← Chapters

အခန်း (၁၁၉)

Vol. 9 Ch. 119

အခန်း (၁၁၉)

Vol. 9 Ch. 119

"မြောင်!" ဒါက ချိုးချိုးရဲ့ မြောင်သံဖြစ်သည်။

အသံနောက် လိုက်ကြည့်လိုက်တော့ မနီးမဝေးတဲ့ ကြမ်းပြင်ကနေ မျက်နှာကျက်အထိရှိတဲ့ ပြတင်းပေါက်ရှေ့တွင် လဲလျောင်းနေတဲ့ ကြောင်လေးကို စုန့်အာ့နန်တွေ့လိုက်ရသည်။

သူမလည်းအမြန်သွားကာ ချိုးချိုးကိုကောက်ချီလိုက်သည်။

"ချိုးချိုး ငါ့ကိုလွမ်းနေလား? ငါတော့အရမ်းလွမ်းနေတာ! နင်ကဒီမှာ အေးအေးဆေးဆေး နေနေ‌တယ်ပေါ့လေ"

"မြောင်!"

ဒါနဲ့ဘဲ၊ လူတစ်ယောက်နဲ့ ကြောင်တစ်ကောင်က စကားစမြည်ပြောတဲ့ မုဒ်ထဲဝင်သွားပြီး စုန့်အာ့နန်ရဲ့ အစပိုင်းက မရင်းနှီးတဲ့ပတ်ဝန်းကျင်ထဲက အဆင်မပြေမှုတွေဟာလည်း ချက်ချင်းပျောက်ကွယ်သွားသည်။

ညနေ ၅ နာရီ၊ scene တစ်ခုရိုက်ပြီးသွားတဲ့ ရိုက်ကူးရေးနေရာတွင်

ဒါရိုက်တာက ရောက်လာပြီး ဖေးခွမ် ရဲ့ ပခုံးကို ပုတ်လိုက်သည်။ "ကောင်းပြီ ဒီနေ့ မင်းရဲ့ မွေးနေ့မို့ ငါ မင်းကို အလုပ် စောစော အပြီးသတ်ပေးလိုက်မယ်"

ဖေးခွမ်လည်း မငြင်းဘဲ ဒါရိုက်တာကို ကျေးဇူးတင်လိုက်သည်။ သူက နားနေခန်းတွင် မိတ်ကပ်တွေနဲ့အဝတ်တွေ အမြန်လဲလိုက်ပြီး ထွက်သွားဖို့ အလျင်လိုနေသည်။

စုန့်အာ့နန်က ဟိုတယ်မှာ စောင့်နေတဲ့အကြောင်း စဉ်းစားကြည့်လိုက်တာနဲ့ သူ့ရင်ထဲမှ အပြေးအလွှား ပြန်သွားချင်တဲ့ ခံစားချက်ဟာ ဒါပထမဆုံးပင်။ သူက အဲ့ဒီနေ့မွန်းလွဲပိုင်းမှာ ထိန်းထားပြီး အားလပ်ချိန်တောင်းဖို့ အကြိမ်ကြိမ် စစ်ကြည့်လိုက်သေးသည်။

ဖေးခွမ် ဟိုတယ်ကိုပြန်ရောက်တဲ့အခါ စုန့်အာ့နန်က ကြောင်ကစားတဲ့ တုတ်တံကို သုံးကာ ဆိုဖာပေါ်တွင် ချိုးချိုးနဲ့အတူကစားနေသည်။

တံခါးဖွင့်သံကြားလို့ သူမ ချက်ချင်းလှည့်ကြည့်လိုက်တော့ ဘယ်သူလဲဆိုတာ မြင်တော့ တုတ်ကိုချလိုက်ပြီး ပြေးလာသည်။

"အစောကြီးပြန်ရောက်လာတာလား?" စုန့်အာ့နန် အံ့သြစွာနဲ့မေးလိုက်သည်။

ဖေးခွမ်က သူမနဖူးလေးကိုပုတ်လိုက်ပြီး "မေးစရာလိုသေးလို့လား?"

