← Chapters

အခန်း (၁၀၉)

Vol. 9 Ch. 109

အခန်း (၁၀၉)

Vol. 9 Ch. 109

သူမရဲ့ တုံ့ပြန်မှုကို မြင်လိုက်ရတော့ ဖေးခွမ်ရင်ထဲမှာ အရမ်း တုန်လှုပ်သွားသည်။

လွန်ခဲ့တဲ့ ရက်အနည်းငယ်က စိုးရိမ်ပူပန်မှုများနှင့် မကျေနပ်မှုများ အားလုံးဟာ အခုအချိန်မှာတော့ အထွတ်အထိပ်ကို ရောက်နေပြီဖြစ်သည်။

ဖေးခွမ်မှာ အပြင်ပန်းတွင် တည်ငြိမ် ဟန်ဆောင်နေပေမယ့် စိတ်ထဲမှာ‌တော့ တင်းမာမှုနှင့်အတူ အသက်ရှူမဝဖြစ်နေတာ အတော်ကြာနေပြီဖြစ်သည်။ သို့ပေမယ့် မြှားက လေးညှိ့ပေါ်မှာရှိနေပြီဖြစ်တာကြောင့် လွှတ်ရန်မှတပါး ရွေးချယ်စရာမရှိပေ။

"အာ့နန်၊ ဒါက မင်းအတွက် နည်းနည်း ရုတ်တရတ်ဆန် မယ်ဆိုတာ ကိုယ်သိပါတယ်၊ ဒါပေမယ့် မင်းကိုယ့်ကို သဘောမကျသေးရင်တောင် ကိုယ့်ကို အရင်လိုက်ခွင့်ပေးပါလား?"

စုန့်အာ့နန်မှာ ခဏလောက် ကြောင်အသွားသည်။ "ကျွန်မကိုလိုက်မလို့?"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ခေါင်းညိတ်ပြလိုက်ပြီး "မင်းကို သဘောကျတာက ကိုယ့်ကိစ္စပဲ၊ မင်းက ဝန်ထုပ်ဝန်ပိုးလို့မခံစားပါနဲ့ တခြားဘာမှ စဉ်းစားနေစရာ မလိုဘူး"

"ဒီဖြစ်ရပ်မှာ မင်းအဆင်မပြေတာရှိရင် ငြင်းလို့ရတယ်။ မင်းကိုယ့်ကို သဘောမကျနိုင်ဘူးလို့ ထင်ရင်လည်း အဆင်ပြေပါတယ်၊ မင်းအချိန်မရွေး ပြောလို့ရတယ်"

ပြောပြီးတာနဲ့ သူက စုန့်အာ့နန်ကို တိတ်တဆိတ်ကြည့်လိုက်တော့ သူ့မျက်လုံးတွေထဲတွင် မျှော်လင့်ချက်အရိပ်အယောင်နဲ့ တောင်းပန်လိုတဲ့ အရိပ်အယောင်တွေက သိသာလှသည်။

စုန့်အာ့နန်မှာ ရင်ထဲတွင် နည်းနည်းနာကျင်သလိုခံစားလိုက်ရသည်။

သူမက စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ "ရှင် ကျွန်မကို တကယ်သဘောကျတာ သေချာရဲ့လား?"

ဖေးခွမ်ရဲ့ အကြည့်က ခိုင်မာနေသည်။ "သိပ်သေချာတာပေါ့"

ဒါက သူ့ဘဝရဲ့ သံသယမရှိ အသေချာဆုံးသော အရာဖြစ်သည်။

စုန့်အာ့နန်မှာ ခဏလောက် အံ့အားသင့်သွားပြီး သူမမှာ သူ့မျက်လုံးထဲက အလင်းရောင်ကြောင့် လောင်ကျွမ်းလုမတတ်ပင်။ သူ့အကြည့်တွေကို သူမ မသိစိတ်ကနေ ရှောင်လိုက်သည်။

ဘာကြောင့်မှန်း သူမ မသိပေမယ့် ရုတ်တရက် နည်းနည်း စိတ်ရှုပ်လာကာ စိုးရိမ်တကြီးနဲ့ အော်ပြောလိုက်မိသည်။ “ဒါပေမယ့် ရှင်က ကျွန်မကို အကြီးတစ်ယောက်လိုဘဲ ဆက်ဆံမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား?"

