ဂိတ်တံခါးကိုဖွင့်ခြင်း
Vol. 015 Ch. 1441
ရီဖူရှင်းက မီးတောက်ကို ထုတ်လွှတ်သည့်အခါ သူ၏ မျက်လုံးများက ထူးဆန်းလာသည်။ ယင်းတို့သည် မရှိသည့် အရာအားလုံးကိုပင် ထွင်းဖောက် မြင်နိုင်နေသကဲ့သို့ ဖြစ်၏။
လိပ်ရုပ်တုအတွင်းမှ လိပ်နက်ဝိညာဉ်သည် အခွံအတွင်း ပုန်းကွယ်နေဆဲ ဖြစ်ကာ မည်သည့် အသက်ဓာတ်ထုတ်လွှတ်မှု မည်သည့် တုံ့ပြန်မှုမှမပြုဘဲ မီးတောက်များကို လောင်ကျွမ်းခွင့် ပြုထားလေသည်။
ရီဖူရှင်းသည် လိပ်နက် မည်သည့်အခါမှ နိုးထမလာသည့် အကြောင်းရင်းမှာ မည်သည့် အတွက်ကြောင့် ဟူသည်ကို ရီဖူရှင်း နားလည်သွားသည်။ ယင်းသည် လှုပ်ရှားရန်ပင် အလွန် ပျင်းရိနေသည့်အတွက် မည်သို့ နိုးထလာမည်နည်း။
“လိပ်နက်အကြီးအကဲ၊ အထဲမှာ ပုန်းနေတာက အဖြေကောင်း မဟုတ်ဘူးနော်။ ဘာလို့ ကျွန်တော့်ကို နည်းနည်းတောင် စဉ်းစားမပေးတာလဲ” ရီဖူရှင်းက လိပ်ရုပ်တုကို ပြောလိုက်သည်။
ရီဖူရှင်း၏ စကားများကို ကြားသည့်အခါ တောင်ကြားရှိ လူများအားလုံး ဇဝေဇဝါ ဖြစ်သွားလေသည်။
ဤသူက အရူးများလား။
သူက လိပ်နက်ရုပ်တုကို စကားပြောနေသည်လား။
နှစ်ပေါင်းများစွာအတွင်း လိပ်နက်ကို မည်သူမှ နိုးထအောင် လုပ်နိုင်ခဲ့ခြင်းမရှိဘဲ သူက စကားပြောနေရုံနှင့် နှိုးနိုင်မည်လား။
ထို့ပြင် သူ့ကို နည်းနည်းလောက် စဉ်းစားပေးပါဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။
အဟွတ်! လူအိုကြီးက ချောင်းဆိုးလိုက်ကာ သူ၏ မျက်လုံးများက လှုပ်ခတ်သွားသည်။ ဤကလေးက အမှန်တကယ် ရယ်ရပေသည်။
သို့သော် ဤသည်က အမှန်တကယ် အသုံးဝင်လျှင် ယခင်က မည်သည့်အတွက်ကြောင့် မကြိုးစားခဲ့ကြသနည်း။
နှစ်များစွာအတွင်း လူများက အမျိုးစုံအောင် ကြိုးစားခဲ့ကြသည်။
ယခုတော့ လိပ်နက်ကို နိုးထစေရန် စကားနှင့်ပြောကာ ကြိုးစားနေသည်လား။
ဤသည်က အိပ်မက်မဟုတ်လား။
ရီဖူရှင်းက လိပ်နက် လုံးဝ မတုံ့ပြန်သည်ကို မြင်သည့်အခါ သူက သက်ပြင်းချကာ ပြောလိုက်သည်။ “လိပ်ခွံက မာတယ်ဆိုပေမဲ့ မီးကိုတော့ ကြောက်တယ်မလား”
သူက ထိုသို့ ပြောလိုက်ပြီးနောက် သက်စောင့်ဟော်နန်းအတွင်းတွင် မီးဝိညာဉ်လုံးမှ နတ်မီးလျှံများ ထုတ်လွှတ်နေသည်။ ရုတ်တရက် နတ်မီးလျှံ၏ ရွှေရောင်စွမ်းအားတို့က သက်စောင့်ဟော်နန်းအတွင်း လေဟာနယ်အတွင်းသို့ တိုက်ရိုက်လောင်ကျွမ်းကာ လိပ်နက်ပုံရိပ်ဆီ တိုးဝင်သွားလေသည်။
ဘုန်း!
