← Chapters

အခန်း (၃၄၀)

Vol. 23 Ch. 340

အခန်း (၃၄၀)

Vol. 23 Ch. 340

လေနတ်ဘုရားဂိုဏ်းသာမက တစ်ခြားဆင့်ခေါ်ခံရသော ဂိုဏ်းများမှ ဂိုဏ်းသားအားလုံးလဲ ထိတ်လန့်သွားကြသည်။

သူတို့က ယခုတွင် မြေအောက်နန်းတော်သို့ ရောက်ရှိနေကြပြီ‌ဖြစ်သော်လည်း မြေအောက်နန်းတော်အတွင်း၌ သန္ဓေပြောင်း သားရဲများ များစွာ ကျန်နေသေး၏။

၎င်းတို့က အလွန် ကြောက်မက်ဖွယ်ကောင်းပြီး မွေးဖွားလာစဉ်ကတည်းက ဘုရင်အဆင့်သို့ ရောက်ရှိနေကြပေသည်။

ထို ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ဂိုဏ်းသားများထဲတွင် ဘုရင်အဆင့်သို့ ရောက်နေသူများက နည်းပါးပြီး သူတို့ဆရာများထံမှ ရရှိထားသော အစွမ်းထက် မှော်ရတနာများဖြင့်သာ ဘုရင်အဆင့်စွမ်းအားရှင်များနှင့် ယှဉ်နိုင်ကြသည်။

အထူးသဖြင့် ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ထိပ်တန်းပါရမီရှင် ကျောင်းသားများကမူ ရှေးဟောင်းစစ်မြေပြင် အနှံ့အပြားသို့ တစ်ခြားသော အခွင့်အလမ်းများ ရှာဖွေရန် သွားရောက်နေကြ၏။

မြေအောက်နန်းတော်အထဲတွင် ကောင်းကင်ဘုရင်အဆင့် အကြီးအကဲများနှင့် လမ်းကြောင်းရှာဖွေရန် တာဝန်ယူထားသည့် ဂိုဏ်းသားများသာ ရှိကြသည်။

ရွှမ်ယီ၏ မျက်လုံးများ တဖျတ်ဖျတ် တောက်ပသွားလေသည်။

လက်ရှိအချိန်တွင် လေနတ်ဘုရားဂိုဏ်း ယာယီစခန်းချရာ နေရာ၌ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ယောက်ရှိနေပြီး အထွေထွေ ကိစ္စများအား ကြီးကြပ်ရန်တာဝန်ယူထားသည့် လူသားဘုရင်အဆင့် ကျင့်ကြံသူ ရှောင်ကုလည်း ရှိနေသည်။

ယခုအချိန်၌ သူလူလုံးထွက်ပြရန် အချိန်မတန်သေးချေ။

ပင်းယုက အလွန်အစွမ်းထက်သည်မှာ မှန်သော်လည်း ရှေးဟောင်းစစ်မြေပြင်က အလွန်ထူးဆန်းလှသည်။ သူလာခဲ့သော လမ်းတစ်လျောက်တွင် ကောင်းကင်ဘုရင်အဆင့် သန္ဓေပြောင်းသားရဲများကို တွေ့ခဲ့ရသည်။

မြေအောက်နန်းတော်၏ နက်ရှိုင်းသော အတွင်းပိုင်းနေရာများ၌ ပိုမိုကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ရှိနေမည်မှာ မလွဲဧကန်ပင်။

ပင်းယုက သူ၏ နောက်ဆုံး ဝှက်ဖဲတစ်ချပ်ဖြစ်ပြီး အရေးပေါ်အခြေအနေရောက်မှသာ အသုံးပြုရန် ရည်ရွယ်ထားသည်။

သို့သော် ကံကောင်းထောက်မစွာဖြင့် မြေအောက်နန်းတော်၏ရှေ့တန်း၌ ဆန်းကျယ်သော လျှို့ဝှက်နေရာတစ်ခုအား တူးဖော်မိခဲ့ကာ အရေးပေါ်အခြေအနေတစ်ခုနှင့် ကြုံတွေ့နေရသည်။

