အခန်း (၁၁၆)
Vol. 9 Ch. 116
ကျန်းဟန်က ရိုးရှင်းတဲ့အကြောင်းပြချက်တစ်ခုကြောင့် သူ့ဆီအလျင်အမြန် ဖုန်းဆက်လာတာဖြစ်သည် - သူနဲ့ သူ့အန်တီလေးတို့ hot search ထဲ ပါလာတာကြောင့်ဖြစ်သည်။
ဒါပေမယ့် အဲဒါက အဓိက ပြဿနာမဟုတ်ပေ။ တကယ့်ပြဿနာက ပါပါရာဇီတွေနဲ့ အတင်းအဖျင်းသတင်းထောက်တွေက အစုလိုက်အပြုံလိုက် လေတိုက်သလို B တက္ကသိုလ်တံခါးဝဆီ အပြေးအလွှား သွားနေကြခြင်းပင်။
တစ်နည်းဆိုရသော် စုန့်လင်းချွမ် တစ်ယောက် B တက္ကသိုလ် ဝန်းထဲမှာ ပိတ်မိနေပြီဖြစ်သည်။
ဒီအခြေအနေ ဘယ်လိုလုပ် ဖြစ်လာလဲဆိုတာကို နားလည်ဖို့ လွန်ခဲ့တဲ့ တစ်နာရီ ဒါမှမဟုတ် အဲ့ဒီအရှေ့ကို နောက်ကြောင်းပြန်ကြည့်ရမည်ပင်။
အဲ့ဒီအချိန် တစ်စုံတစ်ယောက်က စုန့်လင်းချွမ်မှန်း သိသာစေတဲ့ ပြတ်သားတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ဖန်ဖိုရမ်ထဲမှာ ဆက်တိုက်တင်လိုက်သည်။
ဓာတ်ပုံထဲတွင် သူက လျှပ်စစ်စကူတာလေးကို တွန်းကာ သူ့ဘေးမှာတော့ မိန်းကလေးတစ်ယောက် လမ်းလျှောက်နေသည်။
သူတို့နှစ်ယောက်လုံးက မက်စ်တွေတပ်ထားပေမယ့် သူတို့ရဲ့ အသွင်အပြင်နဲ့ ပုံစံက အရမ်းထူးခြားတာကြောင့် လူတွေက သူတို့ကို အလွယ်တကူ မှတ်မိနေကြသေးသည်။
မတတ်နိုင်ပေ။ စုန့်မိသားစုမှာ ဒီလိုမျိုး မှတ်မိနိုင်တတ်တဲ့လက္ခဏာတွေရှိသည်။ အထူးသဖြင့် ခေတ်အဆက်ဆက် လူကြိုက်များခဲ့တဲ့ စုန့်လင်းချွမ် ထုတ်လွှတ်နေတဲ့ ထိပ်တန်းကြယ်ပွင့်ဆိုတဲ့ ပင်ကိုယ်ရောင်ဝါက မျက်စိထဲစွဲလောက်အောင်ပင်။
သေချာပေါက်ကို ဒီအရာအားလုံးကို မတော်တဆလို့ ခေါ်နိုင်သည်။ အကယ်၍ စကူတာသာ မပျက်ခဲ့ရင် သူတို့ သိုသိုသိပ်သိပ်လေးနဲ့ဘဲရှိကာ ဒီလိုပြဿနာမျိုးဖြစ်လာမည်မဟုတ်ပေ။
ပထမတော့ စုန့်လင်းချွမ်ရဲ့ ဖန်တွေက ဓာတ်ပုံတွေကို သိပ်ပြီး မစဉ်းစားခဲ့ကြပေ။ တစ်ယောက်ယောက်က ဘယ်မှာတွေ့တာလဲလို့ သာမာန်ကာလျှံကာ မေးလိုက်ပြီးတဲ့နောက်မှာ တည်နေရာကို အကြမ်းဖျင်း ခန့်မှန်းမိလိုက်ကြသည်။