ရုတ်တရက် အကန့်အသတ်မဲ့ ထူထဲသော အသက်ဓာတ် ထွက်ပေါ်လာပြီး လူတိုင်းကို မွန်းကျပ်သွားစေသည်။ ရီဖူရှင်း၏ ခန္ဓာကိုယ်က တွန်းထုတ်ခံလိုက်ရက မမြင်ရသော လေထုက သူ့အပေါ်တွင် လွှမ်းခြုံထား၏။
ရုတ်တရက်ဆန်သော မြင်ကွင်းက မရေတွက်နိုင်သည့် လူများကို အသက်ရှူမှားသွားစေ၏။
မည်သို့ ဖြစ်သွားရသနည်း။
လိပ်နက်ရုပ်တုမှ အသက်ဓာတ် ထွက်ပေါ်လာသည်။
ယင်းက အမှန်တကယ် လှုပ်ရှားလာသည်။
ကောင်းဟွမ်၏ မျက်လုံးများက အလွန်ထက်ရှသည့် စွမ်းအားများနှင့် လင်းလက်သွားကာ ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။
အခြားလူများထံတွင်လည်း အံ့အားသင့်သည့် အကြည့်တို့ ဖော်ပြလာသည်။
ဤနည်းလမ်းက အမှန်တကယ် အသုံးဝင်သွားသည်လား။
ရေတွက်နိုင်သည့် မျက်လုံးများက လိပ်ရုပ်တုကို စူးစိုက်ကြည့်နေကြ၏။ နှစ်ပေါင်းများစွာ အတွင်းတွင် လိပ်နက်ရုပ်တုက မည်သည့်အခါမှ လှုပ်ရှားခဲ့ခြင်း မရှိပေ။
ယနေ့တွင် ဤ ရုပ်တုအတွင်းမှ ကြောက်မက်ဖွယ် စွမ်းအားဖြင့် လူတိုင်းကို အလွန် ကြီးမားသော ဖိအား ခံစားရစေရန် ပြုလုပ်ခဲ့သည်။
လေထဲတွင် ဖိအားပြင်းထန်သည့် စွမ်းအားက ထွက်ပေါ်လာသည်။
ရီဖူရှင်းသည် ရှေ့သို့ ကြည့်လိုက်သည့်အခါ အိပ်ပျော်နေသည့် လိပ်က နိုးထလာပြီး အေးစက်သော မျက်လုံးတစ်စုံဖြင့် သူ့အား ကြည့်နေသည်ကို မြင်လိုက်ရ၏။
ရီဖူရှင်းနှင့် လိပ်တို့သည် အပြန်အလှန် ကြည့်နေကြပြီး လိပ်နက်ဝိညာဉ်က ရုပ်တုမျ တဖြည်းဖြည်း ထွက်ပေါ်လာသည်။
“မင်း ငါ့ကို မြင်ရလား” လူသားအသံတစ်ခုက လိပ်နက်၏ ပါးစပ်မှ ထွက်ပေါ်လာကာ ရီဖူရှင်း၏ နားထဲသို့ ရောက်ရှိလာသော်လည်း အခြားလူများကတော့ မကြားနိုင်ပေ။
ရီဖူရှင်းသည် အလွန် ပြင်းထန်သည့် အသက်ဓာတ်ကို ခံစားနေရ၏။ သူက အပြင်ဘက်ကမ္ဘာတွင် မဟုတ်တော့ဘဲ အခြားလောကသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သည်။
ရီဖူရှင်းက ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ်၌ သူက စကားမပြောခဲ့ပေ။
“သူတို့ကိုရော ... မင်း မြင်ရလား” လိပ်နက်က ဆက်ပြောလိုက်သည်။
ရီဖူရှင်းသည် အခြား ရုပ်တုသုံးခုကို ကြည့်လိုက်ကာ ကြီးမားသည့် နဂါးအရိပ်က လေဟာနယ်အတွင်း ရစ်ဝဲနေသည်ကို မြင်လိုက်ရသည်။ ကြောက်မက်ဖွယ် ခရမ်းရောင်မြူထုအလယ်တွင် ပုန်းကွယ်နေသည့် ချီလင်အရိပ် ရှိနေကာ ဖီးနစ်သည်လည်း ရုပ်တုကို ချိုးဖျက်ချင်နေသည်ဟု ထင်မှတ်ရပေသည်။ မမြင်ရသည့် မီးတောက်များကို ထုတ်လွှတ်နေရင်း လေဟာနယ်ကို ထိုးဖောက်ရန် ပြုလုပ်နေသည်။
