အခန်း (၁၁၈)
Vol. 9 Ch. 118
အရင်တစ်ခေါက်က ဖေးခွမ် surprise လုပ်ခဲ့တာကြောင့်၊ သူမလည်း သူ့အတွက် စာမျက်နှာတစ်မျက်နှာနဲ့ surprise လုပ်ဖို့ ပြင်ထားသည်။
မတိုင်ခင်ညက၊ စုန့်အာ့နန်တစ်ယောက် အဆောင်မှာ ပစ္စည်းတွေ ထုပ်ပိုးခဲ့သည်။
လီစစ်ရွှေ့က စုန့်အာ့နန်ထက်တောင်ပိုပြီး စိတ်လှုပ်ရှားနေပုံပေါ်ကာ ဘေးနားမှာ လက်တွေကိုပွတ်ရင်း လှည့်ပတ်နေသည်။
"ဝိုး! နောက်ဆုံးတော့ cp ship ရတဲ့ပျော်ရွှင်မှုကို ငါခံစားရနေရပြီ"
စုန့်အာ့နန်က ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။ ဒီအချိန်မှာ သူမ လီစစ်ရွှေ့ကို ကျေးဇူးတင်ရမည်။
နှစ်ယောက်သားက အခုဌာနတစ်ခုထဲမှာ ရှိနေကြပြီဖြစ်သည်။ အချိန်ဇယားကိုညှိဖို့ သူမနဲ့အတူလုပ်ပေးတဲ့သူမှာ လီစစ်ရွှေ့ဖြစ်တဲ့အတွက် ကိစ္စတွေက ချေယချောမွေ့မွေ့ဖြစ်ခဲ့တာဖြစ်သည်။
"စစ်ရွှေ့၊ ငါနဲ့ လဲပေးတဲ့အတွက် ကျေးဇူးပဲ။ ပြန်လာတဲ့အခါကျရင် နင့်ကို တစ်နပ်ကျွေးမယ်" စုန့်အာ့နန်က ပြောလိုက်သည်။
လီစစ်ရွှေ့က စိတ်လှုပ်ရှားစွာနဲ့ တခစ်ခစ်ရယ်လိုက်သည်။ "ကျွေးဖို့မလိုပါဘူး၊ နင်ပြန်လာတဲ့အခါကျရင် ငါ့ ship တဲ့နေရာမှာ စိတ်ကျေနပ်ရအောင် ပိုပြီးအသေးစိတ်သာပြောပြပေး"
စုန့်အာ့နန်ထပ်ပြီး ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ လီစစ်ရွှေ့တစ်ယောက် သူမတို့အတွဲရဲ့ ဖန်ဖြစ်လာကတည်းက ဒီလို "အသေးစိတ်အတွက် ငါးဖမ်း" တဲ့အမူအကျင့်ဟာ ပုံမှန်ဖြစ်လာပြီး ဘာမှ မထူးဆန်းတော့ပေ။
ဖေးခွမ်ရဲ့မွေးနေ့ဖြစ်တဲ့ နောက်တစ်နေ့မနက်စောစောမှာ စုန့်အာ့နန်လေဆိပ်ဆီ ထွက်လာသည်။
လေယာဉ်ပေါ်ကနေ ဆင်းတော့ သူမတက္ကစီနဲ့ လေဆိပ်ကနေ ရိုက်ကူးရေးစတူဒီယိုဆီ တိုက်ရိုက်သွားလိုက်သည်။ တစ်နာရီအကြာ၊ ကားက ရိုက်ကူးရေးစတူဒီယို ဝင်ပေါက်မှာ ရပ်သွားသည်။
စုန့်အာ့နန်က ဦးထုပ်စောင်းကာ မက်စ်တပ်လိုက်ပြီး နောက်တော့ ဖုန်းထုတ်လိုက်ကာ ဖေးခွမ်ရဲ့ဖန်ဂရုကိုဖွင့်လိုက်သည်။
လီစစ်ရွှေ့က သူမကို လွန်ခဲ့တဲ့ရက်က ဒီထဲ ထည့်ခဲ့တာဖြစ်သည်။ ဒီတစ်ခေါက် ဖေးခွမ်ရဲ့မွေးနေ့အတွက် ဖန်တွေက သူ့မွေးနေ့ကိုကျင်းပဖို့ ရိုက်ကူးရေးနေရာကို သွားမယ့် လူတချို့ကို စီစဉ်ခဲ့သည်။
