသောကြောင့်သာ တော်တော့သည်။

ထိုလူ ပြောသောစကားများအရဆိုလျှင် ရှေးဟောင်းစစ်မြေပြင်အနီးရှိ ဂိုဏ်းကြီးများက ၎င်းတို့ ဂိုဏ်းသားများအား တပ်ဖွဲ့များအဖြစ် စုစည်းပြီး ရှေးဟောင်းစစ်မြေပြင်သို့ စေလွှတ်ထားခဲ့သည်။

ယွဲ့ရှောင်ယွင်က ရှေးဟောင်းစစ်မြေပြင်မှ ပြန်ထွက်လာစဉ် သူ့ဂိုဏ်းထံသို့ ချက်ချင်းသတင်းပို့ခဲ့၏။

မကြာမီအချိန်အတွင်း တောင်းပိုင်းတိုက်ကြီး ပြင်းထန်စွာ လှုပ်ခတ်လာတော့မည်။ အဲ့အချိန်ကျရင် အခွင့်ရေးကောင်းများ လက်လွတ်သွားနိုင်ချေရှိ၏။

ယခု အချိန်ရှိခိုက် လုံလစိုက်ရမည်။

ထို့ကြောင့် ရွှမ်ယီ အချိန်မဆွဲတော့ဘဲ ရှေးဟောင်းစစ်မြေပြင်ရှိရာသို့ ချက်ချင်းဦးတည်လိုက်၏။

…..

ရှေးဟောင်းစစ်မြေပြင်သို့ စတင်ခြေချလိုက်သည်နှင့် အလွန်ပြင်းထန်သော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

ဤပတ်၀န်းကျင်က အလွန်ထူးဆန်းလှ၏။ ပျံသန်းခြင်းကို ကန့်သတ်ထားသည်။ လမ်းလျှောက်ရုံသာ တတ်နိုင်၏။

ရှေးဟောင်းစစ်မြေပြင်က မိုင်ပေါင်းသောင်းနှင့်ချီကာ ကျယ်၀န်းပြီး စစ်မြေပြင်တစ်ခုလုံး ချပ်၀တ်များ ၊ ဓားများ ၊ လှံများ အစရှိသည့် တိုက်ခိုက်ရေးပစ္စည်းများ ပြန့်ကျဲနေသည်ကို မြင်နေရသည်။

တာအိုအမှတ်အသားများ ရေးထွင်းထားသည့် မှော်လက်နက်များစွာရှိနေခဲ့သည်။ သို့သော် စိတ်မကောင်းစရာက ၎င်းတို့အားလုံး ပျက်စီး ဟောင်းနွမ်းနေပြီဖြစ်ပြီး သာမန်လက်နက်များလောက်ပင် အစွမ်းမထက်တော့ဘဲ အမှိုက်များသဖွယ်ဖြစ်နေချေပြီ။

မိုင်(၁၀၀၀)လောက် လျှောက်လာခဲ့ပြီးနောက် ရွှမ်ယီ ရုတ်တရက် ရပ်တန့်လိုက်သည်။ သူက စစ်မြေပြင်၏ အစွန်အဖျားကို ဖြတ်ကျော်လာခဲ့ပြီးဖြစ်ကာ နက်ရှိုင်းသော နေရာများသို့ ရောက်နေပြီဖြစ်၏။

နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီးဖြစ်သည့်တိုင်အောင် မပျောက်ကွယ်သေးသော အနီဖျော့ရောင်စွမ်းအားများ ပတ်၀န်းကျင်၌ ရှိနေဆဲဖြစ်ကာ သူ၏ ခွန်အားဖြင့်ပင် လမ်းလျှောက်ရန် အနည်းငယ် ခက်ခဲနေခဲ့သည်။

“ ထူးဆန်းတယ်… သူများတွေ ဒီထဲကို ဘယ်လို၀င်လာကြတာများလဲ…”

ရွှမ်ယီ စိတ်ထဲ၌ သံသယတချို့ရှိနေခဲ့သည်။

သူလာခဲ့သောလမ်းတစ်လျှောက် ဖရိုဖရဲဒေသမှ အင်အားစုငယ်လေးများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့လေးများကို တွေ့ခဲ့ရ၏။

အဓိက အင်အားစုကြီးများက ဗဟိုနေရာသို့ ရောက်နေကြပြီး အမွေအနှစ် အခွင့်အလမ်းများပင် ရ‌ထားလောက်ချေပြီ။

….

