← Chapters

သူမက အံ့ဖွယ်မျိုးနွယ်လူပဲ

Vol. 113 Ch. 1577

သူမက အံ့ဖွယ်မျိုးနွယ်လူပဲ

Vol. 113 Ch. 1577

ရွှမ်ချုံးဟော် ထိုပုံစံအတိုင်းပြောသည်မှာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် သူတို့သည် ခေတ္တမျှ မှင်တက်မိကြသည်။

ပြီးတော့ မိသားစုခေါင်းဆောင်က သူ့ကို အဆိပ်တိုက်တာလား။ ဘာလို့ လဲ။ သူ အမြင်ပြန်ရပြီး လမ်းလည်းလျှောက်နိုင်နေပြီမဟုတ်ဘူးလား။ မိသားစု ခေါင်းဆောင်က ဘာလို့သူ့ကိုအဆိပ်တိုက်တာလဲ။

ရွှမ်ချုံးဖူရှီသည် သူပြောလိုက်သည့် စကားများကို ကြားသောအခါ ဆူပူ ကြိမ်းမောင်းရန်ဟန်ပြင်လိုက်သည်။ သို့သော ရွှမ်ချုံးဟော်သည် ဆေးစားပြီး သည်နှင့် ကြမ်းပြင်သို့ထိုင်ချလိုက်သည်ကို မြင်လိုက်ရသည်။ သူ မျက်လုံးများ မှိတ်ပြီးအနားယူကာ ဘေးနားမှလူများကို လျစ်လျူရှုလိုက်သည်။ ထို့ကြောင့် ရွှမ်ချုံးဖူရှီသည် ပြောမည့်စကားများကို မျိုသိပ်လိုက်ရတော့သည်။

“မိသားစုခေါင်းဆောင် ကျုပ်တို့ ဘယ်လောက်ကြာအောင် စောင့်ရဦးမှာ လဲ”

“လေးနာရီ” ရွှမ်ချုံးဖူရှီသည် ပြောပြီးနောက် စောင့်တော့သည်။

ထိုအဖြစ်အပျက်ပြီးနောက် အားလုံးသည်လည်း ရပ်တန့်လိုက်ကြကာ ရွှမ်ချုံးဟော် အားပြန်ရရန်ကိုသာ စောင့်ကြတော့သည်။

ရွှမ်ချုံးဟော်သည် မြေပြင်တွင်ထိုင်ကာ စိတ်ညစ်ညူးနေမိသည်။ မျက်လုံးများမှာလည်း အာရုံစိုက်၍မရပေ။

သူနေလာခဲ့သမျှ သက်တမ်းတစ်လျှောက်လုံးတွင် နှစ်ပေါင်းရာချီ ဆက်ဆံလာခဲ့သော ထိုလူများကို ပထမဆုံးအကြိမ် စိမ်းသက်စွာခံစားရခြင်းဖြစ် သည်။

မျိုးနွယ်နှင့်ပတ်သတ်သော သူ့အတွေးများသည် အမြဲတစေ ဖြောင့်တန်း ပြီး တစ်ခါမှ သဘောထားကွဲလွဲခြင်းမရှိခြင်းကြောင့် ထိုလူများ တစ်ကိုယ်‌ ကောင်းဆန်ပုံကို မတွေ့ဖူးခြင်းဖြစ်နိုင်သည်။

မျိုးနွယ်သည် အမြဲတစေ ဤကဲ့သို့ဖြစ်နိုင်သည်… သူ မမြင်နိုင်ခဲ့ခြင်း ကြောင့်သာဖြစ်မည်။ မျိုးနွယ်ကိစ္စများကို သူပါဝင်ပတ်သတ်ခြင်းမရှိ သောကြောင့် ယခုလိုမြင်ကွင်းမျိုး မမြင်ဖူးခြင်းလည်းဖြစ်နိုင်သည်။

