အခန်း (၃၃၉)
Vol. 23 Ch. 339
…
……
တိုက်ပွဲဖြစ်ခဲ့သော နေရာမှ မိုင်(၃၀၀၀)ခန့်အကွာတွင် အစိမ်းရောင် ပုံရိပ်တစ်ခုက လျှပ်စီးကြောင်းတစ်ခုအလား ပြေးသွားနေ၏။
သူက ဓားအိမ်ပြင်ပသို့ ထုတ်ထားသော နတ်ဓားတစ်လက်အလားဖြစ်နေပြီး ပတ်၀န်းကျင်တစ်ခုလုံးအား အနည်းငယ်မျှ ဂရုစိုက်ဟန်မရချေ။
နတ်ဆိုးသားရဲများ ဝိုင်းရံလာပါက ဓားတစ်ချက်ဖြင့် ရှင်းလင်းပစ်ခဲ့၏။
ထို့နောက် ၎င်းတို့အားလုံး ဥပဒေသချပ်ပြားလေးများအဖြစ်ပြောင်းသွားပြီး ထိုလူ၏ သိုလှောင်အိတ်ထဲသို့ ရောက်သွားလေသည်။
မိုင်ထောင်နှင့်ချီကာ ပြေးလွှားလာခဲ့ပြီ့း နောက်ဆုံးတွင် ထို အစိမ်းရောင်ပုံရိပ်က ရုတ်တရက် ရပ်တန့်လိုက်၏။
ထိုပုံရိပ်က ရွှမ်ယီဖြစ်ပေသည်။
သူက ပတ်၀န်းကျင်အား တစ်ချက်ကြည့်ကာ အတည်ပြုလိုက်ပြီးနောက် လက်ထဲမှ ကျောက်စိမ်းတုံးလေးအတွင်း စိတ်ဝိညာဉ်စွမ်းအားများ ထည့်သွင်းလိုက်၏။
ထိုအခါ လေထဲ၌ ရုပ်ပုံကားချပ်တစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းအထဲတွင် ကြီးမားသော အလင်းစက်ကြီးတစ်ခုရှိနေခဲ့ပြီး အနီးအနားတွင် လက်ရှိသူ့နေရာကို ကိုယ်စားပြုသော အလင်းစက်လေးတစ်ခုရှိနေ၏။
အလင်းစက်ကြီးရှိရာနေရာနှင့် သူ့ကြားအကွာအဝေးက သိပ်မဝေးတော့ချေ။
ထို အလင်းစက်ကြီးက ရှေးဟောင်းစစ်မြေပြင်မှ ဂိုဏ်းကြီး(၁၀)ဂိုဏ်းပါ၀င်သော မဟာမိတ်အဖွဲ့ တည်နေရာဖြစ်၏။
၎င်းတို့က အလွန်ကြီးမားသော အမွေအနှစ် နယ်မြေတစ်အား တွေ့ခဲ့ကြသည်။
ထိုနေရာက နက်ရှိုင်းကာ ကျယ်ပြန့်သည့်အပြင် ၎င်းအား စစ်တပ်ကြီးတစ်ခုသဖွယ် ကာကွယ်စောင့်ကြပ်နေသည့် ထူးဆန်းသော သန္ဓေပြောင်း နတ်ဆိုးသားရဲများစွာလည်း ရှိနေခဲ့သည်။
ဂိုဏ်းကြီး(၁၀)ခု မဟာမိတ်အဖွဲ့က ဤရက်ပိုင်းအတွင်း ဂိုဏ်းသားများအားစုစည်း၍ ကြီးမားသောတန်ဖိုးတစ်ခုပေးချေကာ(ဂိုဏ်းသားတွေအများကြီး အသက်ပေးခဲ့ရဝာာကို ဆိုလိုတာပါ) ၎င်းအားတို့အား တိုက်ခိုက်သတ်ဖြတ်ခဲ့ပြီးနောက် လျှို့ဝှက်နယ်မြေအား အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ကာ ရှေးခေတ်မှ အနှိုင်းမဲ့အရှင်သခင်၏ အမွေအနှစ်ဟု ယူဆရသော အမွေအနှစ်အား တွေ့ခဲ့ကြသည်။
ရွှမ်ယီက ပတ်၀န်းကျင်အား နတ်အသိဖြင့် ထောက်လှမ်းကြည့်လိုက်လျှင် မြင်လိုက်ရသောမြင်ကွင်းကြောင့် အလွန်ထိတ်လန့်သွားခဲ့၏။
