← Chapters

အခန်း (၁၂၀)

Vol. 10 Ch. 120

အခန်း (၁၂၀)

Vol. 10 Ch. 120

ညစာက စုန့်အာ့နန် အကြိုက်တွေအပြည့်ပင်။ ဒါကိုမြင်တော့ သူမက လက်မခံသလို ဖေးခွမ်ကိုကြည့်လိုက်သည်။ "ဒါက ရှင့်မွေးနေ့လေ၊ ရှင်ကြိုက်တာ မှာသင့်တာပေါ့"

ဖေးခွမ်က သူမရဲ့ တူကိုအပြုံးလေးနဲ့ ဖိလိုက်သည်။

"ကိုယ် မကြိုက်ဘူးလို့ ဘယ်သူပြောလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်သည်။ "လူလိမ်"

ညစာစားလို့ပြီးတော့၊ သူတို့က ကိတ်ကိုစလိုက်သည်။

စုန့်အာ့နန်က ဖယောင်းတိုင်တွေ စိုက်လိုက်ပြီး မီးထွန်းလိုက်ကာ အခန်းမီးကိုတောင် အထူးတလည်ပိတ်လိုက်သေးသည်။ သူမက ဖေးခွမ်ကို စိတ်လှုပ်ရှားစွာနဲ့ကြည့်လိုက်သည်။ "မြန်မြန်၊ မျက်လုံးမှိတ်ပြီးဆုတောင်းလေ"

ဖယောင်းတိုင်မီးရောင်က စုန့်အာ့နန်ရဲ့ ကြည့်လင်တဲ့မျက်လုံးတွေမှာ ရောင်ပြန်ဟပ်နေသည်။

ဖေးခွမ်ရင်ထဲမှာ လှုပ်ခတ်သွားသည်။ သူနောက်ဆုံး ဆုတောင်းခဲ့တဲ့အချိန်ကိုတောင် မမှတ်မိတော့ပါချေ။အပြင်မှာလုပ်တဲ့ မွေးနေ့တွေမှာတောင် သူဒီတိုင်း မျက်လုံးမှိတ်ထားခဲ့တာပင်။

ဒါပေမယ့် ဒီတစ်ကြိမ်တော့ သူရိုးရိုးသားသားနဲ့ မျက်လုံးမှိတ်လိုက်ပြီး ဆုတောင်းလိုက်သည်။

သူနဲ့ စုန့်အာ့နန်ရဲ့အနာဂတ်အတွက်သာ ဆုတောင်းမိသည်။

ဖယောင်းတိုင်တွေကို မီးမှုတ်ပြီးသွားတော့ စုန့်အာ့နန်က မီးသွားပြန်ဖွင့်လိုက်ပြီး ပြန်ပြေးလာကာ ဖေးခွမ်ကို ကိတ်ခွဲဖို့ လောဆော်တော့သည်။

ဖေးခွမ်လည်း ပူးပူးပေါင်းပေါင်းနဲ့ တစ်ပိုင်းလှီးလိုက်ကာ စုန့်အာ့နန်ကိုပေးလိုက်သည်။

"မဟုတ်ဘူးလေ၊ မွေးနေ့ရှင်က ပထမဆုံးအပိုင်းကိုယူရမှာ" စုန့်အာ့နန်က လက်ယမ်းလိုက်သည်။

မွေးနေ့ရှင်အနေနဲ့ ပထမဆုံးတစ်ပိုင်းကိုစားတာက တခြားသူတွေရဲ့ ဂရုစိုက်မှုနဲ့ ဆုမွန်ကောင်းကို ကိုယ်စားပြုသည်။

ဒါပေမယ့်၊ ဖေးခွမ်က ခေါင်းခါလိုက်ပြီး အဲ့ဒီအစား "ကိုယ် မင်းကို ပေးချင်တာ"

စုန့်အာ့နန်က တစ်ခဏလောက် အံ့ဩသွားပြီး နောက်တော့ သူပြောချင်တဲ့အဓိပ္ပါယ်ကို သဘောပေါက်သွားကာ ပြောလိုက်သည်။ "ဒါဆို ရှင်နဲ့ အတူတူစားမယ်"