သူ အရမ်းလွမ်းနေရတဲ့သူက ဒီမှာရှိနေမှတော့ သူ့မှာအလုပ်ထဲ ဘယ်လိုလုပ်စိတ်ရောက်နိုင်တော့မှာဘဲ။

ဒါကြောင့် စုန့်အာ့နန်ကို တွေ့ပြီးတာနဲ့ သူ့ရဲ့ဒီနေ့ရိုက်ရမယ့် scene ကိုတတ်နိုင်သမျှ ရွှေ့ပေးပြီးအလုပ်မြန်မြန်အပြီးသတ်ဖို့ မျှော်လင့်ကာ ဒါရိုက်တာနဲ့ သွားဆွေးနွေးခဲ့သည်။

"ဒီကို မင်းတစ်ယောက်တည်းရောက်လာတာ ကိုယ်စိတ်ပူနေမှာ မသိဘူးလား?"

စုန့်အာ့နန် တွေးလိုက်မိသည်။ ဘာကို စိတ်ပူစရာရှိလို့လဲ?သူမက ကလေးမှမဟုတ်တာ။

သို့ပေမယ့် အရင်က စုန့်လင်းချွမ် ဥပမာအနေနဲ့ ဒီစကားလုံးတွေက အဓိပ္ပါယ်မရှိမှန်း သူမသိသည်။

ဘာဘဲဖြစ်ဖြစ် ဖေးခွမ်က စုန့်လင်းချွမ်နဲ့ အတူတူပင်။ နှစ်ယောက်စလုံးက သူမကို တုံးအပြီး လိမ်ဖို့ လွယ်တယ်လို့ ထင်ကြပြီး သူမက လေဆိပ်မှာ ပြန်ပေးဆွဲခံရမယ့် သူလိုပင်။

ဒါပေမယ့် အခုအချိန်မှာတော့ စုန့်အာ့နန်က အရမ်းလိမ္မာရေးခြားရှိနေပြီး ဘာမှပြန်မပြော‌တော့ပေ။ ဒီအကြောင်းကြောင့်သာမဟုတ်ဘဲ အဓိကအားဖြင့် သူမလည်း နည်းနည်းအပြစ်ရှိသလို ခံစားရတာကြောင့်ပင်။

အဲ့ဒီနေ့မွန်းလွဲပိုင်း အခန်းထဲ သူမတစ်ယောက်တည်း ရှိနေတဲ့အချိန် နည်းနည်တွေးမိလိုက်သည်။

ဒီနေ့မှာ ဖန်အများအပြားနဲ့ရိုက်ကူးရေး အဖွဲ့သားတွေနဲ့ဆို သူမသာ သတိမထားဘဲမှတ်မိခံလိုက်ရရင် ဖေးခွမ်ကို ဒုက္ခပေးမိမှာ သေချာပေါက်ပင်။

ဟင်းး၊ ကြည့်ရတာ သူမမှာ surprise ဖန်တီးနိုင်တဲ့ အရည်အချင်း တကယ်မရှိဘူးဘဲ။

စုန့်အာ့နန်က ဖေးခွမ်ရဲ့ခါးကို ဖက်လိုက်ပြီး "စိတ်ဆိုးနေတာလား?"

ဖေးခွမ်က ဘယ်လိုလုပ်စိတ်ဆိုးနိုင်ရမှာလဲ၊ ဒီနေ့ စုန့်အာ့နန် ရောက်လာတာနဲ့တင် သူ အရမ်းပျော်နေရပြီးကို။

ကလေးမလေး စိတ်ပူနေတဲ့ ပြဿနာတွေ အတွက်ကတော့ အဲဒါတွေက သူ့အတွေးထဲမှတောင်မရှိပေ။

ဒါပေမယ့် ကလေးမလေးရဲ့ သူဘယ်လိုတုံ့ပြန်လာမလဲဆိုတာ ကြည့်ရင်း သတိထားနေတဲ့ပုံစံကိုမြင်တော့ သူခဏလောက်စိတ်ဆိုးချင်သွားသည်။

