← Chapters

အခန်း (၁၂၂)

Vol. 10 Ch. 122

အခန်း (၁၂၂)

Vol. 10 Ch. 122

ခရီးဆောင်အိတ်နည်းနည်းနဲ့ ဘာမှစစ်စရာမလို‌ဘဲ စုန့်အာ့နန်က ဆိုင်းဘုတ်တွေနောက်လိုက်ကာ တက္ကစီထဲဝင်လိုက်သည်။

ဒါပေါ့၊ သူမက ဖေးခွမ်ရဲ့ညွှန်ကြားချက်ကို လိုက်နာပြီး ကားပေါ်မတက်ခင် သူ့ဆီပို့ပေးဖို့ လိုင်စင်နံပါတ်ပြားကိုဓာတ်ပုံရိုက်လိုက်သည်။

သူမက လူကြီးဖြစ်နေပြီဖြစ်ကာ ပြန်ပေးဆွဲခံရဖို့ဆိုတာ မဖြစ်နိုင်လို့ ဒါက နည်းနည်းမလိုအပ်ဘူးလို့ ခံစားရပေမယ့်လည်းပေါ့။

ဒါပေမယ့် သူမကို ဂရုစိုက်တဲ့သူတွေအပေါ်မှာတော့ မိုင်အပိုတွေသွားဖို့ သူမ စိတ်မရှိသလို သူတို့ဆက်ဆံရေးကိုနားလည်ပြီး သူတို့ရဲ့စိုးရိမ်မှုတွေကို ပြေလျော့အောင် လိုက်လျောညီထွေနေပေးမည်ဖြစ်သည်။

သိပ်မကြာခင်မှာဘဲ တက္ကစီက B တက္ကသိုလ်ဂိတ်ပေါက်ဆီရောက်လာသည်။ ဒရိုင်ဘာကို ပိုက်ဆံပေးပြီးတော့ စုန့်အာ့နန် ကားထဲကနေထွက်လိုက်သည်။

သူမရဲ့အဆောင်ခန်းကိုပြန်ရောက်တော့ လီစစ်ရွှေ့က အိပ်ယာပေါ်မှာ ခွေခေါက်ကာ ဇာတ်လမ်းတွဲကြည့်နေသည်။ စုန့်အာ့နန် ဝင်လာတာကိုမြင်တော့ သူမက အိပ်ယာကနေထလိုက်သည်။

"အာ့နန်၊ နင်ပြန်လာပြီ!"

စုန့်အာ့နန်က ပြုံးကာပြန်ဖြေလိုက်သည်။ "အင်း၊ ငါပြန်လာပြီ၊ ကျောင်းဂိတ်ပေါက်နားမှာ စားစရာနည်းနည်း ငါဝယ်လာတယ် နင်ညစာစားပြီးပြီလား?"

လီစစ်ရွှေ့က နှစ်ခါလောက်အီလိုက်ပြီး "အာ့နန်လေး၊ နင်က အရမ်းကောင်းတာဘဲ!"

ပြောရင်းနဲ့ သူမက အိပ်ယာပေါ်ကနေဆင်းလာပြီး အစာကျွေးဖို့ စိတ်လှုပ်ရှားစွာနဲ့ သုတ်သုတ်ပြာပြာရောက်လာသည်။

စုန့်အာ့နန်လည်းဘဲ နည်းနည်းဗိုက်ဆာနေပြီဖြစ်တဲ့အတွက် သူမလည်း အရင်ဆုံး ပြန်လာပြီး အတူစားသောက်ကာ စကားစမြည်မပြောခင် လက်သွားဆေးလိုက်သည်။

သဘာဝအလျောက် သူတို့ရဲ့စကားဝိုင်းက ဒီတလော စုန့်အာ့နန်ရဲ့ခရီးစဉ်အကြောင်းဖြစ်သည်။

စုန့်အာ့နန်က ဖေးခွမ်နဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အခန်းအတူ မျှသုံးရတာကို သိလိုက်ရတော့ လီစစ်ရွှေ့မှာ လုံးဝမတည်ငြိမ်နိုင်တော့ပေ။

"ဘာ?! နင်နဲ့ ဖေးခွမ်တို့ အခန်းအတူတူသုံးတယ်!" သူမက စုန့်အာ့နန်ကို မယုံကြည်နိုင်စွာနဲ့ကြည့်လိုက်သည်။