ဖန်တွေက အပြန်ပြန် အလှန်လှန် ပြောဆိုကြပြီးတဲ့နောက်မှာ တည်နေရာက B တက္ကသိုလ်တစ်ဝိုက်မှာ ရှိနေတယ်ဆိုတာကို တစ်ယောက်ယောက်က အတည်ပြုလိုက်ပြီးတဲ့နောက် စုန့်မိသားစုက တူဝရီးရဲ့တည်နေရာကို ချက်ချင်းခန့်မှန်းနိုင်လိုက်သည်။
အမှန်အတိုင်းပြောရရင် ခန့်မှန်းရခက်တာတော့ မဟုတ်ပေ။ ယခင်က ဖေးခွမ်ရဲ့ hot search ကြောင့် စုန့်လင်းချွမ်ဟာလည်း သူပြန်လာရင် B တက္ကသိုလ် ကန်တင်းရှိစျေးအကြီးဆုံး ဟင်းပွဲကို အန်တီလေးကို ဝယ်ကျွေးခိုင်းတာကို Weibo တွင် ပွင့်ပွင့်လင်းလင်း တင်ခဲ့သေးသည်။
အခြားအင်တာနက် အသုံးပြုသူတွေက သူ့ကို ဟာသလုပ်နေတာလို့ ထင်ကောင်းထင်ကြလိမ့်မည်ဖြစ်ပေမယ့် သူ့ရဲ့ဖန်တွေကတော့ သူတို့ရဲ့idolမှာ ဘယ်လိုအကျင့်မျိုးရှိလဲဆိုတာကို ကောင်းကောင်းသိသည် - “အချစ်ဆုံး တူလေး” ဆိုတဲ့ ဂုဏ်ပုဒ်က ဟာသမဟုတ်ပေ။
အစပိုင်းမှာတော့ သူ့ရဲ့ဖန်တွေက အခြေအနေကို ဖုံးကွယ်ချင်ပေမယ့် စုန့်လင်းချွမ်လို ထိပ်တန်းနာမည်ကြီးတစ်ယောက်ရဲ့ လှုပ်ရှားမှုတိုင်းကို အင်တာနက်ပေါ်က အတင်းအဖျင်း ပလက်ဖောင်းတွေက အနီးကပ် စောင့်ကြည့်နေတတ်ကြပြီး သူ့ရဲ့ဖန်ဖိုရမ်တွေကိုလည်း အမြဲစစ်ဆေးနေတတ်ကြသည်။
ဒါကြောင့် “#စုန့်လင်းချွမ် B တက္ကသိုလ်ဆီ စကူတာတွန်းသွား#” ဆိုတဲ့ hashtag က လူကြိုက်များတဲ့ ရှာဖွေမှုစာရင်းထဲအထိ ရောက်သွားခဲ့သည်။
အင်တာနက် အသုံးပြုသူတွေကလည်း ချက်ခြင်း ပေါက်ကွဲထွက်လာသည်။
များမကြာလင်မှာဘဲ လမ်းမှာ သူနဲ့တွေ့ခဲ့တယ်လို့ အခိုင်အမာဆိုလာကြတဲ့ အင်တာနက်အသုံးပြုသူတွေ ပိုများလာကာ ဓာတ်ပုံတွေတင်၊ ဗီဒီယိုအတိုတွေတင်ကာဖြင့် ဆွေးနွေးမှုတွေက မယုံနိုင်လောက်အောင် အသက်ဝင်လာသည်။
[ဘုရားရေ၊ အစကတော့ အဲဒီလူက စုန့်လင်းချွမ်နဲ့ တူတယ်လို့ ငါ့သူငယ်ချင်းကို ပြောလိုက်ပေမယ့် တကယ်ကြီး သူလို့တော့ မထင်ထားမိဘူး!]
[ပြောရရင်၊ အဲ့ဒီဘက်က အခြေအနေအတိအကျ ဘယ်လိုလဲ? စကူတာကို မောင်းလာရမယ့်အစား သူကဘာလို့ တွန်းလာတာလဲ? သူ မောင်းလို့ မတတ်လို့များလား?]
