← Chapters

အခန်း (၁၁၄)

Vol. 9 Ch. 114

အခန်း (၁၁၄)

Vol. 9 Ch. 114

ဖေးခွမ်ရဲ့အိမ်တွင် လီတုန်က သူနဲ့အလုပ်ကိစ္စတွေ ဆွေးနွေးဖို့ ရောက်နေသည်။

တစ်ဝက်မှာတော့ ဖေးခွမ်က လသာဆောင်မှာ ဖုန်းသွားပြောသည်။ လီတုန်လည်း သူ့ဖုန်းကို ယူလိုက်ပြီး Weibo ကို ဖွင့်လိုက်သည်။

အကျင့်အတိုင်း သူhot search ကိုနှိပ်လိုက်တော့ ရုတ်တရက် အေးခဲသွားပြီး ဆွဲချကြည့်လိုက်သည်။ "ဝိုး! ဒီ hot search က ဘာလဲဟ?"

ဖေးခွမ်က လသာဆောင်ကနေ ဖုန်းပြောပြီးလို့ ပြန်ဝင်လာသည်။ "ဘာ hot search လဲ?"

လီတုန်က မော့ကြည့်လိုက်ပြီး သူ့ရှေ့ကို ဖုန်း ပြလိုက်သည်။ "စုန့်အာ့နန် ရဲ့ ကောလဟာလ လျှို့ဝှက်ဆန်းကြယ်တဲ့ ကောင်လေးတဲ့၊ သူတို့အန်တီလေးအကြောင်း ပြောနေကြတာလား?"

ဖေးခွမ်လည်း သိသိသာသာ လန့်သွားသည်။သူက ဖုန်းကိုယူလိုက်ပြီး ခေါင်းစဉ်ကို နှိပ်လိုက်သည်။ အဖြစ်အပျက်ကို ရှင်းရှင်းလင်းလင်း သိပြီးတဲ့နောက် သူ တိတ်တဆိတ်နဲ့ သက်သာရာရစွာ သက်ပြင်း မှုတ်ထုတ်လိုက်သည်။

"မူရှစ်က အာ့နန် ကျောင်းကို သွားလည်တော့ လူတွေက ဓာတ်ပုံရိုက်လိုက်တာ" သူက လီတုန်ကို ဖုန်းပြန်ပေးလိုက်သည်။ "ဘာမှ စိတ်မပူနဲ့၊ အဲ့ဒါကို ရှင်းထားပြီးသား"

ပထမတော့ လီတုန်က မူရှစ် ဆိုတာကို မတုံ့ပြန်မိပေမယ့် အဲဒါကို ဖတ်ပြီးတော့ သူ သိသွားသည်။

"အိုး ဒါရိုက်တာချီ ရဲ့ ကလေးပဲ"

ကန်တင်းထဲက စုန့်အာ့နန်နဲ့ ချီမူရှစ်တို့ရဲ့ ပုံကိုသူဖွင့်ကြည့်လိုက်သည်။

“အဲဒါနဲ့တော့ ဒီကလေးက အရမ်းကြည့်ကောင်းတယ်ဆိုတာတော့ ငြင်းလို့မရဘူး။ သူ အန်တီလေးနဲ့ အတူရပ်နေရင်အရမ်းလိုက်ဖက်တာ၊ သူဖျော်ဖြေရေးလောကထဲ ဝင်ဖို့ အစီအစဉ်မရှိဘူးဘဲ၊ B တက္ကသိုလ်မှာ သူလည်း တက်ချင်တယ်လို့ ကြားတယ်။ နှစ်ယောက်သား အနာဂတ်မှာ တကယ် အတူတူ အဆုံးသတ်သွားလောက်တယ်"

ဖေးခွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "လီတုန် ခင်ဗျားကို ပြောဖို့မေ့နေတာတစ်ခုရှိတယ်"

လီတုန်က ဖုန်းကိုဘဲငုံ့ကြည့်နေပြီး သိပ်စိတ်မဝင်စားပေ။ "ဘာလဲ?"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ကျွန်တော် အခုရည်းစားရှိနေပြီ"

လီတုန် - "!!!"

လီတုန်အနေနဲ့ အွန်လိုင်းပေါ်က အတင်းအဖျင်းတွေကို ပြောရတာ သဘောကျပေမယ့် သူ့ရဲ့အနုပညာရှင်က ဒီလိုဗုံးမျိုး ပစ်ချလိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မမျှော်လင့်ထားမိပေ။

"သူ တစ်ယောက်ယောက်နဲ့ ချိန်းတွေ့နေတယ်..."

