← Chapters

အခန်း (၁၂၈)

Vol. 10 Ch. 128

အခန်း (၁၂၈)

Vol. 10 Ch. 128

ဖေးခွမ်ရဲ့အနမ်းတွေက စုန့်အာ့နန်ရဲ့နှုတ်ခမ်းတွေကနေ နားရွက်ဆီ ရွှေ့သွားပြီး နောက်တော့ သူမရဲ့ညှပ်ရိုးဆီ တဖြည်းဖြည်းနဲ့ ဆင်းသွားသည်။

စုတ်နမ်းလိုက် ညင်ညင်သာသာ ကိုက်လိုက်နဲ့ မရေရာတဲ့ လေထုက တဖြည်းဖြည်းနဲ့လွန်ကဲလာသည်။

စုန့်အာ့နန်ရဲ့ အာရုံတွေက ကျူးကျော်နှောင့်ယှက်ခံနေရပြီး သူမ သိပ်နားမလည်ပေမယ့် သူမရဲ့ခန္ဓာကိုယ်ကတော့ အလိုလိုနီးကပ်ချင်လာသည်။

သူမရဲ့လက်တွေက ဖေးခွမ်ရဲ့ခါးကို မသိလိုက်ဘာသာနဲ့ သိုင်းဖက်လိုက်ပြီး သူ့အင်္ကျီထဲ လျောဝင်ချင်နေသည်။

ဖေးခွမ်က သူမရဲ့ဂနာမငြိမ်တဲ့လက်တွေကို ဖိလိုက်ပြီး သြူမျက်နှာကို စုန့်အာ့နန်ရဲ့လည်ပင်းမှာအပ်လိုက်သည်။ သူ့အသံခပ်တိုးတိုးနဲ့ ဩရှစွာပြောလာသည်။ "လိမ်လိမ်မာမာနေ၊ မလှုပ်နဲ့"

စုန့်အာ့နန်မှာ တစ်ခဏလောက် ထိတ်လန့်သွားပြီး နောက်ဆုံးတော့ သူမ စိတ်တွေငြိမ်သက်သွားသည်။

စောစောတုန်းက သူမရဲ့လုပ်ရပ်တွေကို တွေးမိလိုက်တော့ သူမမျက်နှာက ရှက်ရွံ့မှုကြောင့် နီရဲသွားသည်။

ဒါပေါ့၊ သူမ နည်းနည်းရှက်ပေမယ့်လည်း ဘာမှမမှားဘူးလို့တော့ သူမ ထင်သည်။ ဆေးကျောင်းသူတစ်ယောက်အနေနဲ့ ဒါက ပုံမှန်ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတစ်ခုဖြစ်ကြောင်း သူမသိသည်။

သူမတို့ကစုံတွဲတွေလေ၊ သူမက ဖေးခွမ်ကိုကြိုက်တယ် ဒီလိုနီးကပ်နေတဲ့အချိန်မှာ သူမရဲ့ထိန်းချုပ်မှုတွေ ဆုံးရှုံးတာက မလွဲမသွေပင်။

သို့ပေမယ့် ဖေးခွမ်ရဲ့တုံ့ပြန်မှုကိုကြည့်ရရင် သူက နည်းနည်းထိန်းချုပ်ပြီး တည်ငြိမ်နေတဲ့ပုံပင်။

သူမကို နမ်းတဲ့အခါတိုင်း သူ့လက်တွေက ကောင်းကောင်းပြုမူတတ်ပြီး အများစုက သူမခါးကိုဘဲ ဖက်ထားတတ်သည်။

သူ ဒီထက်ပိုယူလိမ့်မယ်လို့ သူမ ထင်ခဲ့တဲ့အချိန်တိုင်း အချိန်တန်ရင် သူက အမြဲတမ်းရပ်သွားတတ်သည်။

ဖေးခွမ်မှာ သူမအပေါ် လိင်ပိုင်းဆိုင်ရာတပ်မက်မှု မရှိဘူးလို့တောင် စုန့်အာ့နန်သံသယရှိမိသည်။

သူမက တစ်ခဏလောက် တုံ့ဆိုင်းနေပြီးမှ မေးလိုက်သည်။ "ရှင် ကျွန်မအပေါ်စိတ်မဝင်စားဘူးလား....?"