ထိုရှာဖွေတွေ့ရှိသော နေရာရှိ အဆောက်အဦးများအပေါ်တွင် တာအိုပုံစံများက ပြည့်ပြည့်စုံစုံ ကျန်ရှိနေသေးပြီး အတွင်းပိုင်းတွင် အလွန်အဖိုးတန်သော အမွေအနှစ်များအား ကာကွယ်ထားသည်။

ဂိုဏ်းကြီး (၁၀) ဂိုဏ်းမှ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူများ ခေါင်းချင်းဆိုင်ကာ ဆွေးနွေးခဲ့ပြီးနောက် ဂိုဏ်းသားများအား စေလွှတ်ကာ တားမြစ်အစီအရင်၏ အလုပ်လုပ်ပုံကို လေ့လာရန် ဆုံးဖြတ်ခဲ့ကြ၏။

မကြာခင် လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင်အဆင့် ကျင့်ကြံသူနှစ်ဦးလည်း ထိုနေရာသို့ ထွက်သွားမည်ဖြစ်ကာ ယာယီစခန်းချရာ နေရာ၌ ရှောင်ကု တစ်ယောက်တည်းသာ ကျန်ခဲ့ပေလိမ့်မည်။ ဤသည်မှာ ကောင်းကင်ထက်မှ ကျလာသော ရွှေရောင်အခွင့်အရေးကြီးတစ်ရပ်ဖြစ်နေရာ ရွှမ်ယီအနေဖြင့် အဘယ်မှာ လက်လွှတ်နိုင်လိမ့်မည်နည်း။

ညရောက်သောအခါတွင် လေနတ်ဘုရားဂိုဏ်း ယာယီစခန်း၌ ရုတ်တရက် မီးထလောင်တော့သည်။

“ ကျူးကျော်သူ… ကျူးကျော်သူရှိတယ်…”

လေနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးက အော်ဟစ်လိုက်သော်လည်း ဓါးအလင်းတစ်ခုက သူ့ရင်ဘတ်အား ချက်ချင်းပိုင်းဖြတ်သွားပြီး ပြန်လည်တိတ်ဆိတ်သွားစေခဲ့သည်။

လက်ရှိအချိန်တွင် ရွှမ်ယီ၏ ရည်ရွယ်ချက်က အလွန်ရိုးရှင်းလှသည်။ လေနတ်ဘုရားဂိုဏ်းယာယီစခန်းချရာနေရာ အတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး နတ်ဘုရားအရင်းအမြစ်များ သိုလှောင်ထားသည့် နေရာကို ရှာဖွေရန်ဖြစ်သည်။

ဝုန်း….

လျှပ်တပြက်အတွင်း ခရမ်းရောင်ဝတ်စုံအား ဝတ်ဆင်ထားသည့် အလွန်မာနကြီးဟန်ရသည့် လူငယ်တစ်ဦး ရွှမ်ယီရှေ့၌ ထွက်ပေါ်လာသည်။

“ ဘယ်ကရောက်လာတဲ့ အရိုင်းအစိုင်းလဲကွ… ငါတို့လေနတ်ဘုရားဂိုဏ်းမှာလာပြီး သောင်းကျန်းရဲတယ်ပေါ့…”

သူက လေနတ်ဘုရားဂိုဏ်းမှ အထွေထွေကြီးကြပ်သူ ရှောင်ကုဖြစ်ပြီး နှောင်းပိုင်း လူသားဘုရင်အဆင့် ကျင့်ကြံသူလည်းဖြစ်သည်။

“ ဖယ်စမ်း…”

ရွှမ်ယီ၏ မျက်ဝန်းများ အေးသက်သွားပြီး လက်ထဲမှ ဓါးဖြင့် ခုတ်ချလိုက်သည်။

သူက တိုက်ပွဲအား လျှင်မြန်စွာ အဆုံးသတ်လိုသောကြောင့် ဖန်ဂျီဓါးကို အသုံးပြုလိုက်၏။

ဤနေရာ၌ ယာယီစခန်းချထားသည့် ဂိုဏ်း (၁၀) ခုက တစ်ခုနှင့်တစ်ခု မိုင် (၁၀၀) ဝန်းကျင်မျှသာ ကွာဝေးပြီး နီးနီးကပ်ကပ်တွင် တည်ရှိနေသည်ဟုဆိုနိုင်သည်။ သို့သော် ဤနေရာတွင် ပျံသန်း၍မရသောကြောင့် ကောင်းကင်ဘုရင်အဆင့်တစ်ယောက် လာရောက်လိုလျှင်ပင် အချိန်အနည်းငယ်ယူရမည်ဖြစ်သည်။