[မေးခွန်းကောင်းဘဲ၊ အန်တီလေး စကူတာမောင်းတတ်တာ ငါသိတယ် - အရင်က သူမ ဖေးခွမ်ကို တင်မောင်းဖူးတယ်မဟုတ်လား?]
[ဒါဆို အန်တီလေးရဲ့ စကူတာက ဘက်ထရီကုန်သွားလို့များလား ဒါမှမဟုတ် ပျက်သွားတာများလား?]
[ရယ်တာမရပ်နိုင်တော့ဘူး! ဘယ်လိုလုပ် လျှပ်စစ်စကူတာတောင်မှ စုန့်လင်းချွမ်ကို အနိုင်ကျင့်နိုင်ရတာလဲ? ဖေးခွမ်နဲ့ ချီမူရှစ်တို့ လိုက်စီးတဲ့အချိန်ကျ မပျက်ဘဲ သူ့အလှည့်ရောက်တော့မှဘဲ ပျက်သွားတယ်]
[ဘက်ထရီ ကုန်သွားတာဖြစ်ဖြစ် ပျက်သွားတာဖြစ်ဖြစ် စကူတာကို လမ်းမှာ တွန်းလာရတာက ရယ်စရာကောင်းမှာဘဲ]
[ဟားဟား ဟားဟား ငါတကယ် ရယ်ရလို့သေပြီ! စုန့်လင်းချွမ်မှာ ရှက်စရာကောင်းတဲ့ အရာတွေ ဖြစ်ပျက်လာသလို ခံစားရတယ်၊ အားလုံးက ပြီးပြည့်စုံပြီး အဓိပ္ပါယ်ရှိနေသလိုပဲ!]
[ဝါးး၊ အဲဒီတူဝရီးနှစ်ယောက်ရဲ့ ပျော်ပျော်ရွှင်ရွှင် စကားပြောရင်း စကူတာတွန်းနေတဲ့ ဗီဒီယိုက အရမ်းကြည်နူးစရာကောင်းတာဘဲ]
[ငါသိပါတယ်၊ အန်တီလေးကို အဲ့ဒီလိုရယ်သွားရအောင် စုန့်လင်းချွမ် ဘာပြောလိုက်လဲဆိုတာ ငါအရမ်းသိချင်တယ်။ မက်စ်တပ်ထားတာတောင် ပြုံးနေမှန်း ပြောလို့ရတယ်]
[ဟားဟားဟား ဒီတူဝရီးနှစ်ယောက်က အရမ်းကြောင်တောင်တောင်နဲ့ အခုထိ သတိမထားမိကြဘူးပဲ။ လူတော်တော်များများက သူတို့ကို မှတ်မိသွားကြတယ်ဆိုတာကို သူတို့ မသိကြသေးဘူးထင်တယ်]
[သူတို့နဲ့ တွေ့ခဲ့တဲ့ သူတွေရေ၊ ကျေးဇူးပြုပြီး သူတို့ကိုမနှောင့်ယှက်ပါနဲ့! သတိမထားမိကြတဲ့ ဒီနှစ်ယောက် ဘာတွေဖြစ်နေလဲဆိုတာ သဘောပေါက်ဖို့ ဘယ်လောက်ကြာမလဲဆိုတာ ကြည့်ကြရအောင်]
[ငါလည်း သဘောတူတယ်! ဖြစ်နိုင်ရင် သူတို့ရဲ့ တိုးတက်မှုကို ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးပါ ဟားဟား၊ ဒါက အရမ်းရယ်စရာကောင်းတာဘဲ!]
...
