ထွက်ခွာခြင်း
Vol. 113 Ch. 1578
“ရွှမ်ချုံးမိသားစုခေါင်းဆောင်၊ အဲတော့ပြောပါဦး ဒီနေ့ပေးမှာလား မပေး ဘူးလား” ရှီမာယူယူ မေးလိုက်သည်။
ရွှမ်ချုံးဖူရှီဿည် ရှီမာယူယူ၏ စကားများကို စဉ်းစားပြီးနောက် ရလာ မည့် အရှုံးနှင့် အမြတ်ကိုတွက်ချက်နေသည်။ စဉ်းစားကြည့်ပြီးနောက် သူပြော လိုက်သည် “မိတ်ဆွေလေး အံ့ဖွယ်ဆေးကို ကျုပ်တို့မျိုးနွယ်ဝင်တွေပဲသုံးလို့ရ မယ်လို့ ပြောပြီးပြီလေ အခုမင်းက အံ့ဖွယ်ဆေးသုံးပြီးသွားပြီ… မင်းသာ ဟော် အာနဲ့လက်ထပ်လိုက်ရင် ဒီကိစ္စကို ဒီမှာတင်ပြီးလိုက်မယ်”
“ဟား” ရှီမာယူယူသည် နှာရှုတ်ပြီးပြောလေသည် “ဒီကိစ္စကို အစ်ကိုကြီး ဟော်ကိုထောက်ထားပြီး ဆက်မလုပ်တော့ဘူးလို့ပြောပြီးသွားပြီ ၊ဒါပေမဲ့ အဲဒါ က ရှင်တို့ကိုဟန်ပါပါနဲ့ သဘောကောင်းချင်ယောင်ဆောင်ခွင့်ပေးလိုက်တာ မဟုတ်ဘူး… ရှင်က သူတို့ပြောခဲ့တဲ့စကားအတိုင်း ကျွန်မကို မျိုးနွယ်ထဲဝင်စေ ချင်တာလား အိပ်မက်မက်နေလိုက်”
“မိတ်ဆွေလေး မင်းကအံ့ဖွယ်မျိုးနွယ်နဲ့ အပတ်အသတ်ရှိပေမဲ့ သူတို့ မျိုးနွယ်ဝင်တော့မဟုတ်ဘူးလေ၊ ငါ မင်းကိုသတ်လိုက်ရင်တောင် အခုချိန် ဘယ်သူမှမသိဘူး၊ ငါတို့မင်းကို ကမ်းလှမ်းတဲ့အပေးအယူက အကောင်းဆုံး စေ့စပ်မှုပဲ” ရွှမ်ချုံးဖူရှီ ခြိမ်းခြောက်လေသည်။
“ရွှမ်ချုံးမိသားစုခေါင်းဆောင်၊ ရှင်မသိသေးတာ တစ်ခုရှိမယ်ထင်တယ် ဒီမတိုင်ခင် ကျွန်မ အံ့ဖွယ်မျိုးနွယ်ကိုသွားပြီးလို့ ကျွန်မဒီကိုလာမယ်ဆိုတာ သူတို့တွေ သိကြတယ်၊ ကျွန်မသာ ဒီမှာပျောက်သွားရင် သူတို့က ဒီအတိုင်းထား မှာတဲ့လား၊ ကျွန်မထွက်သွားပြီလို့ ရှင်တို့ပြောရင်တောင် သူတို့က ယုံမှာမဟုတ် ဘူး၊ ပြီးတော့ ဒီမှာ အံ့ဖွယ်မျိုးနွယ်ဝင်က ကျွန်မတစ်ယောက်တည်းပါလို့ မပြော မိပါဘူး”
ပြောပြီးနောက် သူမသည် တံခါးလေးကို ဝိညာဉ်စွမ်းအင်ထည့်လိုက် သည်။ ကြာပန်းနက်လောကအသေး ပွင့်လာပြီး ဖန်ရှင်းသည် သူမလူများကို ဦးဆောင်ကာထွက်လာပြီး ရှီမာယူယူအနောက်သို့ ဝင်ရပ်လိုက်သည်။
“ရွှမ်ချုံးဖူရှီ မင်းတို့က တကယ်ကို သတ္တိရှိတာပဲ ငါတို့ဖန်မျိုးနွယ်ရဲ့ သခင်မလေးကို လူသတ်မယ့်အကြည့်နဲ့ကြည့်ရဲတယ်” ဖန်ရှင်း ဟိန်းဟောက် လေသည်။