သို့သော် ရွှမ်ယီအနေဖြင့် သတိလက်လွတ် ပေါ့ဆကာ မနေဝံ့ချေ။

အကယ်၍ သူသာ ပိတ်ဆို့ခံလိုက်ရပါက ထွက်ပြေးလွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။

သူ လျှပ်တပြတ်ထုတ်လွှတ်လိုက်သော ဓါးချက်က သာမန်ကာလျှံကာ အသုံးပြုလိုက်သည့် ဓါးချက်တစ်ခုနှင့် တူလှသော်လည်း အဆုံးမဲ့ သတ်ဖြတ်ခြင်းဆန္ဒများပါဝင်နေသည်။

ထိုဓါးချက်က မောက်မာနေသော ရှောင်ကုထံသို့ တိုက်ရိုက်ရောက်ရှိသွား၏။

“ မင်းရဲ့ဓါးချက်က အရမ်းအစွမ်းထက်တာပဲ… ဒါပေမယ့် ငါ့မှာ ဆရာပေးထားတဲ့ အကာအကွယ်ရတနာ ရှိနေမယ်လို့ မင်းမထင်ထားဘူးမလား…”

ရှောင်ကု၏ မျက်နှာထက်တွင် လှောင်ပြောင်လိုဟန်များရှိနေသော်လည်း စိတ်ထဲ၌မူ အလွန်တုန်လှုပ်နေခဲ့သည်။

ထိုကျူးကျော်ဝင်ရောက်သူ တိုက်ခိုက်လိုက်သည့် ဓါးချက်က အလွန်ကြောက်မက်ဖွယ်ကောင်းပြီး သူ၏ဆရာထံမှ ရရှိထားသော လျှို့ဝှက်လက်နက်သာ မရှိပါက ၎င်းအား တားဆီးနိုင်မည်မဟုတ်ကြောင်း သူနားလည်ထားသည်။

ထိုလူက မည်သည့်နေရာမှ ရောက်ရှိလာသနည်း။

ရှောင်ကုက စိတ်ထဲတွင် ငြီးတွားနေသော်လည်း လှုပ်ရှားနေသော လက်များကမူ ရပ်တန့်သွားခြင်းမရှိချေ။ ပြသာဒ်တစ်ခုနှင့် တူညီသော မှော်ရတနာအား ထုတ်ယူလိုက်လျှင် ပတ်ဝန်းကျင်မှ လေဟာနယ်တစ်ခုလုံး တုန်ခါသွားသည်။

ထိုပြသာဒ်က အမဲနှင့်အဝါရောင်အား အချိုးကျရောစပ်ကာ ပြုလုပ်ထားခြင်းဖြစ်ပြီး ၎င်း၌ တာအိုရုပ်ပုံများက လင်းလက်တောက်ပနေကာ အလွန်လျှို့ဝှက်ဆန်းကျယ်ဟန်ရ၏။

၎င်းက သူ၏ဆရာထံမှ ရရှိထားခြင်းဖြစ်ကာ မြေအောက်နန်းတော်ထဲမှ တူးဖော်ရရှိထားသည့် တိုက်ခိုက်ရေးမှော်ရတနာတစ်ခုဖြစ်သည်။

၎င်းပေါ်တွင် ရေးထိုးထားသော တာအိုပုံစံများစွာက ပျက်ဆီးနေပြီဖြစ်သော်လည်း ထုတ်လွှတ်နိုင်သော စွမ်းအားကမူ အလွန်ကြီးမားနေဆဲဖြစ်ပြီး အစောပိုင်းကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူများပင် ၎င်းနှင့်ရင်ဆိုင်ရပါက ရှောင်ရှားမှဖြစ်ပေလိမ့်မည်။

ဘုန်း…

ဓါးအလင်းနှင့်ပြသာဒ် ထိတွေ့သွားလျှင် ရွှမ်ယီက တုပ်တုပ်မျှ မလှုပ်သော်လည်း ရှောင်ကုကမူ နောက်သို့ ခြေလှမ်းများစွာ ဆုတ်လိုက်ရပြီး မျက်နှာအလွန်ပျက်သွားခဲ့၏။

