အခန်း (၁၁၀)
Vol. 9 Ch. 110
စုန့်အာ့နန် ကိုယ်လက်သန့်စင်လို့ပြီးတော့ ရေချိုးခန်းမှန်ရှေ့မှာ ရပ်လိုက်သည်။
နီမြန်းနေတဲ့ သူမရဲ့ မျက်နှာကို ကြည့်ပြီး နှုတ်ခမ်းကို လက်နဲ့ညင်ညင်သာသာ ထိလိုက်သည်။
သူတို့ အခုလေးတင်....နမ်းခဲ့တာ ဟုတ်တယ်မလား?
စုန့်အာ့နန်ရဲ့ နှုတ်ခမ်းထောင့်က မသိစိတ်ကနေ ကွေးတက်သွားသည်။ အဲဒီအခိုက်အတန့်မှာ သူမ ဘယ်လိုခံစားနေရလဲဆိုတာ ဖော်ပြလို့မတတ်ပေ။ သူမကို သူမြန်မြန်ဆန်ဆန် နမ်းလိုက်တာကြောင့် တုံ့ပြန်ဖို့ အချိန်သိပ်မရလိုက်ပေ။
စကားလုံး ထည့်ပြောရမယ်ဆိုရင် အဲ့ဒါက.... နူးညံ့တယ်။
ပြီးတော့ နည်းနည်းလည်းပူတယ်။
စုန့်အာ့နန် ရေခဲသေတ္တာဆီသွားကာ တွင်းထွက်ရေဘူးတစ်ဘူးကိုထုတ်လိုက်ပြီး သူမရဲ့ရင်ထဲက ကမောက်ကမ ဖြစ်နေတာကို ငြိမ်သက်သွားစေဖို့ ဖြည်းဖြည်းချင်း တစ်ငုံသောက်လိုက်သည်။
မနေ့ညက ဖြစ်ခဲ့တဲ့ အရာအားလုံးဟာ သူမအတွက် အိပ်မက်တစ်ခုလိုပင်။
စုန့်အာ့နန်မှာ ဧည့်ခန်းတစ်ဝိုက်တွင် အကြိမ်ပေါင်းများစွာ စိတ်လှုပ်ရှားစွာနဲ့ လှည့်ပတ်နေမိပြီး နောက်ဆုံးတော့ ကြောင်အိပ်ရာမှာ အိပ်နေတဲ့ ချိုးချိုးကို ချီလိုက်ကာ သူ့ကို ပြင်းပြင်းထန်ထန် ပွတ်သပ်လိုက်သည်။
အသေးလေးက သူ့ပိုင်ရှင်က သူ့ရဲ့ ချိုမြိန်တဲ့အိပ်မက်တွေကို နှောက်ယှက်လိုက်မိသလိုမျိုး သနားစရာကောင်းအောင် အော်လိုက်သည်။
-
ဖေးခွမ် အိမ်ပြန်ရောက်တော့ သူပထမဆုံးလုပ်ခဲ့တာက စုန့်အာ့နန်ဆီ WeChat ကနေ မက်ဆေ့ခ်ျ ပို့လိုက်တာပင်။
ခဏလောက် စာအပြန်အလှန်ပို့လိုက်ပြီးတော့ စုန့်အာ့နန်က သူမ ရေချိုးတော့မယ် လို့ ပြောပြီး သူ့ကိုလည်းစောစော အနားယူဖို့ အမြန် ရေချိုးဖို့ ပြောလိုက်သည်။
တကယ်တော့ ဖေးခွမ်က ဒဏ်ရာကြောင့် ရေမချိုးသင့်ပေမယ့် တစ်ရက်ကြာလောက် လေယာဉ်နဲ့ ကားတွေစီးလာခဲ့ရတာကြောင့် သူ သေချာရေချိုးဖို့ လိုသည်။
ဒဏ်ရာတွေကို ရှောင်ပြီး ရေချိုးခန်းထဲမှာ အမြန်ရေချိုးလိုက်ကာ အိပ်ခန်းထဲ သူပြန်ဝင်လာပြီးကုတင်ပေါ် လှဲလိုက်သည်။ ဒီည ဖြစ်ပျက်ခဲ့သမျှကို တွေးမိရင်း မနေနိုင်ဘဲ သူ့ဘာသာသူ ပြုံးလိုက်မိသည်။