ဖေးခွမ်က ချောင်းနည်းနည်းဟန့်ကာ ပြောလိုက်သည်။ "နည်းနည်း"

စုန့်အာ့နန်က "အိုး" လို့ဆိုလိုက်သည်။ နည်းနည်းပဲတဲ့ အဆင်ပြေပါတယ်။

သူ့ကို ချော့ရတာ တော်တော်လွယ်မယ့်ပုံဘဲ။

စုန့်လင်းချွမ်နဲ့ သူမရဲ့ယောင်းမကို ချော့ခဲ့ရတဲ့အတွေ့အကြုံအရ စုန့်အာ့နန်က ချက်ချင်းဘဲဗျူဟာတစ်ခုဆွဲလိုက်သည်။

သူမက ဖေးခွမ်ရဲ့လက်ကိုဆွဲကိုင်လှုပ်ယမ်းလိုက်ကာ အသံတိုးတိုးလေးနဲ့ နူးနူးညံ့ညံ့ပြောလိုက်သည်။ "တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားတယ်၊ စိတ်မဆိုးပါနဲ့နော်?"

ဖေးခွမ်က ဒါကို ဘယ်လိုလုပ် ခံနိုင်ရည်ရှိမှာလဲ? သူ့ရင်ထဲမှာ ချက်ချင်း ပျော့ပျောင်းသွားပေမယ့် ကံကောင်းထောက်မစွာနဲ့ သူရဲ့ အပြင်ပိုင်း အမူအရာကတော့ တည်ငြိမ်နေဆဲပင်။

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်သည်။ ဒါက သူ့ကို ချော့နေတာ မဟုတ်ဘူးလား?

သူမက စိတ်အားထက်သန်စွာနဲ့ ဖေးခွမ်ကို မော့ကြည့်လိုက်ပြီး ရုတ်တရက် ခြေဖျားထောက်ကာ သူ့ကိုလှမ်းနမ်းလိုက်သည်။

သူ့နှုတ်ခမ်းပေါ်က နွေးထွေးမှုကို ခံစားလိုက်ရတော့ ဖေးခွမ်တစ်ယောက် မျက်ခုံးကို အသာအယာ ပင့်လိုက်သည်။ "ဘာလုပ်နေတာလဲ?"

စုန့်အာ့နန်က သူ့ကို ပြုံးပြုံးရွှင်ရွှင်နဲ့ ပြုံးပြလိုက်ပြီး "ရှင့်ကိုချော့နေတာလေ"

ဖေးခွမ်က "အိုး" လို့ဆိုလိုက်ပြီး သူ့အကြည့်တွေက မသိစိတ်ကနေ ပိုပိုပြီးနက်ရှိုင်းလာသည် ။ " ကိုယ့်ကိုချော့နေတယ်ပေါ့ ဟမ်၊ ဒါက မလုံလောက်ဘူးနော်"

စုန့်အာ့နန်မှာ တုံ့ပြန်ဖို့ နည်းနည်း နှေးသွားပြီး သူမက"အာ" လို့ဆိုကာ မသိစိတ်ကနေ မေးလိုက်သည်။ "ဒါဆို ဘယ်လိုက လုံလောက်တာလဲ?"

ဖေးခွမ်ရဲ့ Adam's apple ကလှုပ်ရှားသွားပြီး ရုတ်တရက်ခေါင်းငုံ့လာကာ သူမကို အုပ်မိုးလိုက်သည်။

သူက သူမရဲ့ နူးညံ့သည့် အောက်နှုတ်ခမ်းကို ထိလိုက်ပြီး ညင်ညင်သာသာဖိလိုက်ကာ သူ့ရဲ့လျှာကသူမနှုတ်ခမ်းကို ထိုးဖွင့်လိုက်ပြီး ပါးစပ်ထဲဝင်သွားသည်။

တစ်ယောက်နဲ့တစ်ယောက် နှုတ်ခမ်းတွေနဲ့ သွားတွေက ထိကပ်နေကြပြီး ပူလောင်ပြင်းပြတဲ့ အသက်ရှုသံတွေက ရောထွေးနေသည်။

