← Chapters

ရွှမ်ချုံးဟော်၏ ထေ့ငေါ့မှု

Vol. 113 Ch. 1576

ရွှမ်ချုံးဟော်၏ ထေ့ငေါ့မှု

Vol. 113 Ch. 1576

“ဂျူနီယာညီမလေး အခုဘာလုပ်ကြမလဲ” စူးရှောင်ရှောင်သည် ရှီမာယူယူကို ကြည့်လိုက်သည်။ အကယ်၍ သူမသာ သူတို့ကို ထွက်သွားခိုင်း လျှင် သူတို့သည် ချက်ချင်းပင် သူမကို ကူညီတိုက်ခိုက်ပေးမည်။

“ဒီသော့သုံးချောင်းမှာ နှစ်ချောင်းက သစ်ပြီးတော့ တစ်ချောင်းက ဟောင်းနေတာ… အခု သူတို့မှာ သော့မရှိဘူးလို့ထင်တယ် ဒီကျောက်အိမ်ကို ခွဲမပစ်ရင် အလောတကြီဂ ဝင်လာနိုင်မှာမဟုတ်ဘူး” ကျန်းကျူးရှန့် ပြောလိုက် သည်။

“ဒါကအချိန်ဆွဲလို့ရမယ်လို့ပြောနေတာလား”

“မျှော်လင့်ရတာပဲ” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ သူတို့ အကြာ ကြီးမစောင့်လောက်ဘူးထင်တယ်၊ သူတို့အခုမဝင်နိုင်မှတော့ အဖေ့ကိုသွား ကြည့်လိုက်ဦးမယ်”

သူမသည် ဟိန်းသံထောင်ချီကိုခေါ်ထုတ်သည်နှင့် ဟိန်းသံထောင်ချီသည် သူမအသွင်ပြောင်းလိုက်ပြီး သူမသည် ဝိညာဉ်စေတီ အတွင်းသို့ ဝင်သွားလိုက် သည်။ ထိုအရာလုပ်ရန် မျက်စိတစ်မှိတ်သာ ကြာလေသည်။ သူ့နှစ်ယောက် နေရာလဲလိုက်ကြသည်ကို မျက်စိရှေ့တွင်သာ မမြင်လိုက်ရလျှင် ဟန့်မြောင်ရွှမ် နှင့် တခြားနှစ်ယောက်သည် နေရလဲလိုက်သည်ကိုပင် သတိထားမိမည်မဟုတ် ပေ။

ရှီမာယူယူ ဝိညာဉ်စေတီအတွင်းသို့ ဝင်သွားချိန်တွင် ရှီမာလျူရွှမ်သည် ဝိညာဉ်ကန်ဘေးတွင် ထိုင်နေသည်။ ကြက်သွေးရောင်မီးတောက် ရှောင်ချီနှင့် ချင်ယိတို့သည် ဘေးတွင်နေနေကြပြီး ရှီမာလျူရွှမ်၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်စွမ်းအင်များထည့်ပြီး ကိုယ်အတွင်းမှ ဆေးစွမ်းအားများကို ဖိနှိပ်ရန် ကူညီပေးနေပုံကို တွေ့လိုက်ရသည်။

ဖခင်ဖြစ်သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝိညာဉ်အရည်များ အဆက်မပြတ် ဝင်သွားသည်ကို ကြည့်ပြီး စိုးရိမ်နေမိသည်။ သူ့ခန္ဓာကိုယ်မှ တောင့်ခံနိုင်မည် မခံနိုင်မည်ကို မသိပေ။

ဝိညာဉ်လေးသည် သူမဘေးတွင် ပေါ်လာပြီးပြောလေသည် “စိတ်မပူနဲ့ ဝိညာဉ်အရည်က ဆေးသက်ရောက်မှုနှစ်မျိုးလုံးကို အာဟာရဖြည့်ပေးနိုင်ပြီး သုံးမျိုးလုံးက တွဲဘက်ဖြစ်နိုင်တယ်လို့ ကြက်သွေးရောင်မီးတောက်ပြောတယ်”