ဖေးခွမ်က သိပ်သတိမထားမိဘဲ သူမရဲ့လည်ပင်းမှာဘဲ ပွတ်သီးပွတ်သပ်လုပ်နေပြီး ရေရွတ်လာသည်။ "မင်းကို ဘယ်လို စိတ်မဝင်စားတာလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းကို စုဝိုင်းလိုက်သည်။ အဲ့ဒါကိုထုတ်ပြောရမှာ နည်းနည်းရှက်ဖို့ကောင်းပေမယ့် သူမကအံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်မအပေါ် ဘာအတွေးမှမရှိဘူးလေ"

ဖေးခွမ် သူမကို မော့ကြည့်လိုက်ပြီး သူ့မျက်လုံးတွေထဲရယ်မြူးရိပ်တွေ သန်းသွားသည်။ "မင်း ကိုယ့်ကို...မစွမ်းဆောင်နိုင်ဘူးလို့ သံသယဝင်နေတာလား?'

စုန့်အာ့နန်လည်း အံ့ဩသွားသည်။ မစွမ်းဆောင်နိုင်ဘူးလို့ သံသယဝင်တယ်?

ဒါက သူမ ဆိုလိုချင်တာမဟုတ်ဘူးလေ!

"မဟုတ်ဘူး၊ ကျွန်မ အဲ့ဒီလို ဆိုလိုတာမဟုတ်ဘူး" စုန့်အာ့နန်က ကိုးရိုးကားရားနဲ့ ရှင်းပြလိုက်သည်။ "ရှင့်ကို အဲ့လိုပြောတာမဟုတ်ဘူး...၊ ရှင်က ကျွန်မအပေါ် ဘာအတွေးမှမရှိဘူးလို့ ပြောချင်တာ ဒါပေမယ့် ရှင်က တခြားသူတွေအကြောင်းတော့ တွေးတယ်လေ....."

သူက တခြားသူတွေ အကြောင်းတွေးတယ်လို့ ဆိုလာတော့ ဖေးခွမ်ရဲ့မျက်ခုံးတွေက ပိုလို့တောင်တွန့်ချိုးလာသည်။

သို့ပေမယ့် စုန့်အာ့နန်ရဲ့ ရှုပ်ထွေးတဲ့ရှင်းပြချက်ကနေ အဓိကအချက်ကို သူဖမ်းမိလိုက်သည်။

သူက သူမအပေါ် ဘာတပ်မက်မှုမှမရှိဘူးလို့ သူမက ထင်နေတာလား?!

ဖေးခွမ်ရဲ့နှုတ်ခမ်းထောင့်တွေ ဆတ်ခနဲလှုပ်ရှားသွားသည်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းလာပြီး သူမရဲ့လက်ကောက်ဝတ်ကို ခပ်ဖွဖွဆွဲလိုက်ကာ အောက်ဘက်ကို ဖြည်းဖြည်းချင်ရွှေ့ပေးလာသည်။

စုန့်အာ့နန် ချက်ချင်း တောင့်တင်းသွားသည်။ သူမဘာကိုထိမိသွားလဲဆိုတာကို သဘောပေါက်သွားတော့ သူမစိတ်ထဲ ပေါက်ကွဲသွားသည်။

အကြည့်ချင်းဆုံသွားကြတော့ သူတို့အသက်ရှူသံ‌တွေ သိသိသာသာပြင်းထန်လာသည်။

ဒီတော့မှ သူ့မျက်လုံးတွေထဲက ဖုံးကွယ်လို့မရတဲ့ လိုအင်ဆန္ဒတွေကို စုန့်အာ့နန် သတိပြုမိလိုက်သည်။

"အခုရော အဲ့ဒီလိုထင်သေးလား?" ဖေးခွမ် ရယ်သံထဲမှာ ကွဲအက်နေတဲ့ အသက်ရှူသံတွေ ရောပါနေပြီး သူ့အသံက ခပ်တိုးတိုးနဲ့ဩရှနေသည်။

သူက သူမရဲ့နားပန်လေးကို ညင်ညင်သာသာပွတ်သပ်လိုက်ပြီး "ကိုယ် ဒီထပ်ပိုပြီး သက်သေပြပေးဖို့လိုသေးလား?"