ဒီတစ်ခေါက်တော့၊ ဖေးခွမ်က ထပ်မငြင်းတော့ပေ။ အဲ့ဒါနဲ့ဘဲ နှစ်ယောက်သား ကိတ်အပိုင်းကြီးကို ထားကာ အပိုင်းသေးလေးကိုဘဲ ခက်ရင်းလေးနဲ့ သူတစ်လုပ် သူမတစ်လုပ်စားကြသည်။

ကိတ်စားရမယ့် အပိုင်းပြီးသွားရင် လက်ဆောင်ပေးရမယ့်အပိုင်းလာသည်။

စုန့်အာ့နန်က ဆိုဖာပေါ် ခုန်တက်လိုက်ပြီး သူမရဲ့လွယ်အိတ်ကိုယူလိုက်ကာ လက်ဆောင်ဘူးကိုထုတ်လိုက်သည်။

ဒါပေမယ့်၊ သူမ အိတ်ကို ဇစ်ပိတ်လိုက်တဲ့အချိန် တစ်ခုခုကို တွန့်ဆုတ်သွားကာ တုံ့ဆိုင်းသွားသည်။

ဖေးခွမ်က ရုတ်တရက် ငုံ့လာပြီး ပြောလိုက်သည်။ "ဘာလက်ဆောင်လဲ? ကိုယ်တော့ အရမ်းမျှော်လင့်နေမိပြီ"

စုန့်အာ့နန်က တန့်သွားပြီး နောက်တော့ သူမရဲ့အိတ်ကို ဇစ်ပိတ်လိုက်ကာ သူမလက်ထဲက လက်ဆောင်ဘူးကိုကမ်းပေးလိုက်သည်။

"ရှင်ကြိုက်လား ကြည့်ကြည့်ဦး"

ဖေးခွမ်က လက်ဆောင်ကို ဝမ်းသာအားရယူလိုက်သည်။ ဘူးကိုဖွင့်လိုက်တော့ နက်ကတိုင်မှန်း သိလိုက်ရတော့ သူ့မျက်လုံးတွေ တောက်ပသွားသည်။

"ဒါပေါ့ ကိုယ်ကြိုက်တယ်!" နက်ကတိုင်ဆိုတာ ရင်းနှီးမှုကိုပြသည့်လက်ဆောင်ဖြစ်သည်။ မိန်းကလေးတစ်ယောက်က သူမရဲ့ချစ်သူကောင်လေးကို နက်ကတိုင်လက်ဆောင်ပေးတယ်ဆိုတာက သူ့ကိုချည်နှောင်ပြီး သူက သူမနဲ့ဘဲ သက်ဆိုင်တယ်လို့ဆိုလိုတာပင်!

ဒီအဓိပ္ပါယ်ကြောင့် ဖေးခွမ်တစ်ယောက် ဒါကိုဘယ်လိုလုပ် မကြိုက်ဘဲနေနိုင်ရမှာလဲ?

နက်ကတိုင်ကို သူသဘောကျနေတာ စုန့်အာ့နန်မြင်တော့ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

သူကြိုက်တယ်ဆိုမှတော့ သူမ လက်ဆောင်ရွေးတာမှန်သွားတာဘဲ။

ဒီနက်ကတိုင်ကို မနေ့က ကုန်တိုက်တစ်ခုမှာသူမဝယ်ခဲ့တာဖြစ်သည်။ ဖေးခွမ်က အဲ့ဒါကိုသဘောမကျဘဲ သူမမှားရွေးမိမှာ စိုးရိမ်နေခဲ့သည်။

ဘာလို့ သူမ ဒီလောက်နောက်ကျမှဝယ်ခဲ့လဲဆိုတော့၊ သူမရဲ့လွယ်အိတ်ကို မသိစိတ်ကနေ တစ်ချက်ကြည့်လိုက်ပြီး တိတ်တိတ်လေး သက်ပြင်းချလိုက်သည်။

ထားလိုက်ပါတော့၊ ဘယ်တုန်းကမှ မဖြစ်ခဲ့သလိုထားလိုက်တော့မယ်။ သူမ မပြောသရွေ့ ဘယ်သူမှသိမှာမဟုတ်ဘူး။

လက်ဆောင်ကပေးပြီးပြီဘဲ ဒီတော့ ဒီဟာကိုဘယ်သူ့ကိုမှ ထုတ်ပြစရာမရှိတော့ဘူး။

စုန့်အာ့နန် နံရံကနာရီကိုတစ်ချက်ကြည့်လိုက်တော့ ၉နာရီကျော်နေပြီဖြစ်သည်၊ အချိန်ကုန်တာဘယ်လိုတောင်မြန်လိုက်သလဲ!