ဒါက လျှို့ဝှက်ချက်လို့ဆိုကတည်းက စုန့်အာ့နန်တစ်ယောက် ပိုပြီးတော့ ဂရုစိုက်ထားရသည်။ သူမက အရင်ဆုံး လီတုန်ကိုဆက်သွယ်ဖို့ စဉ်းစားခဲ့ပေမယ့် သူပြောပြလိုက်မှာစိုးသည်။
အဲ့ဒါနဲ့ အဆုံးမှာတော့၊ သူ့ဖန်တွေနဲ့ရောပြီး ခိုးဝင်ဖို့နည်းလမ်းကို သူမရွေးလိုက်သည်။
သို့ပေမယ့်၊ သူမကိုမမှတ်မိသွားစေဖို့ ဖန်တွေနဲ့ အကွာအဝေးတစ်ခုထားထားဖို့ လီစစ်ရွှေ့က ထပ်ခါတလဲလဲသတိပေးခဲ့သည်။
စုန့်အာ့နန် ဂရုကိုဖွင့်လိုက်တော့ တစ်ယောက်ယောက်က တည်နေရာကို ပို့စ်တင်ထားပြီး လူတိုင်းကိုအဲ့ဒီမှာ ဆုံဖို့ပြောထားသည်။
အဲ့ဒီဘက်ကို သူမ လျှောက်သွားလိုက်ချိန် မကြာခင်မှာဘဲ အဝေးတစ်နေရာက လူအယောက် 20-30 အဖွဲ့ကိုတွေ့လိုက်ရသည်။
စုန့်အာ့နန် သူမဖုန်းထဲက ဖေးခွမ်ဖန်တွေရဲ့တည်နေရာကို ထပ်အတည်ပြုလိုက်ပြီး သူတို့အနောက်က သိပ်မနီးမဝေးနေရာမှာ ရပ်နေလိုက်သည်။
မကြာခင်မှာဘဲ၊ ဖေးခွမ်ရဲ့လက်ထောက် လျှိုဟောက်က ဖန်တွေဆီက လက်ဆောင်ကို လက်ခံဖို့ ရိုက်ကူးရေးစတူဒီယိုကနေ ထွက်လာသည်။ သူက အရှေ့ကဖန်တွေကို တစ်ခုခုပြောလိုက်ပြီ အဲ့ဒီအဖွဲ့ကို စတူဒီယိုဆီ ဦးဆောင်ခေါ်သွားသည်။
သူတို့အာရုံလွင့်နေတာကို အခွင့်ကောင်းယူပြီး စုန့်အာ့နန် သူတို့အနောက်ကနေ အမြန်လိုက်သွားလိုက်ကာ လူအုပ်ကြားထဲက မထင်မရှား နေရာတစ်နေရာကို ရှာလိုက်သည်။
ရိုက်ကူးရေးစတူဒီယိုထဲတွက် ဖေးခွမ်က scene တစ်ခုရိုက်ပြီးလို့ နားနေခန်းကို ပြန်ရောက်နေပြီဖြစ်သည်။
လီတုန်က ပြောလိုက်သည်။ "ခဏနေကျရင် ဖန်တွေ မင်းမွေးနေ့ကို လုပ်ဖို့ရောက်လာလိမ့်မယ်၊ လူတိုင်းကိုသွားနှုတ်ဆက်လိုက်ဦး"
ဖေးခွမ်ကပြန်မေးလိုက်သည်။ "ရိုက်ကူးရေးအဖွဲ့သားတွေနဲ့ ညှိခဲ့လား?"
လီတုန်က ခေါင်းညိတ်ပြလိုက်သည်။ "စိတ်မပူနဲ့ ငါတို့အစောကတည်းက ညှိထားတယ်"
ဖန်တွေလာတာက ရိုက်ကူးရေးအဖွဲ့အတွက် လူသိရှင်ကြားဖြစ်တဲ့အတွက် အားလုံးက ကြိုဆိုကြသည်။
ပြီးတော့ ဒီနေ့က ဖေးခွမ်ရဲ့မွေးနေ့ဖြစ်တဲ့အတွက် အကျိုးအကြောင်းသင့်သလို ရိုက်ကူးရေးအဖွဲ့အတွက်လည်း အဆင်မပြေမဖြစ်ပါချေ။
ဖေးခွမ်က အသိအမှတ်ပြုသလို အင်း လို့ခပ်တိုးတိုးဆိုလိုက်သည်။ "ဖန်တွေအတွက် လက်ဆောင်တွေကိုရော ကြိုပြင်ပြီးပြီလား?"