သူ့မှာ အိပ်ငိုက်တဲ့အရိပ်အယောင် တောင်မရှိဘဲ နေရာမှာဘဲ အချိန်အတော်ကြာအောင် လှဲနေသည်။ နောက်ဆုံးတော့ သူ ထလိာက်ပြီး လသာဆောင်ဆီ ထွက်လာလိုက်သည်။
အေးချမ်းတဲ့ ညကောင်းကင်ကြီးကို ငေးကြည့်ရင်း ညလေကို အချိန်အတော်ကြာ ရှူရှိုက်လိုက်ကာ ဒါက အစစ်အမှန် မဟုတ်ဘူးလို့ သူခံစားမိနေရတုန်းပင်။
ဖေးခွမ် သူ့ဖုန်းကို ထုတ်လိုက်ပြီး လောရိဆီ မက်ဆေ့ချ်မပို့ခင် ခဏလောက် စဉ်းစားလိုက်သည်။
[အိပ်ပျော်နေပြီလား?]
လောရိက ချက်ချင်းစာပြန်လာသည် - [နိုး!!!]
သူ့ခံစားချက်တွေကို အပြည့်အ၀ ဖော်ပြနိုင်သလိုမျိုး အာမေဋိတ်သုံးခုကိုပါ ထည့်ထားသေးသည်။ သူဖုန်းခေါ်လာတဲ့အချိန် သူက မက်ဆေ့ခ်ျပို့မလို့ လုပ်နေတာဖြစ်သည်။
ဖေးခွမ်လည်း အဖြေခလုတ်ကို တိတ်တဆိတ် နှိပ်လိုက်သည်။
"အဲ့ဒီမှာ အခြေအနေဘယ်လိုလဲ?" လောရိက မေးလိုက်သည်။
ဖေးခွမ် မဖြေခင် ခဏလောက် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "တော်တော် အဆင်ချောတယ်"
လောရိက စိတ်လှုပ်ရှားစွာနဲ့ ပြောလာသည်။ "ဒါက သူ မင်းကို အခွင့်အရေးပေးဖို့ သဘောတူတယ်လို့ ဆိုလိုတာလား?"
ဖေးခွမ်က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။ "သူမက ငါ့ကောင်မလေးဖြစ်ဖို့ သဘောတူလိုက်တယ်"
လောရိက ဒါကို ရှင်းရှင်းလင်းလင်း သဘောမပေါက်သေးပေ။ "ဘာ-? သူမက သဘောတူထားပြီးသားလား?"
ဖေးခွမ်က အင်း လို့ ခပ်တိုးတိုးဆိုလိုက်သည်။
"Fuck! မင်းတကယ်လား? သူ့မှာမင်းအပေါ် ခံစားချက်မရှိဘူးလို့ မင်းပြောခဲ့တာ မဟုတ်ဘူးလား?" လောရိက အံ့အားသင့်စွာနဲ့ ပြောလာသည်။
ဖေးခွမ်က သူ့မျက်လုံးထဲတွင် ကူကယ်ရာမဲ့တဲ့အရိပ်အယောင်တွေနဲ့အတူ ခပ်တိုးတိုးရယ်လိုက်သည်။ "သူက အရမ်းစိတ်ထားနူးညံ့တာ ငါ့ကို ဒီလိုမြင်လိုက်မှတော့ သူ သေချာပေါက် ငါ့ကိုမငြင်းနိုင်တော့ဘူးပေါ့"
လောရိက သူ့အဓိပ္ပာယ်ကို ကောက်ချက်ချသည်။ "ဘာကိုဆိုလိုတာလဲ? မင်းက လက်လွှတ်ဖို့ စဉ်းစားနေတာလား?"
