← Chapters

စားပြီးမှပြောကြတာပေါ့

Vol. 113 Ch. 1575

စားပြီးမှပြောကြတာပေါ့

Vol. 113 Ch. 1575

“ဂျူနီယာညီမလေး တကယ်ပဲ သူတို့တောင်းဆိုချက်ကို သဘောတူမလို့ လား” ဟန့်မြောင်ရွှမ်သည် ရှီမာယူယူ စဉ်းစားပေးမည်ဟု ထင်မထားပေ။ ခန်းမ ထဲတွင်ရှိစဉ်က မေးရန်မသင့်တော်သဖြင့် ထွက်လာမှပဲ မေးခွန်းများမေးရ သည်။

“ဘယ်လိုထင်လဲ” ရှီမာယူယူသည် သူမအား ပြုံးနေသော မျက်လုံးများ ဖြင့်ကြည့်ပြီး ဒေါသထွက်ခြင်းမရှိပေ။

“ဂျူနီယာညီမလေး ဒေါသမထွက်ဘူးလား”

ရှီမာယူယူသည် အဝေးတွင်ရှိသော တောင်တန်းကိုကြည့်ပြီး တိုးညင်းစွာ သက်ပြင်းချလိုက်သည် “အစ်ကိုကြီးဟော်သာ အဲလိုမျိုးပြုမူမယ်ဆိုရင် ညီမ သေချာပေါက် ဒေါသထွက်မိမှာပဲ၊ ကံကောင်းစွာနဲ့ပဲ သူကတော့ အဲလိုမဟုတ်ခဲ့ ဘူး တခြားသူတွေကတော့ သူတို့ကညီမနဲ့မှ မပတ်သတ်တာပဲလေ အဲလိုမျိုး စက်ဆုတ်စရာကောင်းတဲ့လူတွေကို ဒေါသထွက်စရာဘာအကြောင်းရှိဦးမှာလဲ ညီမ သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရရင် သွားပြီး လက်တုံ့ပြန်လိုက် မှာပဲ၊ ညီမကတော့ ညီမဂရုစိုက်တဲ့လူတွေအတွက်ပဲ ဒေါသထွက်တယ်”

“မင်း အဲဒါနဲ့ပတ်သတ်လို့ သဘောထားကြီးလို့တော်သေးတယ်” စူးရှောင်ရှောင် ပြောလိုက်သည် “နောက်တစ်ဆင့်က ဘာလုပ်ကြမလဲ နောက် သုံးရက်နေရင် သူတို့ကို ဘာအဖြေပေးမှာလဲ”

ရှီမာယူယူ နှာရှုတ်လိုက်သည် “သုံးရက်တောင်မလိုဘူး မနက်ဖြန်ညကို သူတို့ စိတ်မပြောင်းဘူးဆိုရင် ဘာမှလိပ်ပြာမသန့်စရာမရှိဘူး အခုတော့ ပြန်ကြ တာပေါ့”

သူတို့သည် မနက်မှ ညအထိစောင့်ကြည်သည်။ ရွှမ်ချုံးမျိုးနွယ်မှ မည်သူမှ ထွက်မလာဘဲ သူတို့ပတ်ပတ်လည်တွင် သန်မာသောလူများသာရှိသည်ကို သတိထားမိလိုက်ကြသည်။ သူတို့ကို စောင့်ကြည့်ပြီး ကျဉ်းချထားသည့် အပေါ် တွင် ဟန့်မြောင်ရွှမ်သည် အလွန်ဒေါသထွက်နေလေသည်။

“ဂျူနီယာညီမလေး ရွှမ်ချုံးဟော်ကို သူ့အဖေက အခန်းထဲပိတ်ထားတယ် လို့ကြားတယ်” ဟန့်မြောင်ရွှမ်သည် လမ်းလျှောက်ရာမှ ပြန်လာပြီး ရှီမာယူယူ ကို ပြောလေသည်။