လီတုန်က ok ဆိုတဲ့ အမူအရာလုပ်လိုက်ပြီး "ပုံမှန်အတိုင်းဘဲ၊ ဒါက မင်းမွေးနေ့ဆိုပေမယ့် သူတို့လည်းလက်ဆောင်ရမှာပါ"
ဖန်တွေ ဖေးခွမ်ရဲ့မွေးနေ့ကို လာလုပ်ကြတဲ့အခါ သူတို့မှာ ပြောစရာမလိုတဲ့ စည်းကမ်းချက်တစ်ခုရှိသည်။ သူက ဖန်တွေဆီကနေ လက်ဆောင်တွေကို လက်ခံသည်သာမက အဝေးကနေလာခဲ့တဲ့ ဖန်တွေအတွက်လည်း ကျေးဇူးတင်ကြောင်း သင်္ကေတအနေနဲ့ လက်ဆောင်တွေကို ပြင်ဆင်ထားပေးသည်။
ဒါက သူ့ဖန်တွေအပေါ်ထားတဲ့ idol တစ်ယောက်ရဲ့ အပြုအမူကောင်းတစ်ခုဖြစ်သည်။
လီတုန်က ဘာပြဿနာမှမရှိဘူးလို့ဆိုမှတော့ ဖေးခွမ်လည်း ဘာမှထပ်မမေးတော့ပေ။ အဲ့ဒီအစား သူက ခေါင်းငုံ့ကာ သူ့ဖုန်းကိုဆက်ရှာနေလိုက်သည်။
လွန်ခဲ့တဲ့တစ်နာရီက ကလေးမလေးက သူ့ကို သူမရဲ့ဆေးရုံကန်တင်းက အစားအသောက်ပုံတစ်ပုံနဲ့ သူမ နေ့လည်စာစားနေတယ်လို့ ပို့လာသည်။ သူပုံကိုနှိပ်ကြည့်လိုက်ပြီး မသိလိုက်ဘာသာနဲ့ မျက်မှောင်နည်းနည်း ကြုံ့မိလိုက်သည်။
ဖေးခွမ်ရဲ့လက်ချောင်းတွေက ဟိုပြေးသည်လွှားစာရိုက်ကာ စာပြန်လိုက်သည်။ [ဘာလို့ နည်းနည်းလေးဘဲစားတာလဲ?]
လီတုန် ဖေးခွမ်ရဲ့ဖုန်းကို ချောင်းကြည့်လိုက်သည်။ "ဘာလဲ၊ မင်းရဲ့ အန်တီလေးဆီ မက်ဆေ့ခ်ျပို့နေတာလား?"
ဖေးခွမ်က ခေါင်းတောင်မမော့လာဘဲ အတည်ပြုသလို အင်းလို့ ခပ်တိုးတိုးဆိုလိုက်သည်။
လီတုန်က ကျွတ်စ် ကျွတ်စ် လို့ နှစ်ခါလောက် လုပ်လိုက်ပြီး "ငါပြောမယ်၊ မင်းက ခေါင်းမာနေတာဘဲ။ မင်းရဲ့မွေးနေ့ကို အန်တီလေးနဲ့ ကုန်ဆုံးချင်တာ မဟုတ်လား၊ လွန်ခဲ့တဲ့ တစ်လခွဲလောက်က ပိတ်ရက်တစ်ရက်တောင်းဖို့ မင်းကို ငါအကြံပေးခဲ့တယ်လေ မင်းမှလက်မခံဘဲ"
ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပေမယ့် ဘာမှမပြောလာပေ။
အဲ့ဒီအချိန် လျှိုဟောက်က နားနေခန်း တံခါးကိုဖွင့်ကာဝင်လာပြီး ဖန်တွေရောက်လာပြီဖြစ်ကာ ဖေးခွမ်အခုသွားလို့ရပြီဖြစ်ကြောင်း ပြောလာသည်။
သူခေါင်းညိတ်လိုက်ပြီး၊ ခဏနေကျရင် ဆက်ရိုက်ရမယ့် scene တချို့ကျန်သေးတာကြောင့် နှောင့်နှေးနေလို့မရပေ။
......