အရင်ကဆိုလျှင် တုနန်မျိုးနွယ်သည် ညစ်ညမ်းသည်… တုန်လိုင်မျိုးနွယ် သည် တစ်ကိုယ်ကောင်းဆန်သည်… အို့ရန်မျိုးနွယ်သည် အတုအယောင်တစ်ခု သာဖြစ်သည်… ရွှမ်ချုံးမျိုးနွယ်သည် အားအကောင်းဆုံးမဟုတ်သော်လည်း အဖြောင့်မတ်ဆုံးဖြစ်သည်ဟု သူထင်ခဲ့သည်။ သို့သော် အခုချိန်တွင်တော့ သူတို့ သည် သူထင်သည့်အတိုင်းမဖြစ်ခဲ့ပေ။

ယခုလိုအခြေအနေမဖြစ်ခဲ့ပါက သူသာ အမြင်အာရုံပြန်မရပါက သူတို့၏ ထိုပုံစံကို မမြင်ရတော့ဘူးလား။

သူ့မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် သူ့မျက်နှာအမူအရာမှာ ဝမ်းနည်းသည့်ပုံစံပေါက်နေသည်။

….

ကျောက်အိမ်အတွင်းတွင် ကျန်းကျူးရှန့်နှင့် တခြားသူများသည် တိုက်ခိုက်ခံရပြီး သတိကပ်ထားကြသည်။ သူတို့သည် အချိန်တစ်ခုလောက် ဆွဲ ထားရမည်ဟု ထင်ထားသော်လည်း အကြိမ်အနည်းငယ်တိုက်ခိုက်ပြီးနောက် ရပ်သွားကြလိမ့်မည်ဟု ထင်မထားကြပေ။

“သူတို့ ရပ်သွားကြတာလား” ဟန့်မြောင်ရွှမ်သည် ခေါင်းမော့ကြည့်ကာ မယုံရဲသေးပေ။

“အပြင်မှာ အတားအဆီးရှိနေတယ်” ဟိန်းသံထောင်ချီ ပြောလိုက်သည်။

“အတားအဆီး”

“ဒီလိုနေရာကို သေချာပေါက်အတားအဆီးနဲ့ ကာကွယ်ထားမှာပဲ” ကျန်းကျူးရှန့် ပြောလိုက်သည် “သူတို့တွေအများစုက အပြင်ကနေ သိုလှောင်ရုံ တွေကို ကာကွယ်ထားတတ်ကြတယ်၊ ရွှမ်ချုံးမျိုးနွယ်ကို အပြင်မှာပိတ်ထားနိုင် မယ့်နေ့ရောက်လာမယ်လို့ ဘယ်သူထင်မှာလဲ”

“ဒီနေရာကတော့ ကောင်းလိုက်တာ သူတို့တွေ နှောင့်နှေးပြီး ဂျူနီယာညီမလေး အချိန်ပိုဆွဲနိုင်ဖို့ပဲ မျှော်လင့်တယ်” စူးရှောင်ရှောင် ပြော လိုက်သည်။

“အင်း ခဏလောက်တော့ နှောင့်နှေးပါစေလို့ ဆုတောင်းရမှာပဲ” ဟိန်းသံထောင်ချီ ခေါင်းညိတ်လေသည်။

အချိန်မှာ တရွေ့ရွေ့ကုန်ဆုံးနေသည်။ အိမ်ထဲမှလူများနှင့် အပြင်မှလူ တို့သည် အချိန်ကုန်ဆုံးခြင်းကို အလွန်သတိထားနေကြသည်။ အထဲမှလူများ သည် အချိန်ကုန်နှေးစေချင်နေပြီး အပြင်မှလူများသည် အချိန်ကုန်မြန်စေချင် ကြသည်။

အပြင်မှလူများ မည်မျှပင်ဆန္ဒရှိစေကာမူ လေးနာရီဆိုသောအချိန်သည် ပုံမှန်မျှသာ ကုန်ဆုံးလေသည်။