တစ်ခုခုကို ခံစားမိလိုက်ဟန်ဖြင့် ဝိညာဉ်သုံးခုက သူတို့၏ မျက်လုံးများကို တစ်ချိန်တည်းလှည့်ကာ ရီဖူရှင်းထံ ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် သူတို့က တစ်ဖက်လူ၏ တည်ရှိမှုကို ထွင်းဖောက် လေ့လာနိုင်စွမ်းရှိသည်ဟု ထင်မှတ်ရသည်။
ဖိအားလေးခုက တစ်ချိန်တည်းမှာ ထွက်ပေါ်လာပြီး လူတိုင်းသည် ရုပ်တုလေးခုက လင်းလက်လာသည်အား မြင်လိုက်ရသည်။
လူအများ၏ နှလုံးသားများက တုန်ယင်လာ၏။ ဤမဟာမိတ်အဖွဲ့က အောင်မြင်တော့မည်လား။
“မင်းရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက ဘာလဲ” လိပ်နက်က သူ့ကိုယ်သူ ပြောသလိုနှင့် ရီဖူရှင်းအား စူးစိုက်ကြည့်လိုက်သည်။
သူက မည်သို့ သူတို့၏ တည်ရှိမှုကို မြင်နိုင်သနည်း။ ရန်ဟောင်ပင်လျှင် သူတို့၏ တည်ရှိမှုကိုသာ စူးစမ်းလေ့လာနိုင်ပြီး ဆက်သွယ်နိုင်ခဲ့ခြင်း မရှိပေ။
သို့သော် ရီဖူရှင်းကတော့ မဟုတ်ပေ။
ရီဖူရှင်းကို ကြည့်ရသည်မှာ ရှုပ်ထွေးနေပုံရသည်။ သူကိုယ်တိုင်လည်း သူ့တွင် မည်သည့် ခန္ဓာတည်ဆောက်ပုံရှိလဲ မသိရှိပေ။ သူက ကောင်းကင်လမ်းစဉ် နတ်ခန္ဓာဟု ဆိုလိုက်ပါက ပို၍ပင် ရယ်စရာ ဖြစ်ပေလိမ့်မည်။ သူ လုပ်ခဲ့သည့်အရာတချို့ကို သူ ကိုယ်တိုင်ပင် အံ့သြမိပေသည်။
ဘုန်း ...
အခြားတန်ခိုးရှင် သုံးယောက်သည် ရုပ်တု၏ ကွဲပြားမှုကို ခံစားမိကာ သူတို့၏ စွမ်းအားများကို တိုး၍ ထုတ်လွှတ်လိုက်သည်။
နဂါးအော်သံက ထွက်ပေါ်လာသည်။ ထိုအခိုက်တွင် သက်ရှည်တောင်ကြား အပေါ်၌ ကြီးမားသည့် နဂါးအရိပ်က ထွက်ပေါ်လာပြီး ကောင်းကင်တွင် ရစ်ဝဲနေသည်။ ပြင်းထန်သည့် ဖိအားက အဆုံးမဲ့လေဟာနယ်ကို လွှမ်းမိုးသွားသည်။ သက်ရှည်တောင်ကြား တစ်ခုလုံးတွင် ကြောက်မက်ဖွယ် စွမ်းအားများက လွှမ်းခြုံထားသည်။
ဝှစ် …
လေက သူတို့ကို ဖြတ်တိုက်လာပြီး မီးလျှံများက လောကကို လောင်ကျွမ်းသွားသည်ဟု ထင်မှတ်ရသည်။ ချင်းဟယ်၏ ခန္ဓာကိုယ်က ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားကာ သူမ၏ ခန္ဓာကိုယ်က မီးလျှံတို့ဖြင့် လောင်ကျွမ်းနေသည်ဟု ခံစားမိလေသည်။ သူမက ချက်ချင်း ပြန်ဆုတ်လိုက်၏။
