အခန်း (၁၂၇)
Vol. 10 Ch. 127
ကားက လေဆိပ်တစ်လျှောက် မောင်းနှင်သွားသည်။
လီတုန်တစ်ယောက် အနောက်ခန်းမှာထိုင်နေတဲ့လူကိုကြည့်ပြီး မနေနိုင်ဘဲ ခေါင်းခါလိုက်သည်။
မနေ့ညက သူ ဖေးခွမ်ဆီကနေ မက်ဆျေ့်တစ်စောင်ကို ရုတ်တရက် ရလိုက်သည်။ ကြီးကြီးမားမားတစ်ခုခုဖြစ်လို့ လို့သူထင်ခဲ့ပေမယ့် အဲ့ဒါက သူ့ကောင်မလေးကို ချော့မလို့လို့ ဘယ်သူက ထင်မှာလဲ!
သူ့အနုပညာရှင်ရဲ့ အချစ်ကိုစွဲလမ်းနေတဲ့ဦးနှောက်က မျှော်လင့်ချက် ရှိသေးရဲ့လားလို့ သူမေးရတော့မယ်။
ဖေးခွမ်က လီတုန်ရဲ့ တုံ့ဆိုင်းနေတဲ့အမူအရာကို သူ့မျက်လုံးထောင့်ကနေ တစ်ချက်ကြည့်လိုက်ပြီး သူဘာတွေးနေလဲဆိုတာကို သူ သေချာပေါက် ခန့်မှန်းနိုင်သည်။ ဒါပေမယ့် သူကတော့ ဘာမှရှင်းပြဖို့ မစဉ်းစားမိပေ။
အခုသူ့စိတ်ထဲမှာ ခဏနေကျရင် စုန့်အာ့နန်နဲ့တွေ့ရမယ်ဆိုတာနဲ့ပဲ ပြည့်နေသည်။
B City လေဆိပ်တွင်၊ လေယာဉ် ဆင်းသက်လိုက်သည်။
လေယာဉ်ပေါ်ကနေဆင်းတော့ လီတုန်စီစဉ်ထားပေးတဲ့ကားက အစောကြီးရောက်နေသည်။ ဖေးခွမ်ကားထဲဝင်လိုက်ပြီး ချက်ချင်းဘဲ စုန့်အာ့နန်ကို ဖုန်းခေါ်လိုက်သည်။
စုန့်အာ့နန် ဖေးခွမ် ဖုန်းကို လက်ခံရရှိတဲ့အချိန် သူမက အဆောင်မှာ အခန်းဖော်တွေနဲ့အတူ ရှိနေတာဖြစ်ငည်။
ဆေးရုံမှာ အလုပ်သင်ဆင်းရတာက ပြီးသွားပြီဖြစ်ကာ သုတေသန ပရောက်ဂျက်ကလည်း အခုထိမစရသေးပေ။ အခုလက်ရှိ ဒီရက်တွေမှာ သူမအနားယူနေတာဖြစ်သည်။
သူမ ဖုန်းပြန်ဖြေလိုက်တဲ့အချိန်၊ ဖေးခွမ်ရဲ့အသံထွက်လာသည်။ "အာ့နန်၊ အခုဘာလုပ်နေလဲ?"
စုန့်အာ့နန်လည်း ပြန်ဖြေလိုက်သည်။ "ဘာမှမလုပ်နေဘူး၊ အခန်းထဲမှာပဲ ရှိနေတာ"
ဖေးခွမ်က မေးလိုက်သည်။ "ခဏနေကျရင် မင်းတခြားသွားစရာရောရှိလား?"
စုန့်အာ့နန်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။ "ဟင့်အင်း၊ ဘာဖြစ်လို့လဲ?"
ဒါကိုကြားတော့ ဖေးခွမ်ကြည့်ရတာ အရမ်းပျော်သွားတဲ့ပုံပင်။ "ဒါဆိုကောင်းတယ်၊ မိနစ်လေးဆယ်အတွင်း ကိုယ် မင်းကျောင်းကို ရောက်မယ်၊ ဒိတ်လုပ်ကြတာပေါ့"
စုန့်အာ့နန်မှာ "အာ" လို့အသံထွက်လာပြီး သတိလက်လွတ်ဖြစ်သွားသည်။
ဒိတ်မယ်? အခုလား!