စုန့်အာ့နန်က အမြန်ခေါင်းခါလိုက်ပြီး "မ...မလိုဘူး'

စုန့်အာ့နန်က သူမလက်ကို ပြန်ရုတ်ဖို့ စိတ်အားထက်သန်စွာကြိုးစားလိုက်သည်။ ဖေးခွမ်က ဘာမှဆက်လုပ်ဖို့ ရည်ရွယ်ချက် မရှိတဲ့အတွက် အသာတကြည် လွှတ်ပေးလိုက်သည်။

သူမလက်ဖဝါးရဲ့နွေးထွေးမှုက စုန့်အာ့နန်ကိုမသက်မသာဖြစ်စေသည်။ အ‌ကွာအဝေးတချို့ခြားဖို့ သူမက ခန္ဓာကိုယ်ကို နည်းနည်းရွေ့လိုက်သည်။

ဒါပေမယ့် ဖေးခွမ်က သူမ ခါးကို ဖမ်းဆွဲလိုက်ပြီး သူ့ဘက်ကိုပြန်ဆွဲလိုက်ကာ စုန့်အာ့နန်ကို သူ့ကိုယ်ထဲ ဆွဲကပ်ချင်နေသလိုပင်။

"ကောင်းကောင်းနေ၊ ကိုယ့်ကို ခဏလောက် ပေးဖက်"

သူ့အသံက အက်ကွဲနေသလို ဩရှနေသည်။ စုန့်အာ့နန်က တောင့်တင်းသွားပြီး နောက်ကျမှ တစ်ခုခုကိုသဘောပေါက်တုံ့ပြန်မိလိုက်သည်။

ဆယ်စက္ကန့်လောက် ရုန်းကန်ပြီးတဲ့နောက် သူမပါးစပ်ဖွင့်လိုက်ကာ မျက်နှာက နီရဲလာရင်း မသဲမကွဲမေးလိုက်သည်။ "ရှင် တကယ်အဆင်ပြေရဲ့လား? ရှင် လို..."

ဖေးခွမ် နည်းနည်းအံ့ဩသွားပြီး အံ့ဩစွာနဲ့ သူပြောလာသည်။ "မင်းအများကြီး သိနေတာပဲ?"

စုန့်အာ့နန် ဒါကိုကြားတော့ ချက်ချင်း မပျော်မရွှင်ဖြစ်လာသည်။ "လူတွေကိုအထင်မသေးနဲ့‌လေ။ ဘာပဲဖြစ်ဖြစ် ကျွန်မက ဆေးကျောင်းသူပါနော်"

ဒါက ဘယ်လိုတုံ့ပြန်မှုမျိုးလဲ? အရမ်းအံ့ဩသွားတယ်လား?

သူမမှာ လက်တွေ့ အတွေ့အကြုံမရှိပေမယ့် သီအိုရီပိုင်းဆိုင်ရာ အသိပညာတွေကတော့ မချို့‌တဲ့နေပါချေ။

ကောင်မလေးက သူ့ကိုမကျေမနပ် စိုက်ကြည့်နေတာမြင်တော့ ဖေးခွမ် မနေနိုင်ဘဲ ရယ်လိုက်မိသည်။ "ကိုယ်က မင်းကိုအထင်မသေးပါဘူး"

သူက သူမပါးကိုညှစ်လိုက်ပြီး "ခုနတုန်းက ကိုယ်တုံ့ပြန်တာနှေးသွားလို့ပါ"

စုန့်အာ့နန်က "ဟမ့်" ခနဲလုပ်လိုက်ပြီး မယုံတဲ့ပုံပင်။

ဖေးခွမ်က ရယ်ရင်းနဲ့ ခေါင်းဖြည်းဖြည်း ခါပြီး ပြောလိုက်သည်။ "တကယ်တော့၊ ကိုယ်တို့က အတူတူပါပဲ။ ကိုယ့်မှာ မင်းကို အထင်သေးဖို့ ဘယ်လိုလုပ်အခွင့်အရေးရှိမှာလဲ?"

