← Chapters

အခန်း (၁၁၇)

Vol. 9 Ch. 117

အခန်း (၁၁၇)

Vol. 9 Ch. 117

ဖုန်းချလိုက်တော့ လီတုန်က သိချင်စိတ်နဲ့မေးလိုက်သည်။ "အခြေအနေ ဘယ်လိုလဲ? မင်းနဲ့ အန်တီလေးစုန့်တို့ စုန့်လင်းချွမ်ကို မပြောသေးဖို့ စီစဉ်ထားတာလား?"

အဲ့ဒီနေ့က သူတို့စနေတယ်လို့ သူထင်ခဲ့ပြီး အတည်ကြီးဖြစ်နေမယ်လို့ သူ မထင်ထားခဲ့ပါချေ။

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ ပြောလိုက်သည်။ "အာ့နန်က ဘာမှမပြောခင် နည်းနည်းကြာကြာလောက် စောင့်ချင်နေသေးတယ်"

"ဒီကိစ္စက မနှောင့်နှေးနေသင့်ဘူးဆိုတာ မင်းကို သတိမပေးလို့ ငါ့ကိုအပြစ်လာမတင်နဲ့နော်" လီတုန်က ကြင်ကြင်နာနာနဲ့ အသိပေးလိုက်သည်။

"လင်းချွမ်ရဲ့စိတ်နဲ့ဆို၊ သူမ သူ့ကို အကြာကြီးဖုံးကွယ်ထားမှန်းသိရင်တောင် သူ့အန်တီလေးအပေါ် သေချာပေါက် သူကြမ်းကြမ်းတမ်းတမ်းပြောလောက်မှာမဟုတ်ဘူး။ ဒီတော့ သူ့ဒေါသအားလုံး မင်းအပေါ်ပဲရောက်လာမှာ"

ဖေးခွမ်က ပြုံးကာပြန်ဖြေလိုက်သည်။ "ကျွန်တော်သိတယ်"

အစတုန်းကတော့ စုန့်လင်းချွမ်ကို ဖြစ်နိုင်သမျှ မြန်မြန်ပြောပြဖို့ သူစီစဉ်ထားတာဖြစ်သည်။ ထုံးစံအတိုင်း ဒီကိစ္စကို မနှောင့်နှေးနေသင့်ဘူးဆိုတာကို သူလည်းသိသည်။ ဒါပေမယ့် ဒီကောင်မလေးက အဲ့ဒီအစား အကြောင်းပြချက်တချို့ကြောင့် စောင့်ချင်သေးတဲ့အတွက် သူလည်း သူမနဲ့အတူစောင့်ပေးရုံပင်။

သေချာပေါက်ကို၊ ဖေးခွမ်မှာလည်း ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်တွေရှိသည်။

သူ တွေးထားသည်။ စုန့်အာ့နန် သူ့ကိုပိုပြီးသဘောကျလာတဲ့အထိ သူစောင့်သင့်သည်။ အဲ့ဒီတော့မှ သူစုန့်လင်းချွမ်နဲ့ ရင်ဆိုင်ဖို့ ယုံကြည်ချက်တွေ ရှိနေလိမ့်မည်ပင်။

နောက်ဆုံးမှာတော့၊ သူ့ရဲ့အရင်က နည်းလမ်းတွေက လုံးဝ မမျှတသလို ညီလည်းမညီမျှပါချေ။

-

စုန့်လင်းချွမ်ရဲ့ သက်မွေးဝမ်းကြောင်းက အရေးကြီးတဲ့ အလှည့်အပြောင်းကို ရောက်နေတာဖြစ်သည်။ ဒီရိုက်ကူးရေးပြီးလို့ တခြားပရောဂျက်မစခင် သူ B City မှာ တစ်ပတ်လောက်ဘဲ နေရမှာဖြစ်သည်။

