← Chapters

အခန်း (၃၄၁)

Vol. 23 Ch. 341

အခန်း (၃၄၁)

Vol. 23 Ch. 341

ရွှမ်ယီလက်ချက်ဖြင့် လေနတ်ဘုရားဂိုဏ်းအပါအ၀င် ဂိုဏ်းကြီး(၄)ခုမှ စုဆောင်းထားသော နတ်ဘုရားအရင်းအမြစ်များ ပျောက်ဆုံးသွားခဲ့သည်။

အားလုံး စုပေါင်းလိုက်လျှင် အလေးချိန် ဂျင်(၅၀)၀န်းကျင်ရှိပြီး အံ့ဖွယ် ကြွယ်၀မှုဟု ယူဆနိုင်၏။

ရွှမ်ယီ သိထားသလောက်ဆိုလျှင် သာမန် ကျင့်ကြံသူများ ကောင်းကင်ဘုရင်အဆင့်သို့ ကျော်ဖြတ်ပါက နတ်ဘုရားအရင်းအမြစ် ဂျင်အနည်းငယ်ခန့် လိုအပ်နိုင်ပြီး ၎င်းကပင် ဂုဏ်ယူစရာတစ်ခုဖြစ်နေချေပြီ။

ကျောင်းချီ အဆင့်ချိုးဖျက်ခဲ့စဉ် နတ်ဘုရားအရင်းအမြစ်များအား သုံးခဲ့လျှင် ဂျင်(၃၀)ထက်မပိုလောက်ချေ။

ဤသို့ဖြင့် ရွှမ်ယီ ချက်ချင်းကျင့်ကြံရန် ပြင်ဆင်လိုက်၏။

သူ့ခန္ဓာကိုယ်အတွင်း တတိယမြောက် စိတ်ဝိညာဉ်ဒြပ်စင်က တောက်ပသော ငွေရောင်အလင်းများဖြင့် ဖြစ်ပေါ်လာခဲ့သည်။

အင်ပါယာအဆင့် ကျင့်စဉ်မှ စွမ်းအင်စီးကြောင်းများအတိုင်း လှည့်ပတ်လိုက်ပြီး အပ်စိုက်မှတ် (၁၆၀၀၀)အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများကို တတိယမြောက် စိတ်ဝိညာဉ်ဒြပ်စင်ထံသို့ ပို့လွှတ်လိုက်၏။

ယခင်က စိတ်ဝိညာဉ်ဒြပ်စင်(၂)ခု တည်ဆောက်ဖူးသော အတွေ့အကြုံများနှင့် နတ်ဘုရားအရင်းအမြစ် ဂျင်(၅၀)၀န်းကျင်တို့ကြောင့် မည်သည့်ပြသနာမှ မရှိဘဲ အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သည်။

နောက်ထပ် (၅)ရက်လုံး ရွှမ်ယီ ဘယ်မှမသွားဘဲ မြေအောက်လှိုဏ်ဂူအတွင်း ဆက်လက် ကျင့်ကြံနေခဲ့၏။

မှောင်မိုက်နေသော လှိုဏ်ဂူအတွင်း၌ ရွှမ်ယီ၏ အရှိန်အဝါက တည်ငြိမ်နေကာ နောက်ကျောဘက်၌ ငွေရောင်ကြယ်(၅)လုံး တောက်ပစွာ ရှိနေသည်။

ရွှမ်ယီ၏ ခန္ဓာကိုယ်တစ်ခုလုံး နတ်အလင်းများဖြင့် တောက်ပလာပြီး ကိုယ်တွင်း၌ ပြင်းထန်သော စွမ်းအားများက မြင်းရိုင်းတစ်ကောင်းအလား ကြမ်းတမ်းစွာ လှုပ်ရှားနေ၏။

ခန္ဓာကိုယ်အတွင်း မိုးခြိမ်းသံကဲ့သို့ အသံများ မြည်ဟည်းနေခဲ့ပြီး ၎င်းက ဟွမ်ဂျီကျင့်စဉ် ကောင်းကောင်းအလုပ်လုပ်နေသည့် လက္ခဏာဖြစ်ကာ နတ်ဘုရားအရင်းအမြစ်များအား အဆက်မပြတ် စုပ်ယူနေခဲ့သည်။

(၅)ရက်ကြာပြီးနောက် ဂျင်ပေါင်းများစွာသော နတ်ဘုရားအရင်းအမြစ်များ အကုန်အစင် စုပ်ယူသန့်စင်ခံလိုက်ရပြီး ထွက်ပေါ်နေသော အသံများလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

