← Chapters

အခန်း (၁၂၉)

Vol. 10 Ch. 129

အခန်း (၁၂၉)

Vol. 10 Ch. 129

ဆယ်မိနစ်အကြာ၌ လီတုန်၊ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ ဧည့်ခန်းထဲမှာ ထိုင်နေကြသည်။

လီတုန်မှာတော့ သူဟာ လုံးဝကို နစ်နာသူလို ခံစားနေရသည်။ သူ့မှာ အွန်လိုင်းပေါ်မှာ ပေါက်ကြားလာတဲ့ သူ့အနုပညာရှင်ရဲ့ အချစ်ရေးသတင်းကြောင့် မနက်စောစော နိုးလာရပြီး အပြေးအလွှား ရောက်လာရကာ နောက်တော့ ဖုန်းထဲကနေပါ ခွေးစာတွေ ကျွေးခံလိုက်ရသည်။

သူက သူတို့နှစ်ယောက်ကြား အပြန်ပြန်အလှန်လှန်ကြည့်လိုက်ပြီး "မင်းတို့နှစ်ယောက် အတူတူပြောင်းနေကြပြီလား?"

စုန့်အာ့နန်မှာ တစ်ခဏလောက် ကြောင်အသွားသည်။ သူမစိတ်ထဲမှာ လီတုန်က hot search အကြောင်း မေးမယ်ထင်လို့ သူမမှာ တစ်ချိန်လုံး ဒီမေးခွန်းကိုစောင့်နေတာဖြစ်သည်။

ဒါပေမယ့် အတူတူပြောင်းနေကြတယ်တဲ့လား?

သူမက စက္ကန့်အနည်းငယ်လောက်ကြာမှ တုံ့ပြန်လာပြီး အမြန်လက်ခါပြကာ ရှင်းပြလာသည် " မဟုတ်ပါဘူး၊ ကျွန်မတို့က ဒီတိုင်း....မဟုတ်ဘူး"

စုန့်အာ့နန်ရဲ့ တုံ့ပြန်မှုကိုမြင်တော့ လီတုန်က အူမြူးသွားပြီး သူမကိုထပ်စချင်သွားသည်။

ဖေးခွမ်က သူ့ကိုစိုက်ကြည့်လိုက်ကာ "အလုပ်အကြောင်းပြောရအာင်"

လီတုန် သူ့နှာခေါင်းကို ပွတ်လိုက်သည်။

ကောင်းပြီ၊ ဒါက အလုပ်ဘဲလေ။

သူက လည်ချောင်းရှင်းလိုက်ပြီး သူတို့ဆက်ဆံရေးအကြောင်း ဘယ်လိုလုပ် ဖော်ထုတ်ခံလိုက်ရလဲဆိုတာကို အတိုချုပ်ပြောပြလာသည်။

ဖေးခွမ်က ဖျော်ဖြေရေးနယ်ပယ်ထဲ ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့အတွက် အရမ်းသတိရှိသည်။ သူတို့စားသောက်ဆိုင်က ထွက်လာတဲ့အချိန် သူတို့နောက်ကို လိုက်လာတဲ့ ဘာပါပါရာဇီမှ မရှိဘူးဆိုတာကို အခြေအားဖြင့် သူအတည်ပြုလိုက်သေးသည်။

အစကတော့ ဒါကို ဖြတ်သွာဖြတ်လာတစ်ယောက်က ရိုက်ခဲ့ပြီး အွန်လိုင်းပေါ် တင်လိုက်တာလို့ သူထင်ခဲ့ပေမယ့် လီတုန်က စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ အဲ့ဒါက တကယ့် ပါပါရာဇီတွေက ဖော်ထုတ်ခဲ့တာလို့ ပြောသည်။

ဒါက မတော်တဆမှု တစ်ခုသာဖြစ်ပြီး အဲ့ဒီပါပါရာဇီက အစကတော့ သူတို့နေတဲ့နေရာမှာ နေထိုင်တဲ့ တခြားအနုပညာရှင်နောက် လိုက်နေတာ ဖြစ်ကာ၊ အဲ့ဒီအစား တိုက်တိုက်ဆိုင်ဆိုင် ဖေးခွမ် ထွက်လာတာကို ဖမ်းမိသွားခဲ့သည်။

လီတုန်က ကျွတ်စ် သပ်လိုက်ပြီး "မဝေဖန်ချင်ပေမယ့်၊ မင်းတို့နှစ်ယောက်ကလေ တစ်ကယ့်ကိုဘဲ လူမြင်ကွင်းမှာ ချစ်ကြည်နူးတစ်တီတူးရဲကြတာပဲ။ မင်းက လူတိုင်းကို သိစေချင်နေတလို့ဘဲ ငါထင်တယ် ဟမ်?"