ထိတ်လန့်တကြားနဲ့ သူဖေးခွမ်ကို မမေးခင် အကြာကြီးစိုက်ကြည့်နေမိသည်။ "ဘယ်သူ...ဘယ်သူလဲ?"

စက္ကန့်အနည်းငယ်အတွင်းမှာပဲ လီတုန်တစ်ယောက် ဖေးခွမ် နားက အမျိုးသမီးအားလုံးကို စဉ်းစားလိုက်ပေမယ့် သံသယဖြစ်စရာ လူကို ရှာမတွေ့ပါချေ။

အဓိက အကြောင်းအရင်းကတော့ ဖေးခွမ်ပတ်ဝန်းကျင်မှာ မိန်းကလေးတွေမရှိလို့ပင်။ ပွဲတွေမှာဆို သူက မင်းသမီးအားလုံးနဲ့ ခပ်ခွာခွာနေဖို့ ကြိုးစားလေ့ရှိပြီး သူ့ပတ်ဝန်းကျင်ရှိ ဝန်ထမ်းများမှာလည်း တစ်ပုံစံတည်း အမျိုးသားတွေသာ ဖြစ်သည်။

ဒီနှစ်နှစ်အတွင်းတွင် ဒရာမာဇာတ်လမ်းတွဲတွေဆီ ပြောင်းတာကလွဲ၍ သူ့တွင် ကိုယ်ပိုင်ဘဝ လုံးဝမရှိခဲ့သလို အမျိုးသမီးတွေနှင့် တွေ့ဆုံဖို့အချိန်တွေကလည်း အရမ်းနည်းသည်။

ခဏနေဦး! အမျိုးသား အနုပညာရှင်များ ဖြစ်နေမလား?

လီတုန်က တစ်ခုခုကို တွေးမိကာ သူ့ကို မယုံနိုင်စွာနဲ့ ကြည့်နေသည်။ "အဲ့ဒါက စုန့်လင်းချွမ်တော့ မဟုတ်ဘူးမလား၊ ဟုတ်နေတာလား?!"

ဖေးခွမ်က ရယ်လိုက်ပြီး "ဘယ်လိုထင်လဲ?"

နောက်တော့ သူက လှောင်ပြောင်တဲ့လေသံနဲ့ ပြောလိုက်သည်။ "ဒါကိုစုန့်လင်းချွမ် ရှေ့မှာ ထပ်ပြောရဲလား?"

လီတုန်က တံတွေးမျိုချလိုက်ပြီး ရိုးရိုးသားသား ခေါင်းခါလိုက်သည်။

သူတကယ် မရဲပါချေ။ စုန့်လင်းချွမ်ရဲ့ ပေါက်ကွဲထွက်လာမယ့် ဒေါသကြောင့် သူ အရိုက်ခံရနိုင်သည်။

ဖေးခွမ်က ဆက်ပြီးအချိန်ဆွဲမနေတော့ဘဲ တိုက်ရိုက်ပြောလိုက်သည်။ "အဲ့ဒါက အာ့နန်"

အာ့နန်?

လီတုန်မှာ စုန့်အာ့နန်ကို ပြောတာမှန်း သဘောမပေါက်ခင် စက္ကန့်အနည်းငယ်လောက် အံ့အားသင့်သွားသည်။

"ဘာ?!" သူ ခုန်လိုက်မိပြီး စကားတစ်ခွန်းမှ မပြောနိုင်လောက်အောင် ထိတ်လန့်သွားသည်။

"အန်တီလေးအာ့နန်နဲ့ တွဲနေတာလား!!!"

ဖေးခွမ်ရဲ့မျက်ခုံးတွေက နည်းနည်းတွန့်ချိုးသွားပြီး "အရမ်းပြင်းပြင်းထန်ထန် တုံ့ပြန်စရာလိုလို့လား?"

လီတုန်တွေးလိုက်သည်။ 'မင်း ဒါကို မသိဘူးလား? '

"အဲ့ဒါက ဒီလိုပါပဲ၊ မင်းအရင်က ကောင်မလေးကို ညီမလေးလိုပဲ အမြဲဆက်ဆံခဲ့တာ မဟုတ်ဘူးလား?"

မင်းဘဲ သူ့ကို ညီမလေးတစ်ယောက်လို အန်တီလေးတစ်ယောက်လိုမြင်တာဆို။ အခုကျတော့ လှည့်ပတ်ပြီးတော့ သူ့ကိုခေါ်သွားတာလား?