ရွှမ်ယီက မှိတ်ထားသော မျက်လုံးများအား ဖွင့်လိုက်ရာ အမှောင်ထုထဲ၌ မျက်လုံးတစ်စုံက ကြယ်များအလား တောပ်ပနေလေသည်။

သို့သော် ရွှမ်ယီ သိပ်ပြီးစိတ်မကျေနပ်သေးချေ။ သူ့နောက်ကျောတွင် စိတ်ဝိညာဥ်ဒြပ်စင် (၅)ခုတောက်ပလင်းလက်နေပြီး (၆)ခုမြောက် စိတ်ဝိညာဉ်ဒြပ်စင်လည်း ပေါ်ထွက်နေပြီဖြစ်သည့်တိုင် မည်သည့် အလင်းမှ တောက်ပနေမနေချေ။

အပြည့်အ၀ မတည်ဆောက်ရသေးသည့် လက္ခဏာပင်။

ဂျင်(၅၀)၀န်းကျင်ရှိသည့် နတ်ဘုရားအရင်းအမြစ်များအား သန့်စင်ခဲ့ပြီးနောက် သူက ကောင်းကင်ဘုရင်တစ်၀က်အဆင့်သို့ ရောက်သွားပြီဖြစ်၏။

သူသုံးစွဲခဲ့သည့် နတ်ဘုရားအရင်းအမြစ်များက ဂျင်(၅၀)ကျော်နေပြီဖြစ်ကာ နတ်ဘုရားအရင်းအမြစ်များအား ပိုအသုံးပြုလေ သူ၏ စိတ်ဝိညာဉ်ဒြပ်စင်များက ပိုမိုအားကောင်းလေဖြစ်ပြီး တိုက်ခိုက်နိုင်စွမ်းကလည်း များစွာ မြင့်မားလာပေလိမ့်မည်။

အစစ်အမှန်တိုက်ပွဲ တစ်ခု ရင်မဆိုင်ရသေးသောကြောင့် ရွှမ်ယီကိုယ်တိုင်လည်း မိမိစွမ်းအားအပေါ် အကြမ်းဖျင်းခန့်မှန်းရုံသာ တတ်နိုင်သည်။

အကြောင်းမှာ ယခင်က ထိုကဲ့သို့မည်သူမှ မဖြစ်ခဲ့ဖူးသောကြောင့်ပင်။

“ နတ်ဘုရားအရင်းအမြစ်တွေ ထပ်ရှာရမယ်….”

ရွှမ်ယီ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်ရင်း မျက်လုံးအကြည့်များက မြေအောက်နန်းတော်ရှိရာဘက်သို့ ရောက်သွားခဲ့သည်။

ထိုဂိုဏ်းကြီး (၁၀)ခုက ရှေးဟောင်းစစ်မြေပြင်၌ ရှာဖွေရေးလုပ်နေကြသည်မှာ (၁၀)ရက်ကျော်ပြီဖြစ်သော်လည်း ဂိုဏ်းကြီး(၄)ခုထံမှ နတ်ဘုရားအရင်းအမြစ် ဂျင်(၅ဝ)ဝန်းကျင်သာရခဲ့၏။

ဂိုဏ်းကြီး(၁၀)ခုလုံးထံမှာ သွားခိုးလျှင်တောင် ဂျင်(၁၀၀)၀န်းကျင်ခန့်သာ ရနိုင်မည်ဖြစ်ပြီး ၎င်းက လုံလောက်မှုမရှိသေးချေ။

ဤသို့ဖြင့် မြေအောက်နန်းတော် အတွင်းပိုင်းသို့ ၀င်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ဂိုဏ်းကြီး(၁၀)ခု ရှာဖွေနေသည့် လမ်းကြောင်းများအတိုင်း လိုက်ပါသွားပြီး ပိုမိုကောင်းမွန်သော အရင်းအမြစ်များရှိမရှိကြည့်ရမည်။

…

ရှပ်..ရှပ်..