ဖေးခွမ်က ပျင်းရိပျင်းတွဲနဲ့ ကုတင်နောက်ကို မှီပြီး ရယ်လိုက်သည်။ "ငါအဲ့ဒီလိုလုပ်လို့မရဘူး"
"ကောင်းပြီ မင်းတော့သွားပြီ!" လောရိက ကျွတ်စ် သတ်လိုက်ပြီး "မင်း ငါ့ကို မေးတာ မင်းကအတွေးများနေတာဘဲ။ အန်တီလေးက မ အ ဘူး၊ သူတစ်စုံတစ်ယောက်ကို ကြိုက်သလား၊ မကြိုက်ဘူးလားဆိုတာ ပြောနိုင်တယ်။ သူ့စိတ်ထားက နူးညံ့တယ်ဆိုရင်တောင် မင်းအပေါ်မှာ ဘာခံစားချက်မှမရှိဘဲနဲ့ သူမင်းနဲ့တွဲဖို့ သဘောတူမှာမဟုတ်ဘူး"
"မကြောင်စမ်းပါနဲ့၊ ဒါက ချိန်းတွေ့နေတာ၊ အိပ်တမ်းကစားနေတာမဟုတ်ဘူး"
ဖေးခွမ်က ပြန်မတုံ့ပြန်ဘဲ ရယ်လိုက်သည်။
သူမမှာ အပြုသဘောဆောင်တဲ့ ခံစားချက်တွေ ရှိကောင်းရှိနိုင်ပေမယ့် ပုံမှန်အခြေအနေမှာတော့ သူ့ကို ချိန်းတွေ့ဖို့ သဘောတူလောက်တဲ့အထိ မဖြစ်လောက်ပါချေ။
ဒါပေမယ့် မကြာသေးခင်ကပဲ သူအိပ်မပျော်တဲ့အကြောင်း သိလိုက်ရတဲ့အချိန်ကနေ သူ့အမေက သူ့ကို အွန်လိုင်းပေါ်မှာ ဖျက်ဆီးဖို့ ကြိုးစားတဲ့ အချိန်အထိ ဖြစ်ပျက်ခဲ့တာတွေ အများကြီးပင်။
တစ်လျှောက်လုံး၊ နစ်နာသူဖြစ်တဲ့ ဖေးခွမ်ခံစားရတာထက် စုန့်အာ့နန်က သူ့အတွက် ပိုပြီးတော့ နာကျင်ခံစားရပုံပေါ်သည်ကို သူသတိပြုမိသည်။
သူမက သူမရဲ့ခံစားချက်တွေကို ခဏတဖြုတ် မခွဲခြားနိုင်ဘဲ သူ့အပေါ် သနားချစ်နဲ့ ချစ်လာမှာကို သူစိုးရိမ်သည်။
ဒါပေမယ့် အခုအချိန်အထိတော့ အခြေအနေတွေက တိုးတက်နေသည်။ သူမက စိတ်ထားနူးညံ့သည်ဖြစ်စေ၊ သူ့ကို သနားသည်ဖြစ်စေ သူ့အနေနဲ့ လက်လွှတ်ပေးဖို့ စိတ်ကူးမရှိပေ။
လောရိက ဆက်ပြောလာသည်။ "ကောင်းပြီ၊ ဘာမှတွေးမနေနဲ့။ အဆိုးဆုံးက မင်းပြောသလိုပဲပေါ့။ ဒီတော့ ဘာဖြစ်လဲ? ဘာပဲဖြစ်ဖြစ် မင်းစိတ်ကိုပြင်ဆင်ပြီးပြီဘဲ၊ ဒါကြောင့် ကောင်မလေးကို အခုကစပြီး ပိုကောင်းပေး။ အချိန်ကြာလာတာနဲ့အမျှ ခံစားချက်တွေ ဖွံ့ဖြိုးလာမှာပါ၊ ဘာပဲဖြစ်ဖြစ် အခု မင်းက ခွဲခြားနိုင်စွမ်းမြင့်တာဘဲလေ"
သူ့စကားက ဖေးခွမ် အတွက် အဓိပ္ပာယ်ရှိလှသည်။ ဒါက သူလုပ်ဖို့ စီစဉ်ထားတာ အတိအကျပင်။
အခုတော့ သူ့မှာ သင့်တော်တဲ့ အနေအထား ရှိသည်။
ဖေးခွမ်က မတုံ့ပြန်ပေမယ့် လောရိက ဆက်ပြောသည်။ "ဝူး အခု မင်းကောင်းသွားပြီဆိုတော့ ငါ အေးအေးဆေးဆေး နေနိုင်ပြီ။ ညီအစ်ကို၊ ငါ တစ်ညလုံး စိတ်တွေပူနေတာ မင်းကို ဖုန်းဆက်ပြီး မေးချင်ပေမယ့် မင်းရဲ့အချိန်ကို မနှောက်ယှက်ချင်လို့။ တကယ်ပါဘဲ၊ ငါ့မှာ အရင်က အများကြီး ရည်းစားထားဖူးပေမယ့် ဒီလောက်ထိ မစိုးရိမ်ဖူးဘူး!"