ဖေးခွမ်မှာ ကြောင်သွားပြီး မနေနိုင်ဘဲ ရယ်လိုက်မိသည်။

ဒါက ဒီတိုင်းပြောလိုက်တာ ဖြစ်ပေမဲ့ ဒီကောင်မလေး အဲဒါကို မှတ်မိနေသေးသည်။

တကယ်တော့ ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ စုန့်အာ့နန်ကိုယ်တိုင်လည်း အရမ်းစိတ်ပျက်မိသွားပေမယ့် စကားကထွက်သွားပြီးမှတော့ ပြန်ရုတ်သိမ်းလို့မရတော့တဲ့အတွက် သူမမှာ တင်းမာဟန်သာ ဆောင်လိုက်ရတော့သည်။

ရုတ်တရက် လေထုက ပေါ့ပါးလာသည်။

ဖေးခွမ်ရဲ့ရင်ထဲက တင်းမာမှုတွေဟာလည်း အနည်းငယ် လျော့ပါးသွားသည်။ ဒီကောင်မလေးရဲ့ တုံ့ပြန်မှုကို ကြည့်ရင် အနည်းဆုံးတော့ သူမ သူ့ကို တိုက်ရိုက် မငြင်းပါချေ။

ဆိုလိုတာက သူ့မှာအခွင့်ရေးရှိသေးသည်။

"ဒါဆို... ကိုယ် ဒီတစ်ခေါက် မရိုမသေ လုပ်လို့ရမလား?" သူက အစမ်းသဘောနဲ့မေးလိုက်သည်။

စုန့်အာ့နန်က လက်ခံသည်လည်းမပြော လက်မခံသည်လည်းမပြောဘဲ သူ့ကို တိတ်ဆိတ် ကြည့်နေသည်။

အချိန်အတော်ကြာပြီးတဲ့နောက်မှာ သူမက ခေါင်းနည်းနည်းညိတ်ပြလိုက်ပြီး မျက်နှာနီရဲလာကာ တိုးတိုးလေးပြောလာသည်။

"ဒါဆို ကျွန်မလည်း အကြီးကိုမလေးမစားလုပ်မယ်၊ ဒီတစ်ခါပဲ!"

အကြီးကို မလေးမစား လုပ်မယ်?

ဖေးခွမ်မှာ စုန့်အာ့နန်ရဲ့ နီမြန်းနေတဲ့ မျက်နှာကို ကြည့်ပြီး ပထမတော့ အံ့အားသင့်သွားကာ နောက်တော့ မနေနိုင်ဘဲရယ်မိတော့သည်။

ဒီကလေးမလေးက အရမ်း ချစ်စရာကောင်းတာပဲ။

စုန့်အာ့နန်က အစပိုင်းမှာ နည်းနည်း ရှက်နေပေမယ့် ဖေးခွမ်ရယ်နေတာကို မြင်တော့ သူမ ချက်ချင်းဘဲ မပျော်မရွှင်ဖြစ်သွားရသည်။

ဘာအရမ်းရယ်ရလို့လဲ? သူပဲ မရိုမသေလုပ်မယ်လို့ပြောတာ သူမရော မလေးမစားလုပ်မယ်လို့ ပြောလို့မရဘူးလား?

သူမက ဒေါသတကြီးနဲ့ ပြောလိုက်သည်။ "ဘာရယ်တာလဲ?"

ဖေးခွမ်ရဲ့အသက်ရှင်လိုစိတ်က ချက်ချင်းထွက်လာသည်။ "ဘာမှမဟုတ်ပါဘူး၊ ကိုယ်အရမ်းပျော်လို့ပါ"

စုန့်အာ့နန်က ဟမ့် ခနဲလုပ်လိုက်ပြီး တစ်ဖက်ကိုလှည့်လိုက်သည်။

ဖေးခွမ်က ရယ်နေရင်းနဲ့ သူမဘက်ကို ရောက်လာကာ သူမနဲ့နီးနီးကပ်ကပ် ထိုင်လိုက်သည်။ "ကိုယ်သဘောမပေါက်လိုက်လို့၊ မင်းအခုလေးတင် ကိုယ့်ကိုလိုက်ခွင့်ပေးလိုက်တာလား?"