ယှဉ်ကြည့်ရင် ဒီတစ်ခေါက် ဖေးခွမ်ရဲ့အနားယူချိန်က အရမ်းကြာသည်။ အလုပ်ခွင် variety show ရိုက်ကူးပြီးကတည်းက အဲ့ဒီကြားက အနားယူချိန်ပါထည့်ပေါင်းလိုက်ရင် သူ့မှာ အားလပ်ချိန် သုံးလလောက်ရှိနေသည်။

ဖေးခွမ် ကိုယ်တိုင်လည်း အလျင်မလိုနေပါချေ။ သူနဲ့ စုန့်အာ့နန်က နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် ပရောပရည်လုပ်ကြသည်။ နေ့ဘက် အိမ်မှာဆို သူကစာအုပ်ဖတ် အပင်တွေကိုဂရုစိုက်ပြီး ညဘက်မှာ‌တော့ ညစာချက်ကာ စုန့်အာ့နန် အလုပ်ဆင်းလို့ အိမ်ပြန်လာမယ့်အချိန်ကို စောင့်နေတတ်သည်။ ဘဝက သက်သောင့်သက်သာနဲ့ အေးအေးဆေးဆေးရှိလှသည်။

ဒါပေမယ့် သူ့အေးဂျင့်ဖြစ်တဲ့လီတုန်ကတော့ တကယ်ကို စိုးရိမ်နေသည်!

ဖေးခွမ်မှာ တကယ်ဘဲ အချစ်ရေယာဉ်ထဲ တိုးနေဖို့အလားအလာရှိနေမှန်း သူအရင်က ဘယ်လိုလုပ် သတိမထားမိခဲ့ရတာလဲ။

ကံကောင်းထောက်မစွာနဲ့ သူ့ရဲ့နောက်ထပ် ဒရာမာက စပြီး ရိုက်ကူးတော့မှာဖြစ်တဲ့အတွက် အချစ်ငှက်ငယ်လေးလုပ်ဖို့ အချိန်သိပ်မကျန်တော့ပေ။

ဖေးခွမ် ရိုက်ကူးရေးစတဲ့နောက်မှာ စုန့်အာ့နန်လည်း အဆောင်ဆီပြန်ပြောင်းသွားသည်။

ဒါပေမယ့် ရက်အနည်းငယ်အကြာမှာဘဲ ဖေးခွမ်ပြန်လာလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပါချေ။

အဲ့ဒီနေ့မှာ၊ လီစစ်ရွှေ့က အလုပ်နောက်ကျမှဆင်းရမယ့်အလှည့်ဖြစ်တာကြောင့် အလုပ်ပြီးတာနဲ့ စုန့်အာ့နန်က အဆောင်ဆီ တန်းတန်းမတ်မတ်ပြန်လိုက်ပြီး လမ်းမှာ ကန်တင်းကနေ ညစာဝယ်ခဲ့လိုက်သည်။

အဆောင်ကို ရောက်ရောက်ချင်းမှာဘဲ ဖေးခွမ်ဆီကနေ ဖုန်းဝင်လာပြီး သူမရဲ့ကျောင်းဂိတ်ပေါက်မှာ သူရောက်နေတယ်လို့ သူပြောလာသည်။

စုန့်အာ့နန်မှာ ဗလာသပ်သပ်မျက်နှာနဲ့ ပြေးထွက်သွားလိုက်သည်။ ကားထဲရောက်ပြီး ဖေးခွမ်ကိုမြင်တောင်မှ သူမ မတုံ့ပြန်လာသေးချေ။

ဒီလွန်ခဲ့တဲ့ရက်အနည်းငယ်မှာ သူတို့တွေ နေ့တိုင်းအဆက်အသွယ်ရှိခဲ့သည်။ ဒီနှစ်ရက် ဖေးခွမ်မှာ လေးလံတဲ့ ရိုက်ကူးရေး အစီအစဉ်ရှိကြောင်း သူမသိသည်။

"ဘာလို့ ရုတ်တရက်ကြီးပြန်လာတာလဲ?" စုန့်အာ့နန်မေးလိုက်သည်။

ဖေးခွမ်က စုန့်အာ့နန် လက်ကို ကိုင်ကာ ပြုံးလိုက်သည်။ "ဒီနေ့က ဘာနေ့လဲဆိုတာ မင်းသိလား?"