ကျွတ်စ် ကျွတ်စ်၊ ဘယ်လိုတောင် သားရဲဆန်လိုက်လဲ။

ဖေးခွမ်က သူ့ကို စိုက်ကြည့်နေသည်။ "ခင်ဗျားဘာသာပြောတာ၊ အဲဒါက အရင်ကပဲ"

လီတုန် - "......"

ကောင်းပြီ၊ ဒီအတိုင်းထားလိုက်ရင် အဓိပ္ပါယ်တော့ရှိပါတယ်။

ဒါပေမယ့် ဒီလိုမျိုးလုပ်တာက တကယ်ကို မသင့်တော်ဘူး။

လီတုန်က စိတ်ထဲမှာ ဝေဖန်နေပေမဲ့ သူ့ရဲ့ အနုပညာရှင်ကိုတော့ အမြင်ကောင်းတယ်လို့ ဝန်ခံရမည်။

ဘာဘဲဖြစ်ဖြစ် သူမက အန်တီလေး အာ့နန်လေ။

တွေးကြည့်လိုက်တော့ လီတုန်လည်း ထူးဆန်းသလို ခံစားရသည်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ စုန့်အာ့နန် ကို သိပ်ပြီး မတွေ့ခဲ့ရပေမယ့် သူတကယ် သဘောကျခဲ့ရသည်။ တစ်ခုခုကို တွေးမိရင်း လီတုန်က ရုတ်တရက် မေးလိုက်သည်။ "မင်း အတည်လား?"

ဖေးခွမ်က လီတုန်ကို ကြည့်ကာ သူ့စကားတွေထဲက အဓိပ္ပါယ်ကိုကြားတော့ ပြောလိုက်သည်။ "စိတ်ချပါ၊ ကျွန်တော့်ဘဝမှာ ဘယ်တုန်းကမှ ဒီလောက်ထိအတည်ဖြစ်တာမျိုးမရှိဘူး"

လီတုန် မသိစိတ်ကနေ စိတ်အေးသွားသည်။

သို့ပေမယ့် ဒုတိယအတွေးမှာတော့၊ ဖေးခွမ်ရဲ့ သတိကြီးတတ်တဲ့ အကျင့်စရိုက်ကို တွေးကြည့်လျှင် သူ့အနေနဲ့ ဒါကို ပိုစဉ်းစားမိလိမ့်မည်ပင်။

အံ့ဩလို့ပြီးသွားတော့ လီတုန်တစ်ယောက် သူ့ရဲ့မန်နေဂျာဆိုတဲ့ အခန်းကဏ္ဍကို သတိရသွားကာ မေးလိုက်သည်။ "မင်း ငါ့ကို ဘာလုပ်စေချင်လဲ?"

ဖေးခွမ်က ခေါင်းခါလိုက်ပြီး "ဘာမှတော့ မဟုတ်ပါဘူး၊ ခင်ဗျားကို အသိပေးရုံဘဲ"

လီတုန်က သူ့မန်နေဂျာဖြစ်သည်။ ဒီလိုအရာတွေအတွက် သူ့ကို ဖုံးကွယ်ထားစရာ မလိုပါချေ။

ဒါမှ အနာဂတ်မှာ သူတို့ပုံကို ရိုက်ခံလိုက်မယ်ဆိုရင် သူ့ဘက်က ချက်ချင်းတုံ့ပြန်နိုင်မည်ပင်။

လီတုန်လည်း သူပြောချင်တဲ့ အဓိပ္ပါယ်ကို နားလည်သည်။ "ကောင်းပြီ၊ ငါ PR အစီအစဥ်ကို ကြိုပြင်ထားလိုက်မယ်"

တကယ်တော့၊ ကနဦး လန့်သွားတာကလွဲရင် လီတုန်က သူ့အနုပညာရှင်ရဲ့ ချိန်းတွေ့တဲ့ကိစ္စကို သိပ်စိတ်မပူပါချေ။

လွန်ခဲ့သည့် ၂ နှစ်ခန့်က ရှဲ့ယင်းနှင့် ဆက်ဆံရေးအရှုပ်တော်ပုံအပြီးတွင် ဖေးခွမ်ရဲ့ပရိသတ်တွေက ကြီးကြီးမားမား အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။

ဒါအပြင် ယခု သူအောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့ပြီဖြစ်တာကြောင့် ချစ်မှုရေးရာကိစ္စက လူသိရှင်ကြား ဖြစ်သွားပါက သူ့အသက်မွေးဝမ်းကြောင်းအပေါ် များစွာ သက်ရောက်မှု ရှိမည်မဟုတ်ပေ။