ရုပ်တုအထက်မှ ကောင်းကင်တွင် ဖီးနစ်၏ အရိပ်က တဖြည်းဖြည်း ထွက်ပေါ်လာသည်။ မဟာလမ်းစဉ်၏ နတ်မီးလျှံများက တိမ်တိုက်များအထက်တွင် ဖီးနစ်၏ တေးသံကို ကြားလိုက်ရသည်။ သက်ရှည်တောင်ကြားမှ လူများသည် မြေပေါ်တွင် လဲကျတော့မတတ် ခံစားနေရပြီး အားနည်းသည့် တန်ခိုးရှင်များ တုန်လှုပ်မှုကြောင့် မေ့လဲကျသွားကြပေသည်။
ထို့နောက် နတ်သားရဲ ချီလင် ထွက်ပေါ်လာသည်။ ခမ်းနားထည်ဝါ၍ လွှမ်းမိုးနိုင်သည့် အသက်ဓာတ်က ကောင်းကင်ထက်တွင် ထွက်ပေါ်လာသည်။ ချီလင်၏ မျက်လုံးများတွင် အထင်အမြင်သေးမှု အပြည့်ဖြင့် လူတိုင်းကို ကြည့်လိုက်ပြီး မည်သူမှ သူ့မျက်လုံးများထဲသို့ ပြန်မကြည့်ရဲကြပေ။
ရုပ်တုသုံးခုက တစ်ချိန်တည်းတွင် ခမ်းနားထည်ဝါစွာ ထွက်ပေါ်လာပြီး ဝိညာဉ်လေးခုတွင် သုံးခုက နိုးထလာပြီ ဖြစ်သည်။
ချက်ချင်းပင် မရေတွက်နိုင်သည့် မျက်လုံးများက လိပ်နက် ရုပ်တုကို ကြည့်လိုက်ကြသည်။ တစ်ခုသာလျှင် ကျန်ရစ်ပေသည်။
နတ်လိပ်၏ အကြည့်များက ရီဖူရှင်းထံတွင် စွဲမြဲနေကာ ကောင်းကင်နှင့် မြေကြီးကြားမှ အသက်ဓာတ်များက အော်မြည်လာပြီး မဟာလမ်းစဉ်စွမ်းအားများက အပြင်းအထန် လှုပ်ရှားကာ သူ့ဆီသို့ စီးဆင်းလာသည်။
ရုတ်တရက် လိပ်နက်၏ ပုံရိပ်အစစ်အမှန်က ပေါ်ပေါက်လာသည်။
ထိုအချိန်တွင် လူတိုင်း၏ နှလုံးသားများက ပြင်းထန်စွာ ခုန်လှုပ်နေကြသည်။
သက်ရှည်တောင်ကြားမှ ဝိညာဉ်လေးခုက နိုးထလာပြီ ဖြစ်သည်။
နောက်ဆုံး၌ ထူးခြားလမ်းစဉ်များက ထွက်ပေါ်လာလိမ့်တော့မည်လား။
လူအိုကြီးက စိတ်ဝိညာဉ်လေးခု နိုးထလာသည်ကို စောင့်ကြည့်နေသည်။ သူက ခံစားချက်မျိုးစုံ ပြည့်လျှမ်းနေပုံရသည်။ သူ့ လက်များက အနည်းငယ် တုန်ယင်နေသည်။
သူက နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေပြီး နောက်ဆုံး၌ ဤအချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။
သူ၏ တာဝန်က နောက်ဆုံး၌ ပြည့်စုံသွားပြီ ဖြစ်သည်။
ထူးခြားလမ်းစဉ်က နောက်ဆုံး၌ ဆက်ခံသူကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် စိတ်ဝိညာဉ်လေးခုက တောက်ပသည့် နတ်အလင်းများ ထုတ်လွှတ်နေကာ ရုတ်တရက် ကောင်းကင်နှင့် မြေကြီးအကြား မျဉ်းကြောင်းများ ပေါ်ပေါက်လာကာ ရုပ်တုလေးခုက နေရာလဲသွားပြီး စိတ်ဝိညာဉ်လေးခုက ဝင်္ကပါအဖြစ် ပြောင်းလဲသွားသည်။
