← Chapters

အခန်း (၁၁၃)

Vol. 9 Ch. 113

အခန်း (၁၁၃)

Vol. 9 Ch. 113

စုန့်အာ့နန်မှာလည်း အစာစားချင်စိတ်ရှိပေမယ့်၊ ဒီ တစ်ဝက်တစ်ပျက် အရွယ်ရောက်လာနေတဲ့ ချီမူရှစ်လိုကလေးနဲ့ ယှဉ်ပါက သူမ စားသည့်ပမာဏမှာ နည်းနည်း နည်းသေးသည်။

"စားလို့ဝလား? ထပ်ဝယ်ရမလား?" သူမစားပြီးတဲ့အထိ ချီမူရှစ်က သူ့တူကိုချမယ့် အရိပ်အယောင်မပြတဲ့အတွက် စုန့်အာ့နန်က အစမ်းသဘောမေးလိုက်သည်။

ချီမူရှစ်ကလည်း အမြန် ခေါင်းညိတ်လိုက်သည်။ "အန်တီလေးစုန့်၊ ဟိုဘက် ပြတင်းပေါက်က ရွှံ့အိုးထမင်း စားချင်သေးတယ်"

စုန့်အာ့နန်က သူ့ကို သူမရဲ့ထမင်းစားကဒ် ပေးလိုက်ပြီး "မင်းစားချင် သွားဝယ် သွား"

"အိုကေ!" ချီမူရှစ်က အစားအသောက်ကတ်ကို ယူကာ ပျော်ရွှင်စွာနဲ့ ထွက်သွားတော့သည်။

တက်ကြွနေတဲ့ သူ့ပုံစံကိုကြည့်ပြီး စုန့်အာ့နန် ပြုံးကာခေါင်းခါလိုက်သည်။

သူမရဲ့မျက်လုံးထဲမှာတော့ ချီမူရှစ်က လွန်ခဲ့တဲ့နှစ်တွေကလိုဘဲ ရှိနေသေးသည်။ သူက ပိုပိုကြီးလာပုံရပေမယ့် သူနဲ့ ပထမဆုံးစတွေ့တုန်းကနဲ့ သိပ်မကွာခြားပေ။

ဒါပေမယ့် စုန့်အာ့နန်ကတော့ ဘယ်လိုလုပ်သိမှာလဲ၊ သူမရဲ့ မျက်လုံးထဲက ကောင်ကလေးက တကယ်တော့ ကျောင်းမှာ အရမ်းအေးစက်တဲ့ ကောင်လေးတစ်ယောက်ဆိုတာကိုပေါ့။

သူမ အကြည့်ကို ပြန်ရုတ်လိုက်ပြီး စားပွဲပေါ် ဖုန်းမျက်နှာပြင် လင်းလာတာကို တွေ့လိုက်ရသည်။ သူမယူကြည့်လိုက်တော့ ဖေးခွမ်ဆီက မက်ဆေ့ခ်ျတစ်စောင်ဖြစ်သည်။

[မင်းနဲ့ မူရှစ် ဘာလုပ်နေကြလဲ? စားပြီးသွားပြီလား?]

စုန့်အာ့နန် - [ ကျွန်မကတော့ စားပြီးသွားပြီ။ မူရှစ်ကတော့ နောက်ထပ်အစားအသောက်တွေ ဝယ်ဖို့သွားတယ်။ သူ့စားချင်စိတ်ကို လျှော့တွက်မိပြီး နည်းနည်းဘဲမှာလိုက်မိတာ]

ဖေးခွမ်က ချက်ချင်း စာပြန်လာသည် - [နည်းနည်း အားကျတယ်]

စုန့်အာ့နန်က အံ့ဩသွားသည်။ ဘာကို အားကျတာလဲ?

[လူမှား ပို့တာလား?] သူမက အလိုလိုမေးလိုက်သည်။

ဖေးခွမ် - [မဟုတ်ပါဘူး ကိုယ်မင်းနဲ့ဘဲစကားပြောနေတာလေ]

စုန့်အာ့နန် - [ဒါဆို ဘာကိုအားကျတာလဲ?]