“ ငါ အဓိကဂိုဏ်းကြီးတွေက လာတဲ့ ကျင့်ကြံသူတွေကို လိုက်ရှာရမလား… သူတို့ လမ်းသိလောက်တယ်…”

ရွှမ်ယီ မျက်မှောင်ကြုတ်လိုက်မိသည်။

သူတွေးကြည့်လိုက်သော်လည်း ဤမျှ ကျယ်၀န်းသော နယ်မြေကြီးထဲ၌ ၎င်းတို့နှင့်ဆုံတွေ့ရန် မလွယ်ကူချေ။ ထို့အပြင် ဤနေရာ၌ အမြန်နှုန်းကိုလည်း ကန့်သတ်ထားသေး၏။

လမ်းတွင် ပိတ်ဆို့တားဆီးနေသော နတ်ဆိုးများနှင့် မဆုံတွေ့ဘဲ သူ၏ ခွန်အားဖြင့်ပင် အချိန်များစွာ ကြာနိုင်သေးသည်။

သို့သော် ရုတ်တရက် အပြောင်းအလဲများ ဖြစ်ပေါ်လာ၏။

“ ဂရား…”

ရွှမ်ယီနှင့် မလှမ်းမကမ်းနေရာရှိ အနီဖျော့ရောင်စွမ်းအားများ ပျံ့လွင့်နေသည့်နေရာမှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။

အနီဖျော့ရောင် နတ်ဆိုးစွမ်းအင်များ တဖြည်းဖြည်း စုစည်းလာပြီး အနက်ရောင်အကြေးခွံများဖြင့် ကြီးမားသော သားရဲကြီးတစ်ကောင် ထွက်လာလေသည်။

ထိုနတ်ဆိုးသားရဲက သာမန်နှင့်မတူဘဲ အလွန်ထူးဆန်းနေပြီး ရွှမ်ယီအား မြင်သည်နှင့် ချက်ခြင်းပြေး၀င် တိုက်ခိုက်လိုက်၏။

ရွှမ်ယီ မျက်မှောင်ကြုတ်ပြီး ရှောင်တိမ်းလိုက်သည်။

၎င်းက အထွတ်အထိပ်လူသားဘုရင်အဆင့်သားရဲတစ်ကောင်ဖြစ်ပြီး ဧရာမ စပါးအုံးကြီးတစ်ကောင်နှင့်တူသော်လည်း ဤအကောင်ကြီး၌ ဓားရှည်များနှင့်တူသော သွားများရှိနေသည်။

အသက်ရှုနှုန်း အတက်အကျကလည်း ပြင်းထန်လှ၏။ တစ်ချက်တည်းသော တိုက်ခိုက်မှုက မြေပြင်ကို မီတာရာနှင့်ချီ အက်ကွဲသွားစေပြီး အလွန်နက်ရှိုင်းသော တွင်းကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။

“ သေစမ်း…”

ရွှမ်ယီက ဓားထုတ်ပြီး ခုတ်ချလိုက်လျှင် ဧရာမမြွေကြီး နှစ်ပိုင်းပြတ်သွားပြီး တစ်ပိုင်းက အနီဖျော့ရောင် နတ်ဆိုးစွမ်းအင်များပြည့်နေသည့် မူလနေရာသို့ လွင့်စင်သွားကာ ကျန်တစ်ပိုင်းက ရွှမ်ယီအနီးရှိ မြေပြင်ထက်၌ ကျန်ခဲ့၏။

ဘုန်း…

ကျန်ခဲ့သော တစ်ပိုင်းက နတ်ဆိုးစွမ်းအင်များ၏ ထောက်ပံ့မှု မရှိတော့သည်ဖြစ်ရာ အပိုင်းပိုင်းကွဲထွက်သွားလေသည်။

၎င်းအကြားမှ ထူးဆန်းသော အရာလေးတစ်ခုအား ရွှမ်ယီ မြင်လိုက်ပြီး အသားစများအကြားမှ လှမ်းယူလိုက်၏။

“ ဒီ… အပြားလေးက ရတနာ တစ်ခုများလား…”

ရွှမ်ယီ၏ မျက်နှာက လန်းဆန်းသွားခဲ့သည်။ ထို့နောက် ၎င်းအား စူးစမ်းရန်အတွက် အတွင်းသို့ နတ်အသိပို့လွှတ်လိုက်၏။