စုန့်အာ့နန် တစ်ခဏလောက် ကြောင်သွားပြီး သူမစိတ်ထဲမှာလည်း ဘာမှ မရောက်လာပေ။

"ဘာနေ့လဲ?" သူမ မေးလိုက်သည်။

ဘာမှ ရှင်းမပြလာဘဲ ဖေးခွမ်က လှည့်လိုက်ကာ အနောက်ခန်းကနေ လက်ဆောင်ဘူးတစ်ဘူးကို ယူလိုက်သည်။

"ဒါက မင်းအတွက်၊ ကိုယ်တို့ရဲ့ တစ်လပြည့်လက်ဆောင်" သူက လက်ဆောင်ကို ကမ်းပေးရင်း အပြုံးနဲ့အတူပြောလာသည်။

စုန့်အာ့နန်က "အာ" လို့ အသံထွက်လာပြီး မသိလိုက်ဘာသာနဲ့ ခေါင်းကိုကုတ်လိုက်သည်။

သူမတို့တွေက တစ်လပြည့်လည်း လုပ်ဖို့လိုသေးတာလား? ဒီလိုနေရာမှာ သူမမှာ ဘာအတွေ့အကြုံမှ မရှိသလို တကယ်လည်း မတွေးမိခဲ့ပါချေ။

"အမ်၊ ကျွန်မမသိလိုက်ဘူး၊ အဲ့ဒါ..." သူမမှာ သူ့အတွက် ဘာမှမပြင်ဆင်ထားရပါချေ။

ဖေးခွမ်က သူမခေါင်းကိုပွတ်လိုက်ပြီး အပြုံးနဲ့ပြောလိုက်သည်။ "မင်းဘာမှ ပြင်ဆင်ထားဖို့မလိုပါဘူး။ ဒါတွေက ကိုယ်စဉ်းစားသင့်တဲ့အရာတွေ"

စုန့်အာ့နန်မှာ တကယ် နားမလည်ပါချေ။ "ဘာဖြစ်လို့လဲ?"

ဖေးခွမ်က ပြုံးလိုက်ကာ ခေါင်းခါပြီး ရှင်းပြလိုက်သည်။ "မင်းက မိန်းကလေးလေ။ ဆက်ဆံရေးတစ်ခုမှာ အလိုက်သိရမှာက ချစ်သူကောင်လေးတစ်ယောက်ရဲ့တာဝန်လေ"

ဒီတစ်ခါတော့ သူစကားလုံးတွေကို စုန့်အာ့နန်နားလည်လိုက်သည်။ ဒါပေမယ့် သူမမှာ ဒီဟာအပေါ် သဘောထားမတူပါချေ။

သူမအမြင်အရ၊ ချိန်းတွေ့တယ်ဆိုတာ လူနှစ်ယောက်ကြားက ကိစ္စဖြစ်သည်။ သူတို့ဘာပဲလုပ်လုပ် အပြန်အလှန်ဖြစ်ရမည်။

သူမလည်း သူ့အပေါ် အလိုက်သိရမည်။

ဒါပေမယ့် စုန့်အာ့နန်သိပ်ပြီးတော့ မငြင်းခုန်ချင်ပေ။ ဒီနေ့လိုမျိုး သူမ တကယ် အတွေ့အကြုံမရှိပါချေ။ သူမဘာမှ မပြင်ဆင်ခဲ့ရတဲ့အတွက် သူမပြောသမျှတွေက ဘာမှမရှိတဲ့စကားလုံးတွေ ဖြစ်နေလိမ့်မည်ပင်။ နောက်တစ်ခေါက်ကျရင် သူမပြန်ပေးရမည်။

စုန့်အာ့နန် သူမလက်ထဲက လက်ဆောင်ကို ငုံ့ကြည့်လိုက်သည်။ သူမ မပျော်နေဘူးဆိုတာ သေချာပေါက်မဟုတ်ပေ။

လက်ဆောင်ဘူးပေါ်မှာ စာအိတ်တစ်လုံးလည်းရှိသေးတာကို သတိထားမိလိုက်ပြီး သူမ မနေနိုင်ဘဲ အံ့ဩသွားမိသည်။ ဒါက ဂုဏ်ပြုလက်ဆောင်ကတ်လား ဒါမှမဟုတ်....