"နောက်မှ မင်းကို တစ်ဝိုင်းကျွေးမယ်" ဖေးခွမ်က ရယ်ကာ ပြောလိုက်သည်။
လောရိ - "စားရမှာပေါ့၊ သုံးနပ်လုံးနော်!"
ဖေးခွမ်က ရယ်လိုက်သည်။ "ကောင်းပြီ အဆင်ပြေတယ်၊ ဖုန်းချလိုက်တော့မယ်"
လောရိက သူ့ကို ကမန်းကတန်း တားလိုက်သည်။ "ခဏနေဦး၊ မင်း နောက်ဆုံးတော့ ဒီအိမ်ဟောင်းကို မီးထွန်းလိုက်နိုင်ပြီးလေ၊ စကားနည်းနည်းထပ်ပြောရအောင်!"
ဖေးခွမ် - "မရဘူး၊ ငါ့ကောင်မလေးက ငါ့ကို စောစောအိပ်ဖို့ပြောထားတယ်၊ စကား နားထောင်ရမယ်"
လောရိ - "......"
ဖုန်းချပြီးသွားတာနဲ့ ဖေးခွမ်က အိပ်ခန်းဆီ တန်းတန်းမတ်မတ် သွားလိုက်သည်။ အိပ်ယာပေါ်မှာလဲလျောင်းရင်း စုန့်အာ့နန်ဆီ WeChat မက်ဆေ့ချ် မပို့ခင် သူနည်းနည်းစဉ်းစားလိုက်သည်။
[အိမ်မက်လှလှမက်ပါစေ၊ ဂွတ်ဒ်နိုက်]
စုန့်အာ့နန်က အိပ်ယာပေါ်တွင် လဲလျောင်းကာ မျက်နှာကျက်ကို စိုက်ကြည့်နေတုန်း ဖုန်းမြည်လာတာကြောင့် အတွေးတွေ ပျက်သွားရသည်။ ဖေးခွမ်ဆီကဆိုတာ မြင်တော့ ချက်ချင်းထထိုင်လိုက်သည်။
မက်ဆေ့ခ်ျကိုဖတ်ရင်း သူမ မနေနိုင်ဘဲ အိပ်ယာပေါ် ပျော်ရွှင်စွာနဲ့ လှိမ့်လိုက်ပြီး စာပြန်လိုက်သည်။ [ဂွတ်ဒ်နိုက်]
ဖေးခွမ်က သူမ အိပ်ပျော်နေပြီလို့ ထင်နေတာဖြစ်သည်။ [ဘယ်လိုဖြစ်လို့ မအိပ်သေးတာလဲ?]