“ရှောင်ချီနဲ့ ချင်ယိတို့ ဒါလုပ်လိုက်ရင် သူတို့ကိုပါ တန်ပြန်ထိနိုင်မလား”

“သေချာပေါက်တော့ တန်ပြန်မှုရှိမှာပဲ ဒါပေမဲ့ သူတို့က မင်းကိုကူညီပေး ချင်နေတာလေ ဒီအတိုင်းပဲလက်ခံလိုက်သင့်တယ်” ဝိညာဉ်လေး ပြောလိုက် သည်။

“အခုတလောမှာ ငါက ချင်ယိကို မကူညီနိုင်ဘဲ သူ့ကိုပဲဒုက္ခပေးမိနေသလို ပဲ စိတ်တော့မသက်သာဘူး” ချင်ယိပါဝင်လာလျှင် သက်ရောက်မှုများစွာ ကောင်းလာနိုင်သည်ကို ရှီမာယူယူ သိသည်။ သို့သော် သူ့ကို မည်သည့် တောင်းဆိုမှုမှလုပ်မည်မဟုတ်ဟု အရင်ကပြောခဲ့သည်။ သို့သော် သူ့ကို အကြိမ် ပေါင်းများစွာ ဆွဲထည့်နေမိပြီဖြစ်သည်။

ဝိညာဉ်လေးသည် သူမအတွေးကို သိသဖြင့် ပြုံးလိုက်သည် “ချင်ယိက တောင်းဆိုမှုတိုင်းကို လုပ်ပေးတဲ့သူမဟုတ်ဘူးနော် သူကူညီတယ်ဆိုတာက မင်းက သူ့အကူအညီနဲ့ထိုက်တန်တဲ့သူလို့ ခံစားရလို့ မင်းကိုအသိအမှတ်ပြု လိုက်တာပဲ၊ မင်းက သူ့ကိုတစ်ခါမှမကူညီဖူးလို့ ခံစားရပေမဲ့ သူ့အတွက်တော့ မင်းက ရှောင်ချီကိုကယ်ပေး ချစ်ပေးတယ်လေ မင်းကရှောင်ချီကို တစ်ခါမှ အသုံးမချဖူးဘူး သူ့အတွက်တော့ အဲဒါကလုံလောက်နေပြီ”

ရှီမာယူယူသည် ဝိညာဉ်လေးပြောသည့် အရာများကို မတွေးဖူးသဖြင့် သူ့ကို ထူးဆန်းသလိုကြည့်လိုက်သည်။

“ပြီးတော့ ငါနေလာတာ ဒီလောက်ကြာပြီ သူ့အတွေးကို ငါမသိဘဲနေပါ့ မလား” ဝိညာဉ်လေးသည် သူ့ကိုမျက်လုံးလှိမ့်ပြလိုက်သည် “စိတ်ချပါ သူတို့ သုံးယော်ကရှိရင် မင်းအဖေက သေချာပေါက် ပြန်ကောင်းမှာပါ အပြင်က ကိစ္စ ကိုသာ မင်းအာရုံစိုက်သင့်တယ်”

“အင်း သိပြီ”

ရှီမာလျူရွှမ်၏ လက်ရှိအခြေအနေကို မြင်ပြီးနောက် သူအဆင်ပြေသည် ကို သူမသိလိုက်သည်။ သို့သော် အပြင်မှအခြေအနေသည် တည်ငြိမ်နေဆဲဖြစ် သဖြင့် ဝိညာဉ်စေတီအတွင်း အနည်းငယ်ကြာအောင်နေလိုက်သည်။

ဂူအပြင်တွင် ရွှမ်ချုံးမျိုးနွယ်၏ ကျွမ်းကျင်သူများ စတင်စုဝေးလာသည်။

“မိသားစုခေါင်းဆောင် ဘာဖြစ်တာလဲ”