"ရှင် ပြန်ရောက်နေတာလား?" သူမ မေးလိုက်သည်။
ဖေးခွမ် - "ဟုတ်တယ်၊ အခုလေးတင် လေယာဉ်ပေါ်ကနေဆင်းလာတာ။ ကိုယ့်ကို စောင့်နေ"
ဖုန်းချပြီးသွားတော့ စုန့်အာ့နန်မှာ နည်းနည်းစိတ်ရှုပ်ထွေးစွာနဲ့ သူမ ဖုန်းကို ငေးကြည့်နေသည်။
သူဘယ်လိုလုပ် ရုတ်တရက်ကြီး ပြန်လာတာလဲ? သူ ဒါကိုအရင်ကပြောတာလည်း သူမ မကြားပါဘူး။
ဒါက မထွက်လာခင် နောက်ဆုံးမိနစ်ဖြစ်တာကြောင့် ရိုက်ကူးရေး အချိန်ဇယားတွေ မနှောင့်နှေးစေဖို့အတွက် ဖေးခွမ်က မပြန်လာခင်နေ့ကတည်းက သူ့sceneတွေကို အပြီးရိုက်ပြီးသွားပြီဖြစ်သည်။
ဖေးခွမ် စုန့်အာ့နန်ကို B တက္ကသိုလ် ဝင်ပေါက်မှာ လာခေါ်တဲ့အချိန်က ၇ နာရီရှိနေပြီဖြစ်ကာ ညစာစားတဲ့အချိန်ဖြစ်သည်။
သူက စုန့်အာ့နန်ကို ဘာစားချင်လဲလို့ မေးလိုက်သည်။ စုန့်အာ့နန်လည်း အလုပ်မရှုပ်စေချင်တဲ့အတွက် သူမတို့နေတဲ့နေရာနားမှာ သီးသန့်အခန်းနဲ့ စားသောက်ဆိုင်ရှိတာကြောင့် အဲ့ဒါကိုဘဲရွေးလိုက်ကြသည်။
လီတုန်က မသွားခင် သူတို့ကို စားသောက်ဆိုင်ဝင်ပေါက်ဆီ မောင်းသွားပေးကာ ချသွားပေးသည်။ စားသောက်ဆိုင်က သူတို့နေတဲ့နေရာနဲ့ဆို ဆယ်မိနစ်လောက်ဘဲလမ်းလျှောက်ရသည်။ သူတို့စားသောက်ပြီးရင် လမ်းလျှောက်ပြန်ရုံပင်။
ဒီ သီးသန့်ခန်းနဲ့ စားသောက်ဆိုင်ကို စုန့်အာ့နန်အရင်ကလည်း အကြိမ်အနည်းငယ် ရောက်ဖူးသည်။ တစ်ခါတစ်လေ စုန့်လင်းချွမ်နဲ့ တစ်ခါတစ်လေကျ ဖေးခွမ်နဲ့ဖြစ်သည်။
နှစ်ယောက်သားက ရင်းနှီးတဲ့ ဟင်းပွဲတွေကို မှာလိုက်သည်။ အစားအသောက်တွေကို စောင့်နေတုန်းမှာ စုန့်အာ့နန်မနေနိုင်ဘဲ ဖေးခွမ်ကို မေးလိုက်သည်။ "ဘာလို့ရုတ်တရက်ကြီး ပြန်လာတာလဲ?"
ဖေးခွမ်က သူမအတွက် ပန်းကန်လုံးတွေနဲ့ တူတွေကူပြင်ဆင်ပေးပြီး ရေနွေးတောင် ငှဲ့ပေးလိုက်သေးသည်။ သူက ပြုံးကာပြောလိုက်သည်။ "ကိုယ် ပြောခဲ့သလိုဘဲလေ၊ မင်းနဲ့ ဒိတ်လုပ်ဖို့ ရောက်လာတာလို့။ ဘာမှားလို့လဲ?"
စုန့်အာ့နန်က နှုတ်ခမ်းကို စုဝိုင်းလိုက်ပြီး "ဒီတလော ရှင်အရမ်းအလုပ်များနေတာ မဟုတ်ဘူးလား?"