ရွှမ်ချုံးဖူရှီသည် ဖန်ရှင်းကို မှတ်မိသည်။ သူတို့ အရင်ကဖန်မျိုးနွယ်နှင့် ညှိနှိုင်းစဉ်က ဖန်ရှင်းသည် ဦးဆောင်ဆက်သွယ်သူဖြစ်သည်။ ဖန်မျိုးနွယ်တွင် သူမ၏ ရာထူးကိုလည်း သူ သိထားသည်။ ရှီမာယူယူသည် ဖန်ရှင်းကို ခေါ်ထုတ် လာမည်ဟု သူထင်မထားပေ။
ရွှမ်ချုံးဟော်သည်လည်း ဖန်မျိုးနွယ်ကိုသိထားသည်။ သူတို့ကို မြင်လိုက် ရသောအခါ သူ့အမူအရာမှာ ရှုပ်ထွေးသွားသည်။
တစ်ဖက်တွင် ရှီမာယူယူသည် ဘေးကင်းစွာပင် သေချာပေါက် ထွက်လာ နိုင်မည်။ တစ်ဖက်တွင် ဖန်မျိုးနွယ်ဝင်များကို ခေါ်လာရခြင်းသည် ဖန်မျိုးနွယ် ကို အစကတည်းက မယုံခြင်းဖြစ်ကြောင်းကို သက်သေပြနေသည်။ သူမက သူ့ ကိုမယုံတာပဲ။
“အစ်ကိုကြီးဟော် ဒါက ကျွန်မရှင့်ကို ယုံတာမယုံတာနဲ့ မဆိုင်ပါဘူး ကျွန်မက တွက်ချက်ပြီးခေါ်လာခဲ့ရုံပါပဲ” ရှီမာယူယူသည် သူ့မျက်လုံးထဲမှ နာကျင်မှုကို မြင်သောအခါ ပြောလိုက်သည် “ကျွန်မသာ ရှင့်ကိုမယုံရင် စောင့် နေမှာမဟုတ်ဘူးလေ”
“ဒါပေမဲ့ ငါမင်းကို ဆွဲချမိသွားတယ်” ရွှမ်ချံးဟော်သည် ခါးသက်စွာ ပြုံး လိုက်သည်။ သူ့မျိုးနွယ်ဝင်များသည် ယခုလိုဖြစ်မည်ဟု ထင်မထားပေ။
“မဟုတ်ဘူး ရှင်ဆွဲမချမိပါဘူး တစ်ဖက်မှာတော့ ရှင့်ကို အကဲခတ်မမှား ဘူးဆိုတာကို သိအောင်လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်” ရှီမာယူယူသည် သူ့ အကြည့်ကိုမြင်သောအခါ အနည်းငယ်စာနာသွားပြီး နှစ်သိမ့်စကားဆိုလိုက် သည်။
“သခင်မလေး သူတို့ကိုချေမှုန်းလိုက်ရတော့မှာလား” ဖန်ရှင်း မေးလိုက် သည်။
ရှီမာယူယူသည် ရွှမ်ချုံးဟော်အားကြည့်ပြီးနောက် ဘေးမှလူများကို လှည့်ကြည့်လိုက်သည်။ သူမ သက်ပြင်းချလိုက်သည် “သူတို့က ကျွန်မတို့ကို လွှတ်ပေးချင်တယ်ဆိုရင်တော့ ထားလိုက်ပါတော့”
“သခင်မလေး ဒီအတိုင်းပဲသွားတော့မလို့လား” ဖန်ရှင်းသည် ရှီမာယူယူ အား နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။
သူမကို နားလည်သလောက်ဆိုလျှင် သူမကိုအနိုင်ကျင့်လာသူများကို လွှတ်ပေးသည့်လူမျိုးမဟုတ်ပေ။ ဒီကိစ္စကို တကယ် ဒီအတိုင်းပဲ ထားလိုက် တော့မှာလား။