စုန့်အာ့နန်က ဟုတ်မှန်ကြောင်း အသံပြုလိုက်ပြီး သူမဘာလို့ အရမ်းပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲဆိုတာကို သိသိသာသာကို နားမလည်ပါချေ။ ဒီအကြောင်းကို အရင်ကလည်း သူမ လီစစ်ရွှေ့ကိုပြောပြဖူးသည်။

သူမသွားတဲ့ ပထမညတုန်းက လီစစ်ရွှေ့က သူမဘယ်မှာနေသလဲဆိုတာမေးလာပြီး လုံခြုံရအောင် တံခါးကိုလော့ချထားဖို့တောင် ပြောခဲ့သေးသည်။ သူမတောင်မှ သူမက ဖေးခွမ်နဲ့ အတူနေနေတာမို့ စိတ်မပူဖို့ပြောခဲ့သေးသည်။

"ဟုတ်တယ်လေ၊ ငါ နင့်ကိုအရင်က မပြောပြခဲ့ရဘူးလား?" သူမကပြောလိုက်သည်။

လီစစ်ရွှေ့က စက္ကန့်အနည်းငယ်လောက် အံ့အားသင့်နေပြီး ပြန်ဖြေလာသည်။ "ငါက အဲ့ဒါကို suit အခန်းတို့ ဒါမှမဟုတ် တစ်ခုခုလို့ ထင်လိုက်တာ!"

အရင်တုန်းက ရှိုးရိုက်ကူးရေးလုပ်တုန်းက သူတို့တွေက ခွဲနေကြတာကို။ သေချာပေါက် သူမက အဲ့ဒါကိုထူးဆန်းတယ်လို့မထင်ဘူးပေါ့။

စုန့်အာ့နန် -"...."

ကောင်းပြီ၊ ရှင်းရှင်းလင်းလင်းမသိတာ သူမရဲ့အမှားဘဲ။ လေထဲမှာ စက္ကန့်အနည်းငယ်လောက် ကိုးရိုးကားရားနိုင်စွာ တိတ်ဆိတ်သွားသည်။

လီစစ်ရွှေ့က စုန့်အာ့နန်ကို အဓိပ္ပါယ်အပြည့်နဲ့ကြည့်လိုက်ပေမယ့် တုံ့ဆိုင်းနေသည်။ "ငါ့ရဲ့ သဘောဝရားက idolတွေရဲ့ သီးသန့်ဘဝနဲ့ အမြဲတမ်း ခပ်ဝေးဝေးမှာနေဖို့ဆိုပေမယ့် ငါက နင့်ဖန်ဖြစ်တဲ့အပြင် နင့်သူငယ်ချင်းလည်းဟုတ်တယ်။ ဒီတော့ ဒီကိစ္စတွေကို နင့်ကို မေးတာ ဘောင်တော့မကျော်ဘူးမလား?"

စုန့်အာ့နန် - "???"

ဒီတော့ သူမ မေးချင်နေတာက သေချာပေါက်ဘာကိုလဲ?

လီစစ်ရွှေ့က စက္ကန့်အနည်းငယ်လောက် ရုန်းကန်‌နေရပြီး အသက်ပြင်းပြင်းရှူလိုက်ကာ မေးလိုက်သည်။ "အဲ့ဒါက ဒီတိုင်း၊ နင်သိပါတယ်....အဲ့ဒါလုပ်လား?"

အရင်ဆုံး စုန့်အာ့နန် မတုံ့ပြန်နိုင်သေးကာ မစဉ်းစားဘဲပြောချလိုက်သည်။ "ဘာလုပ်တာလဲ?"

ဒါပေမယ့် သူမပြောပြီးသွားတာနဲ့ လီစစ်ရွှေ့ဘာကိုဆိုလိုချင်လဲဆိုတာ သူမ ချက်ချင်းသဘောပေါက်လိုက်ပြီး မျက်နှာကနီရဲလာသည်။

"ဘ-ဘာတွေ တွေးနေတာလဲ! သေချာပေါက် မဟုတ်ဘူး!"