ဒါပေမယ့် တစ်ခုခုကိုစဉ်းစားမိသွားပြီး သူမနဖူးကိုရုတ်တရက် ရိုက်လိုက်မိသည်။ "အိုး မဖြစ်ဘူး!"

သူမအသံကိုကြားတော့ ဖေးခွမ်က ကြည့်ပြီးမေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်အာ့နန်က ရေရွတ်လိုက်သည်။ "ကျွန်မ ဟိုတယ်မှာ ဘိုကင်တင်ဖို့မေ့သွားတယ်"

နေ့လယ်ခင်းတုန်းက ကော်ဖီဆိုင်မှာ သူမဟိုတယ်ဘိုကင်တင်ဖို့လုပ်ခဲ့ပေမယ့် ဖေးခွမ်ဆီက မက်ဆေ့ခ်ျကဖြတ်ဝင်လာခဲ့သည်။ အဲ့ဒါနဲ့ဘဲ သူမ လုံးဝမေ့သွားတော့သည်။

ဖေးခွမ်က သူမခေါင်းကို ပွတ်လိုက်ကာ ရယ်လိုက်သည်။ "အဆင်ပြေပါတယ်၊ ကိုယ် လျှိုဟောက်ကို ကောင်တာဆီသွားခိုင်းပြီးပြီ။ အခန်းယူပြီးရင် သူလာလိမ့်မယ်"

စုန့်အာ့နန်က သက်သာရာရသလို သက်ပြင်းချပြီး ‌အံ့ဩတဲ့အသံပြုလာသည်။ "ဘယ်တုန်းက လျှိုဟောက်ကိုပြောလိုက်တာလဲ?"

သူမတို့နှစ်ယောက်က တစ်ချိန်လုံးအတူတူရှိနေတာကို!

ဖေးခွမ်က ပြုံးလိုက်ပြီး သူ့ဖုန်းကိုမြှောက်ပြလိုက်သည်။ "မင်းဖယောင်းတိုင်မီးထွန်းနေတုန်းက ကိုယ် သူ့ကိုမက်ဆေ့ခ်ျပို့လိုက်တာ"

သေချာပေါက်ကိုဘဲ၊ ခဏနေတော့ လျှိုဟောက် တံခါးလာခေါက်သည်။

"ငါ့ကို အခန်းကတ်ပေးလိုက်၊ ခဏနေကျရင် အာ့နန်ကိုခေါ်သွားပေးလိုက်မယ်" ဖေးခွမ်က ပြောလိုက်သည်။

လျှိုဟောက်က သူတို့ကို တောင်းပန်သလိုကြည့်လာကာ "အစ်ကိုဖေး၊ အန်တီလေး၊ ကောင်တာကပြောတယ် အခန်းတွေ မရှိတော့ဘူးတဲ့"

စုန့်အာ့နန်က အံ့ဩသလိုအသံပြုလာသည်။

ဖေးခွမ်က မေးလိုက်သည်။ "တခြားဟိုတယ်တွေရော?"

လျှိုဟောက်က ခေါင်းခါလိုက်ကာ "ဒီတလော တချို့ဒရာမာ ရိုက်ကူးရေး အဖွဲ့သားတွေ ရောက်လာလို့ အနီးနားက ဇိမ်ခံဟိုတယ်တွေအကုန်လုံး ပြည့်နေတယ်။ ဘေးနားက Expressဟိုတယ်မှာဘဲ အခန်းတွေကျန်တော့တယ်"

Express ဟိုတယ်?

ဖေးခွမ် မျက်မှောင်နည်းနည်းကြုတ်သွားသည်။

ဒါပေမယ့် စုန့်အာ့နန်က စိတ်ထဲမထားပေ။ "ရပါတယ်၊ Express ဟိုတယ်မှာလည်း ကျွန်မနေလို့ရတယ်..."