ခဏအကြာ၊ ဖေးခွမ်ရဲ့ sexy ကျတဲ့ အသံခပ်တိုးတိုးက သူမ နားနားမှာထွက်လာခဲ့သည်။

"ကောင်းကောင်းလုပ်၊ ဒါမှချော့တယ်လို့ခေါ်တာ"

စုန့်အာ့နန်က သူမရဲ့ Teddy ဝက်ဝံလေးနဲ့ဆိုဖာပေါ်ထိုင်နေကာ မျက်လုံးတွေကတော့ တစ်ခန်းလုံးလှည့်ပတ်ကြည့်နေပြီး ဖေးခွမ်ကို ရည်ရွယ်ချက်ရှိရှိရှောင်နေသည်။

သူမရဲ့ပျာယာခတ်နေတဲ့ အခြေအနေကို မြင်လိုက်ရတော့ ဖေးခွမ်ရဲ့မျက်လုံးတွေက ရယ်ချင်တာကို ထိန်းထားရသလိုမျိုး ရွှင်မြူးရိပ်သန်းနေပြီး ပြောလိုက်သည်။ "ရေဆာလား? ကိုယ် မင်းကို ရေတစ်ဘူးယူပေးမယ်"

ဖေးခွမ် အဝေးကိုရောက်သွားတာနဲ့ နောက်ဆုံးတော့ စုန့်အာ့နန်တစ်ယောက် တောင့်တင်းနေတာတွေ ပြေလျော့သွားသည်။

အစောပိုင်းက မြင်ကွင်းကိုပြန်ဆွေးမိရင်း သူမ မျက်နှာတွေ ထပ်ပြီးနီရဲလာသည်။

သူမတို့ အတူရှိခဲ့ကြကတည်းက သူမတို့ရဲ့အနမ်းတွေက ခဏတစ်ဖြုတ်ထိရုံလောက်ပင်။ ဒီတစ်ခေါက် သူဒီလိုလုပ်လိမ့်မယ်လို့ သူမ မမျှော်လင့်ထားမိပေ.....

သူမရဲ့နှုတ်ခမ်းတွေတွေ ဖွင့်ဟခံလိုက်ရတဲ့အခိုက်အတန့်မှာ စုန့်အာ့နန်တစ်ယောက် လန့်သွားခဲ့ရပြီး သူမရဲ့ကျောရိုးကနေ ဓာတ်လိုက်သွားသလို ဖြစ်သွားပြီး သူမရဲ့အာရုံအားလုံးကို သူမအရှေ့က လူမှသိမ်းပိုက်သွားသည်။

သူမကနေရာမှာဘဲ အေးခဲနေပြီး အရာအားလုံးကို မလှုပ်မယှက်နဲ့ လက်ခံလိုက်ရသည်။

အဆုံးမှာ၊ အသက်ရှူမဝတော့လို့လား ဒါမှမဟုတ် သတိလစ်သွားတာကြောင့်လားမသိ ဘယ်လိုအဆုံးသတ်သွားမှန်း သူမ မသိလိုက်ပေ။

ဖေးခွမ်က ရေနှစ်ဘူးနဲ့ပြန်ရောက်လာပြီး တစ်ဘူးကိုအဖုံးဖွင့်လိုက်ကာ စုန့်အာ့နန်ကိုကမ်းပေးလိုက်သည်။

စုန့်အာ့နန်လည်း ရေတစ်ငုံလောက်သောက်လိုက်သည်။

ဖေးခွမ်က သူမရဲ့ဆံစတွေကို သပ်ပေးနေရင်းနဲ့ တစ်ဖက်မှာလည်း သူမလက်ကို ကိုင်ထားကာ အပြုံးနဲ့မေးလာသည်။ "ကိုယ် မင်းကို လန့်အောင်လုပ်မိသွားလား?"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး သူမကိုယ်ကိုယ်တည်ငြိမ်အောင်လုပ်ကာ ပြောလိုက်သည်။ "ဒါပေါ့ ဘယ်ဟုတ်ပါ့မလဲ၊ ကျွန်မက ဒီတိုင်း...နည်းနည်းရှက်လို့"

ဖေးခွမ်က ရပ်လိုက်ကာ ပြောလိုက်သည်။ "ရှက်တယ်?"