ချစ်ကြည်နူးတစ်တီတူးတယ်လို့ ပြောခံရပါက ပုံမှန်ဆို စုန့်အာ့နန်တစ်‌ယောက် ရှက်နေမိမှာဖြစ်ပေမယ့် အခုတော့ သူမ လုံးဝဂရုမစိုက်တော့ပါချေ။ သူမ မျက်နှာမှာ စိုးရိမ်မှုတွေပြည့်နှက်နေပြီး မေးလိုက်သည်။ "ကျွန်မတို့အခုဘာလုပ်သင့်လဲ?"

လီတုန်က ပခုံးတွန့်လိုက်ပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ "မင်းတို့လည်း ဓာတ်ပုံတွေကို မြင်ပြီးသွားပြီဘဲ။ တစ်ချက်ကြည့်တာနဲ့တင် လူတိုင်း မင်းတို့ကိုမှတ်မိတယ်၊ ဒီတော့ ငြင်းဖို့ကြိုးစားတာက အလုပ်မဖြစ်လောက်ဘူး"

"ဒါ့ပြင်၊ ပါပါရာဇီတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိနေတော့၊ သူတို့တွေ ဗီဒီယိုရိုက်ထားနိုင်ချေက ၈၀၊ ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်"

ဒါကိုကြားတော့၊ စုန့်အာ့နန် ဖေးခွမ်ကို ကူကယ်ရာမဲ့စွာကြည့်လိုက်မိသည်။

ဖေးခွမ်က နှစ်သိမ့်သလို သူမလက်ကို ပုတ်လိုက်ပြီး " စိတ်မပူပါနဲ့၊ ကိုယ်တို့ ဆက်ဆံရေးကို လူသိရှင်ကြား ကြေငြာလိုက်ရအောင်၊ အဆင်ပြေလား?"

ဒါပေမယ့် စုန့်အာ့နန်ကတော့ စိုးရိမ်နေသေးသည်။ "အဲ့ဒါက ရှင့် အလုပ်အပေါ် သက်ရောက်မှုရှိလား?"

ဖေးခွမ် ပြန်မဖြေရသေးခင် လီတုန်က ယုံကြည်ချက်ရှိရှိဖြတ်ပြောလာသည်။ "စိတ်မပူပါနဲ့၊ အဲ့ဒီလိုမဖြစ်ဘူး"

စုန့်အာ့နန်က "အာ" လို့ဆိုလိုက်ပြီး နည်းနည်း စိတ်ရှုပ်နေတဲ့ပုံပင်။

လွန်ခဲ့တဲ့သုံးနှစ်က ဖေးခွမ်နဲ့ရှဲ့ယင်းတို့ အရှုပ်တော်ပုံကြောင့် ဖေးခွမ်ရဲ့ အသက်မွေးဝမ်းကြောင်းကို ကြီးကြီးမားမား ထိခိုက်စေခဲ့သည် မဟုတ်လား?

လီတုန်က အကြောင်းပြချက်ကို အရမ်းရိုးရိုးသားသားနဲ့ရှင်းပြလာသည်။ ဖေးခွမ်က အောင်အောင်မြင်မြင်နဲ့ကူးပြောင်းနိုင်ခဲ့ပြီး အကောင်းဆုံး သရုပ်ဆောင်ဆုကိုရခဲ့တာက သူ့ကိုထိပ်တန်းသရုပ်‌ဆောင်အဆင့်ထဲတရားဝင် ဝင်ရောက်လာစေသည်။ အချစ်ရေးကိစ္စက သူတို့ကု သိပ်သက်ရောက်မှုမရှိပါချေ။

ဒါ့ပြင်၊ လွန်ခဲ့တဲ့သုံးနှစ်က ကမောက်ကမဖြစ်ခဲ့ရပြီးတဲ့နောက် ဖေးခွမ်ဖန်တွေက တစ်ကျော့ပြန်လျော့နည်းသွားခဲ့ပြီဖြစ်သည်။ အခုကျန်နေခဲ့တဲ့ဖန်တွေက တဖြည်းဖြည်းနဲ့ သူ့ဆက်ဆံရေးကို လက်ခံနိုင်မှုနှုန်း မြင့်သည်။

