← Chapters

အခန်း (၁၂၅)

Vol. 10 Ch. 125

အခန်း (၁၂၅)

Vol. 10 Ch. 125

စုန့်အာ့နန် စုန့်လင်းချွမ် နောက်ကျောဘက်ကိုကြည့်ကာ တိတ်တိတ်လေး သက်ပြင်းချလိုက်မိသည်။

သူမနဲ့ ဖေးခွမ်ရဲ့ ဆက်ဆံရေးနဲ့ ပတ်သတ်ပြီး အရင်က သူလက်မခံမှာကို သူမ စိုးရိမ်ခဲ့တဲ့အတွက် တဖြည်းဖြည်းနဲ့ ပြောပြချင်ခဲ့သည်။ အခုတော့ ထုတ်ပြောဖို့ အချိန်တန်ပြီလို့ သူမ ထင်သည်။

ဒီလိုမျိုး ဖုံးကွယ်ထားတာက အဖြေမဟုတ်ပေ။ ခုနကဆို ပေါ်သွားလုနီးနီးပင်။

ဒါဆို ဘာလို့ ဒီညမလုပ် ရမှာလဲ? အိမ်ပြန်ရောက်လို့ သူမနဲ့ စုန့်လင်းချွမ်ပဲရှိတဲ့အချိန် သူမ သူနဲ့ စကားကောင်းကောင်းပြောလို့ရမည်ပင်။

စုန့်အာ့နန်က ဒါတွေအားလုံးတွေ စီစဉ်လိုက်သည်။ အရင်ဆုံး သူမရည်းစားရနေပြီဆို စုန့်လင်းချွမ်ကို အရင်ပြောမည်။ အဲ့ဒါပြီးရင်တော့ သူ့မှာ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ဖို့ အချိန်တချို့ရမည်ဖြစ်ပြီး နှစ်ရက်လောက်အကြာမှ အဲ့ဒီလူက ဖေးခွမ်ဆိုတာကို ပြောပြလိုက်မည်။

ဒါကို နွေဦးပွဲတော်နားရက်အတွင်း ပြီးအောင်လုပ်ဖို့ သူမ မျှော်လင့်ထားသည်။

အားလုံးစုပြီး ဖေးခွမ်က မီးဖိုချောင်မှာ တရားဝင်အလုပ်များနေကာ ဒီနှစ်သစ်ကူးညစာရဲ့ စားဖိုမှူးခေါင်းဖြစ်နေကာ ကြီးလေးတဲ့ဝာာဝန်ကို သယ်ထားရသည်။

ဖေးခွမ်ရဲ့ နှုတ်ဖြင့် လမ်းညွှန်မှုအောက်မှာ စုန့်လင်းချွမ်လည်း ကိုယ်တိုင်ဟင်းနှစ်ခွက်ချက်လိုက်သည်။အရသာကိုတော့ မမြည်းကြည့်ရသေးပေမယ့် အမြင်ကတော့ လှသည်။

ဒါကိုမြင်တော့ စုန့်အာ့နန်လည်း စမ်းကြည့်ချင်လာသည်။ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ သူမက ‌မတောင်းဆိုမိအောင် ကိုယ့်ကိုယ်ကို သတိထားမိလိုက်သည်။

အဓိကကတော့ နှစ်သစ်ကူးအကြိုနေ့မှာ သူမ ပြဿနာမရှာချင်လို့ပင်။ အဲ့ဒါက မကောင်းပေ။

မကြာခင်မှာဘဲ စားပွဲအပြည့် နှစ်သစ်ကူးအကြိုညစာက အဆင်သင့်ဖြစ်သွားသည်။

ငါး၊ ကြက်သား၊ အသားတွေနဲ့ အရမ်းစုံလင်လှသည်။

စားပွဲပေါ်က ဖျော်ရည်ကိုမြင်တော့ စုန့်လင်းချွမ်က ချက်ချင်းဘဲ မပျော်မရွှင်ဖြစ်သွားသည်။ "နှစ်သစ်ကူးအကြိုနေ့မှာ ဖျော်ရည်ဘဲသောက်မှာလား? ဖေးခွမ်၊ မင်းရဲ့ ဝိုင်အကောင်းစားကိုယူခဲ့လေ"

ဖေးခွမ်က အလိုအလျောက် စုန့်အာ့နန်ကို ကြည့်လိုက်ပြီး "သောက်လို့ရလား?"

စုန့်လင်းချွမ်လည်း မျှော်လင့်တကြီးနဲ့ကြည့်လိုက်သည်။

စုန့်အာ့နန် - "....."