စုန့်အာ့နန် အဲ့ဒါကိုဖွင့်ကြည့်တော့မယ့်အချိန် ဖေးခွမ်က သူမကို တားလာသည်။

"ကိုယ် ဒီကိုတစ်လျှောက်လုံး လာခဲ့ရတာ မင်းက ကိုယ်ကိုတောင်မကြည့်ဘဲ လက်ဆောင်ကိုဘဲ ကြည့်နေတော့မှာလား?"

စုန့်အာ့နန် သူ့ကိုမော့ကြည့်လိုက်တော့ သူမမျက်လုံးတွေထဲမှာ မျှော်လင့်နေတဲ့ အရိပ်အယောင်တွေ တဖျပ်ဖျပ်လက်နေပြီး "စာအိတ်တစ်လုံးတွေ့တယ်၊ အထဲမှာဘာလဲ?"

ဖေးခွမ်က သူမလက်ဖဝါးကို သူ့လက်မနဲ့ပွတ်လိုက်ပြီး ပြုံးကာမေးလိုက်သည်။ "အထဲမှာ ဘာရှိမယ်လို့ မင်းထင်လဲ?"

စုန့်အာ့နန်က သူ့ကို တိတ်တိတ်လေးကြည့်နေပြီး နည်းနည်းတုံ့ဆိုင်းနေသည်။ "ကျွန်မထင်တာတော့၊ တကယ်အဲ့ဒါဖြစ်နေမလား?"

ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "ပြောကြည့်လေ။ ဘယ်သူသိမှာလဲ ဒီတစ်ခါမမှန်ရင်၊ နောက်တစ်ခါကျ ဖြစ်ရင်ဖြစ်မှာ"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး မပွင့်တပွင့်နဲ့ တီးတိုးပြောလိုက်သည်။ "ရည်းစားစာ"

ဖေးခွမ်ရဲ့ မျက်လုံးတွေထဲမှာ ရယ်မြူးရိပ်တွေသန်းနေသည်။ "ရည်းစားစာလိုချင်တာလား ဟမ်? ဒါဆို ဒီတစ်ခေါက် ကိုယ်သတိမထားမိလိုက်ဘူး"

"ဒါက ကိုယ် မင်းကို ပြောချင်ခဲ့ပေမယ့် ပြောခွင့်မရခဲ့တဲ့ အရာတွေအများကြီးပါတဲ့ စာတစ်စောင်ဘဲ။ ရည်းစားစာတော့ မဟုတ်ဘူးပေါ့။ နောက်တစ်ခါကျရင် အဲ့ဒီအကြောင်း ကိုယ်စဉ်းစားကြည့်ပါ့မယ်"

စာနဲ့ ရည်းစားစာက ဘာကွာလို့လဲ? စုန့်အာ့နန် ရှင်းရှင်းလင်းလင်း မခွဲခြားတတ်ပါချေ။

သူမ မသိစိတ်ကနေ လက်ထုတ်လိုက်ပြီး စာအိတ်ကိုကြည့်ချင်နေပေမယ့် လက်ကြီးကြီးတစ်ဖက်ဆီကနေ ဖိကာ အတားခံလိုက်ရသည်။

ဖေးခွမ်က သူမကို အပြုံးနဲ့ကြည့်လိုက်ပြီး "စကားနားထောင်၊ အဲ့ဒါကို ပြန်ရောက်မှဖတ်။ ဒါကို မင်း ကိုယ့်အရှေ့မှာဖတ်ရင် ကိုယ်တော့ ရှက်မိမှာဘဲ"