စုန့်အာ့နန်မှာ ခဏလောက် အံ့အားသင့်သွားသည်။ သူမ သူ့ကို ရှင်းရှင်းလင်းလင်း မဖော်ပြခဲ့မိဘူးလား?

သူမက ခေါင်းယမ်းပြီး "မဟုတ်ဘူး" လို့ ပြန်ဖြေလိုက်သည်။

ဖေးခွမ်ရဲ့မျက်နှာပေါ်က အပြုံးမှာ ချက်ချင်းအေးခဲသွားသည်။ သူက မရေရာစွာနဲ့မေးလိုက်သည်။ “ဒါဆို မင်းဘာကို ဆိုလိုတာလဲ?”

စုန့်အာ့နန်က စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းသွားပြီး စိတ်အထက်သန်စွာနဲ့ မေးလိုက်သည်။ "ခုနတုန်းက ဖွင့်ပြောလိုက်တာလား?"

ဖေးခွမ် က သူမ ဘာကိုဆိုလိုလဲဆိုတာ နားမလည်ပေမယ့် ရိုးရိုးသားသား ခေါင်းညိတ်ပြလိုက်သည်။

စုန့်အာ့နန်က စိတ်ကျေနပ်သလို ကြည့်လိုက်ပြီး "အဲဒါက ဖွင့်ပြောတာ ဆိုရင် ကျွန်မ ရှင်နဲ့တွဲဖို့ သဘောတူတယ်"

"ကျွန်မကို လိုက်ဖို့မလိုဘူး"

အခြားသူတွေအနေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ဘယ်လိုဆုံးဖြတ်ကြလဲဆိုတာ စုန့်အာ့နန်မသိပေမယ့် သူမရဲ့အမြင်အရ ဖေးခွမ်က သူမကို သဘောကျပြီး သူမဘက်ကလည်း ဖေးခွမ်ကို သဘောကျသည်။ ဒါက လုံလောက်ပြီဖြစ်သည်။

သူ သူမကိုလိုက်သည်ဖြစ်စေ မလိုက်သည်ဖြစ်စေ၊ ဘယ်သူက ဘယ်သူ့ကိုလိုက်သည်ဖြစ်စေ အရေးမကြီးပါချေ။

စုန့်အာ့နန်ရဲ့စကားကိုကြားတော့ ဖေးခွမ်မှာ အံ့အားသင့်သွားသည်။ သတိပြန်ဝင်လာတဲ့အခါ သူ့ရင်ထဲမှာ ရှုပ်ထွေးတဲ့ ခံစားချက်တွေ ပြည့်နှက်နေသည်။

သံသယမရှိစွာပင်၊ သူ ဆေးရုံက အပြေးအလွှား ပြန်လာဖို့ စိတ်စောနေရတဲ့ အကြောင်းရင်းက သူ မစောင့်နိုင်တော့လို့ပင်။

ဒါပေမယ့် ဒဏ်ရာတွေနဲ့ ဒီကိုသူရောက်လာတာက ဒီကောင်မလေး သူ့ကိုသနားသွားပြီး မငြင်းနိုင်အောင်လို့ပင်။

သူမက စိတ်ပျော့တတ်ပြီး သူ့ကိုတိုက်ရိုက်မငြင်းနိုင်တာကြောင့် သူ့ကိုလိုက်ဖို့ အခွင့်အရေး ပေးလိမ့်မည်ပင်။

ဖေးခွမ် သူ့ဘာသာ ခါးသက်စွာနဲ့ ပြုံးလိုက်သည်။ ကြည့်ပါဦး၊ သူက ဘယ်တုန်းကမှ စိတ်ထားကောင်းတဲ့သူမဟုတ်ဘူး။

ဒါပေမယ့် စုန့်အာ့နန်က တိုက်ရိုက်သဘောတူလာလိမ့်မယ်လို့ သူဘယ်တုန်းကမှ မမျှော်လင့်ထားတာဖြစ်သည်။

စုန့်အာ့နန်ရဲ့ ဖြူစင်ပြီး အန္တရာယ်မရှိတဲ့ အသွင်အပြင်ကို ကြည့်ရင်း ဖေးခွမ် စိတ်ထဲကနေ သက်ပြင်း မချဘဲမနေနိုင်ပေ။