ရှီမာယူယူသည် ပြန်မဖြေဘဲ ရွှမ်ချုံးဖူရှီဘက်သို့လှည့်ပြီးမေးလိုက်သည် “ရွှမ်ချုံးမိသားစုခေါင်းဆောင် ဘာပြောချင်သေးလဲ”
သူ့မှာ ပြောစရာဘာရှိသေးလို့လဲ။ သူ ဘာပြောရဦးမှာလဲ။ သူအရင်က ဒီလို တစ်ခါမှအသုံးမကျမဖြစ်ဖူးဘူး။
ထိုအခိုက်တွင် ရွှမ်ချုံးဖူရှီရှေ့သို့ ပုံရိပ်တစ်ခုပေါ်လာသည်။ သူပေါ်လာ သည်နှင့် ရွှမ်ချုံးမျိုးနွယ်သည် သူ့ကို တလေးတစားဖြင့် အရိုအသေပေးကာ ဘိုးဘေးကြီးဟု ခေါ်ဆိုကြလေသည်။
ရွှမ်ချုံးမျိုးနွယ်ဘိုးဘေးကြီးသည် ရွှမ်ချုံးဖူရှီအား တစ်ချက်ကလေး အသာ ကြည့်လိုက်သည်နှင့် တစ်ကိုယ်လုံး ဖိနှိပ်ခံရသလိုခံစားရလေသည်။
“ဘိုးဘေးကြီး” ဘိုးဘေးကြီး ဒေါသထွက်နေသည်ကို ရွှမ်ချုံးဖူရှီ သိသည်။
“မင်းက ရွှမ်ချုံးမျိုးနွယ်ကို အရှက်ခွဲနေတာပဲ… မင်းက ဖြောင့်မတ်မှုနဲ့ ဂုဏ်ကျက်သရေဆိုတာရဲ့ အဓိပ္ပာယ်ကိုမေ့နေမှတော့ ခေါင်းဆောင်အသစ်ရှိ သင့်ပြီလို့ထင်တယ်” ဘိုးဘေးကြီးသည် သူတို့ကိုငေါက်ငမ်းလိုက်သည်။
“ဘိုးဘေးကြီး ဒေါသလျော့ပါ” ရွှမ်ချုံးမျိုးနွယ်ဝင်များသည် သူပြောလိုက် သည့်စကားကို ကြောက်ရွံ့ကာ ဒူးထောက်လိုက်ကြသည်။
ရွှမ်ချုံးမျိုးနွယ်ဘိုးဘေကြီးသည် သူတို့ကိုဂရုမစိုက်ဘဲ ရှီမာယူယူအား လက်သီးဆုပ်ဖြင့် ဂါရဝပြုကာ ပြောလေသည် “မိတ်ဆွေလေးယူယူ ဒီကိစ္စမှာ ရွှမ်ချုံးမျိုးနွယ်က မှားပါတယ် ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့ အံ့ဖွယ်ဆေးက မင်းရသင့်ပါတယ် ပြီးတော့ တောင်းပန်တဲ့အနေတဲ့ ကျုပ်ကပဲ လက်ဆောင်ပေး ပါမယ်”
ရှီမာယူယူသည် နှုတ်ခမ်းတွန့်မသိည်။ သူရောက်လာကတည်းကပင် ရွှမ်ချုံးဖူရှီကို ကြိမ်းမောင်းပြီး လှည့်လာကာ သူမကိုတောင်းပန်လေသည်။ သူ သည် ယခုကိစ္စကို ရှေ့မဆက်ချင်သည်မှာ ရှင်းလင်းနေသည်။ သူ တောင်းပန် လိုက်သော်လည်း စိတ်ရင်းမပါပေ။
သူမသည် သူရောက်လာသည်ကို ဂရုမစိုက်ပေ။ ရွှမ်ချုံးဟော်မှလွဲပြီး ရွှမ်ချုံးမျိုးနွယ်မှ မည်သူကိုမှ သူမ ဂရုမစိုက်ပေ။
“အဲတော့ ဒီကိစ္စကို ရှေ့မဆက်ချင်ဘူးလို့ ပြောနေတာလား အဲဒါဆိုရင် ကျွန်မတို့သွားလို့ရမှာလား”