သူတို့ ခန်းမထဲမှ ထွက်ခဲ့စဉ်က ရွှမ်ချုံးဟော်သည်အထဲတွင် ကျန်နေခဲ့ သည်။ အမြဲတစေ တည်ငြိမ်နေတတ်သော သူသည် သူမကြောင့် မျိုးနွယ်နှင့် ကတောက်ကဆဖြစ်ခဲ့သည်ဟု နီရဲပျားများပြောခဲ့သသည်။

ရှီမာယူယူ၏ မျက်နှာမှာ နစ်ဝင်သွားသည် “သူတို့က တကယ်ပဲ ကတိ တည်ဖို့ စိတ်ကူးမရှိတော့တဲ့ပုံပဲ၊ ဒါဆိုရင် ညီမတို့လုပ်ကြတာပေါ့၊ မနက်ဖြန်ထိ စောင့်စရာမလိုဘူး”

“ဟုတ်ပြီ”

ညဉ့်နက်သောအခါ ရှီမာယူယူနှင့် တခြားသောသုံးယောက်တို့သည် အိမ် ထဲမှ ပျောက်သွားကြသည်ကို အပြင်မှလူများ မသိလိုက်ကြပေ။

ရှီမာယူယူနှင့် တခြားသူများသည် တောင်များတွင် နားပြီးမှ ထွက်လာခဲ့ ကြသည်။

“ဒါက သူတို့ရဲ့ရတနာအဆောင်လား” ဟန့်မြောင်ရွှမ်သည် ပတ်ပတ် လည်အား မယုံကြည်စွာဖြင့် ကြည့်လေသည်။

“ဒါက ရတနာအဆောင်တော့မဟုတ်ဘူး ဒါပေမဲ့…. အံ့ဖွယ်ဆေးက ဘယ်မှာလဲ” ရှီမာယူယူ ပြောလိုက်သည်။

“အံ့ဖွယ်ဆေးက ဒီမှာရှိလို့လား”

“အင်း” ရှီမာယူယူ ခေါင်းညိတ်လိုက်သည် “အစ်ကိုကြီးဟော်က ညီမကို ဒီကိုခေါ်လာဖူးတယ် အံ့ဖွယ်ဆေးနေရာကိုလည်း သူပြခဲ့တယ် ညီမ နောက်လိုက်ခဲ့ကြ”

သူမသည် သူတို့ကိုဦးဆောင်ကာ တောင်ခြေသို့သွားပြီး ဂူထဲသို့ဝင်လိုက် သည်။ ထိုနေရာနှင့် သိပ်မဝေးလှသောနေရာတွင် ကျောက်တံခါးကိုမြင်လိုက်ရ ပြီး တံခါးပေါ်တွင် သော့သုံးချောင်းရှိနေသည်။

“ဂျူနီယာညီမလေး အံ့ဖွယ်ဆေးက ဒီမှာရှိတာ သေချာရဲ့လား” စူးရှောင်ရှောင် တုံ့ဆိုင်းနေသည် “ဒီမှာမျိုးနွယ်ရဲ့ အံ့ဖွယ်ဆေးရှိတယ်ဆိုရင် ဘာလို့ အစောင့်တစ်ယောက်မှမရှိရတာလဲ၊ သန်မာတဲ့ ဘိုးဘေးကြီး ဒါမှမဟုတ် အားကောင်းတဲ့ တစ်ယောက်ယောက်များ စောင့်ကြည့်နေမှာမဟုတ်ဘူးလား”