၎င်းအတွင်း ဘုရင်အဆင့်သို့ ချိုးဖျက်ရာတွင် အသုံး၀င်သော ဥပဒေသစွမ်းအားများ ပါ၀င်သည်ကို တွေ့လိုက်ရသည်။

ရွှမ်ယီ ဘုရင်အဆင့်သို့ ချိုးဖျက်ခဲ့စဉ်က ဥပဒေသစွမ်းများပါ၀င်သည့် ထူးဆန်းသော အလင်းလုံးများကို စုပ်ယူခဲ့ဖူးသည်။

သို့သော် လက်ထဲရှိ ချပ်ပြားအတွင်းမှ ဥပဒေသစွမ်းအားများ အလွန်ထူးဆန်းနေခဲ့၏။

ယခင် သူစုပ်ယူခဲ့သော အလင်းလုံးအတွင်းမှ ဥပဒေသစွမ်းအားများက အလွန်ရိုးရှင်းပြီး အခြေတည်ဝိညာဥ်အဆင့်များ အတွက်သာ အသုံး၀င်သည်။ သို့သော် ယခုတွေ့ရှိသော လက်သည်းခွံထက် အနည်းငယ်သာကြီးသည့် ချပ်ပြားလေးအတွင်းမှ ဥပဒေသစွမ်းအားများက အလွန်သန့်စင်လှ၏။

“ ဒါက… လူသားဘုရင်.. မဟုတ်သေးဘူး.. ကောင်းကင်ဘုရင်တွေအတွက်တောင် အသုံး၀င်တာပဲ…”

ရွှမ်ယီ ရင်ခုန်သွားပြီး ချပ်ပြားလေးအား ချက်ချင်းသန့်စင်လိုက်သည်။

အလွန့်အလွန်သန့်စင်သော ဥပဒေသစွမ်းအားများက ခန္ဓာကိုယ်ထဲစီး၀င်သွားပြီး ခြေလက်များသို့ တိုင်အောင် ပျံ့နှံ့သွားကာ တစ်ကိုယ်လုံး လန်းဆန်းသွားစေခဲ့၏။

သူ သာမန်အတိုင်းကျင့်ကြံပါက အထွတ်အထိပ် လူသားဘုရင်အဆင့်သို့ ချိုးဖျက်နိုင်ရန် ရက်ပေါင်းဒါဇင်နှင့်ချီပြီး လေ့ကျင့်ရပေလိမ့်မည်။

သို့သော် ချပ်ပြားလေးအား သန့်စင်လိုက်ပြီးနောက် အထွတ်အထိပ်လူသားဘုရင်အဆင့်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့သည်။

“ ဒါလေးက ငါ့အတွက် အရမ်းအသုံး၀င်တာပဲ…”

ရွှမ်ယီ၏ မျက်လုံးများ ပူနွေး တောက်လောင်လာခဲ့သည်။

သူက ကောင်းကင်ဘုရင်အဆင့်သို့ ဖြတ်လမ်းနည်းဖြင့် လျှင်မြန်စွာ ချိုးဖျက်လိုသောကြောင့် ရှေးဟောင်းစစ်မြေပြင်ရှိ နှေးကွေးသော အချိန်စီးဆင်းမှုအား အခွင့်ကောင်းယူရန် ရောက်ရှိလာခဲ့သည်။

သို့သော် ရှေးဟောင်းစစ်မြေပြင်၌ ထူးဆန်းသော ကိစ္စများဖြစ်ပျက်ခဲ့ပြီး အချိန်စီးဆင်းမှုက ပြင်ပကမ္ဘာနှင့် ခြားနားမှုမရှိတော့ချေ။

အစပိုင်းတွင် ရွှမ်ယီ အလွန်စိတ်ပျက်သွားခဲ့၏။

သို့သော် အမှတ်မထင် ကြီးမားသောအခွင့်အလမ်းတစ်ခုနှင့် ဆုံတွေ့ခဲ့သည်။

သေးငယ်သော ချပ်ပြားလေးတစ်ခုက အထွတ်အထိပ် လူသားဘုရင်အဆင့်သို့ တွန်းပို့ပေးခဲ့၏။

ရွှမ်ယီ အပိုတွေးခြင်းမဟုတ်ပေ။ လက်ဝါးအရွယ် ချပ်ပြားတစ်ခုလောက်ဆိုလျှင် သူ၏ ပထမဆုံး စိတ်ဝိညာဉ်ဒြပ်စင်အား တည်ဆောက်ရန် ကူညီပေးနိုင်ပေလိမ့်မည်။

