← Chapters

အခန်း (၁၂၃)

Vol. 10 Ch. 123

အခန်း (၁၂၃)

Vol. 10 Ch. 123

ဒီနေ့က သူမတို့ရဲ့ ရက်၁၀၀ပြည့်ဆိုတာ သူမ သိသလို ဖေးခွမ် စောစောပြန်လာလိမ့်မယ်လို့လည်း သူမ နည်းနည်းခန့်မှန်းမိသည်။ ဒါပေမယ့် သူတို့အတူတူရှိနေလိမ့်မယ်လို့ သူမ လုံးဝ စိတ်မကူးထားပါချေ။

ဘာတွေဖြစ်နေတာလဲ?

စုန့်အာ့နန်က ဖေးခွမ်ကို နားမလည်နိုင်စွာကြည့်လိုက်သည်။ သူက "ဇာတ်လမ်းကတော့ဘအရှည်ကြီးဘဲ" ဆိုတဲ့အမူအရာနဲ့ ကူကယ်ရာမဲ့စွာပြုံးလိုက်သည်။

ဒါပေမယ့် စုန့်လင်းချွမ်ကတော့ သူတို့ရဲ့အပြန်အလှန်အမူအရာတွေကို လုံးဝသတိမထားမိဘဲ ဖေးခွမ်ကို တံတောင်နဲ့တွတ်လိုက်ပြီး ပြောလာသည်။ "မင်းအနောက်ကိုရွှေ့လိုက်၊ ဒီမှာ လူသုံး‌ယောက်ဆို အရမ်းကျပ်နေမယ်"

ဒါပေမယ့် ဖေးခွမ်က ပခုံးတွန့်လိုက်ပြီး "ငါထိုင်နေပြီးပြီကို၊ မရွှေ့နိုင်ဘူး။ မင်း နေရာဘဲ ပြောင်းသင့်တယ်"

ဒါပေါ့၊ စုန့်လင်းချွမ်ကလည်း ဘယ်လိုလားမှာလဲ?

ဒါပေမယ့် သူဘာမှမပြောရသေးခင် စုန့်အာ့နန်က အမြန်ပြောလာသည်။ "ဘယ်သူမှပြောင်းဖို့မလိုဘူး၊ ငါပဲ အနောက်မှာထိုင်လိုက်မယ်"

စုန့်လင်းချွမ်က သူမလက်မောင်းကို ဆွဲလိုက်သည်။ "ဟင့်အင်း၊ ငါအန်တီလေးနဲ့ ထိုင်ချင်တာကို"

ကားထဲကလူတိုင်း - "...."

ဒီဟာအတွက်က နည်းနည်း အသက်မကြီးနေဘူးလား? အတူတူထိုင်ဖို့ မရမကတောင်းဆိုနေတဲ့ ကျောင်းသားလေးလိုလုပ်နေတာပဲ။

အခြေအနေတွေ ကမောက်ကမ ဖြစ်နေချိန်မှာဘဲ လျှိုဟောက်က အနောက်ခုံကနေ အားမရှိသလိုလက်မြှောက်လိုက်ပြီး ပါးပါးနပ်နပ်နဲ့ ပြောလာသည်။ "ဒါမှမဟုတ် ကျွန်တော်..."

ခရီးသည်ထိုင်ခုံမှာထိုင်နေတဲ့ လီတုန်က အမြန်တုံ့ပြန်လာပြီး စကားဖြတ်ပြောလိုက်သည်။ "မင်းတို့သုံးယောက် အတူထိုင်ရင်ရော? ငါတို့ကားက ကြီးတာဘဲလေ သေချာပေါက် မကျပ်လောက်ပါဘူး"

နောက်ဆုံးတော့ စုန့်အာ့နန်ကို အလယ်မှာညှပ်ကာ သုံးယောက်သား အတူတူထိုင်လိုက်ကြသည်။

သူမမှာ အထီးကျန်ဆန်၊ အားနည်းပြီး ကူကယ်ရာမဲ့စွာနဲ့ ‌ဘယ်ကိုမှ မစောင်းရဲပေ။

ကားက အမြန်ဘဲမောင်းထွက်လိုက်သည်။

ကိုးရိုးကားရားလေထုက ကားထဲရုတ်တရက်ပြည့်နှက်လာသည်။ စုန့်အာ့နန်က စကားခေါင်းစဉ်တစ်ခုရှာဖို့ ရုန်းကန်လိုက်သည်။ "ဒီတော့၊ နှစ်ယောက်သား ဘယ်လိုလုပ် အတူတူပြန်လာကြတာလဲ?"