“သူတို့က ယုံကြည်မှုလွန်ကဲနေကြတာ” ရှီမာယူယူသည် မအံ့ဩတော့ ပေ “ရွှမ်ချုံးမျိုးနွယ်က အစကတည်းက အထူးတလည်ဖန်တီးထားတဲ့ လောက အသေးမှာနေကြတာ အဲဒါကြောင့် ရွှမ်ချုံးမျိုးနွယ်ဝင်ကသာ ခေါ်မလာရင် ဘယ်သူမှ ဒီကိုလာနိုင်မှာမဟုတ်ဘူး၊ သူတို့မျက်လုံးထဲမှာတော့ ညီမတို့ အင်အားက ပုရွက်ဆိတ်ကိုချေပစ်လိုက်တာနဲ့ ဘာမှမကွာဘူး၊ ပြီးတော့ ဒီသော့ တွေမရှိရင် ဘယ်သူမှဝင်လို့မရဘူး အဲဒါကြောင့် သူတို့စိတ်မပူကြဘူးလေ ပြီးတော့ ညီမမှန်းတာမမှားရင် ထောင်ချောက် ဒါမှမဟုတ် ဝိညာဉ် အတားအဆီးတွေ ရှိလိမ့်မယ်”

အရေးအကြီးဆုံးမှာ အံ့ဖွယ်ဆေး၏ တည်နေရာကို ရွှမ်ချုံးနွယ်မှ မည်သူ မှ မသိကြပေ။ ရတနာအဆောင်တွင်ရှိသည်ဟုသာ ထင်ထားကြသည်။

ကျန်းကျူရှန့်သည် တံခါးကိုကြည့်ပြီး ခေါင်းလှည့်လာကာ ပြောလိုက် သည် “ငါတို့သော့တွေယူရမယ် ငါတို့အားနဲ့ တံခါးဖွင့်မရမှာကို စိုးရိမ်မိတယ်”

“စီနီယာအစ်ကို ညီမကိုအပ်ထား” ရှီမာယူယူသည် လျှောက်သွားပြီး သော့သုံးချောင်းကို ထုတ်ကာ အလိုက်သင့်ပင် သော့ပေါက်ထဲသို့ ထည့်လိုက် သည်။

“ဂျူနီယာညီမလေး သော့တွေကိုဘယ်လိုရတာလဲ” ဟန့်မြောင်ရွှမ်သည် တစ်စုံတစ်ရာကို သတိရသွားပြီး မေးလိုက်သည် “ရွှမ်ချုံးဟော် အဲနေ့က မင်းကို ပေးလိုက်တာ ဒါလား”

မနက်ပိုင်း သူတို့တွေ့ခဲ့စဉ်က ရှီမာယူယူသည် သူတို့ရှေ့တွင်ရှိနေသဖြင့် ရွှမ်ချုံးဟော်သည် သူမကို တစ်စုံတစ်ရာပေးလိုက်သော်လည်း ထိုအရာမှာ သော့များဖြစ်လိမ့်မည်ဟု ထင်မထားပေ။

“သူ ဒီလိုလုပ်မယ်လို့ ထင်မထားဘူးပဲ” ကျန်းကျူးရှန့်ပင် သက်ပြင်းချ လေသည်။

“ကလစ်”

“အာ….”

သူမ၏ သက်ပြင်းသံနှင့်အတူ တိုပြတ်သောအသံထွက်လာရာ ကျောက် တံခါးကို ဘေးနှစ်ဖက်သို့ တွန်းဖွင့်လိုက်သည်နှင့် မှောင်မိုက်နေသော ဂူထွက် ပေါ်လာသည်။

ရှီမာယူယူသည် မီးလင်းပုလဲနှစ်လုံးလိုက်သည်နှင့် ဂူသည် ချက်ချင်းပင် လင်းချင်းသွားတော့သည်။

ဂူမှာမကြီးလှပေ၊ အခန်းအရွယ်အစားနှင့် မတိမ်းမယိမ်းပင်ဖြစ်သည်။ အလယ်တွင် ကျောက်စင်တစ်ခုရှိပြီး ထိုအပေါ်တွင် တစ်ပေအမြင့်ရှိသော အံ့ဖွယ်ဆေးပင်ရှိသည်။ အပင်၏ထိပ်ပိုင်းတွင် မီးတောက်နီသစ်သီးတစ်လုံးရှိ နေသည်။