“ တစ်ခြားဂိုဏ်းတွေကို သတင်းပို့ပြီးသွားပြီ… မကြာခင်ကောင်းကင်ဘုရင်တွေရောက်လာတော့မယ်…. အဲ့ခါကျရင် မင်းပြေးလွတ်မှာမဟုတ်တော့ဘူး…”

ရှောင်ကုတစ်ယောက် အလွန်ကြောက်ရွံ့ဒေါသ ထွက်နေခဲ့သည်။ ထိုပြသာဒ်အား လက်ဝယ်ပိုင်ဆိုင်ရပြီးကတည်းက ယုံကြည်မှုများအလွန်တိုးလာခဲ့သည်။

သို့သော် ယခုအချိန်တွင်မူ သူအလွန်အားထားခဲ့သော မှော်ရတနာက ဇစ်မြစ်မသိရသော ကျူးကျော်သူတစ်ယောက်ထံတွင် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

“ မင်းဘယ်သူလဲ… ရွှမ်ယီလား… ဒါမှမဟုတ် ကျင်းယွဲ့လား…”

“ အရမ်းစကားများတာပဲ…”

ရွှမ်ယီက အော်ပြောလိုက်ပြီး အချိန်ဆက်မဆွဲလိုတော့ပေ။

သူ့ပတ်ဝန်းကျင်တွင် စိတ်ဝိညာဉ်စွမ်းအားများ လှိုင်းထသွားပြီး နယ်မြေနှစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။

၎င်းတို့အနက်တစ်ခုတွင် အနီရောင်မီးတောက်မီးလျှံများကခုန်နေပြီး နောက်တစ်ခုက အနက်ရောင် ဓါးနယ်မြေဖြစ်သည်။

ထိုနယ်မြေနှစ်ခုအထက်တွင် စိတ်ဝိညာဉ်ဒြပ်စင်များက အဆုံးမဲ့လင်းလက်တောက်ပနေသည်။

“ နယ်မြေစွမ်းအားနှစ်ခု… မင်းက…”

ရှောင်ကု အလွန်အံ့အားသင့်သွားခဲ့၏။

နောက်ဆုံးတွင် သူ့ရှေ့မှလူ၏ ဇစ်မြစ်ကို ခန့်မှန်းမိလိုက်ချေပြီ။

သူက ၎င်း၏နာမည်အား ပြောတော့မည့်အချိန်တွင် ဓါးအလင်းကသူ့ထံသို့ ရောက်လာခဲ့သည်။

အစောပိုင်းကောင်းကင်ဘုရင်တစ်ယောက်ကိုပင် ကြောက်ရွံ့စေနိုင်သည့် ပြသာဒ်က အပိုင်းအစများအဖြစ်သို့ပြောင်းလဲသွားခဲ့သည်။

ရွှမ်ယီက အချိန်မဆွဲပဲ ရှောင်ကုအနားသို့ ကပ်သွားပြီး ၎င်း၏ သိုလှောင်အိတ်အား ဖျက်ဆီးလိုက်ကာ အတွင်းမှ ပစ္စည်းများအား သူ့သိုလှောင်အိတ်အတွင်းသို့ စုပ်ယူလိုက်သည်။

တစ်ခဏလေးအတွင်း ရှောင်ကုကိုင်တွယ်သိမ်းဆည်းထားသည့် ရတနာပစ္စည်းများအားလုံး ရွှမ်ယီထံ သိမ်းဆည်းခြင်းခံလိုက်ရ၏။

ထို့နောက်ရွှမ်ယီက ချက်ချင်းအင်ပါယာအဆင့်ကျင့်စဉ်အား အသုံးပြုကာ ခန္ဓာကိုယ်အတွင်းမှ အပ်စိုက်မှတ် (၄၈၀၀၀) ကိုလောင်ကျွမ်းစေပြီး အမြန်နှုန်းအား အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။ ထို့နောက် လျှပ်စီးတန်းတစ်ခုအလား ပြေးထွက်သွားပြီး မြေအောက်နန်းတော်အတွင်းမှ လွတ်မြောက်သွားတော့သည်။