ရုပ်တုလေးခု၏ နောက်တွင် သက်ရှည်တောင်ကြားအဆုံး ဖြစ်သည်။ ထိုနေရာသည် သက်ရှည်တောင်ကြားမှ သက်ရှည်နန်းတော်ဟု ခေါ်သော ခမ်းနားထည်ဝါသည့် အိမ်တော်ကြီးနှင့် နီးကပ်လေသည်။
သို့သော် ဤအိမ်တော်ဝန်းကြီးသည် ထူးခြားလမ်းစဉ်များ ပါဝင်ပြီး နှစ်ပေါင်းများစွာ ချိပ်ပိတ်ခံထားရလေသည်။
“ဝိညာဉ်လေးခုက ချိပ်စည်းကို ဖွင့်နိုင်မယ့် သော့လား” လူအများသည် တောက်ပသည့် ဝင်္ကပါကို မြင်သည့်အခါ သူတို့၏ နှလုံးသားက ခုန်လှုပ်နေကာ ထူးခြားသည့် အကြည့်များ ဖြစ်ပေါ်လာသည်။
ချင်းဟယ်က အတော်လေး စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများက သူမ ဘေးမှ ရီဖူရှင်းဆီသို့ ရောက်သွားသည်။ သူမသည် ယခင်က ရုပ်တုများအတွင်းမှ အားကောင်းသည့် စွမ်းအားကို ခံစားမိသော်လည်း သူမက ယင်းကို နိုးထအောင် လုပ်နိုင်စွမ်း မရှိခဲ့ပေ။ ထို့နောက် ရုတ်တရက် အခြေအနေက ပြောင်းလဲသွားကာ နတ်ဖီးနစ်က နိုးထလာ၏။ သူမ၏ မျက်လုံးရှေ့တွင် ထိုမြင်ကွင်းက ပေါ်ပေါက်လာခဲ့သည်။
နတ်ဖီးနစ်သာလျှင် မဟုတ်ဘဲ စိတ်ဝိညာဉ်လေးခုသည် တစ်နည်းနည်းဖြင့် နိုးထလာခဲ့ခြင်း ဖြစ်ပေသည်။
ယင်းတို့ အားလုံးမှာ လိပ်နက်၏ အသက်ဓာတ် ထွက်ပေါ်လာသည့်အခါ၌ စတင်ခဲ့ခြင်း ဖြစ်ပေသည်။
ရုပ်တုများတွင် လိပ်နက်က အခရာ ဖြစ်နေသည်လား။
ရီဖူရှင်းသည် လိပ်နက်ကို ရန်စသည့် အပြုအမူ ပြုလုပ်ခဲ့ကာ အကျိုးဆက်အနေဖြင့် စိတ်ဝိညာဉ်လေးခုလုံး တစ်ချိန်တည်း နိုးထလာခဲ့ခြင်း ဖြစ်နိုင်သည်။ ၎င်းစိတ်ဝိညာဉ်များသည် တစ်ခုပြီးတစ်ခု နိုးထလာခဲ့ပေသည်။
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ” ချင်းဟယ်က ရီဖူရှင်းကို မေးလိုက်သည်။
စိတ်ဝိညာဉ်ရုပ်တုများထဲတွင် မည်သည့်အခါမှ နိုးထမလာခဲ့သည်မှာ လိပ်နက်ရုပ်တု ဖြစ်ပြီး နှိုးရအခက်ဆုံးဟုလည်း လူသိများပေသည်။
သို့သော် ယနေ့ ရီဖူရှင်းက လုပ်နိုင်ခဲ့၏။
ရီဖူရှင်းသည် ချင်းဟယ်ကို ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် သူက အခြားသူများ မမြင်နိုင်သည့်အရာများအား မြင်သည်ဟု မပြောနိုင်ပေ။ ထို့အတွက်ကြောင့် သူက အရေးမစိုက်ဟန်ဖြင့် ပခုံးတွန့်ကာ ပြောလိုက်သည်။ “ကျုပ်ပြောတာကို လိပ်နက်အကြီးအကဲက ကြားသွားပြီး လူတိုင်းရှေ့မှာ အရှက်မကွဲစေချင်လို့ ဖြစ်မှာပေါ့”
ချင်းဟယ်က မျက်တောင်ခတ်လိုက်ပြီး အဝေးသို့သာ ကြည့်လိုက်သည်။
အရှက်မရှိလိုက်တာ။