"မရဘူး!" ဖေးခွမ်က စကားဖြတ်ပြောလာသည်။ "အခန်းတွေ မကျန်တော့ဘူးဆိုလည်း ဒီညကိုယ့်နေရာမှာဘဲနေလိုက်"

စုန့်အာ့နန်လို့၊ ကောင်မလေးတစ်ယောက်ထဲ လုံခြုံရေးကောင်းသည့် ‌ဇိမ်ခံဟိုတယ်မှာနေတာက လက်ခံနိုင်သည်။ ဒါပေမယ့် Express ဟိုတယ်မှာ သူမနေတာကတော့ အာမခံချက်မရှိပေ။

ဒါကိုကြားတော့၊ လျှိုဟောက်က ချက်ချင်းထွက်သွားတော့သည်၊ သူကအရမ်းသစ္စာရှိတာ။

စုန့်အာ့နန်က မျက်လုံးပြူးကာ ဖေးခွမ်ကိုကြောင်ကြည့်နေသည်။ "အတူ...နေရမှာ?"

အရမ်းမြန်တယ်!

သူတို့က ရည်းစားတွေဖြစ်ရင်တောင်မှ...အင်း၊ တကယ်တော့ဘာမှမမှားပါဘူး၊ ဒါပေမယ့် သူမအခုထိအဆင်သင့်မဖြစ်သေးဘူးလေ၊ ဘာလုပ်ရမှာလဲ?!

စုန့်အာ့နန် နားလည်မှုလွဲသွားတာကိုမြင်တော့ ဖေးခွမ်မျက်လုံးမှာ အပြုံးတွေပေါ်လာပေမယ့် သူမကို သူဆက်မစတော့ပေ။

"စိတ်မပူပါနဲ့၊ မင်းက ကုတင်ပေါ်မှာအိပ်ပါ ကိုယ်ကဆိုဖာပေါ်မှာအိပ်လိုက်မယ်"

စုန့်အာ့နန် တိတ်တိတ်လေး စိတ်အေးသလိုသက်ပြင်းချလိုက်သည်။

ဖေးခွမ်က လက်ဆန့်လာပြီး သူမနဖူးကိုတောက်လိုက်ကာ စသလိုပြောလာသည်။ "မင်း ကိုယ့်ကို အဲ့ဒီလောက်တောင် မယုံဘူးဘား?"

စုန့်အာ့နန်က သူ့ကိုတိတ်တိ‌တ်လေး ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ ကိုးရိုးကားရားနိုင်စွာ ရေရွတ်လိုက်သည်။ "ရှင့်ကိုမယုံတာမဟုတ်ပါဘူး"

သူမ အရမ်းလန့်သွားရုံဘဲ။

အဲ့ဒါက သူ့ကိုမယုံလို့မဟုတ်ဘူး။

ယုံတာကယုံတာဘဲ ဒါပေမယ့် သူနဲ့တစ်ခန်းထဲ အတူနေရမှာကိုတော့ သူမ နည်းနည်းမသက်မသာဖြစ်မိသည်။

နောက်ဆုံးတော့၊ ဒါက suit အခန်းဘဲလေ။ ဧည့်ခန်းနဲ့ ဆိုဖာတွေကို လုံးဝအဖွင့်ထားထားတော့ သီးသန့်မရှိပေ။

ဒါပေမယ့် စုန့်အာ့နန် နေမှာဆို‌တော့ ဖေးခွမ်အနေနဲ့ သူမယုံကြည်မှုမဲ့မယ့် အလုပ်မျိုး မလုပ်ပါချေ။

ဒီတော့ သူမက အတတ်နိုင်ဆုံး သဘာဝကျအောင်ကြိုးစားကာ ရေချိုးခန်းသုံး ပစ္စည်းတွေယူပြီး ရေချိုးခန်းထဲသွားလိုက်သည်။

ဖေးခွမ်လည်း ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။

ရေချိုးခန်းတံခါးပိတ်သွားတော့ သူ့အကြည့်တွေကိုပြန်ရုတ်လိုက်သည်။ သူ့ရဲ့နောက်မြင်ကွင်းကတော့ ဆိုဖာအစွန်းက ကျခါနီး စုန့်အာ့နန်ရဲ့လွယ်အိတ်ဆီ ရောက်သွားသည်။