ရိုက်ကူးရေးအဖွဲ့သားတွေက ဖန်တွေအတွက် စတူဒီယိုရှိဧည့်ခံဧရိယာကို အစောင့်အကြပ်တွေဖြင့် ဝန်းရံထားသည်။ ဖန်တွေအားလုံးကို အဲ့ဒီမှာတခြားသရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးဝန်ထမ်းတွေနဲ့အတူ စီစဉ်ထားသည်။
လက်ထောက်ဒါရိုက်တာက သုံးထပ်ကိတ်ကြီးတစ်လုံးကို ကြိုပြင်ဆင်ထားသည်။ လူတိုင်းက ဖေးခွမ်ရဲ့မွေးနေ့ကို အတူဆင်နွှဲဖို့ အဆင်သင့်ဖြစ်နေပြီ။
ဖေးခွမ် ဝင်လာတော့ သူ့မျက်နှာမှာ ထုံးစံအတိုင်း အပြုံးနဲ့အတူ လူအုပ်နဲ့ဖန်တွေကို နွေးနွေးထွေးထွေးနှုတ်ဆက်လိုက်သည်။
သို့ပေမယ့် သူ့အကြည့်က လူအုပ်ကြီးကိုဖြတ်ပြီး အနောက်ဘက် မထင်မရှားထောင့်နားကို ရောက်သွားတဲ့အချိန် သူ့အပြုံးက တစ်စက္ကန့်လောက် အေးခဲသွားခဲ့သည်။
စုန့်အာ့နန်လည်း ရုပ်ရှင်အဖွဲ့သားတွေ လုပ်ထားသည့် စတူဒီယိုထဲ လူအုပ်နဲ့အတူ လိုက်သွားလိုက်သည်။ ဖန်တွေကို နေရာချပြီးတဲ့နောက်မှာ လျှိုဟောက်က ခဏပြန်ထွက်သွားသည်။
ဖန်တွေထဲတွင် ဦးထုပ်နဲ့ မက်စ်တပ်ထားတဲ့သူတွေ အများအပြားရှိသည်။ သူမရဲ့ ဝတ်စားပုံက သူတို့ကြားထဲမှာ မထင်ရှားပင်။
မကြာခင်မှာဘဲ တွဲဖက်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးကလူတွေ လူအများအပြားရောက်လာပေမယ့် သူတို့က ဖန်တွေနဲ့ အကွာအဝေးတစ်ခုထားထားကြသည်။
စုန့်အာ့နန်က ဖန်တွေရဲ့အနောက် မထင်မရှားနေရာမှာ ပုန်းနေပြီး သူမရဲ့တည်ရှိမှုကို လျှော့ချဖို့ ကြိုးစားနေသည်။
ကံကောင်းစွာနဲ့ဘဲ သိပ်မကြာခင်မှာ လျှိုဟောက်ပြန်ရောက်လာပြီး ဖေးခွမ်လည်း ချက်ချင်းရောက်လာကာ လူတိုင်းရဲ့အာရုံကိုချက်ချင်းဆွဲဆောင်လိုက်သည်။
လူအုပ်ကြားကနေ စုန့်အာ့နန်တစ်ယောက် မလှမ်းမကမ်းက ဖေးခွမ်ကို မြင်လိုက်ရသည်။
သူက ခါတိုင်းနဲ့မတူ ကွဲပြားတဲ့ခံစားချက်ကို ပေးနိုင်သည့် မိတ်ကပ်ပုံစံနဲ့ ဝတ်စုံကိုဝတ်ထားသည်။
မထင်မှတ်ပဲ သူမ အတွေးတွေ ပျောက်ကွယ်သွားသလို ဖေးခွမ်နဲ့ရုတ်တရက် မျက်လုံးချင်းဆုံမိသွားသည်။
အဲ့ဒီအခိုက်အတန့်မှာစုန့်အာ့နန် နည်းနည်း လန့်သွားသည်။
အိုး မဟုတ်ဘူး၊ သူ သူမကို မမှတ်မိလောက်ဘူးမလား?