မြေအောက်နန်းတော်အတွင်း တစ်ကိုယ်တော်သွားလာနေသည့် လူတစ်ယောက်…

ဤတစ်ကြိမ်တွင် ရွှမ်ယီအနေဖြင့် ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ ဂိုဏ်းသားတစ်ဦး အသွင်ယူထားသည်။

ဂိုဏ်းကြီး(၁၀)ခုက လက်ရှိ အချိန်၌ ပူးပေါင်းဆောင်ရွက်နေကြသော်လည်း ၎င်းတို့အကြား ယှဉ်ပြိုင်မှုများ ၊ မကျေနပ်မှုများ ရှိနေကြသည်။

ထို့အပြင် မြေအောက်နန်းတော်ကြီးက အလွန်ကျယ်၀န်းသည်ဖြစ်ရာ ဂိုဏ်းကြီး(၁၀)ခုလုံး တစ်နေရာတည်း၌ အတူတကွ ရှာဖွေရန် မဖြစ်နိုင်သောကြောင့် ကိုယ့်အစုနှင့်ကိုယ် ခွဲကာ ဆောင်ရွက်နေကြ၏။

သူ အယောင်ဆောင်ထားသော ရှေးဟောင်းဖရိုဖရဲဂိုဏ်းက ဂိုဏ်းကြီး(၁၀)ခု အနက် လေနတ်ဘုရားဂိုဏ်းထက် ပိုအစွမ်းထက်ကာ တာ၀န်ထမ်းဆောင်ရန် ဂိုဏ်းသား(၃၀၀၀)တိတိ ခေါ်ဆောင်ထားခဲ့ပြီး (၂၀၀၀)က မြေအောက်နန်းတော်အတွင်း ရှာဖွေနေကြသည်။

ထို့ကြောင့် ဂိုဏ်းကြီး(၁၀)ခုထဲတွင် ၎င်းတို့က အဝေးဆုံးသို့ ရောက်နေချေပြီ။

ဂိုဏ်းသား(၂၀၀၀)ရှိသော်လည်း အများစုက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး အမြှောက်စာများသာ။

သို့သော် တူးဖော်ရှာဖွေရာမှ အသက်ရှင်လျက်ပြန်လာနိုင်ပါက ဆုလာဘ်များချီးမြှင့်သည်ဖြစ်ရာ အသက်အန္တရာယ်ရှိမှန်း သိကြသည့်တိုင်အောင် စိတ်အားထက်သန်စွာ လုပ်ဆောင်နေကြဆဲပင်။

အဘယ်ကြောင့်ဆိုသော် ဖရိုဖရဲဒေသက နန်ကျိုးတွင် အကျယ်ဆုံးဖြစ်သော်လည်း ရှေးကတည်းက အရင်းအမြစ်များ အလွန်ရှားပါးခဲ့သည်။ အဆင့်(၄) ဆေးတစ်လုံးက စိတ်ဝိညည်ငွေ့ရည်ဖွဲ့ခြင်းအဆင့်ကျင့်ကြံသူအား အသက်ပေးရန်အသင့်ဖြစ်စေနိုင်၏။

ရုတ်တရက် ၀မ်းသာအားရ ကြွေးကြော်သံများ ကြားလိုက်ရသည်။ ထိုအသံက စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် တပည့်အုပ်စုထံမှဖြစ်ကာ ၎င်းတို့က လမ်းကြောင်းရှင်းလင်း ရှာဖွေရန် စေလွှတ်ခံထားရသူများဖြစ်ပြီး ရှည်လျားသော လျှောက်လမ်းတစ်ခုအား တူးဖော်တွေ့ရှိခဲ့ကြသည်။

ထိုလျှောက်လမ်းအတွင်း အစီအရင်များ ကျန်ရှိနေဆဲဖြစ်ကာ ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲများ လာရောက်စစ်ဆေးကြည့်လိုက်လျှင် ထို အစီအရင်များအား ပုံတူပွားနိုင်ကြောင်း တွေ့လိုက်ရ၏။

၎င်းတို့က မူရင်းလောက်အစွမ်းမထက်သော်လည်း မူလဘုရင်အဆင့် ကျင့်ကြံသူတစ်ဦးအား အလွယ်တကူ သတ်နိုင်စွမ်းရှိနေသေးသည်။

ထို့နောက် အဆင့်(၂)ဆေးလုံး (၁၀၀) ဆုချလိုက်ရာ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် တပည့်များ ပျော်ရွှင်စွာ ဟစ်ကြွေးလိုက်ကြ၏။

ရွှမ်ယီအနေဖြင့် အဆင့်(၂) ဆေးလုံး(၁၀၀)အတွက် ထိုမျှ ၀မ်းသာနေသူများအား ပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သဖြင့် အလွန်အံ့အားသင့်သွားခဲ့ရသည်။

သူအံ့အားသင့်နေစဉ် ရှေးဆုံးတန်းရှိ ရှေးဟောင်းဖရိုဖရဲဂိုဏ်သားများ အော်ဟစ်ကာ အရူးအမူးထွက်ပြေးလာကြ၏။

“ ပြေး.. ပြေး….”