သူမ နားမလည်ဖြစ်နေမှန်း ဖေးခွမ်သိတာကြောင့် ရှင်းပြလိုက်သည်။ "လေဆိပ်မှာ တစ်ယောက်နဲ့တစ်ယောက် မတော်တဆတွေ့တာလေ"

စုန့်အာ့နန်မှာ ဖေးခွမ်ကို အမြန်လှည့်မကြည့်မိခင် တစ်စက္ကန့်လောက် အေးခဲသွားသည်။

ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ?

ဖေးခွမ်လည်း ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။

ဟုတ်တယ်၊ ဘယ်လိုတောင် တိုက်ဆိုင်လိုက်သလဲ!

ဖြစ်ချင်တော့ စုန့်လင်းချွမ်က လှည့်ကြည့်လာပြီး သူတို့ရဲ့အပြန်အလှန် အမူအရာတွေကို ဖမ်းမိလိုက်သည်။ သူက သံသယဝင်ကာ မေးလိုက်သည်။ "မင်းတို့နှစ်ယောက် ကုဒ်တွေနဲ့ ဘာတွေဆွေးနွေးနေကြတာလဲ?"

စုန့်အာ့နန်မှာ ချက်ချင်းဘဲ ပြောရခက်သွားကာ သူမလက်ကိုယမ်းလိုက်ပြီး "မဟုတ်ဘူး၊ ဘာမှမဟုတ်ဘူး"

စုန့်လင်းချွမ်ကတော့ သိသိသာသာကိုဘဲ မယုံပါချေ။ "မဟုတ်ဘူး၊ နင့်တုံ့ပြန်ပုံတွေက တစ်မျိုးဖြစ်နေတယ်။ သေချာပေါက် ငါ့ကိုတစ်ခုခုဖုံးကွယ်ထားတာပဲ!"

အဲ့ဒီပြုံးနေတဲ့ မြေခွေးဖေးခွမ်ကို ခဏထားလိုက်ဦး၊ ဒါပေမယ့် စုန့်လင်းချွမ်ကတော့ သူ့အန်တီလေးကို ကောင်းကောင်းသိသည်။ ပေါ်လာကတည်းက သူမရဲ့အမူအရာက ရှင်းရှင်းလင်းလင်းကို တစ်ခုခုဖြစ်နေတာ။

ကားထဲရှိ လေထုမှာ အေးခဲလာသည်။

စုန့်အာ့နန်က ခေါင်းငုံ့ထားပြီး မော့မကြည့်ရဲတော့ပေ။

သတင်းပေးပါတီ နှစ်ခုဖြစ်တဲ့ လီတုန်နဲ့ လျှိုဟောက်တို့လည်း မနေနိုင်ဘဲ ရင်ထဲမှာ တင်းကြပ်သွားသည်။

ရောက်လာပြီ! နောက်ဆုံးတော့ စုန့်လင်းချွမ်တစ်ယောက် တစ်ခုခုမှားနေတာကို သတိထားမိသွားပြီလား?!

ဖေးခွမ်က သူ့ကိုတည်တည်ငြိမ်ငြိမ်နဲ့ တစ်ချက်ကြည့်လိုက်ပြီး "ကောင်းပြီ၊ မင်းကို ဘာမှဖုံးကွယ်ထားလို့မရတော့ဘူးဘဲ။ ငါက မင်းထက် စောစောပြန်လာမယ်လို့ အစက စီစဉ်ထားတာ။ ငါတို့က မင်းကို အိမ်မှာ အလှဆင်ပြီး surprise လုပ်ပေးချင်လို့လေ"

စုန့်လင်းချွမ်မှာ လုံးဝကို သဘောမပေါက်သေးပေ။ "surprise? ဘာကိုအလှဆင်တာလဲ?"