ဒါပေမယ့် သူမ ဘာလုပ်ရမလဲဆိုတာ မဆုံးဖြတ်ရသေးခင် နောက်တစ်စက္ကန့်မှာဘဲ ဖေးခွမ်က အကြည့်လွှဲသွားသည်။
စုန့်အာ့နန် မသိစိတ်ကနေ သက်ပြင်းတစ်ချက်ချလိုက်သည်။ နောက်ဆုံးတော့ သူ သူမကို လုံးဝ မမှတ်မိဘူးဘဲ။
နောက်တော့ ကိတ်မုန့်ကိုလှီးကာ စားသောက်ကြသည်။ ဖန်တွေနဲ့ ဓာတ်ပုံရိုက်နေတုန်းမှာ စုန့်အာ့နန်က ဖုန်းပြောသလိုနဲ့ အနီးနားကထောင့်တစ်နေရာမှာ သွားပုန်းဖို့အခွင့်ကောင်းယူလိုက်သည်။
ဒါပေမယ့် စုန့်အာ့နန် မသိလိုက်တာက အဖြစ်အပျက်တစ်ခုလုံးမှာ ဖေးခွမ်က သူမဘက်ကို အကြိမ်ပေါင်းများစွာ ခိုးကြောင်ခိုးဝှက်နဲ့ ကြည့်ကြည့်နေတာပင်။
အဖွဲ့သားတွေက ဆက်လက်ရိုက်ကူးဖို့ လိုတဲ့အတွက် ဖန်တွေရဲ့ လာရောက်ကြည့်ရှုမှုကို အချိန်ကန့်သတ်ထားသည်။ နာရီဝက်လောက်ကြာတော့ ဖေးခွမ်လည်း ထွက်သွားသည်။
နောက်တော့ လျှိုဟောက်က လူတိုင်းကို လက်ဆောင်တွေ ပေးပြီး ဖေးခွမ်က ပရိသတ်တွေအတွက် အထူးပြင်ဆင်ထားတဲ့အရာလို့ ပြောသည်။
လက်ဆောင်တွေ ရရှိပြီးတဲ့နောက် လူတိုင်းက အရမ်းပျော်ရွှင်နေကြပြီး စိတ်လှုပ်ရှားစွာနဲ့ စကားပြောဆိုနေကြသည်။
လျှိုဟောက်က လက်ဆောင်တွေကို ရှေ့ကနေနောက်ကို အသီးသီး ဝေပေးနေပြီး နောက်ဆုံးအတန်းက စုန့်အာ့နန်ဆီရောက်လာသည်။
စုန့်အာ့နန်က သူ့ကို ခဏလောက် မော့ကြည့်လိုက်ပြီး လက်ဆောင်ကို လက်ခံလိုက်ကာ ကျေးဇူးတင်စကားဆိုလိုက်ပြီး ခေါင်းပြန်ငုံ့ထားလိုက်သည်။
ရိုက်ကူးရေးကို အနှောက်အယှက် မဖြစ်စေဖို့အတွက် လျှိုဟောက်က ဖန်တွေကို အမြန်ပြန်ခေါ်သွားသည်။
စတူဒီယိုကနေ ထွက်လာတော့ စုန့်အာ့နန်က တခြားသူတွေနောက်မှာ တမင်ချန်နေခဲ့ကာ ဘယ်သူမှ အာရုံမရတာကိုအခွင့်ကောင်းယူပြီး တိတ်တိတ်လေးလစ်ထွက်လိုက်သည်။
လေဆိပ်ကနေ ချက်ခြင်းထွက်လာရတော့ သူမ နေ့လည်စာ မစားရသေးတဲ့အတွက် အနီးနားက ကော်ဖီဆိုင်မှာ ခဏလောက် အနားယူပြီး စားစရာနည်းနည်းစားလိုက်သည်။
ဒီနောက်မှာတော့ သူမရဲ့ အစီအစဉ်အရ၊ စုန့်အာ့နန်တစ်ယောက် တည်းဖို့ ဟိုတယ်တစ်ခုကို အရင်ရှာဖို့ စိတ်ကူးလိုက်သည်။ ဖေးခွမ် အလုပ်ပြီးသွားရင် သူအံ့ဩသွားအောင် ဖုန်းခေါ်လိုက်ဖို့ တွေးထားသည်။
တကယ်တော့ အစက ရိုက်ကူးရေးစတူဒီယိုထဲ သူမ ခိုးဝင်ဖို့ မစီစဉ်ထားဘဲ ရိုက်ကူးရေးတည်နေရာကို သိချင်ရုံပင်။
