← Chapters

အခန်း (၁၂၁)

Vol. 10 Ch. 121

အခန်း (၁၂၁)

Vol. 10 Ch. 121

ဖျော်ဖြေရေးလောကထဲက ဖေးခွမ်ရဲ့ လက်ရှိနေရာကိုထားဦး၊ သူ့ရဲ့ရုပ်ရည်တစ်ခုတည်းနဲ့တင် သူတို့ကိုယ်တိုင်သူ့ဆီ ပစ်ဝင်လာကြတဲ့သူတွေဆိုတာ မရှားပေ။

ဖေးခွမ် ရေချိုးခန်းထဲဝင်သွားတော့ စုန့်အာ့နန်က ဧည့်ခန်းထဲမှာ တစ်ယောက်ထဲကျန်ခဲ့သည်။ အစက သူမ သိပ်မစဉ်စားမိပေမယ့် သူမ ပျင်းပျင်းရိရိ ထိုင်နေရင်းနဲ့ မနေနိုင်ဘဲ ကိစ္စတွေကို နည်းနည်းစပြီးအတွေးလွန်လာမိသည်။

ညဉ့်နက်ချိန်မှာ အမျိုးသား သရုပ်ဆောင်တစ်ယောက်ရဲ့အခန်းတံခါးကို လာခေါက်တယ်ဆိုတာက ဘယ်လိုကြည့်ကြည့် ထူးဆန်းလှသည်။

သူမသာဆိုရင်၊ ညဉ့်နက်ချိန်မှာ သူမတို့ဌာနက အမျိုးသားဆရာဝန်တစ်ယောက်ရဲ့အခန်းတံခါးကို အစပျိုး သွားခေါက်လိမ့်မည်မဟုတ်ပေ။ အဲ့ဒါက အလုပ်ကိစ္စကြောင့် ဆိုရင်တောင် သူမအနေနဲ့ ဖုန်းဘဲခေါ်လိုက်မှာပေါ့ မဟုတ်ဘူးလား?

ဒါက ဖျော်ဖြေရေးလောကထဲမှာ ပုံမှန်ဘဲလား?

စုန့်အာ့နန် နားမလည်ပေမယ့် လီစစ်ရွှေ့က ဒီလိုဖျော်ဖြေရေးနယ်ပယ်က ကိစ္စတွေဆို အရမ်းဗဟုသုတရှိတာကြောင့် သူမ လီစစ်ရွှေ့ဆီ လှည့်ပတ်မေးကြည့်လိုက်သည်။

ဒါပေမယ့် လီစစ်ရွှေ့ပြန်ဖြေလာတာကိုကြည့်ရင်း စုန့်အာ့နန် အံ့ဩသွားရသည်။

ဒီတော့ အဲ့ဒီအမျိုးသမီးသရုပ်ဆောင်က အလုပ်ကြောင့်လာတာ လုံးဝမဟုတ်ဘဲ ...

ဖေးခွမ် ရေချိုးခန်းထဲကနေ ဆံပင်အခြောက်ခံပြီးထွက်လာတော့ စုန့်အာ့နန်က ဆိုဖာပေါ် လက်ပိုက်ထိုင်ကာ သူ့ကိုစိုက်ကြည့်နေတာကို တွေ့လိုက်ရသည်။

"ဘာဖြစ်လို့လဲ?" သူက မသေချာစွာနဲ့မေးလိုက်သည်။

စုန့်အာ့နန်က ဒေါသထွက်စွာနဲ့ ဆိုလာသည်။ "အခုကျွန်မအကုန်လုံးသိပြီ!"

ဖေးခွမ် နည်းနည်းနားမလည်နိုင် ဖြစ်သွားသည်။ "ဘာကိုသိတာလဲ?"

စုန့်အာ့နန်က ဟမ့် ခနဲလုပ်လိုက်ပြီး တံခါးဘက်ကိုလက်ညှိုးထိုးလိုက်ကာ "ခုနတုန်းက အဲ့ဒီ မိန်းမ၊ သူက ရှင်နဲ့ ဇာတ်ညွှန်းအကြောင်း ဆွေးနွေးချင်လို့ လာတာလုံးဝမဟုတ်ဘူး!"

သူက ကိုယ်ရေးကိုယ်တာအတွက် သူ့ဆီလာတာ ရှင်းနေတာပဲ!

ဖေးခွမ် - "....."

