← Chapters

အခန်း (၁၁၅)

Vol. 9 Ch. 115

အခန်း (၁၁၅)

Vol. 9 Ch. 115

ဖေးခွမ်က စကားချိုချိုပြောတဲ့နေရာမှာ အရမ်းကျွမ်းကျင်တဲ့ကြောင်း စုန့်အာ့နန် ဘယ်တုန်းကမှ မသိခဲ့ပေ။

သူမ ပြုံးကာ ခေါင်းညိမ့်လိုက်သည်။ "ကျွန်မကို ကာကွယ်ပေးဖို့ မလိုပါဘူး။ ကျွန်မ ဒီတလော လက်ဝှေ့ထိုးတာ ကျင့်နေတာ ကိုယ့်ဘာသာကိုယ် ကိုင်တွယ်နိုင်ပါတယ်"

စီနီယာအစ်မတစ်‌ယောက်ရဲ့ အကြံပြုချက်အရ ဒီတလော စုန့်အာ့နန်တစ်ယောက် လက်ဝှေ့ထိုးတာကို စိတ်ဝင်စားနေသည်။ သူမက Gym ကိုသွားပြီး အဲ့ဒါကို အကြိမ်အနည်းငယ်လောက် စမ်းကြည့်လိုက်တော့ အရမ်းပျော်ဖို့ကောင်းတာကို တွေ့လိုက်ရသည်။ အခုကစပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့ သူမ စီစဉ်ထားသည်။

ဖေးခွမ် ရုတ်တရက် မျက်ခုံးပင့်သွားပြီး ကောင်မလေးရဲ့ ကြောက်မက်ဖွယ် အစွမ်းသတ္တိကို ရုတ်တရက် သတိရသွားသည်။

လွန်ခဲ့တဲ့ သုံးနှစ်က သူမသည် လက်ဗလာဖြင့် အရွယ်ရောက်ပြီးတဲ့သူ နှစ်ဦးကို နှိမ်နင်းနိုင်ခဲ့သည်။ အခု သူမသည် ဝှေ့ထိုးတာကိုလည်း သင်ယူနေတာကြောင့် သူမရဲ့ခွန်အားဟာ ပိုလို့ပင် အားကောင်းလာနိုင်ဖွယ်ရှိသည်။

သူက ပခုံးတွန့်လိုက်ပြီး "ကောင်းပြီလေ၊ အဲ့ဒီအစား မင်းကိုယ့်ကို ကာကွယ်ပေးလို့ရတာပေါ့"

စုန့်အာ့နန် နည်းနည်းနားမလည် ဖြစ်သွားသည်။ "ကျွန်မက ရှင့်ကို ကာကွယ်ပေးရမယ်?"

ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး "ဘာလဲ၊ မင်း မလုပ်နိုင်ဘူးလား?"

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ သူမ မလုပ်နိုင်တာမဟုတ်ပေမယ့် သူစိတ်ထဲထားမလားလို့ စိုးရိမ်တာဖြစ်သည်။

ဖေးခွမ်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ "ကိုယ်စိတ်ထဲထားလိမ့်မယ်လို့ မင်းဘာလို့ ထင်တာလဲ?"

စုန့်အာ့နန် - "လင်းချွမ်ကို အရမ်းစိတ်စွဲနေလို့ပါ။ သူ့ကိုလည်း ကျွန်မ ကာကွယ်ပေးမယ်လို့ ပြောခဲ့ပေမယ့် မိန်းကလေးတစ်ယောက်ဆီက ကာကွယ်ပေးခံရတာ ရှက်စရာကောင်းတယ်လို့ သူပြောတယ်"

ဖေးခွမ်ရဲ့ မျက်လုံးထောင့်တွေက နည်းနည်းကွေးတက်သွားသည်။ "ကိုယ့်ကို သူနဲ့ ယှဉ်လို့ရမလား?"

စုန့်အာ့နန် လုံးဝ အံသြသွားသည်။ သူတို့က ဘယ်လိုများ ကွာလို့လဲ?

ဖေးခွမ်က ခေါင်းမာမာနဲ့ ပြောလာသည်။ "ကိုယ့်ကောင်မလေးက ကိုယ့်ကို ကာကွယ်ပေးတာလေ၊ အဲဒါ ဘာရှက်စရာရှိလို့လဲ? တခြားကောင်မလေးမှမဟုတ်တာ"

စုန့်အာ့နန် - "......"