ဖေးခွမ်က နည်းနည်း‌ပြုံးလိုက်ပြီး "နှစ်သစ်ကူးတော့မယ်လေ။ ငါတို့က အပြင်အဆင်အသစ်နဲ့ မင်းအိမ်ကိုအလှဆင်ဖို့ပြင်ဆင်နေတာ"

စုန့်လင်းချွမ်က သံသယတစ်ဝက်ရှိနေသေးပြီး အတည်ပြုချင်သလို စုန့်အာ့နန်ကို လှည့်ကြည့်လိုက်သည်။ "အန်တီလေး၊ အဲ့ဒါက တကယ်လား?"

စုန့်အာ့နန်က နှုတ်ခမ်းကိုစိပြီး လေးလေးပင်ပင်‌နဲ့ခေါင်းညိတ်ပြလိုက်သည်။

စုန့်လင်းချွမ်ကတော့ တစ်ခုခုက ပုံမှန်မဟုတ်ဘူးဆိုတာ ခံစားနေရသေးပေမယ့် အတိအကျဘာကိုလဲဆ်ိုတာကိုတော့ မထောက်ပြနိုင်ပါချေ။

သူတစ်ယောက်ထဲ အမှောင်ထဲမှာရှိနေပြီး လူတိုင်းက သတိထားနေသလိုမျိုး သူဘာလို့ ခံစားနေရတာပါလိမ့်!

ကားက သူတို့နေတဲ့နေရာကိုရောက်တဲ့အခါ ဖေးခွမ်က အိမ်ကိုအရင်မပြန်ဘဲ ခရီးဆောင်အိတ်နှစ်ခုလုံးနဲ့ စုန့်လင်းချွမ်ရဲ့နေရာဆီဦးတည်လိုက်သည်။

သူတို့သုံးယောက်အတွက်မှာထားတဲ့ ညစာကလည်း ခဏနေတော့ရောက်လာသည်။

သူတို့က စားရင်းနဲ့ နှစ်သစ်ကူးအတွက်ပြင်ဆင်ဖို့ ဝယ်ဖို့အစားအသောက်တွေ၊ ညစာကိုဘယ်လို ပြင်ဆင်မလဲဆိုတဲ့အကြောင်း ပြောဆိုကြသည်။

သေချာပေါက်ကို ဒီ ၃၀ရက်နေ့မှာ စုန့်အာ့နန်တစ်ယောက် အလုပ်ဆင်းရမှာကြောင့် ပြန်တာနောက်ကျမှာဖြစ်တဲ့အတွက် ဒီတာဝန်တွေက စုန့်လင်းချွမ်နဲ့ ဖေးခွမ်ပေါ် ကျလာသည်။

မနက်ဖြန် စူပါမားကပ်မှာ ဈေးသွားဝယ်ဖို့အကြောင်းပြောရင်း စုန့်လင်းချွမ်က မနေနိုင်ဘဲ မကျေမနပ်ပြောလာသည်။

"ငါတို့ ယောက်ျားကြီးနှစ်ယောက် ဈေးအတူသွားဝယ်ရမှာက အရမ်းကြောင်တောင်တောင်နိုင်တာဘဲ"

ဖေးခွမ်က ရက်ရက်ရောရောနဲ့ ပြောလိုက်သည်။ "ဒါဆိုမသွားနဲ့လေ။ ငါ့ဘာသာသွားမယ်"

စုန့်အာ့နန်ကလည်း စကားဝိုင်းထဲဝင်လာသည်။ "ရှင်တစ်ယောက်ထဲ စီစဉ်နိုင်လို့လား? ဒါမှမဟုတ် မနက်ဖြန် ကျွန်မအလုပ်ဆင်းရင် အတူတူသွားကြရင်ရော?"