စုန့်အာ့နန်က လေးလေးနက်နက်နဲ့ ခေါင်းညိတ်ပြလိုက်သည်။ "ဟုတ်တယ်၊ ကျွန်မက အဲ့ဒါကို မကြိုက်တာမဟုတ်သလို ငြင်းချင်တာလည်း မဟုတ်ပါဘူး။ ကျွန်မ နားလည်ပါတယ်၊ ကျွန်မတို့က ချစ်သူကောင်လေးနဲ့ ကောင်မလေးဘဲလေ အစောပိုင်းက ဖြစ်ခဲ့တာကပုံမှန်ပါဘဲ"

ဒါကိုပြောပြီးသွားတော့ သူမ ပိုပြီးတော့တောင် ရှက်လာသလိုခံစားလိုက်ရသည်။ သူဘာလို့အရမ်းစပ်စုရတာလဲ?

မကြုံဖူးပေမယ့် သူမက တုံးအ နေတာတော့မဟုတ်ပေ။ ပုံမှန်အားဖြင့် အတွဲတွေကြားက deep kiss တွေကို သူမသိပါသည်။

မသက်မသာ ခံစားရတာကို သူမ နားလည်ပေမယ့် "ငြင်းတယ်" ဆိုတဲ့စကားလုံးကတော့ နည်းနည်းကွာသည်။

ဒါပေမယ့်၊ သူက ထိန်းထိန်းသိမ်းသိမ်း ဂရုတစိုက်နဲ့တော့မေးလာသည်....

အစောပိုင်းက သူမရဲ့ရှောင်နေတဲ့ပုံက သူ့ကို အတွေးလွန်သွားစေသွားတာများလား?

စုန့်အာ့နန်က သူမကိုယ်သူမ တည်တည်ငြိမ်ငြိမ်ဖြစ်အောင်လုပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "ကျွန်မအဆင်မပြေဖြစ်သလို ခံစားရတာတော့မဟုတ်ပါဘူး၊ ဒီတိုင်း.....နည်းနည်းရှက်လို့"

ဖေးခွမ်က တစ်စက္ကန့်လောက် ရပ်သွားပြီး သူ့မျက်ခုံးနဲ့ မျက်လုံးတွေထဲ အလင်းရောင်ဖျော့ဖျော့ပေါ်လာသည်။

သူမက မကြိုက်တာမဟုတ်သလို ငြင်းချင်တာလည်းမဟုတ်ဘူး....

အဲ့ဒါက သူမ နည်းနည်းကြိုက်တယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?

ဖေးခွမ်ထပ်ပြီး ပြောဖို့လုပ်တုန်းမှာဘဲ ကော်ဖီစားပွဲပေါ်က စုန့်အာ့နန်ရဲ့ဖုန်းကမြည်လာခဲ့သည်။

အမည်မသိ ပြည်တွင်းဖုန်းနံပါတ်ကို တွေ့လိုက်ရတော့ သူမလည်း ဘာမှမတွေးနေဘဲ ကိုင်လိုက်သည်။

တစ်ဖက်လူက တစ်ခုခုပြောလိုက်ပြီး စုန့်အာ့နန်ကပြန်ပြောလိုက်သည်။ "ကောင်းပါပြီ၊ လော်ဘီမှာခဏလောက်စောင့်ပေးပါ။ ကျွန်မ လာဆင်းယူပါမယ်။ ကျေးဇူးပါ"

ဖုန်းချပြီးသွားတော့ သူမရဲ့မျက်လုံးတွေက စိတ်လှုပ်ရှားစွာနဲ့ တောက်ပလာသည်။ "ကျွန်မမှာထားတဲ့ မွေးနေ့ကိတ်ရောက်နေပြီ။ အခု သွားဆင်းယူကြမလား?"