လီစစ်ရွှေ့လည်း ချက်ချင်းစိတ်အေးသွားသည်။ "နင်ငါ့ကိုခြောက်နေတာဘဲ။ ဖေးခွမ်က နင့်အပေါ် မတော်တရော် အတွေးတွေရှိနေတယ်လို့ ငါတစ်စက္ကန့်လောက် ထင်လိုက်မိတာ"

စုန့်အာ့နန် ရှင်းပြလိုက်သည်။ "အဲ့ဒီညမှာ တိုက်တိုက်ဆိုင်ဆိုင် အခန်းတွေမရှိတော့လို့။ ဖေးခွမ်က ငါ့ကိုဈေးသက်သာတဲ့ဟိုတည်မှာ ပေးနေဖို့ စိတ်မချလို့ အဲ့ဒါနဲ့ အတူမျှနေလိုက်တာ။ နင်ထင်နေသလို မဟုတ်ဘူး!"

လီစစ်ရွှေ့က လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီး "အဲ့ဒါက အဓိပ္ပါယ်ရှိတယ်။ နင်တို့တွဲနေတာ နှစ်လလောက်ဘဲ ရှိသေးတာမဟုတ်လား? ဖေးခွမ်သာ တကယ်....လို့ရှိရင် သူက အရမ်းလူမဆန်တာဘဲ။ ဟုတ်တယ်၊ အရမ်းမြန်လွန်းတယ်"

ပြန်စဉ်းစားကြည့်ရင် သူမတို့နှစ်ယောက်တွဲတာ နှစ်လကျော်ကျော်လောက်ဘဲ ရှိသေးသည်ပင်။ သူမတို့အဲ့ဒီလောက်ဝေးဝေးကြီးသွားရင် တကယ်အရမ်းမြန်နေလိမ့်မည်ပင်။

စုန့်အာ့နန် တစ်ခဏလောက် ဘာပြောရမှန်းမသိဖြစ်သွားကာ ပြန်မေးလိုက်သည်။ "ဒါဆို.....ဘယ်လောက်ကြာမှ သင့်တော်တာလဲ?"

ဒီမေးခွန်းအတွက်ဆို၊ လီစစ်ရွှေ့လည်း သိပ်မသေချာပါချေ။ သူမက တစ်သက်လုံး single ဖြစ်လာတာလေ၊ ဒီလိုကိစ္စတွေကို ဘယ်လိုလုပ်သိမှာလဲ!

စုန့်အာ့နန်က မိန်းမောစွာနဲ့ ခေါင်းညိတ်လိုက်သည်။

တစ်နှစ်ခွဲ၊ ဟမ်။ ကောင်းပြီလေ။ သူမ စိတ်ထဲ အကြမ်းဖျင်း အကြံတစ်ခုရလာခဲ့သည်။

ဒီတစ်ခေါက် ပြန်လာပြီးတဲ့နောက် စုန့်အာ့နန်ရဲ့ ဆေးရုံနဲ့ ဆေးကျောင်းကြားက အလုပ်များတဲ့နေ့ရက်တွေဟာလည်း ပြန်လည်စတင်လာသည်။

သိပ်မကြာခင်မှာဘဲ သူမ ဌာနအသစ် တစ်ခုဆီရောက်သွားပြီး လီစစ်ရွှေ့နဲ့ကွဲသွားသည်။ သို့ပေမယ့် သူတို့ရဲ့ဌာနက နီးတဲ့အတွက် တစ်ခါတစ်လေ အတူတူစားသောက်လို့ရသေးသည်။

ဒီဇင်ဘာကုန်တော့ နှစ်သစ်ကိုရောက်လာသည်။

နှစ်သစ်ကူးအကြိုနေ့မှာ၊ စုန့်အာ့နန်က ဆေးရုံမှာ ဂျူတီရှိနေသည်။ ဖေးခွမ်နဲ့ စုန့်လင်းချွမ်လည်း မပြန်လာကြပါချေ။

ပုံမှန်အားဖြင့် ဖျော်ဖြေရေးနယ်ပယ်ရှိ ထိပ်တန်းနာမည်ကြီးတွေအနေနဲ့ ဂြိုဟ်တုTVက ဒီလို အားလပ်ရက်ည ဖြစ်တဲ့ နှစ်သစ်ကူးအကြိုနေ့ပွဲအတွက် သူတို့ကိုသေချာပေါက် နှစ်သစ်ကူးအကြိုနေ့မှာ ရှိစေချင်လောက်သည်။

ဒါပေမယ့် ဒီနှစ်မှာတော့၊ နှစ်ယောက်သားက သိသိသာသာကို သူတို့ရဲ့ အလုပ်ပေါ်မှာဘဲ အာရုံစိုက်ထားကြသည်။ သူတို့က နှစ်သစ်ကူးအကြိုနေ့ ဖိတ်ခေါ်မှုတွေကို ငြင်းဆိုခဲ့ကြပြီး ပြင်ပကအရာတွေကို လျစ်လျူရှုထားကာ ရိုက်ကူးရေးထဲမှာဘဲ နစ်မြုပ်ထားကြသည်။