ဒီတလော သူ နေ့တိုင်းနောက်ကျတဲ့အထိ အလုပ်လုပ်နေခဲ့တာဖြစ်တဲ့အတွက် သူအရမ်းအလုပ်များနေတာဖြစ်လောက်သည်။
ဖေးခွမ်က သူမခေါင်းကိုပွတ်လိုက်ပြီး "ကောင်းပြီ၊ ခန့်မှန်းနေတာ ရပ်လိုက်တော့။ တိုက်တိုက်ဆိုင်ဆိုင် မနက်ဖြန်မှာ ကိုယ်ရိုက်ရမယ့် scene တွေ မရှိလို့လေ၊ ဒီတော့ ပြန်လာဖို့ အချိန်နည်းနည်းယူလိုက်တာ"
အဲ့ဒီအချိန်၊ ဟင်းပွဲတချို့ရောက်လာတဲ့အတွက် စုန့်အာ့နန်လည်း ဘာမှထပ်မပြောတော့ပေ။
နှစ်ယောက်သား စားသောက်တာ တစ်နာရီခွဲလောက် အချိန်ယူလိုက်ရသည်။ စားရင်းစကားပြောရင်းနဲ့ လေထုက အရမ်းကို လိုက်ဖက်ညီလှသည်။
သေချာပေါက်ကို ဖြစ်စဉ်တစ်ခုလုံးမှာ လူငယ်စုံတွဲတွေကြားက ရင်းနှီးတဲ့ အပြန်အလှန် ဆက်ဆံမှုတွေလည်း မလျော့ပေ။ ကံကောင်းထောက်မစွာနဲ့ သူတို့က သီးသန့်အခန်းထဲမှာရှိတာကြောင့် သတိထားစရာမလိုပေ။
ဗိုက်ဖြည့်ပြီးသွားတော့၊ သူမနှုတ်ခမ်းထောင့်နားမှာ တစ်ခုခုရှိနေတာကို ဖေးခွမ် တွေ့လိုက်သည်။ သူက လက်ကိုင်ပုဝါကို ထုတ်ပြီး သူမကို ကူသုတ်ပေးလိုက်သည်။ "စားလို့ပြီးပြီလား?"
ကောင်းကောင်းစားသောက်ပြီးသွားလို့ ကျေနပ်သွားတဲ့ကြောင်လေး စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။ "အင်း၊ ကျွန်မဗိုက်ပြည့်ပြီ"
သူတို့နှစ်ယောက် စားသောက်ဆိုင်ကနေ ထွက်လာတော့ ၉ နာရီရှိနေပြီဖြစ်သည်။
ဧပြီလ ညတွေမှာ အအေးဓာတ်တွေက နည်းနည်းရှိနေသေးသည်။
လေအေးအေးက တိုက်ခတ်လာပြီး စုန့်အာ့နန်ကလည်း နည်းနည်းပါးပါးလေး ဝတ်ထားမိသည်။ သူမရဲ့ခန္ဓာကိုယ်က အလိုလို တုန်ရီလာသည်။
ဖေးခွမ်က သူ့အပြင်ဘက်က ဂျက်ကပ်ကိုချွတ်လိုက်ပြီး သူမပခုံးမှာ ခြုံပေးလိုက်သည်။
"မလိုပါဘူး၊ ရှင်ဘဲ အမြန်ပြန်ဝတ်လိုက်၊ အအေးမိလိမ့်မယ်" စုန့်အာ့နန်က ပြောပြီးတာနဲ့ အင်္ကျီကို ဖယ်ဖို့လုပ်လိုက်သည်။
ဖေးခွမ်က ပြုံးပြီး သူမ လက်ကို ဖိချလိုက်ကာ ရယ်လိုက်သည်။ "လိမ်လိမ်မာမာနေ၊ ခြုံထား။ ဒီလိုအချိန်မှာ မင်းရဲ့ ကောင်လေးကို အခွင့်အရေး ပေးရမယ်လေ၊ မဟုတ်ရင် ကိုယ် အရမ်းအဆင်မပြေဖြစ်လိမ့်မယ်"
ဒါကိုကြားတော့၊ စုန့်အာ့နန်လည်း သူ့ကိုငြင်းဖို့ စိတ်မကူးတော့ဘဲ "အိုး" လို့ဘဲဆိုလိုက်ပြီး နာနာခံခံနဲ့ပြန်ခြုံထားလိုက်သည်။
ဒီစားသောက်ဆိုင်ကနေ သူတို့နေတဲ့နေရာကိုလမရောက်ခင် လမ်းကူးရဦးမည်ဖြစ်ကာ အနည်းနည်းလောက် လမ်းလျှောက်ရမည်ဖြစ်သည်။
ဒီဧရိယာက အများစုမှာ အဆင့်မြင့်အိမ်ရာတွေနဲ့ ဗီလာတွေဘဲဖြစ်သည်။ ဈေးဝယ်စင်တာတွေအများကြီး မရှိတာကြောင့် လူအနည်းအကျဉ်းသာရှိသည်။ ပြီးတော့ ညဘက်ဆို လူက ပိုလို့တောင်နည်းသေးသည်။