ဟိုတယ်ကို ရောက်ပြီးတဲ့နောက် ကိတ်ကို သူမမှာလိုက်တာဖြစ်သည်။ အဲ့ဒါက အရမ်းမြန်မြန်ကြီးရောက်လာလိမ့်မယ်လို့ သူမ မမျှော်လင့်ထားပါချေ။

"မင်းလည်း ကိတ်မှာထားတာလား?" ဖေးခွမ်က အံ့ဩသွားတဲ့ပုံပင်။

စုန့်အာ့နန်လည်း နားမလည်ဖြစ်သွားသည်။ "ဒါပေါ့၊ ရှင့်မွေးနေ့မှာ ကိတ်တော့စားရမယ်လေ"

ဒါကိုပြောပြီးသွားတော့ သူမက မသိစိတ်ကနေ စဉ်းစားမိလိုက်သည်။ "ကျွန်မက ချစ်သူကောင်မလေးတစ်ယောက်အနေနဲ့ အရည်အချင်းမရှိလို့လား?"

ပြီးတော့၊ သူ့မွေးနေ့အတွက် သူမမွေးနေ့ကိတ်မှာတာကို ဘာလို့ အရမ်းအံ့ဩသွားရတာလဲ?

သူမ အထင်လွဲသွားတာကိုမြင်တော့ ဖေးခွမ်က သူမ မေးကိုညှစ်လိုက်ကာ အပြုံးနဲ့ ရှင်းပြလာသည်။ "ကိုယ်က အဲ့လိုပြောချင်တာ မဟုတ်ဘူး၊ ကိုယ်တို့ နေ့လည်ခင်းတုန်းက အတူစားပြီးပြီလို့ တွေးမိလိုက်လို့ပါ"

သူမနဲ့အတူဆိုပေမယ့် ဘာဘဲဖြစ်ဖြစ် သူ့မွေးနေ့ကို သူမလုပ်ချင်သေးသည်။

ဒါကိုကြားတော့၊ စုန့်အာ့နန်က လက်မခံသလို မျက်မှောင်ကြုတ်လိုက်သည်။ "အဲ့ဒါက မတူဘူး"

ဒါပေမယ့် ဘယ်လိုမျိုး မတူဘူးလဲဆိုတာ ကို‌တော့ သူမက မရှင်းပြလာပါချေ။ "ကောင်းပြီ၊ ဒါကို ရှင်နဲ့မဆွေးနွေးတော့ဘူး။ ကျွန်မ အောက်အမြန်ဆင်းရမယ်၊ သူတို့အကြာကြီး ထပ်မစောင့်ခိုင်းစေချင်ဘူး"

သူမ သွားဖို့ထလိုက်တော့ ဖေးခွမ်က သူမကိုတားလာသည်။

"မင်းဆင်းသွားဖို့မလိုပါဘူး၊ လျှိုဟောက်ကို သွားယူခိုင်းလိုက်မယ်"

ဟိုတယ်ရဲ့ တခြားအထပ်ကအခန်းတစ်ခန်းတွင်

ဖေးခွမ်ဆီက ရုတ်တရက် ဖုန်းလက်ခံရရှိတဲ့အချိန်မှာ လျှိုဟောက်က ဆိုဖာပေါ်ထိုင်ကာ ပျင်းပျင်းရိရိနဲ့ဂိမ်းကစားနေတာဖြစ်သည်။

သူချက်ချင်းဘဲ ကိုင်လိုက်ပြီး ဖုန်းပြန်ဖြေလိုက်သည်။ "ဟယ်လို၊ ဖေးကော... ကိတ်သွားယူရမယ်? ကောင်းပါပြီ၊ အခုဘဲ ဆင်းသွားလိုက်မယ်"

လီတုန်က ရေချိုးခန်းထဲကနေထွက်လာကာ မေးလိုက်သည်။ "ဖေးခွမ် ခေါ်တာလား?"