သူရေသွားချိုးနေတဲ့ အချိန်တိုလေးအတွင်းမှာ ဒီကောင်မလေး epiphany ဖြစ်သွားလိမ့်မယ်လို့ သူမထင်ထားပါချေ။

"မပျော်ဘူးလား?" ဖေးခွမ်က စုန့်အာ့နန်ဆီလျှောက်သွားပြီး အပြုံးနဲ့မေးလိုက်သည်။

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး တစ်ဖက်လှည့်ကာ သူ့ကိုလျစ်လျူရှုလိုက်သည်။

အဲ့ဒီမိန်းမရဲ့ ဖေးခွမ်ကို လာရှာရတဲ့ တကယ့်ရည်ရွယ်ချက်ကို ‌စဉ်းစားကြည့်ရုံနဲ့ သူမကိုဒေါသထွက်လာစေသည်။

ဖေးခွမ်က စုန့်အာ့နန် လက်ကိုကိုင်လိုက်ပြီး နူးနူးညံ့ညံ့ရှင်းပြလာသည်။ "ဒီကိစ္စမှာ၊ ကိုယ်က နစ်နာသူဖြစ်သင့်တာ၊ ဒီတော့ မင်း ကိုယ့်ကို အပြစ်တင်လို့မရဘူး"

စုန့်အာ့နန်က မပျော်မရွှင်နဲ့ ပြန်ချေပသည်။ "ဘာလို့ရှင့်ကိုအပြစ်တင်လို့မရ ရမှာလဲ?"

ဒီကောင်မလေးရဲ့ ဒီလိုဆန်းသစ်တဲ့ပုံစံကိုမြင်လိုက်ရတောါ ဖေးခွမ်မနေနိုင်ဘဲ သူမကိုစလိုက်သည်။ "ကိုယ့်ကို ဘာအတွက်အပြစ်တင်မှာလဲ?"

စုန့်အာ့နန်က ဖြစ်ညှစ်မပြောခင် အတော်ကြာ ရုန်းကန်လိုက်ရပြီး "....လူတွေကိုအရမ်းဆွဲဆောင်နိုင်တာကြောင့် အပြစ်တင်မယ်"

ဖေးခွမ် - "...."

ဒါပေမယ့် သူကတော့ စုန့်အာ့နန်ကို အကြာကြီး မစိုးရိမ်နေစေချင်ပေ။

ဒီတစ်ခေါက်တော့၊ ပြဿနာကို ရှောင်မယ့်အစား၊ သီးသန့်မျက်နှာသာပေးတာတွေ၊ လျှို့ဝှက်ပါတနာတွေစတဲ့ အကြောင်းအရာမျိုးနဲ့ ဒီလောကမှာ ဖြစ်တတ်တဲ့ဒီလိုအရာတွေအကြောင်း ဖေးခွမ်က စိတ်ရှည်ရှည်နဲ့ ရှင်းပြလိုက်သည်။ သူဖြစ်ချင်တာက နောင်မှာ ဒီလိုဆက်စပ်နေတဲ့အကြောင်းတွေ အွန်လိုင်းပေါ်မှာ စုန့်အာ့နန်တွေ့ခဲ့ရင် အတွေးမလွန်စေဖို့ပင်။

"ဒီလိုကိစ္စတွေထဲ ကိုယ်ဘယ်တုန်းကမှ မပါဘူး၊ လင်းချွမ်ကို မေးကြည့် သူသိတယ်" ဖေးခွမ်က ပြောလာသည်။

သူတို့ရဲ့ နယ်ပယ်က သိပ်မကြီးပေမယ့် နည်းနည်းလောက် လိုက်ပတ်မေးလိုက်တာနဲ့ ကိစ္စအတော်တော်များများ သိနိုင်လိမ့်မည်ပင်။ အထူးသဖြင့် ကိုယ်ကျင့်တရားလို ကိစ္စတွေမှာ လူအများစုက အတိုင်းအတာတစ်ခုအထိ သိကြသည်။

စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "ရှင့်ကို သံသယဝင်တာမဟုတ်ပါဘူး၊ ဒီတိုင်း...."

ဖေးခွမ်က သူမစကားကိုထောက်လိုက်သည်။ "ဒီတိုင်းဘာဖြစ်လဲ?"