ဝုန်း…

ရွှမ်ယီ၏ နောက်ကျောမှ ဓားက တုန်ခါသွားပြီး မိုးခြိမ်းသံကဲ့သို့ ဓားအော်သံကြီး မြည်ဟည်းလာခဲ့သည်။

ထို့နောက် အဆင့်(၄) ဓားရှည်က ဓားအိမ်အတွင်းမှ ပြေးထွက်သွားခဲ့ပြီး ရှေ့တွင်ရှိသော နတ်ဆိုးများအား ရှင်းလင်းပစ်လိုက်၏။

ဝေါ..

ဂရား…

ရွှမ်ယီ၏ လှုပ်ရှားမှုကြောင့် မူလက တိတ်ဆိတ်ငြိမ်သက်နေသည့် တောအုပ်ကြီးက အသက်၀င်လာခဲ့သည်။

တောအုပ်အတွင်းမှ အနက်ရောင် အကြေးခွံ ၊ အနီရောင် မျက်လုံးများဖြင့် အမျိုးမျိုးသော သားရဲများ ပြေးထွက်လာကြ၏။

ကျားသစ်များ ၊ ကျားများ ၊ ဝံပုလွေ ၊ မြွေ စသည့်ဖြင့် အမျိုးအစားစုံလင်လှသည်။

၎င်းတို့အကြားမှ အားအနည်းဆုံးကောင်ပင် အလတ်အလတ်လူသားဘုရင်အဆင့်ရှိပြီး အားအကောင်းဆုံးက ရွှမ်ယီ ပထမဆုံး သတ်ခဲ့သော စပါးအုံးထက် အနည်းငယ် အစွမ်းထက်၏။

“ဟားဟားဟား…”

ရွှမ်ယီ အလွန်၀မ်းမြောက်သွားသည်။ ထို့နောက် ရွှမ်ယီ၏ ပုံရိပ်က နတ်ဆိုးသားရဲအုပ်ကြီးအကြားတစ္တေတစ်ကောင်အလား ပြေးလွှားလှုပ်ရှားနေ၏။ အဝေးမှကြည့်လျှင် နတ်ဆိုးသားရဲ အုပ်ကြီးနှင့် တောက်ပနေသော ဓားရောင်များကိုသာ မြင်ရပေလိမ့်မည်။

ထူးဆန်းသော နတ်ဆိုးသားရဲများအား မြင်တိုင်းသတ်…

သူက တစ်နေရာပြီးတစ်နေရာ လှည့်လည်သွားကာ ဆက်တိုက်သတ်ဖြတ်နေခဲ့ပြီး ရသမျှ ဥပဒေသ ချပ်ပြားလေးတိုင်းကို သိမ်းဆည်းထားခဲ့သည်။

အတွင်းပိုင်းပိုရောက်လေ ၊ နတ်ဆိုးသားရဲများ ပိုအစွမ်းထက်လေဖြစ်ပြီး ရရှိသော ဥပဒေသချပ်ပြားများက ပိုကြီးလာ၏။

နေ့၀က်ခန့်အင်တိုက်အားတိုက်သတ်ဖြတ်ခဲ့ပြီးနောက် ရွှမ်ယီ မိုင်(၁၀၀)ကျော် ခရီးနှင်လာခဲ့ပြီးဖြစ်ကာ ထူးဆန်းသော နတ်ဆိုးသားရဲအရေအတွက် ရာဂဏန်းခန့် သတ်ဖြတ်ခဲ့ပြီးချေပြီ။

တဖြည်းဖြည်း ‌တွေ့လာရသော နတ်ဆိုးသားရဲများက ပိုမိုအစွမ်းထက်လာခဲ့ပြီး လူသားဘုရင်အဆင့် (လူသား) ပါရမီရှင်များနှင့် ညီမျှသော သားရဲများကိုပင် တွေ့နေရပြီဖြစ်၏။

၎င်းတို့က အဖွဲ့လိုက် ရွှမ်ယီအား ဝိုင်းလိုက်ကြသည်။ ထို့နောက် ပြေး၀င်တိုက်ခိုက်လိုက်ကြ၏။

သို့သော် ရွှမ်ယီက ဖန်ဂျီဓားအား ဆွဲထုတ်ပြီး တစ်ချက်တည်းဖြင့် ဇာတ်သိမ်းပေးလိုက်သည်။

All Chapters