ဖေးခွမ် - [ဟင်းး၊ မင်းရဲ့ အစားအသောက်ကတ်ကို ပွင့်ပွင့်လင်းလင်း သူသုံးနေရတာကို ကိုယ်အားကျတယ်။ ညဘက် လူသိပ်မရှိတဲ့အချိန်မှာမှ ခိုးပြီးဝယ်စားရတဲ့ ကိုယ်နဲ့မတူဘူးလေ]

စုန့်အာ့နန် - "......"

ချီမူရှစ်က သူတွေးထားတဲ့ မြေအိုးထမင်းနဲ့ ပြန်လာတော့ မက်ဆေ့ခ်ျကို စာပြန်ရင်း စုန့်အာ့နန် ပြုံးနေတာကိုတွေ့လိုက်ရသည်။ ကြည့်ရတာ အရမ်းပျော်နေတဲ့ပုံပင်။

“အန်တီလေးစုန့် ဘယ်သူနဲ့ စာပို့နေတာလဲ?” သူက သာမာန်ကာလျှံကာ မေးလိုက်သည်။

သိပ်အများကြီးမစဉ်းစားနေဘဲ စုန့်အာ့နန်လည်း ပြန်ဖြေလိုက်သည်။ "ဖေးခွမ်နဲ့"

ချီမူရှစ် နည်းနည်း အံ့သြသွားသည်။ "အစ်ကိုဖေးလား? အန်တီလေးတို့ မကြာမကြာ စာပို့ကြတာလား?"

စုန့်အာ့နန်က တုံ့ဆိုင်းသွားပြီး "အဲ့လိုပါဘဲ"

ချီမူရှစ်က "အိုး" လို့ အသံတိုးတိုးနဲ့ ဆိုလိုက်ပြီး ရုတ်တရက် မေးလိုက်သည်။ "အန်တီလေးစုန့်၊ အန်တီလေးနဲ့ အစ်ကိုဖေးခွမ်တို့ တွဲနေကြတာလား?"

စုန့်အာ့နန်က မယုံနိုင်စွာနဲ့ သူ့ကိုကြည့်လိုက်သည်။ "ဘယ်သူ၊ ဘယ်သူ နင့်ကို ပြောတာလဲ?"

ချီမူရှစ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "ဘယ်သူမှ မပြောပါဘူး၊ အန်တီလေးတို့ cp ကိုအွန်လိုင်းမှာ တွေ့လို့လေ။ ကျွန်တော် ပျင်းတဲ့အခါဆိုရင် အန်တီလေးတို့ရဲ့ cp fanclub ကတစ်ဆင့် လိုက်ရှာကြည့်တာ၊ အဲဒီ cp ပရိတ်သတ်တွေက တကယ် လုံးဝကိုဘဲ၊ ကျွန်တော်တောင် ယုံမိတော့မလို့"

သူမနဲ့ ဖေးခွမ်တို့ကြား cp fanclub ကိုပြောရရင် စုန့်အာ့နန်ရဲ့ ပထမဆုံး အတွေးမှာတော့ ဖြတ်ညှပ်ကပ် ပုံတွေနဲ့ ပေါင်းစပ်ဖန်တီးထားတဲ့ ဇာတ်လမ်းလေးများသာဖြစ်သည်။

"အဲဒါတွေကို မကြည့်နဲ့၊ သူတို့က ဒီတိုင်းမဟုတ်တမ်းတရားတွေ ပြောနေကြတာ"

ချီမူရှစ်က ပြုံးကာ "သူတို့က တမင်လုပ်ထားကြမှန်း ကျွန်တော် သိပါတယ်။ အန်တီလေးနဲ့ အစ်ကိုဖေးခွမ်တို့က ကျွန်တော်တို့လို ဆက်ဆံရေးပဲကို တွဲနေကြတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!"