“ဒီကိစ္စကို ဒီမှာတင်ပြီးလိုက်ရင် ရပါပြီ” ရွှမ်ချုံးဘိုးဘေးကြီး ပြောလေ သည်။
“အဒေါ်ရှင်း သွားရအောင်” ရှီမာယူယူသည်လည်း ထိုနေရာတွင် မနေချင် တော့ပေ။
“ခဏလေး” ရွှမ်ချုံးဘိုးဘေးကြီးသည် သူမကို တားလိုက်သည် “တစ်ည လုံးဆိုတော့ မင်းပင်ပန်းနေမှာပဲ အရင်ဆုံးအိမ်ကိုသွားပြီး ဘာလို့မနားတာလဲ ကျုပ်တို့ လက်ဆောင်ပြင်ပြီးမှထွက်သွားကြပါလား”
“လက်ဆောင်ကတော့ ထားလိုက်ပါတော့” ရှီမာယူယူ ပြောလိုက်သည် “အဲလိုပစ္စည်းတွေ ပြင်ဖို့မလိုပါဘူး ကျွန်မတို့က မိတ်ဆွေတွေမဟုတ်ကြတော့ ဘူး အဲဒါတွေလက်ခံလိုက်မိရင် စက်ဆုပ်စရာကောင်းသွားပြီ”
“မိတ်ဆွေလေးယူယူ ကြည့်ပါ ရန်ငြိုးတွေကို ကျေလိုက်တာက ပိုမကောင်းဘူးလား၊ မင်းနဲ့ဟော်အာတို့က သူငယ်ချင်းတွေပဲ ကျုပ်တို့အမှားကို လည်း ဝန်ခံပြီးနေပြီ ဒီကိစ္စကို လွှတ်ပေးလိုက်ပါတော့လား”
“မလုပ်နိုင်ဘူး” ရှီမာယူယူသည် သူတို့၏ ရည်ရွယ်ချက်ကို ငြင်းဆန်လိုက် သည် “ဒီနေ့ကိစ္စကို မေ့လိုက်နိုင်တယ် ဒါပေမဲ့ နောက်တစ်ခေါက်ဖြစ်မလာဘူး လို့မဆိုလိုဘူးလေ အဒေါ်ဖန်တို့ကြောင့်သာမဟုတ်ရင် လုံးဝကိုမတူတဲ့ ဇာတ် ကြောင်းဖြစ်သွားမှာ စိုးရတယ်၊ ဒီနေ့ ရှင်တို့ကိုလွှတ်ပေးလိုက်တာက အစ်ကို ကြီးဟော်ရဲ့ မျက်နှာကိုထောက်ထားလိုက်လို့ပဲ၊ တခြားကိစ္စကတော့ ဘာမှ မမေးပါနဲ့တော့ အဒေါ်ဖန် သွားရအောင်”
သူမသာ ယနေ့ထိုပစ္စည်းများကိုလက်ခံလိုက်ပါက ထိုကိစ္စကို စိတ်ထဲတွင် မထားတော့ဘဲ မျိုးနွယ်နှစ်ခုသည် ဆက်လက်ခင်မင်သွားနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်သွဦးမည်။ သူမတွင် ထိုသို့ စိတ်မျိုးမရှိသည်မှာတော့ နှမြောဖွယ်ကောင်းသည်။
ရွှမ်ချုံးဘိုးဘေးကြီးသည် ရွှမ်ချုံးဟော် တစ်စုံတစ်ရာပြောလိုပြောငြား ကြည့်လိုက်သည်။ သို့သော် ရွှမ်ချုံးဟော်သည် ခေါင်းငုံ့ကာ လျစ်လျူရှုနေသည်။
ဖန်ရှင်းသည် လေဟာပြင်ကို ဖြတ်ပြီး ရှီမာယူယူနှင့်တခြားသူတို့ကို ခေါ် သွားလေသည်။ သူတို့သည် ရွှမ်ချုံးမျိုးနွယ်ကို အပျက်အစီးများအကြားတွင် ချန်ထားခဲ့လိုက်တော့သည်။