"ဒါ့ပြင်၊ ကျွန်တော့်ရဲ့လေ့လာတွေ့ရှိချက်တွေအရဆို ဖေးခွမ် ဖန်တွေက မင်းတို့နှစ်ယောက်အပေါ် တော်တော်သဘောထားကြီးကြတာ"

လီတုန် ပြောတာကိုကြားတော့၊ စုန့်အာ့နန်ပိုပြီးတော့ စိတ်အေးသွားရသည်။

အခုချိန်မှာ လီတုန်ရဲ့စကားတွေက ဖေးခွမ်ထက် သူမကို ပိုပြီးယုံကြည်လာစေသည်။ ဘာဘဲဖြစ်ဖြစ်၊ ဖေးခွမ်က သူမကို စိတ်မပူဖို့ပြောဖို့ အခွင့်အရေးတစ်ခုရသေးသည်။

"ဘာဘဲဖြစ်ဖြစ်၊ အန်တီလေး၊ ကျွန်တာ်ကတော့ မင်းကိုပိုပြီး စိုးရိမ်တယ်" လီတုန်က ပြောလိုက်သည်။

သူဘာကိုဆိုလိုလဲဆိုတာ စုန့်အာ့နန် တကယ်နားမလည်ပါချေ။ "ဘာလို့ ကျွန်မအတွက် စိုးရိမ်တာလဲ?"

သူမက နာမည်ကြီး မဟုတ်တာကြောင့် ချိန်းတွေ့တာက သူမရဲ့စာလေ့လာတာကို မထိခိုက်စေပါချေ။

လီတုန်က ပြန်ဖြေလိုက်သည်။ "ဒီအချိန်အတောတွင်းမှာ ပါပါရာဇီတွေ မင်းကျောင်းမှာ စပြီးစောင့်ကြည့်နေတော့မှာစိုးတယ်၊ အဲ့ဒါက မင်းရဲ့စာလေ့လာမှုကို ထိခိုက်စေလိမ့်မယ်"

စုန့်အာ့နန်က မျက်တောင်ခတ်လိုက်ပြီး "အဆင်ပြေပါတယ်။ ကျွန်မတို့ ကျောင်းက လုံခြုံရေးအရမ်းတင်းကြပ်တာ။ သူတို့ဝင်လို့ရမယ်လို့ ကျွန်မ မထင်ဘူး"

သူတို့က ကျောင်းပေါက်ဝမှာ စောင့်ကြည့်နေမယ်ဆိုရင် သူမ အပြင်မထွက်ရုံပင်။ အခု သူမရဲ့ ဆေးရုံက အလုပ်သင် ကာလဟာလည်း ပြီးသွားပြီဖြစ်ကာ ဖေးခွမ်ကလည်း ရိုက်ကူးရေး လုပ်နေရတဲ့အတွက် သူမမှာ ဘာမှလုပ်စရာမရှိပေ။

"ဒါ့ပြင်၊ ကျွန်မက မကြာခင် နိုင်ငံခြားသွားရတော့မှာ။ သူတို့ ကျွန်မကို စောင့်ကြည့်နေရင်တောင် လုပ်နိုင်ကြမှာမဟုတ်ဘူး" သူမက ပြောလိုက်သည်။

လီတုန်က အံ့ဩသလို ကြည့်လိုက်ပြီး မေးလိုက်သည်။ "အန်တီလေးက နိုင်ငံခြားသွားမလို့လား?"

စုန့်အာ့နန်က ခေါင်းညိတ်ပြလိုက်ပြီး သူမဆရာက သူမအတွက် နိုင်ငံခြားမှာ သုတေသနလုပ်ဖို့ ဘယ်လိုစီစဉ်ပေးထားတယ်ဆိုတာကို အကြမ်းဖျင်းပြောပြလိုက်သည်။

ဇာတ်လမ်းအပြည့်အစုံကို နားထောင်ပြီးသွားတော့ လီတုန် ချက်ချင်း စိတ်အေးသွားသည်။

သူ မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး "ဒီလိုပုံအတိုင်းဆို၊ မင်းတို့ဆက်ဆံကို ထုတ်ပြဖို့ ပြီးပြည့်စုံဆုံးအချိန်ဘဲ"

နှစ်နှစ်ကြာပြီးတဲ့နောက်၊ စုန့်အာ့နန် ပြန်လာတဲ့အခါ ဒီဟာက သတင်းဟောင်းဖြစ်သွားမှာပင်။ မဟုတ်ဘူး၊ ပိုအတိအကျပြောရရင် ဖုန်မှုန့်တွေလိုဖြစ်သွားမှာ။

"ကောင်းပြီ၊ နောက်ဆုံးတော့ ငါ့ရဲ့တာဝန်ကိုကျေပွန်ဖို့အချိန်ကျလာပြီ။ ငါ့ရဲ့ ၃၈ကြိမ်မြောက် ချစ်မှုရေးရာအတွက် PRအစီအစဉ်ကိုလာကြည့်ကြည့်!"