“အံ့ဖွယ်ဆေး ဘာဖြစ်တာလဲ”

“မိသားစုခေါင်းဆောင်”

ရွှမ်ချုံးဖူရှီ၏ မျက်နှာမှာ မယုံကြည်နိုင်လောက်အောင် မှောင်မိုက်နေ သည်။ ထိုအချိန်တွင် စောင့်ကြည့်ရန် သူလွတ်လိုက်သော လူသည် ပြောလေ သည် “မိသားစုခေါင်းဆောင် ရှီမာယူယူနဲ့ တခြားသုံးယောက်တို့ သူတို့အိမ်ထဲ မှာ မရှိကြဘူး”

“ဘာ အထဲကလူက ရှီမာယူယူလား”

“သူမ ဘယ်လိုဝင်သွားတာလဲ”

“အခုအရေးကြီးတာက သူမ ဘယ်လိုဝင်သွားတာလဲမဟုတ်ဘူး အရေး ကီဲးတာက အံ့ဖွယ်ဆေးကို သူတို့လက်ထဲရောက်ခွင့်မပြုဖို့ပဲ”

“နောက်ကျသွားပြီ” ဆံပင်အဖြူနှင့် အကြီးအကဲပြောလေသည် “အံ့ဖွယ် ဆေးကို နှုတ်ပြီးလို့ အတားအဆီးကနေတောင် ထုတ်ယူလိုက်ပြီ”

“ဟင် သူမက ငါတို့လျှို့ဝှက်မျိုးနွယ်ရဲ့ အံ့ဖွယ်ဆေးကိုတောင် ခိုးရဲတာ လား သူမကိုသတ်ရမယ်”

“ဟုတ်တယ်”

ရွှမ်ချုံးကျိလာသည့်အချိန်တွင် သူတို့ ပြောသည့်စကားများကို ကြားသော အခါ အံ့ဩသွားသည်။ သူရှေ့တိုးလာသည် “မိသားစုခေါင်းဆောင် ရှီမာယူယူက အံ့ဖွယ်ဟင်္သပဒါးငှက်ရဲ့ စာချုပ်သခင်ပဲ သူမကိုသတ်လိုက်ရင် ငှက်မျိုးနွယ်တွေ ကလက်စားချေမှာ ကြောက်ရတယ် သေချာလေး ပြန်စဉ်းစားပါဦး”

“ရွှမ်ချုံးကျိ သူမကို ကာကွယ်ပေးနေတာလား”

“သူမကို ကာကွယ်ပေးတာ မပေးတာ အကြောင်းမဟုတ်ဘူး ငှက်မျိုးနွယ် သာလက်စားချေမယ်ဆိုရင် ကျုပ်တို့တွေ အသက်ရှင်နိုင်မှာလား” ရွှမ်ချုံးကျိ မေးလိုက်သည်။

“ဟင်း ဒါကျုပ်တို့ နယ်မြေပဲ သူမ ဒီမှာသေသွားတယ်လို့ ပြောလိုက်ရင် ဒီမှာသေတာပဲ၊ သူမ ထွက်သွားတယ်လို့ ပြောလိုက်ရင် ထွက်သွားတာပဲ သက်သေမရှိဘဲ သူတို့က ကျုပ်တို့မျိုးနွယ်ကို တိုက်ခိုက်ရဲမှာလား”

“ဟုတ်တယ်” ရွှမ်ချုံးဖူရှီသည် ကျန်နှစ်ယောက်ကို အော်ပြီး တခြားသူ များကို ပြောလိုက်သည် “ကျောက်အိမ်ကို ခွဲလိုက်ရအောင်”

“မိသားစုခေါင်းဆောင် ကျုပ်တို့ အတင်းကြီးဖျက်ဝင်ရင် ဒီနေရာကြီး ပျက်စီးသွားလိမ့်မယ်” ဆံပင်အဖြူနှင့် အကြီးအကဲပြောလိုက်သည်။