သူပြောတာကိုကြားတော့ စုန့်အာ့နန်ရင်ထဲမှာ ချက်ချင်းဘဲ ကြောင်လက်သည်းလေးနဲ့ ကုတ်နေသလို ခံစားလိုက်ရသည်။ သူမမှာ အသည်းယားလွန်းလို့ သည်းမခံနိုင်တော့ပေ။

သူမက ဒီတိုင်း.... ဒီထက်ပိုဖတ်ချင်တာ။

ဒါပေမယ့် သူက ဒီလိုမျိုးပြောလာတော့ သူမအတင်းအကြပ် မလုပ်တော့ပါချေ။ မဟုတ်လို့ရှိရင် သူမဘက်က အရမ်း စိတ်မရှည်သလို ဖြစ်သွားလိမ့်မည်။

"ညစာစားပြီးပြီလား? တစ်ခုခုစားချင်လား?" စုန့်အာ့နန်မေးလိုက်သည်။

ဖေးခွမ်က ခေါင်းခါလိုက်ပြီး "ကိုယ်မစားတော့ဘူး၊ ခဏနေကျရင် အမြန်ပြန်သွားရမှာ"

စုန့်အာ့နန် နည်းနည်းအံ့အားသင့်သွားသည်။ "ခဏနေကျရင် ပြန်မှာလား?"

ဖေးခွမ်က ခေါင်းအသာညိတ်လိုက်သည်။ "အင်း၊ မနက်ဖြန်မနက်ကျရင် ရိုက်ရမယ့် scene တွေရှိသေးတယ်"

စုန့်အာ့နန် အံ့ဩသွားသည်။ "တကယ်တော့၊ ဒီဟာအတွက်နဲ့ ရှင် အပြေးအလွှား ပြန်လာဖို့မလိုပါဘူး၊ ကျွန်မ တကယ်အဆင်ပြေပါတယ်"

ဒါပေမယ့် ဖေးခွမ်က ခေါင်းခါလိုက်ပြီ "ဒါပေမယ့် ကိုယ်ကတော့မပြေဘူးလေ"

သူက စုန့်အာ့နန်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီ သူမနဖူးကိုနမ်းလိုက်သည်။ "ကိုယ် မင်းကို လွမ်းနေတာ"

စုန့်အာ့နန် နှုတ်ခမ်းတွေက ကွေးတက်သွားပြီး သူမခေါင်းမော့လိုက်တော့ သူ့အကြည့်နဲ့ဆုံသွားသည်။ "ကျွန်မလည်း လွမ်းတယ်"

သူတို့တွေ ခွဲရတာ ရက်အနည်းငယ်ပဲ ရှိသေးပေမယ့် အရင်ကတော့ သူမအနေနဲ့ ဘာမှထူးထူးခြားခြား မခံစားရပါချေ။ ဘာဘဲဖြစ်ဖြစ် သူမတို့က နေ့တိုင်း ဗီဒီယိုကောပြောကြသည်လေ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ထပ်တွေ့ရတော့ သူမသူ့ကို ဘယ်လောက်လွမ်းနေမှန်း သဘောပေါက်လိုက်သည်။

အရင်တုန်းကတော့၊ တခြားသူတွေ ခံစားချက်အကြောင်းပြောတုန်းက ခွဲခွါရတဲ့အချိန်တွေက ဆောင်းဦးသုံးရာသီလိုပဲလို့ ပြောတာကိုကြားရတဲ့အခါ အဲ့ဒါက ချဲ့ကားနေတယ်လို့ စုန့်အာ့နန်ထင်ခဲ့သည်။ ဒါပေမယ့် အခုတော့ အဲ့ဒါကို သူမတကယ်ကြုံနေရပြီဖြစ်သည်။

ဒါပေမယ့်၊ ဖေးခွမ်ကတော့ တကယ်အချိန်ခဏလေးဘဲရသည်။

သူတို့နှစ်ယောက်ရှိနေတာ သိပ်တောင်မကြာသေးပေ လီတုန်ဆီကနေ လေယာဉ်လွတ်သွားလိမ့်မှာကြောင့် သူတို့ကို အလျင်စလို လောဆော်လာသည်။