အဲ့ဒါနဲ့ဘဲ၊ တူဝရီးနှစ်ယောက်ရဲ့ B တက္ကသိုလ် ခရီးစဉ်တစ်လျှောက်လုံးကို တိုက်ရိုက်ထုတ်လွှင့်ခဲ့သည်။
ဒီအချက်ကြောင့် ကျောင်းဝင်းထဲ သိုသိုသိပ်သိပ်နဲ့ ဝင်ဖို့ ကြိုးစားတာတောင်မှ မြန်မြန်ဆန်ဆန် မှတ်မိခံလိုက်ရတာဖြစ်သည်။
ဒါပေမယ့် လူတိုင်းက နားလည်ပေးပြီး သူတို့ကို အနှောက်အယှက်မပေးဘဲ အဝေးကနေ ဓာတ်ပုံရိုက်ကာ အွန်လိုင်းပေါ်မှာဘဲ တင်ကြသည်။
ထို့ကြောင့်၊ ရေပန်းစားနေတဲ့ hashtag အောက်တွင်၊ မျက်မြင်တွေ့ခဲ့တဲ့သူတွေ အချင်းချင်း ပို့ပေးနေကြတဲ့ ထူးခြားဆန်းကြယ်တဲ့မြင်ကွင်းက ပြန့်သွားသည်။
အင်တာနက် အသုံးပြုသူအချို့က ၎င်းဟာ B တက္ကသိုလ်ရှိ စုန့်လင်းချွမ်၏ အလည်အပတ် တိုက်ရိုက်ထုတ်လွှင့်မှုဖြစ်ပြီး ကြယ်ပွင့်တွေကိုယ်တိုင်က လုံးဝသတိမထားမိကြောင်းကို အရွှန်းဖောက်ကြသည်။
ကျန်းဟန်ရဲ့ဖုန်းခေါ်ဆိုမှုကြောင့် ဒီမတော်တဆ တိုက်ရိုက်ထုတ်လွှင့်မှုက နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။
ကျန်းဟန်ရဲ့ ကားထဲဝင်ပြီးသည့်တိုင် စုန့်တူဝရီးတွေကတော့ မင်သက်နေတဲ့ အခြေအနေမှာဘဲ ရှိနေဆဲဖြစ်သည်။
"အန်တီလေးကို နားလည်နိုင်ပေမယ့် လင်းချွမ်၊ မင်းဘယ်လိုလုပ်ပြီး လုံးဝသတိမထားမိတာလဲ?"
စုန့်လင်းချွမ် ခေါင်းခါလိုက်သည်။ သူ့အန်တီလေးနဲ့ စကားစမြည်ပြောရင်း တစ်လမ်းလုံး စိတ်အားထက်သန်နေခဲ့ပြီး ဒီအရာတွေကို လုံးဝအာရုံမရခဲ့ပေ။
ကျန်းဟန်လည်း မတတ်နိုင်ဘဲ နဖူးပေါ်လက်တင်လိုက်သည်။ ဒါက ထိပ်တန်း နာမည်ကြီးတွေမှာ ရှိသင့်တဲ့ သတိထားမှုမျိုးလား ?!