အကယ်၍ စုန့်လင်းချွမ်သာ ဒီနေရာမှာ ရှိနေရင် သူ့ကို အရှက်မရှိဘူးဆိုပြီး အပြောခံရမှာ သေချာပေါက်ပင်။

အဲ့ဒီလောဂျစ်ကြောင့် သူ့အန်တီလေးဆီကနေ အကာအကွယ်ပေးခံရရင် သူပိုပြီးတော့ အရှက်ရလောက်သည်။

"ကိုယ် တစ်ခုသိချင်သေးတယ်" ဖေးခွမ်က စုန့်အာ့နန် ကို ပြုံးကာ စိုက်ကြည့်လာသည်။ "ကိုယ့်မှာ abs ခြောက်ခုပဲ ရှိတယ်ဆိုတာ မင်းဘယ်လိုသိတာလဲ?"

စုန့်အာ့နန် လန့်သွားပြီး သူမအကြည့်ကို လွှဲလိုက်သည်။

ဖေးခွမ်က သူမကို စချင်သလိုကြည့်ပြီး ချဲ့ကားပြောလိုက်သည်။ "မင်းကိုယ် ရေချိုးတာကို ချောင်းကြည့်ခဲ့တာတော့မဟုတ်ဘူးမလား၊ ဟုတ်တယ်လား?!"

စုန့်အာ့နန် အံသြသွားသည်။ ဘယ်သူ..ဘယ်သူက သူရေချိုးတာကို ချောင်းကြည့်လို့လဲ?!

သူမရဲ့ မျက်နှာကနေ နားရွက်တွေအထိ နီရဲလာသည်။ "မဟုတ်တာမပြောနဲ့၊ ကျွန်မ မလုပ်ဘူး!"

ဖေးခွမ်က အဓိပ္ပါယ်ပါပါနဲ့ "အိုး" လို့ ဆိုလိုက်ပြီး သူမကို စနောက်လိုက်သည်။ "ဒါဆို မင်း ဒါကို ဘယ်လိုရှင်းပြမှာလဲ?"

စုန့်အာ့နန်က စက္ကန့်အနည်းငယ်လောက် နှုတ်ဆိတ်နေပြီးမှ ရေရွတ်လာသည်။ "ရှင့်ရဲ့ဒဏ်ရာကို ဆေးရုံမှာ စစ်တုန်းက တွေ့တာ"

ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "ဒီတော့ မင်းက ကိုယ့်ဒဏ်ရာကို စစ်ပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်ကို အခွင့်ကောင်းယူခဲ့တာပေါ့"

စုန့်အာ့နန်မှာ သူ့ရဲ့စနောက်မှုကြောင့် နည်းနည်း ဒေါသထွက်သွားသည်။ သူမက သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့ တွန်းလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ကျွန်မ မြင်ပြီးသွားပြီပဲ၊ ရှင်က ဘာလိုချင်သေးလို့လဲ?"

သူမက မနေနိုင်ဘဲ မကျေမနပ်နဲ့ ပြောလိုက်သည်။ "ရှင်ကျွန်မကို ထပ်မကြည့်စေချင်ရင်လည်း ရတယ်၊ နောက်တစ်ခေါက်ကျရင် တခြားသူကိုဘဲ သွားကြည့်လိုက်မယ်!"

"ဘယ်သူ့ကို သွားကြည့်မှာလဲ?" ဖေးခွမ်ရဲ့ မျက်လုံးထဲတွင် အန္တရာယ်ရှိတဲ့ အလင်းတန်းတစ်ခု ဖြတ်ပြေးသွားသည်။

စုန့်အာ့နန်က အန္တရာယ်ကို သတိမထားမိသေးပေ။ "ဘယ်သူ့ကို ကြည့်လို့မရစရာရှိလဲ? Gym မှာ ကောင်လေးငယ်ငယ်လေးတွေ အများကြီးရှိတယ်"

တကယ်တော့ ရှိလားမရှိဘူးလားဆိုတာ သူမ မသိပေ။ အဲ့ဒါကို စီနီယာအစ်မဆီကနေ သူမကြားခဲ့တာဖြစ်သည်။

"ကောင်လေးငယ်ငယ်လေး?" ဖေးခွမ်က ရုတ်တရက် သူမကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး သူမနားရွက်နားမှာ စကားလုံးတွေကို အံကြိတ်ပြောလာသည်။ "အဲ့ဒါကို စဉ်းတောင်မစဉ်းစားနဲ့!"