ဒါပေါ့၊ ဒါက ယောက်ျားလေးတွေကြားက ထူးခြားတဲ့ အပျော်သဘောမျိုးလည်း ဖြစ်တယ်။

သူနဲ့သူ့ အပေါင်းအသင်းတချို့လိုမျိုး သူတို့အားလုံးက တခြားသူရဲ့အဖေဖြစ်ဖို့ စိတ်အားထက်သန်နေကြပြီး အကြီးဖြစ်ဖို့အတွက် အပြိုင်အဆိုင် ဟာသလုပ်လေ့ရှိကြသည်။

စုန့်အာ့နန်က သိပ်နားမလည်ပေ။ လင်းချွမ်က ဘာကြောင့် ကန့်ကွက်ရသလဲဆိုတဲ့ အကြောင်းပြချက်ကို သူမ တကယ်မတွေးတတ်ပါချေ။

နေ့လည်ခင်းမှာ ချီမူရှစ်ကို လိုက်ပို့ပြီးတော့ စုန့်အာ့နန်လည်း အိပ်ဆောင်ဆီပြန်သွားလိုက်သည်။

လီစစ်ရွှေ့လည်း ဒီနေ့မှာ အားလပ်ရက်တစ်ရက် ရထားပြီး အဆောင်ထဲတွင် ပျင်းရိပျင်းတွဲရှိနေသည်။ စုန့်အာ့နန်က ချီမူရှစ် ယူလာပေးတဲ့ဟာတွေကို စားပွဲပေါ်တင်လိုက်သည်။

သူမက လီစစ်ရွှေ့ကို ပြောလိုက်သည်။ "နင် စားချင်တာစားနော်၊ မူရှစ် လာပေးသွားတာ"

လီစစ်ရွှေ့လည်း ဟန်လုပ်မနေဘဲ အိတ်ကိုဖွင့်လိုက်သည်။ "ကောင်းတယ်၊ ငါလည်း ထမင်းမစားရ‌သေးဘူး၊ ဗိုက်ဆာနေတာ နင်အချိန်ကိုက်ရောက်လာတာဘဲ"

စုန့်အာ့နန်လည်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ဘာလို့ သွားမစားတာလဲ?"

လီစစ်ရွှေ့က သူမလက်ကို ဝှေ့ယမ်းလိုက်ပြီး "အောက်ထပ်ကို ဆင်းရမှာ အရမ်းပျင်းလို့"

"ဒါ့အပြင် နင်တို့လည်း ဒီမှာ မရှိဘူးလေ၊ ကန်တင်းအတူသွားမယ့်သူ မရှိတော့ အရမ်း အထီးကျန်တယ်"

စုန့်အာ့နန်လည်း တွေးကြည့်လိုက်သည်။ သူမ တစ်ယောက်ထဲ အဆောင်မှာရှိနေတော့ အောက်ဆင်းဖို့အရမ်းပျင်းသွားတာကြောင့်ဖြစ်မည်။

"နင့်တူလေးကိုရော လိုက်ပို့လိုက်ပြီလား?" လီစစ်ရွှေ့ကမေးလိုက်သည်။

စုန့်အာ့နန်က ခေါင်းညိတ်ပြပြီး ကုလားထိုင်ပေါ် ထိုင်လိုက်ကာ “ဒီနေ့နေ့လည် သူ့မှာအတန်းရှိသေးလို့ ပြန်လွှတ်လိုက်တာ”

လီစစ်ရွှေ့က"အိုး" လို့ အသံပြုလာပြီး ဘာမှ ထပ်မမေးတော့ပေ။

စုန့်အာ့နန် အတော်ကြာအောင် စဉ်းစားနေပေမယ့် ချီမူရှစ်ရဲ့စကားတွေကိုတော့ နားမလည်နိုင်သေးပေ။ သူမလည်း အကြံဉာဏ်တောင်းဖို့ လီစစ်ရွှေ့ကိုလှည့်ကြည့်လိုက်သည်။

"စစ်ရွှေ့ ငါနင့်ကိုတစ်ခုမေးချင်တယ်"

လီစစ်ရွှေ့က ပျော်ပျော်ရွှင်ရွှင်နဲ့ စားသောက်နေပြီး ခေါင်းမမော့လာဘဲ ပြောလိုက်သည်။ "မေးလေ"

စုန့်အာ့နန်က ခဏလောက် စဉ်းစားလိုက်ပြီး တုံ့ဆိုင်းစွာနဲ့ပြောလာသည်။ "အဲ့ဒါက ငါနဲ့ ဖေးခွမ် အကြောင်းပါ။ ငါ လင်းချွမ်ကို အဲ့ဒီအကြောင်း အခုပြောပြသင့်တယ်လို့ နင်ထင်လား?"

ဒါကိုကြားတော့ လီစစ်ရွှေ့က ချက်ချင်းထလာပြီး သူမကို မျက်လုံးတွေ တောက်ပစွာနဲ့မေးလာသည်။ "နင်ဘယ်လိုထင်လဲ?"