စုန့်လင်းချွမ်မှာ ရည်းစားမရှိတာကိုဘဲ ကျေးဇူးတင်ရမည်။ မဟုတ်ရင် သူ့ရဲ့ သတိမထားမိတတ်တဲ့ပုံမျိုးနဲ့ဆို မိနစ်ပိုင်းအတွင်း ဖော်ထုတ်ခံရလိမ့်မည်ပင်။
"ဒါဆို ကျွန်မတို့ အခု ဘာလုပ်သင့်လဲ?" စုန့်အာ့နန်က မေးလိုက်သည်။
ကျန်းဟန်လည်း အစောပိုင်းက ကျောင်းဝင်းအပြင်ဘက်ရှိ အခြေအနေကို အတိုချုံးရှင်းပြလိုက်သည် - အတင်းအဖျင်း သတင်းထောက်တွေ အများအပြားရောက်ရှိလာပြီး ရေပန်းစားနေသည့် hashtag တွေကိုမြင်ခဲ့တဲ့ ဖန်တွေနဲ့ အင်တာနက် အသုံးပြုသူတချို့လည်း အပြေးအလွှား ရောက်နေကြသည်။
သူမလည်း အခုမှဘဲ အွန်လိုင်းကို ကြည့်မိတော့သည်။ ကျောင်းအ၀င်ဝတွင် လူတွေအားလုံး စည်ကားနေပုံရပြီး အခြားကျောင်းသားတွေအတွက် အဆင်မပြေဖြစ်စေမလားဆိုတာ သူမ မသိတော့ပေ။
ကျန်းဟန်က စုန့်အာ့နန်ရဲ့ စိုးရိမ်နေတဲ့ အကြည့်ကို သတိထားမိပြီး သူမကို စိတ်ချလက်ချရှိစေဖို့ အမြန်နှစ်သိမ့်လိုက်သည်။ “အန်တီလေး စိတ်မပူပါနဲ့။ ကျွန်တော် hot search တွေကို မြင်ပြီးသွားပြီဖြစ်လို့ ဒီအခြေအနေကို ကြိုတင်မျှော်လင့်ထားပြီးသား၊ အစောကတည်းက ညှိနှိုင်းပေးဖို့ လူတွေခေါ်ထားတယ်၊ ဒါကြောင့် ဘာပြဿနာမှ မရှိပါဘူး"
စုန့်လင်းချွမ်လည်း စုန့်အာ့နန်ကို တောင်းပန်သလိုကြည့်လိုက်သည်။
စုန့်အာ့နန်က သူ့ကို ပုခုံးကို ပုတ်လိုက်ပြီး “ဒါက နင့်အပြစ်မဟုတ်ဘူး။ မတော်တဆဘဲလေ"
ကျန်းဟန် ပြောသလိုပင်၊ သူက ဒီမတော်တဆမှုကို အချိန်မီ ထိန်းချုပ်နိုင်ဖို့ B တက္ကသိုလ်ရဲ့ လုံခြုံရေးဌာနကို အမြန်ဆုံး ဆက်သွယ်ပြီး ချက်ချင်း ကိုင်တွယ်ခိုင်းလိုက်သည်။
ပုံမှန်အားဖြင့်ဆို ပြင်ပကားတွေကို ကျောင်းဝင်းအတွင်း ဝင်ခွင့်မပြုပါချေ။ ကျန်းဟန်က တူဝရီးနှစ်ယောက်ကိုခေါ်ဖို့ ကားမောင်းဝင်ခွင့်ပြုရန် လုံခြုံရေးနဲ့ ကြိုတင် ဆက်သွယ်ထားသည်။
ကားက ကျောင်းဝင်းထဲကနေ အမြန်မောင်းထွက်သွားသည်။ ပြတင်းပေါက်ကနေတဆင့်၊ ကင်မရာတွေကို ပခုံးပေါ်တင်ကာ အလင်းတွေ တစ်ဖျပ်ဖျပ်နဲ့ လူတစ်စုကို မြင်လိုက်ရပြီး စုန့်အာ့နန် နည်းနည်း အံ့သြသွားမိသည်။
ဒီလူတွေကို ကျောင်းဂိတ်ပေါက်ဝမှာ ဆက်တိုးနေတာကနေ တားဆီးဖို့ စုန့်လင်းချွမ်က ကားထဲကနေထွက်ကာ အင်တာဗျူးဖြေဖို့လုပ်လိုက်သည်။