သူမရဲ့ နားရွက်နားက ဝင်ထွက်နေသည့် နွေးထွေးတဲ့ အသက်ရှုငွေ့တွေဟာ စုန့်အာ့နန်ရဲ့ ရင်ကို မထင်မှတ်ဘဲ လှုပ်ခတ်သွားစေခဲ့သည်။

သူမက သူ့ရင်ဘတ်ကို လက်နှစ်ဖက်နဲ့တွန်းလိုက် နည်းနည်း စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်သည်။ "ရှင်က အကျိုးအကြောင်းမသင့်...."

ဒါပေမယ့် ဖေးခွမ်က သူမကိုစကားဆုံးအောင် ပြောခွင့်‌မပေးဘဲ ဖြတ်ပြောလာသည်။ "ကိုယ်က မင်းကိုထပ်ကြည့်ခွင့်မပေးဘူးလို့ ဘယ်သူပြောလဲ?"

နောက်တော့ သူက သူမလက်ကို သူ့အင်္ကျီအောက်‌ဆီ ဆွဲသွားလိုက်ကာ သူ့ abs တွေအပေါ် ဖိလိုက်သည်။ "မင်းကို ကြည့်ရုံတင် မကဘူး ခံစားခွင့်တောင်ပေးဦးမှာ!"

စုန့်အာ့နန် - "......"

စုန့်လင်းချွမ်တစ်ယောက် မြို့ပြင်ရှိ ရုပ်ရှင်ရိုက်ကူးရေးမှ ပြန်ရောက်လာသည်။ သူ လေယာဉ်ပေါ်က ဆင်းတာနဲ့ စုန့်အာ့နန်ဆီ မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။

[အန်တီလေး၊ ငါ ပြန်ရောက်နေပြီ။ အလုပ်မဆင်းရသေးဘူးလား? ဒီည ငါတို့ မင်းကျောင်းကို သွားမှာ မမေ့နဲ့နော်]

စုန့်အာ့နန် ဘယ်လိုလုပ် မေ့နိုင်ရမှာလဲ?

အရင်တစ်ခေါက် ချီမူရှစ် သူမ ကျောင်းကို လာလည်ပြီးကတည်းက စုန့်လင်းချွမ်က သူမဆီ နေ့တိုင်း မက်ဆေ့ခ်ျပို့ပြီး သူပြန်လာမယ့်နေ့ကိုတောင် countdown လုပ်ထားသည်။

တစ်နာရီခန့်အကြာ စုန့်အာ့နန်က သူမရဲ့လျှပ်စစ်စကူတာကိုစီးကာ အိမ်တည့်တည့်ဆီ ဦးတည်လိုက်သည်။

တံခါးဝကိုရောက်တာနဲ့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ စုန့်လင်းချွမ်ကို တွေ့လိုက်ရပြီး သူက ချက်ခြင်းထွက်ဖို့ အားလုံးအဆင်သင့်ဖြစ်နေတာကို တွေ့လိုက်ရသည်။

"ခဏစောင့်၊ ချိုးချိုးကို ဖေးခွမ်အိမ်မှာ အစာအရင်သွားကျွေးရမယ်၊ ငါပြန်လာမှ သွားကြမယ်" စုန့်အာ့နန်ကပြောလိုက်သည်။

ဖေးခွမ်က ပရိုမိုးရှင်းပွဲအတွက် ဒီနှစ်ရက် အဝေးမှာရှိ‌‌နေရသည်။ သူ အခု အိမ်မှာ မရှိတော့ ချိုးချိုးကို ဂရုစိုက်ရမယ့်တာဝန်က သူမအပေါ်ကို ရောက်လာသည်။

စုန့်အာ့နန်က သူမရဲ့ ကျောပိုးအိတ်ကို ချလိုက်ပြီး အမြန်သေတ္တာကို ယူဖို့ မီးဖိုချောင်ဆီ သွားလိုက်သည်။ သေတ္တာထဲတွင် မကြာသေးမီက ချိုးချိုးအတွက် သူမဝယ်ခဲ့တဲ့ လက်ဆောင်အချို့ပါရှိပြီး အသေးလေးကို စမ်းကြည့်စေချင်သည်။

အဲ့ဒီစကားကိုကြားတော့ စုန့်လင်းချွမ်က ဆိုဖာကနေ ထရပ်လိုက်သည်။

"ကြောင် အစာကျွေးမလို့လား? ငါလည်းလိုက်မယ်။ ရိုင်းစိုင်းတဲ့ အကောင်လေးကို မတွေ့တာကြာတော့ သူ ငါ့ကို သတိရနေလားလို့ သိချင်သား?"