ဖေးခွမ်ကိုပို့ပြီးတဲ့နောက် စုန့်အာ့နန်လည်း လက်ဆောင်နဲ့စာကို ပွေ့ပိုက်ကာ ကျောင်းထဲဝင်လိုက်သည်။

အဆောင်ကိုရောက်တော့ သူမလက်ဆောင်ကိုဘေးမှာထားလိုက်ကာ စာအိတ်ထဲက စာကိုဖတ်ဖို့ အရင်ဖွင့်လိုက်သည်။

'ချစ်ရပါသော ကောင်မလေးရေ၊ ဟယ်လို!

မင်းရဲ့ ချစ်သူကောင်လေးဖြစ်ရတာ ကိုယ်အရမ်း ကံကောင်းတာပဲ။ ဒါကတော့ ဒီတစ်လောကိုယ်မင်းကိုပြောချင်နေတဲ့ဟာပါ။ ကိုယ့်တစ်ဘဝလုံးက ကံကောင်းခြင်းတွေအားလုံးကို ဒီအပေါ်မှာ သုံးလိုက်တယ်လို့ ကိုယ်ထင်တယ်!

ဒီနေ့က ကိုယ်တို့အတူရှိခဲ့တဲ့ ရက်ပေါင်း၃၀မြောက်ပဲ။ မင်းကိုယ့်ကို ရယ်နေမှာကိုယ်သိပါတယ်၊ ဒါပေမယ့် ဒီရက်တွေမှာ ကိုယ်နေ့တိုင်း ပြုံးနေမိတယ်။ တစ်ခါတစ်လေ ဒါတွေအားလုံးက အိမ်မက်တွေဖြစ်နေသလိုမျိုး ကိုယ်နည်းနည်းတော့ ယောင်ချာချာဖြစ်သလို ခံစားရတယ်။

ကိုယ်မင်းဆီ တစ်ခုခုရေးချင်တာကြာပြီ ဒါပေမယ့် ကိုယ်ဘောပင်ကိုင်လိုက်တာနဲ့ ဘယ်ကနေစရေးရမှန်းမသိတော့ဘူး။ ဒီဟာကိုအကြာကြီး စဉ်းစားပြီးတော့မှ ကိုယ်မင်းကို ဝန်ခံစရာတစ်ခုရှိနေတယ်

ကိုယ့်ကတ်တွေကို စားပွဲပေါ်လှန်ပြီး လာခဲ့တဲ့အဲ့ဒီနေ့က ကိုယ့်ရဲ့ဒဏ်ရာကိုသုံးပြီး နည်းနည်းလှည့်စားခဲ့မိတယ်။ မင်းကိုယ့်ကိုသနားသွားပြီး အခွင့်အရေးပေးလိမ့်မယ်လို့ ကိုယ်အရဲစွန့်ခဲ့တာ။ မင်းက ကိုယ်နဲ့တွဲမယ်လို့ တိုက်ရိုက်လက်ခံလာလိမ့်မယ်လို့ ကိုယ်လုံးဝမမျှော်လင့်ထားမိဘူး။ ဒါက လုံးဝကိုမထင်ထားခဲ့တာ။

ဒါပေမယ့် ဝန်ခံတာက ဝန်ခံတာဘဲလေ။ မင်းဒါကို အခွင့်ကောင်းယူပြီး အကျိုးကြောင်းသင့်တာ ဒါမှမဟုတ် အကျိုးကြောင်းမသင့်တဲ့ တောင်းဆိုမှုတွေကိုလုပ်လို့ရပါတယ်။ ဒါပေမယ့် မင်းရဲ့စကားကိုတော့ ပြန်ရုတ်သိမ်းလို့မရဘူး။ မင်းကိုယ့်ကို နမ်းခဲ့တယ်၊ ဖက်ခဲ့တယ် ၊ ကိုယ့်ရဲ့အင်္ကျီကိုတောင်လှန်ပြီး abs တွေကိုထိခဲ့သေးတယ်၊ ဒါအတွက် မင်းကိုယ့်ကိုတာဝန်ယူရမယ်!