လျှိုဟောက်လည်း ခေါင်းညိတ်ပြလိုက်သည်။ "ဖေးကောက အန်တီလေး သူ့အတွက် မှာထားတဲ့ကိတ်ရောက်နေလို့ လော်ဘီမှာသွားယူပေးဖို့ ပြောတာ"

ဒါကိုပြောပြီးသွားတော့ သူက အားကျသလို တအံ့တဩနဲ့ချီးကျူးလာသည်။ "စနေတာမဟုတ်ဘူး၊ အန်တီလေးက ကျွန်တော်တို့ ဖေးကောကို တကယ့် တူလေးလိုက်ဆံတာဘဲ။ သူက မွေးနေ့ကျင်းပဖို့တောင် လာခဲ့သေးတယ်၊ ရင်ထဲထိစေတဲ့ တူဝရီးချစ်ခြင်းဘဲ!"

လီတုန်က သူ့ကိုတစ်ချက်ကြည့်လိုပြီး ရယ်ချင်နေတဲ့အပြုံးကို ထပ်ပြီးမထိန်းထားနိုင်တော့ချေ။ သူတွေးလိုက်သည်၊ ဒါက ရင်ထဲထိစေတဲ့ တူဝရီးချစ်ခြင်းမဟုတ်ဘူး နေ့စဉ်ဘဝက ကြောင်တောင်တောင်ချစ်သူစုံတွဲတွေဘဲ။

"လျှိုဟောက်၊ ငါ မင်းကိုတရားဝင်အသိပေးစရာတစ်ခုရှိတယ်" လီတုန်က ရုတ်တရက်ပြောလာသည်။

လျှိုဟောက်မှာ အံ့ဩသွားပြီး အသက်ရှူတာတောင်နှေးသွားသည်။ "ဘ-ဘာကိုလဲ?"

တရားဝင်အသိပေးတာ? ဒါက သတင်းကြီးဘဲဖြစ်ရမယ်!

လီတုန်က ချောင်းဖျော့ဖျော့ဟန့်လိုက်ပြီး သူ့ပခုံးကိုလေးလေးနက်နက် ပုတ်လိုက်ကာ "မင်းရဲ့ဖေးကောမှာ ကောင်မလေးရှိနေပြီ"

"ဘာ?!" လျှိုဟောက်ရဲ့မျက်လုံးတွေက ပြူးကျယ်လာပြီး ခုန်လိုက်မိသည်။

"ဖေးကောမှာ ကောင်မလေးရှိတယ်? ဘယ်သူနဲ့လဲ? မဖြစ်နိုင်တာ၊ သူ့ကို ဘယ်သရုပ်‌ဆောင်နဲ့မှလည်း သတိမထားမိ...."

လမတစ်ဝက်မှာ လျှိုဟောက်က တစ်ခုခုကို သဘောပေါက်သွားပုံရကာ သူ့သူငယ်အိမ်တွေက ထပ်ပြီး တုန်လှုပ်သွားသည်။

"အန်တီလေးလို့တော့..... မပြောနဲ့နော်?"

လီတုန်က တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေပြီး ဘာမှမပြောလာပေမယ့် သူ့အမူအရာကတော့ အကုန်လုံးကိုပြောပြနေသည်။

လျှိုဟောက်မှာ အံ့ဩသွားရသည်။ အချိန်အတော်ကြာပြီးနောက်မှာ၊ စိတ်လှုပ်ရှားသလို ခေါင်းကုတ်လိုက်ပြီး သူ့ပုံစံက တစ်ခုခုပြောချင်နေသလိုပင်။

"ကောင်းပြီ၊ ငေးနေတာရပ်ပြီး ကိတ်သွားယူလိုက်ဦး" လီတုန်က သူ့ကိုတွန်းလိုက်သည်။ "အဲ့ဒါက မင်းကောကောင်မလေးရဲ့ အချစ်ကိတ်ဘဲ၊ မနှေးနေနဲ့ မဟုတ်ရင် ဖေးကောဆီက အပြစ်ပြောခံထိနေဦးမယ်"