သူတို့ဘာလုပ်နေကြတာလဲ? မသောက်ရဘူးလို့ သူမလည်းမပြောပါဘူး။

"ဒါဆို နည်းနည်းပဲ သောက်" သူမက ပြောလိုက်သည်။

ခွက့်ပြုချက်ရပြီးတဲ့နောက်မှာ စုန့်လင်းချွမ်က ချက်ချင်းဘဲ ဝိုင်ဗီရိုထဲကနေ ဝိုင်သွားထုတ်ဖို့ အပြေးသွားတော့သည်။ "မဖြစ်ဘူး၊ ပိုကောင်းပြီး ဈေးကြီးတဲ့တစ်လုံးကို ငါရွေးရမယ် ဒါမှဖေးခွမ်ကို နာကျင်စေမှာ"

ဖေးခွမ်က ပြုံးကာပြန်ဖြေလိုက်သည်။ "မင်းကြိုက်တဲ့ဟာသာရွေး၊ ငါ မနာကျင်ရဘူးလို့ အာမခံတယ်"

ပြောပြီးတော့ သူက မျက်လုံးထဲမှာ စနောက်ရိပ်တွေအပြည့်နဲ့ စုန့်အာ့နန်ကို ငုံ့ကြည့်လိုက်ပြီး "မင်းရော နည်းနည်းသောက်မှာလား?"

သူ သူမကိုခပ်ပါးပါးလေး ဟာသလုပ်နေမှန်း စုန့်အာ့နန်သိသည်။ သူမက သူ့ကို စိုက်ကြည့်ပြီး အားမာန်အပြည့်နဲ့ပြောလိုက်သည်။ " မသောက်ဘူး!"

‌ဒါက သူတို့သုံးယောက် နွေဦးပွဲ‌တော်ကို အတူတူကျင်းပကြတာဖြစ်သည်။ မစားခင် သူတို့က ခွက်ချင်းတိုက်လိုက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ နှစ်သစ်ကူးအကြိုညစာကို စလိုက်သည်။

ပြတင်းပေါက်အပြင်ဘက်ရှိ အိမ်တိုင်းမှာ မီးတွေဖွင့်ထားကြပြီး နွေးထွေးမှုတွေနဲ့ပြည့်နှက်နေသည်။

နှစ်သစ်ကူးအကြိုညစာ စားပြီးသွားတော့ ဖေးခွမ်က ဓလေ့အတိုင်း ဖက်ထုပ်လုပ်ဖို့ ပြင်ဆင်ထားတာကြောင့် သူတို့အနေနဲ့ မနက်ဖြန်မနက်ကျရင် စားလို့ရသည်။

မီးဖိုချောင်ထဲသွားမယ့်အစား သူတို့က ဧည့်ခန်းထဲ အကုန်ယူလာလိုက်ပြီး TVက နွေဦးပွဲတော် Gala ကိုကြည့်ရင်း ဖက်ထုပ်လုပ်ကြသည်။

စုန့်လင်းချွမ်ရော ဖေးခွမ်ရော အရင်က နွေဦးပွဲတော် Gala မှာပါဖူးတဲ့အတွက် သူတို့ရဲ့ အဲ့ဒီတုန်းကြုံခဲ့ရတဲ့ ရယ်စရာ အဖြစ်အပျက်တွေကို ပြန်ပြောပြသည်။ စုန့်အာ့နန်ကတော့ စိတ်ဝင်တစားနဲ့ နားထောင်နေသည်။

ဒီကြားထဲမှာ စုန့်လင်းချွမ်နဲ့ ဖေးခွမ်တို့နှစ်ယောက်လုံးက Weiboမှာ အသီးသီး ပို့စ်တင်လိုက်သည်။

@စုန့်လင်းချွမ် - အားလုံးဘဲနှစ်သစ်မှာပျော်ရွှင်ကြပါစေ

ဓာတ်ပုံကတော့ တူသုံးစုံနဲ့ စားပွဲအပြည့်နှစ်သစ်ကူးအကြိုညစာစားပွဲပုံဖြစ်သည်။

@ဖေးခွမ် - ပျော်စရာနှစ်သစ်ကူးအကြိုပါ!

ဓာတ်ပုံကတော့ သူတို့သုံးယောက် ဖက်ထုပ်လုပ်နေတဲ့ပုံဖြစ်သည်။ မျက်နှာတွေကို မပြထားပေမယ့် မတူညီတဲ့လူသုံးယောက်လုပ်ထားတဲ့ ကွဲပြားတဲ့ ဖက်ထုပ်တန်း သုံးတန်းရှိနေသည်။

ပို့စ် နှစ်ခုက ရှေ့ဆင့်နောက်ဆင့်ဖြစ်သည်။ ဖန်တွေက ဒါကိုမြင်တော့ နည်းနည်းအံ့ဩသွားကြသည်။

စုန့်လင်းချွမ်ဘက်ကတော့ အဆင်ပြေသည်။ အားလပ်ရက်တွေမှာ အထူးသဖြင့် စုန့်အာ့နန်နဲ့ အတူရှိတဲ့အခါဆို သူက Weibo ပေါ်မှာ မကြာခဏ ပို့စ်တင်တတ်သည်။ သူ့ဘဝကို မျှဝေရတာ သူစိတ်မရှိပေ။

ဒါပေမယ့် ဖေးခွမ်ကတော့ မတူပေ။ သူက အားလပ်ရက်တွေဆို ဆိုရှယ်မီဒီယာတွေမှာ ပို့စ်တင်တာရှားပြီး ပုံမှန်အချိန်ဆိုရင်တောင် Weiboမှာ ပို့စ်တင်တာသိပ်မရှိပေ။ ဒီတော့ သူ့ဖန်တွေက ဒီတစ်ခေါက်မှာ အရမ်းစိတ်လှုပ်ရှားသွားရသည်။

[အိုး၊ သူတို့က နှစ်သစ်ကူးအကြိုညစာကို အတူလုပ်ထားကြတာလား?]