သူတို့မီးပွိုင့်ကိုရောက်တော့ အရှေ့က စုံတွဲကိုမြင်ပြီး မနီးမဝေးနေရာကနေ အလိုလိုရပ်လိုက်မိသည်။
အဲ့ဒီလူငယ်စုံတွဲက ကောင်းကောင်းမွန်မွန် ဝတ်စားထားပြီး သူတို့ဝတ်စားပုံနဲ့ အကဲဖြတ်ရလျှင် သူတို့လည်း အနီးအနားက ရပ်ကွက်တွေထဲမှာ နေကြတဲ့ပုံပင်။
မီးပွိုင့်မီး စိမ်းသွားတော့ အဲ့ဒီစုံတွဲကလည်း သူတို့သွားမယ့်လမ်းအတိုင်း တကယ်ကြီး သွားနေသည်။ နောက်ဆုံး လမ်းဆုံမှာမှ လမ်းခွဲသွားသည်။
အဲ့ဒီစုံတွဲက တစ်လျှောက်လုံးပရောပရည်လုပ်နေတာကို စုန့်အာ့နန် ကြည့်နေခဲ့ပြီး သူမမှာ မသိစိတ်ကနေ "အန်တီကြီး" အပြုံးကိုတောင် ပြုံးနေမိသည်။
အခုတော့ လီစစ်ရွှေ့ကို သူမ နားလည်လာပြီထင်သည်။ တခြားသူတွေ ချိန်းတွေ့နေတာကို ကြည့်ရတာက အရမ်းစိတ်ဝင်စားဖို့ကောင်းသည်။
ဖေးခွမ်က မျက်ခုံးပင့်လိုက်ပြီး "အားကျလား?"
စုန့်အာ့နန်က "အာ" လို့ဆိုလာပြီး "ဘာကိုအားကျရမှာလဲ?"
ဖေးခွမ်က တစ်ဖက်စုံတွဲရှိရာဘက်ကို ခေါင်းဆတ်ပြလိုက်သည်။ "မင်းလည်း သူတို့လို ပွင့်ပွင့်လင်းလင်း ချိန်းတွေ့ချင်လား? အဲ့ဒါက မကောင်းဘူးလား?"
သူ နားလည်မှု လွဲနေတာကိုမြင်တော့ စုန့်အာ့နန်က ခေါင်းအမြန်ခါလိုက်ပြီး ရှင်းပြလိုက်သည်။ "ဒါပေမယ့် ကျွန်မတို့လည်း ပွင့်ပွင့်လင်းလင်း တွဲနေတာဘဲလေ။ ဘာအားကျစရာရှိလဲ?"
ဖေးခွမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။ နောက်တော့ သူက စုန့်အာ့နန် လက်ကို ရုတ်တရက် ဆွဲလိုက်သည်။ "ဒါပေမယ့် ကိုယ် အားကျတယ်လေ၊ ဘယ်လိုလုပ်ရမလဲ?"
စုန့်အာ့နန်က အံ့အားသင့်သွားပြီး အလိုအလျောက် ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ "ရှင် ရူးနေလား? ကျွန်မတို့ အပြင်မှာပဲ ရှိသေးတာလေ။ ဓာတ်ပုံရိုက်ခံထိသွားရင် ဘယ်လိုလုပ်မလဲ?"
ဖေးခွမ်က သူမလက်ကို တင်းတင်းကြပ်ကြပ် ကိုင်ထားပြီး သူမကိုလွတ်အောင် ရုန်းဖို့ အခွင့်အရေးမပေးချေ။ နောက်တော့ သူက ရုတ်တရက်ကြီး လူဆိုးလေးလို လုပ်လာသည်။
"ဂရုမစိုက်ဘူး။ ကိုယ်လည်း ကိုယ့်ကောင်မလေးရဲ့လက်ကို ပွင့်ပွင့်လင်းလင်း ကိုင်ချင်တာပေါ့။ ဓာတ်ပုံရိုက်ခံထိရင်လည်း ထိပါစေ။ ကိုယ် ဂရုမစိုက်ဘူး"
ဖေးခွမ်ရဲ့ အပြုအမူကို မြင်တော့ စုန့်အာ့နန်လည်းရုတ်တရက် ရယ်ချင်သွားသည်။ "ဘာလဲ၊ ရှင်က မူလတန်း ကလေးလား? ဝုန်းဒိုင်းကြဲနေတာ"
ဖေးခွမ်က ခေါင်းစောင်းလိုက်ပြီး သူမကို နူးနူးညံ့ညံ့ကြည့်လာသည်။ "ဒါဆို ကိုယ့်ကောင်မလေးက ကိုယ့်ကိုဝုန်းဒိုင်းကြဲခွင့်ပေးမှာလား?"