စုန့်အာ့နန်က နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး ဘာကြောင့်မှန်း သူမ မသိပေမယ့် ဒီအမျိုးသမီးရဲ့ ရည်ရွယ်ချက်ကို သူမ သိလိုက်ရတော့ မပျော်မရွှင် ဖြစ်သလိုခံစားရသည်။

ဒါက ဖေးခွမ်နဲ့မဆိုင်ဘူးဆိုတာ သူမ သိပေမယ့် အဲ့ဒီအမျိုးသမီးအပေါ်တော့ သူမ စိတ်မတိုဘဲ မနေနိုင်ချေ။ ပြန်စဉ်းစားကြည့်ရင် သူမတကယ်ဘဲ နည်းနည် အကျိုးအကြောင်းမသင့်ဖြစ်ခဲ့မိသည်။

အဲ့ဒါက သူမ သဝန်တိုနေသလိုပင်။

ဒီဖြစ်နိုင်ချေကိုစဉ်းစားကြည့်လိုက်တော့ စုန့်အာ့နန်က ဖေးခွမ်လက်ကို တွန်းထုတ်လိုက်ပြီး ဆိုဖာကနေထရပ်လိုက်သည်။

"ပင်ပန်းနေပြီ၊ သွားအိပ်တော့မယ်"

သူမရဲ့ ဖုံးကွယ်ထားတဲ့ အပြုအမူကိုမြင်တော့ ဖေးခွမ် မနေနိုင်ဘဲ အော်ရယ်လိုက်မိသည်။ ဒါပေမယ့် သူမကိုတော့ မေးခွန်းဆက်မမေးတော့ပေ။ အဲ့ဒီအစား သူဘက်ကနေစပြီး သူမအတွက် အိပ်ယာပြင်ပေးလိုက်သည်။

"အဆင်သင့်ဘဲ သွားအိပ်တော့"

ပြောလို့ပြီး‌သွားတော့ သူကစောင်တစ်ထည်ယူလိုက်ကာ ဆိုဖာမှာသွားအိပ်ဖို့ ပြင်ဆင်လိုက်သည်။

စုန့်အာ့နန် စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းနေမိပြီးမှ သူ့လက်ကို လှမ်းဆွဲလိုက်သည်။ "အဲ့ဒီဆိုဖာကအရမ်းကျဉ်းတယ် ကျွန်မဘဲ ဆိုဖာမှာအိပ်လိုက်မယ်၊ ရှင်အိပ်ရင် အဆင်ပြေမှာမဟုတ်ဘူး"

ဖေးခွမ်က ပြုံးပြီး သူမ လက်ကိုပုတ်လိုက်ကာ "လိမ်လိမ်မာမာနေ၊ အဆင်ပြေတယ်၊ ကိုယ်ကအဲ့လောက်လည်း မပျော့ပါဘူး"

ဒါပေမယ့် စုန့်အာ့နန်က ခေါင်းခါလိုက်သည်။ "ရှင် မနက်ဖြန် အလုပ်ရှိသေးတယ်လေ၊ ကျွန်မဘဲဆိုဖာပေါ်မှာအိပ်လိုက်တာ ပိုကောင်းတယ် ကျွန်မမှာ ဘာမှလုပ်စရာမရှိဘူး"

သေချာပေါက်ကို ဖေးခွမ်က စုန့်အာ့နန်ကို ဆိုဖာပေါ်မှာ အိပ်ခွင့်မပေးပါချေ။ ဒါပေမယ့် စုန့်အာ့နန်ကလည်းအရမ်းခေါင်းမာသည်။ နောက်ဆုံး ဆုံးဖြတ်လို့မရတော့ စုန့်အာ့နန်က ညှိလိုက်သည် - နှစ်ယောက်လုံး အိပ်ယာပေါ်မှာအိပ်မည်။

ဘာဘဲဖြစ်ဖြစ် အိပ်ယာက တော်တော်ကြီးတယ်လေ!

ဖေးခွမ်က သူမကို အပြုံးဖျော့ဖျော့နဲ့ ကြည့်လိုက်သည်။ "ဒါက ကိုယ့်ကို ယုံတာလား?"