စုန့်လင်းချွမ်နဲ့ သူ သူငယ်ချင်းကောင်းတွေ ဖြစ်လာရတဲ့ အဓိက အကြောင်းအရင်းကတော့ စုန့်လင်းချွမ် ပိုင်ဆိုင်တဲ့ ရိုးရှင်းမှုကြောင့်ပင်။

ဒါပေမယ့် စုန့်အာ့နန်နဲ့တွေ့ပြီးနောက်မှာတော့ သူမရဲ့ ဖြူစင်မှုက ပိုလို့တောင်မှ ဖြူစင်နေတာကို သူသဘောပေါက်ခဲ့ရသည်။

သူမရဲ့ ဖြူစင်မှုက သူ့ကို ရှက်ရွံ့စေပေမယ့် သူမနဲ့ နီးချင်တာကို သူ မတတ်နိုင်ပေ။ သူမဘေးမှာရှိနေရင် တစ်ကမ္ဘာလုံးက လှပနေသလို၊ သူ့ကို စွဲစွဲမြဲမြဲနဲ့ စွဲလန်းနေစေသည်။

ဖေးခွမ်အနေနဲ့ သူက လူကောင်းမဟုတ်ကြောင်း အမြဲတမ်းသိသည်။ ဖျော်ဖြေရေးနယ်ပယ်က စကားလုံးတွေကိုသုံးရရင် သူဟာ ပြုံးနေတဲ့ကျား၊ အဆိုးဆုံးကတော့ ပါးနပ်ကာ တွက်ချက်တတ်တဲ့ ကြောင်သူတော်သားရဲဖြစ်သည်။

ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရပြီးတဲ့နောက် တွက်ချက်တတ်မှုဟာ မှားယွင်းတယ်လို့ သူ ဘယ်တုန်းကမှ မခံစားခဲ့ရချေ။ သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် သူလုံးဝမရပ်တန့်နိုင်ပေ။

ဒါပေမယ့် ဒီတစ်ခါတော့ သူ နည်းနည်း ဝမ်းနည်းသလို ခံစားရသည်။

ဖေးခွမ်က သက်ပြင်းချလိုက်ပြီး "အာ့နန်၊ မင်း ဒါကို သေချာပြန်စဉ်းစားကြည့်ဦး၊ ဒီလောက် အလျင်စလို သဘောတူဖို့ မလိုဘူးလေ"

သူမကို လိုက်ဖို့ အခွင့်ရေး ပေးရုံနဲ့တင်လုံလောက်ပြီကို၊ သူ သိပ်အများကြီး ဆန္ဒမပြုရဲပေ။

အရင်က သူပြောခဲ့သလိုဘဲ၊ အာ့နန်က သူ့ကိုသဘောမကျသေးရင်လည်းအဆင်ပြေသည်။ သူမဘက်က အချိန်မရွေး ပြောနိုင်သည်။

စိတ်ရှုပ်ထွေးစွာ နားထောင်ရင်း စုန့်အာ့နန်မျက်ခုံးတွေ နည်းနည်းတွန့်ချိုးလာသည်။

သူ ဘာကိုဆိုလိုတာလဲ?!

ဖွင့်ပြောပြီးတော့ နောင်တရနေတာလား?

ဒီဖြစ်နိုင်ခြေကို တွေးလိုက်မိတော့ သူမ ရုတ်တရတ် အရမ်းစိတ်မကောင်းဖြစ်သွားသည်။

သူမနဲ့ ကစားရတာ ပျော်စရာကောင်းနေလို့လား?

"ရှင် ဘာကိုဆိုလိုချင်တာလဲ? ရှင် မလိုလားရင်လည်း‌ မေ့လိုက်တော့၊ ကျွန်မက ရှင့်ကို တွဲဖို့ ဖိအားပေးနေလို့လား?"

ပြောပြီးတာနဲ့ စုန့်အာ့နန်က ရုတ်တရက် ထရပ်ကာ ထွက်သွားဖို့ လုပ်လိုက်သည်။

သူမ နားလည်မှုလွဲသွားတာကို မြင်တော့ ဖေးခွမ်က သူမကိုသူ့ရင်ခွင်ထဲ အမြန်ပြန်ဆွဲခေါ်လိုက်သည်။

"အဲ့ဒီလို မဟုတ်ဘူး၊ ကိုယ် လုံးဝ မလိုလားတာမဟုတ်ပါဘူး။ ကိုယ်က ဘယ်လိုလုပ် မင်းနဲ့မတွဲချင်ရမှာလဲ? အဲ့ဒါကို အိမ်မက်မက်နေရတာလေ!"