စုန့်အာ့နန်မှာ တစ်ခဏလောက် ရှုပ်ထွေးသွားပြီး သူဘာကို ဆိုလိုချင်လဲဆိုတာကို နားမလည်ဖြစ်သွားသည်။

သူက သူမပါးကို ထပ်ညှစ်လိုက်ပြီး ပြုံးကာရှင်းပြလာသည်။ "ကိုယ် ပြောချင်တာက၊ ကိုယ်တို့က တူတူဘဲလို့၊ နှစ်ယောက်လုံး အတွေ့အကြုံမရှိဘူးလေ။ ကိုယ် မင်းကို တကယ်အထင်သေးတာမဟုတ်ပါဘူး"

သူဘာကိုဆိုလိုလဲဆိုတာ စုန့်အာ့နန်သဘောပေါက်သွားတော့ သူမမျက်လုံးတွေ ထိတ်လန့်စွာနဲ့ ပြူးကျယ်လာသည်။ "ဘယ်..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"

သူက ဒီလောက်အသက်ကြီးနေပြီလေ၊ ရည်းစားတွေအများကြီးလည်း ထားဖူးတာ သူ့မှာ အတွေ့အကြုံမရှိဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

သူ သူမကို ချော့နေတာဘဲဖြစ်ရမယ်။

သူမရဲ့တုံ့ပြန်မှုကိုမြင်တော့ ဖေးခွမ်မျက်ခုံးတွေပင့်သွားပြီး "ဘာလို့ မဖြစ်နိုင်ရမှာလဲ?"

စုန့်အာ့နန်က နှုတ်ခမ်းစူလိုက်ပြီး ပြန်ချေပလာသည်။ "ရှင်နဲ့ ရှင့်ရည်းစားဟောင်းတွေ....ဘာဘဲဖြစ်ဖြစ်၊ ဒါက မဖြစ်နိုင်ဘူး"

အဲ့ဒီလိုပြောပြီးသွားတော့ သူမက 'ဟမ့်' ခနဲလုပ်လိုက်ပြီး တမင်သပ်သပ် တစ်ဖက်ကိုလှည့်လိုက်သည်။

ဖေးခွမ်မျက်ခုံးတွေ နည်းနည်းတွန့်ချိုးသွားသည်။ သူ့ရဲ့ရည်းစားဟောင်းတွေ?

ပြီးတော့ ဒီလောက်များတယ်လား?!

ဒီကောင်မလေးရှေ့မှာ သူ့အကြောင်း ကောလဟာလတွေ ဘယ်သူက ဖြန့်နေတာလဲ?!

ဖေးခွမ်ကတော့ တု E ထက် ပိုမှားယွင်းနေတယ်လို့ ခံစားလိုက်ရသည်။

[ကောင်းကင်နှင့် ကမ္ဘာမြေကသိသော မတရားမှုအား Dou E အဖြစ် အကြမ်းဖျင်း ဘာသာပြန်ဆိုထားသည်။]

ဒါပေမယ့် သူ ရှင်းပြဖို့ အလျင်မလိုနေပါချေ။ ဒီကောင်မလေး သဝန်တိုတာကို မြင်ရတာရှားတာကြောင့် အဲ့ဒီအစား သူက သူမကိုစချင်သေးသည်။

သူက တမင်သပ်သပ် စိတ်ပျက်တဲ့ လေသံလုပ်လိုက်ပြီး "ဒါကဘာလဲ၊ ကိုယ့်ရဲ့အရင်က အကြောင်းတွေကို ပြန်ပြောချင်နေတာလား?"