စုန့်အာ့နန် ရင်ထဲမှာ ပျော့ပျောင်းသွားရသည်။
အိုး ကောင်းပြီလေ၊ အရမ်းနောက်ကျနေပြီဆိုတော့ လမ်းမှာလည်း လူအများကြီး မရှိလောက်တော့ပါဘူး။
"ကောင်းပြီ"
အစက စုန့်အာ့နန်မှာ နည်းနည်းစိုးရိမ်နေသေးပြီး တစ်ယောက်ယောက်က ဓာတ်ပုံခိုးရိုက်သွားမှာကို ကြောက်နေသေးသည်။
ဒါပေမယ့် တဖြည်းဖြည်းနဲ့ သူမစိတ်တွေပြေလျော့လာပြီး လမ်းလျှောက်ရင်းနဲ့ ပွင့်ပွင့်လင်းလင်း လက်ကိုင်ထားရတဲ့ ခံစားချက်ကို စပြီးသဘောကျလာသည်။
နှစ်ယောက်သား လက်တွဲရင်း လမ်းထဲမှာလမ်းလျှောက်လာကြသည်။ လမ်းမီးရောင်အောက်မှာ သူတို့ရဲ့ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတဲ့ လက်တွေရဲ့ အရိပ်က အသည်းပုံလေးလိုဖြစ်နေသည်။
ဖေးခွမ်က အမြန်ဓာတ်ပုံရိုက်လိုက်ပြီး သူအိမ်ပြန်ရောက်တဲ့အခါ ဒီပုံကို wallpaper ထားမယ်လို့ ပြောလာသည်။
သူရိုက်ထားတဲ့ပုံကို စုန့်အာ့နန်က လည်ပင်းဆန့်ကြည့်လိုက်ပြီး သူမကိုလည်း ပို့ပေးဖို့ ဖေးခွမ်ကို ပြောလိုက်သည်။
လမ်းတစ်လျှောက်လုံး၊ နှစ်ယောက်သား ရယ်မောရင်းစကားပြောလာကြသည်။ စုန့်အာ့နန်က အချိန်နဲ့အမျှ ခုန်ခုန်တက်သေးလိုက်သည်။ ဖေးခွမ်က သူမ ပြုတ်ကျမှာစိုးပြီး သူမကို စိုးရိမ်တကြီးနဲ့ ထိန်းပေးသည်။
မသိလိုက်ဘာသာနဲ့ နှစ်ယောက်သား လက်တွဲထားရင်း သူတို့နေတဲ့နေရာဆီ ဝင်လာသည်။
အခုထိ သိပ်မနောက်ကျသေးတဲ့အတွက် စုန့်အာ့နန်က စုန့်လင်းချွမ်နေရာကို တန်းတန်းမတ်မတ် မသွားသေးဘဲ အဲ့ဒီအစား ဖေးခွမ်ရဲ့နေရာဆီ သွားလိုက်သည်။
ဖေးခွမ် သူ့ရဲ့နောက်ဆုံးဒရာမာကို ရိုက်ကူးပြီးသွားတဲ့နောက်မှာ သူက အိမ်ပြန်လာဖို့ အချိန်တောင်မရှိဘဲ နောက်ထပ်တစ်ခုအတွက် ရိုက်ကူးရေးဆီ တန်းတန်းမတ်မတ်သွားခဲ့ရသည်။
ပြီးတော့ စုန့်အာ့နန်လည်းဘဲ သူမရဲ့ အလုပ်သင်အဆုံးသတ်အတွက် အရမ်းအလုပ်များနေခဲ့သည်။ သူမတို့တွေ တစ်ယောက်နဲ့တစ်ယောက် မတွေ့ရတာ တရုတ်နှစ်သစ်ကူးပြီးကတည်းကပင်။ သေချာပေါက်ကို သူတို့က အချိန်အတူကုန်ဆုံးချင်သည်။
နှစ်ယောက်သား စုန့်အာ့နန်က ဖေးခွမ် ရင်ခွင်ထဲမှာ တိုးဝှေ့ရင်း ဆိုဖာပေါ်မှာ ထိုင်နေကြသည်။
ဖေးခွမ်က စုန့်အာ့နန် နဖူးကို နမ်းလိုက်ပြီး နူးနူးညံ့ညံ့မေးလာသည်။ "အာ့နန်၊ မနေ့ညက ဘာဖြစ်လို့လဲဆိုတာ ကိုယ့်ကိုပြောပြလို့ရမလား?"