ဤအကောင်က လိမ်လည်တဲ့အခါ၌ ကောင်းမွန်သော ဆင်ခြေကိုပင် မပေးနိုင်ပေ။
အရူးများသာလျှင် သူ့ကို ယုံကြည်ပေမည်။
ကျောက်ရုပ်တုနှင့် စကားပြောခြင်းက သူတို့ကို နိုးထလာစေသည်ဆိုလျှင် ကြိုးစားခဲ့ကြသည့် အခြားသော ပါရမီရှင်များ သွေးပွက်ပွက် အန်ရပေလိမ့်မည်။
“မဟာမိတ်လေးယောက်က ထိပ်တန်းပါရမီရှင်ဆိုတဲ့ သူတို့ရဲ့ နာမည်အတိုင်းပဲ ထူးချွန်လှပါပေတယ်” သက်ရှည်တောင်ကြားမှ လူများသည် အချင်းချင်း ပြောနေကြပြီး အလွန် ထိတ်လန့်သွားကြသည်။ အချို့သော လူများက ပြောလိုက်သည်။ “အဲဒီကောင်က အရမ်း ဉာဏ်များတာပဲ။ သူက လိပ်နက်ရုပ်တုကို တုံ့ပြန်လာစေလို့ တခြား စိတ်ဝိညာဉ်လေးခုက တစ်ချိန်တည်း နိုးလာခဲ့တာပဲ”
“အရမ်းဉာဏ်များတာပဲ တကယ်” လူတိုင်းက သူ မည်သို့ လုပ်ခဲ့သည်ကို သေချာ သိရှိခြင်း မရှိကြပေ။
စိတ်ဝိညာဉ်လေးခုက ဝင်္ကပါဆီသို့ ပျံသန်းသွားသည်။ မီးလျှံတစ်ခု လောင်ကျွမ်းနေသည်ဟု ထင်မှတ်ရကာ တဖြည်းဖြည်း မည်သည်မှ မရှိတော့သည်အထိ ပြောင်းလဲသွားပေသည်။ ချက်ချင်းပင် သက်ရှည်နန်းတော် အရှေ့ဘက်ဂိတ်တံခါးက လှုပ်ရှားသွားပြီး ရှေးဟောင်းလမ်းက တိုက်ရိုက်ပွင့်သွားခဲ့ကာ ရုပ်တုလေးခုက ဘေးနှစ်ဖက်တွင် စောင့်ကြပ်နေ၏။
“သက်ရှည်နန်းတော် ပွင့်ပြီ” များပြားလှသော မျက်လုံးများက ပူပြင်း တောက်လောင်လာသည်။ အားလုံးသည် အထဲသို့ ဝင်ရောက်ရန် စိတ်အားထက်သန်နေကြသည်။
ထိုအခိုက်အတန့်တွင် အဘိုးအိုက ရှေ့သို့ ခြေလှမ်းလိုက်ကာ ကြောက်မက်ဖွယ် ရန်ဟောင်စွမ်းအားများ ထွက်ပေါ်လာပြီး သက်ရှည်တောင်ကြား တစ်ခုလုံးကို ဖိနှိပ်ထား၍ လူတိုင်း၏ စိတ်ထဲမှ အတွေးများကို ချိုးနှိမ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူက ပုံမှန်အရှိန်အဝါသို့ ပြောင်းလဲသွားကာ တောက်ပသည့် နတ်အလင်းများ သူ့ခန္ဓာကိုယ်ပေါ် စီးဆင်းနေပြီး သူ၏ ရှည်လျားသော ဆံပင်က လေထဲတွင် ဝဲလွင့်နေသည်။
အဘိုးအိုက လူအုပ်ကြီးဆီကို ဝေ့ဝဲကည့်လိုက်သည်။ ထိုအချိန်၌ သူသည် နှလုံးသားအတွင်းတွင် အနည်းငယ် လှုပ်ရှားနေသည်။ သူက နှစ်ပေါင်းများစွာ စောင့်နေခဲ့ရသည်။ သူက ဤအခိုက်တွင် စိတ်သက်သာရာရခြင်း စိတ်လှုပ်ရှားမှုကို ဖော်ပြလိုက်ချင်သော်လည်း မလုပ်နိုင်ပေ။ ရန်ဟောင်တစ်ပါးအနေနှင့် သူ၏ စိတ်အခြေအနေသည် အလွန် တည်ငြိမ်သင့်ပေသည်။