စုန့်အာ့နန် တုံ့ဆိုင်းသွားသည်။ ဖေးခွမ်ရဲ့အိမ်မှာ သူမတို့အကြောင်းသိသွားနိုင်မယ့် တစ်ခုခု ရှိနေမလားလို့စဉ်းစားလိုက်မိပြီး သူမစိတ်ထဲ တအား တုန်လှုပ်သွားသည်။

ဒါပေမယ့် စိုးရိမ်မှုကြောင့် သူမရဲ့စိတ်ထဲမှာ ဗလာဖြစ်သွားသည်။

သူမက တုံ့ဆိုင်းသွားပြီး "နင် သွားဖို့ အဆင်မပြေလောက်ဘူး။ ဖေးခွမ် အိမ်မှာ မရှိဘူး"

ဒါပေမယ့် စုန့်လင်းချွမ် က အဲဒါကို စိတ်ထဲမထားဘဲ အမှတ်တမဲ့ လက်ပြလိုက်သည်။ "ကိစ္စမရှိဘူး၊ ငါ သူ့ကိုပြောလိုက်မယ်"

နောက်တော့ ဖေးခွမ်ဆီ သူ မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။

မကြာခင်မှာပဲ စုန့်လင်းချွမ်က သူ့ဖုန်းကို စုန့်အာ့နန်ဆီ ပြလိုက်သည်။ "ကြည့် သူက အဆင်ပြေတယ်လို့ ပြန်ဖြေထားတယ်"

အခုတော့ စုန့်အာ့နန်မှာ ပေးစရာအကြောင်းပြချက်မရှိတော့ဘဲ လမ်းတစ်လျှောက်လုံး စိုးရိမ်ပူပန်နေခဲ့ရသည်။

ကံကောင်းစွာနဲ့ပဲ အဆုံးမှာတော့ ဘာအမှားအယွင်းမရှိခဲ့ပါချေ။ ရှင်းပြဖို့ လိုအပ်မယ့် သူမနဲ့သက်ဆိုင်တဲ့ပစ္စည်းတွေကို ဖေးခွမ်ရဲ့ နေရာမှာ သူမ မထားခဲ့ပါချေ။

သူမက ချိုးချိုးအတွက် ကြောင်အစာအချို့ထည့်ပေးလိုက်ပြီး ရေလဲပေးလိုက်ကာ နောက်ဆုံးတော့ အညစ်အကြေးပုံးကို ယူလိုက်သည်။

ခါတိုင်းလိုပဲ၊ ချိုးချိုးက စုန့်လင်းချွမ်ကို အေးစက်နေပြီး သူ့ကိုအမြဲကျောပေးထားသည်။

စုန့်လင်းချွမ်က ကျွတ်စ်သတ်လိုက်ပြီး "ဒီကြောင်ကလေ သူ့ပိုင်ရှင်လိုပဲ၊ သဘောကျချင်စရာကို မကောင်းဘူး!"

ပထမတော့ စုန့်အာ့နန်မှာ ချိုးချိုးဘက်ကနေ ခုခံလို‌ပေမယ့် ဖေးခွမ်ကို ပြောတာကြားတော့ သူမမှာ အပြစ်ရှိသလို ခံစားလိုက်ရသည်။

"နောက်ကျနေပြီ နင်ဗိုက်ဆာတယ်လို့ မပြောခဲ့ဘူးလား မြန်မြန်သွားရအောင်"

ကြောင်ကို အစာကျွေးပြီးတဲ့နောက် နှစ်ယောက်သား လွယ်အိတ်ထဲက ကားသော့နဲ့ ထမင်းစားကတ်ကို ယူဖို့ အိမ်ကိုခဏပြန်လာသည်။

ကားပါကင်နေရာကို ရောက်တော့ စုန့်လင်းချွမ်က လျှပ်စစ်စကူတာရဲ့အနောက်ဘက်ကို စိတ်လှုပ်ရှားစွာနဲ့ခုန်တက်လိုက်သည်။