“ဒါပေမဲ့ ဒီလိုမလုပ်ရင်လည်း သူမ ဆေးစားလိုက်ရင် ဘယ်လိုလုပ်မလဲ”

“သူမ စားမှာမဟုတ်ဘူး” ရွှမ်ချုံးကျိ ပြောလိုက်သည် “သူမက သူမအဖေ ရဲ့ ဒဏ်ရာကုဖို့ အံ့ဖွယ်ဆေးကိုယူတာလေ”

“သူမ ဆင်ခြေပေးမလားဆိုတာ ဘယ်သူသိမှာလဲ သူမက အကြောင်း အရင်းတစ်ခုသုံးပြီး သခင်လေးကိုလိမ်နိုင်တယ် သူမရဲ့ အတွေးကိုဘယ်သူက သိနိုင်မှာလဲ”

ရွှမ်ချုံးဖူရှီသည် အနည်းငယ် တုံ့ဆိုင်းနေသည်။ ရတနာအိမ်သည် အမှန် တကယ်ပင် ရွှမ်ချုံးမျိုးနွယ်၏ ရတနာများထဲမှ တစ်ခုဖြစ်သည်။ ထိုအရာကို ဆောက်လုပ်ရန် သူတို့သွေးချွေးများကို ရင်းနှီးခဲ့ရသည်။ အရေးအကြီးဆုံးမှာ သူတို့ ဘိုးဘေးကြီး ချန်ထားခဲ့သော အရာဖြစ်သည်။ အခုဖျက်ဆီးလိုက်ရင် ဘိုးဘေးကြီးကို ဘယ်လိုမျက်နှာပြရတော့မှာလဲ။

သို့သော် ရှီမာယူယူသည် အထဲပုန်းနေပြီး ထွက်မလာသဖြင့် သူမလက် ထဲတွင် အံ့ဖွယ်ဆေးထားလိုက်လျှင် မည်သို့ဖြစ်မည်ကို မည်သူမှမသိကြပေ။

တစ်ဖက်မှာ ဘိုးဘေးကြီးများထားခဲ့သည့် အမွေဟုပြောရသည်။ တစ်ဖက်မှာလည်း ရှီမာယူယူကို ဒေါသထွက်နေလေပြီ။ ရွှမ်ချုံးဖူရှီသည် ယခု လို အမုန်းတရားများပြည့်နေသည်ကို အရင်ကမခံစားဖူးပေ။ သူသည် လက်သီး ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ ရှီမာယူယူသာ သူ့ရှေ့တွင်ရှိနေပါက သေချာပေါက် အထိန်းအချုပ်မဲ့ကာ သူမကို သတ်လိမ့်မည်ဖြစ်သည်။

“မိသားစုခေါင်းဆောင် ကျုပ်တို့နှောင့်နှေးနေလို့မဖြစ်ဘူး”

“ဒါက.. အကြီးအကဲ တံခါးဖွင့်လိုက်”

ဆံပင်ဖြူနှင့်အကြီးအကဲသည် သူ့စိတ်မပြောင်းနိုင်သည်ကို မြင်သဖြင့် အားလုံးရှေ့မှ ပျံသွားကာ တောင်ကို တိုက်ခိုက်လေသည်။

“ဘုန်း…”

မြေကြီးနှင့် တောင်များတုန်ခါသွားပြီး တောင်ထိပ်မှာ သူ၏ ဝိညာဉ် စွမ်းအားဖြင့် ထိမှန်သွားသဖြင့် တောင်တစ်ဝက်သာကျန်တော့လေသည်။

ကျောက်အိမ်တိုက်ခိုက်ခံရသောအခါ အတားအဆီးသည် သူ့အလိုလိုပင် ဖြစ်လာပြီး ကျောက်အိမ်ကို ကာကွယ်လေသည်။

“တကယ်ပဲ အတားအဆီးရှိနေတာပဲ”