စုန့်အာ့နန်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ [စိတ်လှုပ်ရှားလွန်းလို့ အိပ်ပျော်ဖို့ ပြဿနာနည်းနည်းရှိနေလို့]
ဖေးခွမ်မှာ စခရင်ပေါ်က မက်ဆေ့ချ်ကို ကြည့်ရင်း ခဏလောက် အံ့အားသင့်သွားသည်။ သူ မနေနိုင်ဘဲ အသံထွက်အောင် ရယ်လိုက်မိသည်။
သူ့ကောင်မလေးက တကယ်ရိုးသားတာဘဲ၊ သူမရဲ့ ရိုးသားမှုက သူ့ကို ကိုင်တွယ်ရခက်စေသည်။
သူမပို့လိုက်တဲ့စာကြောင့် သူမနည်းနည်းရှက်သွားရတော့ စုန့်အာ့နန်က အမြန်ဘဲ စာထပ်ပို့လိုက်သည်။ [ရှင်ရော ဘယ်လိုဖြစ်လို့ မအိပ်သေးတာလဲ?]
ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်တွေ အနည်းငယ် ကွေးသွားသည်။ [အရမ်းပျော်နေလို့၊ အခုထိ မအိပ်ချင်သေးဘူး]
အိပ်ပျော်သွားလို့ နိုးလာပါက အိပ်မက်တစ်ခုလို ဖြစ်နေမှာ စိုးသည်။
-
နောက်တစ်နေ့ မနက်မှာတော့ စုန့်အာ့နန် စောစောထလိုက်သည်။
မနေ့ညက နည်းနည်း နောက်ကျမှ အိပ်ခဲ့ပေမယ့် ဒီမနက်မှာတော့ သူမရဲ့ စိတ်တွေက ထူးထူးခြားခြား ကောင်းမွန်နေသည်။ ဒီဟာက မကြာခဏပြောနေကြတဲ့ အချစ်ကြောင့်ဖြစ်မည်။
သူမက ဆေးကြောသန့်စင်လိုက်ပြီး မိတ်ကပ်ပါးပါးလိမ်းကာ စိတ်ကျေနပ်တဲ့ ဝတ်စုံကို ရှာမတွေ့မချင်း ဘာဝတ်ရမလဲဆိုတာ စဉ်းစားလိုက်သည်။
အဆင်သင့်ပြင်ပြီးတာနဲ့ စုန့်အာ့နန်က အလျင်စလိုအပြင်မထွက်ဘဲ ဧည့်ခန်းထဲမှာ စောင့်နေလိုက်သည်။
မနေ့ညက ဖေးခွမ်က သူမအတွက် မနက်စာ ယူလာပေးမယ်လို့ ပြောခဲ့သည်။
စုန့်အာ့နန်က သူ့ကိုမလိုအပ်ဘဲ ဒုက္ခမပေးချင်ဘဲ နည်းနည်း ပိုအိပ်စေချင်ပေမယ့် ဖေးခွမ်ကတော့ သူမရဲ့ကောင်လေးအဖြစ် သူ့အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူးလို့ ပြောခဲ့သည်။
သူ့ကို မတားနိုင်တော့တဲ့အတွက် အဆုံးမှာ သူမသဘောတူလိုက်ရသည်။
ဒါပေါ့၊ မနက်ခင်းမှာ ဖေးခွမ်ကို ပထမဆုံးမြင်ရတာက သူမကို အရမ်းပျော်စေသည်။
သိပ်မကြာခင်မှာပဲ တံခါးခေါက်သံကြားတော့ စုန့်အာ့နန် တံခါးအပြေးသွားဖွင့်သည်။
ဖေးခွမ်က ဘယ်ဘက်လက်မှာ မနက်စာကိုင်ထားပြီး ညာဘက်လက်မှာတော့ ပန်းစည်းကြီးတစ်စည်းကို ကိုင်ထားသည်။
စုန့်အာ့နန်မှာ တစ်ခဏလောက် အံ့အားသင့်သွားကာ မတုံ့ပြန်လိုက်မိပေ။
ဖေးခွမ်က ပြုံးလိုက်ပြီး ပန်းစည်းကို သူမဆီပေးလိုက်သည်။ "ချိန်းတွေ့တာက ပန်းစည်းနဲ့စတယ်လို့ ကိုယ်ကြားဖူးတယ်"
ကြားဖူးတယ်?