ဖေးခွမ်က ဒါကို နှစ်အတော်ကြာကတည်းက လုပ်ခဲ့တာဖြစ်ပေမယ့် ဒါက စုန့်လင်းချွမ်အတွက်တော့ ပထမဆုံးအကြိမ်ဖြစ်ကာ သူ့ရဲ့ကူးပြောင်းမှုအတွက် ရှေ့တစ်လှမ်းတိုးတာလည်းဟုတ်သည်။

နှစ်သစ်ကူးပြီးတဲ့နောက်မှာ ပုံမှန်အတိုင်းဘဲဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာဘဲ ဆောင်းဦးလယ်ပွဲတော်က နီးကပ်လာသည်။

‌ဆေးရုံရဲ့ သဘောသဘာဝအရ ဆောင်းဦးလယ်ပွဲတော်အားလပ်ရက်မှာ လူအများစုက ဆေးရုံမှာဘဲ အလုပ်လုပ်ကြသည်။ ဌာနတွေနဲ့ ward တွေက အပြောင်းအရွှေ့ရှိနိုင်ပြီး ပြင်ပလူနာဝန်ဆောင်မှုများကိုလည်း လိုက်လျောညီထွေဖြစ်အောင် ချိန်ညှိပေးမည်ဖြစ်သည်။

စုန့်အာ့နန်က အလုပ်သင်ဘဲ ရှိသေးပေမယ့် စည်းကမ်းအရ သူမလည်း ပြောင်းရတာကြောင့် ဒီတစ်ခေါက် နှစ်သစ်ကူးမှာ‌တော့ သူမ S City ကို မပြန်နိုင်လောက်တော့ပေ။

သူမက အလှည့်ကျပြောင်းရတာကြောင့် အားလပ်ရက်မှာ ပြန်လာလို့မရဘူးဆိုတာကို သူမရဲ့ အစ်ကိုအစ်ကြီးဆုံးနဲ့ ယောင်းမတို့က ကြားတော့ သူတို့က အားလပ်ရက်ကို ကျွန်းကိုအပန်းဖြေခရီးထွက်မယ်လို့ မိသားစုဂရုချက်မှာ ချက်ချင်းပို့လာသည်။

ဒီဂရုမစိုက်တတ်တဲ့ စုန့်လင်းချွမ်အတွက်ကတော့ B Cityက သူ့အန်တီလေးကို သွားတွေ့ဖို့အတွက် ရိုက်ကူးရေးကနေ အားလပ်ရက်နည်းနည်းသာရသည်။

ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ အခြေအနေက တူတူဘဲဖြစ်သည်။ သူတို့ရဲ့ ရိုက်ကူးရေးက အခုထိ မပြီးသေးသလို နှစ်သစ်ကူးနားရက် အနည်းငယ်လောက်သာ ပြန်လာနိုင်ပေမယ့် သူတို့ပြန်ရောက်လာမယ့် ရက်အတိအကျကိုတော့ မသိရသေးပေ။

ဒီတော့ မမျှော်လင့်ထားတာတွေက မဖြစ်ခဲ့ရင် သူတို့သုံးယောက် ဒီနှစ်အားလပ်ရက်ကို အတူတူကုန်ဆုံးနိုင်မည်ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ဘဲ၊ လပြက္ခဒိန်ရဲ့ ၂၈ရက်နေ့မှာ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ လေယာဉ်က တစ်စင်းပြီးတစ်စင်း B City လေဆိပ်ကိုဆိုက်လာသည်။

နှစ်ယောက်လုံး VIPလမ်းကြောင်းကနေ လျှောက်လာကြသည်။ တစ်ယောက်နဲ့တစ်ယောက် တွေ့တဲ့အချိန် နှစ်ယောက်လုံး သိသိသာသာကိုဘဲ တစ်ခဏလောက် အံ့ဩသွားကြသည်။

စုန့်လင်းချွမ်က မေးလိုက်သည်။ " မင်းမနက်ဖြန်မှပြန်လာမယ်လို့ ငါ့အန်တီလေးကို ပြောခဲ့တာ မဟုတ်ဘူးလား?"