“ပြန်အားပြည့်လာပြီလား အခုဝင်လို့ရပြီလား” ရွှမ်ချုံးဖူရှီ၏ အသံမှာ ရုတ်တရက်ထွက်လာရာ ရွှမ်ချုံးဟော်သည် ကြားလိုက်သည်နှင့် ပြုံးလိုက် သည်။ သူသည် မြေပြင်မှထလိုက်သည်။

အကြောင်းအရင်းကိုမသိသော်ငြား သူ့အပြုံးသည် အရင်ကအတိုင်းပင် ဖြစ်သော်လည်း တစ်နေရာရာတွင် ကွဲပြားနေသည်ကို အားလုံးခံစားမိကြသည်။ သို့သော် မည်သည့်နေရာတွင် မတူညီတော့သည်ကို မပြောနိုင်ကြပေ။

ရွှမ်ချုံးဟော်သည် ကျောက်တံခါးအပြင်သို့ လာလိုက်သည်။ သူ အတားအဆီးကိုဖြတ်သည်နှင့် ခုခံမှုအနည်းငယ်ကို ခံစားရသည်။ သို့သော် သူ ဝင်ရောက်ခြင်းကို မတားဆီးနိုင်ပေ။

သူသည် ကောက်တံခါးမှ သော့ပေါက်သုံးခုကိုတွေ့သောအခါ မျက်လုံး များ အရောင်တောက်သွားတော့သည်။

“ဟော်အာ မြန်မြန်အတားအဆီးကိုဖျက်လိုက်တော့လေ” ရွှမ်ချုံးရှီ အမိန့် ပေးလေသည်။

“အဖေ ဒီအတားအဆီးက ကျွန်တော်တို့ ဘိုးဘေးကြီးက ချန်ထားခဲ့တာ တကယ်ပဲ ဒါကိုဖျက်ဆီးချင်တာလား” ရွှမ်ချုံးဟော်သည် အပြင်တွင်ရှိသော ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။

“ဖွင့်သာဖွင့်လိုက်” ရွှမ်ချုံးဖူရှီသည် ခေါင်းမာနေသည်။

ရွှမ်ချုံးဟော်သည် တုံ့ဆိုင်းနေတုန်းပင်။ သူသာ အတားအဆီးကို ဖွင့်လိုက် လျှင် သူတို့တွေသည် ချက်ချင်းပင် ကျောက်အိမ်ကိုချိုးဖျက်တော့မည်။

သို့သော် ရှီမာယူယူနှင့် တခြားသူများသည် အထဲတွင်ရှိနေသေးသည်။ သူတို့ အထဲမှာ တစ်သက်လုံးနေသွားရမှာလား။

“ဟော်အာ မြန်မြန်” ရွှမ်ချုံးဖူရှီ တိုက်တွန်းလေသည်။

“သခင်လေး လှုပ်ရှားလိုက်တော့”

“ဟုတ်တယ် သခင်လေး အံ့ဖွယ်ဆေးပျောက်သွားရင် မျိုးနွယ်အတွက် မကောင်းဘူး”

“တွီ…”

သူတုံ့ဆိုင်းနေစဉ်မှာပင် အနောက်မှတံခါးပွင့်လာသည်။ ရှီမာယူယူ တစ်ယောက်သည်း ထွက်လာသည်။

“အစ်ကိုကြီးဟော်”

“ယူယူ ဘာလို့ထွက်လာတာလဲ” ရွှမ်ချုံးဟော် မျက်မှောင်ကြုတ်လိုက် သည်။

“ထွက်လာရမှာပေါ့” ရှီမာယူယူသည် လျှောက်ထွက်လာပြီး ရွှမ်ချုံးဟော် ကို ပြုံးပြကာ မတတ်သာစွာဖြင့် ပြောလိုက်သည် “ဒီအခြေအနေကြီးကိုတော့ အဆုံးသတ်ရမှာလေ”

“ယူယူ…”