စုန့်အာ့နန် ရေချိုးခန်းသုံးပစ္စည်းတွေ ယူတုန်းက အိတ်ကို ဇစ်မပိတ်ခဲ့ရပေ။ သူအိတ်ကို ယူလိုက်တဲ့အချိန် အထဲကနေ ပစ္စည်းတစ်ခုပြုတ်ကျလာသည်။

အဲ့ဒါက အပြာရောင်လည်စည်းတစ်ခုပင်။

အဲ့ဒါက ကိုယ်တိုင်ထိုးထားတဲ့ပုံပေါ်ပြီး သေချာကြည့်ပါက ချည်မျှင်လွတ်နေကာ ကောက်ကွေ့နေတာတွေကို မြင်ရသည်။

ဖေးခွမ်တစ်ခဏလောက် ကြောင်သွားပြီး သူ့ဘေးက လည်စည်းကို မသိစိတ်ကနေ တစ်ချက်ကြည့်လိုက်သည်။ ရှင်းရှင်းလင်းလင်းကိုဘဲ ဒါက စုန့်အာ့နန်သုံးနေတဲ့ဟာမဟုတ်ပေ။

ဒါဆို ဒီလည်စည်းကို သူမအိတ်ထဲဘာလို့ထည့်ထားတာလဲ။ အဖြေကတော့ ထင်းရှားနေသည်။

စုန့်အာ့နန် ရေချိုးခန်းထဲကနေ ဖြည်းဖြည်းချင်းထွက်လာသည်။ သူမက ကိုးရိုးကားရားဖြတ်ကျော်ရဦးမယ်လို့ထင်ခဲ့ပေမယ့် ဖေးခွမ်လက်ထဲက ပစ္စည်းကိုတွေ့တဲ့အခါ သူမ လုံးဝကိုအေးခဲသွားသည်။

သူမအိတ်ထဲက ဒီလည်စည်းက ဘယ်လိုလုပ် သူ့လက်ထဲရောက်နေတာလဲ!

ဖေးခွမ်က မျက်ခုံးပင့်ကာ တမင်တကာ မေးလိုက်သည်။ "ကိုယ့်အတွက် လက်ဆောင်လား?"

စုန့်အာ့နန် သူ့ကို စိုက်ကြည့်လိုက်ပြီး ချက်ချင်းငြင်းလိုက်သည်။ "မဟုတ်ဘူး၊ ကျွန်မအတွက်"

ဖေးခွမ်က အိုး လို့ဆိုလိုက်ပြီး လည်စည်းကို ကြည့်လိုက်ကာ။ "ဒါက မင်းဟာ မဟုတ်ဘူးမလား?"

စုန့်အာ့နန်ပါးစပ်က ပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပေမယ့် ဘာပြောရမှန်းမသိဖြစ်နေသည်။

ဖေးခွမ်ကပြုံးလိုက်ပြီး သူမကိုဆွဲလိုက်ကာ လည်စည်းကို သူမအရှေ့မှာ မြောက်ပြလိုက်ပြီး "လက်နဲ့ထိုးထားတာလား?"

"ကိုယ့်အတွက် ပြင်ဆင်ထားတဲ့ မွေးနေ့လက်ဆောင်လား?"

စုန့်အာ့နန် - "..."

သူမက ဖေးခွမ်ကို မီးဝင်းဝင်းတောက်စွာ ကြည့်လိုက်ပေမယ့် သူကလုံးဝကို မဖြုံကာ အဲ့ဒီအစား လည်စည်းကိုသိမ်းလိုက်သည်။

နှစ်ယောက်သား ရှေ့မတိုးသာနောက်မဆုတ်သာအခြေအနေမှာ တံခါးခေါက်သံက ရုတ်တရက် ထွက်လာခဲ့သည်။

စုန့်အာ့နန်ရော ဖေးခွမ်ရော အံ့ဩသွားသည်။

အရမ်းနောက်ကျနေမှ တံခါးလာခေါက်မယ့်သူဆိုရင် လျှိုဟောက်နဲ့ လီတုန်တော့ လုံးဝမဖြစ်‌နိုင်ပေ။ သူတို့က လာမယ်ဆိုရင် ဖုန်းခေါ်လိမ့်မည်ပင်။

ဖေးခွမ် နည်းနည်းမျက်မှောင်ကြုတ်သွားသည်။ သူက တံခါးဆီ အော်ပြောလိုက်သည်။ "ဘယ်သူလဲ?"