[ဟုတ်မယ်။ စုန့်လင်းချွမ်ရဲ့ဓာတ်ပုံထဲက စားပွဲကိုကြည့်ကြည့်၊ ဖေးခွမ်ရဲ့ ဖက်ထုပ်လုပ်နေတဲ့ပုံထဲက တစ်ခုနဲ့ တူတူဘဲ]

[အားးးး ငါ့ကောကောနဲ့ အန်တီလေးက အားလပ်ရက်ကိုအတူတူကုန်ဆုံးကြတာဘဲ၊ အရမ်းပျော်တယ်!]

[ဝူးဝူးဝူးဝူး၊ ငါအားပေးတဲ့ cp က တကယ်ဆိုတာ ငါသိသားဘဲ! စုန့်အာ့နန်xဖေးခွမ်!]

[ဝိုး! ဒီတိုင်းဖြတ်သွားတာပါ။ ဖေးခွမ်နဲ့ စုန့်လင်းချွမ်တို့ပို့စ်တွေကိုမြင်တော့ ငါသာကောင်းကောင်းမသိရင် သူတို့ရဲ့ဆက်ဆံရေးကို ကြေငြာလိုက်တယ်လို့ ထင်မိမှာ]

[ဟားဟားဟား ၊ ရယ်သေပြီ။ နင်မှန်တယ်၊ အဲ့ဒီလိုမျိုးနဲ့တူနေတယ်]

[ငါက ဖေးခွမ်ရဲ့ဖန်ပါ။ အမှန်တိုင်းပြောရရင် သူ့ရဲ့မိသားစုနောက်ခံအကြောင်း ငါမသိသေးခင်က သိပ်အများကြီး မတွေးခဲ့မိဘူး။ ဒါပေမယ့် ဒီနှစ်မှာအားလုံးဖြစ်ပျက်ပြီးသွားတော့ ဖေးခွမ်ရဲ့ ပို့စ်ကို မြင်ရတာ ငါ့ကို နည်းနည်းရင်နာစေတယ်]

[ငါသိတယ်။ မိသားစုအားလပ်ရက်မှာ သူနဲ့အတူရှိပေးတဲ့လူတွေရှိတာ အရမ်းကောင်းတယ်]

[တစ်ခါတစ်လေကျရင် ဖေးခွမ်နဲ့ အန်တီလေးတို့ တကယ်တွဲလိုက်ရင် ကောင်းမှာလို့ ခံစားရတယ်]

[အန်တီလေးက အရမ်းအံ့ဩဖို့ကောင်းတာပဲ။ ဘာပဲဖြစ်ဖြစ် ငါတော့ အပြည့်အဝ အားပေးတယ်]

[ဘယ်သူက အားမပေးတာလဲ? ဖေးခွမ်ရဲ့အမေသူ့ကို စွပ်စွဲတဲ့အချိန် သူ့အတွက် ပထမဆုံး ပြောပေးတဲ့သူက အန်တီလေးဆိုတာ ငါမှတ်မိသေးတယ်။ အခုပြန်စဉ်းစားကြည့်ရင်တောင် ငါ့ကိုငိုချင်အောင် လုပ်နေတုန်းဘဲ]

[သူ့ကိုချစ်တဲ့သူ‌တွေရှိလို့ သူချိန်းတွေ့တာကို ငါလိုလိုလားလားနဲ့ အားပေးတယ်။ အဲ့ဒီလူက အန်တီလေးသာဆိုရင် ငါလုံးဝကို နောင်တမရဘူး]

[ငါက စုန့်လင်းချွမ် ဖန်ပါ။ ငါတော့ ဒါကိုသဘောမတူဘူး။ ဒါဆို ငါ့ကောကောက ဖေးခွမ်ကို ဦးလေးလို့ခေါ်ရမှာမဟုတ်ဘူးလား?]

[ဟားဟားဟား အမှန်ပဲ၊ ငါက ဖေးခွမ်ဖန်ဆိုတော့ အဲ့ဒါအတွက် လုံးဝကိုကျေနပ်တယ်!]

...