“အစ်ကိုကြီးဟော် ကျွန်မစိတ်ထဲမှာ ရှင့်ရဲ့ မိတ်ဆွေကောင်းပီသပုံကို မှတ်မိနေပါမယ် ဒါပေမဲ့ ရှင့်ကိုကုပြီးတာနဲ့ အံ့ဖွယ်ဆေး‌ပေးဖို့ကို အစောကြီး ကတည်းက သဘောတူပြီးသားလေ အဲဒါကြောင့် ဒီအကြောင်းနဲ့ပတ်သတ်ပြီး ကျွန်မလက်မလျော့ချင်ဘူး ဒါပေမဲ့ ကျွန်မတို့ရဲ့ခင်မင်မှုကိုထောက်ထားပြီး သူတို့သာ ကျွန်မကိုမတိုက်ခိုက်ရင် သူတို့အသက်တွေကိုမယူဘူး”

“ဟားဟား မျက်နှာပြောင်လိုက်တဲ့ လေသံပဲ” လူတစ်ယောက်သည် ဟားတိုက်ရယ်မောလေသည်။

တခြားသူများသည်လည်း ဟာသကြီးတစ်ခုကို ကြားလိုက်ရသလိုပင်။ သူတို့သည် ရှီမာယူယူကို အရူးတစ်ယောက်သဖွယ် ကြည့်ကြလေသည်။

“ဒီလိုလူမျိုး ပေါ်မလာတာ နှစ်တွေသောင်းချီနေပြီပဲ ဟုတ်တယ်မလား ဟားဟား ဒီနေ့ဒီလိုစကားမျိုးကြားရလိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး”

ရွှမ်ချုံးဟော်သည် ရှီမာယူယူ ယုံကြည်ချက်ရှိနေသည်ကို မြင်သောအခါ ရယ်မောဖွယ်ကောင်းသည်ဟု ထင်မိသော်လည်း သူ့မျက်နှာတွင် စစ်မှန်သော အပြုံးတစ်ခုသာရှိသည်။

ရှီမာယူယူလည်း ရှင်းပြမနေပေ။ သူသည် တစ်လှမ်းချင်း လျှောက်သွား လိုက်သည်။ ခြေလှမ်းတိုင်းတွင် သူမ၏ ရောင်ဝါမှာ ပြောင်းလဲသွားသည်။ သူမ ထွက်ပေါက်သို့ လျှောက်သွားချိန်တွင် ရောင်ဝါသည် လုံးဝပင်ပြောင်းလဲသွား တော့သည်။

သူမ၏ အပြောင်းအလဲကို အပြင်မှလူများမြင်သောအခါ အလွန်ပင် အံ့အားသင့်နေကြသည်။

“မင်း.. မင်းက….”

ရှီမာယူယူသည် သဲ့သဲ့ပင် ပြုံးပြလိုက်သည် “ရွှမ်ချုံးမိသားစုခေါင်းဆောင် ကျွန်မ အစကတည်းက ပြောပြီးသားပါ အစ်ကိုကြီးဟော်ကိုထောက်ပြီး ကျွန်မ ကိုထွက်သွားခွင့်ပေးမယ်ဆိုရင် ရှင်တို့နောင်တရစေမယ့် ကိစ္စမျိုးဖြစ်လာမှာ မဟုတ်ဘူး”

ရွှမ်ချုံးဖူရှီသည် ရှီမာယူယူကို ကြည့်ရင်း အမူအရာမှာရှုပ်ထွေးလာသည် “မင်းက အံ့ဖွယ်မျိုးနွယ်ရဲ့လူဖြစ်မယ်လို့ ငါတကယ်ထင်မထားဘူး”

“ဘဝမှာ မထင်ထားတဲ့ကိစ္စတွေ အများကြီးဖြစ်နိုင်ပါတယ် မိသားစု ခေါင်းဆောင်ရွှမ်ချုံး ဘယ်လိုထင်လဲ” အကွဲအပြဲဖြစ်ပြီးနောက်တွင် သူမသည် ဦးလေးဟုပင် အမည်မတပ်တော့ပေ။