စုန့်အာ့နန်က သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး မယုံသင်္ကာနဲ့ မေးလိုက်သည်။ "တကယ်လား?"

ဖေးခွမ်က သူမကို နူးနူးညံ့ညံ့ကြည့်လိုက်ပြီး "သေချာပေါက်ပေါ့"

စုန့်အာ့နန်က နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး "ကောင်းပြီလေ၊ ဒါဆို အတည်ဖြစ်ပြီနော်၊ ရှင့်စကားကို ရှင်ပြန်မရုတ်သိမ်းနဲ့"

ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "ကောင်းပြီ ကိုယ့်စကားကို ပြန်မရုတ်သိမ်းပါဘူး ဒါပေမယ့် မင်းကတော့ လုပ်လို့ရတယ်"

စုန့်အာ့နန်က သူ့ကို စိုက်ကြည့်ကာ မကျေမနပ်ပြောလိုက်သည်။ "ကျွန်မလည်း မလုပ်ပါဘူး"

ဖေးခွမ်က သူမနဲ့ မငြင်းနေတော့ဘဲ အလိုလိုက်သလို ပြန်ဖြေလိုက်သည်။ "ကောင်းပါပြီ"

အစပိုင်းမှာ သူမ ဘာမှမခံစားရပေမယ့် စိတ်ငြိမ်သွားတဲ့နောက်မှာ စုန့်အာ့နန်တစ်ယောက် သူမ ဖေးခွမ်ရဲ့ရင်ခွင်ထဲမှာ အချုပ်ခံထားရကြောင်း သိလိုက်ရသည်။

သူမလက်က သူ့ရင်ဘတ်ကို အသာအယာ တွန်းလိုက်သည်။ သူ့ရဲ့အသက်ရှူငွေ့တွေက သူမနားကို ဖြတ်သွားသည်။ မရှင်းမလင်းဖြစ်နေတဲ့ လေထုက ဆက်လက်ပူနွေးလာသည်။

သူတို့ မျက်လုံးချင်းဆုံသွားကြသည်။ ဖေးခွမ်ရဲ့ Adam's apple က လှုပ်ရှားသွားပြီး သူ့ခေါင်းက တဖြည်းဖြည်း ငုံ့လာသည်.....

"မြောင်~"

ရုတ်တရက် သူတို့ဘေးကနေ မြောင် သံထွက်လာသည်။ နှစ်ယောက်သား တစ်ချိန်တည်းမှာဘဲ တောင့်တောင့်ကြီး လှည့်ကြည့်လိုက်မိသည်။

ချိုးချိုးက ဘယ်အချိန်တုန်းက သူတို့အနားရောက်လာလဲမသိပေ။ သူက မလှမ်းမကမ်းမှာ ထိုင်ကာ သူတို့ကိုမော့ကြည့်နေသာ်။

သူ့အမူအရာက ဘာလုပ်နေကြတာလဲ? ဆိုပြီး မေးနေသလိုပင်။

စုန့်အာ့နန်ရဲ့ မျက်နှာက နီရဲလာသည်။ လေပူတစ်ချက်က သူမခေါင်းဆီ တိုက်ခတ်လာသည်။ ချိုးချိုးရဲ့ အပြစ်ကင်းတဲ့ မျက်လုံးတွေနဲ့ဆုံတော့ သူမကို မကောင်းတာတစ်ခုခု လုပ်နေသလို ခံစားရစေသည်။

သူမက ဖေးခွမ်ကို တွန်းလိုက်ပြီး သူ့မျက်လုံးကိုတောင် မကြည့်ရဲတော့ပေ။ "ကျွ ကျွန်မ ရေငတ်တယ်၊ ရေသွားသောက်လိုက်ဦးမယ်..."