စုန့်အာ့နန် - “အစက သိပ်ပြီးမတွေးခဲ့မိဘူး၊ ဒီဒရာမာရိုက်ပြီးလို့ သူပြန်လာရင် ငါတို့ သူ့ကိုပြောပြမလို့"

"ဒါပေမယ့် ဒီနေ့ မူရှစ် ပြောတာကို နားထောင်မိတော့၊ လင်းချွမ်သိသွားရင် ဖေးခွမ်ကို ထိုးမှာ သေချာတယ်၊ ငါအခု တွန့်ဆုတ်နေမိတယ်"

လီစစ်ရွှေ့ ခဏလောက် လန့်သွားပြီး "ဘာလဲ! ချီမူရှစ်က နင်နဲ့ ဖေးခွမ်တို့တွဲနေတာကို သိတယ်လား?"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "သူ မသိဘူး၊ ငါတို့ cpကို အွန်လိုင်းပေါ်မှာ တွေ့တယ်လို့ ပြောတာ"

လီစစ်ရွှေ့က သက်ပြင်းတစ်ချက် ချလိုက်သည်။ အရင်က စုန့်အာ့နန်ကို ချီမူရှစ် လာရှာတုန်းက သူမ တစ်ခါတွေ့ဖူးသည်။ ဒီကလေးက လျှို့ဝှက်ချက်ကို ထိန်းထားနိုင်တတ်တဲ့ပုံမပေါ်ချေ။

သူသိရင် လင်းချွမ်လည်း မကြာခင် သိလာလိမ့်မှာပင်။

"လင်းချွမ်သာ သိသွားရင် သူဖေးခွမ်ကို တကယ်ထိုးလိမ့်မယ်လို့ နင်ထင်လား?" စုန့်အာ့နန် မေးလိုက်သည်။

လီစစ်ရွှေ့က ခေါင်းညိတ်လိုက်ပြီး "သူလုပ်လိမ့်မယ်၊ တစ်ဆယ်မှာ ရှစ်၊ ကိုးလောက်က ပြင်းပြင်းထန်ထန်ထိုးလိမ့်မယ်"

လင်းချွမ်လို့ သူ့ညီမလေးကို ကာကွယ်ပေးတတ်ပုံနဲ့ဆို ဖေးခွမ်က စုန့်အာ့နန်ကို လှည့်ဖြားခဲ့တာကို သူသိပါက ချက်ခြင်း ပေါက်ကွဲသွားလိမ့်မည်ဖြစ်သည်။

တူလေးတစ်ယောက်ဖြစ်တဲ့ အစ်ကိုကောင်းတစ်ယောက်ရဲ့ ရာထူးကို ပြောစရာတောင်မလိုဘူး။

ဒီအတိုင်းထားလိုက်ရင်၊ ဖေးခွမ်အနေနဲ့ အထိုးခံရတာကနေ လွတ်မြောက်နိုင်မှာမဟုတ်ပေ။

ချီမူရှစ် ပြောသည့်အတိုင်း လီစစ်ရွှေ့ လည်း ပြောသည်။ ဒီတစ်ခါတော့ စုန့်အာ့နန် တကယ် လန့်သွားသည်။

သူမ ခံစားချက်တွေကို ဖော်ထုတ်ခံရမှာ အမြဲစိုးရိမ်နေခဲ့ပေမယ့် ဖေးခွမ်က သူမ ကျောခိုင်းတာကိုမကြိုက်တာကြောင့် လူတိုင်းအတွက် အခက်အခဲဖြစ်စေသည်။ ဒါပေမယ့် ဒါကို သူမ ဘယ်တုန်းကမှ မတွေးမိခဲ့ပေ။

"ငါဘာလုပ်သင့်လဲ?" စုန့်အာ့နန်က မေးလိုက်သည်။

သူမ ship တဲ့ cp ကို ကာကွယ်ဖို့အတွက် လီစစ်ရွှေ့က သူမရဲ့ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။