ဖေးခွမ်မှာ တစ်စက္ကန့်လောက် ပြောစရာမရှိဖြစ်သွားသည်။ "....ဒါရိုက်တာက နားရက် စောစောပေးလို့"

နောက်တော့ သူ မနေနိုင်ဘဲမေးလိုက်သည်။ "မင်းကရော?"

သူမှတ်မိတာသာ မှန်ရင် မနေ့က ဂရုချက်ထဲမှာ စုန့်လင်းချွမ်တစ်ယောက် သူ သဘက်ခါမနက်မှ ပြန်လာနိုင်မယ်လို့ ပြောခဲ့တာလေ။

စုန့်လင်းချွမ် သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ကလူသလိုမြူသလို ပြောလာသည်။ "မင်းနဲ့မတူဘူး၊ ဒါပေါ့ ငါက ငါ့အန်တီလေးကို surprise လာလုပ်တာ"

ဖေးခွမ် - "....."

သူ့အကြောင်းပြချက်ကလည်း တူတူဘဲလို့ ပြောလိုက်ချင်တယ်!

သူတို့တစ်ယောက်နဲ့တစ်ယောက် မတော်တဆဆုံမိပြီး နေတဲ့နေရာကလည်းတူ‌တော့ ကားနှစ်စီးနဲ့သွားဖို့မလိုတော့ပေ။

ဒီတော့ စုန့်လင်းချွမ်လည်း ဖေးခွမ်ကားထဲ တိုက်ရိုက်ဝင်လိုက်ပြီး သူ့လက်ထောက်ကိုတော့ ပြန်လွှတ်လိုက်သည်။

အနက်ရောင် SUV ကားထဲတွင် စုန့်လင်းချွမ်နဲ့ ဖေးခွမ်က အလယ်တန်းမှာ ဘေးချင်းကပ်ထိုင်နေပြီး လျှိုဟောက်ကတော့ အနောက်မှာထိုင်ကာ လီတုန်က‌တော့ အရှေ့က ခရီးသည်ထိုင်‌ခုံမှာ ထိုင်နေသည်။

ကားထဲက လေပေးစက်ကလည်း အရမ်းပြင်းသည်။ ဖေးခွမ်က သူ့လည်ပင်းက လည်စည်းကို ဖြုတ်လိုက်ပြီး သပ်သပ်ရပ်ရပ် ခေါက်လိုက်သည်။

စုန့်အာ့နန်က လည်စည်းကိုတစ်ချက်ကြည့်လိုက်ပြီး ထေ့ငေါ့ပြောလာသည်။ "မင်း ဒါကို သုံးတယ်လား? ဒီလိုဟာတွေဝတ်နေတာ မင်းအခုထိ အသက်မပြည့်သေးဘူးလား?"

ဖေးခွမ်က လည်ချောင်းနည်းနည်းရှင်းပြီး ပြန်ဖြေလိုက်သည်။ "ရတယ်၊ ဒီနှစ်နှစ်အတွင်းမှာ ငါအအေးဒဏ်ကိုခံနိုင်ရည်ရှိနေပြီ"

ပြောပြီးသွားတော့ သူက တစ်ခုခုကို လိပ်ပြာမလုံသလိုမျိုး လည်စည်းကို စုန့်လင်းချွမ်နဲ့ နည်းနည်းဝေးဝေးမှာထားလိုက်သည်။

စုန့်လင်းချွမ်က နှစ်ခါလောက် ကျွတ်သတ်လိုက်ပြီး ဘာမှ မပြောလာပေ။

တစ်မိနစ်လောက်ကြာ‌ပြီးနောက်။

"မဟုတ်သေးဘူး၊ ဖေးခွမ် ငါ မင်းကို အရင်ဆုံးမြင်ကတည်းက တကယ်ပြောချင်နေတာ" သူက လည်စည်းကိုတစ်ချက်ထပ်ကြည့်လိုက်ပြီး မနေနိုင်ဘဲ လှောင်ပြောင်လိုက်သည်။

"ဒီလည်စည်းက မင်းနဲ့တကယ်ရုပ်ဆိုးတယ်။ ဒါက နွေးပေမယ့် ပိုကြည့်ကောင်းတဲ့တစ်ခုကို မင်း ရွေးသင့်တယ်၊ မင်းက နာမည်ကြီးတစ်ယောက်ဆိုတာလည်း မမေ့နဲ့ဦး"

ဖေးခွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ "ငါကတော့ ဒါက အဆင်ပြေတယ်လို့ထင်တယ်"

စုန့်လင်းချွမ်ကတော့ လုံးဝနားမလည်နိုင်စွာနဲ့ ကြည့်လိုက်သည်။ "မင်းရဲ့အကြိုက်ကတော့ ပျက်‌သွားပြီ"

ဖေးခွမ် - "....."!