အဲ့ဒါနဲ့ဘဲ၊ လီတုန်က နေရာတိုင်းသယ်သွားလေ့ရှိတဲ့ သူ့ laptopကို စိတ်လှုပ်ရှားစွာနဲ့ ထုတ်လိုက်ပြီး စာရွက်စာတမ်းနှစ်ခုကို ထုတ်လိုက်သည်။

စုန့်အာ့နန် - "...."

သူမဘဲ ထင်နေတာလား? လီတုန်ကို ကြည့်ရတာ နည်းနည်းစိတ်လှုပ်ရှားနေသလိုဘဲ။

သို့ပေမယ့် သူတို့သုံးယောက် လီတုန်ရဲ့ အစီအစဉ်ကိုကြည့်လိုက်တော့ အွန်လိုင်းပေါ်က ဆက်ဆံရေးအရှုပ်တော်ပုံက ပိုလို့တောင် စိတ်လှုပ်ရှားဖို့ကောင်းနေသေးသည်။

လီတုန် မျှော်လင့်ထားသလိုဘဲ၊ ပါပါရာဇီတွေက ဗီဒီယိုပါ ရိုက်ထားသည်။ လူထုကို ဓာတ်ပုံတွေနဲ့အရင် သွေးပူအောက်လုပ်ပြီးတဲ့နောက် စိတ်ဝင်စားမှုတွေ များလာတဲ့အခါ စက္ကန့် ၃၀ ကြာ ဗီဒီယိုတစ်ပုဒ်ကိုလည်း တင်လိုက်သည်။

အင်တာနက်အသုံးပြုသူတွေ အလုပ်သွားလာနေကြတဲ့ နေ့တစ်နေ့ရဲ့ နံနက် ၈ နာရီအချိန်ဖြစ်သည်။ လူတိုင်းက ပျင်းရိစွာနဲ့ Weibo ကို ဖွင့်လိုက်ပေမယ့် ဒီလတ်လတ်ဆတ်ဆတ် အရည်ရွှမ်းတဲ့ အတင်းအဖျင်းကိုအကျွေးခံလိုက်ရသည်!

[Holy crap! ဘာဖြစ်ကုန်တာလဲ၊ ငါက ထပ်ပြီး ကောလဟာလပဲထင်လို့ hot search ကို နှိပ်လိုက်တာ ဒီတစ်ခေါက်တော့ တကယ့် သက်သေအစစ်အမှန် ရှိလိမ့်မယ်လို့ မထင်ထားဘူး!]

[အားးးး၊ ဝိုး၊ ဒီလို ရှင်းရှင်းလင်းလင်း လက်ကိုင်ထားတဲ့ပုံ၊ ရှင်းလင်းနေတဲ့ ဗီဒီယိုနဲ့ ဒါက အတုလုပ်လို့မရဘူးမလား?]

[ကျွတ်စ်၊ အန်တီလေးကို ကြည့်နေတဲ့ ဖေးခွမ်ရဲ့အမူအရာကို ကြည့်ရုံနဲ့ ဒါက အတုမဖြစ်နိုင်ဘူး၊ ဆက်ဆံရေးကိုအတည်ပြုလိုက်ပြီ!]

[အမ်းးး....ဖေးခွမ်က စုန့်မိသားစုက အန်တီလေးနဲ့ ဆက်ဆံရေးကောင်းတယ် မဟုတ်ဘူးလား? ဒါက လက်ကိုင်ထားရုံပဲလေ၊ ဘာမှလည်း သိပ်မဖြစ်ဘူး ပုံမှန်ဘဲမဟုတ်ဘူးလား?]

[စုန့်လင်းချွမ် - Lol ငါက သူ့ရဲ့သွေးရင်းတူလေးပဲ၊ ငါတောင် အဲ့ဒီလိုမျိုး လက်မကိုင်ဘူး။ ပြောပါဦး အဲ့ဒါက ပုံမှန်လားဆိုတာ?]