ရွှမ်ချုံးဘိုးဘေးကြီးသည် အစက သူတို့ကိုတားလိုက်ချင်သော်လည်း ဖန်ရှင်းမှ လေဟာပြင်ကိုခွဲလိုက်သည်ကို မြင်သည်နှင့် ငေးငိုင်စွာကြည့်ပြီး ထွက်သွားလေတော့သည်။
ထိုနေရာသည် ရွှမ်ချုံးမျိုးနွယ်၏ ပထမဆုံးဘိုးဘေးကြီးမှ စီမံဖန်တီးထား ခြင်းဖြစ်သည်။ အပြင်လောကနှင့် လုံးဝမတူပေ။ သို့သော် သူမသည် သာမာန်မျှ သာ ဖွင့်ပြီးထွက်သွားနိုင်ခဲ့သည်။
အံ့ဖွယ်မျိုးနွယ်… သူတို့က တကယ်ပဲ အားကောင်းကြတာပဲ။
ရွှေရောင်အလင်းတန်းသည် သူတို့အပေါ်သို့ ကျရောက်လာသည်။ ထို သည်မှာ မျှော်လင့်ခြင်းအရောင်ဖြစ်သည်မှာသေချာသော်လည်း အခုချိန်တွင် ရွှမ်ချုံးမျိုးနွယ်ဝင်များသည် ရေခဲအိမ်တစ်ခုသို့ ကျရောက်သွားသလိုခံစားရလေ သည်။
“ဘိုးဘေးကြီး…” တစ်ယောက်မှာ ထူးဆန်းသော တိတ်ဆိတ်မှုကို မခံနိုင် တော့ဘဲ ခေါ်လိုက်သည်။
ရွှမ်ချုံးဘိုးဘေးကြီးသည် လှည့်ပြီး မြေပြင်တွင် ဒူးထောက်နေသော လူ များကို ကြည့်ပြီး အကူအညီမဲ့စွာ ပြောလိုက်သည် “မိသားစုခန်းမကိုဖွင့်ပြီး မိသားစုစည်းမျဉ်းထိန်းသိမ်းသူတွေ ဆင့်ခေါ်လိုက် ဖန်ချုံးဖူရှီကို အဲဒီကိုခေါ် သွား”
မိသားစုခန်းမတွင် သူတို့ဘိုးဘေးများ၏ တမ်းတခြင်းအထိမ်းအမှတ် ပျဉ်ပြားများရှိကာ တချို့သောဘိုးဘေးများ၏ အံ့ဖွယ်အာရုံကို ထိုနေရာတွင် ထားရှိထားသည်။ ကိစ္စကြီးမဟုတ်လျှင် သူတို့သည် မိသားစုခန်းမကို ဖွင့်လေ့ မရှိပေ။ မိသားစုခေါင်းဆောင်ပြောင်းမည့်ကိစ္စကို သူပြောထားသဖြင့် အားလုံး ပျာယာခတ်ကုန်တော့သည်။
မိသားစုခေါင်းဆောင်မှာ အသက်ရှိနေသေးသည်။ သို့သော် သူ့နေရာကို အစားထိုးတော့မည်။ ထိုကဲ့သို့ တစ်ခါမှမဖြစ်ဖူးပေ။
“ဘိုးဘေးကြီး ခေါင်းဆောင်က မျိုးနွယ်အကျိုးအတွက်လုပ်တာပါ ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ”
“ဘိုးဘေးကြီး ပြန်စဉ်းစားပေးပါ”
“မျိုးနွယ်ရဲ့ အကျိုးအတွက်ဟုတလား သူသာမျိုးနွယ်ရဲ့ အကျိုးအတွက် ကာကွယ်တယ်ဆိုရင် ရှီမာယူယူကို မဆန့်ကျင်သင့်ဘူး သူ့ကိုခေါ်လာခဲ့” ရွှမ်ချုံးဘိုးဘေးကြီးသည် အေးစက်စွာပင် အမိန့်ပေးလေသည်။ အစောင့်တချို့ သည် တစ်နေရာမှပေါ်လာပြီး ရွှမ်ချုံးဖူရှီကို မိသားစုခန်းမသို့ခေါ်သွားလေ တော့သည်။
***