ဒါပေမယ့် နေ့လယ်စာစားချိန်မှာ ဖေးခွမ်နဲ့ခဏလောက် စကားပြောပြီးတဲ့နောက် သူက အဲဒီနေ့မှာ ညဘက်ရိုက်ရမယ့် scene ရှိလောက်တယ်လို့ ပြောလာတာကြောင့် အစီအစဉ်တွေပြောင်းဖို့ သူမဆုံးဖြတ်ခဲ့သည်။
သူသာ ညသန်းခေါင်ကျော်မှ အလုပ်ပြီးသွားရင်တော့ surprise က နည်းနည်း မပြည့်စုံလောက်ဘူးလို့ ခံစားရသည်။
စုန့်အာ့နန်က ဖေးခွမ်ရဲ့မွေးနေ့ကို လူကိုယ်တိုင်ကျင်းပပေးဖို့ မဆုံးဖြတ်ခင် အချိန်အတော်ကြာအောင် စဉ်းစားခဲ့ရသည်။
သူမအနေနဲ့ လူအုပ်ကြားထဲမှာ ပုန်းနေခဲ့ရင်တောင် အနည်းဆုံးတော့ သူမ သူ့မွေးနေ့ကို သူနဲ့အတူ ဖြတ်သန်းခဲ့ရသည်ပင် - ခရီးက အလဟသ မဖြစ်သွားဘူး။
အဲ့ဒီအချိန် ကော်ဖီဆိုင်မှာ လူသိပ်မရှိပေ။ အနောက်နားက မထင်မရှား နေရာကို သူမ ရှာတွေ့လိုက်ပြီး ice Americano နဲ့ ကိတ်မုန့်တစ်စိတ်ကို မှာလိုက်သည်။
စောင့်ဆိုင်းနေတုန်းမှာ စုန့်အာ့နန်က အနီးနားရှိ ဟိုတယ်တွေကို အွန်လိုင်းပေါ်မှာ ရှာကြည့်ဖို့လုပ်လိုက်သည်။
အဲ့ဒီအချိန်မှာပဲ ဖေးခွမ်က စာပို့လာသည်။ [အာ့နန်၊ ရိုက်ကူးရေးအနီးတစ်ဝိုက်မှာ နေရာရှာပြီး မင်းရဲ့တည်နေရာကို ကိုယ့်ဆီ ပို့ပေး။ လျှိုဟောက်ကို လာခေါ်ခိုင်းလိုက်မယ်]
စုန့်အာ့နန် တစ်ခဏလောက် အံ့အားသင့်သွားသည်။
အခုတော့ ရှင်းသွားပြီ - စောစောက ဖေးခွမ် သူမကိုမှတ်မိသွားတာပင်။
ရိုက်ကူးရေးနေရာရှိ နားနေခန်းထဲတွင် လျှိုဟောက်က ဖန်တွေနဲ့ တွေ့ပြီးပြန်ဝင်လာချိန် မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။
"ဖေးကော သိလား၊ အစ်ကို့ရဲ့ဖန်တွေကြားထဲမှာ ဦးထုပ်နဲ့ မက်စ်တပ်ထားပြီး မျက်လုံးဘဲမြင်ရတာတောင် အန်တီလေးနဲ့ တော်တော်တူတဲ့တစ်ယောက်ကို တွေ့လိုက်သေးတယ်"
နောက်တော့ သူက နောင်တရသလို ပြောလာသည်။ “ဒါပေမယ့် အားလုံးထွက်သွားတော့ သူ့ကို မတွေ့တော့ဘူး”
ဖေးခွမ်က သူ့ကို တစ်ချက်ဘဲကြည့်လိုက်ပြီး သူ့ခေါင်းကို ဖုန်းဆီ ပို့ထားသည်။ "ငါ မင်းကို တည်နေရာတစ်ခု ပို့ပေးလိုက်မယ်၊ အဲဒီမှာလူတစ်ယောက်ကို သွားပြန်ခေါ်ပေး"
လျှိုဟောက် အံ့ဩသလိုအသံပြုလာပြီး နေရာမှာဘဲ ရပ်ကာ လုံးဝနားမလည်ဖြစ်နေသည်။ "ဘယ်သူ့ကို သွားပြန်ခေါ်ရမှာလဲ?"