ဖေးခွမ်လည်း ပေါ့ပေါ့ပါးပါး သဘောတူလိုက်သည်။ "အာ့နန်ကို ကာကွယ်ဖို့ PR အစီအစဉ်တွေကို အာရုံစိုက်ပါ"

လီတုန်က ကျွတ်စ် သတ်လိုက်သည်။ "အန်တီလေးအာ့နန်ရဲ့ နာမည်ဂုဏ်သတင်းကို တွေးကြည့်ရင် မင်းရဲ့ပရိသတ်တွေကတောင် မင်းက ဘူတာရုံအထက်ကို ရောက်သွားသလို ခံစားရလိမ့်မယ်"

ဖေးခွမ်က ခပ်ဟဟရယ်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ "ကျွန်တော်က အစကတည်းက ဘူတာ အထက်ကို ရောက်နေတာဘဲ‌လေ"

-

သဘောတူညီမှုရပြီးတဲ့နောက် နှစ်ယောက်သား အလုပ်ကိစ္စ ဆက်ဆွေးနွေးကြသည်။ လီတုန်က ဇာတ်ညွှန်းအများအပြား ယူလာပြီး ဒီနေ့သူ့ကိုလာရွေးခိုင်းတာဖြစ်သည်။

ဖေးခွမ်က ရုတ်တရက် တစ်ခုခုကို တွေးလိုက်မိသည်။ "ဟုတ်သားဘဲ၊ ဒါရိုက်တာချီက သူ့ရဲ့ဇာတ်ကားသစ်မှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ကျွန်တော့်ကို ကမ်းလှမ်းဖို့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆက်သွယ်လာတယ်"

လီတုန် အံ့သြသွားသည်။ "ဒါရိုက်တာချီက စုန့်လင်းချွမ် ကို အမျိုးသားဇာတ်ဆောင်အဖြစ်ရိုက်ဖို့ အတည်ပြုခဲ့တာကိုတော့ ငါကြားတယ်"

ဖေးခွမ်လည်း ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်။ အဲ့ဒါကို တော်တော်လေး ပြင်ဆင်ထားတယ်လို့ စောစောက လင်းချွမ်ဆီက ကြားတယ်။ ဒီတစ်ခေါက် ဖွင့်ထားရမယ်"

လီတုန်လည်း ပြန်ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါရိုက်တာချီကို နောက်မှ ဆက်သွယ်လိုက်မယ်"

သူသက်ပြင်းမချဘဲ မနေနိုင်‌ပေ။ "ဒီဇာတ်ညွှန်းကိုဖတ်ပြီးသွားပြီ တော်တော်ကောင်းတယ်။ ဇာတ်ညွှန်းရေးဆရာနဲ့ ရိုက်ကူးရေး အဖွဲ့အားလုံးက ဒါရိုက်တာချီရဲ့ အဖွဲ့သားဟောင်းတွေမို့ စုန့်လင်းချွမ် ကောင်းကောင်းသာသရုပ်ဆောင်ရင် ဆုတွေ ကောင်းကောင်းရလိမ့်မယ်"

ယခင် ဒါရိုက်တာချီ လက်အောက်ရှိ ရုပ်ရှင်နှင့်အတူ စုန့်လင်းချွမ်က အကောင်းဆုံး ဇာတ်ပို့ဆုကို ရရှိခဲ့သည်။ တကယ်လို့ သူသာ ဒီတစ်ကြိမ်ထပ်ရခဲ့မယ်ဆိုရင် သူ့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကနေ တကယ့်အမိုက်စား သရုပ်ဆောင်မှုတွေဆီ ပြောင်းလဲသွားလိမ့်မည်ပင်။

သာမာန်အားဖြင့်ဆို ဖေးခွမ်က အကောင်းဆုံးဇာတ်ဆောင်ဆုရထားတဲ့အတွက် အခြားသူတစ်ဦးအတွက် ဇာတ်ပို့နေရာမှာ ပါဝင်လိမ့်မည်မဟုတ်ပေ။

ဒါပေမယ့် စုန့်လင်းချွမ် အတွက်တော့ မတူပါချေ။ သူတို့နှစ်ယောက်ဟာ ဖျော်ဖြေရေးနယ်ပယ်မှာ အခြေခံအားဖြင့် တူညီတဲ့ တိုးတက်မှုလမ်းကြောင်းကို လျှောက်လှမ်းနေကြပေမယ့် သူတို့ရဲ့ ဆက်ဆံရေးဟာတော့ ဒီနယ်ပယ်တွင် အများအားဖြင့် အသိအမှတ်ပြုခံရသည်။