တံခါးအပြင်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။ တစ်ယောက်ယောက်က တံခါးမှားခေါက်တာလားလို့ စုန့်အာ့နန် ထင်နေတဲ့အချိန် အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်အသံက ရုတ်တရက် ထွက်လာခဲ့သည်။

"ဆရာဖေး၊ ကျွန်မပါ"

စုန့်အာ့နန်က သူမရဲ့မျက်လုံးကို ပြူးလိုက်ပြီး ဖေးခွမ်ကို တိတ်တိတ်လေး မေးလိုက်သည်။ "ဘယ်သူလဲ?"

ဖေးခွမ်က တစ်ခဏလောက်ရပ်သွားပြီး တိုးတိုးပြန်ပြောလိုက်သည်။ "....တွဲဖက်သရုပ်ဆောင်"

စုန့်အာ့နန်က မျက်တောင်ခတ်ပြီး ပြောလိုက်သည်။ "ဒါဆို ကျွန်မတို့ဘာလုပ်ရမလဲ?"

"ကျွန်မ ရေချိုးခန်းထဲမှာ ခဏလောက် သွားပုန်းနေသင့်လား?"

ဖေးခွမ်က သူမကိုခေါင်းခါပြလိုက်ပြီး "မလိုဘူး၊ ဒီမှာဘဲ တိတ်တိတ်လေးထိုင်နေ၊ ကိုယ်ကြည့်လုပ်လိုက်မယ်"

ပြောလို့ပြီးတော့ သူကထလိုက်ပြီး တံခါးဆီလျှောက်သွားလိုက်သည်။ စုန့်အာ့နန် မသိစိတ်ကနေ ဆိုဖာကိုမှီလိုက်ပြီး သိသိသာသာ ပုန်းဖို့ ကြိုးစားလိုက်သည်။

ဖေးခွမ်က တံခါးဆီရောက်လာပေမယ့် မဖွင့်လိုက်ပေ။ အဲ့ဒီအစား တံခါးကိုဖြတ်ကာ အေးစက်စက်ပြောလိုက်သည်။ "ဘာကိစ္စလဲ?"

အပြင်ဘက်ရှိလူက တစ်စက္ကန့်လောက် တိတ်သွားပြီး "ဆရာဖေး၊ မနက်ဖြန် ကျွန်မတို့ ရိုက်ရမယ့် scene အကြောင်း မေးစရာမေးခွန်းတချို့ရှိလို့ အဲ့ဒီအတွက် စိတ်ပူလို့ပါ။ ကျွန်မ အထဲဝင်လာပြီး ရှင်နဲ့ အဲ့ဒီအကြောင်းဆွေးနွေးချင်လို့၊ အဆင်ပြေလားဟင်?"

ဖေးခွမ်မျက်လုံးထဲမှာ အေးစက်စက်အရိပ်အယောင်တွေပေါ်လာပြီး သူ့အသံက ပိုလို့တောင်အေးစက်လာသည်။ "အဆင်မပြေဘူး၊ မင်းမှာ မေးခွန်းတွေရှိရင် မနက်ဖြန်ကျ ဒါရိုက်တာကို သွားမေးလိုက်"

အပြင်ဘက်ရှိလူက ပြန်မဖြေလာခင် တစ်ခဏလောက် တွန့်ဆုတ်သွားပုံပေါ်သည်။ "ကောင်းပါပြီ၊ နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ဆရာဖေး"

တစ်ဖက်လူက ဆက်မလုပ်တော့တာကိုမြင်တော့ ဖေးခွမ်ရဲ့ အမူအရာက နောက်ဆုံး နည်းနည်း ‌ပြေလျော့သွားကာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

ပုံမှန်အချိန်သာဆို သူဒီလောက်ထိပြင်းပြင်းထန်ထန် တုံ့ပြန်မှာမဟုတ်ပေ။ ဖျော်ဖြေရေးလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့အတွက် ဒီလိုအခြေအနေကို သူပထမဆုံးကြုံဖူးတာလို့ မဆိုနိုင်သလို ဒါကိုကိုင်တွယ်ဖို့ သူ့မှာလည်း အတွေ့အကြုံအရမ်းရှိသည်။