သူတို့ ဝင်သွားသည့်အချိန်တွင် အတားအဆီးကိုခံစားမိလိုက်ကြသည်။

“ဒီဝိညာဉ်အတားအဆီးကို အားကောင်းတဲ့လူတွေ တည်ဆောက်ထား တာဖြစ်မယ် ညီမတို့မဝင်ခင် ရွှမ်ချုံးမျိုးနွယ်တွေရောက်လာမှာ စိုးရတယ်”

“အဲဒါကြောင့် ဘယ်သူမှ စောင့်မကြည့်ကြတာကိုး… ဒီလိုဝိညာဉ်အတား အဆီးတွေကို ဘယ်သူကဖောက်နိုင်မှာလဲ” ဟန့်မြောင်ရွှမ်သည် နှုတ်ခမ်းတွန့် လိုက်သည်။

“ရွှမ်ချုံးမျိုးနွယ်က လျှို့ဝှက်မိသားစုတွေထဲမှာ ဝိညာဉ်အတားအဆီး ဖန်တီးတဲ့နေရာမှာ နံပါတ် ၁ ပဲလို့ သတ်မှတ်ခံရတယ်၊ ဒီလိုမျိုးဝိညာဉ်အတား အဆီးတွေလုပ်ထားတာ ရှားပါးတာတော့မဟုတ်ဘူး” ကျန်းကျူးရှန့်သည် အတိုင်းမသိရယ်မောမိသည် “ဒီဝိညာဉ်အတားအဆီးကို ယုံလွန်းနေတာတော့ နှမြောဖို့ကောင်းတယ်”

“ဂျူနီယာညီမလေးကလွဲပြီး ဝိညာဉ်အတားအဆီးကို လျစ်လျူရှုနိုင်တဲ့သူ မရှိဘူးလေ ဟုတ်တယ်မလား” ဟန့်မြောင်ရွှမ် စိတ်ပါလက်ပါရယ်ပြီး ပြော လိုက်သည် “ဂျူနီယာညီမလေး မြန်မြန်ဝင်သွားပြီး အံ့ဖွယ်ဆေးကိုယူလိုက်”

ရှီမာယူယူသည် ဟိန်းသံလေးကို ဆင့်ခေါ်ကာ ပေါင်းစပ်ပြီးသည်နှင့် ဝိညာဉ်အတားအဆီးထဲသို့ ဝင်ပြီး ဂူထဲသို့ဝင်သွားလိုက်သည်။

သူမသည် ကျောက်စင်ဆီသို့လာပြီး ကျောက်တုံးအက်ကြောင်းများ အကြားတွင် ပေါက်နေသော အံ့ဖွယ်ဆေးကို စိတ်အားထက်သန်စွာကြည့်လိုက် သည်။

နှစ်ပေါင်းများစွာကြာပြီး နောက်ဆုံးတွင် သူမသည် ဖခင်ဖြစ်သူ ပြန် တည်ဆောက်ရေးအတွက် ကူညီပေးနိုင်တော့မည်။

သူမသည် အံ့ဖွယ်ဆေးကို ပျော်ရွှင်စွာဖြင့် နှုတ်ယူပြီး ကျောက်စိမ်းပုလင်း ထဲသို့ထည့်လိုက်သည်။ သူမ ရှေ့သို့လှမ်းလိုက်သည့်နှင့် တစ်စုံတစ်ရာ မနားတမ်းလှုပ်နေသည့်အသံကို ကြားလိုက်ရသည်။

“ဘာလဲ”

“အံ့ဖွယ်ဆေးပင် ဝိညာဉ်အတားအဆီးထဲကထွက်သွားပြီဆိုတာကို အဲလူ တွေသိကုန်ပြီလို့ ပျားတွေပြောတယ်” ရှီမာယူယူ ဆက်ပြောလေသည် “ပြဿနာမဖြစ်အောင် အဖေ့ကိုဆေးပေးထားတာ ပိုကောင်းမယ်”