[အရမ်းချိုတာဘဲ! အန်တီလေးက သူ့ကိုစနေတော့ သူကပြုံးနေတယ်၊ အန်တီလေးက ဘေးနားမှာ ခုန်စွခုန်စွလုပ်နေတာ အရမ်းချစ်စရာကောင်းတာပဲ!]

[စခရင်ပေါ်ကနေတောင် သူတို့ရဲ့အချစ်အငွေ့အသက်တွေ ငါ ရနေတာ၊ ဒီနှစ်ယောက်က တကယ်လိုက်ဖက်တယ်လို့ ငါ အမြဲတမ်း ခံစားနေရတာ]

[ဒီပါပါရာဇီတွေက ကြိုးစားထားကြတာ၊ လက်ကိုင်တာကိုဘဲ ရိုက်မိလိုက်တယ်လား? ငါ ထပ်ပြီးမြင်ချင်သေးတာ!]

[အားးးး၊ ငါရော ရူးပြီ၊ ဒါက အန်ရှင်းဖေးပန် CPက တကယ်ပဲဆိုတာ အတည်ပြုလိုက်တာဘဲ၊ အဲ့ဒါက တကယ်ပဲ!]

[ဘုရားရေ၊ ငါ ship တဲ့ CPက အချိုတွေထုတ်‌နေတာပဲ၊ ဝူးဝူးဝူး ဒီလက်ဆယ်ချောင်းလုံး ယှက်သွယ်ထားပြီး ကိုင်ထားတဲ့ပုံက အရမ်းချိုတာဘဲ!]

[Holy crap! ငါ့ရဲ့ အန်ရှင်းဖေးပန် OTP က ဒီလိုစပရိုက်ကြီးကြီးမားမားနဲ့ နှိုးထလိုက်တာဘဲ!]

[ခင်မင်စွာနဲ့ အသိပေးချက်၊ CPဖန်တွေ သိပ်ပြီး စိတ်လှုပ်မရှားကြပါနဲ့၊ ကိုယ့် ပျော်ရွှင်မှုကို စိတ်ထဲမှာဘဲ သိမ်းထားကြပါ။ ဖေးခွမ် ဖန်တွေ နင်တို့ကို မောင်းထုတ်ဖို့လာနေပြီဆိုတာ သတိထားကြပါ!]

[မဖြစ်နိုင်ဘူး၊ ငါက ဖေးခွမ်ဖန်ပဲ၊ သူသာ အန်တီလေးနဲ့အတယ်တွဲနေတယ်‌ဆိုရင် ငါက သူတို့ကို အပြည့်အဝအားပေးမှာ!]

[ဖေးခွမ်ဖန်+1 သူတို့ကို အကောင်း‌ဆုံး ဖြစ်စေဖို့ စိတ်ရင်းအမှန်နဲ့ ဆုတောင်းပေးတယ်!]

[ဖေးခွမ်ဖန် +10086 သူတို့ကို ထာဝရပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးတယ်!]

...

လီတုန် ပြောခဲ့သလိုဘဲ ဖေးခွမ်ဖန်တွေက ဒီဆက်ဆံရေးကို လုံးဝလက်ခံပေးသည်။ သူတို့နှစ်ယောက်လုံးက လူထုဆီကနေ သဘောကျခံရတာကြောင့် အင်တာနက်သုံးစွဲသူတွေဟာလည်း သူတို့ရဲ့ ကောင်းချီးတွေကို ထုတ်ပြရင်း အတင်းအဖျင်းတွေ စားကြသည်။

သေချာပေါက်ကို၊ ဆူပူအံ့ကြွမှုကိုကြည့်ရတာ သဘောကျတဲ့ အင်တာနက်သုံးစွဲသူတွေက ဒီကိစ္စမှာ ပါဝင်ပတ်သတ်နေတဲ့ တခြားလူကိုလည်း ချက်ချင်း တွေးမိလိုက်ကြသည် - စုန့်လင်းချွမ် ဖြစ်သည်။

[ပြောရရင်၊ စုန့်လင်းချွမ် ဒီအကြောင်းသိလားဆိုတာ ငါ နည်းနည်းသိချင်စိတ်ဖြစ်မိတယ်]

[ငါဆိုလိုတာက၊ သူလည်းသိသင့်တာ မဟုတ်လား? သူသာ မသိလိုက်ရရင် အရမ်းဝမ်းနည်းသွားမှာဘဲ]

[မလိုဘူး၊ သူတို့ရဲ့ဆက်ဆံရေးကို အတည်ပြုပြီးခါစဖြစ်လို့ သူ့ကို အခုထိ မပြောရသေးတာဆို ဘယ်လိုလုပ်မလဲ?]