သို့သော် နှစ်ထောင်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ရသည့်အတွက် သူ၏ စိတ်ထဲတွင် အခြားသော အတွေးများ ဝင်ရောက်လာစေပေသည်။
ထိုခဏတွင် သူက ဆုံးဖြတ်ချက် ချလိုက်သည်ဟု ထင်မှတ်ရသည်။ သူက သူ့ရှေ့မှ လေးယောက်အား ပြောလိုက်သည်။ “စိတ်ဝိညာဉ်လေးခုက နိုးထလာခဲ့တယ်။ အခု ထူးခြားလမ်းစဉ်က သူ့သခင်ကို ရွေးချယ်လိမ့်မယ်။ မင်းတို့ ဒီမှာစောင့်နေတဲ့အချိန်မှာ ငါ ထူးခြားလမ်းစဉ်ရဲ့ ချိပ်စည်းကို ဖွင့်ပေးမယ်”
သူက ပြောပြီးသွားသည်နှင့် သက်ရှည်နန်းတော်ဆီသို့ လျှောက်သွားခဲ့သည်။
ရီဖူရှင်းနှင့် အခြသူများသည် အပြင်ဘက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သက်ရှည်နန်းတော်အတွင်း အဘိုးအို ဝင်ရောက်သွားသည်အား ကြည့်နေပေသည်။
“နောက်ဆုံးတော့ ထူးခြားလမ်းစဉ်က ထွက်ပေါ်လာတော့မှာလား” ဟွားချင်းယွင်၏ မျက်လုံးထဲတွင် တောက်ပသည့် အလင်းတို့ လင်းလက်သွားသည်။ ဤတစ်ကြိမ်အောင်မြင်မှုက လူတိုင်းအတွက် မျှော်လင့်မထားသော အောင်မြင်မှုဖြစ်ပေသည်။
ဝမ်ယန်ပင်းအတွက်လည်း တူညီပေသည်။ သူက ကြိုးစားကြည့်ရန်အတွက်သာ လာခဲ့သော်လည်း သက်ရှည်နန်းတော်က အမှန်တကယ် ပွင့်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။
ယခု သူတို့အားလုံးသည် မည်သူက ထူးခြားလမ်းစဉ်ကို ဆက်ခံနိုင်မည်ဟူသော အကြောင်းအရာမျိုးကို တွေးတောနေကြသည်။
“ထူးခြားလမ်းစဉ်က ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ အမွေအနှစ်ပဲ။ အခု အဆင်သင့်ပြီး ထူးခြားလမ်းစဉ်က လောကမှာ ထွက်ပေါ်လာခဲ့တယ်။ နတ်မိမယ်ချင်းနဲ့ မင်းက ကောင်းကင်နတ်တံခါးဂိုဏ်းရဲ့ မျိုးဆက်မဟုတ်တာကြောင့် ထူးခြားလမ်းစဉ်ကို လက်လျှော့ပေးနိုင်မလား။ ကျုပ်တို့ထဲက တစ်ယောက်ယောက်သာ ဆက်ခံရရှိခဲ့ရင် ခင်ဗျားတို့နှစ်ယောက် အတွက်လည်း အကျိုးအမြတ် ရစေရမယ်လို့ အာမခံပါတယ်” ဝမ်ယန်ပင်းက ချင်းဟယ်နှင့် ရီဖူရှင်းကို ပြောလိုက်သည်။
စိတ်ဝိညာဉ်လေးခုသည် သူတို့ လေးယောက်ကြောင့် နိုးထလာခဲ့ပြီး သူတို့ထဲမှ တစ်ယောက်က ဆက်ခံသင့်ပေသည်။
သို့သော် ဟွားချင်းယွင်နှင့် သူသာလျှင် ကောင်းကင်နတ်တံခါးဂိုဏ်းမှ မျိုးဆက်များ ဖြစ်ကြသည်။
“အဲဒီအကျိုးအမြတ်ဆိုတာတွေက ထူးခြားလမ်းစဉ်နဲ့ ယှဉ်နိုင်လို့လား”
ရီဖူရှင်းက ပြုံးကာ မေးလိုက်သည်။ သူတို့က လွယ်လွယ် လက်လျှော့နိုင်မည်ဟုများ ထင်နေသလား။
***