စုန့်အာ့နန်က နှုတ်ခမ်းမဲ့လိုက်ပြီး ပြင်းပြင်းထန်ထန် ငြင်းဆန်လာသည်။ "မဟုတ်ဘူး!"

"တကယ် မဟုတ်ဘူးလား?" ဖေးခွမ် မျက်ခုံးတွေကို ပင့်လိုက်သည်။

စုန့်အာ့နန်ရဲ့မျက်လုံးတွေက ဝှေ့လည်ကြောင်ပတ် ဖြစ်နေပေမယ့် သူမရဲ့ပါးစပ်ကတော့ သဘာဝကျကျ ပြန်ဖြေလာသည်။ "တကယ်မဟုတ်ဘူး!"

စုန့်အာ့နန်က ပါးစပ်ကနေငြင်းနေပေမယ့် စိတ်ထဲမှာတော့ မဟုတ်နေဘူးဆိုတာ မြင်နေရတော့ ဖေးခွမ်နှုတ်ခမ်းတွေက ဆတ်ခနဲလှုပ်ရှားသွားသည်။ အဆုံးမှာ သူ မအောင့်နိုင်တော့ဘဲ အော်ရယ်လာတော့သည်။

သူ့ကောင်မလေးက အရမ်းချစ်စရာကောင်းတာပဲ။

ဖေးခွမ်က ပုံမှန်လို ရယ်နေတာမဟုတ်တော့ သူရယ်လိုက်တာနဲ့ စုန့်အာ့နန်က ပိုလို့တောင် ဒေါသထွက်လာသည်။ "ဘာရယ်နေတာလဲ!"

"ရယ်နေတာ ရပ်လိုက်နော် မဟုတ်ရင် ရှင့်ကို လျစ်လျူရှုလိုက်တော့မယ်"

ပြောပြီးတာနဲ့၊ သူမက ဖေးခွမ် ဖက်ထားတာကနေ လွတ်အောင်လုပ်နေသည်။

သူတကယ် သူမ စိတ်ဆိုးအောင် လုပ်လိုက်မိတာကိုမြင်တော့ ဖေးခွမ်လည်း အမြန်ချော့ရတော့သည်။ "ဟုတ်ပြီ၊ ဟုတ်ပြီ၊ ကိုယ်မှားတာ၊ ကိုယ် မရယ်တော့ဘူး"

သူက သူမနဖူးကို နမ်းလိုက်ကာ ညင်ညင်သာသာ ရှင်းပြလိုက်သည်။ "ကိုယ့်မှာ ဘယ်သူမှမရှိပါဘူး၊ မင်း တစ်ယောက်ပဲရှိတာ"

စုန့်အာ့နန်က နားမလည် ဖြစ်နေသေးသည်။ "ဘာကိုလဲ?"

ဖေးခွမ်က ရယ်ရင်းနဲ့ ရှင်းပြလာသည်။ "ကိုယ်ပြောတာက၊ ကိုယ့်ကို မှားပြီးမစွပ်စွဲနဲ့လို့။ မင်းက ကိုယ့်ရဲ့အချစ်ဦးပဲ။ မင်း ကိုယ့်ကို တစ်သက်လုံး တာဝန်ယူရမယိ"

စုန့်အာ့နန်မှာ တစ်ခဏလောက် အံ့ဩသွားပြီး နောက်တော့ တုံ့ပြန်လာသည်။

ဖေးခွမ်က ကူကယ်ရာမဲ့စွာနဲ့ မေးလိုက်သည်။ "ဒီဟာတွေအားလုံးကို မင်းဘယ်သူ့ဆီကနေ ကြားလာတာလဲ? ကိုယ့်မှာ ရည်းစားတွေ အများကြီး ရှိတယ်တဲ့လား?"