စုန့်အာ့နန် စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာပေမယ့် သူမ ဖမ်းဆုပ်ယူဖို့ အရမ်းမြန်လွန်းသည်။
ပန်းစည်းကို သူမ ယူလိုက်ပြီး နည်းနည်း နားမလည်နိုင်စွာနဲ့ မေးလိုက်သည်။ "မနက်အစောကြီး ပန်းတွေဘယ်ကရတာလဲ? ပန်းဆိုင်တွေဖွင့်ပြီလား?"
ဖေးခွမ်က ပြုံးကာ ရှင်းပြလိုက်သည်။ "မနေ့ညက အိပ်ရာမဝင်ခင် အွန်လိုင်းမှာ အော်ဒါမှာလိုက်တာ၊ ဒီနေ့ မနက်ပို့ပေးလာတယ်"
စုန့်အာ့နန်မှာ သူမရဲ့လက်ထဲတွင်က ပန်းတွေကိုကြည့်ကာ ပိုပိုပြီးသဘောကျလာသည်။ သူမ ဧည့်ခန်းထဲမှာ ပန်းအိုးတစ်အိုးရှာပြီး ပန်းတွေကိုထည့်လိုက်သည်။
ဖေးခွမ်က မနက်စာကို ထုတ်ကာ စားပွဲပေါ်မှာ သပ်သပ်ရပ်ရပ် ပြင်လိုက်သည်။ "မြန်မြန်လာစား အလုပ်နောက်ကျလိမ့်မယ်"
စုန့်အာ့နန်က ထမင်းစားစားပွဲရှေ့ကို အပြေးလေး လှမ်းလာကာ သူမ မျက်လုံးတွေက ကွေးညွတ်သွားသည်။ "ရှင်က ကျွန်မကို လူကိုယ်တိုင် ပန်းတွေပေးတဲ့ ဒုတိယမြောက်လူပဲ၊ ကျွန်မ အရမ်းကြိုက်တယ်"
ဖေးခွမ်က မျက်ခုံးပင့်ကာ သူမရဲ့ပဲနို့ထဲ ပိုက်တစ်ချောင်းထည့်လိုက်ပြီး သာမာန်ကာလျှံကာ မေးလိုက်သည်။ "အိုး၊ ပထမဆုံးက ဘယ်သူလဲ?"
စုန့်အာ့နန်က ပဲနို့တစ်ငုံသောက်လိုက်ပြီး ပေါက်စီကိုယူလိုက်သည်။ "လင်းချွမ်လေ၊ ကျွန်မတို့ မူလတန်းကျောင်းဆင်းတုန်းက သူက ကျွန်မရဲ့ဘွဲ့နှင်းသဘင်ကိုလာပြီး ပန်းစည်းကြီးပေးတယ်"
ဖေးခွမ် ခဏလောက် အံ့အားသင့်သွားသည်။ လင်းချွမ်? အိုး၊ စုန့်လင်းချွမ်။
"ဒါပေမယ့် ကျွန်မ အလယ်တန်းကျောင်းတက်တော့ လင်းချွမ်က ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်သွားတယ်။ သူ့မိသားစုကို ထုတ်မပြချင်တာကြောင့် ကျွန်မရဲ့ ဘွဲ့နှင်းသဘင်ခန်းမကို သူဘယ်တော့မှ ထပ်မတက်ဖြစ်တော့ဘူး" စုန့်အာ့နန်က ဝမ်းနည်းစွာနဲ့ပြောလာသည်။
ဖေးခွမ်က ညင်သာစွာနဲ့ ပြောလိုက်သည်။ "အဆင်ပြေပါတယ်။ ဒီတစ်ခါ ဘွဲ့ယူရင် မင်းကို ပန်းတွေပေးဖို့ ကိုယ်လာခဲ့မယ်"
စုန့်အာ့နန်က ပြုံးပြီး ပြန်ဖြေလိုက်သည်။ "ကောင်းလိုက်တာ လင်းချွမ်က ကျွန်မ Ph.D ဘွဲ့ရရင် သူလည်း လာမယ်တဲ့၊ ရှင်တို့ နှစ်ယောက်နဲ့ဆို ပြီးပြည့်စုံသွားပြီ..."