စုန့်အာ့နန်က နှုတ်ခမ်းသပ်လိုက်ပြီး သဘောတူသလို တိုးတိုးလေး ရေရွတ်လိုက်သည်။

အခန်းထဲက လေအေးပေးစက်ကိုအရမ်း မြင့်မြင့်ထားထားတဲ့အတွက် သိပ်မအေးပေ။ ဖေးခွမ်က စုန့်အာ့နန်ကို စောင်ခြုံပေးလိုက်ပြီး သူကိုယ်တိုင်လည်း စောင်တစ်ထည်ခြုံလိုက်သည်။

နှစ်ယောက်သား အိပ်ယာပေါ်မှာလှဲနေကြရင်း စုန့်အာ့နန်မှာ အပြင်ပိုင်းကလို မတည်ငြိမ်နေပေ။ သူမတစ်ကိုယ်လုံးက တောင့်တင်းနေသည်။

ဖေးခွမ်လည်း သူ့ဘေးကလူရဲ့ စိုးရိမ်မှုကိုသဘာဝအလျောက် ခံစားမိပြီး သူ့ရင်ထဲ နည်းနည်းကူကယ်ရာမဲ့သွားကာ သူမကို အာရုံလွဲပေးဖို့ဘဲ လုပ်လိုက်သည်။

" ဖန်အယောင်ဆောင်ပြီး ရိုက်ကူးရေးနေရာထဲဝင်ဖို့ မင်းဘယ်လို စဉ်းစားမိတာလဲ?"

အဲ့ဒီတုန်းက သူတကယ်လန့်သွားခဲ့တာဖြစ်သည်။

စုန့်အာ့နန်က သူ့ကိုစောင်းကြည့်လိုက်ပြီး ခေါင်းမာမာနဲ့ပြန်ဖြေလိုက်သည်။ "ဘယ်သူက အယောင်ဆောင်တာလဲ၊ ကျွန်မကရော ရှင့်ဖန်ဖြစ်လို့မရဘူးလား?"

ဖေးခွမ်က မျက်ခုံးနည်းနည်းပင့်လိုက်ပြီး "အိုး" လို့ဆိုလိုက်ကာ အတော်ကြာရပ်နေပြီးမှ ဖြည်းဖြည်းချင်းပြောလာသည်။ "မင်းက ကိုယ့်ဖန်ဆိုရင် မင်း ဒါကိုဖုံးကွယ်ထားရမယ်"

စုန့်အာ့နန်က တစ်ခဏလောက် နားမလည်နိုင်ဖြစ်သွားသည်။ "ဘာဖြစ်လို့လဲ?"

ဖေးခွမ်က ခပ်တိုးတိုးရယ်လိုက်ပြီး ရုတ်တရက် လှည့်လာကာ စုန့်အာ့နန်ကို စောင်ကနေဖြတ်ပြီး ဖိလိုက်သည်။

တစ်ယောက်ကအပေါ်၊ တစ်ယောက်ကအောက်နဲ့ နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် စူးစိုက်ကြည့်လိုက်ကြသည်။

သူတို့ကြားမှာ လက်သီးတစ်လုံးစာသာ ရှိတော့ကာ လေထုကလည်း ချက်ချင်းဘဲ မရေမရာဖြစ်လာသည်။

"တခြားသူတွေပြောမှာ စိုးလို့လေ" ဖေးခွမ်က သူမရဲ့ နားရွက်ကို ဖြည်းဖြည်းလေး တတိတိကိုက်လိုက်ပြီး "ကိုယ့်ဖန်နဲ့ အိပ်တယ်ဆိုပြီးတော့လေ"

စုန့်အာ့နန်စိတ်ထဲ ဝုန်း ခနဲဖြစ်သွားပြီး ချက်ချင်းဘဲ ဗလာဖြစ်သွားသည်။

သူမတစ်ကိုယ်လုံးက ကျက်အောင်ချက်ထားတဲ့ ပုဇွန်လိုမျိုး သူမရဲ့နားရွက်အောက်ခြေတွေတောင် နီရဲလာသည်။ သူမက သူ့ကို အတွေးထဲနစ်နေသလို တွန်းလိုက်ပြီး "ဘာမဟုတ်တာတွေ ပြောနေတာလဲ?"

ဖေးခွမ်က သာမာန်ကာလျှံကာ ပြန်လှဲချပြီး ဘဝင်ခိုက်နေသလို ရယ်လိုက်သည်။ "ကိုယ်က မဟုတ်တာတွေပြောနေတယ်လား?"