စုန့်အာ့နန် သူ့ကိုမော့ကြည့်လိုက်ပြီး "ဒီကိစ္စကြောင့် ရှင် ဒီနေ့ပြန်လာတာ မဟုတ်လား?"
သူမ မတုံးပါချေ။ သူမ မနေ့ညက သူ့ကိုမက်ဆေ့ခ်ျပို့ခဲ့တာကြောင့် သူက ဒီနေ့ ရုတ်တရက်ပြန်လာတာပင်။ အကုန်လုံးက အရမ်းသိသာသည်။
ဖေးခွမ် ထပ်ပြီးတော့ မငြင်းတော့ဘဲ ဟုတ်မှန်ကြောင်း အသံပြုလိုက်သည်။
စုန့်အာ့နန် စကားမပြောလာခင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။ "မနေ့က ကျွန်မရဲ့ အခန်းဖော်တစ်ယောက် သူ့ကောင်လေးနဲ့ လမ်းခွဲသွားတယ်။ အဲ့ဒါက အနေဝေး ဆက်ဆံရေးကြောင့် သူတို့ခံစားချက်တွေက ပျောက်ပျယ်သွားလို့ လမ်းခွဲလိုက်တယ်လို့ပြောတယ်"
ဖေးခွမ်က သူမလက်ဖဝါးကိုဖိလိုက်ပြီး "ဒီတော့ မင်းလည်း အနေဝေး ဆက်ဆံရေးအကြောင်း စပြီးစိုးရိမ်လာတာပေါ့?" သူက ညင်ညင်သာသာ မေးလိုက်သည်။
စုန့်အာ့နန်လည်း အလိုအလျောက် ခေါင်းညိတ်လိုက်ပေမယ့် အဲ့ဒီအစား လမ်းတစ်ဝက်မှာ ခေါင်းခါလိုက်ပြန်သည်။
"ဖေးခွမ်၊ ကျွန်မ နိုင်ငံခြားသွားရမယ်ဆို ဘယ်လိုထင်လဲ?"
ဖေးခွမ် အံ့ဩသွားသည်။ "နိုင်ငံခြားသွားရမယ်?"
စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ "မနေ့က ကျွန်မရဲ့ဆရာ ပြောလာတယ်။ နိုင်ငံခြားမှာ အရမ်းကောင်းတဲ့သုတေသန ပရောဂျက်တစ်ခုရှိလို့ ကျွန်မကို အဲ့ဒီမှာ သုတေသန သွားလုပ်စေချင်တယ်လို့ ပြောတယ်"
ဒါကိုကြားတော့၊ ဖေးခွမ်မျက်လုံးထဲမှာ ဝမ်းသာရိပ်တွေဖြတ်သွားသည်။ သူ့ရဲ့ပထမဆုံးဘတုံ့ပြန်မှုကတော့ စုန့်အာ့နန်အတွက် ဝမ်းသာမိတာပင်။
သူ့ကောင်မလေးက တကယ်ကိုထူးချွန်တာ။
"ဒါက သတင်းကောင်းပဲပေါ့။ ကိုယ် မင်းကိုသေချာပေါက် အားပေးတယ်၊ ချွင်းချက်မရှိပံ့ပိုးပေးမှာ" သူက ရယ်ရင်းပြောလာသည်။ "မင်း ဘယ်တော့သွားရမလဲဆိုတာရော ပြောခဲ့သေးလား?"