...

ကောင်းပြီ၊ ကိုယ်လျှောက်ရေးနေတာ အရမ်းများသွားပြီ။ မင်းဖတ်ရတာ မောသွားလိမ့်မယ်။ နောက်ဆုံးအနေနဲ့ ကိုယ်ပြောချင်တာ တစ်ခုရှိသေးတယ် -

အာ့နန်၊ မင်းနဲ့ဆုံခွင့်ရတာက ကိုယ့်အတွက် အကြီးမားဆုံးကောင်းချီးပဲ။

မင်းကိုချစ်တဲ့ မင်းရဲ့ချစ်သူကောင်လေး၊ ဖေးခွမ်'

ဒါက စာရွက်နှစ်ရွက်လေးပဲဆိုပေမယ့် စုန့်အာ့နန်ကတော့ ဒါကို အခေါက်ခေါက်အခါခါ ဖတ်နေမိသည်။ သူမက စာကို ရင်ဘက်နားမှာထားလိုက်ပြီး သူမရဲ့နှုတ်ခမ်းထောင့်တွေဟာလည်း မသိလိုက်ဘာသာနဲ့ ကွေးတက်သွားသည်။

မင်းကို ချစ်တဲ့ မင်းရဲ့ချစ်သူကောင်လေး၊ ဖေးခွမ်

သူမ မရေရွတ်ဘဲမနေနိုင်ခဲ့ချေ။ "ပြီးတော့ ဒါကိုရည်းစားစာ မဟုတ်ဘူးလို့ ပြောလိုက်သေးတယ်"

နောက်တစ်ခဏမှာ စုန့်အာ့နန် ဖုန်းကိုယူလိုက်ပြီး ဖေးခွမ်ရဲ့WeChat စာမျက်နှာကို ဖွင့်လိုက်သညိ။

သူ့ကတ်တွေကို စားပွဲပေါ်လှန်ပြီး လာခဲ့တဲ့နေ့က သူမသူ့ကို သနားလို့ တွဲဖို့ သဘောတူခဲ့တာမဟုတ်ကြောင်း ပြောပြချင်သည်။ ဒါပေမယ့် ဘယ်ကနေစပြောရမလဲဆိုတာ သူမ မသိပေ။

ဒါကိုပြောရရင် သုံးနှစ်ကြာ သူမရဲ့ တစ်ဖက်သတ်အချစ်ကနေစပြောရမယ့်ပုံပင်။ အဲ့ဒီအကြောင်းကိုပြောဖို့ အခုထိ သူမ ရှင်းရှင်းလင်းလင်းကို အဆင်သင့်မဖြစ်သေးပေ။

အတော်ကြာစဉ်းစားပြီးတဲ့နောက် စုန့်အာ့နန်နောက်ဆုံးမှာ စာတစ်ကြောင်းရိုက်ကာ ပို့လိုက်သည်။

[ဖေးခွမ်၊ ရှင်နဲ့ ဆုံခွင့်ရတာလည်း ကျွန်မရဲ့ ကံကောင်းမှုကြောင့်ပဲ]

သာမာန်အားဖြင့်ပြောရလျှင် ‌မတူညီတဲ့နေရာနှစ်ခုမှာ ခွဲနေနေရတဲ့ ငယ်ရွယ်တဲ့ စုံတွဲတစ်တွဲအတွက် ခံနိုင်ရည်ရှိဖို့ဆိုတာ အရမ်းခက်ခဲသည်။

ဒါပေမယ့် ကံကောင်းထောက်မစွာဖြင့် နှစ်ယောက်စလုံးက အလုပ်များနေကြသည်။ စုန့်အာ့နန်က ဆေးရုံမှာ လက်တွေ့ဆင်းရပြီး သူမရဲ့ဆရာကလည်း သူမကို တခြားသုတေသန အကြောင်းအရာအကြောင်း တာဝန်ပေးထားတဲ့အတွက် သူမမှာ နေ့တိုင်း အလုပ်များနေရသည်။