ဖေးခွမ်လည်း ပြန်ပြုံးပြလိုက်ပြီး "ရတယ်၊ ဝယ်လို့ကောင်းတဲ့အချိန်ဖြစ်တဲ့ မနက်ဖြန်မနက်ကျမှ စူပါမားကပ်ကိုသွားလိုက်မယ်"

စုန့်လင်းချွမ်ကလည်း ပျင်းပျင်းရိရိနဲ့ သူကလည်း သွားဖို့စိတ်မပါဘူးဆိုပြီး ကျေမနပ်ပြောသည်။ နောက်ဆုံးတော့ တာဝန်က သူနဲ့ဖေးခွမ်အပေါ် ရောက်လာဆဲပင်။

စုန့်အာ့နန် ဌာနမှာရှိနေတုန်း ဆေးရုံကပေးတဲ့ ပွဲတော် လက်ဆောင်အကြောင်းပြောလာတဲ့အခါ သူမကနှုတ်ခမ်းကိုက်ပြီး စုန့်လင်းချွမ်ကို မနက်ဖြန်သွားယူပေးဖို့ပြောလိုက်သည်။

သေချာပေါက်ကို စုန့်လင်းချွမ်က အရမ်းပျော်သွားပြီး သူကိုယ်တိုင်ကိုယ်ကျ ကူသယ်ပေးမယ်လို့ ကြွေးကြော်လိုက်သေးသည်။

စားသောက်ကာ စကားစမြည်ပြောနေရင်း အချိန်က မသိလိုက်ဘဲ ‌ကုန်သွားသည်။

ဖေးခွမ် မသိစိတ်ကနေ စုန့်အာ့နန်ကိုတစ်ချက်ကြည့်လိုက်ပြီး "နောက်ကျနေပြီ၊ ငါပြန်သင့်ပြီ"

စုန့်အာ့နန်က နှုတ်ခမ်းကိုစုဝိုင်းထားပြီး အကြည့်အောက်ပို့ထားကာ တိတ်ဆိတ်နေသည်။

ဒါပေမယ့် သေချာကြည့်ရင် သူမ မသိမသာခေါင်းညိတ်ပြလိုက်တာကို မြင်ရလိမ့်မည်ပင်။

အချက်ပြမှုတစ်ချို့ကို ရလိုက်တာနဲ့ ဖေးခွမ်က ထရပ်လိုက်ပြီး သူ့ကုတ်အင်္ကျီကိုဝတ်လိုက်ကာ အချိန်မရွေး သွားဖို့အဆင်သင့်ဖြစ်နေသည်။

စုန့်လင်းချွမ်ကတော့ သူတို့ရဲ့ မသိမသာအပြန်အလှန်အပြုအမူတွေကို လုံးဝသတိမထားမိဘဲ သူလည်းထရပ်လိုက်ပြီး ပျင်းပျင်းရိရိ အကျောဆန့်လိုက်သ်ည။

"ဟုတ်တယ် နောက်ကျနေပြီ။ မနေ့ညက ညဝက်လောက် ငါရိုက်ကူးရေးလုပ်လိုက်ရတာ အခုတကယ်ပင်ပန်းနေပြီ"

ဒါကိုမြင်တော့ စုန့်အာ့နန်က အမြန်ပြောလိုက်သည်။ "ဒါဆို ရေအမြန်သွားချိုးတော့။ ပါဆယ်ဘူးတွေက အနံ့တွေ တစ်ညလုံးမရအောင် ငါလည်းအောက်မှာ အမှိုက်သွားပစ်လိုက်ဦးမယ်"

သူမက ဂျက်ကပ်ကိုဝတ်လိုက်ပြီး အမှိုက်အိတ်ကို ယူတော့မယ့်အချိန် စုန့်လင်းချွမ်က တားလာသည်။

သူက ဖေးခွမ်ကို လက်ညိုးထိုးပြလိုက်ပြီး "သူ့ကိုယူသွားခိုင်းလိုက်။ အပြင်မှာအေးခဲနေတာ ‌နှင်းတောင်ကျနေပြီ။ အပြင်မထွက်နဲ့တော့အန်တီလေး"