စုန့်အာ့နန်က အမှန်တိုင်း ပြန်ဖြေလိုက်သည်။ "အွန်လိုင်းပေါ်ကနေလေ"

စုန့်လင်းချွမ်နဲ့ မတူဘဲ၊ ဖေးခွမ်ရဲ့အတင်းအဖျင်းတွေနဲ့ အရှုပ်တော်ပုံတွေက အများကြီးရှိသည်။ အွန်လိုင်းပေါ်မှာအမြန်ရှာလိုက်တာနဲ့ အများကြီးပေါ်လာတတ်သည်။

ဖေးခွမ် မတတ်နိုင်ဘဲ နဖူးကို ထိလိုက်မိသည်။ "အဲ့ဒါတွေအားလုံးက လုပ်ကြံထားတဲ့ အတင်းအဖျင်းတွေပဲ။ အဲ့ဒါတွေကို ယုံလို့မရဘူး"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "ဒါပေမယ့် သူတို့ရေးထားတာက တော်တော်လေး ယုံချင်စရာကောင်းတာ၊ ဓာတ်ပုံတွေတောင် ပါသေးတယ်"

ဖေးခွမ် - "...."

နောက်တော့၊ သူက ဈေးကွက်ရှာဖွေရေး အကောင့်တွေနဲ့ ပါပါရာဇီတွေရဲ့ ဓာတ်ပုံတွေပေါ်အခြေခံတဲ့ လုပ်ကြံဇာတ်လမ်းတွေအကြောင်း ရှင်းပြဖို့ ဆယ်မိနစ်လောက် အချိန်ယူလိုက်ရသည်။

နောက်တစ်ခဏမှာ၊ အဲ့ဒါက နားလည်မှုလွဲတာဖြစ်ကြောင်း နောက်ဆုံးတော့ စုန့်အာ့နန်သဘောပေါက်သွားပြီး ပြန်သုံးသပ်မိတော့သည်။ "ကျွန်မ အရမ်း သဘောထားသေးသွားလား?"

ဖေးခွမ်တော့ သူမရဲ့အတွေးရထားတွေကို လိုက်မမှီတော့ပေ။ "မဟုတ်ပါဘူး၊ ကိုယ်ကတော့ အဲ့ဒါက ကောင်းတယ်လို့ထင်တယ်"

စုန့်အာ့နန်က ခေါင်းခါလိုက်ပြီး "ရှင့်မှာ ရည်းစားတွေရှိခဲ့ရင်တောင် အဲ့ဒါက အရင်ကဖြစ်ခဲ့တာပဲလေ။ ကျွန်မ ခုနတုန်းကလိုမျိုး မတုံ့ပြန်လိုက်သင့်ဘူး၊ အဲ့ဒါက နည်းနည်းအကျိုးအကြောင်း မသင့်ဘူး။"

နောက်တော့ သူမဘာသာ‌ဆက်ပြောလိုက်သည်။ "စုံတွဲတွေ ဒိတ်လုပ်နေတုန်းမှာ ဒီလိုမလုပ်သင့်ဘူးဆိုတာကို ကျွန်မ အွန်လိုင်းမှာ တွေ့ခဲ့တယ်။ မဖြစ်ဘူး၊ နောက်ကျရင် ကျွန်မ သေချာဂရုစိုက်ရမယ်"

"ဂရုစိုက်ဖို့မလိုပါဘူး" ဖေးခွမ်က အလေးအနက် ပြောလာသည်ာ "တခြားသူတွေ ဘယ်လို ဒိတ်လုပ်လဲဆိုတာကို ကိုယ်စိတ်မဝင်စားဘူး။ ကိုယ်တို့ကြားမှာတော့ သိပ်အများကြီး စိုးရိမ်ဖို့မလိုပါဘူး၊ ကိုယ့်အတွက် ဘာမဆိုအဆင်ပြေတယ်"

တခြားသူတွေကို ဂရုစိုက်ဖို့မလိုဘူး။

ပြန်ပြေလည်သွားကြတဲ့အတွဲက ဆိုဖာပေါ်မှာ ပျင်းပျင်းရိရိနဲ့ လှဲလျောင်းနေပြီး ဘာမှမလုပ်ဘဲ ဒီအတိုင်းအကြာကြီးနေရတာကို ကျေနပ်နေကြသည်။