[OMG၊ နင်မှန်တယ်၊ သူတို့က ရိုးရိုးသားသားနဲ့ လက်ပဲ ကိုင်ထားကြတာ၊ သူတို့တွဲနေတာ မကြာသေးဘူထင်တယ်!]

[သေစမ်း၊ မောင်လေးကွေ့ရဲ့ တုံ့ပြန်ပုံက ဘယ်လိုဖြစ်မလဲဆိုတာ ငါအရမ်းသိချင်နေပြီ။ တချို့ပါပါရာဇီတွေသာ အဲ့ဒါကို တိုက်ရိုက်ထုတ်လွှင့်နိုင်ရင် ငါတော့ဒူးထောက်ကျေးဇူးတင်မိမှာဘဲ]

[မဖြစ်ဘူး၊ ငါ စုန့်လင်းချွမ်ကို ပြောပြရမယ် @စုန့်လင်းချွမ် နင့်ရဲ့အန်တီလေးက ရည်းစားရှိနေပြီ!]

[@စုန့်လင်းချွမ်၊ အမြန်လာကြည့်ပါဦး၊ နင့်ရဲ့သူငယ်ချင်းကောင်းက နင့်ရဲ့ဦးလေးဖြစ်လာပြီ!]

[Bro က စိတ်မပုတ်ပါဘူး၊ ဒါပေမယ့် @စုန့်လင်းချွမ် @စုန့်လင်းချွမ် ဦးလေးတစ်ယောက်ရလိုက်တဲ့အတွက် ဂုဏ်ယူပါတယ်!]

...

လီတုန်ရဲ့PR အစီအစဉ်က အရမ်းပြီးပြည့်စုံလှသည်။ ရှုထောင့်တိုင်းကို အကြိမ်များစွာ သူပြုပြင်ပြီးတဲ့နောက် အခြေခံအားဖြင့် ဘာပြဿနာမှ မရှိတော့ပေ။ လီတုန်ကိုကြည့်ရတာ တစ်ခုခုတွေးနေပုံရပြီး ရုတ်တရက် စုန့်အာ့နန်နဲ့ ဖေးခွမ်ကိုကြည့်လိုက်သည်။

"မင်းတို့တွေ အရမ်းအရေးကြီးတာတစ်ခု မေ့နေတဲ့ပုံဘဲ"

ဖေးခွမ် စက္ကန့်အနည်းငယ်လောက် အေးခဲသွားပြီး တစ်ဖက်လူရဲ့ နှစ်ထောင်းအားရဖြစ်နေတဲ့အကြည့်အောက်မှာ အဲ့ဒါက ဘာလဲဆိုတာ နောက်ဆုံးသဘောပေါက်သွားတဲ့ပုံပင်။

စုန့်အာ့နန်ကတော့ သိပ်သဘောမပေါက်သေးပေ။ "ဘာကိုလဲ?"

လီတုန်က ပြန်ဖြေလိုက်သည်။ "အခုဆို စုန့်လင်းချွမ်လည်း hot search ကို တွေ့သွားလောက်ပြီပေါ့"

စုန့်အာ့နန် - "!!!"

အိုး မဖြစ်ဘူး၊ သူမ ဒါကိုဘယ်လိုလုပ် မေ့သွားရတာလဲ!!

-

ပြီးတော့ လီတုန်ပြောခဲ့သလိုဘဲ အဝေးတစ်နေရာက နက်ရှိုင်းတဲ့ တောင်တွေကြားမှာရှိနေတဲ့ စုန့်လင်းချွမ်လည်း ဒီကိစ္စကိုသေချာပေါက် တွေ့သွားသည်။

သူရိုက်ကူးနေတဲ့ ဒရာမာရဲ့ နောက်ခံအကြောင်းအရာမှာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံခေတ်အတွင်း စစ်ဘုရင်တွေအကြောင်းဖြစ်ပြီး scene အများစုက နက်ရှိုင်းတဲ့တောင်တန်းတွေနဲ့ တောအုပ်တွေထဲမှာ ရိုက်ကူးရတာဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့က တောင်ခြေရှိ လယ်တောအိမ်တွေကို ဝန်ထမ်းနဲ့သရုပ်ဆောင်တွေ နေဖို့အတွက် ငှားရမ်းထားသည်။