ဒါပေမယ့် ဒီတစ်ခါတော့မတူပါချေ၊ စုန့်အာ့နန်က ဒီမှာရှိနေတဲ့အတွက် တစ်ဖက်လူက မလျှော့တမ်း အနှောင့်အယှက် ပေးလာမှာကို ဖေးခွမ်တကယ်စိုးရိမ်တာဖြစ်သည်။ ဒီလို မမြင်သင့်တဲ့အရာတွေကို သူမကို သူ မပေးတွေ့ချင်ပေ။

သေချာပေါက်၊ ဒီလိုအရာတွေကို စုန့်အာ့နန်ဘက်က လုံးဝသတိမထားမိဘူးလို့ သူ မထင်ပါချေ၊ ဒါပေမယ့် မျက်လုံးနဲ့ သေချာကြည့်ပါက ကိစ္စနှစ်ခုကလုံးဝကိုကွာခြားလှသည်။

အပြင်မှာ ဘယ်သူမှ မရှိတော့ဘူးဆိုတာ သေချာမှ ဖေးခွမ်လည်း ဧည့်ခန်းဆီ ပြန်လှည့်လာလိုက်သည်။

စုန့်အာ့နန်ကို ဘယ်လိုရှင်းပြရမလဲဆိုတာ တွေးနေရင်း သူမက သူ့ကိုစိုးရိမ်တကြီး ကြည့်နေတာတွေ့လိုက်ရသည်။

"ရှင့်အလုပ်ကို ကျွန်မ နှောင့်ယှက်မိသွားလား?"

ဖေးခွမ် ရုတ်တရက် စိတ်ဆိုးသလိုခံစားလိုက်ရသည်။

သူမရဲ့ တုံ့ပြန်မှုကို အကဲဖြတ်ရရင် ဒီကောင်မလေးကတကယ်မသိတာဘဲ အာ။

စုန့်လင်းချွမ် ပြောစကားအရ ဒီကောင်မလေးက ဖြူစင်တဲ့စာကြမ်းပိုးလေး၊ အရမ်းတုံးအတယ် ဆိုတဲ့အတွက် သူမရဲ့ မသိနားမလည်မှုက အဓိပ္ပါယ်ရှိသည်။

ဒါပေါ့ ‌ဒီအရှုပ်အကြောင်း ဖေးခွမ်လည်း သူမကိုမရှင်းပြလိုက်တော့ဘဲ ဒါကိုဖယ်ပစ်လိုက်ဖို့ ပုံမှန်ဆင်ခြေတချို့ပေးလိုက်သည်။

သူက သူမလက်ကိုပွတ်လိုက်ပြီး "ဒါက မင်းနဲ့မဆိုင်ပါဘူး၊ သူနဲ့ကိုယ်လည်း ရိုက်စရာ scene သိပ်အများကြီးမရှိသလို သူနဲ့လည်း မရင်းနှီးဘူး။ ဒါကြောင့် ကိုယ်သူ့ကိုတကယ် မကူပေးနိုင်တာ"

ဒါတွေအားလုံးကို စုန့်အာ့နန် တကယ်နားမလည်ပေမယ့် ထပ်မတွေးနေတော့ပေ။

ဖေးခွမ်က သူမကို ချွေးသိပ်ဖို့ကြိုးစားနေမှန်း သူမသိပေမယ့် ဒါကအဆင်ပြေသည်၊ ဘာဘဲဖြစ်ဖြစ် သူတို့အလုပ်တွေကို နှောင့်ယှက်ဖို့ သူမ ဒီမှာအကြာကြီးနေမှာမှမဟုတ်ဘဲ။

ဒီက်ိစ္စကို ရှင်းလင်းပြီးသွားတော့ အစောပိုင်းက လည်စည်းကိစ္စကိုတော့ မဖြေရှင်ရသေးပေ။

စုန့်အာ့နန်က လည်စည်းကို တိတ်တိတ်လေးပြန်ယူဖို့လုပ်လိုက်ပေမယ့် ဖေးခွမ်အရင်လက်ဦးသွားသည်။

သူမက သူ့ကို ‌အကြောင်းပြချက်ကောင်းကောင်းပေးဖို့ကြိုးစားလိုက်သည်။ "အခု အဲ့ဒါ ကျွန်မကို ပြန်ပေးပါ၊ နောက်တစ်ခေါက်ကျရင် ရှင့်အတွက် အသစ်တစ်ခုထိုးပေးမယ်"