လျှိုဟောက်မှာ ဖေးခွမ်ရဲ့အခန်းအပြင်ဘက်မှာ ကိတ်ကိုကိုင်ရင်း ရပ်နေပေမယ့် မိန်းမောနေတုန်းပင်။

ဖေးခွမ်က တံခါးဖွင့်လိုက်သည်။ "ဝင်လာလေ"

"အိုး" လျှိုဟောက်က ဝင်လိုက်ပြီး ကိတ်ကိုကမ်းပေးလိုက်သည်။ " ဖေး-ဖေးကော၊ ကောရဲ့ကိတ်"

သူ့ရဲ့ ပုံမှန်မဟုတ်နေတဲ့ အမူအရာကို ဖေးခွမ်က သတိမထားမိဘဲ ကိတ်ကိုယူလိုက်သည်။ "ငါညစာလည်းမှာထားသေးတယ်၊ ရရင် မင်းနံပါတ်ကို ဆက်လိမ့်မယ်"

လျှိုဟောက်က စက်ရုပ်လိုခေါင်းညိတ်လိုက်သည်။ "....ကောင်းပါပြီ"

နောက်ဆုံးတော့ တစ်ခုခုမှားနေမှန်း ဖေးခွမ်သတိပြုမိလိုက်သည်။ "ဘာဖြစ်လို့လဲ?"

လျှိုဟောက်က ခေါင်းကုတ်လိုက်ပြီး "ဘာမှမဖြစ်ပါဘူး၊ ဒီတိုင်း ကောနဲ့ အန်တီလေးအကြောင်း လီကောပြောပြတာကို စဉ်းစားမိနေလို့ပါ"

အဲ့ဒီအချိန် စုန့်အာ့နန်ကလည်း ရောက်လာသည်။ ဖေးခွမ်က သူ့လက်ကို သူမပခုံးပေါ်တင်လိုက်ပြီး ဘဝခိုက်သလိုပြုံးလိုက်သည်။

"ဘာဖြစ်တာလဲလို့? ငါ့ကောင်မလေးနဲ့ မင်းကိုတရားဝင်မိတ်ဆက်ပေးပါရစေ"

လျိုဟောက် နှုတ်ခမ်းမဲ့သွားသည်။

အခုတော့ သူ့ဖေးကောက ကြွားဝါနေတဲ့ ဒေါင်းတစ်ကောင်လိုဘဲ!

စုန့်အာ့နန် ဝယ်ခဲ့တဲ့ ကိတ်က သိပ်မကြီး‌ပေ။ အလျင်လိုနေခဲ့တာကြောင့် သူမကိတ်ကို စိတ်ကြိုက်မလုပ်နိုင်ခဲ့ဘဲ ဆိုင်က သာမာန်တစ်လုံးကိုဘဲ မှာလိုက်ရသည်။

ခဏနေတော့၊ လျှိုဟောက်က ဖေးခွမ်မှာထားတဲ့ညစာကိုယူလာသည်။

သူက လီတုန်နဲ့ လျှိုဟောက်တို့အတွက်ပါ အပါအဝင်လူလေးယောက်စာမှာထားသည်။

ဒါပေမယ့် သူတို့နှစ်ယောက်က အပိုမီးသီးတွေမဖြစ်ချင်ဘူးလို့ အခိုင်အမာဆိုလာကြသည်။သူတို့ရဲ့ဝေစုကိုယူကာ သူတို့စုံတွဲကိုနေရာပေးဖို့ သူတို့အခန်းဆီဘဲ ပြန်သွားလိုက်သည်။

သူတို့ သွားတော့ ဖေးခွမ် သေချာပေါက်ပျော်တာပေါ့။ ဒါပေမယ့် စုန့်အာ့နန်ကတော့ ပွင့်ပွင့်လင်းလင်း အစခံရတာကြောင့် အဆင်မပြေနေပါချေ။ ဒါကို သူမ ပထမဆုံးကြုံဖူးတာပင်။

All Chapters