"သေချာပေါက်ကို မဟုတ်တာတွေပြောနေတာ" စုန့်အာ့နန်က သူ့ကို စူးစိုက်ကြည့်လိုက်ပြီး အသံတိုးတိုးနဲ့ရေရွတ်လိုက်သည်။ "ကျွန်မတို့ အတူတူမအိပ်ဖူးဘူး"

ဖေးခွမ်မှာ တစ်ခဏလောက် ရပ်သွားပြီး သူ့ရယ်သံကိုမထိန်းနိုင်တော့ဘဲ ပြောလာသည်။ "ဒါက မင်းကိုယ့်ကိုတစ်ခုခု သွယ်ဝိုက်ပြောချင်နေတာလား?"

စုန့်အာ့နန်မှာ စက္ကန့်နည်းနည်းလောက် နားမလည်ဖြစ်သွားပြီး တုံ့ပြန်တာနှေးသွားသည်။ "ဟင်?"

ဘာကိုသွယ်ဝိုက်ပြောတာလဲ?

ဖေးခွမ်က သူမကို အပြုံးမမည်တဲ့အပြုံးနဲ့ ကြည့်လိုက်ပြီး သူမကိုအပေါ်အောက် စုန်ချည်ဆန်ချည်ကြည့်လိုက်ကာ သူ့အကြည့်က သူမကို ထွင်းဖောက်ကြည့်ချင်နေသလိုပင်။

နောက်တစ်စက္ကန့်မှာဘဲ သူက သူမကိုငုံ့နမ်းလာသည်။

deep kiss ပြီးသွားတဲ့နောက်မှာတော့

စုန့်အာ့နန်မှာ အိပ်ယာပေါ်မှာ ပျော့ခွေတဲ့အထိ နမ်းခံလိုက်ရသည်။

သူမက မိန်းမောစွာနဲ့ သူမရဲ့ နီရဲနေတဲ့ မျက်နှာနဲ့ ခေါင်းတစ်လုံးကိုဖော်ထားကာ စောင်ထဲမှာပက်လက်လေးလှဲနေသည်။

ဖေးခွမ်က စောင်ပေါ်ကနေ သူမကိုဖက်ပြီး ညင်ညင်သာသာ ပြောလိုက်သည်။ "လိမ်လိမ်မာမာနေ၊ အိပ်တော့"

ဖေးခွမ်ဆီက အနမ်းခံရပြီးတဲ့နောက် စုန့်အာ့နန်နည်းနည်းစိတ်ရှုပ်ထွေးသွားသည်။ အခု သူမဘယ်လိုလုပ်အိပ်ပျော်နိုင်တော့မှာလဲ?

ခုနလေးတုန်းက ဖေးခွမ်ရဲ့အကြည့်က သူမကို သူ... ဒါပေမယ့် အကြောင်းပြချက်တချို့ကြောင့် အဆုံးမှာ သူ သူမကိုနမ်းဘဲနမ်းခဲ့သည်။

အစောပိုင်းက သူမ ငြင်းလိုက်တာကြောင့်များလား?

ဒါပေမယ့် သူမ မလိုလားတာတော့မဟုတ်ပေ။ သူမက ဒီတိုင်း မပြင်ဆင်ထားရတော့ အမှတ်တမဲ့ တုံ့ပြန်လိုက်မိတာဖြစ်သည်။

စုန့်အာ့နန် ရုတ်တရက် အစောပိုင်းက သူ့စကားတွေကိုပြန်စဉ်းစားလိုက်သည်။ "ကိုယ်မင်းကို တစ်နည်းနည်းနဲ့ သက်သောင့်သက်သာမရှိအောင် ဒါမှမဟုတ် တွန်းအားပေးသလို ခံစားရအောင် လုပ်မိနေလား?"

ဒီတော့ သူအထင်လွဲနေတာဖြစ်ရမယ် မဟုတ်လား?

နီးကပ်နေတဲ့ ဖေးခွမ်ရဲ့မျပ်ခုံးတွေကိုကြည့်ပြီး သူမက ဆုံးဖြတ်ချက်ချလိုက်တဲ့ပုံနဲ့ ပြောလိုက်သည်။ "တကယ်လို့...."

ဒါပေမယ့် စုန့်အာ့နန် စကားမဆုံးခင် ဖေးခွမ်ကဖြတ်ပြောလာသည်။ "တကယ်လို့ မနေနဲ့တော့၊ အိပ်တော့"

သူပိုဝေးဝေးသွားဖို့ သည်းမခံနိုင်တော့ဘူး။

ဖေးခွမ်က သူမရဲ့ မျက်ခုံးတွေကို ဖြည်းဖြည်းလေး ပွတ်လိုက်ကာ ပြုံးလိုက်သည်။ "သိပ်မတွေးနဲ့၊ အခု အချိန်မကျသေးဘူး"

စုန့်အာ့နန် မျက်တောင်ခတ်လိုက်သည်။ အခု အချိန်မကျသေးဘူး?