ဖက်ထုပ်တွေလုပ်ပြီးသွားတော့ ရေခဲသေတ္တာထဲထည့်ထားလိုက်သည်။ ဒီညအတွက် သူတို့အလုပ်တွေအားလုံးပြီးသွားပြီ။

စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့က ညဥ့်နက်တဲ့အထိနေဖို့သဘောတူထားတာကြောင့် ပြန်ဖို့အလျင်မလိုနေပေ။

သူတို့သုံးယောက်က ဆိုဖာပေါ်မှာ ဘေးချင်းကပ်ရပ်ထိုင်နေကြပြီး ဖုန်းကိုယ်စီနဲ့ သူငယ်ချင်းတွေဆီ စာတွေပြန် နှစ်သစ်ဆုတောင်းတွေ ပို့‌ကြသည်။

နောက်ဆုံး ညသန်းခေါ်ရောက်လာသည်။ TVပေါ်ရှိ host က နှစ်သစ်အတွက် ‌နံပါတ်တွေရေတွက်နေကာ သူတို့သုံးယောက်လည်း အလိုလိုမတ်တပ်ထရပ်လိုက်ကြသည်။

ငါး၊ လေး၊ သုံး၊ နှစ်၊ တစ်.....

ရေတွက်တာက အဆုံးသတ်သွားတာနဲ့ စုန့်လင်းချွမ်က စုန့်အာ့နန်ဘက်ကို လှည့်ကာ လက်နှစ်ဖက်ဖွင့်လိုက်ပြီး "အန်တီလေး ပျော်စရာနှစ်သစ်ကူးပါ၊ ငါ့ကို စာအိတ်အနီလေးပေးပါ!"

စုန့်အာ့နန်က ပြင်ဆင်ထားတဲ့ပုံပင်။ သူမက စာအိတ်နီ နှစ်လုံးကို အိတ်ထဲကနေထုတ်လိုက်ပြီး ဖေးခွမ်နဲ့ စုန့်လင်းချွမ်ကို တစ်ယောက်တစ်ခုပေးလိုက်သည်။

"ပျော်စရာနှစ်သစ်ပါ။ ကံကောင်းခြင်းတွေနဲ့ အမြတ်အစွန်းတွေရကြပါစေ!"

စုန့်လင်းချွမ်က သူ့အန်တီလေးဆီကနေ စာအိတ်နီကို နှစ်တိုင်းလက်ခံရရှိသည်။

ဒါပေမယ့် ဖေးခွမ်ကတော့ သူ့အရှေ့က စာအိတ်နီကိုတွေ့တဲ့အခါ တုံ့ဆိုင်းနေမိသည်။ "အမ်၊ မယူတော့ဘူး ကျေးဇူးပါ"

စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "မရှက်နေနဲ့၊ နှစ်တိုင်း ငါ့အန်တီလေးက မိသားစုထဲက အငယ်တွေကို စာအိတ်နီပေးတယ်။ ယူလိုက်၊ မင်းကိုလည်း တူအဖြစ်ထည့်တွက်တယ်"

ဖေးခွမ် - "...."

ဒါကမှ လက်ခံဖို့ ပိုလို့တောင် ခက်သွားရသည်။

သူ့ကောင်မလေးနဲ့တော့ မျိုးဆက်မတူတာမျိုး မလိုချင်ဘူးလေ။

ဒါကိုမြင်တော့ စုန့်အာ့နန်က အမြန်ရှင်းပြလိုက်သည်။ "အဆင်ပြေပါတယ်၊ ယူလိုက်။ နှစ်သစ်မှာ ရွယ်တူတွေလည်း ကံကြမ္မာအတွက် စာအိတ်နီပေးလို့ရပါတယ်"

သူမက အဲ့ဒီလိုပြောလာမှတော့ ဖေးခွမ်မှာလည်း ငြင်းဖို့အကြောင်းပြချက် မရှိတော့ပေ။ သူက စာအိတ်နီကိုအပြုံးနဲ့လက်ခံလိုက်ပြီး ဒီနှစ်တော့ သူတို့အတွက် ဘာမှမပြင်ဆင်ထားရလို့ နောက်နှစ်တော့ သေချာပေါက် မှတ်ထားမယ်လို့ ပြောလာသည်။

ညသန်းခေါင်ကျော်သွားတော့ နောက်ကျတဲ့အထိနေတာက ပြီးသွားပြီဖြစ်ကာ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့လည်း ပြန်သင့်ပြီဖြစ်သည်။

စုန့်လင်းချွမ်မှာ ခြေနှစ်လှမ်းဘဲ လှမ်းရသေးသည် ရုတ်တရက် ဟန်ချက်ပျက်ကာ ယိမ်းထိုးသွားသည်။

စုန့်အာ့နန်က သူ့ကိုအမြန်လှမ်းထိန်းလိုက်သည်။ "လင်းချွမ်၊ နင်အဆင်ပြေရဲ့လား?"