သူရပ်နေသော နေရာနှင့် သိပ်မဝေးသော နေရာ၌ ပေပေါင်းရာနှင့်ချီ ကျယ်၀န်းသည့် ချိုင့်ဝှမ်း ချောက်နက်ကြီးတစ်ခုအား တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
ထို့ချိုင့်ဝှမ်းကြီးက တိတ်ဆိတ်ငြိမ်သက်နေကာ အတွင်း၌ ချောက်ခြားစရာကောင်းသော မြေအောက်နန်းတော်ကြီးတစ်ခုရှိနေခဲ့ပြီး မည်မျှကျယ်၀န်းကြောင်း အတိအကျ မသိနိုင်ချေ။
အမှောင်ထုထဲ၌ မြေအောက်နန်းတော်ကြီး၏ တစ်စွန်းတစ်စကိုသာ မြင်နေရပြီး ၎င်း၏ အစစ်အမှန်ကိုယ်ထည်က မိုင်(၁၀၀)၀န်းကျင် ရှိနိုင်သည်။
“ ရှေးဟောင်းအမွေအနှစ်… လျှို့ဝှက်ဆန်းကျယ်တဲ့ မြေအောက်နန်းတော်…”
ရွှမ်ယီ၏ မျက်၀န်းများက ပူလောင်လာခဲ့သည်။
ထိုဂိုဏ်း(၁၀)ဂိုဏ်း မဟာမိတ်အဖွဲ့က သတင်းအား အသည်းအသန် ပိတ်ဆို့အမှောင်ချခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။
တခြား အင်အားစုကြီးများနှင့် ပြသနာဖြစ်မည်ကိုပင်မကြောက်ရွံ့တော့ဘဲ ရှေးဟောင်းစစ်မြေပြင်သို့ ရောက်သာသူတိုင်းကို သတ်ပစ်ခဲ့၏။
ထိုနေရာတွင် တာအိုအရှင်သခင်အဆင့် သို့မဟုတ် ရှေးခေတ်မှ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်များ၏ အမွေအနှစ်များပင် ရှိနေနိုင်သည်။
လက်ရှိအခြေအနေက သူတို့အတွက် မဟာအခွင့်အရေးကြီးတစ်ရပ်ဖြစ်ကာ အမွေအနှစ်အား သိမ်းပိုက်ပြီးသည်နှင့် သူတို့ဂိုဏ်းများအား တစ်ခြားနေရာသို့ ရွှေ့ပြောင်းလိုက်၍ရသည်။
တစ်ခဏကြာပြီးနောက် ရွှမ်ယီ၏ ပုံစံက ယခင်တောအုပ်ထဲ၌ သတ်ပစ်ခဲ့သည့် ငွေရောင်၀တ် ခေါင်းဆောင်လူငယ် ပုံစံအဖြစ်ပြောင်းလဲသွား၏။
ထို့နောက် ချောက်ကမ်းပါးထိပ်သို့သွားကာ အောက်သို့ ခုန်ချလိုက်ပြီး မြေအောက်နန်းတော်ကြီးရှိရာသို့ ချဉ်းကပ်သွားလိုက်သည်။
မြေအောက် နန်းတော်ကြီးရှေ့၌ အလွန် ခမ်းနားသော မုခ်၀ကြီးတစ်ခုရှိနေပြီး ၎င်းထက်တွင် ရှုပ်ထွေးကာ ဆန်းကျယ်သော ပုံစံမျိုးစုံ ရေးထွင်းထား၏။
ဤနန်းတော်ကြီးက ရှေးခေတ် မဟာ အင်အားစုကြီးတစ်ခု၏ အမွေအနှစ်ဖြစ်ကြောင်း သံသယရှိစရာမလိုချေ။ မုခ်၀ပေါ်တွင် ရေးထိုးထားသည့် ပုံစံများလက်ရှိ ကမ္ဘာ့အဆင့်အတန်းထက် ကျော်လွန်နေပေသည်။
ထိုအရာများက တာအိုအရှင်သခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ နှစ်သန်းပေါင်းများစွာ ကြာသည့်တိုင် မပျက်စီးသေးပဲ ယခုအထိ တည်ရှိနေခဲ့၏။