စုန့်အာ့နန်မှာ အေးခဲသွားပြီး ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်သွားသည်။

အမှိုက်ပစ်မယ်ဆိုတာက ဆင်ခြေသပ်သပ်ဘဲလေ။ အဓိကရည်ရွယ်ချက်က ‌သေချာပေါက် ဖေးခွမ်နဲ့အတူတူရှိချင်လို့လေ။

ဒီနေ့က သူမတို့ရဲ့ ရက်၁၀၀ပြည့်လေ၊ ဘာဘဲဖြစ်ဖြစ် သူတို့နှစ်ယောက် သီးသန့်စကားပြောချင်သေးတယ်လေ။

ဖေးခွမ်က သူ့ခရီးဆောင်အိတ်နှစ်လုံးကို လက်တစ်ဖက်စီမှာ ကိုင်လိုက်ပြီး ကူကယ်ရာမဲ့သလို ပခုံးတွန့်လိုက်သည်။ "အလုပ်မဖြစ်မှာစိုးပါရဲ့၊ ငါလက်မအားဘူး"

စုန့်လင်းချွမ်က သက်ပြင်းချကာ ပြောလိုက်သည်။ "ကောင်းပြီလေ၊ ဒါဆို ငါပဲ အောက်ဆင်းလိုက်တော့မယ်"

ပြောပြီးသွားတော့ သူက ဂျက်ကပ်ကိုချက်ချင်းဝတ်လိုက်ပြီး အမှိုက်ထုပ်ကို သွားယူလိုက်သည်။

သူတို့ရဲ့ လျှို့ဝှက်တွေ့ဆုံမှုကတော့ ပျက်ပြီလို့ စုန့်အာ့နန်နဲ့ ဖေးခွမ်တို့ တွေးနေတုန်းမှာ စုန့်လင်းချွမ်ရဲ့ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။

သူဖုန်းကိုထုတ်လိုက်ပြီး အံ့ဩသလို ရေရွတ်လိုက်သည်။ "ဘာလို့အရမ်းနောက်ကျနေမှ အစ်ကိုကျန်းက ငါ့ကိုဖုန်းခေါ်လာတာလဲ?"

စုန့်အာ့နန်လည်း ချက်ချင်း ပြောလိုက်သည်။ "ဒီလောက်နောက်ကျနေမှ အစ်ကိုကျန်းက ဖုန်းခေါ်လာတယ်ဆိုတော့ အရေးကြီးတာတစ်ခုခုဖြစ်လောက်မယ်။ ဖုန်းကိုင်လိုက်လေ ငါအမှိုက်သွားပစ်လိုက်မယ် "

တစ်ခဏအတွင်းမှာဘဲ၊ သူမက ‌ကြမ်းပြင်ပေါ်ရှိ အမှိုက်အိတ်ကို လက်တစ်ဖက်နဲ့ယူလိုက်ပြီး ကျန်လက်တစ်ဖက်နဲ့ ဖေးခွမ်ကို တံခါးအပြင်ဘက်ဆီ တွန်းလိုက်သည်။

တံခါးကာ ပွင့်သွားကာ နောက်တော့ပိတ်သွားသည်။ စုန့်အာ့နန်မှာ စုန့်လင်းချွမ်ရဲ့ တုံ့ပြန်မှုကို ကြည့်တောင်မကြည့်ရဲပေ။ သူမနဲ့ဖေးခွမ်တို့ ဓာတ်လှေကားဆီ အပြေးသွားကြတော့သည်။

နှစ်ယောက်သား အဆောက်အဦးအပြင်ကို ရောက်မှဘဲ စုန့်အာ့နန်မှာ စိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။ "ဟူး... မသိရင် ကျွန်မတို့တွေ...."

"အရေးကြီးကိစ္စလုပ်နေရသလိုဘဲ" ဖေးခွမ်က အပြုံးနဲ့အတူ အပြီးသတ်ပေးလိုက်သည်။

ပြောပြီးသွားတော့၊ မနေနိုင်ဘဲ ရယ်လိုက်ကြသည်။

အဲ့ဒီညမှာ၊ စုန့်လင်းချွမ်ရဲ့ မျက်စိရှေ့မှာဘဲ သူတို့လုပ်နေကြတာမဟုတ်လား?