ဖေးခွမ်လည်း ပြောလိုက်သည်။ "ဝိုင်ကြောင့်မဟုတ်လား? ဒီဝိုင်နီက တော်တော် ပြင်းတယ်။ ငါ မင်းကိုပြန်ပို့ပေးမယ်"

အမှန်တော့၊ ညစာစားတုန်းက စုန့်လင်းချွမ် အဲ့ဒီလောက်ထိ မသောက်ခဲ့ပေ။ ဒါပေမယ့် ခုနတုန်းကတော့ နည်းနည်းပိုသောက်လိုက်သည်။ ဘာဘဲဖြစ်ဖြစ် ဒါကနှစ်သစ်ကူးလေ ဒီတော့ စုန့်အာ့နန်လည်း မြင်ပေမယ့် သူ့ကိုမတားမိလိုက်ပေ။

အရေးကြီးဆုံးကတော့၊ စုန့်လင်းချွမ်ကြည့်ရတာ နည်းနည်းအဆင်မပြေတဲ့ပုံပေါ်တာကြောင့် သူမ သူ့ကိုလွှတ်ထားတာပင်။

စုန့်လင်းချွမ်က သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်ပြီး ပြန် ဖြေလိုက်သည်။ "ငါအဆင်ပြေတယ်၊ ခုနက လမ်းမြန်မြန်လျှောက်လိုက်မိလို့"

နောက်တော့ သူက ဖေးခွမ်ကို လက်ခါပြလိုက်သည်။ "ငါတို့ကို ပြန်ပို့ဖို့မလိုပါဘူး။ နည်းနည်းလေးပဲ လျှောက်ရမှာ ပြန်သွားလိုက်ပြန်လာလိုက်နဲ့ဆို အဆင်မပြေဘူးလေ"

စုန့်အာ့နန်လည်း ဝင်ပြောလိုက်သည်။ "ပြီးတော့ ကျွန်မလည်း ရှိတယ်လေ။ ညဉ့်နက်နေပြီ အနှောင့်အယှက်မပေးတော့ပါဘူး"

သူတို့ငြင်းနေတာကိုမြင်တော့ ဖေးခွမ်လည်း ရွေးချယ်စရာမရှိတော့ဘဲ သူတို့ကို ဓာတ်လှေကားအထိ လိုက်ပို့ပေးလိုက်ပြီး အိမ်ဘက်ကိုပြန်မလှည့်ခင် သူတို့ဆင်းသွားတာကိုကြည့်နေလိုက်သည်။

ဧည့်ခန်းကိုရောက်တော့၊ စားပွဲပေါ်က စာအိတ်နီကို ကြည့်လိုက်ပြီး၊ နံရံပေါ်က ဖူ ဆိုတဲ့စာလုံးတွေကို ကြည့်လိုက်ကာ ရုတ်တရက် ဖော်မပြနိုင်လောက်အောင် ခံစားလိုက်ရသည်။

နှစ်သစ်မှာ တကယ်ကောင်းမွန်နေတာဘဲ။

စုန့်လင်းချွမ်က သူအဆင်ပြေတယ်လို့ ပြောနေပေမယ့် စုန့်အာ့နန်ကတော့ သူ့ကိုကူထိန်းပေးဖို့ တောင်းဆိုနေတုန်းပင်။

တူဝရီးနှစ်ယောက် တိုက်ခန်းအဆောက်အဦးကနေ ထွက်လာလိုက်သည်။ တစ်ချိန်ထဲမှာဘဲ နှင်းပွင့်တွေက ကောင်းကင်ကနေ ကျလာသည်။

ယခုရက်အနည်းငယ်အတွင်း နွေဦးပွဲတော်မတိုင်ခင်နှင့် ပွဲတော်အပြီးတွင် နေရာကွက်ကြား နှင်းကျနိုင်တယ်လို့ မိုးလေဝသသတင်းများက ကြေငြာထားသည်။

ရပ်ကွက်ငယ်လေးမှာ တိတ်ဆိတ်နေသည်။ လမ်းမှာ စုန့်အာ့နန်နဲ့ စုန့်လင်းချွမ်တို့သာရှိသည်။ သူတို့က နှင်းအလွှာပါးပါးပေါ် လျှောက်လာကြသည်။

လမ်းမီးရောင်မှိန်မှိန်အောက်မှာ နှစ်ယောက်သား တိတ်တဆိတ် လမ်းလျှောက်နေကြသည်။ စုန့်လင်းချွမ် စိတ်အခြေအနေ မကောင်းဘူးဆိုတာ စုန့်အာ့နန်ခံစားရသည်။ အကြောင်းပြချက်ကို သူမ အကြမ်းဖျင်းခန့်မှန်းကြည့်လိုက်သည်။

ခုနတုန်းက ဖေးခွမ်ရဲ့နေရာမှာ စုန့်လင်းချွမ် မက်ဆေ့ခ်ျပို့လိုက်တဲ့ content ကို သူမ အမှတ်မထင် တွေ့လိုက်ရတာကြောင့်ပင်။

စုန့်လင်းချွမ်ကိုကြည့်ရတာ နည်းနည်းထွေနေတဲ့ပုံပင်။ နှစ်ယောက်သား သူတို့ရဲ့တိုက်ခန်းအဆောက်အဦးနား နီးလာတော့ သူက ရုတ်တရက်ရပ်လိုက်ပြီး "အန်တီလေး ငါနေလို့မကောင်းဘူး"

စုန့်အာ့နန်က အံ့အားသင့်သလို အော်ပြီး သူ့ကိုအမြန်စစ်ဆေးကြည့်လိုက်သည်။ " မအီမသာဖြစ်နေလို့လား?"