အတားအဆီးကို မြင်လိုက်ရသောအခါ ရွှမ်ချုံးမျိုးနွယ်ဝင်များ၏ အမူအရာများသည် သိသာထင်ရှားလွန်းသည်။ သူတို့၏ ကိုယ်ပိုင်အတားအဆီး သည် သူတို့ကိုပြန်သုံးရလိမ့်မည်ဟု ထင်မထားကြပေ။

“မိသားစုခေါင်းဆောင် ဒီအတားအဆီးက ကိုင်တွယ်ရခက်တယ်”

“ဒီအတားအဆီးကို ဆုံးသွားတဲ့အကြီးအကဲတစ်ယောက် တည်ဆောက်ခဲ့ တာ သူဆုံးသွားပေမဲ့ ဒီအတားအဆီးက ကျုပ်တို့တတ်နိုင်တဲ့အရာမဟုတ်ဘူး” ရွှမ်ချုံးဖူရှီ ပြောလိုက်သည်။

“ဒါဆို ဘာလုပ်ကမြလဲ”

“သခင်လေးကို ခေါ်လာခဲ့” ရွှမ်ချုံးဖူရှီသည် ဘေးမှလူများကို ညွှန်ကြား လိုက်သည်။

ရွှမ်ချုံးဟော်ကို တွေးလိုက်မိသည်နှင့် သူသည် အတားအဆီးကိုဝင်နိုင် သည်ကို သတိရသွားပြီး အားလုံး၏မျက်လုံးများ အရောင်တောက်သွားသည်။

သခင်လေးသည် အတားအဆီးများကို ဝင်နိုင်သည့်သူဖြစ်သည်။

ရွှမ်ချုံးဟော်ကို ခေါ်ခိုင်းလိုက်သူသည် အမြန်ပင် ဦးဆောင်ခေါ်လာ သည်။

“သခင်လေး ဒီအတားအဆီးကိုချိုးဖောက်ပေးပါ”

ရွှမ်ခုံးဟော်သည် ထိုလူကိုကြည့်ပြီး တိုးညင်းစွာပင် ပြောလိုက်သည် “အခု ကျုပ်မှာ ဝိညာဉ်စွမ်းအားမရှိဘူး ဘာမှမလုပ်နိုင်ဘူး”

“သခင်လေး”

“ယူယူက အဲလိုလုပ်လိုက်တာလား”

ရွှမ်ချုံးဟော်သည် ရွှမ်ချုံးဖူရှီကို မျက်လုံးထောင့်ဖြင့်ကြည့်ကာ ဘာမှ မပြောလိုက်ပေ။

“ဒါကို သခင်လေးကိုတိုက်လိုက်” ရွှမ်ချုံးဖူရှီသည် ဆေးတစ်လုံးထုတ်ကာ ရွှမ်ချုံးဟော်အား တိုက်ရန်ညွှန်ကြားလိုက်သည်။

ရွှမ်ချုံးဟော်သည် ဆေးသောက်ပြီးနောက် သူ့နှုတ်ခမ်းထောင့်သည် အပြုံးသဖွယ် ကွေးတက်သွားသည်။ သို့သော် အရင်ကကဲ့သို နွေးထွေးခြင်းမရှိ ပေ။ ထိုအစား ခံစားမှုကင်းကာ ရှုတ်ချဟန်ပါနေသည် “မနက်က ဝိညာဉ် စွမ်းအင် သုံးလို့မရအောင်လို့ ယာယီပိတ်ထားနိုင်အောင် အဆိပ်တိုက်တယ် ပြီးတော့ ဒီကိုလာပြီး အံ့ဖွယ်ဆေးမယူနိုင်အောင်လို့ တားထားကြတယ် အခု တော့ အဆိပ်ဖြေဆေးအလုပ်လုပ်ဖို့ဆိုရင် သုံးလေးနာရီလောက် ကြာဦးမယ် အခုတော့ ဘယ်လိုနေကြသေးလဲ”

All Chapters