အခုအချိန်မှာ ဖေးခွမ်က စုန့်အာ့နန်နဲ့တွဲနေပြီဖြစ်တာကြောင့် အခုဆို သူတို့က မိသားစုနဲ့ ပိုတူသွားသည်။ သဘာဝအလျောက် သူက ဒီလိုအရာတွေကို ဂရုမစိုက်ပါချေ။

ဒီကိစ္စက ကြားဖြတ်ကိစ္စသက်သက်ပင်။ ပြေလည်သွားတော့ သူတို့နှစ်ယောက်လည်း အခြားအလုပ်အကြောင်း ဆက်ဆွေးနွေးကြသည်။

ဒီနေ့ လီတုန်ယူလာတဲ့ ဇာတ်ညွှန်းတွေက အရည်အသွေးမြင့်သည်။ ဖေးခွမ်က ဇာတ်ညွှန်းတစ်ခုကို တော်တော်စိတ်ဝင်စားနေပုံရပြီး အကြာကြီးဖတ်နေသည်။

"ဒီဇာတ်ညွှန်းက တော်တော်ကောင်းတယ်လို့ ထင်တယ်၊ အချိန်က နည်းနည်းတော့မြန်တယ်။ နောက်လက စပြီး ရိုက်ရမှာဆိုတော့ မင်းဒဏ်ရာ ပြန်မကောင်းလာမှာ စိုးတယ်" လီတုန်က သူစိုးရိမ်တာကို ထုတ်ပြောလာသည်။

ဖေးခွမ်က သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး "အဆင်ပြေပါတယ်။ အဲဒါတွေကို အရင်ဖတ်ကြည့်လိုက်မယ်၊ ဇာတ်ညွှန်းတွေကို ထားခဲ့လိုက်ပါ။ ပြီးရင် ဆက်သွယ်လိုက်မယ်"

လီတုန်လည်း ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ မင်း ပြီးတာနဲ့ ငါ့ကို ဆက်သွယ်လိုက်"

နှစ်ယောက်သား စကားစမြည်ပြောနေတုန်း တံခါးကနေ လျှို့ဝှက်ကုဒ် ရိုက်နေတဲ့အသံကို ကြားလိုက်ရသည်။

လီတုန် အံ့သြသွားပြီး ဖေးခွမ်ကို လှမ်းကြည့်လိုက်သည်။ "ဘယ်သူလဲ? မင်းနေရာက password ကို သိတယ်လား?"

ဖေးခွမ်က ပြန်မဖြေပေမယ့် ဘယ်သူလဲဆိုတာကိုတော့ သူ ရှင်းရှင်းလင်းလင်း သိသည်။ သူ ထကာ တံခါးဆီ လျှောက်သွားလိုက်သည်။

သူဝင်ပေါက်နားရောက်တဲ့အချိန် စုန့်အာ့နန်က တံခါးကိုတွန်းဖွင့်လိုက်ကာ အထဲဝင်လာသည်။

ဖေးခွမ်ကိုမြင်တော့ စုန့်အာ့နန် လန့်သွားသည်။ "ဘာလို့ဒီမှာရပ်နေတာလဲ?"

ဖေးခွမ်က ပြုံးပြီး ပြောလိုက်သည်။ "မင်းပြန်လာတာကို လာကြိုတာ"

စုန့်အာ့နန် - "အိမ်ရောက်နေပြီကို၊ ဘာလာကြိုစရာရှိလို့လဲ"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "မင်းကို အောက်ထပ်မှာ သွားကြိုရတာ ပျော်ပေမယ့် မင်းဘယ်အချိန်ပြန်လာမလဲဆိုတာကိုတော့ မပြောထားဘူးလေ"

လီတုန်နဲ့ စကားစမြည်ပြောနေတုန်းမှာ သူမကို ဘယ်အချိန်အိမ်ပြန်မလဲဆိုတာ မက်ဆေ့ချ်ပို့ မေးပြီး အိမ်ယာဝင်ပေါက်မှာ သွားကြိုချင်ပေမယ့် အငြင်းခံလိုက်ရသည်။

စုန့်အာ့နန် ဒီအချိန်မှာ စိတ်အခြေအနေ သိပ်မကောင်းသလို စကားပြောချင်စိတ်မ‌ရှိပေ။ သူမက ဖေးခွမ်ကိုဖက်ဖို့ လက်ဆန့်ထုတ်လိုက်သည်။