အရမ်းနောက်ကျနေပြီဖြစ်တဲ့အတွက် စုန့်အာ့နန် မပြန်တော့ပေ။ ဖေးခွမ်က အစောကတည်းက ဧည့်သည်အိပ်ခန်းကို ပြင်ဆင်ထားတဲ့အတွက် သူမက အဲ့ဒီမှာနေသည်။

ဒီတစ်ခေါက် ရိုက်ကူးရေးအဖွဲ့က ‌ဖေးခွမ်ကို နားရက်နှစ်ရက်ပေးထားသည်။ စုန့်အာ့နန်လည်းဘဲ အားနေတဲ့အတွက် နှစ်ယောက်သား B Cityရဲ့ ဆင်‌ခြေဖုံးရပ်ကွက်ကာ အပန်းဖြေစခန်းကောင်းကောင်းတစ်ခုမှာ တစ်နေ့တာကုန်ဆုံးဖို့ စီစဉ်ထားသည်။

သို့ပေမယ့်၊ အစီအစဉ်တွေက ပြောင်းလဲနိုင်တာကိုတော့ မတတ်နိုင်ပါချေ။

အဲ့ဒီညမှာ၊ စုန့်အာ့နန်က ကောင်းကောင်းအိပ်ပျော်ခဲ့ပေမယ့် မနက်စောစောမှာ‌တော့ လီစစ်ရွှေ့ရဲ့ဖုန်းခေါ်သံကြောင့် သူမနိုးလာရသည်။

သူမက အိပ်ချင်မူးတူးဖြစ်နေဆဲဖြစ်ပြီး မျက်လုံးတွေကိုဖွင့်လိုက်ကာ ဖုန်းကိုင်လိုက်သည်။ "စစ်ရွှေ့၊ ဘာဖြစ်လို့လဲ?"

"အာ့နန်၊ နင် hot search ကို မတွေ့သေးဘူးလား?" လီစစ်ရွှေ့အသံက အရေးတကြီး ဖြစ်နေသည်။

စုန့်အာ့နန်က နားမလည်ဖြစ်သွားပြီး "ဟင့်အင်း၊ အခုမှနိုးတာ။ ဘာကိုလဲ?"

လီစစ်ရွှေ့က ပြောလာသည်။ "hot searchကို သွားကြည့်ကြည့်လိုက်! မနေ့ညက နင် ပါပါရာဇီဆီကနေ ဓာတ်ပုံ ခိုးရိုက်ခံလိုက်ရပြီး အခု နင့်အချစ်ရေးအကြောင်း ဖော်ထုတ်ခံလိုက်ရပြီ!"

စုန့်အာ့နန်မှာ ချက်ချင်း လန့်သွားသည်။ ဖော်ထုတ် .... ဖော်ထုတ်ခံလိုက်ရတယ်?!

ဖုန်းချပြီးသွားတော့ သူမက Weibo ကို အမြန်နှိပ်လိုက်ပြီး hot search ကို တွေ့တဲ့အခါ သူမ နှလုံးခုန်သံတွေ မြန်သွားရသည်။

#အံ့ဩစရာ! ဖေးခွမ်က အန်တီလေးနဲ့ တရင်းတနှီးလက်တွဲထားရင်း လမ်းဖြတ်ကူး၊ အချစ်ရေးက ဖော်ထုတ်ခံလိုက်ရတယ်လို့ သံသယရှိ!#

ဒီအသုံးအနှုန်းက သူမကို မကောင်းတဲ့ခံစားချက်တွေပေးနေသည်။ မနေ့ညက သူမတို့တွေ တိတ်တိတ်လေး ဓာတ်ပုံခိုးရိုက်ခံ ထိသွားတာများလား?!