လျှောက်လမ်း၏ အတွင်းကျဆုံးနေရာမှ လူများ မိမိတို့ရရှိထားသည့် အဆင့်(၂)ဆေးလုံးများကိုပင် စွန့်ပစ်ကာ အသည်းအသန်ထွက်ပြေးလာနေကြသည်။

ရွှမ်ယီက နောက်ဆုံးတန်းတွင် ရှိနေသဖြင့် ဖြစ်ပျက်နေသည်များအား ရှင်းလင်းစွာ မမြင်ရသေးချေ။ ရုတ်တရက် လျှောက်လမ်း အရှေ့ဘက်မှနေပြီး ပြင်းထန်သော စွမ်းအားများ ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။

ဝုန်း…

နတ်အလင်းတန်းတစ်ခုက လျှောက်လမ်းအတိုင်း ပြေးထွက်လာခဲ့ပြီး ထွက်ပြေးလာကြသူများ၏ ခန္ဓာကိုယ်များကို ပိုင်းဖြတ်သွားလေသည်။

“ ဘာတွေဖြစ်နေဝာာလဲ…”

ရှေးဟောင်း ဖရိုဖရဲဂိုဏ်းမှ ဘုရင်အဆင့်အကြီးအကဲတစ်ဦးက ရှေ့ထွက်ပြီး အကာအကွယ်အလွှာတစ်ခု ဖန်တီးလိုက်၏။

သို့သော် အချည်းအနှီးသာ။

နတ်အလင်းတန်းအား မကာကွယ်နိုင်သည့်အပြင် ထွက်ပြေးချိန်မရတော့သောကြောင့် အသက်ပေးလိုက်ရ၏။

ထို့နောက် လျှောက်လမ်းအတွင်းပိုင်းမှလူတိုင်းနီးပါး သေဆုံးသွားခဲ့ပြီး လူသားဘုရင်အဆင့် အကြီးအကဲတစ်ချို့သာ ရွှမ်ယီတို့အုပ်စုရှိရာသို့ ပြန်ရောက်လာခဲ့သည်။

“ ဘယ်သူက အစီအရင်ကို သွားအသက်သွင်းလိုက်တာလဲကွ…”

ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ အကြီးအကဲတစ်ဦးက ရူးရူးရှဲရှဲဖြင့် ဒေါသတကြီး ထမေးလိုက်၏။

သို့သော် သူ့မေးခွန်းအား တစ်ယောက်မှ ပြန်မဖြေခဲ့ကြချေ။

အဘယ်ကြောင့်ဆိုသော် လျှောက်လမ်းအတွင်း ရှေ့ဆုံးမှ ရှိနေသူများ တစ်ယောက်မှ အသက်မရှင်ခဲ့သောကြောင့်ဖြစ်သည်။

သို့သော် ရွှမ်ယီက ရှေးဟောင်း ဖရိုဖရဲဂိုဏ်းမှ အကြီးအကဲများထက် အစွမ်းထက်သည်ဖြစ်ရာ နတ်အလင်းတန်း ထွက်ပေါ်လာရာ အရင်းအမြစ်ကို သတိပြုမိခဲ့၏။

၎င်းက တားမြစ်အစီအရင် အသက်၀င်လာခြင်းကြောင့်မဟုတ်ဘဲ လျှောက်လမ်းအထက် မျက်နှာကျက်မှ ပြုတ်ကျလာခဲ့သော ကျောက်တုံးလေးတစ်တုံးကြောင့်ဖြစ်သည်။

အမှန်တွင် ရှေးဟောင်းဖရိုဖရဲဂိုဏ်းမှ ‌ဂိုဏ်းသားများ အားပါးတရ ဟစ်ကြွေးခဲ့ကြစဉ် လှိုဏ်ခေါင်းက တုန်ခါသွားပြီး မျက်နှာကျက်မှ ကျောက်တုံးလေးတစ်တုံး ပြုတ်ကျသွားခဲ့သည်။

ထို့နောက် ၎င်းက အက်ကွဲသွားပြီး နတ်အလင်းတစ်ခု ထွက်ပေါ်လာခဲ့ခြင်းဖြစ်၏။

All Chapters