ဖေးခွမ်လည်း ပုံမှန်အတိုင်း မငြင်းဘဲ သူမကို သူ့ရင်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းလိုက်သည်။

"ဘာဖြစ်နေတာလဲ? မင်းကိုကြည့်ရတာ ပင်ပန်းနေတဲ့ပုံဘဲ"

အခုချိန် စုန့်အာ့နန်စိတ်ထဲမှာ လီစစ်ရွှေ့နဲ့ ချိမူရှစ်တို့ စကားတွေနဲ့ ပြည့်နှက်နေပြီး စုန့်လင်းချွမ်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ သူမ ရုန်းကန်နေရသည်။

"ဘာမှမဟုတ်ပါဘူး ဒီနေ့ မူရှစ်နဲ့ လိုက်ပတ်ရတာ ပင်ပန်းလို့"

ဖေးခွမ်က သူမ ခေါင်းကို ပွတ်ပေးလိုက်သည်။ "ဒါဆို ပြီးရင် မင်းရဲ့ ခြေထောက်တွေကို ကိုယ် နှိပ်ပေးမယ်"

စုန့်အာ့နန် - “မလိုပါဘူး၊ ကျွန်မက ဒီလောက်ထိလည်း မပျော့ပါဘူး"

လီတုန် တကယ်သည်းမခံနိုင်တော့ပေ။ သူတို့က မတော်တရော်တွေ လုပ်နေကြတာ မဟုတ်ပေမယ့် ဒီလိုအသည်းယားစရာကောင်းတဲ့ ချစ်စရာစုံတွဲလို ပြုမူနေပြီး သူ့ကို မျက်ကွယ်ပြုထားသည်။

သူ့ရှိနေတာကို သတိရသွားအောင် ချောင်းနည်းနည်းဟန့်လိုက်ရမလားလို့ တွေးနေချိန်မှာဘဲ စုန့်အာ့နန်ကရုတ်တရက်ကြည့်လာသည်။

နှစ်ယောက်သား အကြည့်ချင်း ဆုံသွားကြသည်။

လေထုက ရုတ်တရတ် အေးခဲသွားသည်။

နောက်တစ်စက္ကန့်မှာဘဲ စုန့်အာ့နန်က အရမ်းလန့်သွားပြီး ဖေးခွမ်ကို တိုက်ရိုက်တွန်းထုတ်လိုက်သည်။

လီတုန်က ရယ်လိုက်ပြီး သူ့ဘက်ကနေ သူမကို စပြီးနှုတ်ဆက်လိုက်သည်။ "အန်တီလေး အာ့နန်က ဒီမှာဘဲ!"

စုန့်အာ့နန်ရဲ့ မျက်နှာက နီရဲလာသည်။ လက်ဆေးဖို့လိုတယ်ဆိုတဲ့ ဆင်ခြေအောက်ကနေအမြန် မထွက်ပြေးခင် သူမက သူ့ကို တွန့်ဆုတ်စွာနဲ့ ပြန်နှုတ်ဆက်လိုက်သည်။

သေချာပေါက်ကို သူမ မထွက်သွားခင် ဖေးခွမ်ကို စူးစိုက်ကြည့်သွားဖို့လည်း မမေ့ပေ။

ဒီလူက တကယ်ကို တစ်ခုခုပဲ။ အိမ်မှာ လူရှိနေတယ်ဆိုတာ ဘာမှလည်းမပြောပြဘူး။ အဲဒါက သူမကို အရမ်းအရှက်ရစေသည်။

လီတုန်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးလိုက်မိပြီး ဖေးခွမ်ကို လှည့်ကြည့်လိုက်သည်။ သူက မေးလိုက်သည်။ "ငါ နည်းနည်း သိချင်တယ်၊ စုန့်လင်းချွမ် ဒါကို သိလား?"

ဖေးခွမ်က ခဏရပ်လိုက်ပြီး "သူ့ကို ပြောဖို့ အခွင့်အရေး မရသေးဘူး"

ဒါကိုကြားတော့ လီတုန် အံ့သြသွားသည်။

ဟေး၊ အဲဒီတူလေး စုန့်လင်းချွမ်သာ သူ့အန်တီလေးကို သူ့ညီအစ်ကိုက လုယူသွားတာကို သိရင် ရယ်စရာကောင်းတော့မှာပဲ။

သူက "ကျွတ်စ် ကျွတ်စ်၊ စုန့်လင်းချွမ်တော့ မင်းကို သေအောင်ရိုက်တော့မယ်လို့ ငါထင်တယ်!"