သူကားထဲက ဆင်းပြီးတဲ့နောက်မှာ ပထမဆုံးလုပ်တာက စုန့်အာ့နန်ကို မတွေ့အောင် တံခါးကိုပိတ်လိုက်တာပင်။
ဒီလို မြင်ကွင်းတွေက စုန့်လင်းချွမ် အတွက် ဘာမှမဟုတ်ပေ။ သူက လူအုပ်ကို ပြုံးပြလိုက်ပြီး “မင်းတို့သိချင်တာ မှန်သမျှ မေးကြပါ၊ မေးခွန်းတွေမေးပြီးရင်တော့ အားလုံးစုခွဲကြတာပေါ့"
သူပြောချင်တဲ့ အဓိပ္ပါယ်ကတော့ နောက်ပိုင်းမှာ စုန့်အာ့နန်ကို အနှောက်အယှက် မဖြစ်စေဖို့ ဖြစ်သည်။
ဒီအတင်းအဖျင်း သတင်းထောက်တွေဟာလည်း ပါးနပ်ကြတဲ့သူတွေဖြစ်သည်။ သူတို့က ရယ်လိုက်ပြီး “ဆရာစုန့်၊ စိတ်မပူပါနဲ့။ ငါတို့ကလည်း အခြေခံပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို လိုက်နာပါတယ်၊ အန်တီလေးကို အနှောင့်အယှက် မဖြစ်စေရပါဘူး"
သူတို့ပြောတာက အမှန်ပင်။ ဒီလူတွေက စုန့်အာ့နန် နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါချေ။
ဒီနေရာမှာ စုန့်လင်းချွမ်ကို မျက်နှာသာပေးရတဲ့အကြောင်းရှိသည်။ သေချာပေါက်ကို သူတို့က အတိတ်က သင်ခန်းစာတွေကနေ သင်ယူခဲ့ကြတာပင်။
လွန်ခဲ့တဲ့ သုံးနှစ်က စုန့်အာ့နန်တစ်ယောက် variety showမှာ guest အဖြစ် ပါဝင်ခဲ့တာကြောင့် လူကြိုက်များမှု အထွတ်အထိပ် ရောက်လာကာ အရင်က ကျောင်းတံခါးဝမှာလည်း တိုးပိတ်နေခဲ့ဖူးသည်။
ဒါပေမယ့် B တက္ကသိုလ် ရဲ့ လုံခြုံရေးက အရမ်းတင်းကျပ်သည်။ အဝင်အထွက်တွင် ကျောင်းသား ID တွေကို စစ်ဆေးလေ့ရှိပြီး ကျောင်းသားမဟုတ်သူတွေနဲ့ ဝန်ထမ်းတွေက သူတို့ကို ကျောင်းထဲမှ လူတစ်ယောက်နဲ့အတူ ပါလာတာမဟုတ်ရင် ဝင်ခွင့်မရပါချေ။
ဒါပေမယ့် ကျောင်းက ကြီးပြီး မကောင်းတဲ့သူတွေလည်းရှိကြသည်။ သေချာပေါက်ကို အချို့က ခိုးဝင်နိုင်ခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ရလဒ်ကောင်းမရခဲ့ကြပါချေ။
စုန့်အာ့နန်ကတော့ စာသင်ခန်း၊ စာကြည့်တိုက်နဲ့ ကန်တင်းကိုဘဲ ပုံသေလုပ်ရိုးလုပ်စဉ်အတိုင်း သွားလာသည်။
လျှို့ဝှက်အတင်းအဖျင်း သတင်းထောက်တွေ ရိုက်ကူးထားတဲ့ အကြောင်းအရာတွေက စုန့်အာ့နန်ရဲ့ ကြုံရာကျပန်း ကျောင်းဖိုရမ်မှာ ကျောင်းသားတွေတင်ထားကြတာနဲ့ မတူပါချေ။ အဲ့ဒီနောက်မှာတော့ ဖန်တွေနဲ့ အင်တာနက်အသုံးပြုသူတွေရဲ့ ဆုံးမတာကိုခံခဲ့ရသည်။