သူမ ခဏလောက် စဉ်းစားလိုက်ပြီးမှ ပြောလိုက်သည်။ "နင် ဒီဟာနဲ့ပတ်သတ်ပြီး ပါးနပ်ရမယ်၊ စုန့်လင်းချွမ်ကို အလျင်စလို မပြောနဲ့ဦး။ သူ့ဘာသာသူ သဲလွန်စတချို့ အရင်ရှာကြည့်ပါစေ၊ ပြီးမှ အမှန်တရားကို ဖြည်းဖြည်းချင်း ဖော်ထုတ်ပြလိုက်"

စုန့်အာ့နန်က နည်းနည်း မျက်မှောင်ကြုတ်လိုက်ပြီး "သူ့ဘာသာသူ ဖြည်းဖြည်းချင်း ရှာတွေ့ခိုင်းရမယ်?"

လီစစ်ရွှေ့က ခေါင်းညိတ်လိုက်ပြီး "ဟုတ်တယ်။ စဉ်းစားကြည့်လေ၊ ဒီလိုတဖြည်းဖြည်းနဲ့ဆို သူလည်း စိတ်ပိုင်းဆိုင်ရာအရ အတိုင်းအတာတစ်ခုအထိ အဆင်သင့် ဖြစ်နေလောက်ပြီ။ အချိန်ရောက်လာတဲ့အခါ လက်ခံဖို့က ပိုလွယ်သွားလိမ့်မယ်..."

-

ချီမူရှစ် စုန့်အာ့နန်ရဲ့ တက္ကသိုလ်ကို သွားတုန်းက နှစ်ယောက်လုံး ဘာမှ မဖုံးကွယ်ထားတာကြောင့် လူတွေက သူတို့ကို သတိထားမိခဲ့သည်။

ချီမူရှစ်ဟာ အဲ့ဒီ variety show မှာပါပြီးကတည်းက အွန်လိုင်းပေါ်တွင် များများစားစား မပေါ်လာခဲ့ပေမယ့် သူ့ရုပ်ရည်မှာ ထင်ရှားသည်။

ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးတစ်ယောက်ရဲ့ အရပ်မြင့်မြင့်နဲ့ဘချောမောလှတဲ့အသွင်အပြင်က သူ့ဘေးမှာ စုန့်အာ့နန်လည်းရှိတာကိုထည့်မပြောရင်တောင် အာရုံစိုက်ခံရနိုင်သည်။

ကျောင်းတံခါးမှာသူတို့တွေ့တာကနေ ဟောပြောပွဲခန်းမ၊ နေ့လယ်စာအတွက် ကန်တင်းမှာ၊ နောက်ဆုံး ချီမူရှစ် ထွက်သွားတဲ့အချိန်အထိ သူတို့တွေ့ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုအတိုလေးတွေကို Weibo မှာ တင်ထားတာ ကြာပြီဖြစ်သည်။

[OMG ဘာတွေဖြစ် နေတာလဲ? ဒါက အန်တီလေးရဲ့ကောင်လေးလို့တော့ မပြောနဲ့နော်!]

[အားးး သူက အရမ်းချောပေမယ့် ငယ်သေးတယ် အထက်တန်းကျောင်းသား မဖြစ်နိုင်လောက်ဘူးလား?]

[အထက်တန်းကျောင်းက မဟုတ်လောက်ဘူး၊ တက္ကသိုလ်က ဖြစ်နိုင်လောက်တယ်။ ဒါပေမယ့် ဒီအရွယ်ကောင်လေးတွေကို အသက်အရွယ် အတိအကျပြောဖို့ခက်တယ်]

[ဘုရား၊ နှစ်ယောက်သားကို အတူတူကြည့်ရတာ ကြည်နူးစရာကောင်းပြီး၊ ပြီးပြည့်စုံတဲ့ ကျောင်းဝင်းအချစ်ဇာတ်လမ်းက အမျိုးသားနဲ့ အမျိုးသမီး ဇာတ်ဆောင်လိုပဲ]

[စုန့်အာ့နန် ကိုယ်တိုင်က သိပ်အသက်မကြီးသေးပါဘူး၊ သူ့အရွယ်မှာ ဒိတ်တာက ပုံမှန်ပဲ]

[ ဒီတက္ကသိုလ်ကတော့ မဖြစ်လောက်ဘူး၊ သူစားဖို့ အန်တီလေးရဲ့ အစားအသောက်ကတ်ကို သုံးခဲ့တယ်]