ပြောပြီးတာနဲ့ တစ်ခုခုက သူမနောက်လိုက်နေသလို မီးဖိုချောင်ထဲ ပြေးသွားတော့သည်။

ဖေးခွမ်က သူမ ပြေးသွားတာကို ကြည့်ကာ ခေါင်းယမ်းရင်း ပြုံးလိုက်သည်။

သူက ရှေ့နှစ်လှမ်းတိုးလိုက်ပြီး ချိုးချိုးအရှေ့မှာထိုင်ချလိုက်သည်။ "အသေးလေး၊ ငါ မင်းကို အပြစ်ပေးတဲ့အနေနဲ့အဆာပြေမုန့်တစ်ပတ် မကျွေးဘူး"

ပြောပြီးတာနဲ့ သူ လက်ကို မြှောက်ကာ အသေးလေးရဲ့နဖူးကို ပြင်းပြင်းလေး တောက်လိုက်သည်။

သူ့နဖူးကိုတောက်လိုက်လို့ နာသွားတာလား၊ အဆာပြေမစားရဘူးဆိုတဲ့ သတိပေးချက်ကို နားလည်သွားတာလားမသိပေ။ ချိုးချိုးက သနားစရာကောင်းလောက်အောင် ဝမ်းနည်းစွာနဲ့ အကြိမ်ပေါင်းများစွာ အော်လိုက်သည်။

အစက စုန့်အာ့နန်မှာ ရေခဲသေတ္တာရှေ့တွင် ငြိမ်သက်နေတာဖြစ်သည်။ အသေးလေးရဲ့ အော်သံကိုကြားတော့ တစ်ခုခုဖြစ်နေပြီလို့ထင်လိုက်ကာ သူမမှာ ရှက်ကိုးရှက်ကန်းလည်း မဖြစ်နိုင်တော့ဘဲ ရေသန့်ဘူးကိုင်ပြီး ပြေးထွက်သွားလိုက်သည်။

"ချိုးချိုး ဘာဖြစ်လို့လဲ?" သူမအသံမှာ အနည်းငယ်စိုးရိမ်နေသည်။

ချိုးချိုးက စုန့်အာ့နန်ကို မြင်တာနဲ့ ချက်ချင်းဘဲ သူမခြေထောက်နားကို တိုးသွားကာ ဝမ်းနည်းအားငယ်စွာနဲ့ အော်နေသည်။

ဖေးခွမ်က အသေးလေးကို တစ်ချက်ကြည့်လိုက်ပြီး မျက်တောင်မခတ်ဘဲ အဆင်ချောချောနဲ့ ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး၊ စောစောက ကော်ဖီစားပွဲကို မတော်တဆ ဝင်တိုက်မိသွားတာ"

စုန့်အာ့နန်က အဲဒါကို လုံးဝသံသယမ၀င်ပေ။ "အင်း၊ ဒဏ်ရာရသွားလား?"

သူမက ဖေးခွမ်ကို ရေဘူးပေးထားလိုက်ပြီး အသေးလေးကို ကောက်ချီလိုက်ကာ နေရာအနှံ့ စစ်ဆေးပေးလိုက်သည်။

ဖေးခွမ်က ရေဘူးကို ယူလိုက်ပြီး အဖုံးဖွင့်လိုက်ကာ စုန့်အာ့နန်ကို ပြန်ပေးလိုက်သည်။ "သူအဆင်ပြေပါတယ်"

ချိုးချိုးက ငြင်းနေသလိုမျိုး အချိန်ကိုက် မြောင်သံပြုလာသည်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ရှင်သောက်ပါ၊ ကျွန်မရှင့်အတွက် ပေးတာ"

ဖေးခွမ်လည်း မငြင်းတော့ဘဲ ပါးစပ်အပြည့်သောက်လိုက်ကာ အဖုံးပြန်ပိတ်လိုက်ပြီး အနီးနားက ကော်ဖီစားပွဲပေါ်တွင် တင်ထားလိုက်သည်။ နောက်တော့ ဆိုဖာပေါ်ပြန်ထိုင်ဖို့ စုန့်အာ့နန်ကို ဆွဲလိုက်သည်။

ချိုးချိုး အဆင်ပြေကြောင်း သေချာစစ်ဆေးပြီးသွားတော့ သူ့ဘာသာသူ ကစားဖို့ သူကိုဘေးမှာထားလိုက်သည်။

"ဒါဆို ရှင့်ဒဏ်ရာက ဘယ်လို နေလဲ?" စုန့်အာ့နန်က ဖေးခွမ်ကို လှည့်ကြည့်ကာ မေးလိုက်သည်။