"သွားရအောင် အန်တီ‌လေး၊ ငါ့ကိုတင်မောင်း"

စုန့်အာ့နန်မှာ အရမ်းကူကယ်ရာ မဲ့သွားရသည်။ သူမရဲ့ စကူတာ သေးသေးလေးက ဘာဆွဲဆောင်မှုရှိလဲဆိုတာ သူမ မသိပေ၊ လူတိုင်းက အဲ့ဒါကို သဘောကျကြတဲ့ပုံပင်။

သူမက စကူတာစီးကာ ဝင်ပေါက်က စစ်ဆေးရေးနေရာကိုဖြတ်သွားသည်။ စုန့်အာ့နန်ကို အဝေးက မြင်လိုက်ရတော့ အစောင့်ဦးလေးက သူတို့အတွက် တံခါးဖွင့်ပေးသည်။

စကူတာက အိမ်ရာကနေ ထွက်လာပြီး နောက်တော့ လမ်းမပေါ်သို့ တရွေ့ရွေ့ တက်လာသည်။

ဆောင်းဦးအစောပိုင်းဖြစ်ကာ လေနုလေအေးတွေက တိုက်ခတ်နေသည်။

ဒါဟာ စုန့်လင်းချွမ် ပထမဦးဆုံး လျှပ်စစ်စကူတာစီးဖူးတာ ဖြစ်သည်။ ဖြတ်ကျော်သွားတဲ့ ရှုခင်းတွေ၊ လေတိုက်သံတွေက ကားထဲမှာ ထိုင်စီးရတာနဲ့ လုံးဝမတူပေ။

"အန်တီလေး ငါ ဒီစကူတာကို မောင်းသင်လို့ရမယ်လို့ထင်လား?" စုန့်လင်းချွမ် က မေးလိုက်သည်။

စုန့်အာ့နန်က နောက်မလှည့်လာပေ။ သူမက အသံ နည်းနည်းကျယ်‌ကျယ်နဲ့ ပြောလိုက်သည်။ "မောင်းလို့ရတယ်၊ ဒါက လွယ်လွယ်လေး"

"ငါတို့လမ်းရှင်းတဲ့နေရာမှာ သင်ရင်ရော ဘယ်လိုလဲ?" သူမက အကြံပြုလိုက်သည်။

စုန့်လင်းချွမ်လည်း စိတ်ဝင်စားနေတာ သိသာလှသည်။ "တကယ်လား?"

စုန့်အာ့နန်က ပြန်ဖြေလိုက်သည်။ "ဘာတားစရာရှိလို့လဲ၊ ဒါက မခက်ဘူး"

ရှေ့က လမ်းကြားလေးမှာ ဘယ်သူမှ မရှိပေ။ သူမက စကူတာကို ရပ်လိုက်ပြီး စုန့်လင်းချွမ်ကို မောင်းပုံမောင်းနည်း သင်ပေးလိုက်သည်။

စကူတာကို သုံးကတာ အရမ်းရိုးရှင်းသည်။ အခြေခံအားဖြင့် လက်ကိုင်ဘားကို လှည့်လိုက်ရုံဖြင့် ရွေ့လျားသွားမည်ဖြစ်သည်။ စုန့်လင်းချွမ်က မြန်မြန်နဲ့မောင်းတတ်သွားသည်။ သူက စုန့်အာ့နန်ကို သူ့ပုံတွေ အများကြီး ရိုက်ခိုင်းသည်။

"အန်တီလေး၊ ငါ ထပ်မောင်းချင်သေးတယ်" စုန့်လင်းချွမ်က ဒါကိုမောင်းရတာ

စွဲလမ်းသွားမှန်း သိသာလှသည်။

သူတို့က အလျင်စလို မဖြစ်နေသလို ဒီလမ်းကလည်း ရှင်းတာမို့ စုန့်အာ့နန်လည်း အနောက်ကနေလိုက်ကာ သူ့ကိုမောင်းခွင့်ပေးလိုက်သည်။

ဒါပေမယ့် ဒီတစ်ခါတော့ စုန့်လင်းချွမ်က မီတာအနည်းငယ် စီးပြီးတာနဲ့ စကူတာက ရုတ်တရက် ရပ်သွားသည်။ သူဘယ်လိုပဲ လုပ်ကြည့်ပါစေ စကူတာက မရွှေ့ပေ။

စုန့်အာ့နန်က သူ့ဆီ အမြန်လျှောက်လာပြီး မေးလိုက်သည်။ "ဘာလို့ရပ်လိုက်တာလဲ?"