စုန့်လင်းချွမ်က ခေါင်းခါလိုက်ပြီး "အသည်းကွဲနေတာ"

သူဘာကိုဆိုလိုလဲဆိုတာ စုန့်အာ့နန် ချက်ချင်းဘဲသဘောပေါက်လိုက်သည်။ သူမက မမေးခင် တစ်ခဏလောက် ရပ်လိုက်သည်။ "ဘာဖြစ်လို့လဲ?"

စုန့်လင်းချွမ်က ဒေါသတကြီးနဲ့ မအော်လာခင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။ "‌ောက်အချစ်၊ အားလုံးက အလိမ်အညာတွေဘဲ၊ လုံးဝကိုမချိုမြိန်နေဘူး!"

အခုတော့ သူက ရှင်းရှင်းလင်းလင်းကို ထွေနေပြီ။ သူက စုန့်အာ့နန်ရဲ့လက်ကို ဆုပ်ကိုင်ရင်း ဆက်ပြီးရင်ဖွင့်သည်။ "အန်တီလေး၊ ငါနဲ့ပဲ အတူရှိနေတာကောင်းတယ်။ ဒီမကောင်းတဲ့ အချစ်ကိုဂရုစိုက်တဲ့ ဘယ်သူ့ကိုမှ မချစ်မိစေနဲ့.... ငါတို့ စုန့်မိသားစုက အဲ့ဒါအတွက်နဲ့ စိတ်ရှုပ်မခံဘူး...."

အဲ့ဒီညမှာ စုန့်အာ့နန်က စုန့်လင်းချွမ်နဲ့ နေပေးပြီး နောက်ဆုံး သူ့ရင်ထဲမှာ ပိတ်လှောင်ထားတာတွေ လောင်းသွန်လာတာကို နားထောင်ပေးလိုက်သည်။

တစ်ယောက်ယောက်အတွက် သူ့ရဲ့ခံစားချက်တွေ၊ သူ့ရဲ့ တစ်ဖက်သတ်အချစ်.... အကုန်လုံး သူက သူမကိုပြောပြသည်။

တစ်ဖက်သတ် အချစ်အကြောင်းကို စုန့်အာ့နန်က အားလုံးထက် ပိုနားလည်သလို စုန့်လင်းချွမ် ရင်ထဲ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား နာကျင်နေရလဲဆိုတာ သူမနားလည်သည်။

ဒီတော့ သူမနဲ့ ဖေးခွမ်အကြောင်း စုန့်လင်းချွမ် ဝန်ခံမယ့် သူမရဲ ကနဦးဆုံးဖြတ်ချက်ကို စွန့်လွှတ်လိုက်ရသည်။ သူ့အကြောင်းနဲ့သူ လုံလောက်နေပြီ ဖြစ်တာကြောင့် သူ့ပြဿနာထဲ သူမရဲ့ကိစ္စတွေကို ထပ်မထည့်ချင်ပါချေ။

နည်းနည်းကြာကြာ စောင့်လိုက်မယ်လို့ စုန့်အာ့နန် တွေးလိုက်သည်။ အနည်းဆုံး စုန့်လင်းချွမ် ဒီအဆင့်ကိုကျော်သွားတဲ့အထိပေါ့။

လဆန်းသုံးရက်မြောက်နေ့မှာ စုန့်လင်းချွမ်က ဒရာမာရိုက်ကူးရေးဆီ ပြန်သွားရတော့သည်။ ဖေးခွမ်ကတော့ နည်းနည်းကြာကြာနေခဲ့ပြီး ငါးရက်မြောက်နေ့မှပြန်သွားသည်။ သတ်မှတ်ချိန်ပြီးသွားတာနဲ့ သူတို့ရဲ့ အလုပ်ရှုပ်တဲ့အချိန်ဇယားတွေကို ပြန်စတင်ရသည်။

တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။

ဆောင်းရာသီကနေ နွေဦးကိုကူးပြောင်းလာသည်။

စုန့်အာ့နန်ရဲ့ ဆေးရုံက အလုပ်သင်ဘဝဟာလည်း ပြီးဆုံးဖို့ နီးကပ်လာသည်။ ကျောင်းရဲ့စီစဉ်မှုအရ သူမတို့ရဲ့ဆဋ္ဌမနှစ် ဒုတိယအဖြတ်မှာ သုတေသနဘက်ကို အာရုံစိုက်သွားရမည်ဖြစ်သည်။