“ ဂိုဏ်ကြီး(၁၀)ဂိုဏ်း မဟာမိတ်အဖွဲ့မှာ နည်းလမ်းတစ်ချို့ရှိသားပဲ…”
ရွှမ်ယီ၏ မျက်၀န်းများထဲ၌ အလင်းတစ်ချက်ဖြတ်ပြေးသွား၏။
အဘယ်ကြောင့်ဆိုသော် မြေအောက်နန်းတော်ကြီး၏ နံရံအား ဂိုဏ်းကြီး(၁၀)ဂိုဏ်းမှ လူများက ၎င်းတို့လူများ ၀င်ထွက်သွားလာနိုင်စေရန် အပေါက်တစ်ခု လုပ်ထားသောကြောင့်ပင်။
သူလည်း အထဲသို့ ၀င်သွားလိုက်၏။
မြေအောက်နန်းတော်ကြီးက အလွန်ကျယ်ပြန့်ကာ ၎င်းအတွင်း မရေမတွက်နိုင်သော နန်းဆောင်များ အဆောက်အအုံများရှိနေခဲ့ပြီး တချို့က ပြိုကျပျက်စီးနေပြီးဖြစ်ကာ တစ်ချို့က အကောင်းတိုင်းရှိနေဆဲပင်။
ဂိုဏ်းကြီး(၁၀)ဂိုဏ်းမှ လူများက ၎င်းတို့အား ရှင်းလင်းကာ ကိုယ့်အဖွဲ့နှင့်ကိုယ် ယာယီစခန်းများအဖြစ် အသုံးပြုနေထိုင်နေကြသည်။
ရွှမ်ယီက လေနတ်ဘုရားဂိုဏ်း( ဖန်လဲ့ဂိုဏ်း) သားအဖြစ် ပုံစံပြောင်းထားသောကြောင့် ၎င်းတို့ စခန်းသို့ အလွယ်တကူရောနှော ၀င်ရောက်နိုင်ခဲ့သည်။
ယခုတစ်ကြိမ်တွင် လေနတ်ဘုရားဂိုဏ်းက ဂိုဏ်းသား(၁၀၀၀)ခေါ်ယူထားခဲ့ပြီး အားလုံး ငွေရောင်၀တ်စုံများ ၀တ်ဆင်ထားကြ၏။
၎င်းတို့ တာ၀န်များက ရှေးဟောင်းစစ်မြေပြင်အား လှည့်လည်သွားလာကာ ကျူးကျော်သူရှိမရှိ စစ်ဆေးခြင်း ၊ သန္ဓေပြောင်း သားရဲများအား သတ်ဖြတ်ခြင်း ၊ တခြား အမွေးအနှစ်များ ရှိမရှိ ရှာဖွေခြင်းတို့ဖြစ်သည်။
နတ်ဘုရား အရင်းအမြစ်များ ရရှိပါက ၎င်းတို့အား ဂိုဏ်းထံ အပ်နှံပြီး အမှတ်များအဖြစ်ပြောင်းလဲကာ ကြိုက်နှစ်သက်ရာ ရတနာများဖြင့် လဲလှယ်နိုင်သည်။
နတ်ဘုရား အရင်းအမြစ်ဆိုသည့်အရာက ရွှမ်ယီ တွေ့ရှိခဲ့သော ဥပဒေသချပ်ပြားလေးများ၏ တရား၀င်နာမည်ဖြစ်ပေသည်။
ရွှမ်ယီအား ပြောပြခဲ့သည့် ငွေရောင်၀တ် ခေါင်းဆောင်လူငယ်၏ စကားများအရဆိုလျှင် မဟာမိတ်အတွင်း၌ ၎င်းတို့အား အလွန်တန်ဖိုးရှိသည်ဟု သတ်မှတ်ထားပြီး နတ်ဘုရား အရင်းအမြစ်ဟုပင် တင်စားခေါ်ဝေါ်ကြ၏။
ကေားကင်ဘုရင်များအတွက် အဆင့်(၆)ရတနာများထက်ပင် ဆွဲဆောင်နိုင်စွမ်းရှိသည်။
၎င်းအတွင်း၌ စိတ်ဝိညာဉ်ဒြပ်စင်အား တည်ဆောက်ကာ ကောင်းကင်ဘုရင်များကို စွမ်းအားတိုးစေနိုင်သည့် အလွန်သန့်စင်သော ဥပဒေသစွမ်းအားများ ပါ၀င်သည်။