သူမက ပြောနေရင်း ရုတ်တရက် လမ်းတစ်ဝက်မှာရပ်သွားကာ တစ်ခုခုကို သဘောပေါက်လိုက်သည်။ သူမက ဖေးခွမ်ကို မော့ကြည့်လိုက်သည်။
" လင်းချွမ်ကို ကျွန်မတို့အကြောင်း ပေးသိသင့်လား?"
ဖေးခွမ်က သူမကိုမေးလိုက်သည်။ "မင်း သူ့ကို ဘယ်တော့ ပြောပြချင်လဲ?"
စုန့်အာ့နန်က ခဏလောက် စဉ်းစားလိုက်ပြီး "နောက်မှပါ့၊ ကျွန်မ အဆင်သင့်မဖြစ်သေးဘူး"
ဖေးခွမ်လည်း ခေါင်းညိတ်ပြလိုက်သည်။ "ကောင်းပြီ၊ သူ ဒီဇာတ်ကားရိုက်ပြီး ပြန်လာတဲ့အထိ စောင့်ရအောင်၊ပြီးရင် ကိုယ်တို့ တွေ့ကြမယ်။ စိတ်မပူပါနဲ့၊ ကိုယ် ရှိတယ်။ ကိုယ် သူနဲ့ စကားပြောကြည့်မယ်"
အမှန်တော့၊ သူ မနေ့ညက ဒီကိစ္စကို စဉ်းစားထားကာ အစက ဒီနေ့ စုန့်လင်းချွမ်ကို ဖုန်းခေါ်မှာဖြစ်သည်။
ဒါပေမယ့် အခုတော့ လင်းချွမ် ပြန်လာပြီး သူတို့အကြောင်းပြောဖို့ သင့်တော်တဲ့အခွင့်အရေးကို ရှာတွေ့တဲ့အထိ စောင့်တာ ပိုကောင်းလိမ့်မည်။
-
မနက်စာစားပြီးသွားတော့ ဖေးခွမ်က ခွဲစိတ်မှုခံယူထားတာကြောင့် ကားမမောင်းနိုင်တဲ့အတွက် စုန့်အာ့နန် ကိုယ်တိုင် ဆေးရုံဆီ တက္ကစီစီးသွားလိုက်သည်။
စုန့်အာ့နန် ဆေးရုံကိုရောက်တော့ သူမရဲ့ ကုတ်အဖြူကို ၀တ်နေတဲ့အချိန် လီစစ်ရွှေ့က ဝင်လာသည်။
"အာ့နန်၊ နောက်ဆုံးတော့ နင်ပြန်လာပြီ။ အိမ်မှာ ဘာမှမဖြစ်ဘူးမလား?"
စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "မဖြစ်ဘူး၊ စိတ်မပူပါနဲ့"
သူမ အဲ့ဒီတုန်းက ခွင့်ယူရတဲ့ အကြောင်းရင်းကို မိသားစုကိစ္စကြောင့်လို့သာ လီစစ်ရွှေ့သိထားပြီး ဖေးခွမ် ကြောင့်ဖြစ်မှန်း မသိပါချေ။ အခုချိန် ဆေးရုံမှာ ရှင်းပြရင်လည်း သိပ်အဆင်မပြေပေ။
လီစစ်ရွှေ့က ဆက်မမေးတော့ပေ။ ဆရာဝန်နဲ့အတူ round လှည့်တာလိုက်သွားဖို့ လိုတာကြောင့် နှစ်ယောက်သား စကားမပြောဘဲ အမြန်ထွက်သွားလိုက်ကြသည်။
round လှည့်လို့ပြီးတော့ စုန့်အာ့နန် ရုတ်တရက် ပြဿနာတစ်ခုကို သတိရလိုက်သည်။
သူမ အခု ဖေးခွမ်နဲ့တွဲနေတာမို့ အခုက လီစစ်ရွှေ့ အသည်းကွဲသွားလိမ့်မယ်လို့ ဆိုလိုတာမဟုတ်ဘူးလား?