ဧပြီလလွယ်တွင်၊ စုန့်အာ့နန်နဲ့ သူမတို့အဖွဲ့က ဆေးရုံတွင် သူတို့ရဲ့အလုပ်သင်ကာလကို အပြီးသတ်လိုက်ပြီး ကျောင်းကို နောက်တစ်ကြိမ် ပြန်တက်ရသည်။

ချန်ခယ့်နဲ့ ချိုက်ရှောက်တိတို့လည်း နောက်ဆုံး၌ နိုင်ငံတကာဌာနကနေ ပြန်လာကြပြီဖြစ်သည်။ အခန်းဖော်လေးယောက်က နှစ်နှစ်လောက်ခွဲနေရပြီးတဲ့နောက် နောက်ဆုံးမှာ အတူပြန်ဆုံကြသည်။

အဲ့ဒီနေ့မှာ စုန့်အာ့နန်က သူမရဲ့အကြံပေး ပါမောက္ခကျင့်ဝမ်ကျင်းဆီမှ သူ့ဆီလာဖို့ ဖုန်းခေါ်ခံခဲ့ရသည်။

ဌာနမှူးရုံးခန်းကို သူမ ရောက်တော့ စုန့်အာ့နန်က တံခါးခေါက်လိုက်ပြီး ဝင်လိုက်သည်။

"ပါမောက္ခ၊ ကျွန်မကို တစ်ခုခုအတွက် ရှာတာလား?"

ကျင့်ဝမ်ကျင်းက သူ့မျက်နှာချင်းဆိုင်က နေရာကို ပြလိုက်ပြီး "ထိုင်၊ စကားပြောရအောင်"

စုန့်အာ့နန်လည်း ခေါင်းညိတ်ကာ ထိုင်လိုက်သည်။

သူ့ရဲ့ ချစ်လှစွာသော ကျောင်းသူလေးကိုမြင်တော့ ကျင့်ဝမ်ကျင်းက နွေးနွေးထွေးထွေး ပြုံးလိုက်ကာ "အာ့နန်၊ မင်းရဲ့အလုပ်သင်ကာလက အခုပြီးသွားပြီ။ သုတေသနပရောဂျက်တွေကို စိတ်ဝင်စားလား?"

ကျင့်ဝမ်ကျင်းရဲ့ PhD ကျောင်းသားအနေနဲ့ သုတေသန‌ပရောဂျက်တွေကို ယျေဘုယျအားဖြင့် သူက စီစဉ်ပေးသည်။

သေချာပေါက်ကို၊ ပါမောက္ခရဲလက်ထဲမှ ကျောင်းသားတွေ စိတ်ဝင်စားတဲ့ ပရောဂျက်တွေရှိပြီး အဲ့ဒါတွေကို သူတို့လည်း တက်တက်ကြွကြွရှာဖွေနိုင်သည်။

သူမက မမေးခင် တစ်ခဏလောက် စဉ်းစားလိုက်သည်။ "ဆရာ့မှာ အကြံပေးချင်တာရှိလို့လား ပါမောက္ခရှင့်?"

ကျင့်ဝမ်ကျင်းက ဒီမေးခွန်းကို စောင့်နေတဲ့ပုံပင်။ သူက ပြုံးလိုက်ပြီး ဘေးနားက ဖိုင်တစ်ခုကို ဆွဲယူလိုက်ကာ ကမ်းပေးလိုက်သည်။

"အရင်တစ်ချက်ကြည့်လိုက်။ ဆရာ့ဆီမှာ Mနိုင်ငံက Cleveland Clinic နဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ပရောဂျက်တစ်ခုရှိတယ်။ မင်းမှာ ဘာပြဿနာမှမရှိဘူးဆိုရင် သုတေသနလုပ်ဖို့ မင်းကို အဲ့ဒီကိုပို့ချင်တယ်"

Cleveland Clinicဆိုတာက ကမ္ဘာပေါ်ရှိ ထိပ်တန်းဓာတ်ခွဲခန်းတွေထဲက တစ်ခုဖြစ်ပြီး နှလုံးရောဂါဆိုင်ရာဆေးဝါးကုသခြင်းတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ကျော်ကြားလှသည့် ဗဟိုချက်ဖြစ်သည်။ ဒါက ဆေးကျောင်းသားတိုင်းရဲ့ အိမ်မက်ပင်။

B ဆေးတက္ကသိုလ်ဟာ နိုင်ငံတစ်ဝှမ်းရှိ ဆေးကျောင်းတွေ၏ ထိပ်မှာရှိပြီး သဘောဝအလျောက် ထိပ်တန်းသုတေသနပရောဂျက်တွေရှိကာ ဒီလိုအခွင့်အလမ်းတွေလည်းရှိကြသည်။

သူမတို့ဆေးကျောင်းမှ ပါမောက္ခ၊ B တက္ကသိုလ်ဆေးရုံရဲ့ ဌာနမှူး တစ်ယောက်အနေနဲ့ ကျင့်ဝမ်ကျင်းဟာ ဒီလိုပရောဂျက်မျိုးတွေမှာ ဝင်ရောက်လုပ်ကိုင်နိုင်သည်။

စုန့်အာ့နန်က စိတ်လှုပ်ရှားနေပေမယ့် စိုးရိမ်နေသေးသည်။ "ပါမောက္ခ၊ ကျွန်မက အရည်အချင်းပြည့်မှီရဲ့လား?"