ဒါ‌ဆို ဘယ်တော့မှ အချိန်ကျမှာလဲ?

သူမ တစ်နေ့လုံးသွားလာနေရတာကြောင့်ဖြစ်မည် စိတ်ထဲမှာ ဒီလိုသံသယတွေနဲ့အတူ သူမ မသိလိုက်ခင်မှာဘဲ အိပ်ပျော်သွားသည်။

သူ့ဘေးက အသက်ရှူသံတိုးတိုးကိုကြားတော့ ဖေးခွမ်မျက်လုံးဖွင့်လိုက်သည်။

ညမီးရောင်အသေးလေးကနေ မှိန်ဖျော့ဖျော့အဝါရောင် အလင်းကိုထုတ်လွှတ်နေသည်။

သူက သူ့ဘက်မှာလှဲနေပြီး အိပ်ပျော်နေတဲ့စုန့်အာ့နန်မျက်နှာကိုကြည့်နေကာ ညမီးရောင်က သူ့မျက်လုံးထဲ ရောင်ပြန်ဟပ်နေသည်။

နောက်တစ်ခဏမှာ သူအပြုံးနဲ့အတူ တီးတိုးပြောလာသည်။ "ဒီနေ့ ရောက်လာပေးတဲ့အတွက် ကျေးဇူးပါ"

ရိုက်ကူးရေးနေရာမှာ စုန့်အာ့နန်ပေါ်လာတာကို သူမြင်လိုက်ရတဲ့ အခိုက်အတန့်မှာ ကိုယ်သဘောကျနေရတဲ့သူဆီက ပြန်သဘောကျရတဲ့ခံစားချက်က ခံစားလို့တကယ်ကောင်းတယ်ဆိုတာ ဖေးခွမ် ဝန်ခံရမည်။

-

နောက်တစ်နေ့မနက် စုန့်အာ့နန် နိုးလာတဲ့အချိန် ဖေးခွမ်က ဆေးကြောသန့်စင်ပြီးပြီဖြစ်ကာ သိပ်မဝေးတဲ့နေရာမှာ မနက်စာစားနေသည်။

"ဘယ်အချိန်ရှိပြီလဲ? ဘာလို့ ကျွန်မကိုမနှိုးတာလဲ?" စုန့်အာ့နန်က မျက်လုံးတွေကို ပွတ်ပြီး အိပ်ယာကနေထလိုက်သည်။

ဖေးခွမ်က ပြုံးကာ ပြောလိုက်သည်။ "အခုထိ ၇နာရီတောင်မထိုးသေးဘူး။ ဒီနေ့ ကိုယ့်ကို ဖုန်းအစောကြီးခေါ်လာလို့ ပြန်အိပ်လေ"

အခုထိ ၇ နာရီမထိုးသေးဘူးဆိုတာကိုကြားလိုက်ရတော့ တကယ် အစောကြီးရှိနေသေးသည်။ နိုးနေတဲ့အတွက် စုန့်အာ့နန်လည်း ထပ်အိပ်ဖို့မလုပ်တော့ပေ။

"မအိပ်တော့ဘူး။ နေ့ဘက် ပင်ပန်းလာမှ တစ်ရေးအိပ်လိုက်တော့မယ်။ ဘာဘဲဖြစ်ဖြစ် လုပ်စရာရှမရှိဘဲ"

ပြောပြီးသွားတော့ သူမက ရေချိုးခန်းဆီသွားကာ ဆေးကြောသန့်စင်လိုက်သည်။

စုန့်အာ့နန် ဆေးကြောသန့်စင်ပြီးလို့ ထွက်လာတော့ ဖေးခွမ်လည်း မနက်စာ စားပြီသွားပြီဖြစ်သည်။

သူက လျှောက်လာပြီး စုန့်အာ့နန်နဖူးကို နမ်းလိုက်ကာ တောင်းပန်သလို ကြည့်လာသည်။ "တောင်းပန်ပါတယ်၊ မင်းက ဒီကိုတစ်လမ်းလုံးလာခဲ့ရတာ ကိုယ်ကတော့ မင်းနဲ့အတူမရှိပေးနိုင်ဘူး"