စုန့်အာ့နန် ခေါင်းညိတ်လိုက်သည်။ "နောက်ဆုံး ဇွန်လလယ်လောက်တဲ့၊ နှစ်နှစ်လောက်နေရမှာ"
အဖြစ်အပျက်တစ်ခုလုံးကို နားထောင်ပြီးတဲ့နောက် ဒီကောင်မလေး မနေ့က ဘာလို့ အရမ်းထူးထူးဆန်းဆန်းပြုမူနေရလဲဆိုတာကို ဖေးခွမ်နောက်ဆုံးတော့ သဘောပေါက်သွားသည်။
အံ့ဩစရာမရှိတော့ဘူး။ သူ့သူငယ်ချင်းရဲ့ အနေဝေးဆက်ဆံရေးကြောင့် လမ်းခွဲခဲ့ရတာနဲ့ သူမကလည်း ရုတ်တရက် နိုင်ငံခြားသွားရမယ်ဆိုတာ သိလိုက်ရတော့ ဒီနှစ်ခုက အတူတူ ဖြစ်ပျက်သွားတာကြောင့် ဘယ်သူ့ကိုမဆို အတွေးလွန်မိစေသည်။
ဖေးခွမ်က အရမ်းကို နူးနူးညံ့ညံ့နဲ့ ပြောလာသည်။ "ဒီတော့ မင်းနိုင်ငံခြားသွားရမှာမို့ ကိုယ်တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေမှာကို စိုးရိမ်နေတာပေါ့?"
စုန့်အာ့နန်က သူ့ရင်ဘက်ပေါ်မှာလှဲနေရင်း "အမ်း ဟမ်"လို့ အသံပြုလိုက်သည်။
ဖေးခွမ်က အသာလေး သူမနဖူးကို ရိုက်လိုက်သည်။ "အဲ့ဒါက ကြောင်တာဘဲ"
စုန့်အာ့နန်က လက်ကိုကြွလိုက်ပြီး သူမစိတ်မချမ်းသာဖြစ်နေတာကိုပြဖို့ သူ့ကိုခပ်ဖွဖွထိုးလိုက်သည်။
ဖေးခွမ်က ရယ်လိုက်ပြီး ဆက်ပြောသည်။ "စုံတွဲတိုင်းရဲ့ အခြေအနေတွေက မတူဘူးလေ၊ ဒါပေမယ့် အရင်က မင်း ကိုယ့်ကို ပြောပြဖူးတဲ့ မင်းရဲ့အခန်းဖော်နဲ့ သူ့ကောင်လေးတို့အကြောင်းနဲ့ဆို ကိုယ်တို့က သူတို့နဲ့ မတူဘူးလို့ ကိုယ်ထင်တယ်"
စုန့်အာ့နန်မှာ တစ်ခဏလောက် နားမလည်ဖြစ်သွားရသည်။ "ဘယ်လို မတူတာလဲ?"
ဖေးခွမ်က ရှင်းပြလိုက်သည်။ "ကြည့်၊ အခုဆို ကိုယ်တို့တွဲနေကြတာ နှစ်ဝက်လောက်ရှိပြီ၊ ဒါပေမယ့် ရိုးရိုးသားသားပြောရရင် ကိုယ့်တို့တွေရဲ့ အချိန်အများစုက ခွဲနေရတာပဲလေ။ ကိုယ်တို့ရဲ့ တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ ခံစားချက်တွေက ပျောက်ပျယ်သွားတယ်လို့ ခံစားရလား?"
အဲ့ဒီအကြောင်း စုန့်အာ့နန် စဉ်းစားကြည့်လိုက်ပြီး ခေါင်းခါလိုက်သည်။
ဖေးခွမ် ဘာကိုဆိုလိုလဲဆိုတာ သူမ နည်းနည်းတော့ နားလည်ပေမယ့် သူမအနေနဲ့ စိုးရိမ်နေတုန်းပင်။ "ဟုတ်တယ်၊ ဒါပေမယ့် နိုင်ငံနဲ့ ချီပြီးခွဲနေရတာက မတူဘူးလေ။ အရင်က အလုပ်ပြီးရင် ရှင်က အိမ်ပြန်လာတယ်လေ"
ဖေးခွမ်က သူမနှာခေါင်းကို ညှစ်လိုက်ပြီး "ဒါက ကိစ္စကြီး မဟုတ်ပါဘူး။ အခုကစပြီး မင်းရှိနဲ့နေရာတိုင်းကို အိမ်လို့ တွေးထားလိုက်မယ်။ အခုခေတ်မှာ လမ်းပန်းဆက်သွယ်ရေးတွေက အရမ်းအဆင်ပြေတယ်လေ။ အရင်ကနဲ့ မတူတော့ဘူး"
စုန့်အာ့နန် နည်းနည်း အံ့အားသင့်သွားသည်။ "အဲ့ဒါက အလုပ်ဖြစ်ပါ့မလား?"