[ခဏနေပါဦး! ဘာလို့ ဒီကောင်လေးကို ရင်းနှီးသလို ခံစားနေရတာပါလိမ့်]

[ဟားဟား၊ ရုပ်ချောတဲ့သူတွေ အားလုံးက အတူတူပဲ။ ဒါက မျက်စိသကြားဓာတ် ဖြည့်တာပဲ၊ မျက်စိပသာဒဖြစ်နေတော့ ရင်းနှီးနေသလိုဖြစ်နေတာပေါ့]

[ဝူးဝူးဝူး ငါ့အန်တီလေးက အချစ်ထဲကျဆုံးနေတာလား? ငါ့ရဲ့ ဂေါ်ဖီထုပ်ကို ဝက်တစ်ကောင်က တူးထုတ်သွားသလို ခံစားရတယ်]

[ အပေါ်ထပ်က ညီအစ်မရေ နင်တစ်ယောက်တည်း မဟုတ်ပါဘူး။ အန်တီလေးက တစ်နေ့မှာ ချစ်မိသွားမှာကို သိပေမယ့် တကယ် အဲ့ဒီရောက်လာတဲ့အခါမှာတော့ စွန့်လွှတ်ဖို့ ခက်နေသေးတယ်]

[ဟားဟား၊ နင်တို့တောင် ဒီလိုဆိုရင် စုန့်လင်းချွမ်ဆိုရင်ရော ဘယ်လိုခံစားရမလဲ?]

[စုန့်လင်းချွမ်က သူ့ရဲ့ ၈ မီတာရှည်တဲ့ အသားသတ်ဓားနဲ့ ဒီနေရာကို ပြေးလာနေပြီ]

[ဟားဟားဟား၊ စုန့်လင်းချွမ်က ဒီကောင်လေးကို 'ဦးလေး' လို့ ခေါ်တာကို စိတ်ကူးကြည့်ရင် ရယ်စရာကောင်းလိုက်တာ]

[သေချာပေါက်! တကယ်ကို ရယ်စရာကောင်းတယ်]

...

အင်တာနက်သုံးစွဲသူတွေက ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြပြီး မကြာခင်မှာဘဲ #စုန့်အာ့နန်ရဲ့ ကောလာဟလ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်လေး# ဆိုတဲ့ hashtag တစ်ခုက hot search ဖြစ်လာသည်။

ဒါပေမယ့် အဲ့ဒီအချိန် မင်းသမီးရှစ်ချင်ရဲ့ မိုက်ခရိုဘလော့ဂ်ကနေ ဒီအကြောင်းအရာအောက်တွင် ပို့စ်တစ်ခုတင်လိုက်သည်။

@ရှစ်ချင်- ဒီမိုက်ခရိုဘလော့ဂ်ကို ငါ့သား ချီမူရှစ် ကိုယ်စား တင်ပေးတာပါ။ အသေးစိတ်အတွက် ပူးတွဲပါပုံကို ကြည့်ပေးကြပါ။

ပူးတွဲပါပုံသည် စကားပြောမှတ်တမ်းတစ်ခု၏ စခရင်ရှော့ပုံဖြစ်သည်။

ပုံထဲတွင်- ဘာ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်လေးလဲ? မျက်လုံးပြူးပြီး သေသေချာချာကြည့်ကြည့်ဦး ငါတို့က သန့်စင်တဲ့ တူဝရီးဆက်ဆံရေးဘဲ။ ပြဿနာမရှာကြနဲ့ လူစုခွဲလိုက်ကြ၊ ငါတို့ရဲ့ တူဝရီးဆက်ဆံရေးကို မထိခိုက်ကြနဲ့!

အင်တာနက်သုံးစွဲသူများ - ???

[ဓာတ်ပုံထဲက ကောင်လေးက ချီမူရှစ်ဘဲ!!]

ဒီမိုက်ခရိုဘလော့ဂ်ပြီးတော့ ရှစ်ချင်က နောက်ထပ်ပို့စ်တစ်ခု တင်ထားသည်။

@ရှစ်ချင် - ငါ့မှာ အာ့နန်လို ချွေးမလေးတစ်ယောက်လောက် လိုချင်ပေမယ့် ကံမကောင်းတာက အသုံးမကျတဲ့ ကောင်လေးက သူ့တူလေးပဲ ဖြစ်ချင်နေတာ။ တခြားချွေးမလေးကို လက်ခံဖို့ကလွဲလို့ ရွေးစရာမရှိတော့ဘူး!