မီးလောင်တာက သေးသေးမွှားမွှား ဖြစ်ပေမယ့် ပိုအရေးကြီးတာက ထိုသတင်းထောက်တွေဟာ လုပ်ငန်းနယ်ပယ်ထဲတွင် တိုက်ရိုက်အမည်ပျက်စာရင်း အသွင်းခံလိုက်ရပြီး သူတို့ရဲ့အလုပ်အကိုင်တွေဟာလည်း နေရာမှာဘဲ အဆုံးသတ်သွားရသည်။
ဒီဟာကို စုန့်လင်းချွမ် လုပ်မှန်းသိပေမယ့် ကူညီပေးနိုင်တာမရှိပေ။ လူတိုင်းမှာ ကိုယ်ပိုင်စည်းတွေရှိကြသလို သူတို့ကို ဘယ်သူကများ စည်းကျော်ခိုင်းလဲ? သနားညှာတာမှုမရှိဘူးဆိုပြီး သူတစ်ပါးကို အပြစ်မတင်သင့်ပေ။
မေးခွန်းအချို့ဖြေကြားပြီးတဲ့နောက် စုန့်လင်းချွမ်လည် ကားပေါ်တက်ကာ ထွက်ခွာသွားတော့သည်။
သူတို့ထွက်သွားပြီး သိပ်မကြာခင်မှာပဲ ပတ်ဝန်းကျင်က အတင်းအဖျင်း သတင်းထောက်တွေလည်း လူစုကွဲသွားကြပြီး စောင့်ကြည့်နေကြတဲ့ ဖန်တွေနဲ့ အင်တာနက်သုံးစွဲသူတွေလည်း ထွက်သွားကြတော့သည်။
ရုန်းရင်းဆန်ခတ်မှုက ပြီးဆုံးသွားသည်ဟု ယူဆနိုင်ပေမယ့် အွန်လိုင်းပေါ်တွင်တော့ စိတ်လှုပ်ရှားမှုတွေ ဆက်ဖြစ်နေသေးတဲ့ပုံပင်။
အထူးသဖြင့် စုန့်လင်းချွမ် အင်တာဗျူးအပြီးမှာ အင်တာနက်သုံးစွဲသူတွေက သူစီးနေတဲ့ စကူတာပျက်သွားခဲ့ကြောင်း အတည်ပြုခဲ့ပြီး သေအောင်ရယ်ကြတော့သည်။
သို့ပေမယ့် ပါဝင်ပတ်သက်သူအနေနဲ့ စုန့်လင်းချွမ် အတွက်တော့ ဘာမှမခံစားရပါချေ။
သူ့အမြင်အရ၊ အမြန်မှတ်မိခံလိုက်ရတာကလွဲရင် ဒီနေ့ အပြင်ထွက်ခဲ့ရတာကို လုံးဝ ကျေနပ်စရာလို့ ယူဆနိုင်သည်။
-
အဝေးတစ်နေရာရှိ အခြားမြို့တစ်မြို့တွင် စုန့်လင်းချွမ်ဆီက ဖုန်းလက်ခံရရှိတဲ့အချိန် ဖေးခွမ်တစ်ယောက် ပွဲတစ်ခုပြီးလို့ ဟိုတယ်ဆီ ပြန်လာတဲ့အချိန်ဖြစ်သည်။
"ငါပို့လိုက်တဲ့ ဓာတ်ပုံတွေကို မင်းမြင်လား?" သူ့လေသံက အရမ်းစိတ်ကြီးဝင်နေပြီး ကြွားဖို့ ကြိုးစားနေမှန်း သိသာလှသည်။
ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါပြီး "ငါမြင်တယ်"
အဲ့ဒီညတစ်ညလုံး၊ စုန့်လင်းချွမ်တစ်ယောက် သူ B တက္ကသိုလ်မှာ ရိုက်ခဲ့တဲ့ ဓာတ်ပုံတွေကို ဖေးခွမ်ဆီ ကြွားနေတာက တကယ်ဘဲ ကလေးဆန်လှသည်။
အခြားနည်းလမ်း မရှိပါချေ။ အရင်က စုန့်လင်းချွမ်တစ်ယောက် ဆယ်ကြိမ်မှာ ခြောက်ကြိမ် ခုနစ်ကြိမ်လောက် စုန့်အာ့နန်ကို ခေါ်တဲ့အချိန်တိုင်း သူမက ဖေးခွမ်နဲ့ရှိနေခဲ့တာကို အဲ့ဒီမှာရှိနေတဲ့ အန်တီလေးအစစ်က ဘယ်သူလဲ?