စုန့်အာ့နန်ရဲ့လက်တွေက တုန်ရီနေကာ hashtag ကို နှိပ်လိုက်တော့ သေချာပေါက်ကိုပဲ မနေ့ညက လမ်းပေါ်မှာ သူမနဲ့ဖေးခွမ်တို့ လက်ကိုင်ထားတဲ့ပုံတွေရှိနေသည်။

အလန့်တကြားနဲ့၊ သူမ ဖုန်းကိုကိုင်ကာ ဖေးခွမ်ကိုရှာဖို့ အပြေးအလွှား ထွက်လာလိုက်သည်။

ဒါပေမယ့် သူမ အရမ်းပျာယာခတ်နေတော့ သူမထရပ်လိုက်တာနဲ့ ကုတင်ဘေးက ဗီရိုကို မတော်တဆ ကန်မိသွားသည်။

ခြေဖျားထိပ်တွေက နာကျင်မှုကြောင့် စုန့်အာ့နန် ငိုမိသွားသည်။

ဖေးခွမ်က ဝရန်တာမှာ ဖုန်းပြောနေပြီး စုန့်အာ့နန်ရဲ့ငိုသံကြားတော့ သူချက်ချင်းအပြေးအလွှားရောက်လာသည်။

သူက တံခါးကိုဖြတ်ကာ စိုးရိမ်တကြီး မေးလိုက်သည်။ "အာ့နန်၊ ဘာဖြစ်လို့လဲ?"

အဲ့ဒီအချိန်မှာ စုန့်အာ့နန်က ကြမ်းပြင်ပေါ်မှာ ခွေခွေလေးရှိနေပြီး နာကျင်စွာနဲ့ ငိုနေသည်။ "အဆင်ပြေတယ်၊ ဗီရိုကိုကန်မိသွားလို့"

ဖေးခွမ်ရဲ့အသံကိုကြားတော့ သူမမှာ နာတာကို ဂရုမစိုက်အားတော့ပေ။ သူမက အောင့်ခံရင်း မတ်တပ်ရပ်လိုက်ကာ တံခါးဖွင့်ဖို့ လုပ်လိုက်သည်။

သူမ တံခါးဖွင့်ပြီးတာနဲ့ စိုးရိမ်စွာမေးလိုက်သည်။ "ကျွန်မအဆင်ပြေတယ်၊ ရှင် hot search ကို တွေ့ပြီးပြီလား?"

ဖေးခွမ်က ခေါင်းနည်းနည်း ညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။ "စိတ်မပူနဲ့၊ hot search ကို ကိုယ် ကိုင်တွယ်လိုက်မယ်"

ပြောလို့ပြီးသွားတော့ သူက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမခြေထောက်ကို စစ်ဆေးကြည့်လိုက်သည်။ သူမရဲ့ညာဘက်က ပန်းရောင်သန်းနေတဲ့ ခြေထိပ်လေးတွေက နီရဲနေပေမယ့် ကံကောင်းထောက်မစွာနဲ့ မရောင်ရမ်းနေပေ။

စုန့်အာ့နန်က သူမအဆင်ပြေတယ်လို့ အလေးထားပြောနေပေမယ့် ဖေးခွမ်ကတော့ သူမကို လုံးဝလျစ်လျူရှုထားသည်။

သူက သူမကို ကုတင်ပေါ် ပြန်ချီသွားလိုက်ပြီး ထိုင်ခိုင်းလိုက်ကာ နောက်တော့ ရေခဲတစ်အိတ်ယူလာပြီး သူမ ခြေထောက်ပေါ် ကပ်ပေးလိုက်သည်။

နောက်ဆုံးတော့ သူမခြေထောက်ဆီက နာကျင်မှုတွေက လုံးဝပျောက်ကွယ်သွားသည်။ စုန့်အာ့နန် တစ်ခုခုပြောဖို့ လုပ်တုန်းမှာဘဲ သူတို့ဘေးက ဖေးခွမ် ဖုန်းဆီကနေ လီတုန်ရဲ့အသံက ရုတ်တရက် ထွက်လာသည်။

"အမ်၊ မင်းတို့ကို အနှောင့်အယှက် ပေးမိလို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် ငါ အခု မင်းအိမ်ရှေ့ရောက်နေပြီ။ ငါ့ကို အရင်ပေးဝင်လို့ အဆင်ပြေမလား?"

All Chapters