သူမရဲ့ ကြောင်တောင်တောင် အမူအရာကိုမြင်တော့ ကျင့်ဝမ်ကျင်းက မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။ သူ့ရဲ့ ချစ်လှစွာသော ကျောင်းသူလေးက သူမ ဘယ်လောက်ထူးချွန်လဲဆိုတာကို ဘယ်တုန်းကမှ သဘောမပေါက်တဲ့ပုံပင်။

သူက စလိုက်သည်။ "ယုံကြည်ချက် ပိုရှိစမ်းပါ။ မင်းသာအရည်အချင်းမပြည့်မှီရင် ဘယ်သူရှိဦးမလဲဆိုတာ ငါတော့မသိတော့ဘူး"

စုန့်အာ့နန်က ရှက်ရွံ့စွာနဲ့ ခေါင်းကုတ်လိုက်သည်။

ကျင့်ဝမ်ကျင်းက "အနည်းဆုံး ဇွန်လလယ်လောက်ပဲ"

စုန့်အာ့နန် အံ့အားသင့်သွားသည်။ အဲ့ဒီလောက်တောင်မြန်တယ်လား?

သူ့ကျောင်းသားဖြစ်လာကတည်းက သူမကိုယ်တိုင် နိုင်ငံခြားကိုသွားရဖို့ စိတ်ပိုင်းဆိုင်ရာ အမြဲတမ်းပြင်ဆင်ထားသည်။ ဒါပေမယ့် ဒါက မြန်မြန်ဖြစ်လာလိမ့်မယ်လို့ သူမ မထင်ထားပါချေ။ သူမက နောက်ဆုံးနှစ်မှဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာဖြစ်သည်။

အရင်က နိုင်ငံခြားကို အဋ္ဌမမြောက်နှစ်မှာမှ exchange အနေနဲ့ သွားကြရတဲ့ သူမရဲ့ စီနီယာအများအပြားလိုဘဲ နိုင်ငံခြားမှာ ဆက်နေချင်ပါက postdoc အတွက် နေဖို့ ရွေးချယ်နိုင်သည်။

ဒါပေမယ့် သူမကတော့ ဒီတစ်ခေါက်မှာ နိုင်ငံခြားကို နှစ်နှစ်ကျော်ပြီး ဒီလိုကျော်ကြားတဲ့ဓာတ်ခွဲခန်းကို သွားရမှာဖြစ်သည်။ ဒါက မကြုံစဖူးပင်။

အမှန်တော့၊ ကျင့်ဝမ်ကျင်းက ဒါကိုအစကတည်းက စီစဉ်ထားတာဖြစ်သည်။ စုန့်အာ့နန်က ရှားရှားပါးပါးအရည်အချင်း ရှိသူဖြစ်ပြီး သူဟာလည်း သူမကိုသဘာဝအတိုင်း ပြုစုပျိုးထောင်လိုတာဖြစ်သည်။

ဒါကြောင့် စုန့်အာ့နန်ကို အဲ့ဒီ အလုပ်သင် reality show မှာပါဖို့ ပြောတုန်းက သူမအတွက် တခြားအစီအစဉ်တွေရှိကြောင်း သူပြောခဲ့တာပင်။ သူရည်ညွှန်းတာက ဒါပင်။

ကျင့်ဝမ်ကျင်းက ပေါ့ပေါ့ပါးပါး စနောက်လိုက်သည်။ "အဲ့ဒါက အတည်ပြုပြီးသွားပြီ။ မင်းက ဘယ်သူနဲ့မှ မချိန်းတွေ့နေဘူးဆိုတော့ နိုင်ငံခြားမှာ နှစ်နှစ်လောက်သွားနေဖို့က ချည်ထားတဲ့ကြိုးတွေမရှိဘူးပေါ့"

အဲ့ဒါပြီးနဲ့ သူက သူမကို သွားခိုင်းလိုက်သည်။ "မင်း ပြင်ဆင်ဖို့ လိုအပ်တဲ့ဟာတွေကို နောက်မှ email ကနေ ပို့ပေးလိုက်မယ်။ ကြိုပြီး အဆင်သင့်လုပ်ထားရုံဘဲ"

စုန့်အာ့နန်တစ်ယောက် မိန်းမောစွာနဲ့ထွက်လာပြီးတဲ့နောက်မှာ သူပြောတဲ့စကားကို နောက်ကျမှ တုံ့ပြန်မိသည်။

အမှန်ပဲ သူမမှာ ရည်းစားရှိနေတယ်လေ!

All Chapters