ဖေးခွမ်က ပြုံးလိုက်ပြီး "ကိုယ် တကယ်အဆင်‌ပြေပါတယ် စိတ်မပူပါနဲ့"

စုန့်အာ့နန်က ဟမ့်ခနဲလုပ်လိုက်သည်။ အရင်က သူ့ကို ဆူပူကြိမ်းမောင်းဖို့ အခွင့်မသာခဲ့ပေမဲ့ နောက်ဆုံးတော့ သူမ လုပ်လို့ရပြီ။

သူ ကောင်းကောင်းပြန်ကောင်းလာဖို့ အဲဒီနေ့က ဖုန်းထဲမှာ ရှင်းရှင်းလင်းလင်း ကတိပေးခဲ့ပေမဲ့ ဒီနေ့တော့ သူက တိုက်ရိုက်ပြန်လာခဲ့သည်။ သူက ကြောင်သူတော်ပဲ။

"ရှင့်ရဲ့ဒဏ်ရာတွေကို ကောင်းကောင်းကုမယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား?ဘာတွေ လိုက်ပတ်ရှုပ်နေတာလဲ? ပြန်ကောင်းလာတဲ့အထိ မစောင့်နိုင်ဘူးလား၊ ကျွန်မ မထွက်ပြေးပါဘူး"

ဖေးခွမ် စဉ်းစားလိုက်သည်၊ ဒါက ပြောဖို့ခက်သည်။ သူမ ထွက်ပြေးသွားရင် သူ ဘယ်သူ့ဆီမှာ သွားငိုရမှာလဲ?

ဒါပေမယ့် ဒါကို ထုတ်မပြောတာ ပိုကောင်းမှန်းသူသိသည်။ သူ့မှာ အသက်ရှင်ချင်စိတ် ရှိသေးသည်။ သူက ချက်ချင်းအပြုအမူ ကောင်းကောင်းနဲ့ သူ့အမှားကို ဝန်ခံလိုက်သည်။

"တောင်းပန်ပါတယ် ကိုယ်မှားသွားတယ်။ အခုကစပြီး လိုက်ပတ်မရှုပ်တော့ဘဲ အိမ်မှာဘဲ ကောင်းကောင်းနေမယ်လို့ ကတိပေးတယ်"

စုန့်အာ့နန်က သူ့ကို စိုက်ကြည့်နေပေမယ့် ဒေါသတော့ပြေသွားပြီဖြစ်သည်။

သို့ပေမယ့် သူမနည်းနည်း စိုးရိမ်နေသေးသည်။ ဘာပြဿနာမှမရှိဘူးဆိုတာ သေချာစစ်ဆေးပြီးမှာ နောက်ဆုံးမှာတော့ သူမ စိတ်အေးသွားသည်။

ပြီးသွားတော့ စုန့်အာ့နန်က သူမ ဖုန်းကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "နောက်ကျနေပြီ၊ ရှင့်ကိုပြန်ပို့ပေးမယ်။ ရှင်စောစောအနားယူဖို့လိုတယ်"

"အိုး ဟုတ်သား၊ ချိုးချိုးကိုလည်း ပြန်ခေါ်သွားလိုက်။ သူ ရှင်နဲ့မတွေ့ရတာ ရက်အတော်ကြာနေပြီ၊ ရှင့်ကို လွမ်းနေမယ်ထင်တယ်။ ခဏစောင့်၊ သူ့ပစ္စည်းတွေကို ထုပ်ပိုးလိုက်ဦးမယ်"

ပြောပြီးတာနဲ့ စုန့်အာ့နန်က ချိုးချိုးရဲ့ ပစ္စည်းတွေကို ထုပ်ပိုးဖို့ ထမလို့လုပ်လိုက်သည်။

ဖေးခွမ်က သူမကို တားလိုက်သည်။ "မလိုဘူး၊ ကိုယ်ဘဲပြန်လိုက်မယ်။ ချိုးချိုးကို ဒီမှာပေးနေလိုက်ဦးမယ်၊ မနက်ဖြန်ကျ ကိုယ်တို့စကားပြောကြတာပေါ့"

ပြောပြီးတာနဲ့ သူက ကြောင်ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ ချိုးချိုးကို တစ်ချက်ကြည့်လိုက်သည်။ အရှက်မရှိတဲ့ ကောင်လေးက သူ့ကို လုံးဝ လွမ်းနေတဲ့ပုံမပေါ်ဘူး။