“အဲလူတွေရဲ့ စွမ်းအားနဲ့ဆိုရင် အံ့ဖွယ်ဆေးပျောက်တာကို သိတာနဲ့ ဒီကို ရောက်လာဖို့က အသက်တစ်ရှုစာပဲကြာမှာ အဲဒါကြောင့် အံ့ဖွယ်‌ဆေးကို အရင် သုံးထားလိုက်ရင် ပြောမရတော့ဘူး”

သူမတွေးလိုက်သည်နှင့် ရွှမ်လျူရွှမ်သည် ဝိညာဉ်စေတီမှထွက်လာသည်။

“အဖေ ဒါကပြန်လည်မွေးဖွားခြင်းမီးတောက်ပဲ ဒါကဇာမဏီနိဗ္ဗာန်မီး ဒီဆေးတွေက သမီးအဖေ့ကျန်းမာရေးအတွက် သန့်စင်ထားတဲ့ဆေးတွေ ဒါတွေ ကို အရင်စားလိုက်ဦး” ရှီမာယူယူသည် ဆေးများကိုပေးလိုက်သည်။

ရှီလာလျူရွှမ်သည် သူမမျက်လုံးများ တောက်ပနေသည်ကို မြင်သည်နှင့် မစွန့်စားရန် ပြောမထွက်ပေ။ သူ၏ သမီးဖြစ်သူသည် ထိုဆေးများရရန် အခက် အခဲများစွာတွေ့ခဲ့သဖြင့် သူမကို စိတ်မပျက်စေလိုပေ။

သူသည် ရှီမာယူယူ ဆေးပေးသည်နှင့် သောက်လိုက်ပြီးနာရီဝက်အကြာ တွင် သက်ရောက်မှုပြလာသည်။

“အဖေ ဒါကကျော်ဖြတ်ဖို့ ခက်လိမ့်မယ် အဖေတောင့်ခံရမယ်”

ရှီမာယူယူ ပြောပြီးနောက်တွင် ရှီမာလျူရွှမ်သည် ကြမ်းပေါ်လဲကျသွား ကာ နာကျင်မှုကြောင့် လှိမ့်နေသည်။ တောင့်မခံနိုင်လောက်စရာပဲ။

“အဖေ…” ရှီမာယူယူသည် သူ့ဆီသို့ပြေးသွားပြီး ရှီမာလျူရွှမ်အား ထူ ကာ နာကျင်မှုသက်သာစေရန် သူ့ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်စွမ်းအင်ထည့်ပေး လိုက်သည်။

“ငါလုပ်မယ်” ကြက်သွေးရောင်မီးတောက်သည် သူမ ဘေးတွင်ပေါ်လာ သည် “ချင်ယိ ရှောင်ချီနဲ့ ငါတို့ သူ့ကိုဂရုစိုက်ထားလိုက်မယ် မင်း ခဏတော့ အချိန်ဆွဲထားပေးဦး မဟုတ်ရင် ငါ ထွက်တိုက်ခိုက်နိုင်မှာမဟုတ်ဘူး”

ရှီမာယူယူသည် ခံစားမိသည်။ ရှီမာလျူရွှမ် ဆေးသောက်လိုက်သည့် အချိန်တွင် ရွှမ်ချုံးမျိုးနွယ်မှ သတင်းရပြီးဖြစ်ကာ ဂူအပြင်တွင် လူရောက်လာ မည်မှာ အချိန်တစ်ခုပင်ကြာမည်။ သူတို့အကြားတွင်ထူထဲပြီး လေးလံသည့် ကျောက်တံခါးခြားထားသည့်အတိုင်အောင် သူတို့၏ လူသတ်နိုင်မည့် ရောင်ဝါ များကို သူမ ခံစားမိသည်။

***

All Chapters