မနက်စောစောမှာ၊ စုန့်လင်းချွမ်၊ ကျန်းဟန်နဲ့ သူ့လက်ထောက်တို့က ခြံဝင်းအတွင်းမှာ ရိုက်ကူးရေးအဖွဲ့ကပေးတဲ့ မနက်စာကို စားနေကြသည်။

တောင်တွေကြားမှာ လိုင်းက မကောင်းတဲ့အတွက် လက်ထောက်က စားနေရင်းအင်တာနက်ကို refresh လုပ်နေသည်။ လိုင်းရမရဆိုတာ ကံတရားအပေါ်မှာဘဲမူတည်သည်။

ဒီမနက်မှာ ကံတရားက သူတို့ဘက်မှာ ရှိနေမှန်း ထင်ရှားလှသည်။ လက်ထောက် Weiboကို သာမာန်ကာ လျှံကာနှိပ်လိုက်တော့ စာမျက်နှာက တကယ်ဘဲတက်လာသည်။

ဒါပေမယ့် hot searchမှာ ပါပါရာဇီရိုက်မိထားတဲ့ ဖေးခွမ်နဲ့ စုန့်အာ့နန်တို့ပုံကိုမြင်တော့ သူထိတ်လန့်သွားသည်။

လက်ထောက်က စုန့်လင်းချွမ်ကို ထိတ်လန့်စွာနဲ့ကြည့်လိုက်ပြီး "အ အစ်ကို..."

စုန့်လင်းချွမ်က သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ၊ မနက်စောစောစီးစီး လာရှုပ်နေတယ်"

လက်ထောက် ပါးစပ်ဖွင့်လိုက်ပေမယ့် တကယ်တမ်းတော့ သူ့ဖုန်းကို စုန့်လင်းချွမ်ဆီ ကမ်းပေးလိုက်သည်။

အစကတော့ စုန့်လင်းချွမ် သိပ်ဂရုမစိုက်မိပေမယ့် ဓာတ်ပုံကို သူသာမာန်ကာလျှံကာ တစ်ချက်ကြည့်မိလိုက်ပြီး သူ့တစ်ကိုယ်လုံး အေးခဲသွားသည်။

သူ လက်ထောက်ရဲ့ဖုန်းကို ဆွဲယူလိုက်ပြီး ဓာတ်ပုံကို စူးစူးစိုက်စိုက်ကြည့်လိုက်သည်။

သူတို့ရဲ့ တုံ့ပြန်ပုံကိုမြင်တော့ ကျန်းဟန်လည်း လည်ပင်းဆန့်ကာ တစ်ချက်ကြည့်လိုက်သည်။ "သေစမ်း! အဲ့ဒါက အန်တီလေးနဲ့ ဖေးခွမ်တို့ မဟုတ်ဘူးလား? သူတို့က ချိန်းတွေ့နေကြတာလား?"

စုန့်လင်းချွမ်က ကျန်းဟန်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပြီး "ဘာမဟုတ်တာတွေ ပြောနေတာလဲ!"

ကျန်းဟန်က ကိုးရိုးကားရားနိုင်စွာနဲ့ သူ့နှာခါင်းကိုပွတ်လိုက်သည်။

ဒါက သူ့အမှားမှ မဟုတ်တာကို ဘာလို့လာအော်နေတာလဲ?

လက်ထောက်က အားလျော့စွာနဲ့ ဘေးကနေပြောလာသည်။ "ကော၊ အရင်ဆုံးဒေါသမထွက်ပါနဲ့ဦး။ ဒါက ရိုက်ထားတဲ့ ရှုထောင့်ကြောင့်လည်း ဖြစ်မှာပေါ့"

စုန့်လင်းချွမ်က တန့်သွားပြီး "ဟုတ်တယ်၊ ရိုက်ထားတဲ့ရှုထောင့်ကြောင့်ပဲ။ အဲ့ဒါက ရှုထောင့်ကြောင့် ဖြစ်ရမယ်!"

ကျန်းဟန်က သူတို့နှစ်ယောက်ကို တိတ်တိတ်လေး တစ်ချက်ကြည့်လိုက်သည်။

နှစ်ပေါင်းများစွာ မန်နေဂျာဖြစ်လာခဲ့တာကြောင့် ဓာတ်ပုံအကြောင်းဆို သူ့မှာအရမ်းဗဟုသုတရှိသည်။ အတွေ့အကြုံကို အခြေခံရရင် ဒါက ရိုက်တဲ့ရှုထောင့်ကြောင့်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ်၊ ဓာတ်ပုံထဲမှာ နှစ်ယောက်သား လက်ချောင်းချင်း ယှက်သွယ်ကာ ကိုင်ထားကြသည်။ အဲ့ဒါက ဘယ်ရှုထောင့်ကနေ ရိုက်တာဖြစ်နိုင်ပါ့မလဲ?