ပူးတွဲပါတာက 'စိတ်ပျက်နေတဲ့အမေမှ ရင်ဖွင့်နေတဲ့' memeပုံဖြစ်သည်။

[ဝိုး၊ ဒီကောင်လေးက တကယ်တော့ ချီမူရှစ်ဘဲ။ သူ့ကို ရင်းနှီးနေပါတယ်လို့ ထင်နေတာ။ ကလေးတွေ ကြီးလာတာ မြန်တာဘဲ၊ သူက ပိုပိုပြီး ချောလာတယ်]

[ဟုတ်တယ်၊ သူ့မျက်ခုံးနဲ့ မျက်လုံးတွေက ရှစ်ချင်နဲ့ တော်တော်တူတယ်။ သူ့အမေရဲ့ မျိုးရိုးဗီဇနဲ့ဆိုမှတော့ သူရုပ်ချောတာ အံ့သြစရာမဟုတ်တော့ပါဘူး၊ သူရုပ်မချောရင်မှဘဲ ထူးဆန်းနေလိမ့်မယ်]

[LMAO ချီမူရှစ်က က ရယ်စရာကောင်းလိုက်တာ။ 'သန့်စင်တဲ့ တူဝရီးဆက်ဆံရေး' က ဘာကို ဆိုလိုတာလဲ? အင်တာနက် အသုံးပြုတဲ့သူတွေကို သူတို့ရဲ့ တူဝရီးဆက်ဆံရေးကို မထိခိုက်စေဖို့ တောင်းဆိုနေတာလား? ငါတော့သေပြီ]

[ဟားဟားဟားဟားရှစ်ချင်ရဲ့ ခါးသီးတဲ့ခံစားချက်ကို တကယ် ခံစားမိတယ်။ သူ့ရဲ့ စံချွေးမလေးက သူ့သားရဲ့အန်တီလေးဖြစ်လာတော့ သူမျက်ရည်ကျတာ အံ့သြစရာမဟုတ်တော့ဘူး]

[variety show ထုန်လွှင့်ခဲ့တာ တစ်နှစ်ကျော်နေပြီ၊ သူတို့ ဒီလောက်ရင်းနှီးနေသေးတာကို ယုံတောင်မယုံနိုင်ဘူး]

[ဟုတ်တယ်၊ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ စုန့်လင်းချွမ်နဲ့ ဒါရိုက်တာချီ၊ မင်းသမီးရှစ်တို့က အများကြီးအတူပူးပေါင်းအလုပ် လုပ်ခဲ့ကြတာ။ ချီမူရှစ် B တက္ကသိုလ် မှာ စုန့်အာ့နန်ဆီ သွားလည်တာကို မှတ်မိသေးလား?]

[သတိထားမိကြလား၊ စုန့်အာ့နန် ချီမူရှစ်ကိုခေါ်သွားတဲ့ ဟောပြောပွဲက AI အကြောင်းနဲ့ပတ်သတ်တာပဲ။ ချီမူရှစ်က အဲဒီလမ်းကြောင်းအတိုင်း တိုးတက်အောင်လုပ်ဖို့ တကယ် စီစဉ်နေတယ်လို့တော့ မပြောနဲ့နော်]

[ဖြစ်နိုင်တယ်၊ ငါ့အိမ်နားက ကောင်လေးက ချီမူရှစ်နဲ့ အတန်းဖော်ပဲ။ အခုလက်ရှိ အတန်းထဲမှာ သူ့အမှတ်တွေကအရမ်းကောင်းတယ်တဲ့၊ သူက သူတို့ အလယ်တန်း အထက်တန်းတုန်းက မြင်းနက်တွေထဲက တစ်ယောက်ဘဲတဲ့]

[ဘယ်လိုမှမဖြစ်ဘူး၊ ချီမူရှစ်က ဒီနှစ်တွေအတွင်းမှာ အရမ်းညံ့တာကို၊ သူတကယ်ပဲ အလယ်အလတ်အဆင့်ကနေ ထူးချွန်လာလိမ့်မယ်လို့ မမျှော်လင့်ထားဘူး]