“အံ့ဖွယ်ဆေးဘယ်မှာလဲ” အဖြူရောင် ဝတ်ရုံဝတ်ဆင်ထားသော အကြီးအကဲ မေးလိုက်သည်။

“သုံးပြီးသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။

“မဖြစ်နိုင်တာ အံ့ဖွယ်ဆေးကို မင်းအဖေအတွက် သုံးမှာလို့ ပြောခဲ့တာ မဟုတ်ဘူးလား ဘယ်လိုလုပ်သုံးလိုက်မှာလဲ”

“ဘာလို့မသုံးနိုင်ရမှာလဲ ကျွန်မအဖေကို အံ့ဖွယ်ဆေးတိုက်ပြီးသွားပြီ”

“ဘဘ်လိုလုပ်ဖြစ်နိုင်မှာဲ မင်းအဖေမှမရှိ…. မင်းက အဖေလုပ်သူကိုပါ ခေါ်လာတာလား”

“ဟုတ်တယ်” ရှီမာယူယူ ပြုံးလိုက်သည် “အံ့ဖွယ်ဆေးက ကျွန်မအဖေ ခန္ဓာကိုယ်ထဲရောက်သွားပြီ ရှင်တို့လုပ်ချင်ရင်တောင် ဘာမှလုပ်မရတော့ဘူး”

“အဲဒါတော့မဟုတ်သေးဘူး မိသားစုခေါင်းဆောင် သူမက ရှီမာမျိုးနွယ်က ပဲ သူ့အဖေကရှီမာလျူရွှမ်လေ အံ့ဖွယ်မျိုးနွယ်ကမှမဟုတ်တာ မိသားစု ခေါင်းဆောင် အလိမ်မခံပါနဲ့” ရွှမ်ချုံးရုန် အော်လေသည်။

သူအော်ပြီးနောက် အားလုံးသည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာ ကြသည်။

သူတို့အားလုံးသည် သူမ၏ သရုပ်မှန်ကိုသိကြသည်။ သူမက ဘယ်လိုဖြစ် လို့ရုတ်တရက်ကြီး အံ့ဖွယ်မျိုးနွယ်ဝင်ဖြစ်သွားမှာလဲ။ သူမက အားလုံးကို လိမ်လည်ပြီးတော့ အံ့ဖွယ်မျိုးနွယ်ရဲ့ ရောင်ဝါယူလိုက်တာပဲ။

“မိသားစုခေါင်းဆောင် သူမက ဘယ်နည်းလမ်းကိုပဲအသုံးပြုပါစေ သူမ က သေချာပေါက် အံ့ဖွယ်မျိုးနွယ်ဝင်မဟုတ်ဘူး ဖြစ်နိုင်တာက… သူမက အံ့ဖွယ်မျိုးနွယ်နဲ့ တစ်နည်းနည်း ပတ်သတ်တာပဲဖြစ်မယ်၊ သူမကို ဒီမှာသတ် လိုက်ရင်တောင် အံ့ဖွယ်မျိုးနွယ်ကသိမှာမဟုတ်ဘူး” ရွှမ်ချုံးရုန်သည် ဆက်ပြောလေသည်။

ရွှမ်ချုံးဖူရှီသည် ရှီမာယူယူကို တိတ်တဆိတ် အကဲခတ်နေသည်။ သူသည် သူမကို ခွဲခြားသိမြင်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် သူမအမူအရာသည် ပေါ့ပြက်နေသဖြင့် မည်သည့်သဲလွန်စမှမရပေ။

ရှီမာယူယူသည် နူးညံ့စွာပြုံးကာ တစ်ချက်တွေးလိုက်သည်နှင့် ကြာပန်း နက်လောကအသေး တံခါးသည် သူမလက်ဖဝါးပေါ်တွင် ပေါ်လာလေသည်။

***

All Chapters