အဲ့ဒီအချိန်မှာ နှင်းပွင့်တွေက ကောင်းကင်ကနေကျလာသည်။ သိပ်မများဘဲ သူတို့ဂျက်ကပ်ပေါ်ရောက်သွားတာနဲ့ အရည်ပျော်သွားသည်။

စုန့်အာ့နန်က သူမအမှိုက်ပစ်နေတုန်းမှာ ဖေးခွမ်ကိုခဏစောင့်ဖို့ပြောလိုက်ပြီး နောက်တော့နှစ်ယောက်သား အနီးနားက ပန်းခြံဆီသွားလိုက်သည်။

စုန့်လင်းချွမ်ရဲ့ သံသယတွေကို မဆွမိစေဖို့ စုန့်အာ့နန်က ခဏလောက်ဘဲ နေနိုင်တဲ့အတွက် နှစ်ယောက်သားအကြာကြီးနေဖို့ မစီစဉ်ထားကြပေ။

ဒါပေမယ့် အကြာကြီးခွဲ‌နေခဲ့ရပြီး အခုမှပြန်တွေ့ရတဲ့ စုံတွဲအတွက်ကတော့ ပြောစရာစကားတွေ မဆုံးနိုင်ကာ မျှဝေချင်တဲ့ အကြောင်းအရာတွေလည်း အဆုံးမရှိတဲ့အတွက် အချိန်က မသိလိုက်ပါဘဲနဲ့ ကုန်ဆုံးလာသည်။

ဒီတော့ စုန့်အာ့နန်ပြန်လာတော့ အချိန်က နာရီဝက်ကျော်သွားပြီဖြစ်သည်။

သူမက တံခါးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီး စုန့်လင်းချွမ်ဧည့်ခန်းမှာ မရှိတာကိုမြင်တော့ သူမစိတ်အေးသွားသလို သက်ပြင်းချလိုက်သည်။

စုန့်အာ့နန်တစ်‌ယောက် သတိမထားမိဘဲ သူမအခန်းဆီ ခိုးကြောင်ခိုးဝှက်နဲ့ ပြန်သွားမလို့လုပ်တုန်းမှာ စုန့်လင်းချွမ်က ရုတ်တရက် သူ့အခန်းတံခါးကိုဖွင့်ပြီး ထွက်လာသည်။

နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက် ဝင်တိုးမိတော့သည်။

စုန့်အာ့နန်မှာ ကျောရိုးတွေပါ တောင့်တင်းသွားပြီး သူမတစ်ကိုယ်လုံးတောင့်တင်းသွားသည်။

"အပြင်မှာ အမှိုက်သွားပစ်တာ ဒီလောက်ကြာတယ်လား?" စုန့်လင်းချွမ်က နားမလည်နိုင်စွာနဲ့မေးလာသည်။

စုန့်အာ့နန် မျက်လုံးတွေက ဝေ့လည်ကြောင်ပတ်နဲ့ "အင်း၊ အပြင်မှာနှင်းကျနေတော့ အနီးနားကလူတွေက နှင်းတွေနဲ့ ကစားနေကြတာကို နည်းနည်းကြည့်နေလို့"

စုန့်လင်းချွမ်လည်း သိပ်အများကြီး မတွေးလိုက်ပေ။ "အပြင်မှာမအေးဘူးလား? နင်ရော မအေးဘူးလား?"