ဒီညကိုမပြောနဲ့ဦး၊ သူ့အန်တီလေးက အဲ့ဒီကောင်ကိုအမြဲတမ်းချီးကျူးနေတာ သူ့ရဲ့ ဟင်းချက်ကျွမ်းကျင်တာကို ချီးကျူးတယ်၊ သူ့ရဲ့ စိတ်ရှည်တတ်တာနဲ့ တခြားသူတွေကို ပြုစုစောင့်ရှောက်နိုင်စွမ်းကို ချီးကျူးတယ်။
ဒါက စုန့်လင်းချွမ်ကို ဘေးကျပ်နံကျပ် ဖြစ်စေပြီး သူ့ရဲ့ နံပါတ်တစ် တူလေးဆိုတဲ့ နေရာက ခြိမ်းခြောက်ခံနေရသလိုပင်။ သေချာပေါက်ကို ဒါကိုကြွားဖို့ သူဒီအခွင့်အရေးကို ယူရမည်။
"ဒီနေ့ ငါ့ကို အန်တီလေးက စကူတာမောင်းနည်း သင်ပေးတယ်"
စုန့်လင်းချွမ် - "ထင်တောင်မထင်ထားဘူး၊ ငါမြန်မြန်ဘဲ မောင်းတတ်သွားတာ"
ဖေးခွမ်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ "စကူတာ ပျက်သွားတယ်လို့ ငါကြားတယ်၊ ပြန်ပြင်ဖို့မမေ့နဲ့နော်"
မဟုတ်ရင် ကလေးမလေးဘာသာ ပြင်မယ့်သူ ရှာနေရဦးမယ်၊ ဘယ်လောက်တောင် ဒုက္ခများလိုက်မလဲ။
စုန့်လင်းချွမ်က တစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားသည်။ "ဟေး၊ မင်းက ငါ့ကို သတိလာပေးနေတာလား?"
ဖေးခွမ်က ရယ်လိုက်ပြီး "မင်း မေ့သွားမှာ စိုးလို့ပါ၊ မဟုတ်ရင် မင်းရဲ့အန်တီလေး အဆင်မပြေဖြစ်လိမ့်မယ်"
စုန့်လင်းချွမ်က ဟမ့်ခနဲ လုပ်လိုက်ပြီး "ဘာ ဟာသလာလုပ်နေတာလဲ၊ မင်းတွေးထားရမှာက သူက ငါ့ရဲ့အန်တီလေး၊ ငါ ဘယ်လိုမေ့နိုင်မှာလဲ"
ဖေးခွမ်မှာ ကူကယ်ရာမဲ့စွာနဲ့ လက်မြှောက်လိုက်ရသည်။ "ကောင်းပြီ၊ ငါ အတွေးလွန်သွားတယ်"
လီတုန်က ဘေးနားကနေ တိတ်တိတ်လေး ရယ်လိုက်သည်။
ဒီဘိုးဘေးလေး စုန့်လင်းချွမ် တစ်ယောက် အနှေးနဲ့အမြန် အသေသတ်ခံရတော့မှာ သေချာသည်။ သူက နံပါတ်တစ်တူလေးဆိုတဲ့ နေရာကို ခေါင်းမာမာနဲ့ ခုခံကာကွယ်နေပေမယ့် တစ်ဖက်လူက သူ့ဦးလေးဖြစ်လာတော့မှာကိုတော့ သူ မသိဘူး။
လီတုန်လည်း ဝင်မပါဘဲ အပျော်ကြည့်ဖို့ စိတ်အားထက်သန်နေသည်။ အမှန်ကိုသိသွားရင် ဖြစ်သွားမယ့် စုန့်လင်းချွမ်ရဲ့တုံ့ပြန်မှုကို သူ မနေနိုင်ဘဲ စိတ်ကူးကြည့်လိုက်သည်။
ဟားဟားဟား၊ အဲဒီမြင်ကွင်းက အရမ်းရယ်စရာကောင်းမှာ သေချာတယ်!