စုန့်လင်းချွမ်လည်း နားမလည်သလို သူမကို လှည့်ကြည့်လိုက်သည်။ "မရွှေ့တော့ဘူး"

စုန့်အာ့နန်လည်း အံ့အားသင့်သွားသည်။ စုန့်လင်းချွမ်ကို ဆင်းခိုင်းလိုက်ပြီး သူမကိုယ်တိုင် စမ်းကြည့်ပေမယ့် လက်ကိုင်ဘားကို ဘယ်လိုလုပ်နေပါစေ လျှပ်စစ်စကူတာက ဘာတုံ့ပြန်မှုမှ မပြပေ။

"ဘက်ထရီ ကုန်သွားလို့များလား?" စုန့်လင်းချွမ်က ပြောလိုက်သည်။

စုန့်အာ့နန် ခေါင်းခါလိုက်သည်။ "မဟုတ်လောက်ဘူး၊ မလာခင်က အားအပြည့် သွင်းထားတာ"

သူမရဲ့ အရင်က အတွေ့အကြုံအရဆို၊ အားအပြည့်သွင်းထားရင် အနည်းဆုံး နှစ်ရက်ကနေ သုံးရက်အထိ ကြာကြာစီးနိုင်သည်။ ဘက်ထရီ မြန်မြန်ကုန်သွားတယ်ဆိုတာ မဖြစ်နိုင်ပေ။

အခြေအနေအရ ဖြစ်နိုင်ခြေတစ်ခုသာရှိသည် - စကူတာ ပျက်သွားတာ

တူဝရီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

စကူတာ ပျက်သွားလိမ့်မယ်လို့ မထင်ထားပါချေ။

စုန့်လင်းချွမ်က စုန့်အာ့နန်ကြည့်ကာ မေးလိုက်သည်။ "အခု ငါတို့ ဘာလုပ်သင့်လဲ?"

အိမ်ပြန်ရမှာလား ဒါမှမဟုတ် ကျောင်းကို ဆက်သွားရမှာလား?

စုန့်အာ့နန်လည်း ဒီပြဿနာကို ပထမဆုံးအကြိမ် ကြုံဖူးတာဖြစ်သည်။ သူမ ခေါင်းကုတ်လိုက်သည်။

နေရာနှစ်ခုစလုံးက ဒီနေရာက အကွာအဝေး တူသည်။ နောက်ဆုံးတော့ မူလအစီအစဉ်ကိုဘဲ ဆက်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ စကူတာကိုလည်း တွန်းသွားရမည်။

စုန့်အာ့နန်က စကူတာတွန်းချင်ပေမယ့် စုန့်လင်းချွမ်က သေချာပေါက်ကို ခွင့်မပြုပါချေ။

ဒါနဲ့ဘဲ နှစ်ယောက်သား တစ်ယောက်ကစကူတာကိုတွန်း တစ်ယောက်က ဘေးကနေလျှောက်ကာ B တက္ကသိုလ်‌ဆီ ဆက်သွားကြသည်။

တူဝရီးနှစ်ယောက်က မတွေ့တာ ကြာပြီ ဖြစ်တဲ့အတွက် သဘာဝအလျောက်ကိုဘဲ ပြောစရာတွေ အဆုံးမရှိတာမို့သွားတဲ့လမ်းမှာ ပျင်းစရာမကောင်းလှပေ။

စုန့်လင်းချွမ်က ရုတ်တရက် ပြောလိုက်သည်။ "အန်တီလေး မစ္စကျောက် ဘယ်လောက်တောင်ချဲ့ကားနေလဲ သိလား?"

စုန့်အာ့နန်က "အာ" လို့ဆိုလိုက်ပြီး "ဒီတစ်ခါရော ယောင်းမက ဘာဖြစ်လို့လဲ? သူ နင့်ကို တခြားကောင်မလေးနဲ့ မိတ်ဆက်ပေး လို့လား?"