စုန့်အာ့နန်က ထပ်ခါတလဲလဲ ခေါင်းခါပြလိုက်ပြီး "မအေးပါဘူး၊ ငါနွေးနွေးထွေးထွေး‌ ဝတ်ထားတာ"

စုန့်လင်းချွမ်က အသိအမှတ်ပြုသလို ရေရွတ်လိုက်သည်။ "ဒါဆိုကောင်းတာပေါ့"

မဟုတ်တာတစ်ခုခုကို လုပ်ထားတာကြောင့် ဒီအချိန်လေးအတွင်းမှာ စုန့်အာ့နန်တစ်ယောက် မယုံနိုင်လောက်အောင် စိုးရိမ်နေမိပြီး စုန့်လင်းချွမ်ကို လုံးဝမျက်နှာချင်းမဆိုင်ရဲပါချေ။ သူမကတော့ ဖြစ်နိုင်ရင် သူမအခန်းဆီ မြန်မြန်ပြန်သွားချင်နေသည်။

"ငါ မနက်ဖြန် အလုပ်ရှိသေးတယ်။ ဘာမှမရှိတော့ရင် ငါ့အခန်းကို အရင်သွားတော့မယ်၊ နင်လည်းစောစောအိပ်"

စုန့်အာ့နန်လက်က တံခါးလက်ကိုင်ကို လှမ်းတော့မယ့်အချိန် စုန့်လင်းချွမ်က ရုတ်တရက် ပြောလာသည်။ "ခဏနေဦး!"

စုန့်အာ့နန်မှာ အရမ်းလန့်လွန်းလို့ တံခါးကနေ ဖောက်ထွက်သွားမိလုမတတ်ပင်။

"ဘာဖြစ်လို့လဲ?" သူမက တည်ငြိမ်အောင် ရုန်းကန်လိုက်ရပြီး မေးလိုက်သည်။

စုန့်လင်းချွမ်က သူမဆီလျှောက်လာပြီး သူမမျက်နှာကို ခဏလောက် စိုက်ကြည့်လိုက်ကာ သူ့အမူအရာက ရုတ်တရက် အလေးအနက်ဖြစ်သွားသည်။

"အန်တီလေးအာ့နန်၊ ငါ့ကို တစ်ခုခုဖုံးကွယ်ထားတာလား?"

စုန့်အာ့နန်ရင်ထဲမှာ အလိုအလျောက် တင်းကြပ်လာပြီး သူမရဲ့ ပထမဆုံးတုံ့ပြန်မှုက သူများ သူမနဲ့ဖေးခွမ်တို့အကြောင်းကို သိသွားတာများလား ဆိုတာပင်။

"ဘ...ဘာမှမရှိပါဘူး" သူမရဲ့အသံက တုန်နေပြီး "ငါက နင့်ကို ဘာဖုံးကွယ်ထားရမှာလဲ?"

ဒါပေမယ့် စုန့်လင်းချွမ်ကို‌တော့ လွယ်လွယ်နဲ့ အရူးလုပ်လို့မရဘူးဆိုတာ ထင်ရှားလှသည်။ "အန်တီလေးအာ့နန်၊ ငါတို့ စုန့်မိသားစုရဲ့ ဆောင်ပုဒ်ကိုမှတ်မိလား? ရိုးသားရင် သက်ညှာမယ်၊ ခုခံရင် ပြင်းထန်မယ်!"

စုန့်အာ့နန်မှာ နည်းနည်းလောက် ထပ်ရုန်းကန်ချင်နေသေးသည်။

စုန့်လင်းချွမ်က ဒေါကန်ကာ ပြောလာသည်။ "မင်းရဲ့နှုတ်ခမ်းတွေ အရမ်းနီနေတယ်၊ ဒါက မဟုတ်တာလုပ်ခဲ့လို့ဆိုတာ အရမ်းသိသာတယ်"

စုန့်အာ့နန် - "!!!"

သူမလက်တွေက မသိလိုက်ဘာသာနဲ့ သူမနှုတ်ခမ်းတွေကိုကာလိုက်ပြီး စုန့်လင်းချွမ်ကို မယုံနိုင်သလိုကြည့်လိုက်သည်။

သူမ လုပ်ခဲ့တာကို လုံးလုံးလျားလျား ဖော်ထုတ်ခံလိုက်ရပြီ။

ဒါတွေအားလုံးက ဖေးခွမ်ကြောင့်ဘဲ၊ ခုနက သူသာ သူမကိုအားကြီးနဲ့မနမ်းခဲ့ရင်....