ဖေးခွမ်လည်း အတူတူပင်။ ဒီဒရာမာက အစကတည်းက တင်းတင်းကျပ်ကျပ် ရိုက်ကူးဖို့ အစီအစဉ်ဆွဲထားတာဖြစ်ကာ သူ့ရဲ့ စံနှုန်းမြင့်မှုကိုပါ ထည့်ပေါင်းလိုက်ရင် အချိန်ပိုရှိလိမ့်မယ်လို့ မပြောနိုင်ပါချေ။

ဒါပေမယ့် ဘယ်လောက်ဘဲ အလုပ်များနေပါစေ သူတို့က နေ့တိုင်းအဆက်အသွယ်ရှိကြပြီး မက်ဆေ့ခ်ျတွေကို ချက်ချင်းစာပြန်ဖို့မလိုသလို အားတဲ့အချိန်မှ စာပြန်နိုင်ကြသည်။ နှစ်ယောက်လုံးမှာ အချိန်ရှိရင်တော့ ဗီဒီယိုကော ပြောပြပြီး သူတို့ရဲ့အရင်က ချိုမြိန်ရင်းနှီးမှုတွေဟာလည်း ပိုလို့တောင် တိုးလာသည်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ၊ ဒီဇင်ဘာရောက်လာခဲ့သည်။

ဖေးခွမ်ရဲ့ မွေးနေ့က ဒီဇင်ဘာ ၅ ရက်နေ့ဖြစ်သည်။ တိုက်ဆိုင်မှုအကြောင်းပြောရလျှင် အရင်က သူ့မွေးနေ့ကို သူနဲ့အတူ စုန့်အာ့နန်တစ်ခါမှ မဆင်နွှဲဖူးပေ။ အရင်နှစ်တွေမှာ သူက ရိုက်ကူးရေးလုပ်နေရသလို အလုပ်နဲ့အဝေးမှာရှိနေရတဲ့အတွက် အတိုချုပ်ပြောရလျှင် သူတို့မှာ ဘယ်တော့မှမဝိုက်နေပေ။

ဒီနှစ်လည်း ခြွင်းချက်မရှိပေ။ ဖေးခွမ်က စုန့်အာ့နန်ကို ဒီတစ်ခေါက်လည်း သူပြန်မလာနိုင်လောက်ဘူးလို့ ရယ်အနည်းက ကြိုပြောထားသည်။ ရိုက်ကူးရေးက သရုပ်တောင်တွေနဲ့ အဖွဲ့သားတွေအားလုံးက ရိုက်ကူးဖို့အလျင်လိုနေကြတဲ့အတွက် ခေါင်းဆောင်မင်းသားဖြစ်တဲ့ သူ့မှာ ဒီတစ်ခေါက် ပြန်ဖို့မပြောနိုင်ပါချေ။

စုန့်အာ့နန်အတွက်ကတော့၊ သူမရဲ့အခြေအနေက ပိုပြီးတော့ လိုက်လျောညီထွေဖြစ်သည်။ လွန်ခဲ့တဲ့ တစ်လခွဲလောက်ထဲက ကြီးကြပ်ရေးမှူးကို သူမ အားလပ်ရက်သုံးရက်ယူမယ့်အကြောင်း ပြောထားသည်။

ဒါပေမယ့် ဒါက ခွင့်ယူတာမဟုတ်ပေ။ သူမရဲ့အားလပ်ရက်ကို ပြောင်းလိုက်တာပင်။

စုန့်အာ့နန်မှာ အရင်က တစ်ခါမှ မချိန်းတွေ့ဖူးပေမယ့် သူမမှာ ဥပမာတွေကနေ တွေးခေါ်သင်ယူကာ ကျွမ်းကျင်တတ်မြောက်လာသည်။

All Chapters