အဲ့ဒီတစ်ခုက အရမ်းရုပ်ဆိုးပြီး လီစစ်ရွှေ့ပြောသလိုမျိုး တော်တော်ဆိုးရွားသည်။

ဒါပေမယ့် ဖေးခွမ်ကတော့ မလှုပ်ပေ။ အဲ့ဒီအစား "ဟင့်အင်း၊ ကိုယ် ဒီတစ်ခုကိုဘဲကြိုက်တာ၊ ဒါက မင်းထိုးထားတဲ့ ပထမဆုံးလည်စည်းလေ။ ဒီတော့ ဒါကအထူး အဓိပ္ပါယ်ရှိတယ်"

သူ့ကို သူမ တကယ်မနိုင် နိုင်မှန်းတွေ့လိုက်ရတော့ စုန့်အာ့နန်လည်း အလျှော့ပေးလိုက်ရတော့သည်။

ဒါနဲ့ဘဲ ဖေးခွမ်က လည်စည်းကို အဝေးယူသွားပြီး သူမ မမှီနိုင်တဲ့ ဗီရိုပေါ်မှာထားလိုက်တာကို သူမ ကူကယ်ရာမဲ့စွာနဲ့ဘဲကြည့်နေလိုက်တော့သည်။

အဓိကအချက်ကတော့ သူက ကော်ဖီစားပွဲပေါ်မှာရှိတဲ့ နက်ကတိုင်ထည့်ထားတဲ့ လက်ဆောင်ဘူးကိုလည်း ပြောင်ပြောင်တင်းတင်းယူသွားတာပင်။

စုန့်အာ့နန် - "...."

ခုနတုန်းက သူဘဲပြောတော့ နက်ကတိုင်မလိုတော့ဘူးဆို၊ လူလိမ်!

သူမမျက်လုံးတွေထဲက မကျေမနပ် ဖြစ်မှုတွေကို ဖေးခွမ်သေချာပေါက် သဘောပေါက်ပေမယ့် လျစ်လျူရှုထားလိုက်သည်။

လူကြီးတွေက ရွေးချယ်ရတဲ့ မေးခွန်းတွေကို မလုပ်ဘူး။ သေချာပေါက် သူနှစ်ခုလုံးရွေးမှာဘဲ။

ဒီကိစ္စတွေပြီးသွားတော့ တကယ်နောက်ကျနေပြီဖြစ်သည်။ ဒါနဲ့ ဖေးခွမ်က သူရေသွားချိုးနေတဲ့အချိန် စုန့်အာ့နန်ကို အရင်သွားအိပ်ဖို့ ပြောလိုက်သည်။

ဒါပေမယ့် ရေချိုးခန်းထဲ သူမဝင်ခင် လီတုန်ကို မက်ဆေ့ခ်ျတစ်စောင်ပို့လိုက်သည်။

[ခုနတုန်းက ကျန်းလင် ကျွန်တော့်အခန်းတံခါးလာခေါက်ပြီး ကျွန်တော့်ကိုလာရှာတယ်၊ ကျွန်တော်တို့ စကားပြောဖို့ လိုပြီဆိုတဲ့အကြောင်း သူ့အေးဂျင့်ကိုပြောလိုက်၊ ဒီလိုမျိုး နောက်တစ်ခေါက် မဖြစ်စေချင်ဘူး]

ဖေးခွမ်ဆီက မက်ဆေ့ခ်ျကိုမြင်တဲ့အချိန်က လီတုန်တစ်ယောက် ရေချိုးပြီးလို့ အိပ်တော့မလို့ လုပ်နေတာဖြစ်ကာ ချက်ချင်းနိုးသွားရတော့သည်။

ဖေးခွမ်ရဲ့အေးဂျင့်အဖြစ် နှစ်ပေါင်းများစွာ လုပ်လာခဲ့တာကြောင့် ဒီလိုအခြေအနေက သူကြုံရတဲ့ပထမဆုံးအကြိမ်လို့မဆိုနိုင်တဲ့အတွက် ဘာလုပ်ရမလဲဆိုတာ သူမေးစရာတောင်မလိုပေ။

All Chapters