"လင်းချွမ်၊ ငါရှင်းပြတာကို နားထောင်ပါဦး" စုန့်အာ့နန်က အားလျော့စွာနဲ့ပြောလိုက်သည်။

ဒါပေမယ့် စုန့်လင်းချွမ်ရဲ့မျက်နှာမှာတော့ "ငါအကုန်သိနေတယ်" ဆိုတဲ့ အကြည့်နဲ့အတူ "ကြည့်၊ နင့်နှုတ်ခမ်းက အဲ့ဒီလောက်နီနေတာနဲ့ဆို နင်တိတ်တိတ်လေး အစပ်ချောင်းတွေထပ်စားနေမှန်း ငါသိသားဘဲ!"

စုန့်အာ့နန် - "???"

အစပ်ချောင်းတွေ တိတ်တိတ်လေးစားတယ်?

စုန့်လင်းချွမ်က နှာခေါင်းရှုံ့လိုက်ပြီး အနံ့ရှူလိုက်သည်။ "နင်က အနည်းဆုံးတော့ သတိထားသားဘဲ၊ ဘာအနံ့မှမရှိတာက နင်အစပ်ချောင်းတွေ စားပြီးသွားတော့ ခံတွင်းရှင်းရည် သုံးထားတယ်လို့ ဆိုလိုတာဘဲ။ ဒါပေမယ့် နတ်ကောင်းက တစ်ပေမြင့်သလို နတ်ဆိုးကလည်းတစ်ပေမြင့်တယ်၊ နင် ငါ့ဆီကနေ ဖမ်းမိခံလိုက်ရတာဘဲ မဟုတ်လား?"

စုန့်အာ့နန် - "...."

အလှည့်အပြောင်းက အရမ်းမြန်လွန်းလို့ စုန့်အာ့နန်မှာ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။

စုန့်လင်းချွမ်ရဲ့ မျက်နှာမှာ "ငါအကုန်လုံးကို ဖောက်မြင်ရတယ်" ဆိုတဲ့ အကြည့်နဲ့အတူ "အစပ်တွေက နင့်ကိုအမြဲတမ်း ရင်ပူစေတာကို၊ ဒီတစ်ခေါက်တော့ လွှတ်ပေးလိုက်မယ်။ ဒါပေမယ့် နောက်တစ်ခေါက် တိတ်တိတ်လေးထပ်စားတာကို မိသွားရင်တော့ ငါ့မားကို ပြောလိုက်တော့မယ်!"

နောက်တော့ သူကငြီးတွားလိုက်သည်။ "အခုလေးတင် နင်အမှိုက်အရမ်းပစ်ချင်နေတာ မအံ့ဩတော့ပါဘူး"

ဒီအချက်ကြောင့် စုန့်အာ့နန်မှာ ဘာဆင်ခြေမှ မပြရဲတော့ဘဲ အစပ်ချောင်းတွေ တိတ်တိတ်လေးစားနေတယ်ဆိုပြီးဘဲ အပြစ်တင်ခံလိုက်ကာ ရိုးရိုးသားသားနဲ့ ကတိပေးလိုက်သည်။ " နောက်တစ်ခေါက် မဖြစ်စေရပါဘူး"

ပြောပြီးသွားတော့၊ သူမက တစ်စက္ကန့်မှ အချိန်မဖြုန်းတော့ဘဲ တံခါးလက်ကိုင်ကို လှည့်လိုက်ကာ အခန်းထဲ လှစ်ခနဲဝင်သွားလိုက်သည်။

စုန့်အာ့နန် အထိတ်တလန့် ထွက်ပြေးသွားတာကိုကြည့်ရင်း စုန့်လင်းချွမ်က လက်ပိုက်ကာ ကူကယ်ရာမဲ့စွာနဲ့ ခေါင်းခါလိုက်သည်။

ကြည့်ပါဦး၊ သူမက အစပ်ချောင်းတွေ တိတ်တိတ်လေးစားခဲ့မိလို့ အပြစ်ရှိသလို ခံစားနေရတာပဲ!

All Chapters