ဖေးခွမ်က ရယ်လိုက်ပြီး "သေချာပေါက် ဖြစ်တာပေါ့"
သူက ရပ်သွားပြီး ဆက်ပြောလာသည်။ "အာ့နန်၊ ကိုယ်မင်းကို ကတိတစ်ခုပေးမယ် ဟုတ်ပြီလား? မင်းနိုင်ငံခြားမှာရှိနေရင်တောင် မင်း ကိုယ့်ကို လွမ်းတယ်ဆိုတာနဲ့ ဒီတစ်ခေါက်လုပ်သလိုမျိုး ကိုယ် မင်းဆီကို ချက်ချင်းလာခဲ့မယ်"
စုန့်အာ့နန်မှာ စက္ကန့်အနည်းငယ်လောက် အေးခဲသွားပြီး နောက်တော့ "အမ်းဟမ်" ဆိုပြီး အသံတိုးတိုးနဲ့ဆိုလာသည်။
ဖေးခွမ်က သူမရဲ့ခေါင်းထိပ်လေးကို နမ်းလိုက်ပြီး စနောက်လာသည်။ "ကိုယ် မင်းကို သတိပေးသင့်တယ်ထင်တယ်၊ နိုင်ငံတကာလေယာဉ်လက်မှတ်တွေက တော်တော်ဈေးကြီးတာ။ ကိုယ် ခဏခဏသွားလည်ဖို့ မတတ်နိုင်ရင် ဘယ်လိုလုပ်မလဲ?"
စုန့်အာ့နန်က နူးနူးညံ့ညံ့ပြောလာသည်။ "အဆင်ပြေပါတယ်၊ ကျွန်မမှာ ပိုက်ဆံရှိတယ်။ အဲ့ဒီလိုဖြစ်လာရင် ကျွန်မက ရှင့်အတွက် ဝယ်ပေးမယ်"
ဖေးခွမ်က စိတ်အားထက်သန်စွာနဲ့ အော်ဟစ်လိုက်သည်။ "ဟေး၊ အဲ့လိုက အဆင်ပြေတာဘဲ။ အခု ကိုယ်က ကိုယ့်ကောင်မလေးဆီကနေ ထောက်ပံ့ခံနေရတယ်လို့ ပြောရမယ်ထင်တယ်"
စုန့်အာ့နန် & "စိတ်မပူပါနဲ့၊ ကျွန်မ သေချာပေါက် ရှင့်ကိုထောက်ပံ့ပေးမယ်"
ဒီလိုစနောက်နေတာက စုန့်အာ့နန်ကို ပိုပြီး နေလို့ကောင်းသွားစေကာ သက်သာရာရသွားစေသည်။
နှစ်ယောက်သား ဆိုဖာပေါ်မှာ စကားမပြောဘဲနဲ့ အချင်းချင်းဖက်ထားကြသည်။
ခဏကြာတော့ ဖေးခွမ်က စုန့်အာ့နန်ကို တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလာသည်။ "အာ့နန်၊ကိုယ်တို့ ဆက်ဆံရေးကို မင်းဘယ်လောက်ထိ တန်ဖိုးထားလဲဆိုတာကို မြင်ရတာ ကိုယ်အရမ်းပျော်မိသလို နည်းနည်းလည်း အံ့ဩရတယ်"
စုန့်အာ့နန် ရုတ်တရက် နားမလည်ဖြစ်သွားရသည်။
သူမတို့က တွဲနေကြတာလေ၊ သေချာပေါက် သူမတို့ဆက်ဆံရေးကို တန်ဖိုးထားရမှာပေါ့!
သူပျော်တာကိုတော့ သူမ နားလည်ပေမယ့် အံ့ဩရတာက ဘာကြောင့်လဲ?
ဒါပေမယ့် သူမ ဘာမှမမေးရသေးခင် သူမရဲ့အမြင်ကရုတ်တရက် မရှင်းမလင်းဖြစ်သွားသည်။
ဖေးခွမ်က သူမကို နမ်းဖို့အမြန် ငုံ့လာပြီး သူမပါးစပ်ထဲက မေးခွန်းတွေ အားလုံးကို တားဆီးလိုက်သည်။