ဒရာမာက လက်ရှိမှာ အရေးကြီးတဲ့အချိန်ကိုရောက်နေတာဖြစ်ကာ အဓိကဇာတ်ဆောင်အနေနဲ့ သူ့မှာလေစလံတဲ့တာဝန်တွေကို ထမ်းထားရသည်။ ဒီအချိန်မှာ ခွင့်တောင်းဖို့ဆိုတာ အရမ်းခက်ခဲသည်။ နောက်ဆုံးမှာတော့ ထုတ်လုပ်မှုတွေက နေ့တိုင်းပိုက်ဆံကုန်နေရသည်။ ရိုက်ကူးရေးနှောင့်နှေးတာက သေးသေးမွှားမွှားကိစ္စမဟုတ်ပေ။

သေချာပေါက်ကို စုန့်အာ့နန်လည်း ဒါကိုနားလည်သည်။ သူမက ခေါင်းခါလိုက်ပြီး "ကျွန်မနဲ့ အတူရှိပေးဖို့မလိုပါဘူး။ ဘာဘဲဖြစ်ဖြစ် ကျွန်မက ရှင့်မွေးနေ့ကိုလုပ်ပေးဖို့လာတဲ့သူလေ"

ဖေးခွမ်က တကယ်ကို အလုပ်များနေတာဖြစ်သည်။ မကြာခင်မှာဘဲ လျှိုဟောက်က တံခါးလာခေါက်ခဲ့သည်။

ဟိုတယ်ကနေထွက်လာတော့ နှစ်ယောက်သား ဝင်ပေါက်က ကားပါကင်ဆီ တိုက်ရိုက်သွားလိုက်ကြပြီး ရိုက်ကူးရေးနေရာဆီ မောင်းသွားလိုက်သည်။

ဖေးခွမ်ရဲ့ဘေးမှာထိုင်ရင်း သူ့လည်ပင်းက လည်စည်းကို လျှိုဟောက် သတိထားလိုက်မိသည်။ "ဟေး ဖေးကော ဘယ်တုန်းက လည်စည်းဝယ်လိုက်တာလဲ? အရင်ကဒါကိုမမြင်ဖူးပါဘူး"

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူ့မျက်လုံးတွေက စိတ်ကြီးဝင်မှုအပြည့်ပင်။ "ကြည့်လို့ကောင်းလား?"

သိသိသာသာကို ဆွဲဆောင်မှုမရှိနေတဲ့ လည်စည်းကိုကြည့်ရင်း လျှိုဟောက် ဖေးခွမ်ကို မသေချာမရေရာစွာကြည့်လိုက်သည်။

ဖေးခွမ်က သူပြောမှာကိုတောင် စောင့်မနေချေ။ သူ့သဘောကျရတဲ့ လည်စည်းကိုပွတ်သတ်ရင်း ဆက်ပြောလိုက်သည်။ "ဒါက်ို အာ့နန်ကိုယ်တိုင် ငါ့အတွက် ထိုးထားပေးတာ၊ တကယ်နွေးတာဘဲ"

လျှိုဟောက် -"....."

-

စုန့်အာ့နန်က နားရက်သုံးရက်ယူခဲ့သည်။ သူမက ပြန်ဖို့အလျင်မလိုနေဘဲ ဟိုတယ်မှာဘဲ တစ်ချိန်လုံးနေနေသည်။

အစက ဖေးခွမ်က သူမကို လီတုန်နဲ့ အနီးအနားတစ်ဝိုက်ကို လိုက်လည်ဖို့ သွားစေချင်ပေမယ့် သေချာစဉ်းစားကြည့်ပြီးတဲ့နောက်မှာ စုန့်အာ့နန်က မသွားပါချေ။

သူတို့က စတူဒီယိုနားမှာဘဲ နည်းနည်းပါးပါးလိုက်ပတ်ပေမယ့် ခရီးသွားတွေက နေ့တိုင်းရှိနေသည်။ သူမကိုမှတ်မိသွားရင် ပြဿနာတက်လိမ့်မည်ပင်။

နှစ်ရက်နေပြီးတဲ့နောက် တတိယမြောက်နေ့ မွန်းလွဲပိုင်းတွင် စုန့်အာ့နန်တစ်ယောက် ပြန်ရမည်ဖြစ်သည်။