အင်ပါယာ အစောပိုင်းအဆင့် ကျင့်ကြံသူများအတွက်ပင် အလွန်အကျိုးရှိ၏။
ရွှမ်ယီကိုယ်တိုင် ၎င်း၏ အကျိုးသက်ရောက်မှုကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။
သူက နတ်ဘုရားအရင်းအမြစ် (၃၉၂)ခုကို အသုံးပြုပြီး စိတ်ဝိညာဉ်ဒြပ်စင် (၂)ခု တည်ဆောက်နိုင်ခဲ့သည်။
(၃၉၂)ခုက နာမည်အရသာ အလွန်များနေဟန်ရသော်လည်း ပေါင်းစပ်လိုက်ပါက လက်ဝါး၀က်ခန့်သာရှိ၏။
သူသာ နောက်ထပ် စိတ်ဝိညာဉ်ဒြပ်စင်တည်ဆောက်လိုပါက နတ်ဘုရားအရင်းအမြစ် များစွာလိုပေလိမ့်မည်။
ပထမ စိတ်ဝိညာဉ်ဒြပ်စင် တည်ဆောက်ခဲ့စဉ်က နတ်ဘုရားအရင်းအမြစ်(၁၀၀) ၀န်းကျင်အသုံးပြုခဲ့ရ၏။
သို့သော် ဒုတိယတစ်ခု တည်ဆောက်စဉ်တွင် ပထမတစ်ခုထက် (၂)ဆခန့် ပိုမိုအသုံးပြုခဲ့ရသည်။
အကယ်၍ သူသာ ကောင်းကင်ဘုရင်အဆင့် သို့မဟုတ် ကောင်းကင်ဘုရင်တစ်ဝက်အဆင့်သို့ရောက်လိုပါက နတ်ဘုရားအရင်းအမြစ်ပေါင်း ထောင်နှင့်ချီ လိုအပ်မည်ဖြစ်၏။
ရွှမ်ယီ၏ လက်ရှိ ရည်ရွယ်ချက်က အလွန်ရိုးရှင်းပေသည်။ လေနတ်ဘုရားဂိုဏ်းမှ နတ်ဘုရားအရင်းအမြစ်များကို ခိုးယူမည်။
လေနတ်ဘုရားဂိုဏ်းက ဂိုဏ်းကြီး(၁၀)ခုအတွင်းမှ တစ်ခုဖြစ်ပြီး ရှေးဟောင်းစစ်မြေပြင်သို့ အစောဆုံး၀င်ရောက်ခဲ့သော အဖွဲ့များထဲပါ၀င်ကာ ဂိုဏ်းသားပေါင်းများစွာကိုလည်း စေလွှတ်ထားခဲ့သည်။
၎င်းထို့ထံတွင် သိုလှောင်ထားသော နတ်ဘုရားအရင်းအမြစ် များစွာရှိရမည်။
ကောင်းကင်ဘုရင်တစ်ဝက်အဆင့်သို့ ချိုးဖျက်ရန် လုံလောက်သည်ထက် ပိုသော နတ်ဘုရားအရင်းအမြစ်များ ရရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
“ ရှောင်ကု… ဆရာက သတင်းပို့ခိုင်းလိုက်တယ်… ရှေ့တန်းမှာ သန္ဓေပြောင်းသားရဲ အုပ်စုနဲ့ ရင်ဆိုင်နေရတယ်တဲ့… အခြေတည်ဝိညာဉ်အဆင့် (၃၀၀)နဲ့ ဘုရင့်ဆင့် (၂၀)ကို စုစည်းပြီး စေလွှတ်လိုက်ပါ…”
သတင်းတစ်ခုက လေဟာနယ်အားဖြတ်သန်းကာ လေနတ်ဘုရားစခန်းရှိ ကောင်းကင်ထက်၌ ထွက်ပေါ်လာပြီး ရုတ်ရုတ်သဲသဲဖြစ်သွားစေခဲ့သည်။
ထိုအချိန်တွင် ရွှမ်ယီက လူအုပ်ထဲ၌ ရှိနေခဲ့ပြီး လေနတ်ဘုရားဂိုဏ်းသားများ တီးတိုးပြောသည်ကို ကြားလိုက်ရ၏။
“ ဒီတစ်ခါရော ဘယ်လိုသားရဲတွေပါလိမ့်.. ဟင်း… ဘယ်နှစ်ကြိမ်တောင် ရှိနေပြီလဲကွာ…”
“ ရှူး… တိုးတိုး… မင်း ရှေ့တန်းကို ပို့ခံချင်နေပြီလား…”