စုန့်လင်းချွမ်ရဲ့ အပြုအမူကိုမြင်တော့ ဖေးခွမ် ‌စိတ်တိုသွားပြီး လက်သီးတင်းတင်းဆုပ်လိုက်မိသည်။

အရင်တုန်းက ဒီလိုသာဖြစ်ခဲ့ရင် ဒီအကျင့်ဆိုးကို သူသည်းခံနေမှာ မဟုတ်ဘူး။ ဒါပေမယ့် အခုတော့ သူ့မှာပြောဖို့ကို တုံ့ဆိုင်းနေရတယ်။

ဖေးခွမ်က လည်စည်းကို သေသေချာချာထားလိုက်ပြီး ဖျစ်ညစ်မပြောလာခင် သူ့ဒေါသကို အတော်ကြာထိန်းလိုက်ရသည်။ "ကိုယ့်ဘာသာကိုယ်ဘဲဂရုစိုက်"

စုန့်လင်းချွမ်က နှာမှုတ်လိုက်သည်။ "ကျေးဇူးမကန်းစမ်းနဲ့"

ဖေးခွမ်က ပြတင်းပေါက်အပြင်ဘက်ကို လှည့်ကြည့်နေလိုက်ပြီး သူ့ကိုလျစ်လျူရှုလိုက်ကာ စကားဝိုင်းကိုပြတ်ပြတ်သားသား အဆုံးသတ်လိုက်သည်။

အရှေ့ခုံက လီတုန်နဲ့ လျှိုဟောက်တို့ကတော့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့ရဲ့ရယ်သံကိုထိန်းထားကြသည်။

ကောင်းလိုက်တာ၊ ဒါက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာဘဲ!

သခင်လေးစုန့်သာ ဒီ "ရုပ်ဆိုး"တယ်လို့ သူဖော်ပြခဲ့တဲ့လည်စည်းက သူ့အန်တီလေး လုပ်ထားတယ်ဆိုတာကိုသာသိရင် သူဘယ်လိုတုံ့ပြန်‌မှာပါလိမ့်?

အမ်း...မြင်ကွင်းကို စိတ်ကူးကြည့်လို့တောင်မရဘူး။

လေဆိပ်နဲ့ တက္ကသိုလ်ဆေးရုံက ဆန့်ကျင့်ဘက်စီဖြစ်ကာ စုန့်လင်းချွမ်တို့နေတဲ့နေရာက အဲ့ဒီနှစ်ခုကြားမှာဖြစ်သည်။

လမ်းတစ်ဖြောင့်တည်း မဟုတ်ပေမယ့် ဆေးရုံဝင်ပေါက်ကို လမ်းလွှဲအသေးကနေဖြတ်သွားလို့ရသည်။

အရှေ့က လီတုန်ကို စုန့်လင်းချွမ်ကြည့်ကာ မေးလိုက်သည်။ "အစ်ကိုလီ၊ ကျွန်တော့်အန်တီလေးကို ကြိုဖို့ လမ်းလွှဲကသွားလို့ရမလား?"

လီတုန်ကကြောင်သွားပြီး အလိုအလျောက် ဖေးခွမ်ကိုကြည့်လိုက်သည်။ "ဒါကအဆင်ပြေရဲ့လား?"

ဖေးခွမ်က ပြန်မဖြေခင် စက္ကန့်နည်းနည်းလောက်တုံ့ဆိုင်းနေပြီးမှ "အခုက အလုပ်ချိန်မဟုတ်ဘူးလား? ငါတို့အရင်ပြန်ပြီး နောက်မှ သူ့ကို ဒရိုင်ဘာနဲ့ လာကြိုခိုင်းလိုက်ရင်ရော?"

"အဲ့ဒါက သိပ်မကြာလောက်ပါဘူး" စုန့်လင်းချွမ်က အချိန်ကိုကြည့်လိုက်ပြီး ဖေးခွမ်ကို ကြည့်လိုက်သည်။ "မင်းပြန်ဖို့ အလျင်လိုနေလို့လာ?"