[မျှော်လင့်ထားတဲ့အတိုင်း၊ ထိပ်တန်းကျောင်းသားနဲ့အတူရှိတာက သင့်ကို သိမ်သိမ်မွေ့မွေ့နဲ့လွှမ်းမိုးနိုင်တယ်]

[ဟားဟား၊ အရင်တစ်ခေါက်ကလည်း ဖေးခွမ်တစ်ယောက် နို့လက်ဖက်ရည်ဝယ်ဖို့ အန်တီလေးရဲ့အစားအသောက်ကတ်ကို သုံးခဲ့သေးတယ်။ စုန့်လင်းချွမ်ကလည်း သူပြန်ရောက်ရင် B တက္ကသိုလ်က ကန်တင်းမှာ စျေးကြီးတဲ့ဟာတွေစားဖို့ ပြောထားတယ်။ ချီမူရှစ်က သူ့ကိုအနိုင်ယူလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ]

[ပြောရရင်၊ အကုန်လုံးက အန်တီလေးရဲ့ အစားအသောက်ကတ်ကိုဘဲ မျက်စောင်းထိုးနေကြတာ လုံးဝကို စိတ်မကောင်းမဖြစ်ကြဘူးလား? သိပ်မမြှောက်ကြဖို့ အကြံပေးချင်ပါတယ်]

[ဝူးဝူးဝူး၊ စုန့်အာ့နန် ချီမူရှစ်ကို အစားအသောက်ကတ်ပေးနေတဲ့ ပုံကို တွေ့ကြလား? အစ်မချောလေးကတခြားသူတွေကို ဝယ်ကျွေးနေတဲ့ တကယ့်အပြင်ဘဝက ပုံစံဘဲ]

[ဒီအိမ်မက်အဖွဲ့ရဲ့ အပြောင်းအလဲကဘာလဲ... ငါ အရင်တစ်ခေါက် ရှိုးကို ကြည့်ပြီးကတည်းက ချီမူရှစ်နဲ့အန်တီလေးတို့ကို ship ခဲ့တာ၊ နောက်ဆက်တွဲရှိလာလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူး]

[ဟုတ်တယ်၊ အခု တော့ရှင်းသွားပြီ၊ ကြုံရာကျပန်း ship တာက မယဉ်ကျေးရာရောက်တယ်]

[အားး ငါ့မထိန်းနိုင်တော့ဘူး၊ ငါသူတို့ကိုနေရာတိုင်းမှာ ship တော့မယ်!]

[ဝါးးး ဒါက ဖေးအန် cp က အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုလိုက်တာဘဲ၊ အခု ကျောက်တုံးလိုမျိုး ခိုင်မာနေပြီမဟုတ်လား?]

[အပေါ်ထပ်က ညီအစ်မရေ အဆင်ပြေရဲ့လား? နင်နေရာမှားနေပြီ။ ဒါက ဖေးခွမ်နဲ့ ဘာဆိုင်လို့လဲ?]

[ဘာ ဆက်စပ်မှုမှ မရှိဘူး။ ချီမူရှစ်နဲ့ အန်တီလေးတို့ရဲ့ ကောလဟာလထွက်လာတာနဲ့ ချက်ချင်းဘဲ ထွက်ရှင်းတယ်။ ဒါက တူလေးတစ်ယောက်လုပ်သင့်တာဘဲ။ ဒါပေမယ့် ဖေးခွမ်ကျတော့ [ဖေးအန် cp] အတုဖြစ်ကြောင်း ထွက်ရှင်းတာမြင်လား? ဒါက ကျောက်တုံးလို တည်မြဲနေတာမဟုတ်ရင် ဘာရှိဦးမှာလဲ?]

[ဒါကလည်းအလုပ်ဖြစ်တာဘဲ။ အမ်... ငါသိပ်နားမလည်ပေမယ့် အရမ်းအံ့ဩရတယ်!!]

[ဟားဟားဟား cp ဖန်တွေရဲ့ အတွေးအမြင်က သာမာန်လူတွေရဲ့ နားလည်နိုင်စွမ်းထက်ကို ကျော်လွန်ပြီး သူတို့ကိုယ်သူတို့ ပျော်အောင်လုပ်နေတာပဲ]

All Chapters