အစက လီတုန်ကို လိုက်ပို့ခိုင်းဖို့ သူမ စီစဉ်ထားပေမယ့် နေ့လည်ပိုင်းမှာ ဖေးခွမ်က ရုတ်တရက်ကြီး ပြန်လာပြီး ရိုက်ကူးရေးကနေ နှစ်နာရီ သူအနားရတာကြောင့် သူကိုယ်တိုင် သူမကို ပို့ချင်တယ်လို့ဆိုလာသည်။

လမ်းတစ်လျှောက်လုံးမှာ ဖေးခွမ်တစ်ယောက် သူမကို လေယာဉ်ပေါ်မှာလည်း လေအေးပေးစက်မြင့်အောင်ထားထားရင် လေယာဉ်မယ်တွေဆီကနေ စောင်တောင်းဖို့ သတိရဖို့ စသဖြင့် သေးသေးမွှားမွှားလေးကအစ မမောနိုင်မပန်းနိုင် မှာတမ်းချွေလာသည်။

မကြာခင်မှာဘဲ ကားက လေဆိပ်ကိုရောက်လာသည်။ ဖေးခွမ်က အထဲလိုက်ဝင်လို့ မရတဲ့အတွက် သူမကိုအဝင်ပေါက်အထိဘဲ လိုက်ပို့ပေးရသည်။

ကားထဲကနေမထွက်ခင် ဖေးခွမ်က စိုးရိမ်စွာနဲ့ သူမကိုပြောလိုက်သည်။ "လေယာဉ်ဆိုက်ရင် ကိုယ့်ကို မက်ဆေ့ခ်ျပို့လိုက်နော်၊ မင်း အန္တရာယ်ကင်းကြောင်း အသိပေးဦး"

စုန့်အာ့နန်လည်း နာနာခံခံနဲ့ပြန်ဖြေလိုက်သည်။ " သိပြီ"

လီတုန်က အရှေ့က ခရီးသည်ထိုင်ခုံမှာ ထိုင်နေပြီး ကောင်းကင်ကို ဆွံ့အစွာနဲ့ ကြည့်နေသည်။

မနေ့တုန်းကတောင် လီတုန် ဖေးခွမ်ကို "အဖေ" လို ရည်းစားကောင်လေးလို့ စခဲ့သေးသည်။ သူ ပြောတာလုံးဝမမှားတဲ့ပုံဘဲ။

သူ ဘယ်လိုပြုမူနေလဲဆိုတာကို အကဲဖြတ်ရရင် သူသာ တကယ်အချိန်ရရင် သူမကိုကျောင်းဝင်းထဲအထိ လိုက်ပို့မှာ သေချာပေါက်ပင်။

ဒါပေမယ့် စုန့်အာ့နန်က သူ့အနုပညာရှင်အပေါ် စိတ်မရှည်တာ မရှိတာကိုမြင်တော့ လီတုန်အရမ်းအံ့ဩသွားရသည်။

ဒါပေမယ့် ဒါက စုန့်လင်းချွမ်ရဲ့ ကျေးဇူးကြောင့်ဆိုတာ သူဘယ်သိမှာလဲ? ငယ်ငယ်ကတည်းက သူမရဲ့ဒီလိုမျိုးဝါရင့်ဂရုစိုက်သူပုံစံနဲ့ဆို ဒီလိုမြင်ကွင်းမျိုးနဲ့ စုန့်အာ့နန်က အသားကျနေပြီဖြစ်သည်။

-

သုံးနာရီအကြာ၊ စုန့်အာ့နန်တစ်ယောက် B Cityလေဆိပ်ကို ရောက်သွားသည်။

လေယာဉ်ပေါ်က ဆင်းဆင်းချင်းဘဲ စုန့်အာ့နန်သူမဖုန်းကိုထုတ်ကာ ဖေးခွမ်ဆီစာပို့လိုက်သည်။ [ကျွန်မလေယာဉ်ပေါ်က ဆင်းလာပြီ တက္ကစီခေါ်တော့မလို့]

ဖေးခွမ်ကလည်း ချက်ချင်းဘဲစာပြန်လာသည်။ [ကောင်းပြီ၊ လုံခြုံရအောင် တစ်ခုခုဖြစ်ရင် ကိုယ့်ကိုအချိန်မရွေးဖုန်းခေါ်လိုက်]

All Chapters