ဖေးခွမ်လည်း ဘာမှပြန်မပြောဘဲ ပြုံးနေလိုက်သည်။

ဒီအတွက် သူ စိတ်ပိုင်းဆိုင်ရာ အဆင်သင့်ပြင်ထားသည်။

စုန့်အာ့နန် လက်ဆေးပြီးသွားတော့ ရေချိုးခန်းတံခါးကနေထွက်လာတဲ့အချိန် လီတုန်စကားကို ကြားလိာက်ရသည်။

"ဒါဆို အခုလောလောဆယ် သူ့ကိုလျှို့ဝှက်ထားရအောင်" သူမက ပြောလိုက်သည်။

ဖေးခွမ် တခဏလောက် အံ့အားသင့်သွားပြီး စုန့်အာ့နန်ကို နားမလည်သလို ကြည့်လိုက်သည်။

ဒီတစ်ခေါက် စုန့်လင်းချွမ် ပြန်လာတဲ့အခါကျရင် သူ့ကိုပြောပြမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား?

သူတို့နှစ်ယောက်ကြားက အခြေအနေကိုမြင်တော့ လီတုန်လည်း သူ့ ဆက်နေဖို့ မသင့်တော်ဘူးဆိုတာ သိလိုက်ရသည်။

ဒါကြောင့် သူလည်း သူတို့ကို နှုတ်ဆက်ပြီး အမြန်ထွက်သွားလိုက်သည်။

လီတုန် ထွက်သွားတော့ ဖေးခွမ်လည်း မထိန်းချုပ်ထားတော့ပေ။

သူက စုန့်အာ့နန်လက်ကို တိုက်ရိုက်ကိုင်လိုက်ပြီး သူမကိုမေးလိုက်သည်။ "ဘာလို့ ရုတ်တရက်ကြီး သူ့ကိုလျှို့ဝှက်ထားချင်သွားရတာလဲ? ခုနတုန်းက လီတုန်ပြောလိုက်တာကြောင့်လား?"

စုန့်အာ့နန်က သူ့အမေးကို မဖြေဘဲ နှုတ်ခမ်းကိုစုဝိုင်းထားလိုက်သည်။ အဲဒီအစား သူမက မေးလိုက်သည်။ "လင်းချွမ်က ရှင်နဲ့ရန်ဖြစ်မယ်လို့ထင်လား?"

ဖေးခွမ်လည်း သူမကို မလိမ်ပေ။ "ဖြစ်နိုင်လောက်ပေမယ့် လီတုန် ပြောသလောက်တော့ မဆိုးပါဘူး။"

သူက သူမရဲ့ ဆံစတွေကို သပ်ပေးလိုက်ပြီး "စိတ်မပူပါနဲ့၊ ကိုယ် ဒါကို ကိုင်တွယ်နိုင်တယ်။ ကိုယ့်ကို ယုံ"

လောရိရဲ့စကားအရဆို သူလုပ်ခဲ့တာတွေက တကယ်မတရားပါချေ။

စုန့်လင်းချွမ်က သူ့ကို အရမ်းယုံကြည်ပြီး စုန့်အာ့နန်ကို ဂရုစိုက်ပေးဖို့ မကြာခဏ တောင်းဆိုခဲ့သည်။ ဒါပေမယ့် သူထွက်သွားတာနဲ့ သူက သူမကို အလစ်သုတ်ပြေးတော့သည်။ ဒါက ဘယ်သူ့အတွက်မဆို ဒေါသထွက်စရာပင်။

ဒါပေမယ့် ဖေးခွမ်ကတော့ ဒါကို သိပ်စိတ်မပူပါချေ။ စုန့်လင်းချွမ်က ဒေါသထွက်နိုင်လောက်ပေမယ့် သူစိတ်အေးသွားတဲ့အချိန် သူတို့စကားပြောလို့ရသည်။

ဖေးခွမ်က စိတ်ရှည်ရှည်နဲ့ သူမကို ဖျောင်းဖျလိုက်သည်။ "ကြည့်၊ ကိုယ်တို့ သူ့ကိုအနှေးနဲ့အမြန် ပြောပြရမှာပဲ။ ဒါကို တစ်သက်လုံး ဖုံးကွယ်ထားလို့မှမရတာ"

စုန့်အာ့နန်လည်း ခေါင်းနည်းနည်း ညိတ်လိုက်သည်။ "ဒါဆို နောက်မှပေါ့၊ နည်းနည်းကြာကြာလောက်စောင့်ရအောင်"