တစ်ခဏအကြာတွင် မြေအောက်နန်းတော်အတွင်း ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ရွှမ်ယီ၏ ခြေရာအတိုင်းနောက်မှပြေးလိုက်သွား၏။

သို့သော် ညအချိန်ဖြစ်သည့်အပြင် ရွှမ်ယီပြေးထွက်သွားသည်မှာ ကြာပြီဖြစ်ရာ မည်သူမှ ရှာမတွေ့နိုင်တော့ပေ။

“ ခွေးကောင်… မင်းကိုတွေ့လို့ကတော့ တစ်စစီလုပ်ပစ်မယ်ကွ…”

ရွှမ်ယီနောက်သို့ ပြေးလိုက်လာသည့် ကောင်းကင်ဘုရင်က ကြိမ်းဝါးလိုက်၏။

သူက လေနတ်ဘုရားဂိုဏ်းမှ ကောင်းကင်ဘုရင်တစ်ယောက်မဟုတ်ချေ။ လေနတ်ဘုရားဂ်ုဏ်းနှင့် အနီးဆုံးတွင်တည်ရှိသော ခြောက်သွေ့ခြင်းဘုရားကျောင်းမှ ကောင်းကင်ဘုရင်ဖြစ်သည်။

ကျူးကျော်ဝင်ရောက်လာသူ‌တစ်ယောက် သူ့လက်ထဲမှ လွတ်မြောက်သွားသဖြင့် အလွန်ဒေါသထွက်နေခဲ့သည်။

“ လေနတ်ဘုရားဂိုဏ်းကို သတင်းပို့လိုက်… ဖန်တန်ဝမ် ကိုယ်တိုင်လာပြီး အဲ့ကောင်ကို လိုက်ဖမ်းပါစေ…”

ရွှမ်ယီဘက်တွင်မူ သူက အချိန်အတန်ကြာအောင်ပြေးလွှားလာခဲ့ပြီးနောက် သူက မြေအောက်နန်းတော်နှင့် မိုင်ထောင်ချီကွာဝေးသော နေရာသို့ ရောက်သွားချေပြီ။ ထို့နောက်သူက ကျင့်ကြံရန် နေရာတစ်ခု ရှာဖွေလိုက်၏။

ရှေးဟောင်းစစ်မြေပြင်၏ အစွန်အဖျားပိုင်းနှင့် အလယ်ပိုင်းတို့အကြားအဓိကကွာခြားချက်မှာ ဤနေရာတွင် ပျက်ဆီးနေသော်လည်း အလုပ်လုပ်နေသေးသည့် အစီအရင်များ ရှိနေသေးခြင်းဖြစ်၏။

အနည်းငယ်သတိမထားမိသည်နှင့် ထိုအစီအရင်များထဲသို့ ကျရောက်သွားနိုင်ချေရှိ၏။

ရွှမ်ယီက အကျယ်အဝန်း (၁၀) မိုင်ဝန်းကျင်ရှိသည့် ရှေးဟောင်းအစီအရင်တစ်ခုရှိသော နေရာကို ရွေးချယ်လိုက်သည်။ ဤအစီအရင်အတွင်းသို့ ဝင်ရောက်လာသူတိုင်း နတ်အသိဖြင့် စူးစမ်းနိုင်စွမ်းများကို အလွန်အားနည်းသွားစေပေလိမ့်မည်။

ရွှမ်ယီက ထိုနေရာတွင် ကျင့်ကြံရန် ဆုံးဖြတ်လိုက်ပြီး ယခင်တုန်းကကဲ့သို့ မြေအောက်လှိုဏ်ဂူတစ်ခု ပြုလုပ်လိုက်သည်။

လုယူလာခဲ့သော သိုလှောင်အိတ်အတွင်းမှ နတ်ဘုရားအရင်းအမြစ်များအား ထုတ်ကြည့်လိုက်လျှင် လှိုဏ်ဂူတစ်ခုလုံးအနီရောင်အလင်းများဖြင့် တောက်ပသွားလေသည်။

အစောပိုင်းတုန်းက အလျှင်အမြန်ထွက်ပြေးလာခဲ့သဖြင့် ၎င်းတို့အား စစ်ဆေးမကြည့်ရသေးပေ။ ယခုမှအသေအချာ ကြည့်ရှုရခြင်းဖြစ်၏။

All Chapters