ဖေးခွမ်က ရပ်သွားပြီး "ဟင့်အင်း၊ ငါတို့ စောင့်ရမယ်လို့ ထင်ရုံပါ"

စုန့်လင်းချွမ်က လျှာကိုဖိလိုက်ပြီး "စောင့်ရတာက မင်းကိုပင်ပန်းစေလို့လား? ပြန်သွားတာက ပိုပြီးအလုပ်ရှုပ်သေးတာ မဟုတ်ဘူးလား?"

ဖေးခွမ်လည်း သူ့အကြောင်းပြချက်က မခိုင်လုံဘူးဆိုတာ သိတာကြောင့် မျက်စိမှိတ်သဘောတူလိုက်ရသည်။

သူ့မှာ ကူကယ်ရာမဲ့တဲ့ အရိပ်အယောင်တွေ ဖြတ်ပြေးသွားသည်။ အစကတော့ သူစုန့်လင်းချွမ်ကို အိမ်အရင်ပြန်ပို့ပြီး နောက်တော့ ဆင်ခြေတစ်ခုပေးကာ အာ့နန်ကိုလာကြိုမလို့ဖြစ်သည်။ ဒီအစီအစဉ်က ရှုံးနိမ့်သွားလိမ့်မယ်လို့ သူ မထင်ထားပါချေ။

‌ဒီည အနားမှာ စိတ်ညစ်ဖို့ကောင်းတဲ့ အပိုမီးသီးစုန့်ရှိနေတော့မှာဆိုတော့ သူ့ရဲ့အစီအစဉ်တွေအားလုံး ပျက်ပြီမှန်း ဖေးခွမ်သိလိုက်သည်။

ဒီနေ့က သူနဲ့ အာ့နန်တို့တွဲတာ ရက်၁၀၀မြောက်ဖြစ်သည်။ သူက သူမကို surprise လုပ်ဖို့ စောစောပြန်လာတာဖြစ်သည်။

အခုတော့ ဘာဖြစ်ပြီလဲ? surprise လည်း သွားပြီ၊ ပြီးတော့ သူတို့ရဲ့ ရက်၁၀၀ပြည့်နှစ်ပတ်လည်ကို ကျင်းပဖို့ဆိုတာလည်း သေချာပေါက် မဖြစ်နိုင်တော့ဘူး။

မကြာခင်မှာဘဲ ကားက ဆေးရုံဝင်ပေါက်ဘေးမှာရပ်သွားပြီး၊ စုန့်အာ့နန် အလုပ်မဆင်းခင် မိနစ်၂၀လောက်စောင့်ရမည်။ ဒရိုင်ဘာက အနီးနားရှိ ပါကင်ထိုးမယ့်နေရာကို ရှာတွေ့သွားသည်။

ဒီအချိန်မှာ၊ စုန့်အာ့နန်လည်း စိတ်ရှုပ်နေတာဖြစ်သည်။ လွန်ခဲ့တဲ့နာရီဝက်လောက်က စုန့်လင်းချွမ်က သူမကိုလာကြိုနေပြီလို့ ဖုန်းခေါ်လာသည်။ နောက်တော့ ဖေးခွမ်ဆီကနေ သူ စုန့်လင်းချွမ်နဲ့ ရှိနေတယ်ဆိုတဲ့ WeChatမက်ဆေ့ခ်ျကိုရလိုက်သည်။

ဘာဖြစ်ကုန်တာလဲ? သူတို့နှစ်ယောက်လုံး မနေ့တုန်းကကျ ဒီနေ့ ပြန်မလာဖြစ်ဘူးလို့ ပြောခဲ့တာလေ!

အလုပ်ဆင်းချိန် စုန့်အာ့နန် လီစစ်ရွှေ့ရဲ့ဌာနကိုဖြတ်သွားရတော့ သူမအဆောင်ကို မပြန်ဖြစ်တော့ဘူးလို့ပြောလိုက်သည်။ နောက်တော့ သူတို့ကားကိုရှာဖို့ ဆေးရုံကနေ အပြေးအလွှား ထွက်လာလိုက်သည်။

ကားတံခါးကို ဖွင့်လိုက်တဲ့အချိန် ဘေးချင်းကပ်ထိုင်နေတဲ့နှစ်ယောက်ကို စုန့်အာ့နန်မြင်တော့ အခြေအနေကို သိပ်နားမလည်သေးပေ။

All Chapters