လီစစ်ရွှေ့ ပြောခဲ့သလိုပဲ၊ သူစိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားနိုင်ဖို့ အနည်းဆုံးတော့ စုန့်လင်းချွမ်ကို အချိန်တစ်ခုပေးသင့်သည်။ သူတို့ ဒီလိုမျိုး တိုက်ရိုက်ပြောလိုက်လို့မရပေ ဒါမှမဟုတ်ရင် သူပေါက်ကွဲသွားမှာ သေချာပေါက်ပင်။

ဖေးခွမ် မျက်ခုံးပင့်သွားသည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က ခဏလောက်စဉ်းစားလိုက်ပြီး "ရှင် အခု လင်းချွမ်ကို မနိုင် နိုင်လောက်သေးဘူးလို့ ထင်တယ်"

ဖေးခွမ် - "???"

ခဏနေပါဦး၊ သူ စုန့်လင်းချွမ်ကို မနိုင် နိုင်ဘူးလို့ သူမက ဘယ်လိုလုပ် ဆုံးဖြတ်လိုက်တာလဲ?

စုန့်အာ့နန်က အလေးအနက် ရှင်းပြလာသည်။ "ကြည့်လေ၊ အခု သူ့မှာ abs ရှစ်ခုရှိတယ်၊ ရှင့်မှာက ခြောက်ခုပဲရှိသေးတယ်"

ဒီစုန့်လင်းချွမ် ရိုက်ကူးနေသည့် ဒရာမာဟာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိတာကြောင့် သူကအထူးကြိုးစားလုပ်ဆောင်ခဲ့ရတာဖြစ်သည်။ ဒရာမာ ရိုက်ကူးရေးမပြီးသေးတဲ့အတွက် သူ့ရဲ့abs ဒီအတိုင်းရှိနေရမည်ပင်။

ဖေးခွမ် - "......"

ဒီကလေးမလေးက abs အရေအတွက်ပေါ် မူတည်ပြီး ရန်ပွဲမှာ ဘယ်သူအနိုင်ရမလဲဆိုတာ ဆုံးဖြတ်တာလား?

"စုန့်လင်းချွမ်မှာ abs ရှစ်ခုရှိတယ်ဆိုတာ မင်းဘယ်လိုသိလဲ? အဲဒါတွေကို မင်းမြင်ဖူးလို့လား?" ဖေးခွမ်က အန္တရာယ်ရှိသလို မျက်လုံးတွေကို မှေးကျဉ်းလိုက်သည်။

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "သူ့absတွေကို ကျွန်မက ဘယ်လိုလုပ် ကြည့်ဖူးရမှာလဲ? ကျွန်မက အရူးမဟုတ်ဘူး"

စုန့်လင်းချွမ်နဲ့ သူမ တူဝရီးတွေဖြစ်ကြပေမယ့် သူတို့နှစ်ယောက်စလုံးဟာ ယခုအခါ အရွယ်ရောက်နေကြပြီဖြစ်သည်။ ယောက်ျားနဲ့ မိန်းမကြားက ခြားနားချက်ကို သူမလည်းသိပါသည်။

ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက ကွေးညွတ်သွားပြီး "ဒါဆို ဘယ်လိုသိတာလဲ?"

စုန့်အာ့နန်က ရှင်းပြလာသည်။ “သေချာပေါက် သူကိုယ်တိုင် ပြောပြတာပေါ့။ အခုကစပြီး သူက ကျွန်မကို ကာကွယ်ဖို့ လေ့ကျင့်ခန်းတွေ လုပ်နေတယ်လို့ ပြောတာ"

ဖေးခွမ်က "အိုး" လို့ဆိုလိုက်ပြီး သူ့လက်မောင်းကို သူမခါးမှာပတ်လိုက်ကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "ဒါဆို နောက်ကျရင် တခြားသူကိုပဲ ကာကွယ်ပေးလို့ သူ့ကိုပြောလိုက်"

စုန့်အာ့နန်က သူ့ကိုနားမလည်သလို စိတ်ရှုပ်စွာနဲ့ကြည့်လိုက်သည်။

ဖေးခွမ်ရဲ့ နှုတ်ခမ်းထောင့်တွေက နည်းနည်း ကွေးညွှတ်သွားပြီး အသံတိုးတိုးနဲ့ ပြောလာသည်။ "ဘာလို့လဲဆိုတော့....မင်းရဲ့ ကောင်လေးက မင်းကို ကာကွယ်ပေးမှာမို့လို့လေ"

All Chapters