လီတုန်က ရယ်လိုက်ပြီး သူ့ပုခုံးကို ပုတ်လိုက်သည်။ "လုပ်စမ်းပါ၊ မင်း အခုသဘောပေါက်သင့်နေပြီ။ သူက အန်တီလေးနဲ့ တူတာမဟုတ်ဘူး အန်တီလေးပဲလေ!"
လျှိုဟောက်မှာ သဘောမပေါက်ခင် တစ်စက္ကန့်လောက်အံ့အားသင့်နေပြီးမှ ရုတ်တရက် သူ့ပေါင်သူ ပြန်ရိုက်လိုက်သည်။ "အခု ကျွန်တော် သဘောပေါက်ပြီ၊ အဲ့ဒါကြောင့် သူက ကျွန်တော့်ကို ကြည့်ပြီး ချက်ချင်း ခေါင်းပြန်ငုံ့သွားတာက သူ့ကိုမှတ်မိသွားမှာစိုးနေတာဘဲ"
ပြီးတော့ သူက ဆက်ပြောလိုက်သည်။ "ဒါဆို အန်တီလေးက ဘယ်တုန်းက ဖေးကောရဲ့ အမာခံဖန်ဖြစ်လာတာလဲ?"
လီတုန်မှာ မတတ်နိုင်ဘဲ နဖူးပေါ်လက်တင်လိုက်ရသည်။ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ တွဲနေကြပြီဆိုတဲ့အကြောင်း အခုထိ လျှိုဟောက်ကို ရှင်းပြဖို့ သူ့မှာအခွင့်အရေးမရသေးပေ။
"အခုတော့ မင်းအလုပ်ကိုဘဲ အာရုံစိုက်။ မင်းပြန်လာရင် ငါရှင်းပြမယ်"
နားမလည်ဖြစ်နေသေးပေမယ့် လျှိုဟောက်က အသိအမှတ်ပြုလိုက်သည်။ ဒါပေမယ့် သူထွက်သွားခါနီးမှာပဲ ဖေးခွမ်က ရုတ်တရက် သူ့ကို တားလိုက်သည်။
"နေဦး၊ မင်းသွားစရာ မလိုတော့ဘူး"
နောက်တော့ သူလီတုန်ကို ကြည့်လိုက်သည်။ "အစ်ကိုသွားသင့်တယ်- အပြင်မထွက်ရသေးတဲ့ ဖန်တွေရှိနေသေးမှာစိုးတယ်"
လီတုန်လည်း သူ့အကြောင်းပြချက်ကို ချက်ချင်းနားလည်သည်။ လျှိုဟောက်ဟာ အစောပိုင်းက ဖန်တွေနဲ့ ထိတွေ့ဆက်ဆံဖူးသူဖြစ်တာကြောင့် အခု အပြင်ထွက်ပါကအာရုံစိုက်ခံရလိမ့်မည်ပင်။
"သိပြီ၊ တည်နေရာကို ငါ့ WeChatဆီ ပို့ပေးလိုက်" လီတုန်က ပြောလိုက်သည်။ "အန်တီလေးကို ဒီကို ပြန်မခေါ်လာကြရအောင်၊ သူ့ကို ဟိုတယ်ကိုဘဲ တိုက်ရိုက်ခေါ်သွားလိုက်သင့်တယ်"
ပတ်ဝန်းကျင်တွင် လူများစွာရှိတဲ့အတွက် သူတို့ရဲ့ ဆက်ဆံရေးကို လူသိရှင်ကြား မကြေငြာရသေးတဲ့အတွက် အန္တရာယ်ဖြစ်လိမ့်မည်ပင်။
ဖေးခွမ်လည်း စဉ်းစားလိုက်သည်။ "ကောင်းပြီလေ"
ရိုက်ကူးရေးနေရာကနေ ထွက်လာတော့ လီတုန်က ပို့ထားတဲ့ နေရာနောက်ကိုလိုက်ကာ မကြာမီခင်မှာဘဲအနီးနားက ကော်ဖီဆိုင်ဆီ ရောက်လာပြီး စုန့်အာ့နန်ကိုအမြန် ရှာတွေ့သွားသည်။
လီတုန်က ပြုံးပြုံးရွှင်ရွှင်နဲ့ လျှောက်သွားလိုက်သည်။ "တကယ် အန်တီလေးဘဲ"
စုန့်အာ့နန်က ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။ "ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
လီတုန်က သူမရဲ့ တစ်ဖက်မှာ ထိုင်လိုက်ပြီး လက်ယမ်းပြလိုက်သည်။ "ဘာပြဿနာမှ မရှိဘူး၊ ငါတို့အားလုံးက မိသားစုတွေဘဲလေ"
သူက စုန့်အာ့နန်ကို ပြုံးကာမေးလိုက်သည်။ " အန်တီလေး ဖေးခွမ်ကို သူ့မွေးနေ့အတွက် Surprise လာလုပ်တာလား?"