စုန့်လင်းချွမ်က သက်ပြင်းချလိုက်ပြီး "မဟုတ်ဘူး၊ ဒီတစ်ခါတော့ မဟုတ်ဘူး"

"ဒါပေမယ့် သူက ငါ့ကို ယောက်ျားတွေကို ကြိုက်တာလားလို့ လာမေးတယ်လေ"

စုန့်အာ့နန်က အကျယ်ကြီး ရယ်လိုက်သည်။ "အဲ့ဒီတော့ နင်ဘာပြန်ပြောလိုက်လဲ?"

စုန့်လင်းချွမ်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ "ငါဘာပြောရမှာလဲ၊ သေချာပေါက် ငြင်းလိုက်တာပေါ့"

စုန့်အာ့နန် က ပြုံးကာ ခေါင်းခါလိုက်သည်။

စုန့်လင်းချွမ် အသက် ၂၅ နှစ် ပြည့်ပြီးကတည်းက သူမယောင်းမက သူ့ကို ဘာမှမလုပ်ဘဲ ပါးစပ်ဖြင့်သာ နှောင့်ယှက်နေတတ်ပေမယ့် အကြောင်းတစ်ခုခုကြောင့် လက်ထပ်ဖို့ တိုက်တွန်းနေတတ်သည်။

မိနစ် ၂၀ လောက် လမ်းလျှောက်လို့ပြီးတော့ နှစ်ယောက်သား စကူတာကိုတွန်းကာ B တက္ကသိုလ်ဆီ ရောက်လာကြသည်။

စုန့်အာ့နန်က စကူတာရပ်ဖို့ နေရာရှာပြီးသွားတော့ စုန့်လင်းချွမ်ကို B တက္ကသိုလ်ဆီ ခေါ်သွားလိုက်သည်။

သူတို့မှာ စကူတာ မရှိတော့တာကြောင့် ခပ်ဝေးဝေးမသွားတော့ဘဲ အနီးနားက ကန်တင်းကိုမသွားခင် နည်းနည်းလှည့်ပတ်ကြည့်လိုက်သည်။

နောက်ဆုံးတော့ စုန့်လင်းချွမ် တစ်ယောက် B တက္ကသိုလ်က ကန်တင်းမှာ အစားအသောက်တွေ စားခဲ့တာကို ပြီးရင် ဆိုရှယ်မီဒီယာပေါ်မှာ ကြွားဖို့ ဓါတ်ပုံတွေအများကြီးရိုက်ခဲ့သည်။

စုန့်လင်းချွမ်ကို လူအများက သိကြတာကြောင့် သူတို့နှစ်ယောက်လုံး ဦးထုပ်နဲ့ မက်စ်တွေတပ်ကာ လမ်းတစ်လျှောက်လုံး သိုသိုသိပ်သိပ်နဲ့ လူစည်ကားတဲ့နေရာတွေကို ရှောင်လာကြသည်။

ကန်တင်းမှာတောင် စုန့်အာ့နန်က သူ့ကို တတိယထပ်က သီးသန့်ခန်းဆီ ခေါ်သွားသည်။

ပထမတော့ သူတို့ ဓာတ်ပုံရိုက်ခံရမှာကို သိပ်စိတ်မပူခဲ့ကြပါချေ။ အများစုကတော့ ဖေးခွမ်နဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လိုမျိုး အွန်လိုင်းပေါ်မှာ လူကြိုက်များလာစေမှာဖြစ်သည်။

ကျောင်းဝင်းထဲမှာ လူနည်းနည်းလောက်ဆီက မှတ်မိခံရတာက ကြီးကြီးမားမားကိစ္စတော့ မဟုတ်ပေ။ အွန်လိုင်းပေါ်က ဓာတ်ပုံတွေက အချိန်တစ်ခုကြာမှ တက်လာတတ်တာကြောင့် အဲ့ဒီအချိန်မှာ သူတို့ပြန်သွားလောက်ပြီဖြစ်သည်။

ဒီအချိန်ကွာဟမှုက မီဒီယာတွေနဲ့ပရိသတ်တွေကို မဆွဲဆောင်နိုင်တာ သေချာတာကြောင့် အဆင်ပြေသည်။

ဒါပေမယ့် သူတို့ ကန်တင်းကနေ ထွက်လာတဲ့အချိန် စုန့်လင်းချွမ်ဆီ ကျန်းဟန် ဖုန်းက ဝင်လာခဲ့သည်။

"လင်းချွမ်၊ မင်းနဲ့အန်တီလေးတို့ B တက္ကသိုလ်မှာ ရှိနေသေးလား?"

All Chapters