"သူတို့ကို ဖုန်းခေါ်ပြီး မေးကြည့်လိုက်ရင်ရော ဘယ်လိုလဲ?" ကျန်းဟန်က အကြံပြုလိုက်သည်။

စုန့်လင်းချွမ်က စက္ကန့်အနည်းငယ်လောက် အေးခဲသွားပြီး နောက်တော့ သူ့ဖုန်းကိုထုတ်လိုက်ကာ ဖေးခွမ်ကိုခေါ်လိုက်သည်။

ခေါ်ဆိုမှုက အမြန် ချိတ်ဆက်သွားသည်။

စုန့်လင်းချွမ်က တည်ငြိမ်ဟန်ဆောင်ပြီး ပြောလိုက်သည်။ "hot searchက ကိစ္စကို ငါတွေ့လိုက်တယ်၊ အဲ့ဒါက အထင်မှားနေတယ်ဆိုတာ ငါသိတယ်။ မင်းဘယ်လိုဖြေရှင်းဖို့ စီစဉ်ထားလဲဆိုတာ မေးဖို့ ငါ ဖုန်းဆက်လိုက်တာ"

နောက်တော့ သူက ဆက်ပြောလိုက်သည်။ "ဒါပေါ့ ဘယ်နည်းနဲ့ ငါကူညီနိုင်မလဲဆိုတာ သိချင်လို့ခေါ်လိုက်တာ"

တစ်ဖက်မှာ ဖေးခွမ်က ရုတ်တရက်ကြီး စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားသည်။

ဖုန်းကိုကိုင်ထားတဲ့ စုန့်လင်းချွမ် လက်ကလည်း အလိုအလျောက် တင်းကြပ်လာသည်။

ဖေးခွမ်က သက်ပြင်းဖျော့ဖျော့ချလိုက်ပြီး "လင်းချွမ်၊ အဲ့ဒါက အထင်မှားတာမဟုတ်ဘူး"

စုန့်လင်းချွမ်မှာ ချက်ချင်း အေးခဲသွားသည်။

ဖေးခွမ်က ဆက်ပြောလာသည်။ "ဇာတ်လမ်းကတော့အရှည်ကြီးပဲ၊ အရင်ဆုံး ငါရှင်းပြပါရစေ၊ နောက်တော့မှ မင်းနဲ့ မျက်နှာချင်းဆိုင် စကားပြောဖို့ လာရှာမယ်"

စုန့်လင်းချွမ် ခေါင်းထဲမှာ တဆတ်ဆတ်တုန်ခါနေသလို ခံစားလိုက်ရသည်။ "ဖေးခွမ်၊ မင်း f*cker.....အိမ်ပြန် လည်ပင်း ဆေးထားပြီး ငါ့ကိုစောင့်နေစမ်း!"

အဲ့ဒီလိုပြောပြီးသွားတော့ သူကတိုက််ရိုက်ဘဲ ဖုန်းချလိုက်ပြီး ခြံတံခါးဆီလျှောက်သွားလိုက်သည်။

ကျန်းဟန်က သူ့နောက်အမြန်လိုက်ပြီး မေးလိုက်သည်။ "လင်းချွမ်၊ ဘယ်သွားမလို့လဲ?"

"ပြန်ဖို့ ဒါရိုက်တာကို ခွင့်သွားတောင်းမလို့!" စုန့်လင်းချွမ်က အံကြိတ်ကာ ပြန်ဖြေလာသည်။ နောက်ထပ်သူပြောလာတာကတော့ "F*ck! အဲ့ဒီကောင်စုတ်ကို သွားပြန်သတ်ဖို့!!"

ကျန်းဟန်နဲ့ ရှောင်ကျူးမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

စုန့်လင်းချွမ် အရမ်းဒေါသထွက်နေတာကို သူတို့မြင်ဖူးတာ ပထမဆုံးအကြိမ်ပင်။

ဒါပေမယ့် နားလည်ပေးနိုင်ပါတယ်။ ကိုယ့်မျက်စိရှေ့မှာ ကိုယ့်အန်တီလေးကို တစ်ယောက်ယောက်က ခိုးသွားမှတော့ ဘယ်သူက အေးအေးဆေးဆေး နေနိုင်မှာလဲ?

All Chapters