စုန့်အာ့နန် ခဏလောက်စဉ်းစားကြည့်လိုက်တော့ ဒါကအဆင်ပြေတယ်လို့ သူမ ခံစားလိုက်ရသည်။ ချိုးချိုးက အရမ်း စိတ်လှုပ်ရှားပြီးလိုက်ပတ်ပြေးတတ်သည်။ နောက်ပိုင်းမှာ ဖေးခွမ်ရဲ့ ဒဏ်ရာကို ထိမိသွားရင် ကောင်းမှာမဟုတ်ပေ။

သူ့ကို ဒီမှာ ရက်အနည်းငယ်လောက် နေခွင့်ပြုထားတာက ပိုကောင်းသည်။

"ကျွန်မ ရှင့်ကို ပြန်ပို့ပေးမယ်၊ ဒါမှ ရှင့်ကို လမ်းမှာ ကူတွဲပေးလို့ရမှာ" စုန့်အာ့နန်က ပြောလိုက်သည်။

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည်။ "ကိုယ့်ကို ကူတွဲပေးစရာမလိုပါဘူး၊ ခုနတုန်းကလည်း ဒီကို ကိုယ့်ဘာသာ လာခဲ့တာ"

"ဒါ့အပြင် မင်း ကိုယ့်ကို ပြန်လိုက်ပို့ရင် ကိုယ်ကလည်းစိတ်ပူပြီး မင်းကိုပြန်လိုက်ပို့မိဦးမယ်။ ကိုယ်တို့တွေ တစ်ညလုံး တစ်ယောက်နဲ့တစ်ယောက် အပြန်ပြန်အလှန်လှန်လိုက်ပို့ဖို့စီစဉ်နေတာလား?"

စုန့်အာ့နန်က "အိုး" လို့ ဆိုလိုက်ပြီး အတင်းအကြပ် မပြောတော့ပေ။ ဒီအခြေအနေက တကယ်ဖြစ်လာနိုင်တယ်ဆိုတာ သူမ သိသည်။

ဒီနေရာတစ်ခုထဲမှာဘဲ မိနစ်အနည်းငယ်လောက်သာ လမ်းလျှောက်ရပေမယ့် အရင်က ဖေးခွမ်တစ်ယောက် သူမကို အမြဲတမ်းလိုက်ပို့သည်။

ဖေးခွမ်က ဧည့်ခန်းမှာ သူ့ဖိနပ်ကို ပြောင်းစီးလိုက်ပြီး စုန့်အာ့နန်က အနောက်ကနေ လိုက်သွားကာ တံခါးအထိလိုက ပို့လိုက်သည်။

"ဒီည စောစောအနားယူ၊ မင်းမနက်ဖြန် အလုပ်ရှိသေးတယ်" ဖေးခွမ်က ပြောလိုက်သည်။

စုန့်အာ့နန်က အင်း လို့ဆိုလိုက်ပြီး သူ့အင်္ကျီလက်ကို နည်းနည်းခါယမ်းလိုက်ကာ "ရှင်လည်း အိမ်ပြန်ရောက်ရင် WeChat ကနေ မက်ဆေ့ချ်ပို့ဦး"

ကောင်မလေးရဲ့ တုံ့ဆိုင်းနေတဲ့ အသွင်အပြင်ကို မြင်လိုက်ရတော့ ဖေးခွမ်ရင်ထဲမှာ ချက်ချင်းဆိုသလိုပင် ပွက်ပွက်ဆူသွားရသည်။

နောက်တစ်စက္ကန့်မှာ သူလှည့်လိုက်ပြီး ကောင်မလေးကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။

စုန့်အာ့နန်လည်း အနေနဲ့သူ့ခါးကို ပြန်ဖက်လိုက်မိပြီး "ဒါက ဘ-ဘာလဲ?"

ဖေးခွမ်က ဘာမှမပြောလာဘဲ ငုံ့လာကာ သူမ နှုတ်ခမ်းပေါ် အသာအယာ ထိလိုက်သည်။

"သဘောတူညီချက်ကို ချိပ်ပိတ်လိုက်ပြီ၊ အခုကစပြီး မင်းရဲ့စကားကို ပြန်ရုတ်သိမ်းခွင့်မပြုဘူး!"

All Chapters