သူမက ဖေးခွမ်ရဲ့ အမာခံဖန်ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။
အဲဒီနောက်မှာတော့ စုန့်အာ့နန်တစ်ယောက် တစ်မနက်လုံး ဘာလုပ်ရမလဲဆိုတာ စဉ်းစားရင်း ရုန်းကန်ခဲ့ရသည်။
ဖေးခွမ် အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် သူမအနေနဲ့ သူမတို့ရဲ့ဆက်ဆံရေးကို လျှို့ဝှက်ထားရမယ်ဆိုတာ အစကတည်းက သိထားသည်။
ဒါပေမယ့် လီစစ်ရွှေ့ ကတော့ မတူပေ။ သူမဟာ ဖေးခွမ်ရဲ့ အမာခံဖန်ဖြစ်သလို သူမရဲ့ သူငယ်ချင်းကောင်းတစ်ယောက်လည်းဖြစ်သည်။ စုန့်အာ့နန်အနေနဲ့ ဒီအကြောင်းကို သူမကို မဖုံးကွယ်ထားနိုင်ပေ။
နေ့လယ်စာစားချိန်မှာ စုန့်အာ့နန်က ဖေးခွမ်ဆီ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။
စုန့်အာ့နန် - [ရှင် ရှိနေလား? ကျွန်မဆွေးနွေးစရာတစ်ခုရှိလို့]
ဖေးခွမ် - [ကိုယ်ရှိတယ်၊ ဘာကိုလဲ?]
စုန့်အာ့နန် - [ အရင်တစ်ခေါက် ကျွန်မ မူးလို့ အိမ်ပြန်ပို့ပေးတဲ့ သူငယ်ချင်းကို မှတ်မိသေးလား?]
ဖေးခွမ် - [မှတ်မိတယ်၊ ဘာဖြစ်လို့လဲ?]
စုန့်အာ့နန် ခဏလောက်စဉ်းစားလိုက်ပြီး [အဲဒါ...ကျွန်မတို့အကြောင်း သူ့ကိုပြောပြလို့ရမလား?]
ဖေးခွမ် စာပြန်လာဖို့ မိနစ်ဝက်လောက်ကြာသွားသည် [အာ့နန် ကိုယ်တို့က တွဲနေတာမဟုတ်လား? မင်းပြောပြချင်တဲ့သူကို ပြောပြလို့ရတယ်။ ကိုယ့်အမြင်ကို မေးနေစရာမလိုပါဘူး။ မင်းရဲ့သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာ ကိုယ်က မင်းရဲ့ချစ်သူကောင်လေးအဖြစ် ပေါ်လာရတယ်။ ဒါက ကိုယ့်ကို အရမ်းပျော်စေတယ်]
စုန့်အာ့နန် ခဏလောက် အံ့အားသင့်သွားပြီး သူမရဲ့ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည် - [ဒါပေမယ့် ကိစ္စတစ်ခုတော့ ရှိတယ်၊ သူက ရှင့်ရဲ့ ဖန်လေ၊ ကျွန်မ သူ့ကို အသည်းကွဲအောင် လုပ်မိသွားမယ်ထင်တယ်"
မက်ဆေ့ချ်ပို့ပြီးတဲ့နောက် သူမက ချက်ချင်းဘဲ ငိုနေတဲ့ အီမိုဂျီကိုပါ ပို့လိုက်သည်။
ဖေးခွမ်လည်း အံ့သြသွားသည်။ သူက စာပြန်လာသည်။ [အဆင်ပြေတယ်၊ သူက ကိုယ့်ရဲ့အသက်မွေးဝမ်းကြောင်းက ဖန်လေ၊ တကယ်အသည်းကွဲမှာ မဟုတ်ဘူး]
စုန့်အာ့နန် - [မဟုတ်ဘူး? သူက ဇနီးဖန်!]
ဖေးခွမ် - "......"