စုန့်အာ့နန်က နှုတ်ခမ်းကိုဖိကာ ထောက်ခံသလိုတိုးတိုးလေးရေရွတ်လိုက်သည်။ "ဒါပေမယ့် ကျွန်မ ရှုပ်အောင်လုပ်လိုက်မိတဲ့ပုံပဲ"
လီတုန်က ရယ်လိုက်ပြီး "စိတ်မပူနဲ့ အန်တီလေးကို ရှုပ်အောင်လုပ်တယ်လို့ မပြောပါဘူး။ ဖေးခွမ်ကိုကြည့်ရတာ တော်တော်လေးအံ့ဩသွားတဲ့ပုံဘဲ"
စုန့်အာ့နန်က ရှုံ့မဲ့ကာ ပြုံးလိုက်သည်။ "ပိုပြီးလန့်သွားတာ ဟုတ်တယ်မလား?"
ဒီလို အခြေအနေမျိုးမှာ သူမကို မှတ်မိသွားတဲ့အတွက် ဖေးခွမ်မှာ အံ့သြခြင်းထက် ပိုကာ လန့်သွားလိမ့်မှာ သေချာပေါက်ပင်။
လီတုန်က ထပ်ပြီးလက်ယမ်းပြလိုက်သည်။ "လုံးဝမဟုတ်ဘူး၊ သူ့ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက ဒီလောက်ထိမအားနည်းပါဘူး"
"ဒါပေမယ့် နောက်တစ်ခေါက် လာလည်ရင် ကြိုပြောနော် ကျွန်တော် အတွင်းကနေ ညှိနှိုင်းပေးထားမယ်"
ခဏလောက် စကားစမြည်ပြောရုံသာပြောပြီးတဲ့နောက်၊ ဒီနေရာက စကားဆက်ပြောသင့်တဲ့နေရာမဟုတ်ကြောင်း သိသာလှသည်။ လီတုန်လည်း စုန့်အာ့နန်ကို ဟိုတယ်ဆီ ချက်ခြင်းခေါ်သွားလိုက်ပြီး ဖေးခွမ်အခန်းဆီ ဦးဆောင်ခေါ်သွားလိုက်ကာ သူမနောက်ကနေ အခန်းထဲတော့ လိုက်မဝင်သွားတော့ပေ။
စုန့်အာ့နန် တံခါးကိုပိတ်လိုက်ပြီး အထဲကို မဝင်ခင် ဟိုတယ်က ဖိနပ်တစ်ရံကို ပြောင်းစီးလိုက်သည်။
သူမ ဧည့်ခန်းထဲရောကိတော့ ကျောပိုးအိတ်ကို ဆိုဖာပေါ်တင်ပြီး ပတ်ပတ်လည်ကို လိုက်ကြည့်လိုက်မိသည်။
အခန်းက စတူဒီယိုပုံစံဖြစ်ပြီး တစ်ချက်ကြည့်လိုက်တာနဲ့ အတွင်းခန်းဖွဲ့စည်းပုံက ရှင်းလင်းလှသည်။ ဟိုတည်ရှိ အခြေခံပစ္စည်းတွေကလွဲရင် ဖေးခွမ်ရဲ့ အဝတ်အစားတစ်ချို့နဲ့ ကိုယ်ပိုင်ပစ္စည်းတွေသာရှိသည်။